♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 10, 2015

" သမဆုံးပေါင်း...သောင်သုံးသောင်း.......ဖတ်ရင်း လျှာပါ လိပ်ချင်ချင်ဖြစ်လာသီ သွားသော့သယ် သာသဲ "


သိန်းသန်းသည် သိုင်းသင်သောသူ။

သုံးသိန်းသုံးသောင်းသော သိုင်း သူသိသည်။
သို့သော်သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည်။
သွေးသောက်သိုင်း သုံးသော်
သုသာန်သို့ သွေး သွားသွားသွန်သည်။

သူသည် သန်သည်၊ သွက်သည်
သူ့သားသည် သန့်သည် ... သို့သော် သေးသေးသွယ်သွယ်
သူ့သားသူ သွန်သင်သည်
“... သား ... သွေးသောက်သိုင်းသင် ...”

သို့သော် သူ့သားသည် "သေး "သောက်သိုင်းသာ သင်သည်။
သေး သောက်သိုင်းသင်သော် သေး သွန်သည်
သူ့သားသည် သဲသောင်သို့ သေး သွားသွားသွန်သည်
သဲသယ်သောသူ သိသော် သတ်သည် သူ့သား သေသည်
သူသိသော် သဲသောင်သို့ သူသွားသည်။

သင်ဒါတွေကို သိသလား..သင်ဒါတွေကို သတိကော ထားမိသလား


(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။

(၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။

(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။

(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။

(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင်
    ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။

" မိန်းကလေးများ ကျန်းမာ ရေး ထိခိုက် စေနိုင် သော အချက် များ"

 


နည်းစနစ်ကျကျအတွေးအခေါ်
မိန်းကလေး တွေဟာ အလှအပ နောက်ကို လိုက် ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာ တွေကို အ လေး မထား မိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ ရှိခြင်းယော ကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အ စားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်း အသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်းမိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင် တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

"အိမ်ထောင်သည် အမျိုးသမီးများ ကိုယ့်အမျိုးသားနဲ့ ရန်ဖြစ်တဲ့အခါ လိုက်နာသင့်တဲ့ အချက်များ"

 

နည်းစနစ်ကျကျအတွေးအခေါ်

ကိုယ့်ရဲ့အမျိုးသား၊ အိမ်ထောင်ဖက်နဲ့ တစ်ခါတစ်လေ ပြသနာတက်တာမျိုး၊ ရန်ဖြစ်တာမျိုးဆိုတာ အိမ်ထောင်ရှင်မတိုင်း ကြုံတွေ့ရမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ဒီလို ဖြစ်တဲ့ ပြသနာတွေကတစ်ဆင့် နောက်ပိုင်း ရှောင်ကြဉ်စရာတွေ ရှောင်ကြဉ်ဖြစ်လာမယ်၊ တစ်ဦးရဲ့သဘောထား၊ စိတ်ထားကို ပိုသိလာမယ်၊ နှစ်ဦးသား ပိုအဆင်ပြေလာမယ်ဆိုရင် ဒီလို ပြသနာတက်တာမျိုးက ကိစ္စသိပ်မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ယောင်္ကျား၊ အမျိုးသားနဲ့ရန်ဖြစ်ပြီဆိုရင် ကိုယ့်အနေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာတွေ၊ လိုက်နာသင့်တဲ့အရာတွေတော့ ရှိနေပါတယ်။

၁။လူကြားသူကြားထဲ ရန်မဖြစ်မိပါစေနဲ့။

ဒီအချက်က အလွန်ကိုအရေးကြီးတဲ့ အချက်တစ်ချက်ပါ။ နှစ်ယောက်စလုံး အရှက်တကွဲ အကျိုးနည်းစေမယ့် ကိစ္စဖြစ်တာမို့ ဒေါသထွက်နေရင်တောင် ဒါကို ထိန်းချုပ်ပြီး အိမ်ရောက်မှ ပြသနာဖြေရှင်းဖို့ ကြိုးစားပါ။

စစ်ကိုင်းမြို့လယ် ရပ်ကွက်၌ အိမ်ဖော်အမျိုးသမီးအား သတ်ပြီး ကျောက်ပုတီးစေ့ သိန်း ၃ဝဝ ကျော်ဖိုး လုယက်သူများအား ဖမ်းဆီးရမိ


