♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2016

" စက်ရုပ် ချစ်သူထားဖို့ စိတ်ဝင်စားပါ သလား "

 
ဗြိတိန် နိုင်ငံသား လေးယောက်တွင် တစ်ယောက်ကတော့ စက်ရုပ် ချစ်သူ ထားမည်ဟု ဆိုထား ကြသည်။ လူနဲ့သာ တူပါစေ၊ စက်ရုပ် ချစ်သူနဲ့ တွဲဖို့ ၀န်မလေးဟုဆို ကြသည်။
    အနာဂတ်ကို ရည်ညွှန်းသော မေးခွန်းများ မေးကာ ၂၀၃၆ ခုနှစ် ရောက်လျှင်ရှိ နေမည့် ကမ္ဘာကြီးကို စိတ်ကူး ကြည့်ပြီး အဖြေပေးခိုင်းခြင်း ဖြစ်သည်။ မေးခွန်းများ ထဲတွင် မိမိ ခန္ဓာကိုယ်ထဲ မိုက်ခရို ချစ်ပ်ပြားများ ထည့်လို သလား၊ အစားအစာ အစားထိုး ဆေးလုံးများ စားလိုသလား ဟူသော အချက်များလည်း ပါဝင်သည်။
    လက်ကို ခွဲကာ မိုက်ခရိုချစ်ပ်ပြား ထည့်ထားသော နည်းဖြင့် တံခါးကိုလက်နဲ့ ထိလိုက်ရုံဖြင့် ပွင့်စေခြင်း၊ ရုံးမှာ လက်ဝှေ့ လိုက်ရုံဖြင့် ကွန်ပျူတာ ပွင့်သွားခြင်းမျိုး လိုလားသူ ကလည်း ဗြိတိန် နိုင်ငံသား (၅၀) ရာခိုင်နှုန်း ရှိသည်။ လိုလိုလားလား ထောက်ခံသည့်  ကိစ္စများ ရှိသလို၊ ဆန့်ကျင်သူ များပြားသည့် ကိစ္စများလည်း ရှိသည်။ (၆၂) ရာခိုင်နှုန်းက အစားအစာ အစား ထိုးဆေးဝါးမျိုး အလို မရှိဟု ဆိုကြသည်။ ထမင်းရယ် ဟင်းရယ် မြိန်မြိန် စားရတာ ကိုသာ ပိုနှစ်သက်သည်ဟု ဆိုကြသည်။
    ComRes နှင့် Nesta စစ်တမ်း လုပ်ငန်းတို့ ပူးပေါင်းပြီး အသက် (၁၈ မှ ၃၄) နှစ်ကြား ဗြိတိန် နိုင်ငံသား (၁၀၀၀)ကို သဘောထား မေးမြန်းထားခြင်း ဖြစ်သည်။ နောက်ထပ် သီးခြား စစ်တမ်းတစ်စောင် အရလည်း ဗြိတိန် အမျိုးသား
သုံးပုံ နှစ်ပုံသည် စက်ရုပ်နှင့် တစ်ကြိမ်လောက်တော့ အစမ်းသဘော လိင်ဆက်ဆံလို ကြကြောင်း သိရသည်။ အမျိုးသမီးများ ထဲတွင်မူ သုံးပုံတစ်ပုံ ကသာ ထိုသို့ သဘောထား ရှိကြောင်းလည်း သိရသည်။ 

Source: Daily Mail
Credit :  http://www.messengernewsjournal.com/news/Tech/detail.php?id=51442

No comments:

Subscribe

လာလည်သူများ

free counters