တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံလောင်ကျမှုကြောင့် လူ(၁၄)ဦးဒဏ်ရာရရှိပြီး (၅)ဦး စိုးရိမ်ရ
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသော တန်ဆောင်တိုင်ပွဲတော်၏ အောက်တိုဘာလ (၃၁)ရက်နေ့ ညအကုန် နိုဝင်ဘာလ(၁)ရက်နေ့သို့ အကူးတွင် လွှတ်တင်ခဲ့သော "ခွန်တန်မီး"ကြောင့် အခန့်မသင့်ဘဲ မတော်တဆ လောင်ကျ ပျက်စီးမှုကြောင့် ပွဲသို့ လာရောက်လည်ပတ် ကြည့်ရှုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၅)ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခွန်တန် ညမီးကြီးမီးပုံးပျံအား လွှတ်တင်စဉ် ပေ(၂၀၀)ခန့် အရောက်၌ မီးပုံးပျံမှာ ကွင်းအတွင်းသို့ ပျက်ကျမီးလောင်သွားရာမှ လာရောက်ကြည့်ရှုသူများအနက် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၄)ဦး