လူသတ်မှု ဖြစ်ပွားတဲ့ အိမ် ။ ဓါတ်ပုံ - Zaw Shinn (FB)
စစ်ကိုင်း ဇန်နဝါရီ ၉

စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် တောင်(၁)လမ်းနေ ကျောက်ပုတီး လုပ်ငန်းလုပ်ကိုင်သူ မဂျာဆိုင်းပန်း(ခ)မမေရှမ်းသည် ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခွဲခန့် စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ရှိ ဘော်ဂါကျောက်ဝိုင်းတွင် ကျောက်ပုတီးစေ့များဝယ် ယူ၍ နံနက် ၉ နာရီအချိန်တွင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်တံခါးပွင့်နေပြီး နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ အိမ်အပေါ်တက်သော လှေကားရင်း၌ အိမ်အကူ ခေါ်ထားသော ဒေါ်နှင်းနွယ်(ခ)ဒေါ်နှင်း (၅၄)နှစ်မှာ လည်ပင်း၌ ပြတ်ရှဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေပြီး အိမ်ရှင်မဂျာဆိုင်း ပန်း(ခ)မမေရှမ်း အိမ်ခန်းအတွင်းထားသော ကျောက်ပုတီးစေ့ စုစုပေါင်း တန်ဖိုး ၃၂၁ သိန်းခန့် ပျောက်ဆုံးနေ၍ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။

January 9, 2015

အမျိုးသမီးအတွက် နေ့စဉ် စားသုံး ပေးသင့်သော အစားအစာ ငါးမျိုး

အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။

ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှု ရဲလုပ်ထုံးလုပ်နည်းများ မပြီးသေးသဖြင့် ဇန်န၀ါရီလ ၂၂ ရက်ထိရမန်ထပ်မံပြန်


သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှုနှင့်ပတ်သက်၍ ရဲလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခြင်း မပြီးစီးသည့်အတွက် ဇန်န၀ါရီလ ၂၂ ရက်၊ ကြာသပတေးနေ့သို့ ရမန်ရက်ချိန်းပြန်ယူခဲ့ကြောင်း ဇန်န၀ါရီလ ၈ ရက်၊ ဗဟန်းတရားရုံးတွင်း ရုံးထုတ်ရာတွင် သိရသည်။

*** နှုတ်ခမ်းသားတွေ မည်းနေလို့  စိတ်မညစ်စေလို ***

  
နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။
ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင်၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့်အ၀တ်အစားအရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင်နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသားအ ရောင်ကိုပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။

" တကယ်ချစ်တတ်တဲ့ ယောကျာ်းလေးဆိုတာ ဟော့သလိုမျိုးပါ မမတို့ရေ"

 

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်
ကို အမြဲစိတ်ချမ်းသာ
အောင်ထားချင်နေတတ်ကြတယ်....

အကွာဝေးမတူရင်တောင် အမြဲသစ္စာရှိအောင်ကြိုးစားနေတတ်
ကြပါတယ်...

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုအရှည်ကြီး
ပြောပြနေစရာမလိုပဲ နားလည်နေတတ်တယ်...

ကိုယ့်ချစ်သူက အသံမဲ့တိတ်ဆိတ်နေတာမျိုးကိုတောင် အလိုလို
သိနေတတ်တယ်...

" လွဲမှားနေသော ခံတွင်းသန့်ရှင်းရေး စနစ်များ"

၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း

မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့် သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။

၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း

ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါ တယ်။

၃.စားပြီးပြီးချင်းသွားတိုက်ခြင်း

အစားစားပြီးပြီးချင်း လူအများ စုက သွားတိုက်လေ့ရှိပါတယ်။ ဒါက တော်တော့်ကို

" အဟီး......ဟီး.ဟီး. မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားက သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်သဒဲ့ အဲ့ဒါဆို ငါးနှစ် ပိုနမ်းလို့ရဒါပေါ့ "

ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။

မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က မကြုံတွေ့ရ ပါဘူး။ Heart attack ဖြစ်နိုင်ချေ နည်းပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကိုလည်း ကျဆင်း စေကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ ဂျာမနီက အမျိုးသားတွေမှာ စစ်တမ်းပြုလုပ်ခဲ့ပြီး ပျမ်းမျှ တွက်လိုက်ရင် သာမန်လူတွေထက် မနက်တိုင်း ရုံးမသွားမှီ ဇနီးသည်ကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားများက အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
.==


Credit : https://www.facebook.com/asmenoone/photos/a.657804184278916.1073741828.657457437646924/684057748320226/?type=1&theater

January 8, 2015

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "


