♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 5, 2015

" ချစ်သူက လမ်းခွဲစကားပြောလို့ အထပ်မြင့်တိုက်ဝရံတာတစ်ခုမှ ခုန်ချတဲ့ မိန်းကလေး "

 
Women jumps off building, Boyfriend catches her
 
လင်မယားဖြစ်ဖြစ်ချစ်သူရည်စားပဲဖြစ်ဖြစ်အတွဲတွေကြားမှာလမ်းခွဲပြတ်စဲကြတယ်ဆိုတာဟာ ကြောက်
မက်ဖွယ်ရာ ကောင်းလောက်အောင် ပျက်စီးဆိုးရွားမှု အဖြစ်အပျက်ကြီးဖြစ်နိုင်ပါတယ်။ တစ်ချို့ဆို အချစ်ဟောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားဖို့ နှစ်နဲ့ချီကို အချိန်ယူရတာပါ။ ဒါပေမဲ့ လမ်းခွဲစကားပြောခံရလို့ မိမိအသက်ကို ရန်ပြုတာမျိုးတော့ ရှားပါတယ်နော်။
တရုတ်နိုင်ငံ ဟာဘင်မြို့မြောက်ပိုင်းမှ အသက် ၂၀ ရှိအမျိုးသမီးတစ်ဦးဟာ သူမချစ်သူနဲ့ မပြေလည်အဆုံးမသတ်ခဲ့တဲ့ အငြင်းပွားအချင်းများမှု ပြဿနာတစ်ခုရှိခဲ့ပါတယ်။ အမျိုးသားဖြစ်သူဟာ တစ်အုံနွေးနွေးပြဿနာဖြစ်ပွားပြီးနောက် အဆိုပါအမျိုးသမီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

တိုက်ခန်းတစ်ခုထဲမှာ သူတို့နှစ်ဦး ရန်ဖြစ်နေရင်းကပဲ အမျိုးသမီးလေးက အမျိုးသားကို အပြင်တွန်းထုတ်ကာ အခန်းတံခါးကို ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလုပ်ရင်းကပဲ အမျိုးသမီးက တစ်ခုခုပြောခဲ့ပုံရပါတယ်။ အမျိုးသားဖြစ်သူက အခန်းတံခါးကိုထုဖွင့်လို့မရတဲ့အခါ အောက်ထပ်အခန်းကို သွားရောက်အကူအညီတောင်းကာ အခန်းဝရံတာအထိ သွားရောက်လို့ အပေါ်ထပ်သူတို့အခန်းရဲ့ ၀ံရံတာကို မော့ကြည့်လိုက်တဲ့အခါ အမျိုးသမီးလေးက ခုန်ချဖို့အသင့်ပြင်နေတာကို တွေ့ရပါသတဲ့။ မရှေးမနှောင်းမှာပဲ အမျိုးသမီးလေးက အောက်ကိုခုန်ချလိုက်ပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ အမျိုးသားရဲ့ လက်တစ်ဖက်က အမျိုးသမီးရဲ့လက်တစ်ဖက်ကို အမိအရဖမ်းဆုပ်နိုင်ခဲ့လို့ အသက်မသေခဲ့ပါဘူး။ အမျိုးသားဖမ်းဆုပ်ထားစဉ်မှာပဲ ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်သမားတွေရောက်ရှိလာပြီး သူမကို

" ချစ်သူစုံတွဲတွေ ရင်ခုန်သံချင်း ပိုမိုနီးကြစေဖို့ဆို တစ်ဦးခံစားချက်ကို တစ်ဦး ကိုယ်ချင်းစာပေးရန်သာလို "

 
သင်ဟာ သင့်ချစ်သူကောင်မလေးအတွက် အခြားတစ်ယောက်နဲ့ ဘယ်တော့မှ အီစီကလီ မလုပ်တတ်သူမို့ သစ္စာရှိတဲ့သူတစ်ယောက်၊ သူနဲ့ဆုံနေကျ အချိန်တွေမှာ ပုံမှန်တွေ့ဆုံတတ်သူမို့ ချစ်သူအပေါ် တာဝန်ကျေပွန်တဲ့သူ တစ်ယောက်၊ ချစ်သူကောင်မလေး လိုချင်တယ်လို့ ပြောတဲ့အရာလေးတွေကို ၀ယ်ပေးတတ်သူမို့လို့ ဖြည့်ဆည်းတတ်သူတစ်ယောက် ဆိုပြီး ငါ့လိုချစ်သူမျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးလို့ ထင်မြင်မိနေပါလိမ့်မယ်။ တကယ့်ချစ်သူကောင်းတစ်ယောက်ဆိုတာ အထက်ပါ အချက်တွေအပြင် ကိုယ့်ချစ်သူ ဘာဖြစ်နေတယ်ဆိုတာကို သူမ နှုတ်က ဖွင့်ဟစရာမလိုပဲ အလိုက်တသိ ဆောင်ရွက်ပေးတတ်သူမျိုးပါ။ ကိုယ့်ချစ်သူကောင်မလေး ဘာခံစားနေရသလဲ ဆိုတဲ့ အချက်ပေါ် မူတည်ပြီး သူ့စိတ်ရဲ့လိုအပ်ချက်လေးကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ချစ်သူကောင်မလေးတွေဟာ သင့်ကို တွယ်တာချစ်ခင်ပြီးရင်း ချစ်ခင်မှာဆိုတာ မယုံမရှိပါနဲ့။

ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူတစ်ဦးစီတိုင်းမှာ ခံစားချက် တစ်မျိုးစီရှိပါတယ်။ နောက်တစ်ခုက စိတ်မလုံခြုံမှုကလည်း တစ်မျိုးစီ ပိုင်ဆိုင်တတ်ကြပါတယ်။ အဲ့ဒီ စိတ်ခံစားချက်၊ စိတ်မလုံမခြုံဖြစ်မှုတွေကို ကိုယ့်ချစ်သူကို ဖွင့်ဟကြာတာလည်း နည်းပါတယ်။ များသောအားဖြင့်တော့ ငါမပြောပဲ သူသိမလားရယ်လို့ မျှော်လင့်နေတတ်ကြတာပါ။ အမျိုးသားတွေကတော့ သူတို့မာနကြောင့် မဖွင့်ဟတာမျိုးလည်း ရှိပါတယ်။ အမျိုးသားတွေ အနေနဲ့ အရင်ရည်းစားက ကိုယ့်ကို လိမ်ညာလှည့်ဖြားပြီး ထားခဲ့လို့ ခုတစ်ယောက်ကလည်း ကိုယ့်ကို အဲ့ဒီလို လုပ်မလားဆိုတဲ့ မလုံခြုံမှုတွေ ခံစားကြရလေ့ရှိသလို သူ့လောက် မချမ်းသာလို့၊ပိုက်ဆံမရှိလို့ ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးမလား စတဲ့ စိတ်မလုံခြုံမှုတွေ ခံစားကြရပါတယ်။

အမျိုးသမီးတွေကျတော့ အမျိုးသားတွေနဲ့ မတူညီတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ အရင်တစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် မလုံခြုံမှုတွေ ရှိရင်တောင် သူတို့က ရေရှည်တော့ မခံစားတတ်ကြပါဘူး။ သူတို့ရဲ့ စိတ်ခံစားချက်ဟာ လက်ရှိ ကိုယ်တွဲနေတဲ့ သူအပေါ်မှာ ပိုမူတည်လို့ နေတတ်ပါတယ်။ သင်သူ့ကို

"မိန်းကလေးဆိုပြီး အထင်သွားမသေးနှင့်မောင်... သိုင်းတတ်တဲ့ အမျိုးသမီးထံမှ ပစ္စည်းလုယူခဲ့လို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့သွား "

ဘရာဇီးလ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ အမျိုးသမီးတစ်ဦးထံကနေပစ္စည်းလုယူဖို့ကြိုးစားခဲ့
တာကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်နိုင်ငံ အနောက်ပိုင်း၊အကိုင်လာဒိုင်ယာမြို့မှာ
 အေအာဂျို အမည်ရ အမျိုးသားတစ်ဦးဟာ အဖော်ဖြစ်သူနဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

      ဒါပေမဲ့ အမျိုးသမီးဖြစ်သူဟာ ကိုယ်ခံပညာ တတ်ကျွမ်းပြီး အသတ်အပုတ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရရှိခဲ့ဖူးတာကြောင့် ပစ္စည်းလုယူဖို့ ကြိုးစားတဲ့ အမျိုးသားဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ ဘက်စ်တို့စ်လို့ အမည်ရပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်တဲ့ MMA ပြိုင်ပွဲမှာ ချန်ပီယံ ခြောက်ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

      ပစ္စည်းလုယက်သူဟာ ဘက်စ်တို့စ်ထံမှ ဖုန်းကို လုယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်တို့စ်ဟာ ပစ္စည်းလုယူသူကို ထိန်းချုပ် ကိုင်ပေါက်ခဲ့ပြီး လည်ပင်းကို ခြေထောက်နဲ့ မိနစ် (၂၀) လောက် ညှပ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာမှသာ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပစ္စည်းလုယူသူဟာ အလွန်ထိတ်လန့်ခဲ့ပြီး ကိုင်ချုပ်ခံထားရစဉ် ကယ်တင်ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ပါးစပ်ထဲကနေ အကုန်လုံးကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေသာ အချိန်မီ ရောက်မလာရင် လည်ပင်းကျိုးသွားနိုင်ဖွယ် ရှိနေပါတယ်။ အသက် (၂၃) နှစ် အရွယ်သာရှိသေးတဲ့ ဘက်စ်တို့စ်က မိမိ၏ဖုန်းကို လုယူသွားခြင်းကြောင့် ပြန်လည် ရယူခြင်းဖြစ်ကြောင်း ၊

" သင်္ဘောရွက်ဖျော်ရည်နဲ့ ကျန်းမာရေး "

 
လူအတော်များများက သင်္ဘောသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကျွမ်းဝင်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ သင်္ဘောအရွက်နဲ့ ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောရွက်ဟာ ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ဘောရွက်က သွေးလွန် တုပ်ကွေးနဲ့ ကင်ဆာရောဂါတွေလို ရောဂါကြီးတွေကိုတောင် သက်သာစေနိုင်လို့ပဲ ဖြစ်ပါတယ်။

သင်္ဘောရွက်ဖျော်ရည် ပြုလုပ်နည်း ကတော့ -

(၁) ရှေးဦးစွာ ရေဆေးထားသော သင်္ဘောရွက်များကိုယူပါ။ လှီးဖြတ်ပြီးနောက် ရေ (၂) လီတာခန့် ထည့်ထားသော ဇလုံထဲသို့ ထည့်လိုက်ပါ။

(၂) ရေတစ်ဝက် ခန်းသွားသည့် တိုင်အောင် အဖုံးမအုပ်ပဲ ပြုတ်ပါ။

(၃) ထို့နောက် အရည်ကိုစစ်ပြီး ဖန်ခွက်ထဲ ထည့်ထားပါ။ (၃) ရက်မှ (၄) ရက် အထိ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ ဒါပေမဲ့ လတ်လတ် ဆတ်ဆတ် ဖြစ်လေ ပိုကောင်းလေပါပဲ။

- သွေးလွန် တုပ်ကွေးက အလွန် ပြင်းထန်တဲ့ ရောဂါတစ်ခု ဖြစ်တယ်ဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ဒီရောဂါကို သက်သာစေနိုင်တဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးနည်းက သင်္ဘောရွက်ပါပဲ။ ပညာရှင်တွေကလည်း သင်္ဘောရွက်မှာပါဝင်တဲ့ ဓာတ်တွေက သွေးလွန်တုပ်ကွေးကို ကုသနိုင်တယ်လို့ အတည်ပြု ထားကြရုံသာမက တချို့ဆေးဝါးတွေမှာပါ သင်္ဘောရွက်ကို အသုံးပြုလာကြ တာကို တွေ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက် ကတော့ ထိရောက်တဲ့ ရလဒ်ရလိုလျှင် သင်္ဘောရွက်ဖျော်ရည်ကို 25mi စီ

