စာရေးဆရာ အောင်သင်း လူကြီးရောဂါဖြင့် ကွယ်လွန်
စာရေးဆရာ ဦးအောင်သင်း အသက် ၈၈ နှစ်ဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၇ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သားဖြစ်သူ ဦးအောင်မြိုင်သင်းက ဒီဗွီဘီကို ပြောပါတယ်။
“ခန္ဓာကိုယ်ထဲမှာ ပျက်စီးနေတာတွေတော့ အများကြီးပေါ့။ ကျောက်ကပ်လည်း သိပ်မကောင်း၊ အသည်းလည်း သိပ်မကောင်း၊ အဆုတ်လည်း သိပ်မကောင်း ဖြစ်နေတာ။ ပြီးခဲ့တဲ့ လကတည်းမှာထဲက ဆေးရုံတင်လိုက်ရတာ ရှိပါတယ်။ ဒီနေ့မနက်မှာ သတိမရတော့လို့ အာရှ တော်ဝင်ဆေးရုံမှာ ပြန်တင်တာ ၁၀ နာရီ ၇ မိနစ်မှာ ဆုံးတယ်လို့ သိရပါတယ်။”
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဖြစ် မြစ်အတွင်း ရွေ့လျားသွားလာ နိုင်သော ကရဝိက်ကမ္ဘာ့အဆင့်မီ ရေပေါ်ဟိုတယ်ကြီးတစ်ခုကို မြန်မာ နိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်း ၌ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးအတတ် ပညာများဖြင့်တည်ဆောက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်ပြီး မကြာမီဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်ဟု သိရသည်။