တခါတုန်းက နိုင်ငံငယ်လေးတစ်နိုင်ငံမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ…
 ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
 

အဲဒီမေးခွန်းကတော့

" မီးလေးတို့ရေ.... ဒါလေးကြည့်ပါဦး...အသားအရေကို အိုမင်းရင့်ရော်စေသော အလေ့အကျင့်ဆိုးများ "




 

သင်ကိုယ်တိုင် သတိမထားမိတဲ့ အလေ့အကျင့်ဆိုး တွေက သင့်ရဲ့ အသားအရေကို
ဒုက္ခပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်တွေကို မြန်မြန်ရပ်ဆိုင်းပြီး
ပြုပြင်နိုင်မှသာ အသားအရေကို တာရှည်လှပ စိုပြေနေစေဖို့ အချိန်မှီပါ
လိမ့်မယ်။ ဒါကြောင့် သင့် အသားအရေကို ဒုက္ခပေးတဲ့ အလေ့အကျင့်ဆိုး (၇)
ချက်ကို လေ့လာ ကြည့်ကြ ရအောင်နော် ……

(၁)အစားအသောက်မှားယွင်းခြင်း
အသီးအနှံနဲ့ အသီးအရွက်တွေကို မစားပဲ သရေစာ မုန့် တွေစားတာက အသားအရေအတွက်
လိုအပ်တဲ့ Vitamin နှင့် အာဟာရဓါတ်တွေကို ဆုံးရှုံးစေပါတယ်။

" မိန်းမကောင်း၊ မိန်းမမြတ်(၈)မျိုး "
















1 ထမင်စားသောအခါမိခင်ကဲ့သို့ လုပ်ကျွေးသော မိန်းမ။
2 လင်ကိုအ၀တ်အစားပြုပြင်ပေးတတ်သော မိန်းမ။
3 ဘေးအန္တရာယ်ရှိသောအခါ တိုင်ပင်၍ရသော မိန်းမ။
4 ကျွန်၊မကဲ့သို့လုပ်ကျွေးတတ်သော မိန်းမ။
5 လင်ကိုမောင်ကဲ့သို့ ရှက်ကြောက်ရိုသေလေးစားသော မိန်းမ။
6 လင်၏အလိုကိုလိုက်၍သည်းခံနိုင်သော မိန်းမ။
7 မွေ့လျောပျော်ဖွယ်များကိုပြုတတ်သော မိန်းမ။
8 အရောင်အဆင်းရှိရှိ လှလှပပပြုပြင်နေတတ်သော မိန်းမ။
မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသောအရာများအား ပြန်လည်ဝေမျှပါသည်။ 
Credit : nyaalinkarr.blogspot

" ဒီလိုမျိုး ချစ်နိုင်ကြလား? ဖူးစာ မဆုံတော့လည်း အသက်ပေးလည်း အလကားပါဘဲကွယ် "

 
 
တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲ
ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။

ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
သူ့အနားလာပြီး ပြောတယ်။

“နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”

January 7, 2015

"ဥပုသ်စောင့်တတ်မှ နတ်ပြည်ရောက်မည် "

" စကားကြီး (၁၀) မျိုးအကြောင်း သိကောင်းစရာပါ အေရယ်"


  ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
  ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
  ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
  တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
  ရေစစ်ကရား၊ ခက်တင်မောင်းနင်း
  ဆိုခြင်းစကား 'ဤဆယ်ပါး'


၁။ ရေကူးညာတင် ပြောနည်း
မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဖက်မှ စ၍ကူးမှသာ လိုရာသို့ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်မှ တင်ကူး၍ ပြောနည်းကိုခေါ်သည်။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာလောက်စပါးကို လက်တဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အခြားလက်တဖက်က တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့ စကားပြောရာတွင်လည်း စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီးမှ ပြောနည်းကိုခေါ်သည်။


"ငယ်ချစ်ဦး"

 
ငယ်ချစ်ဦးလေးရေ မမြင်နိုင်ပေမဲ့
ခိုင်ခံတာက သံယောဇဉ်

မတွေ့နိုင်ပေမဲ့
မမေ့နိုင်တာက ငယ်ချစ်ဥိး

မပြေးနိုင်ပေမဲ့
မိုင်ပေါင်းများစွာရောက်တာက စိတ်

ကိုယ့်ရဲ့ စိတ်စေကသိတ်မှာ
ခိုင်ခံတဲ့ သံယောဇဉ်တွေနဲ့
မမေ့နိုင် မမုန်းနိုင်
ကမ္ဘာဆုံးထိ သတိရသွားမှာက
ငယ်ချစ်ဦးတစ်ယောက်တည်းကိုပါ။။။။။။။။။။။။။။။။။ 