" ချစ်သူ ဘ၀နှင့် အိမ်ထောင်သည်ဘ၀ “ခြားနားချက် ” (ဟာသ)

 
(၁) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်း ဆုံ၏။
အိမ်ထောင်သည် ဘ၀ ။ ။ အကြည့်ချင်း ဆုံလျှင်လည်း အလကား ဖြစ်၏။

(၂) ချစ်သူ ဘ၀ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏။
အိမ်ထောင်သည်ဘ၀ ။ ။ ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။

(၃) ချစ်သူ ဘ၀ ။ ။ ကလေး ဘယ်နှစ်ယောက် ယူလိုက်မယ်ဟု စိတ်ကူး၏။
အိမ်ထောင်သည် ဘ၀ ။ ။ စိတ်ကူးသည့် အတိုင်း ကလေး မယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏။

(၄) ချစ်သူ ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ သူ့အား ပေးလို၏။ အိမ်ထောင်သည် ဘ၀ ။ ။ ကိုယ် ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။

(၅) ချစ်သူဘ၀ ။ ။ မွှန်နေသော်လည်း ကိစ္စ မရှိဟု ဆို၏။
အိမ်ထောင်သည်ဘ၀ ။ ။ကိစ္စရှိမှ မွှန်၏။

(၆) ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့် တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။ အိမ်ထောင်သည် ဘ၀ ။ ။ ဖုန်းထဲမှ အော်လိုက်ရ သည်ကိုပင် အားမရ။

"မြန်မာစာ၊ မြန်မာစကား (၃)"


ပဲနှင့်ဘဲ ခွဲခြား သတ်မှတ် ရေးသားတာကိုတော့ တက္ကသိုလ်နည်းပြဖြစ်တဲ့ ကျွန်မရဲ့ ၉တန်း၊ ၁၀တန်း မြန်မာစာဆရာ ဦးဥာဏ်ထွန်း ကျေးဇူးကြောင့် သိခဲ့ရတယ်။ ဒါပေမဲ့ တချို့တလေက မှားရေးထားတာ တွေ့မိတာနဲ့...

******* ***** ***

ပဲ နှင့် ဘဲ

ပဲ နှင့် ဘဲ ကို ကွဲကွဲပြားပြား ခွဲခြား သတ်မှတ် ရေးတတ်ကြဖို့ လိုသည်။ ပဲ ကား အနက်စွဲအရေး ဘဲ ကား ဖဲ ၏ အသံစွဲအရေး ဖြစ်သည်။ ပဲ နှင့် ဘဲ(ဖဲ)တို့ အနက်လည်း မတူ၊ အရေးလည်း မတူ။ ထို့ကြောင့် အသုံးအနှုန်း ရေးထုံး မတူနိုင်ပေ။ ပဲ ကို ပက် ဟုလည်း ရှေးက သုံးစွဲရိုးရှိသည်။ ပင် နှင့်လည်း အနက်တူပင်ဖြစ်သည်။ ပဲ၊ ပက်၊ ပင် သည် အနက်တူဖြစ်သည်။ သို့ရာတွင် ပဲ ကို အောက်ပါအတိုင်း သုံးကြရသည်။

၁။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ၊ သူပဲ၊ ငါပဲ၊ ဆရာပဲ၊ ကျောင်းသားပဲ၊ စာအုပ်ပဲ၊ အိမ်ပဲ၊ ကျောင်းပဲ၊ မြစ်ပဲ၊ ချောင်းပဲ စသည်...

ဤတွင် ပဲ ကို ပင် နှင့် ဖလှယ်လျှင် လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်၊ သူပင်၊ ငါပင်၊ ... စသည်အတိုင်း ဖြစ်လာမည်။ ပဲ၊ ပင် ၏အနက်မှာ ပေါင်းစည်းနက်ဖြစ်သည်။ စင်စစ် ဟု အနက်ဖွင့်လျှင် ရနိုင်သည်။
သာဓက။ ။လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ။
လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်။
လူစင်စစ်၊ နတ်စင်စစ်၊ ဗြဟ္မာစင်စစ်။

၂။ စားပဲစားနိုင်လွန်း၊ တတ်ပဲတတ်နိုင်လွန်း၊ ပြောပဲပြောနိုင်လွန်း၊ သောက်ပဲသောက်နိုင်လွန်း စသည်...

September 4, 2015

" ယောက်ျားတစ်ဦးမှာ တရားဝင် ရည်းစား သုံးယောက်ထက်မနည်း ထားကြရသော အမျိုးသမီးဦးရေ များသောမြို့လေးအကြောင်း"

 
 အားကျတှာ...နီနီနှင့်လယ်မယ်..ဖြူဖြူနှင့်မုန့်စားမယ်..ညိုညိုနှင့် ရုပ်ရှင်သွားမယ်..ငယ်ငယ်နှင့်...အဲ
သိတော့ဝူး......ဟီးဟီး..
တစ်လင်တစ်မယားဓလေ့ဆိုတာ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းရဲ့ အခြေခံအုတ်မြစ်လို ဖြစ်နေပါပြီ။ ဒါပေမယ့် ကမ္ဘာ့မြို့ ကြီးတစ်မြို့ ကတော့ အဆိုပါဓလေ့ကို ချောင်ထဲ ထိုးထားလျက်ရှိပါတယ်။ Dongguan ဆိုတဲ့ မြို့ မှာ မိန်းမဦးရေ အဆမတန်များပြားနေတာကြောင့် ယောင်္ကျားအများစုဟာ မိန်းကလေးရည်းစား နှစ်ယောက်၊သုံးယောက် အနည်းဆုံးရှိကြပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း၊ Guangdong စီရင်စုက Dongguan မြို့ ဟာ iPhone နဲ့ iPad လို နာမည်ကြီး အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတဲ့အတွက် နာမည်ကြီးတဲ့ မြို့ တော်ဖြစ်ပြီး ဒေသတွင်း စက်ရုံတွေဟာ ယောင်္ကျားတွေဟာ စိတ်ချအားကိုးလို့ မရဘူးဆိုကာ မိန်းမတွေကိုသာ စက်ရုံမှာ အဓိက ခန့် ထားလျက်ရှိပါတယ်။
ဒီလိုနဲ့ Dongguan ဟာ ယောင်္ကျားဦးရေထက် မိန်းမဦးရေက အဆမတန်များပြားနေပြီး ယောင်္ကျားတွေဟာ အတိုအထွာ အလုပ်တွေနဲ့ အချိန်ပိုင်းကျပန်း အလုပ်တွေကိုပဲ လုပ်ကိုင်လျက်ရှိကာ အချိန်တွေ အလျှံပယ် ပိုလျက်ရှိပါတယ်။တစ်ချို့ ယောင်္ကျားတွေက တစ်ပြိုင်တည်းမှာ အတည်တကျ ရည်းစားနှစ်ယောက်၊သုံးယောက် ထားကြကြောင်း ဒေသခံသတင်းဌာနတစ်ခုကို ၀န်ခံပြောကြားခဲ့ပါတယ်။
“ ဒီမှာ ရည်းစားတစ်ယောက်ရှာရတာက အလုပ်တစ်ခုရှာရတာထက် တော်တော်ပိုလွယ်ပါတယ်” လို့ သတင်းဌာနကို ပြောကြားပါတယ်။ယောင်္ကျား-မိန်းမ ဦးရေ မမျှတမှုဟာ Dongguan မြို့ ကို ‘ကာမမြို့ တော်’ အဖြစ် နာမည်တွင်စေခဲ့ပြီး ဒီမြို့က မိန်းမ အများအပြားဟာ ချစ်သူရှိပြီးသားသိသိနဲ့ အဆိုပါယောင်္ကျားတွေနဲ့  အချစ်ရေးပတ်သက်ဖို့ လိုလိုလားလား ရှိနေကြပါတယ်။
ရွှေ့ ပြောင်းစက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ Li Bin က အခုလိုပြောပြပါတယ်။ “ ကျွန်တော့်မှာ ရည်းစား သုံးယောက်ရှိတယ်။ သူတို့ အားလုံးတစ်ယောက်နဲ့ တစ်ယောက်လည်း သိကြတယ်။ ကျွန်တော့် သူငယ်ချင်း အများစုလည်း ရည်းစားတွေ အများကြီးရှိတယ်။ ဒီမှာ ငယ်ရွယ်ပြီး အချစ်အတွေ့ အကြုံမရှိတဲ့ မိန်းကလေး

" ခေါင်းမှာ ဦးချိုပေါက်နေတဲ့ ဖွားဖွား "

 
တရုတ်နိုင်ငံက အဘွားအိုတစ်ယောက်ဟာ ရှားပါးတဲ့ရောဂါရပ် တစ်ခုကို ခံစားနေရပြီး ဦးခေါင်း ထိပ်မှာ ချိုတစ်ခု ဖြစ်ပေါ်နေပါတယ်။ချိုဟာ လွန်ခဲ့တဲ့ ၈ နှစ်ကစပြီး ယားယံတဲ့ မှဲ့ နက်တစ်လုံးကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Liang Xiuzhen နေ အဘွားအိုက ပြောပြပါတယ်။ ဆေးဖက်ဝင် အပင်ကုထုံးတွေနဲ့ အစပထမ ကုသခဲ့သေးတယ်လို့  ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ မှဲ့ ဟာ ပေါက်ထွက်ပြီး လက်သန်းအရွယ်လောက်သာ ရှိတဲ့ ချိုတစ်ယောက် အရေပြားပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။  အဘွားအိုရဲ့ သားဖြစ်သူ Wang Zhaojun က အခုလိုပြောပြပါတယ်။“ ကျွန်တော်တို့ ဆေးရုံသွားခဲ့ကြပေမယ့် ဆရာဝန်တွေဟာ ဒီချိုကြီးထွားမှု ဘာကြောင့် ဖြစ်လဲဆိုတာ ရောဂါမရှာနိုင်ခဲ့ကြပါဘူး။ ကျွန်တော့်အမေကလည်း သူဆေးရုံတက်ရင် အိမ်ကိုပြန်မလာနိုင်တော့ဘူး ထင်ပြီး ဆေးရုံသွားရတာ ကို မကြိုက်ဘူး” ဒီလိုနဲ့ သူတို့ ဟာ ဒီချိုကို လျစ်လျူရှုထားခဲ့ကြပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ Zhaojun ဟာ အမေကို ခေါင်းလျှော်ပေးနေရင်း ချိုလေးကို မတော်တဆ ပဲ့ထွက်သွားစေခဲ့ပါတယ်။ ထိုအချိန်ကစပြီး ချိုဟာ မြန်မြန်ဆန်ဆန် ဆက် ကြီးထွားလာခဲ့ တာဖြစ်တယ်လို့ ပြန်လည်ပြောပြပါတယ်။ အခုအခါမှာ ချိုဟာ ငါးလက်မ အရှည်ရှိပြီး အချင်း ၂ လက်မ

" အမျိုးသား ချစ်သူတစ်ဦးက သူ့ချစ်သူ မဒီကညာ အတွက် ဝါးဖြင့် ပဲရစ်မြို့တော်မှ Eiffel မျှော်စင်အသေးစား ပြုလုပ်"

