♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 2, 2012

ရောရောထားပါတယ်

ကမ္ဘာမီးလောင် သားကောင်ချနင်း
ရှေးအခါက သဲကန္တာရကို ဖြတ်သန်း၍ ခရီးသွားလာကြသော လှည်းကုန်သည်တို့သည်
လမ်းခရီးတစ်နေရာတွင် ညအိပ်ရပ်နားပြီး နံနက်အချိန် အဆောတလျင်ခရီးနှင်ကြရာ
မိခင်တစ်ဦးနှင့် ကလေးငယ်တို့ကျန်ခဲ့သည်။ နေမြင့်သောအခါ သဲပူလွန်းသဖြင့် ခြေဖြင့်
မနင်းနိုင်ဘဲ တောင်းကိုချ၍နင်းသည်။ တောင်းပူလာသောအခါရင်ခွင်ပိုက်ထားသောသား
ငယ်ကို သဲပေါ်ချကာ တက်နင်းလေသည်။ နောက်ဆုံးတွင် မိခင်လည်းသေဆုံးရလေသည်။
အားအားကျီးကတအာအာနှင့်အဆက်မပြတ်အော်မြည်နေရာနိုင်းမြစ်သည် အလျားမိုင်ပေါင်း
၄၀၀၀ ခန့်ရှိ၍ အာဖရိကတိုက်တွင် အရှည်ဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အရှည်ဆုံး မြစ်
တသွယ်ဖြစ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် အီကွေတာအနီးတွင် မြစ်ဖျားခံ၍ သမပိုင်းဇုန်အ
တွင်းသို့ စီးဝင်သည့် တစ်ခုတည်းသော မြစ်လည်း ဖြစ်သည်။ နိုင်းမြစ်၏ မြောက်ဘက်၌ မြေထဲ
ပင်လယ်၊ အရှေ့ဘက်၌ အာရေဗျသဲကန္တာရနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နိုင်ငံနှင့်
အနောက်ဘက်၌ လစ်ဗျန်သဲကန္တာရတို့ အသီးသီး တည်ရှိသည်။

July 29, 2012

ရောသမထားပါတယ် ဖတ်ကြည်ပေးပါ


ဆရာဝန်အရူးမ ဒေါက်တာ မပေါပေါသွတ်(M.B.B.S. Yawthama)

နေကောင်းလားကိုကို….
နေမကောင်းဘူးလို့…တို့ ကထင်တယ်..
တကယ်တော့လေနေမကောင်းဘူးဆိုရင်ဆေးသောက်ရတယ်..
ဆေးမသောက်ချင်ရင်ဆေးထိုးလေ…အပ်ကြီးနဲ့ထိုးတော့နာမှာပေါ့..ဟင့်အင်းထိုးမှာပဲ ….တကယ်ပြောနေတာ..
သေသွားတဲ့ကြောင်လေးသိတယ်မဟုတ်လား…အဲ့ရာဆရာဝန်ကြီးကသူ့မိန်းမကိုစိတ်တိုနေတာနဲ့သူ့ရှေ့မှာအိပ်နေ
တဲ့ကြောင်လေးကို လာစမ်းဒီကို..ဆိုပြီးထိုးလိုက်တာ..ခြေလှမ်းသုံးလှမ်းပဲလှမ်းနိုင်တယ်..ကိစ္စ
ချောသွားတယ်….ဒီကလဲကိုကို့ ကိုယ်စိတ်တိုနေတော့ ဆင်ကိုထိုးတဲ့ဆေးထိုးအပ်ကြီးနဲ့ကိုကို့ရဲ့မဲပြောင်ပြီးအမွေး
ငုတ်တိုဗလပွနှင့်..မွေးကျွတ်နာတစီစီနှင့်အရုပ်ဆိုးတဲ့တင်ပါလေးကို….ဟော့သလိုမျိုး….
Subscribe

လာလည်သူများ

free counters