Credit : nyaalinkarr.blogspot

"လောကမှာ အစားထိုးလို့ မရတဲ့အရာ (၃) ခု "

လောကမှာ အစားထိုးလို့ မရတဲ့အရာ (၃) ခု ရှိပါတယ်။
မိဘ၊ အချိန်၊ အတွေ့အကြုံ
ဟုတ်ပါတယ်
လောကမှာ မိဘဆိုတာ နှစ်ယောက်တည်းရှိပါတယ်။ ဘာနဲ့မှလည်း
အစားထိုးလို့မရနိုင်တဲ့ အဖိုးတန်ဆုံး ရတနာ နှစ်ပါးပါ။ အခြားအရာတွေကိုသာ
အစားထိုးလို့ရပေမဲ့ မိဘနှစ်ပါးကိုတော့ ဘယ်နေရာမှ အစားထိုးလို့ မရပါဘူး။
သူတို့ရဲ့ မေတာ စေတနာ ဂရုဏာတွေဟာ ဘာနဲ့မှ တန်ဘိုးဖြတ်လို့မရပါဘူး။
သူငယ်ချင်းတို့ရေ .....မင်း တို့ စဉ်းစားမိရဲ့လား။ မိဘတွေရဲ့ မွန်မြတ်တဲ့
မေတာတွေကိုလေ။
ငွေရေးကြေးရေးကိုပဲ အကြမ်းဖျင်းတွက်ကြည့်အုံး။
မွေးစကနေ ဒီအရွယ်ထိ (20နှစ်) တွက်ကြည့်ရင်
သန်းပေါင်းများစွာကုန်ကျခဲ့တာနော် ........

January 6, 2015

" သွားရည်ကျစရာ...ဘဲပေါင်း ဆီချက် ခေါက်ဆွဲ"

ဘဲပေါင်း ဆီချက် ခေါက်ဆွဲ (၄ယောက်စာ)

မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက်ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည်ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ်သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…
ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ
၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)
၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်
၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

"ကောင်လေးတွေရေ....ဒါလေးတွေဖတ်ထားဦး.. အသက် ၃၀ မတိုင်ခင် ဘာလုပ်ရမယ်ဆိုတာ မှတ်ထားပေတော့ "





 ယောကျာ်းလေးများ အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ

၁။စီးပွားရေးကိုအလေးထားပါ

တချို့လူတွေက ပြောကြတယ်ပိုက်ဆံ၇ှိတိုင်းအကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား…. ။ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။

၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့

အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီးသောကရောက်မနေပါနဲ့။

" ကျွန်တော်သိုက်ဆရာနှင့် ညီမလေးဖေါ် ဥစ္စာစောင့်သိုက် "

ကျွန်တော်ညီ အောင်သာငယ် ကကျွန်တော့ကို ဂမ္ဘီရ blogger ဆိုပြီး လှမ်းပြီး ကြည်စယ်ပါတယ်.. ကျွန်တော်ကလည်း ရေးရင်းအရှိန်က ပါလာတော့ ... တဖြေးဖြေးနဲ့.. ဂမ္ဘီရဆရာကြီး ဖြစ်သွားရတော့တာပေါ့..... ကျွန်တော်တို့ ဗမာမဂ္ဂဇင်း လောကမှာလည်း ဂမ္ဘီရလိုင်းက တယ်ခေတ်စားပေသကိုး...

ခုမှတော့ မထူးပါဘူးလေ ... ကျွန်တော် ဗမာပြည်မှာ သိုက်ဆရာ ဖြစ်ခဲ့တဲ့အကြောင်း ရေးရမှာပေါ့လေ...