 
ချစ်သူရေ...မင်းအတွက်ဆိုရင် ငါလေ..ဘာပဲလုပ်က လုပ်က ..(ဟီးဟီး)
လုပ်ရ..လုပ်ရ... 
Eiffel မျှော်စင် တည်ဆောက်ပြီးလို့ ရာစုနှစ် တစ်ခုထက်မကကြာတဲ့အချိန်မှာ တရုတ်နိုင်ငံ Henan ပြည်နယ်က အမျိုးသားတစ်ဦးက ဝါးခြမ်းလေးတွေ အသုံးပြု၍ Paris မြို့ရဲ့အထင်ကရ သမိုင်းအဆောက်အအုံ ပုံစံကို ပြုလုပ်ခဲ့ပါတယ်။ Xie အမည်ရှိ ယင်းအမျိုးသားက Eiffel Tower ပုံစံငယ်တစ်ခုကို သူ့ချစ်သူ ကောင်မလေးအတွက် လက်ဆောင်အဖြစ် လုပ်ပေးခဲ့ပါတယ်။
မီတာနဲ့ချီမြင့် ၄င်းအဆောက်အအုံ အပြီးတည်ဆောက်ဖို့ ဝါးအချောင်း ၂၀၀ ကျော် အသုံးပြုထားပြီး ဗိသုကာပညာရပ်ကို အဓိက သင်ယူထားတဲ့ ယင်းအမျိုးသားကို အချိန် ၁ လကျော် ကုန်ဆုံးစေခဲ့ပါတယ်။ ဒီတမူထူးခြားတဲ့ လက်ဆောင်ပစ္စည်းကြောင့် အင်တာနက်ပေါ် ပွက်လောထစေခဲ့တယ်။
ကုသိုလ်ကံပါတဲ့ ကောင်မလေးအတွက် အများစုက မနာလိုဖြစ်ခဲ့ကြပါတယ်။ တချို့ကလည်း “နည်းပညာ သရဲ ပြုလုပ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် လက်ဆောင်ပစ္စည်း တစ်ခုပါပဲ” လို့ ချီးမွမ်း ကြပါတယ်။ သို့ပေမယ့်လည်းပဲ “Eiffel Tower ပုံစံ ငယ်လေးတော့ ကောင်းပါတယ်။ ဒါပေမယ့် Paris မြို့က

" အောက်လမ်းပညာသည်၏ ကြောက်စရာ့ ဆေးနွားဘီလူးကို စိန်ခေါ်ရဲသူ "

 
မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊အောက်လမ်း (ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်းလျှောက်စဉ်းစားရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲ
တော်စပ်သူ တစ်ယောက်ကို သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့တကယ့် ဘကြီးအရင်းတော့ မဟုတ်
ပါဘူး။ ကျနော့်အဖွားဖက်ကအကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံဟာ“ဂွ” ကျ
တယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း သူ့ကိုအော်ကြောလန် ပါတယ်။

သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။နွေရာသီ ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရောကြီးကြီး ဘက်ပါ ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်
တော်တော် ဖော်ရွေရှာပါတယ်။ ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရတဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ မှန်တယ်လို့ ထင်ရင် လူရှေ့မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့ အကျင့်ပါ။ ဒီအကျင့်ဟာ
သူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။

နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းအိုး၊ ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊ဆေးလိပ်ခွက်၊ ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှကို ခြံထဲ ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊ဆန်စက် (ရွာမှာ “ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေက ဆင်းရဲသား လယ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစားကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။ ရွာမှာနေပြီး နေ့စဉ်ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို သတင်းတွေကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့လူတွေ အတော်များများ ရှိပါတယ်။

ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ၀မ်းကွဲဟာ ကျနော် သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာကတောသူဋ္ဌေးသား တစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျား
ကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး အပူပင်မရှိလုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က ဘကြီးတို့

" သမုဒ္ဒရာ အောက်တွင် သုံးရက်ကြာ ရှင်ကျန်ရစ် သူ ၏ ထူးခြားသည့် ဖြစ်စဉ် "


Credit : http://layietcho.blogspot.co.uk/2013/12/blog-post_47.html?m=0

" မောင်က "မ"ဖြစ်.. မက "မောင်"ဖြစ်သွားကြတဲ့ ချစ်စရာကောင်းသော သဘာဝလွန် ချစ်သူနှစ်တို့အကြောင်း တစေ့တစောင်း "

 ဘယ်လိုပြောပြော မယုံနိုင်ပေါင်ကွယ်....
အသက် ၁၈ နှစ်အရွယ် Katie ဆို တဲ့ မိန်းက လေးနဲ့ သူရဲ့ ချစ်သူ ရည်းစား Arin (အသက် ၁၆ နှစ်) ဟာ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေဖြစ် ကြပြီး သူတို့ နှစ်ဦးဟာ အိုကလာ ဟိုးမား ပြည်နယ်မှ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေကို အ ထောက်အ ပံ့ပေးတဲ့ အဖွဲ့အစည်းမှာ ဆုံတွေ့ ကြရာမှ ချစ်သူတွေ ဖြစ်သွား ကြပါ တယ်။ နှစ်ယောက် စလုံးဟာ လိင် အင်္ဂါ ပြောင်းလဲဖို့ အတွက် ဟော်မုန်းနဲ့ ကုသ ထားသူ တွေဖြစ်ပြီး ကေတီဟာ သူ့အသက် ၁၈ နှစ် ပြည့်ပြီး ပြီးချင်းမှာ လိင် အင်္ဂါ ပြောင်း လဲဖို့ အတွက် ခွဲစိတ်ပြုပြင် ခဲ့ပါတယ်။

September 3, 2015

"အသက်ရှည် ကျန်းမာဖို့အတွက် "ဆေး" မသောက်ပဲ "ဆီး" သောက်ကြသော လူတစ်စုအကြောင်း" (မယုံမရှိပါနှင့်)



တရုတ်နိုင်ငံမှာ ကျင်ငယ်ရည်သောက်ရင် ရောဂါမျိုးစုံပျောက်တယ်လို့ ယုံကြည်တဲ့ အဖွဲ့တစ်ဖွဲ့ရှိနေတယ် ဆိုရင် အံ့သြကောင်းအံ့သြမိ ကြပါလိမ့်မယ်။ အဲဒီအဖွဲ့ကို တရုတ်ကျန်းမာရေးဝန်ကြီးက တရားဝင်အသိအမှတ်ပြုထား တာ မဟုတ်ပေမယ့် အဲဒီအဖွဲ့ကို ၂၀၀၈ ကတည်းက ဟောင်ကောင်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျင်ငယ်ရည်သောက်ရင် ကျန်းမာရေးကောင်းစေတယ်လို့ မယုံကြည်သူတွေ ရှိနိုင်ပေမယ့် သူတို့အဖွဲ့မှာတော့ လက်ရှိအဖွဲ့ဝင် ၁၀၀၀ နီးပါးလောက် ရှိနေပါတယ်။ အသက် ၇၉ နှစ်အရွယ် ဘာအိုရာဖူဆိုသူဟာ ကျင်ငယ်ကုထုံးအဖွဲ့ရဲ့အကြီးအကဲအဖြစ် ၂၀၁၀ ကတည်းက တာဝန်ယူခဲ့ပြီး ကိုယ့်ကျင်ငယ်ရည်ကို ပြန် သောက်တာကြောင့် သူတို့ရဲ့ဖခင်တွေ ပြန်လည်ကျန်းမာလာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျင်ငယ် ရည်ကို ပထမဆုံးစသောက်ရာမှာ အခက်အခဲရှိခဲ့ပေမယ့် ခုချိန်မှာတော့ တနေ့ကို ၁၀၀ မီလီလီတာ သောက်ရာ ကနေ ၃၀၀ မီလီလီတာအထိ သောက်နိုင်လာပြီလို့ ဆိုပါတယ်။
 
 ဘာအိုက ကျင်ငယ်ရည်ကြောင့် ပြောင်နေတဲ့ သူ့ခေါင်းမှာ ဆံပင်တွေ ပြန်ပေါက်လာပြီး ၂၂ နှစ်တာအတွင်း အအေးမိတာတောင် မဖြစ်ခဲ့ဖူးကြောင်း၊ကျင်ငယ်ရည်ဟာတရုတ်ရိုးရာတိုင်းရင်းဆေးတွေထက်တောင်အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ဖြစ်
ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ ကျောက်ကပ်အထူးကု တရုတ်ဆရာဝန် ချန်ဝမ်လီကတော့ ဆီးထဲမှာ ကျောက်ကပ်ကနေ စွန့်ထုတ်လိုက်တဲ့ အဆိပ်သင့်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျင်ငယ်ရည်သောက်တာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဘာအိုကတော့ သူ မနက်အိပ်ရာထတိုင်း ကျင်ငယ်ရည်ကို သောက်လာ

" ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်စေဖို့  "


အမျိုးသား တစ်ယောက်ဟာ ကြံရည်ဖန်ရည် ကောင်းပြီး ငွေရှာကောင်း ရုံလောက်နဲ့ တော့ ယောကျာ်း ဂုဏ်ရည် နဲ့ ပြည့်ဝ သူရယ်လို့  မဆိုနိုင်လောက် သေးပါဘူး။ အိမ်ထောင် တစ်ခုလုံးကို ဦးစီး ဦးဆောင်ပြုရမယ့် အမျိုးကောင်းသား တစ်ယောက် အနေနဲ့  အသုံး အဖြုန်းမကြမ်းသူ၊ အသောက် အစား-အပျော် အပါး မခုံမင်သူ၊ အဌာရဿ ၁၈-ရပ်လုံး မဟုတ် တောင် ပြောင်းလဲလာတဲ့ ခေတ်ရေ စီးကြောင်းနဲ့ အညီ သိပ္ပအတတ်ကို မညံ့လွန်းသူဖြစ်ကာ၊ စာနာတတ်တဲ့ နှလုံး သားလေး တစ်စုံလည်းရှိဖို့ လိုအပ်ပါတယ်။
အထက်ကဖော်ပြခဲ့သလို အရည်အချင်းတော်တော်များများနဲ့ တော့ကိုက်ညီပါရဲ့ ။ သို့ သော် တစ်ကိုယ် ရည်သန့် ရှင်းမှု အားနည်း ပြီး ခေတ်နောက် ပြန်ဆွဲနေတဲ့ ကိုယ်ဟန်နေထား ပြင်ဆင်မှု မျိုးဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်မလာနိုင်တော့ ပါဘူး။

စတိုင်လ်ကျ စမတ်ကျတဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ ဆိုရင်...

