♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 24, 2014

"အထိုအထွာ ဟာသများ"

သူမြန်ပုံက

ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။
ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။
ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။
ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။
ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။
တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။
Picture

မှားပါတယ်

တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း
သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။" တဲ့ ...
Picture

ကြောက်တာပေါ့အမေရ

Picture
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...


ဗေဒင်ဆရာပြောတာမှန်ပါတယ်

Picture
ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်စကားပြောနေကြသည်။
ယောင်္ကျား။ ။ဗေဒင်ဆရာပြောတာမှန်လည်းမမှန်ဘူး။ငါ့မှာတော့စိတ်ဆင်းရဲလိုက်ရတာ။
မိန်းမ။ ။ဆရာကဘာပြောလို့ လည်း ၊ရှင်ကစိတ်ဆင်းရဲရအောင်။
ယောင်္ကျား။ ။မင်းကိုယ်ဝန်ရှိတုန်းကဗေဒင်ဆရာပြောလိုက်တာလေမှတ်မိသေးလား။
မိန်းမ။ ။အငိးမှတ်မိသားပဲ။ ကလေးကဖေဖေလို့ ခေါ်တဲ့နေ့ ကြရင် ကလေးအဖေသေမယ်ဆိုတာမှတ်လား။
ယောင်္ကျား။ ။အေးလေ။မနက်ကပဲသားလေးကငါကို ဖေဖေ လို့ခေါ်တယ်လေ။  အခုည ( ၁၂ )နာရီကျော်ပြီလေ။ ငါသေမှမသေသေးတာကွ။ သူပြောတာမှားတာပေါ့။
မိန်းမ။ ။သူပြောတာမမှားပါဘူးမောင်ရယ်။ နေ့ ခင်းက အကိုအလုပ်သွား နေတုန်း ဟိုဘက်အိမ်က ကိုဖိုးအောင်ကြီးဆုံးသွားတယ်လေ။


ကောင်း ရော

Picture
ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်.. ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်... စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး.. ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..  ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့.... ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...  မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..  လို့ ပြော ပါတယ်..  အဲဒီမှာ ဆရာ ၂ ယောက် က... "သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်.. အဲဒီမှာ.. ကျောင်းသူ လေး က... "မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်. ထို အခါ ဆရာကလည်း. "မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ" "ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး" "ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့.. ကျောင်း သူလေး က လည်း..  "မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.." ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.  "ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ... တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က.. "ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...


နွားကြီး

Picture
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း
Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ. ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."
Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"


ဒါတွေယူသွား

Picture

တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက တရေးနိုး သေးထပေါက်ရင်း
သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မချ လာပြီးသူခိုးကိုပေး၇င်း ပြောလိုက်တယ်..
`ေ၇ာ့.ဒါတွေပါယူသွား..မယူသွား၇င် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´


ဟိုတစ်ယောက်ပါ

Picture
ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
 မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုပါပို့လိုက် "


မင်းတော့....သေပြီသာမှတ်ပေတော့

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား"

"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."

သူရဲကောင်းရွေးခြယ်ပွဲ

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ် ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင် ၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။ ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ် ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့ အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။ ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။ ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး .......
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“  ဟူ၏။

သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက “အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….

ဂဏန်းကြီး နှစ်ခါလျှောက်

တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။ နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး “ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“ ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။ ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ် ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး .......................................
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“ ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။

ကြောက်တယ်နော်....

တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။
ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ....
ဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က
အပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ
ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။
အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက  ......
“ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။

ပြောထားလေ

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက် ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့ အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ့ ပြန်ထွက်လာတယ် အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်...။

ဒီနာမည်

မိန်းမလုပ်သူက ယောက်ျားရဲ့ပါးကို ဖြန်းကနဲ ပိတ်ရိုက်လိုက်တယ်..။
ယောက်ျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့ မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ..“ ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ ” လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို ပြန်ချော့တယ် ..။
နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းက ဖုန်းဆက်လို့ တဲ့

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို"
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "

မမြောက်နဲ့လေဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

ပြောတာကတခြား

လက်ဖျားခြေဖျား အေးတတ်တဲ့ လူနာတစ်ယောက်က ဆရာဝန်လာပြတော့ ဆရာဝန်က "ကျွန်တော်က လက်ဖျားခြေဖျားအေးရင် ကျွန်တော့်မိန်းမကို ဖက်ထားလိုက်တယ်။
သူ့ကိုယ်ငွေ့နဲ့ နွေးလာရော" လို့ အကြံပေးတော့ .........
လူနာက  " ဒီအကြံ မဆိုးဘူး ဆရာ.. ဒါနဲ့ ဆရာကတော် ဘယ်တော့ အားလဲဟင်" တဲ့။

စစ်အတွင်းက

 တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ ကားထဲမှအကောင်းစားဝတ်စုံကို ၀တ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။ တဲရှေ့တွင် မြေကိုတူးဆွနေသော အဘွားကြီးထံလျှောက်သွားပြီးမေးသည်။
 ``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကိုဝတ်ထားတဲ့ ဂျူးချာတိတ်ကလေး တစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာဝှက်ပေးခဲ့တယ်။ အဲ့တဲဟာ  ဒီတဲလားဟင်။´´  ``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´
 ``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´´

တန်ဖိုးမရှိသောသူ

 သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
> ``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
> ``နှစ်ရာ´´
> ``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
> ``နှစ်ရာပါပဲ´´
> ``ကြားတယ်မဟုတ်လား ဘမောင်၊ မင်းဟာ ဘာတန်ဖိုးမှမရှိတဲ့အကောင်ဆိုတာ ယုံပြီလား။´´

ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီး ဧည့်သည်အားလုံးက `လှလိုက်တာ၊လှလိုက်တာ´  ၀ိုင်းဝန်းချီးကျူးကြသည်။ ချီးမွမ်းခံရသဖြင့်ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည် ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။
စိန်ဘယက်သည်တစ်လက်မှ တစ်လက်သို့ကူးသွားသည်။ နောက်ဆုံး တွင်စိန်ဘယက်ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
 ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။  မီးခလုတ်ကိုပိတ်လိုက် ပြီးတစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာစိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။' '
 မီးကိုပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်....ငွေဖလားကြီးမရှိတော့ ........

ရေနွေးကရားဖုံး

ပွဲခင်းထဲမှာ လူပြက်တစ်ယောက်က "ဒို့မင်းသမီးလေးဟာ အနုပညာကို ဘယ်လောက်တန်ဘိုးထား သလဲဆိုရင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားတဲ့ အထိ ပရိသတ်ကို ဖျော်ဖြေသွားမှာပဲ..."။ ဒုတိယလူပြက်က "သူငယ်ချင်း မင်းသမီးလေး ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင် ငါ့ကို တခြမ်းပေးပါကွာ..." တဲ့။
ဒီတော့ ပထမလူပြက်က "မင်းကဘာလုပ်မလို့တုံး..."။ ဒုတိယလူပျက်ဖြေလိုက်ပုံက "ငါ့အိမ်မှာ ရေနွေးကရားဖုံး လုပ်မလို့ပါကွာတဲ့..."။

ဖောက်သည်ကိုး

တစ်ခါက ပြည့်တန်ဆာမ တဦးဟာ ပြည့်တန်ဆာမှုနဲ့ တရားရုံးရောက်လာပါရော။
တရားခွင်မှာ တရားသူကြီးက... "ဟဲ့... တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ..."
လို့ မေးတဲ့အခါမှာ ပြည့်တန်ဆာမက ပြန်ဖြေလိုက်ပုံက "သိသားနဲ့..." တဲ့။

သ၀န်တိုလွန်းသူရယ် ...