(၁) ဗိုက်ခေါက်ကြီးတွေထူနေရင် အသက်ကြီးတဲ့ ပုံပေါ်နေရုံသာမက၊ ဘာဝတ်ဝတ် အချိုးမကျ နိုင်ပါဘူး။ ရင်အုပ်ကျယ်ကျယ်၊ လက်မောင်းကြွက်သား အဖုအထစ်တွေက အားကိုးချင်စရာ လက္ခဏာရပ်တွေမို့  လေ့ကျင့်ခဏ်းလုပ်ဖို့  မပျင်းပါနဲ့ ။

(၂) ဆံပင်ပုံစံက ရုပ်ဆိုးသူကိုလှသွားအောင်ပြောင်းလဲပေးနိုင်သလို၊ လှနေတဲ့သူကိုလဲ အကျည်း တန်ေ စနိုင်တာကြောင့် မိမိရုပ် ရည်-မိမိအများဆုံးဝတ်ဆင်လေ့ရှိတဲ့ အ၀တ်အစားဒီဇိုင်းနဲ့  လိုက်ဖက်တဲ့ ဆံပင် ပုံစံမျိုးဖြစ်နေ ရပါမယ် (ဒါကြောင့် မိမိနဲ့  ကိုက်ညီမှုရှိတဲ့ ဆံသဆိုင်က ဆံပင်ညှပ် ဆရာကို သေသေချာချာ
မှတ်သားထားသင့်ပါတယ်)

(၃) “ယောကျာ်းလေးဘဲကွာ…ဒါတွေမလိုပါဘူး” ဆိုတဲ့ အတွေးမှားမျိုးဖြင့် အိမ်ပြင်ထွက်တဲ့အခါ၊ အ၀တ် အစားတွေကို ဖြစ်က တတ်ဆန်း မ၀တ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ အပြင်အဆင်ဟာ သူဘယ်အသိုင်း အ၀ိုင်းက လာတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်နေလို့ ပါ။

(၄) တကိုယ်ရည် သန့် ရှင်းမှုအတွက် တစ်နေ့ ၂-ကြိမ်ကျ ရေချိုးသင့်ပါတယ်။ သံပုရာရနံ့ ပါတဲ့ ကိုယ် တိုက် ဆပ်ပြာလေးတွေက

" ကလေးများ အပေါ် အမြဲ ပြောဆို သင့်သော စကားလုံးများ "

အရမ်း ကြိုက်လို့ ကောက်နူတ် ဘာသာပြန် လိုက် ပါတယ်။ မိဘများ ကြိုက်နှစ်သက် နိုင်ပါစေ၊ အသုံး ၀င်နိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။ အချို့နေရာ မှာ ဖတ်ရူ့လို့ ကောင်းအောင် “ သားသား” “ ဖေဖေ” လို့ သုံး ထားပေမဲ့ မီးမီး နဲ့ မေမေ အတွက် လည်း အတူတူပဲ ဖြစ်ပါတယ်။ မိမိ သားသမီးများ အပေါ် မိဘများ အမြဲပြောဆို သင့်တဲ့ စကားများ ကတော့.............................................................၁။ သားသား အရမ်း လိမ္မာတာပဲ ၊ ဖေဖေမေမေ သားသားကို အရမ်းချစ်တာ။ ။ 

ကလေးများဟာ မေတ္တာ ငတ်မွတ်လို့ မရပါဘူး။ မိဘများဆီက မေတ္တာဆို ပိုမို အရေးကြီးပါတယ် ။ ဒီစကားလုံးလေး တွေဟာ ကလေးကို အားကိုးရာ ရှိစေပါတယ်။ ကလေးများရဲ့ ရင်ကို နွေးထွေးစေ ပါတယ်။ ကလေးများရဲ့ အတွင်း စိတ်ကို ပိုမိုလုံခြုံစေပါတယ်။
၂။ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်းတာပဲ။ ။

ပညာသင်ကြားခြင်း နဲ့ ပျော်ရွှင်စရာကောင်းခြင်းဆိုတဲ့ အသိနှစ်ခုကို တွဲမိသွားအောင်၊ ကလေးစိတ်တွင်း မှာ စွဲသွားအောင် Autosuggestion သဘောအရ “ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်း တာပဲနော်” ဆိုတဲ့စကားမျိုး အမြဲပြောဆိုပေးပါ။ အဖေအမေ ခေတ်တုန်းက ဆိုရင် ဘယ်လိုဘယ်လို ဒုက္ခခံပြီး ကြိုးစားရတာမျိုး ကလေးကို မပြောမိပါစေနဲ့။ လူ့ရဲ့သဘောသဘာဝ အရ “ဒုက”္ခလို့ လက္ခံ သွားတဲ့ မည်သည့် အရာကိုမဆို ရှောင်ရှား တတ်တဲ့စိတ် ရှိတတ်လို့ပါ။

၃။ သားသား တစ်ယောက်ထဲ ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ ။

ဒီစကားဟာ ကလေးကို အားပေးအားမြောက် ပြုရင်းနဲ့ ကိုယ့်ကိုကို ယုံကြည်လာအောင်၊ ကိုယ့်ကိုကို အားကိုးတတ်အောင်

" သုံးပြီးသား လက်ဖက်ခြောက် အိတ်လေးတွေရဲ့ အံ့ဖွယ် အသုံးဝင်ပုံ "


လစ်ပ်တန်တီးလို တစ်ခါသောက် လက်ဖက်ခြောက် အိတ်လေးတွေဟာ သုံးပြီးတာတောင်မှ အကျိုးရှိ တာတွေ ထပ်လုပ်ရတာမို့ အပြည့်အဝ အသုံးချနိုင် ဖို့အတွက် လုပ် ကြည့်နိုင်တာလေးတချို့ကို မျှဝေ လိုက်ပါတယ်။

အနံ့ဆိုးကင်းစေခြင်း

ရေခဲသေတ္တာထဲမှာ ဟင်း တွေ၊ မုန့်တွေ အကြာကြီးသိမ်း ထားပြီး အနံ့အသက် မကောင်းဘူး ဆိုရင်တော့ သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးက အနံ့ဆိုး တွေစုပ်ထားနိုင်သလို အမှိုက်ပုံး အောက်ခြေနားမှာ ထားပြီးတော့လည်း အနံ့ဆိုးမထွက်အောင်လုပ် နိုင်ပါသေးတယ်။

လက်အနံ့ဆိုးပျောက်စေခြင်း

ငါး၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီတွေကိုင်ပြီး ဆပ်ပြာနဲ့ဘယ် လောက်ဆေးဆေး နံနေတုန်းပဲဆို ရင်တော့ လက်ဖက်ခြောက်အိတ် ဟောင်းလေးကိုဖွင့်ပြီး ပွတ်ဆေး နိုင်ပါတယ်။

အရွယ်တင်စေခြင်း

ရေချိုးကန်ကို ရေနွေးနွေး လေးအပြည့်ထည့်ပြီး သုံးပြီးသား လက်ဖက်ခြောက်အိတ်လေး တချို့စိမ်ထားပြီး ရေချိုးမယ်ဆို ရင် အရေပြားဆဲလ်တွေ မပျက်စီး အောင် ကာကွယ်နိုင်သလို အရွယ်တင်နုပျိုစေပါတယ်။

ခံတွင်းနံ့ကင်းစေခြင်း

အယ်လ်ကိုဟောပါတဲ့ ခံတွင်းနံ့ပျောက်ဆေးရည်တွေ ဟာ ပလုတ်ကျင်းပြီးတဲ့အခါ ပါးစပ်ထဲမှာခြောက်ပြီး ကျန်ခဲ့စေ ပေမယ့် သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးကို ရေနွေးဆူ ဆူနဲ့ စိမ်ထားပြီး အေးသွားပြီဆို

"ကျီးပေါင်းတက် အကြောအားနည်းသူများ. လေဖြတ် လေငန်းဝေဒနာသည်များ..ဆီးနှင်ကျောက်ကပ်ရောဂါသည်များ အတွက် ငါးခူ နှင့် ရဲယိုရွက်ဓာတ်စာ "

ဓာတ်စာ ဟူသည်မှာ နေ့စဉ် စားသောက် နေကြသော ဟင်းလျာ (သို့မဟုတ်) အစားအစာ ကိုပင် ဆေးဖက် ဝင်အောင် စီမံ၍ စားသုံးခြင်း ပင်ဖြစ်သည်။ အထူးသဖြင့် လူငယ်များတွင် ဓာတ်စာ မလိုသော်လည်း လူကြီးများတွင် အသက်အရွယ် အရ ကိုယ်ခံအင်အား ချို့ယွင်းလာခြင်း၊ ရောဂါဝေဒနာ တစ်ခုခု ကပ်ငြိလာခြင်း အတွက် သက်သာ စေမည့် မိမိရောဂါနှင့် တည့်မည့် ဓာတ်စာစားရန် လိုအပ်ပေသည်။

အသက်ကြီးလာလျှင် အားနှစ်မျိုး  လိုသည်ဟု ဆိုသည်။ထိုအား နှစ်မျိုးမှာ သွေးအား နှင့် လေအား ဖြစ်သည်။ သွေးအား ဆိုသည်မှာ အနောက်တိုင်း နည်းအားဖြင့် သွေးပေါင်ချိန် သောအခါ အပေါ်သွေး ဖိအား၊ အောက်သွေးအား ၁၂ဝ-၈ဝ မီလီမီတာ (ပြဒါး) ရှိနေသော အားကို ရည်ညွှန်းပြလျှင် အလွယ်တကူ သိနိုင်သည်။ အနောက်တိုင်း ဆေးပညာဖြင့် ဖော်ပြ၍ မရသော အားတစ်မျိုးမှာ လေအားပင် ဖြစ်သည်။

ရှေးက ဆရာကြီး များက''လေမဆက်၊ သေဘက်သို့ နီးလာပြီ'' ဟု ဆိုရိုးစကား ရှိခဲ့သည်။ ခန္ဓာကိုယ်ကြီးကို ထမ်းဆောင် ထားသော ကြွက်သား၊ အကြော၊ အရိုး၊ အဆစ်၊ ဆိုင်ကြော၊ စုကြော များသည် လေတွန်းအား၊ ကန်အား၊ ထောက်အား မကောင်းတော့ခြင်း ကြောင့် သွားလာ ထိုင်ထ ရာတွင် မကောင်းတော့ခြင်း၊ မဟန်နိုင်ခြင်း မိမိကိုယ် မိမိ မသယ်နိုင်ခြင်း တို့ ဖြစ်လာသည်။ ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးသည်ပင် လေတွန်းအားဖြင့် လှည့်ပတ် နေသည်ဟု ယူဆခဲ့ ကြသည်။

အသက်ကြီးလာလျှင် အားယုတ်သည်မှာ ယုတ်စွအဆုံး ဆီးသွား လျှင်ပင် တွန်းအား မရှိသဖြင့် ဆီးကုန်အောင် အချို့ အကြာကြီး သွားရသည်။ ဆီးသွားပြီး လျှင်လည်း ဆီးကျန် နေသဖြင့် ပြန်သွား ချင်စိတ် ဖြစ်ရသည်။ ဆီးကုန်အောင်မ သွားသည့်ေ ရာဂါ၊ ဆီးမထိန်း နိုင်သည့် ရောဂါ၊ ဆီးကျိတ် ရောဂါတို့မှာ အသက်ကြီး လာသည့် ယောက်ျား များတွင် အဖြစ်များသော ရောဂါများ ဖြစ်သည်။

အသက်ကြီးသည့် မိန်းမများ တွင်လည်း ဆီးရောဂါ မရှိသည် မဟုတ်၊ ယောက်ျားများ ကဲ့သို့ ဆီးကျိတ်ကြီးသည့် ရောဂါ

"ဖုန်းဝယ်နည်း လမ်းညွှန် " (ကိုပေါက်)

Screen Shot 2015-06-03 at 12.13.31 PM
ဖုန်းဝယ်ဖို့ စဉ်းစားတိုင်း နောက်ဆုံးပေါ်ဖုန်းတွေချည်း မစဉ်းစားပါနဲ့။ Brand လည်း အစွဲလမ်း မကြီးပါနဲ့… ဈေးပေါတာချည်းလည်း မဝယ်ပါနဲ့။ ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် တွေးစရာ၊ သုံးသပ်စရာ အချက်များကတော့ အောက်ပါ အတိုင်း မျှဝေပေးလိုက်ရ ပါတယ်။
၁) GSM လား CDMA လား..
ကမ္ဘာတစ်လွှားမှာ GSM ဆက်သွယ်ရေး စနစ်ကို provide လုပ်တဲ့ ဖုန်းများ ထုတ်ပေမယ့် CDMA ကို provide လုပ်တာတော့ အတော်လေး နည်းပါတယ်။ အများစုက တရုတ်ပြည်ကနေ လာတဲ့ ဖုန်းများက support လုပ်ပြီး Hauwei ကနေ အဝင်များပါတယ်။ အခြားအားဖြင့် Samsung, HTC တို့ အနေနဲ့လည်း CDMD network ထောက်ပံ့တဲ့ ဖုန်းများ ထုတ်ပါတယ်။ ဒါပေမယ့် အမြင့်ဖုန်းတွေတော့ မဟုတ်ပါဘူး။
၂) ဘယ်လို feature ကို သင်လိုအပ်လဲ..
အချို့က ဖုန်းဆိုရင် ကင်မရာ ကို အဓိက သုံးဖို့ ဝယ်သူ ရှိသလို၊ အချို့က ဂိမ်းဆော့ဖို့ အဓိက ဝယ်သူ ရှိတယ်။ အချို့က အင်တာနက် ကောင်းကေင်းသုံးချင်တယ်.. လိုအပ်ချက် တစ်ခုတိုင်း စီအတွက် focus လုပ်ပေးထားတဲ့ ဖုန်းရှိသလို အချို့ဖုန်းများကတော့ သူ့လိုအပ်ချက်အတိုင်း ချွန်ထွက် ကောင်းမွန်နေတဲ့ ဖုန်းများလည်း ရှိပါတယ်။ အချို့ကျတော့လည်း အကုန်ကောင်းပါတယ်။
၃) ဒီဇိုင်း မှန်ကို ရွေးပါ..
ဘာမှ မပြောခင် ဒီဇိုင်းကို အရင်စပြောရတဲ့ အကြောင်းက ရှိပါတယ်။ ဖုန်းဟာ ပြောမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ တစ်ဦးလိုပါပဲ။ သွားလေရာ အမြဲတမ်း ပါသွားပြီး မိမိနဲ့ အနီးကပ်ဆုံး ရှိနေမယ့် အရာ၊ အသုံးပြုနေရမယ့်အရာ ဖြစ်ပါတယ်။ ဖုန်းမဝယ်ခင် အရင်ဆုံး လက်မှာ ကိုင်ကြည့်။ ကိုယ့်လက်နဲ့ အံကိုက်ဖြစ်ရဲ့လား.. ကိုယ်ကိုယ့်ကိုကော အဲ့ဖုန်းနဲ့ လိုက်ဖက်တယ်လို့ ခံစားရလား.. navigation လေးတွေ နှိပ်ကြည့်လို့ စိတ်တိုင်းကျရဲ့လားပေါ့.. ဒီဇိုင်းလို့ဆိုတဲ့နေရာမှာ အပြင်ဒီဇိုင်းကော အတွင်းက UX ဒီဇိုင်းကိုပါ ဆိုလိုပါတယ်။ အချို့က အပြင်ဒီဇိုင်းကြိုက်ပေမယ့် အတွင်းဒီဇိုင်းက ကိုယ့်အတွက် အဆင်မပြေတာမျိုးတွေလည်း ရှိပါတယ်။
၎) ဖုန်း အမျိုးအစား
ဖုန်းမှာ စမတ်ဖုန်း ရှိတယ်..။ Feature ဖုန်း (ဖီးချားဖုန်း) ရှိတယ်။ Basic ဖုန်း ရှိပါတယ်။ စမတ်ဖုန်းက အင်တာနက်သုံးလို့ရတယ်။ ပုံထွက်ကောင်းတယ်။ ကွန်ပြူတာ တစ်လုံး အသေးစား ပမာ သုံးလို့ရ ပါတယ်။ ဖီးချားဖုန်းကတော့ အီးမေးလ်ပို့ခြင်းတို့လောက် ရပြီး Messaging ကို အဓိက ထားပါတယ်။ Basic ဖုန်းကတော့ ကျနော်တို့ အရင်တုန်းက သုံးခဲ့ဖူးတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ keypad ပါဝင်ပြီး screen resolution အဖြူအမဲဖုန်းများ ဖြစ်ပါတယ်။ အဲ့ဒီလို ဖုန်းတွေရှိတောင် မရှိတော့ပါဘူး။ အဓိကက စမတ်ဖုန်းကို သုံးကြပြီး ကမ်းရိုးတန်းဖုန်း သုံချင်သူများကတော့ feature ကနေ ပြန်ရွေးပါတယ်။
၅) မျက်နှာပြင်
အဓိက စဉ်းစားစရာအချက် ဒီမှာ ရောက်ပါပြီ။ စမတ်ဖုန်း အကြောင်းပဲ ပြောကြရအောင်..။ မျက်နှာပြင် အသေးဆုံး အနေနဲ့ ၄.၅ လက်မ

September 2, 2015

" ဆရာဝန့်လက်ရေး " ( ဟာသ )

တစ်ခါက လူနာတစ်ယောက် ဆရာဝန်လာပြတယ်။
ဆရာဝန်က လိုအပ်တာ စမ်းသပ်စစ်ဆေးပြီး၊ သူ့ကို ဆေးစာတစ်စောင် ရေးပေးလိုက်တယ်။
လူနာကလည်း မေ့တတ်တဲ့သူဆိုတော့ အဲဒီဆေးစာကို အိပ်ကပ်ထဲ ထည့်ထားလိုက်တာ၊ နောက်ရက် ပြန်ဖတ်တော့ ဘာရေးထားမှန်းလဲမသိ ဘာစာရွက်မှန်းလဲမသိဘူး ဖြစ်နေတယ်တဲ့။

ဒါနဲ့…အဲဒီစာရွက်ကို ပြပြီး… …
1. ဘတ်စ်ကားစီးတာ ၂နှစ်လောက် ကြာတယ်။
2. ရုပ်ရှင်သွားကြည့်တာ ဆယ့်ငါးခါရှိပြီ။
3. ဘောလုံးပွဲ ဝင်ကြည့်တာ တရာသီလုံးကုန်ရော။
4. နိုင်ငံခြားက လာပြတဲ့ သံစုံတီးဝိုင်းကြည့်တာက တစ်ခါ။
5. နောက်အလုပ်ပြောင်းတော့ အရင်သူဌေးက ပေးလိုက်တဲ့ ထောက်ခံစာဆိုပြီး ပြလိုက်တာ

" ကျွန်ုပ်နှင့် ထူးသောဂါထာ ..."

 
တစ်နေ့သ၌ ကျွန်ုပ်ဆီသို့ မိတ်ဆွေရောင်းရင်းဖြစ်သော ကိုမျိုးမြင့် ရောက်လာပါသည်။ ဤတစ်ခါလာပုံသည် ယခင်လာပုံမျိုးနှင့်မတူ။ မြောက်ကြွမြောက်ကြွဖြစ်နေသဖြင့် ကျွန်ုပ်က ...
 '' မလာမယ့်မလာတော့ပျောက်နေလိုက်တာ။ လာမယ့်လာတော့လည်းမြောက်ကြွမြောက်ကြွနဲ့ ခြေထောက်သံစူးတဲ့အတိုင်းပဲ ။ ဘယ်လိုဖြစ်လာတာလဲ ... '' ဟုမေးလိုက်ရာ ၎င်းကပြုံးပြုံးရွှင်ရွှင်ဖြင့် ...
 '' မြောက်ဆို ဘ၀င်လေဟပ်လာတာလေဗျာ။ ခါတိုင်း ခင်ဗျားဆီကယူပြီးပြန်ပြန်နေရတယ်။ ဒီတစ်ခါတော့ ခင်ဗျားကိုပေးပြီးပြန်ရမှာမို့ ပျော်လာတာဗျ ... '' ဟု ရင်းရင်းနှီးနှီးပြန်ပြောလေ၏။ ကိုမျိုးမြင့်ကား အင်မတန်ခင်မင်ဖွယ်ကောင်းသူဖြစ်၏။ ၎င်း၏စိတ်ရင်းကောင်းပုံ၊ စိတ်ထားဖြူစင်ပုံကိုရေးသားရလျှင် ဤဆောင်းပါးလွန်စွာ ရှည်သွားဖွယ်ရှိ၏။ ကျွန်ုပ်ဘ၀တွင် လူအမျိုးမျိုးကိုတွေ့ကြုံခဲ့ရဖူးပါ၏။ တချို့လူသည် ဟန်ဆောင်ကာ ပေါင်းသင်းတတ်၏။ အချို့လူမှာ ညာစားတတ်၏။ အချို့လူမှာမူ ဆုံးမတတ်၏။ သွန်သင်ညွန်ပြတတ်၏။ အချို့မှာမူ ဆရာကြီးလုပ်တတ်၏။ အချို့ကလိမ်ညာ လှည့်ဖြားတတ်၏။ အချို့ကမျှော်လင့်ချက်ဖြင့်ကူညီတတ်၏။ အချို့က .... အချို့က .... စသဖြင့်ရေးလျှင် ကုန်ဖွယ်မရှိ။ အချို့ကမူ အမှန်တကယ်စိတ်ရင်းကောင်း၏။ သူတပါးအကျိုးစီးပွားကိုသာရှေးရှု၍မုဒိတာပွားနိုင်၏။ အယုတ်တရားကိုမကြံတတ်၊ မလုပ်တတ်ပါချေ။ ဤလိုလူမျိုးကား ရှားပါးလှ၏။ ကိုမျိုးမြင့်ကား

" ဇနီးမောင်နှံ များ အိမ်ဝယ်တဲ့ အခါ စဉ်းစားသင့်စရာ အချက်လေးများ "


 

ဇနီးမောင်နှံ များ အတွက် မိသားစု တစ်ခုကို တည်ထောင်ကြတဲ့ အခါ နောင်တစ်ချိန် သားလေးတွေ၊ သမီးလေးတွေ မွေးဖွားလာ တဲ့ အခါ သိုက်သိုက် ဝန်းဝန်းနေထိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လေး နဲ့အိမ်လေး တစ်လုံး ကို ပိုင်ဆိုင်ချင်ကြမှာပါ။ 

အဲဒီလို အချိန်မှာ ဘယ်နေရာလေး မှာ အိမ် ဝယ်ရင်ကောာင်းမလဲ ဆိုတာလည်း တွေးလာမိကြမှာ အမှန်ပါ။ ဇနီးမောင်နှံ တို့အတွက် အိမ်တစ်လုံးကို ၀ယ်ဖို့ ပထမဆုံး အကြိမ်ဖြစ်နေ ခဲ့ရင် လက်ရှိ မိမိတို့ရဲ့လိုအပ်ချက်၊ အနာဂတ်မျော်မှန်း ချက်တွေ နဲ့ ပတ်သက်ပြီး အသေ အချာ နားလည် သဘောပေါက်ဖို့လိုပါတယ်။

အဓိက အနေနဲ့ မောင်နှံ တို့ဟာ အိမ် အတွင်း အခန်းများများ ပါရမယ် ဆိုတဲ့ စိတ်အစွဲ ထက် ဘယ်လို အခန်း အမျိုးအစားဖြစ်သင့်တယ် ဆိုတာ ကို နားလည် သဘောပေါက်နေဖို့အရေးကြီးပါတယ်။ 

ဥပမာ- ကလေးတွေမွေးလာမယ့် အစီအစဉ် ရှိနေခဲ့ရင် ကလေး အတွက် အိပ်ခန်း၊ မိသားစု နားနေခန်း၊ မိတ်ဆွေတွေ လာရင်တွေ့ဆုံ ဧည့်ခံမယ့် ဧည့်ခန်း၊ မိသားစု အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် အစရှိတဲ့ အခန်း အမျိုးအစားတွေ ဘဲဖြစ်ပါတယ်။ ဒီ အတွက် ငွေကြေး အတိုင်းအတာ ပမာဏ တစ်ခုဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဘဲဖြစ်ပါတယ်။