ဂျက်ရဲ့ မိန်းမက အရမ်းကို သ၀န်တိုတတ်ပါတယ်။ ဂျက်ကို ဘယ်သွား သွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲ တမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ခြေရှုပ်နေပြီလားလို့လဲ အမြဲသံသယဖြစ်တတ် ပါတယ်။
တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အင်္ကျီကိုအသည်းအသန်တောင်းပြီး မိန်းမဆံပင်တွေ့လို တွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ မတွေ့လို့ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သ၀န်တို တတ်သူ ပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်မဟုတ် လား .."တဲ့။

မပြောလည်း သိတယ်

ကျွန်တော့် အစ်ကို ဝမ်းကွဲတစ် ယောက်က သူ လက်ထပ်ဖို့ ရည်ရွယ် ထားတဲ့ သူရဲ့ ရည်းစားကို အလွန်ကို အပြစ်မြင် တတ်တဲ့ သူ့အမေနဲ့ မိတ် ဆက်ပေးဖို့ စီစဉ်တယ်။ ဒါပေမယ့် သူ့အမေဆီက ဘက်မလိုက်တဲ့ အမြင် ကို သိရဖို့အတွက် အခြားမိန်းကလေး သူငယ်ချင်းသုံးယောက်ကိုပါဖိတ်လိုက် တယ်။ သူ့ရည်စား ဘယ်သူလဲဆို တာကိုလည်း သူ့အမေကို မပြောထား ဘူး။ တွေ့ဆုံပွဲ ပြီးသွားတဲ့အခါ သူက သူ့အမေကို မေးလိုက်တယ်-]ကျွန် တော် လက်ထပ်ချင်တာ ဘယ်သူလဲ ဆိုတာ အမေ ခန့်မှန်းနိုင်လား”

“ဆံပင်အတိုနဲ့ တစ်ယောက် မဟုတ်လား“

“ဟုတ်ကဲ့၊ အမေ ဘယ်လို သိလဲ“

“ဘာကြောင့်လဲဆိုတော့ အဲဒီ တစ်ယောက်ကို ငါလုံးဝမကြိုက်လို့ပဲ လေ” တဲ့။

FBI

"ဟလို.. FBI ကလားခင်ဗျား"

"ဟုတ်ကဲ့.. အမိန့်ရှိပါ"

"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"

"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"

နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။

တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။

"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"

"ခွဲပြီးပြီ"

"ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"

အသည်းနာတယ်ဟဲ့နော်

သူ့လူနာဆီကို၊ ကုသခကြွေးသွားတောင်းရာက စိတ်ဆိုးမာန်းဆိုးနဲ့ ပြန်ရောက်လာတဲ့ သွားဆရာဝန်ကို သူ့မိန်းမက ဆီးကြိုရင်း မေးလိုက်ပါတယ်။
“ဘာဖြစ်လာတာလဲ၊ ရှင့်ကြွေးရမလာဘူးမို့လား”
“မရခဲ့ဘူးကွ၊ ဒါထက်ပိုဆိုးတာက ငါစိုက်ပေးလိုက်တဲ့ သွားတွေနဲ့ ငါ့ကို ပြန်အံကြိတ်ပြလိုက်သေးတယ်ဟေ့”

အချိန်ရဲ့ပြောင်းလဲခြင်း

တစ်ခါကချစ်သူ၂ယောက်ကန်ရေပြင်နား မှာတွေ့ဆုံနေစဉ်.
ကာင်းကင်ယံမှာငှက်ကလေးတွေပျံသန်းသွားတာ ကို တွေ့လို့ကောင်မလေးကချစ်သူကိုမေး ရာ..
ကောင်းမလေး။: မောင်..အဲဒါဘာငှက်ကလေးတွေလဲ?
ကောင်းလေး။အော်အချစ်ရယ်..အဲဒါအချစ်ငှက်က လေးတွေပေါ့ကွယ်..

သူတို့၂ယောက်လက်ထက်ပြီးကလေး၂ယော က်ရတဲ့အချိန်.
ကောင်းလေးကအလုပ်သွားမလို့လုပ်တုန်း ကောင်မလေးက အိမ်ခေါင်မိုးပေါ်မှငှက်ကလေးတွေပျံသွားတာကိုမြင်လို့မေးရာ. .
ကောင်မလေး မောင်..အဲဒါဘာငှက်ကလေးတွေလဲဟင်? ကောင်လေး။ အဲဒါနင့်အမေလင်ငှက်တွေဟေ့..ဒီ မှာအလုပ်နောက်ကျနေပါတယ်ဆိုမှ..တောက်

ဥာဏ်ကြီးရှင်ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”
 


credit to   sittnaingtun.weebly.com

No comments:

Subscribe

လာလည်သူများ

free counters