အိမ်တစ်လုံး ဝယ်ယူ ဖို့စဉ်းစားလိုက်တဲ့ အချိန်မှာ အိမ်လေး ရဲ့ ကောင်းမွန်ပြည့်စုံမှု နဲ့ ရပ်တန့်မနေဘဲ မိသားစု နဲ့ နွေးထွေးစွာ ဖြတ်သန်း ဖို့ဒီလို အချက်လေးတွေ ကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
 
 (၁) အိမ် နဲ့လုပ်ငန်းခွင် ခရီးဝေးခြင်း။
အိမ်နဲ့လုပ်ငန်းခွင် ဟာ ခရီးဝေးနေတဲ့ အခါ အလုပ် အသွားအပြန် အချိန်တွေ ဟာ မိသားစု နဲ့ အတူ ကုန်ဆုံး ရမယ့် အချိန်တွေ ကို ယူလိုက် တာကြောင့် ရင်ထဲ မှာ မလူးသာ မလွန့်သာနဲ့ သည်းခံ ရတာတွေ ရှိတတ် ပါ တယ်။

တကယ်လို့ လုပ်ငန်းခွင် ဟာ မိမိ ရဲ့အိမ် နဲ့ အလှမ်း မဝေးခဲ့ရင် အိမ်ပြန်ချိန် လမ်း ခရီးမှာ အချိန် မကုန်တော့ ဘဲ မိမိ တို့ရဲ့ ချစ်ရတဲ့ သူ တစ်ယောက်ယောက် နဲ့ အချိန်ကုန်ဆုံး လို့ရနိုင်သွားပါတယ်။ ဒါ့အပြင် အိမ်မှာ မိသားစု ဆုံညီ ထမင်းစားပွဲတွေ လည်း

"ထိုင်းနိုင်ငံက ကင်းမြီးကောက် ဘုရင်မ "

 It's not a job for the feint-hearted, but a Thai woman known  officially the Scorpion Queen - covering her body daily in the deadly critters
ထိုင်းနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အဆိပ်ပြင်း တဲ့ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ် တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဟာ လာရောက် တဲ့ ဧည့်သည်တွေ ကို ကင်းမြီးကောက်တွေ ကို သေ ချာ ရှင်းပြမှု ပြုလုပ်ခဲ့ သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ 

သူ့ကို ကင်းမြီးကောက် ဘုရင်မ အဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည် နဲ့ လိုက်အောင် ကင်မြီးကောက်တွေ ကို ပုံစံ အမျိုးမျိုး နဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ 

ကင်းမြီးကောက် အကောင်ကြီးတွေ ကို အ၀တ်အစား မှာ ချိတ်တွယ်ပြခဲ့ ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေ ဟာ ကင်းမြီးကောက် ဘုရင်မ နဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒါကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက် မှာ တင်ရှိ ထားတာ ဖြစ်ပါတယ်။

ကင်းမြီးကောက် ဘုရင်မ လို့ခေါ်ဆိုကြတဲ့ အမျိုးသမီး ရဲ့အမည် ကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမဲ့ အမျိုး သမီး ဟာ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ ရဲ့ အ၀တ်အစားတွေ မှာ ချိတ် ဆွဲခဲ့ ပါတယ်။ 

ဒီနေရာ ကို သွားရောက် ခဲ့တဲ့  အီယန်မက်ကလင်း ကင်းမြီးကောက် ဘုရင်မ ပာာ ကြောက်ရွံ့ခြင်း မရှိပေ မယ့် ကမ္ဘာလှည့်တွေ ကတော့ စိုးရိမ်နေကြကြောင်း၊ မိမိ အနေဖြင့်  ထိတ်လန့် စရာ ကောင်းခြင်း ကို ပြန်ပြော လိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

၂၀၀၈ မှာ ထိုင်း အမျိုးသမီး တစ်ဦးဟာ ကင်းမြီးကောက်တွေ အများအပြား နဲ့ နေထိုင်ပြီး စံချိန်သစ် တင်ရှိ ခဲ့ပြီး သေနေတဲ့

" ယဉ်ပေ့တောသူ "

 လေပြေငယ်သုတ်ပါလို့၊

ရွှေဘုတ်ကယ်အိုးအီ၊

အုံ့မှိုင်းငယ်ရီ၊

နေမှီအောင်တခိုလှမ်းခဲ့ရ၊

ကောက်ငန်းက သူပြန်ပုံမှာ၊

ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်၊

ပန်းဝင့်လို့ ရွာကိုဝင် ၊

အမြင်ဆန်းပါဘိတယ်လေး။ ။

ညဥ့်ချမ်းရယ်နေရီ၊

ချိန်တော်မှီ ကေသီပန်းနှင့်၊

ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊

ယဉ်အောင်တောသူ၊

သနပ်ခါးကွက် ပါးမှာကူလို့၊

" ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဦးဆုံးသော သိပ္ပံပညာရှင် "

ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီး
ယခုတစ်ကြိမ်တွင်တော့ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။ 
မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး

" တောအုပ်တစ်ခုထဲကို ခရီးသွားကြရင်း အဖေါ်ကွဲပြီး လမ်းပျောက်နေတယ်ဆိုပါစို့ "

 
 တောအုပ်တစ်ခုထဲကို ခရီးသွားကြရင်း အဖေါ်ကွဲပြီး လမ်းပျောက်နေတယ်ဆိုပါစို့။
သံလိုက်အိမ်မြှောင်ကလည်းမရှိ၊ အရှေ့အနောက် တောင်မြောက်လည်း မသိဖြစ်နေတဲ့အခါ ကိုယ့်ရဲ့

လမ်းစ ပြန်ရှာဖို့ အနည်းဆုံး အရပ်လေးမျက်နှာကိုသိခွင့်ရမယ်ဆိုရင်ပဲ အဆင်ပြေသွားနိုင်ပါတယ်။

 ဒါဖြင့်ရင် အရပ်လေးမျက်နှာကို သိဖို့ ဘယ်လိုလုပ်မလဲ။

     ကိုယ့်မှာ လက်ပတ်နာရီနဲ့ တုတ်တစ်ချောင်းတော့ အနည်းဆုံး ရှိမှာပါ။ လက်ပတ်နာရီဆိုတာကလည်း

လက်တံနဲ့အချိန်ပြတဲ့ နာရီဖြစ်ရမယ်။ တုတ်ကလည်း ၆ ပေလောက်တော့ လိုမယ်။

    နေရောင်အောက်မှာ တုတ်တံလေးကို ထောင်စိုက်ပါ။ တုတ်တံရဲ့ အရိပ် ကျလာပါမယ်။ အဲဒီအရိပ်

အလျားနဲ့အပြိုင်နာရီပြ လက်တံလေးကို ကြည့်၍ ချလိုက်ပါ။ ပြီးရင် လက်ရှိ နာရီလက်တံနဲ့ ၁၂ နာရီ

နေရာပြ နှစ်ခုကြားက အလည်တည့်တည့်မှာ လားရာတစ်ခုကို ရှာရပါမယ်။ တစ်ကယ်လို့

 နွေရာသီအချိန် ဖြစ်နေရင်တော့ လက်ရှိ နာရီလက်တံနဲ့ ၁ နာရီနေရာနှစ်ခုအကြား အလယ်တည့်တည့်ရဲ့

လားရာကို ယူရမှာဖြစ်ပါတယ်။ 

September 1, 2015

" အမေရိကန်အမျိုးသမီးနှစ်ဦးရဲ့ ဘုံခင်ပွန်း( တလင် နှစ်မယား) ဇာတ်လမ်းလေး "

Melinda Phoenix, Dani Phoenix, John Stein

Melinda Phoenix, Dani Phoenix, John Stein
Portraits of Melinda Phoenix, (dress), Dani Phoenix, (Pants), babies Oliver Stein, and Ella Stein, (ribbon in hair) and father John Stein in Howarth Park in Santa Rosa, Calif., on Tuesday, October 21st, 2014.

မီလင်ဒါနဲ့ ဒန်နီဖိုးနစ်တို့က လိင်တူချစ်သူတွေဖြစ်ကြပြီး ကယ်လီဖိုး နီးယားမှာ နေထိုင်ပါတယ်။ သူမတို့နှစ်ယောက်မှာ တူညီတဲ့ရည်မှန်း ချက်ကြီးကြီးမားမားတစ်ခုရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ သူ့တို့ နှစ်ယောက်ဘဝအတွက် တစ်ဦးတည်းသော အမျိုးသားတစ်ဦးပါပဲ....။

ဟုတ်ပါတယ်။ အမျိုးသားတစ်ဦးကိုသာ သူမတို့ကအလိုရှိကြတာဖြစ် ပါတယ်။
လိင်တူတွေဖြစ်နေတဲ့ သူတို့ရဲ့ဘဝထဲကို အမျိုးသားတစ်ဦး ဝင်လာ စေချင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ချင်ကြ တာပါပဲ။ ဒီဆန္ဒအတွက် သူမတို့နှစ်ယောက်က အတော်လေးကြာ ကြိုးစားခဲ့ပြီးနောက် ဂျွန်နက်သန်ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ဆုံခွင့်ရ သွားပါတယ်။

အချိန်အခိုက်အတန့် ခင်မင်ရင်းနှီးခွင့်ရသွားပြီး နောက် ယင်းအမျိုးသား ဂျွန်ကို သူမတို့ဘဝထဲဝင်ရောက်လာဖို့ဖွင့် ဟကမ်းလှမ်းမှုမှာ အောင်မြင်သွားတယ်လို့ဆိုရမလားပဲ။ ဂျွန်က ကြည်ဖြူ

" မိန်းကလေး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံး ပုံစံ"

 
အသေးစိတ်ကျကျ စီစဉ်ထားတဲ့ ရင်ခုန်ဖွယ်ရာ လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖူး၊ဖတ်ဖူး ကြမှာပေါ့။ ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာ၊ လေယာဉ်မီးခိုးတန်းနဲ့ စာတန်းဖော်ပြီး လက်ထပ်ခွင့်တောင်းတာ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း မိန်းကလေးတွေ လိုချင်တာ ဘယ်လိုမျိုး ဖြစ်မလဲ။

ကြင်စဇနီးမောင်နှံအတွဲ ၄၀၀ ကို သူတို့ မျှော်လင့်တဲ့ စိတ်ယူးယဉ်လက်ထပ်ခွင့်တောင်းတဲ့ပုံစံ၊ တကယ်တောင်းခဲ့တဲ့ ပုံစံနဲ့ ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာစစ်တမ်းကောက်ယူခဲ့ရာမှာ အောက်ပါအဖြေ ထွက်လာခဲ့ပါတယ်။လူသိထင်ရှား လက်ထပ်ခွင့်တောင်းတာမျိုးက အကောင်းဆုံးစံပြပုံစံမျိုး မဟုတ်ဘဲ  စုံတွဲ ၆၉ ရာခိုင်နှုန်းဟာ နှစ်ကိုယ်ကြား သီးသန့် လက်ထပ်ခွင့်တောင်းမှုကို ပိုမိုနှစ်သက် လိုလားကြတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် တကယ်တမ်း လက်ထပ်ခွင့်တောင်းမှုဟာလည်း မျှော်လင့်ထားသလောက် စိတ်ကူးယဉ်မဆန်ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
 နောက်ထပ်တွေ့ ရှိချက်အရ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးအချိန်က ညနေခင်းနဲ့ နေ၀င်ရီတရော အချိန်လေးမှာ ဖြစ်ပြီး

" ငုံးဥစားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ "

 
ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။
ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။
ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။
ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။
ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။
ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင် တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး

" ပန်းသွေးရောင်ချယ် လှပစေမဲ့ မိတ်ကပ်လိမ်းချယ်နည်း "

တအားကြီးပြင်ဆင်ချယ်သရတာ မျိုးကိုမနှစ်သက်တဲ့ ပျိုမေမဒီလေးများအတွက် သာမာန် ထသွားထလာမျိုးပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တက်ရာမှာပဲဖြစ်ဖြစ် အဆင်ပြေပြီး ပန်းသွေးရောင်ချယ် လှပစေမဲ့ မိတ်ကပ်လိမ်း ချယ်နည်း လေးကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ ပထမအဆင့်အနေနဲ့ အောက်ခံမိတ်ကပ်ကို Bobbi Brown လိမ်းပေးပြီး BSC ပေါင်ဒါ ရိုက်တယ် ပြီးတော့ BSC 2waycake ပါးပါးလေးပွတ်လိမ်းပေးပါတယ်။

" ရထားပေါ်မှာပဲ အခြေချ နေထိုင်နေတဲ့ ရထားပျော် ကောလိပ်ကျောင်းသူလေး တစ်ဦး "


နိုင်ငံတစ်နိုင်ငံ ရဲ့ မြို့တော်တစ်ခုမှာ အိမ်တစ်လုံးငှားနေနိုင်ဖို့ဆိုတာဟာမလွယ်ပါဘူး။ ဈေးကြီးလွန်းပါတယ်။ ဒါဆိုရင်တော့ ဒီအမျိုးသမီးကို အတုယူသင့်သွားပါပြီ။

Leonie Muller ဆိုသူ အမျိုးသမီးဟာ ဂျာမနီ နိုင်ငံက ရထားတစ်စင်းပေါ်မှာ စတင်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့
ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ အိမ်ပိုင်ရှင်က သူမကို အိမ်ပေါ်က နှင်ချလိုက်လို့ပါ။

ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Muller ဟာ ဒေါ်လာ ၃၈၀ တန်တဲ့ လစဉ်ကြေး ပေးသွင်းမှု တစ်ခုကို ၀ယ်ယူလိုက်ပါတယ်။ ထို လစဉ်ကြေးကတော့ သူမကို ဂျာမနီနိုင်ငံအတွင်းက မည်သည့် ရထားကို မဆို အခမဲ့ စီးနင်းခွင့်ရရှိသွားစေပြီး ၀န်ဆောင်မှု အကောင်းစားတွေကိုလည်း ရရှိစေခဲ့ပါတယ်။သူမဟာ ရထားပေါ်က ရေချိုးခန်းမှာ သူမ ရေချိုး ၊ ခေါင်းလျှော်ပြုလုပ်ပါတယ်။ သူမရဲ့ ကောလိပ် ကျောင်းအတွက် လိုအပ်တဲ့ စာတွေကိုလည်း တစ်နိုင်ငံလုံး အနှံ့ ရထားစီးရင်းနဲ့ ရေးသား ကျက်မှတ်ခဲ့တယ်လို့လည်း
သိရပါတယ်။ သူမရဲ့ ဘ၀ကိုတော့ သူမ ကိုယ်တိုင်က "အချိန်တိုင်း ခရီးထွက်နေရတာနဲ့တူတယ်" လို့ ဆိုပါတယ်။

သူမ ဟာ ဘာကြောင့် အိမ်ငှား မနေရတော့တာလဲဆိုတာနဲ့ ပတ်သက်ပြီး Washington Post သတင်းဌာနကို Leonie က "ကျွန်မ အဲဒီမှာ ဆက်ပြီးနေချင်စိတ်မရှိတော့ပါဘူး။ နောက်ပိုင်းမှ

" ကမ္ဘာ့ပထမဆုံး အရည်မပျော်တဲ့ ice cream ရေခဲမုန့် "

ကမ္ဘာ့ပထမဆုံးအရည်မပျော်တဲ့ ရေခဲမုန့်ထွက်ပေါ်လာပါပြီ။အနောက်တိုင်းဒေသ တွေအတွက်တော့ နွေရာသီမှာ စားသုံး ဖို့ အဆင်ပြေသွားတဲ့ ရေခဲမုန့် ပဲ ဖြစ်ပါတယ်။

ထို အရည်မပျော်တဲ့ ရေခဲမုန့် တွေကို ၀ယ်ယူစားသုံးဖို့ Alton Towers အမှတ်တံဆိပ် ရေခဲမုန့် ရောင်းတဲ့ကား တွေမှာ ပထမ ဆုံး လာရောင်တန်းစီ သူ အယောက် ၅၀ ကိုလည်း တစ်ခုစီ အခမဲ့ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Alton Towers Resort က ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု တစ်ခုအရ ဗြိတိန် နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ ရေခဲမုန့် တစ်ခု စားသုံးတဲ့အခါ ကုန်သွားအောင် စားလို့ မရကြပါဘူး။
 နွေရာသီရဲ့ အပူချိန် မြင့်တက်နေမှုဟာ ရေခဲမုန့်ကို ချက်ချင်းဆိုသလို အရည်ပျော်သွားစေခဲ့တာကို

August 31, 2015

"အမျိုးသမီးတစ်ဦးကို ဆက်စီကျစေတဲ့ အရာ (၇) မျိုး "

 
ဒီကောင်မလေး ဆက်စီကျတယ်ဆိုတဲ့ စကား၊ အဲ့ဒီအမျိုးသမီးက အရမ်းဆက်စီကျတာပဲ ဆိုတာမျိုး အပြင်လောကမှာ ခဏခဏကို ကြားရမှာပါ။ ဒါပေမယ့် ဆက်စီကျတယ်ဆိုတာ ဘယ်လိုအရာများပါလဲ။ ညှို့အားပြင်းပြင်းနဲ့ သူမရဲ့ ရင်သားလေးကို သူတစ်ပါးမြင်အောင် နည်းနည်းလေး လှပ်ပြထားတာကို ပြောတာများလား။ စကတ်တိုလေး ၀တ်ပြီး အားလုံးရှေ့မှာ ဖျတ်ဖျတ်လတ်လတ် လမ်းလျှောက်ပြနေတာမျိုးလား။ ဘယ်လိုအရာမျိုးကိုများ ဆက်စီကျတယ်လို့ ထင်မြင်စေပါသလဲ တကယ်တော့ မိန်းမတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို ဆက်စီကျတယ်လို့ မြင်စေဖို့ဆိုတာ အားလုံးထင်ထားတဲ့အရာတွေထက် အများကြီးပိုပါတယ်။ တကယ်တော့ အမျိုးသမီးတစ်ဦးကို ဆက်စီကျစေတဲ့ အရာတွေက ဒီ (၇)မျိုးသာ ဖြစ်ပါတယ်။ 

 ၁။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း 
လူတစ်ယောက်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဟာ အဓိကသော့ချက်တစ်ခုပါ။ လူဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အခါ သူ့ရဲ့လမ်းလျှောက်ပုံ၊ပြောဆိုပြုမူပုံ၊ အကြည့်၊ အပြုံးစတဲ့အရာအားလုံးဟာ ပြောင်းလဲသွားပါတယ်။ အဲ့ဒီယုံကြည်မှုကပဲ အဲ့ဒီလူကို ပိုဆွဲဆောင်မှုရှိအောင် လုပ်ပေးလိုက်တာပါပဲ။ အောင်မြင်မှုကိုတောင် သူက ယူဆောင်လာနိုင်ပါသေးတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတာနဲ့အမျှ ဆက်စီကျလာတာပါပဲ။ 

၂။ရည်မှန်းချက်ကြီးတာ 
ရည်မှန်းချက်ရှိခြင်းဟာ လူတစ်ယောက်ဘယ်ကိုသွားရမလဲဆိုတာကို လမ်းညွှန်းပေးနေခြင်းပါ။ သူဟာ ဆက်စီကျပါတယ်။ ကိုယ်သွားမယ့်လမ်း၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်းကို တည့်မတ်စွာ သွားနေတဲ့သူတစ်ယောက်လောက် ဆက်စီကျတဲ့သူ

" တိရစ္ဆာန်အရိုးတွေနဲ့ ဖန်တီးထားတဲ့ အရိုးဆိုင်ကယ်... "





" ဗဟုသုတရဖွယ်ရာ ဘန်းစကားများ ပေါ်ပေါက်လာပုံ အကြောင်းများ" (မြန်မာစာ)

 
မြန်မာတို့ သုံးနှုန်းပြောဆိုနေကြသော စကားများတွင် တိမ်မြုပ် ၊ တိမ်ကောလာခဲ့
သော ရှေးသုံး ပေါရာဏ စကားများပါရှိသကဲ့သို့ အသစ်အသစ် တိုးဝင်နေသော ခေတ်ပေါ်
စကားများကလည်း တစ်ပိုင်းတစ်ကဏ္ဍ ဖြစ်တည်နေခဲ့ပေသည် ။  ထိုသို့ အသစ်ဝင်လာသော
စကားများအနက် အကြောင်းသင့်ရာ ခေါ်တွင်သော ဘန်းစကားများလည်း ပါဝင်လာခဲ့လေ
သည် ။
            ဘန်းစကားဆိုသော်လည်း ဘန်းစကားအမျိုးမျိုးရှိသည် ။


စကားဝှက် ဘန်းစကား
ဇတ်သဘင်တို့တွင် အခြားလူများ မသိစေရန် အချင်းချင်းသာ သိစေသော အမှတ်အသား
စကားဝှက်တို့ဖြင့် ပြောဆိုကြရာမှ အခြားသူများကပါ သုံးနှုန်းပြောဆိုလာခဲ့သော
ဘန်းစကားမျိုးလည်း ရှိပေသည် ။ 
             ပုံစံအားဖြင့် -             ( ငွေ )                   -  ဝက်
           ( မင်းသမီး )           -  ဗလပ်ပျံ
           ( ဘုန်းကြီး )            -  ယောပန
           ( စောင်း )               -  ဂေါက်
           ( ထမင်း )               -  ပုန်း
           ( လက္ဘ်ရည် )          -  ဒေါင်
          စသည် ဖြစ်လေသည် ။ ထိုစကားလုံးတွင် အဘယ်ကြောင့် ဤသို့စွဲခေါ်သည်ကို သိရှိနိုင်သည်လည်းရှိ၍ အသိခက်သည်လည်း ရှိလေသည် ။
အဆွယ် ဘန်းစကား
         စကားလုံးသစ်များ တီထွင်၍ သုံးစွဲကြရာတွင် တစ်စုံတစ်ရာကို ဆွဲယူ၍ သုံးနှုန်းခြင်း ၊
ပုံဆောင်၍ သုံးနှုန်းခြင်းဖြင့်လည်း ဘန်းစကားများ ပေါ်ပေါက်လာရလေသည် ။
     ပုံစံအားဖြင့် -         ဝေလာဝေး               ( လုံးဝကင်းစင်သည် )
                                        ( ကင်းမဲ့ ခေါင်းပါးသည် )
        ခတ်ကွင်းပြင်            ( ကြိုတင်ပြင်ဆင်သည် )
                                        ( ဟန်ရေးပြသည် )
       စသည်ဖြင့် သုံးစွဲရာတွင် ငွေဒင်္ဂါးတွင် ဝိတိုရိယ ဘုရင်မခေါင်း ၊ ဝေလမင်းသား
( အက်ဒွပ်ဘုရင် ) ခေါင်း ၊ ဂျော့ဘုရင်ခေါင်း စသည်ဖြင့် ခတ်နှိပ်ခဲ့ရာ ငွေကြေးတစ်ပြားမှ
မကပ်ဟူ၍ တင်စားကာ " ဝေလာဝေး " ဟူ၍ သုံးစွဲခဲ့လေသည် ။ ထိုမှတစ်ဆင့် မျှော်လင့်ချက် လုံးဝကင်းရှင်းကြောင်းကို တင်စား၍ " သူ့ကို သနားဖို့ တော့ ဝေလာဝေး
ရော " စသည်ဖြင့် သုံးစွဲလာလေသည် ။
     ထိုနည်းတူပင် ခတ်ကွင်းပြင်သည်ဆိုရာ၌ လှေ၏ခတ်တက်အတွက် ကွင်းများခိုင်ခံ့စေ
ရန် ပြင် ဆင်ခြင်းဖြင့် ရှေ့တွင် အားသွန်ခါန်စိုက် လှော်ခတ်ရန်အတွက် အသင့်ဖြစ်စေသည်

" လည်ပင်းကြီးရောဂါအတွက် "

 
 
လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလား။ လည်ပင်းကြီးရောဂါမှန်း မည်သို့ သိနိုင်ပါမည်လဲ။ ဆရာ၏ ‘အစာအိမ်ကင်ဆာ’ ဆောင်းပါးကို ဖတ်၍ မရှင်းတာလေး မေးခွင့်ပြုပါ။ အစာမကျေသလိုဖြစ်ပြီး လေတွေလဲ ခဏခဏ တက်ပါတယ်။ အစာခံမိရင်လည်း လေက အရင် တက်လာပါတယ်။ ပြီးတော့ ဝမ်းပျက်တာလဲ မကြာမကြာဖြစ်တတ်ပါတယ်။ လေတွေ တအားတက်လာရင် မူးပြီး အန်ချင်လာပါတယ်။ အဲဒီအချက်တွေက အစာအိမ် ကင်ဆာနှင့် ဆက်နွယ်မှု ရှိနိုင်ပါသလား။

လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီးရောဂါ ခေါ်ပါတယ်။ Thyroid gland ကြီးနေတာပေါ့။ လည်ပင်းကြီးနေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ရောဂါ ရှိနိုင်သေးတယ်။ လည်ပင်းကြီးဖြစ်စေတဲ့ အကျိတ် Thyroid gland ကနေ လူတိုင်းမှာ (သိုင်းရွိုက်) ဟော်မုန်း ထုတ်ပေးနေတာ။ အဲဒီ ဟော်မုန်းတွေ လိုတာထက် များနေရင်ဖြစ်တဲ့ Toxic Goitre, Hyperthyroidism ကလည်း ဒီ လည်ပင်းကြီးရောဂါ အုပ်စုထဲမှာ ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် အခုတလော ဒုက္ခသည် ဆေးခန်းလေးကို လာပြသူတွေထဲမှ အမျိုးသမီး ၃-၄ ယောက် အဲဒါမျိုး လာတွေ့နေရတယ်။
သူတို့လည်ပင်းက သိသိသာသာကြီးမနေ
လို့၊ အသေအခြာစမ်းမှ သိနိုင်တယ်။ (ကွန်ပလိမ့်) ကတော့ အတူဘဲ။ တယောက်က မေးတယ် “ကျမ လည်ပင်းကြီး နေသလား”။

နောက်တယာက်က လည်ပင်းအကြောင်း
ဘာမှမပြောဘူး။ ရင်တုံတယ်သာပြောတယ်။ မျက်စိက လည်ပင်းကြည့်၊ လက်က လက်ကောက်ဝတ် သွေးခုန်တာစမ်း။ သံသယဝင်လာတော့ ဆက်မေးရတယ်။ စိတ်တိုတတ်သလား။ တိုတယ်။ ဘေးလူတွေကို မေးရပြန်တယ်။ အလုပ်လုပ်တာမှာ အရင်ကထက်၊ သူများတွေထက် သွက်သွက် လက်လက်၊ ဟောဟော ဒိုင်းဒိုင်း၊ လုပ်တယ်။ (သွက်တိုင်းလည်း မကောင်းတာ

" ဒူးရင်းသီးကောင်း ရွေးဝယ်နည်း "

 

ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။
(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။
(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။
(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့ ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။
ဒူးရင်းသီးမှဲ့ မမှဲ့ကိုအချက်(၂)ချက်နဲ့သိနိုင်ပါတယ်။
(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှဲ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။
(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ

"အချိုမှုန့် အန္တရာယ် ...လျှာပေါ်မှာ အရသာတွေ့ပေမဲ့ ...ကိုယ်ထဲမှာ ဘေးဥပဒ်ဖြစ်တတ်တယ်...ယုံနော် တကယ်ပြောတာ"

 
"ဖုန်း"

အိမ်အပေါ်ထပ်ကနေ ဝက်ခြံထဲကို အချိုမှုန့်ပေါင် ထုတ်ကြီး ပြုတ်ကျပြီး ကွဲသွားတဲ့အသံပါ။ အိမ်ရှင်ဟာ ဝက်ခြံထဲကိုပြေးဆင်းလာပါတယ်။ ဒါပေမယ့် ဝက်ခြံထဲရောက်တော့ အချိုမှုန့်တွေက ကုန်သလောက်
ရှိနေပါပြီ။ ခြံထဲကဝက်မကြီးက အပြေးလာပြီးစားပစ်လိုက်လို့ပါ။

အိမ်ရှင်ဟာ အချိုမှုန့်တွေကို နှမြောလွန်းလို့ စိတ်တိုပြီးဝက်မကြီးကိုရိုက်ရအောင် တုတ်ပြေးရှာပါတယ်။ တုတ်တွေ့လို့ဝက်မကြီးရှိရာ လာတဲ့အခါမှာတော့ ရိုက်စရာမလိုတော့ပါဘူး။ ဝက်မကြီးဟာ ပါးစပ်က
အမြှပ်တွေတစီစီထွက်ပြီး သေနေပါပြီ။ အဲဒီနေကစပြီး အိမ်ရှင်မိသားစုဟာ အချိုမှုန့်ကိုတစသက်လုံး
မစားကြတော့ပါဘူး။

တကယ်တော့ ဓာတုဗေဒသက် သက်နဲ့ စီမံထားတဲ့အချိုမှုန့်ဟာ အဆိပ်အစစ်ပါ။ နည်းနည်းချင်း စားနေလို့သာ ချက်ခြင်းမသေတာပါ။ ဝက်မကြီးလိုသာ အများကြီးစားမယ်ဆိုရင် တစ်ခါတည်းသေမှာပါ။
ကန္နီနယ်မှာဆိုရ င်နွားတွေမသတ်ခင်မှာ အချိုမှုန့်တွေအများကြီးကျွေးလိုက်ပါတယ်။ ဘာထူးခြားသလဲဆိုတော့ သတ်ပြီးတဲ့အခါနွားရဲ့အသားစိုင်တွေဟာ အရိုးကနေ အမြှောင်းလိုက် အလိုလို ကွာထွက်နေတော့ အသားထုတ်ရတာအရမ်းမြန်သွားသတဲ့။

မြန်မာတွေ အသက်ကြီးလာတာနဲ့ လဲကျပြီးခြေထောကကျိုးတဲ့အကြောင်း ခဏခဏကြားဖူးပါလိမ့်မယ်။

August 30, 2015

" စစ်သားတွေနေတဲ့အဆောင်မှာ ခြောက်တဲ့သရဲမ (ဖြစ်ရပ်မှန်)" (မကြောက်တတ်မှ ဖတ်ပါရန်)

 
(ကိုအေးချမ်းအောင် ပြောပြတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါခင်ဗျာ)

ကျွန်တော်က စလုံးမှာနေနေတာပါ
PR(permanent residant) ရထားတာဆိုတော့ စလုံးဥပဒေအရ စစ်မှုမထမ်းမနေရ နှစ်နှစ် ထမ်းရတယ် ဒီလိုနဲ့ စစ်မှုထမ်းတော့ camp မှာသွားနေရတယ်လေ camp ဆိုတာလဲ training သီးသန့်ဆိုတော့ စလုံးမှာမထားဘဲ စလုံးနဲ့ မလှမ်းမကမ်းက ကျွန်းမှာ သွားနေရတယ်။ မသွားခင်တော့ သူငယ်ချင်းတွေ စစ်မှုထမ်းပြီးတဲ့ လူတွေကပြောတာပေါ့ သရဲခြောက်တယ် သတိထား ဘုရားရှိခိုး အိပ်ပေါ့။ ကျွန်တော်သရဲ တွေကို မယုံမကြည်မလုပ်ပါဘူး။ ကြောက်လည်းမကြောက်ဘူး။ ရှိတာတော့ယုံတယ်။
အကယ်လို့ တွေ့ခဲ့သည်ရှိတယ် စိတ်ကိုဘယ်လို ပြင်ဆင်ရမလဲ ကြောက်စိတ်မဖြစ်မောင် ဘယ်လိုထိန်းချုပ်ရမလဲ အမြဲ စဉ်းစားတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ training စဆင်းရတာပေါ့။ training ဆင်းတဲ့သူတွေမှာ တစ်ချို့က ကျန်းမာရေးအခြေအနေကြောင့်မလုပ်နိုင်တဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ အဖွဲ့ မှာ နှစ်ယောက်ပါတယ်။ နေ့တိုင်းနီးပါး ဆေးခန်းသွားပြရတယ်ကြာတော့ သူတို့ sergeant တွေက OOT(out of training)ဆိုပြီး တံဆိပ်လေး ကပ်ပေးထားလိုက်တယ်။ OOT ဆိုတော့ ညာဆိုဘာမှ လုပ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ training လုပ်ရင် လုပ်ရတဲ့ ပစ္စည်းတွေ သယ်ပေးရတာတို့
လျှော်ပီးသား အိပ်ယာခင်းတွေ ပြန်သယ်ရတာတို့လောက်ပဲလုပ်ရတော့တယ်။ အဲဒီ နှစ်ယောက်တည်းက တစ်ယောက်က သရဲတွေကို မြင်ရတယ်လို့ပြောတယ်။ မြင်ရတယ်ဆိုတာကလည်း သရဲက ပြလို့မြင်ရတာမဟုတ်ဘဲ သူ့မျက်စိကိုက မြင်ရတာ။ ဒါတောင်မကသေးဘူး သရဲနဲ့စကားတောင်ပြောလို့ရတယ်ဆိုပဲ။ အစကတော့ကျွန်တော်လည်းမယုံဘူး။
အခုမှဇာတ်လမ်းကစတာ တစ်နေ့ကျွန်တော်တို့ အခန်းထဲ ဆံပင်အဖြူ အရှည်ကြီးတစ်ပင် တွေ့တယ် တွေ့တဲ့ သူက သူ့ဟာ ကိုယ့်ဟာ ဆိုပြီး စနေသေးတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၆ယောက်နေရပါတယ်။

ပြီးတော့ စလုံးမှာ စစ်မှုထန်းတဲ့ ပထမ လေးလ ကို အကုန်လုံး ကတုံးတုံး ရပါတယ်။ ပြီးတော့ camp မှာလည်း မိန်းကလေး ကဟင်းချက်တဲ့ အဖွားကြီးတို့ office မှာထိုင်တဲ့ မိန်းကလေူ တွေရှိပါတယ်။ ဒါပေမယ်သူတို့ တွေက တပ်သား တွေအဆောင်ကို လာလို့မရပါဘူး။ ထူးဆန်းတာ ဆံပင်က ဘယ်ကရောက်လာတာလဲ။ စစပိုင်းတော့ဘယ်သူမှသတိမထားမိဘူး။ နောက်ပိုင်းရက်တွေမှာ သရဲမြင်ရတယ်ဆိုတော့ တစ်ယောက်ကပြောတယ် အခန်းတွေရှေ့ကနေ ကောင်မလေး

Subscribe

လာလည်သူများ

free counters