ကျွန်တော်တို့ ဗမာတွေကလဲ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေနဲ့ ဘာသိုက် ညာသိုက်နဲ့ စုံစီနဖာပါပဲ၊ ကျွန်တော်တို့ ငယ်ငယ်က သိုက်သမိုင်း ရုပ်ရှင်ကား တွေထဲမှာ

"အရပ်ကတို့ရေ.... ကြားရတာနားဝမှာ မသက်သာပါလားကွဲ့.... ဝိဇ္ဇာမြင်လို မစင်မျိုရသတဲ့"


တစ်ခါက..ရွာတစ်ရွာမှာ.. သိုက်ဆရာ ယောင်ယောင်.. ဆေးဆရာ ယောင်ယောင်... ဗေဒင်ဆရာ ယောင်ယောင်.. လူတစ်ယောက် ရှိတယ်... ဒါပေမယ့်.. ဘာကိုမှ သေချာ မတတ်ဘူး....
ဒီလို ဘာမတတ် ညာမတတ်နဲ့ လုပ်နေသမျှတော့ သူကြီးပွား မှာမဟုတ်ဘူး.. ဒီတော့ ကြားဖူး တာလေး တစ်ခုရှိတယ်..
ရွှေတိဂုံ ဘုရားကြီးရဲ့ ရင်ပြင်ပေါ်မှာ နောင်တော်ကြီး ဘုရားဆိုတာ ရှိတယ်.. အဲ့ဒီ စေတီတော်မှာ ဝိဇ္ဇာ ဇော်ဂျီတွေ လာပြီး ဖူးမျှော်ကြတယ်..လို့.. ပြောကြတယ်..
ဒီတော့..သူတို့နဲ့ တွေ့အောင် သွားစောင့်ပြီး ဆေးလေး ဘာလေး တောက်းမှပါ.. ဆိုပြီး.. ဘုရားပေါ်တက်ပြီး နေ့တိုင်း ပုတီးစိတ်သတဲ့...

January 5, 2015

" မီးးးး တို့ရေ လွယ်လွယ်လေးနဲ့ လှလို့ရတယ် သိလား... သြော်..သားတို့ပါမှတ်ထားဦး"

 
 
မထင်မှတ်ထားတဲ့ တချို့ ပစ္စည်းတွေက အလှအပ အတွက် အသုံးဝင် နေတတ်ပါတယ်။       

သွားတိုက်ဆေးက ၀က်ခြံ ပျောက်စေပါတယ်

မနက်ဖြန် ပွဲတက်ရမှာ ဒီနေ့ ၀က်ခြံ ပေါက်နေပါသလား။ အရေပြား ပညာရှင်တွေရဲ့ အတည် ပြုချက်
အရ သွားတိုက်ဆေးက ဘတ်တီးရီးယား ပိုးမွှားတွေကို ရှင်းလင်း ပစ်နိုင်ပြီး ၀က်ခြံ

" အမလေးတော့!!!........အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်တဲ့"


 မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက  ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင်  ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို    မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့်    ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း    ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။

‘‘ဒီနှစ်အကယ်ဒမီက ပညာ ကိုပေးတာလား။ လူကိုပေးတာ လား။ အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့အ တွက်ဘယ်လိုမှ မခံစားရပေမယ့် ဒီနှစ်ဆုရသွားတဲ့လူ   တချို့ကိုပဲ ပြောချင်ပါတယ်’’ဟု  

" ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် .." ဒေါ်လေး ပြောပြမယ် ဟော့သလိုလုပ် !!


၁ . အတိတ်တွေကို ပြန်မကြည့်ပါနဲ့ ။ လက်ရှိ အချိန် သူဘယ်လိုပြုမူ နေထိုင်တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်ကျက်တယ် ဆိုတာကိုပဲ ဂရုစိုက်ပါ ။

၂ . ချစ်သူက အမှားတစ်ခုခု လုပ်ခဲ့ဖူးတာမျိုးတွေရှိမယ် ။ သူကလည်း အဲ့ဒီအမှားကို ဝန်ခံတောင်းပန်တယ် ၊ ပြန်အဆင်ပြေသွားပြီ ။
ဒါပေမယ့် ရန်ဖြစ်စိတ်ဆိုးတဲ့အခါ အဆိုပါ အမှားကိုပဲ ဖိနှိပ်ချနှင်းပြီး ချစ်သူကို အနိုင်ယူတာမျိုး မလုပ်မိပါစေနဲ့ ။

၃ . သူတစ်ခါ မှားခဲ့ဖူးလို့ ကိုယ်လည်း ပြန်မှားမယ်ဆိုတဲ့ အတွေးမျိုး အရွဲ့  မတိုက်မိပါစေနဲ့ ။

၎ . ပုံမှန်ချစ်နေကျ ပုံစံထက် ပိုပြီးချစ်ပြစရာမလိုဘူး ၊ လျော့လည်းမလျော့နဲ့ ။ ပုံမှန်ပဲ

"ပန်းဂေါ်ဖီစိမ်း၏ ကောင်းကျိုးအာနိသင်များ "


 
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ အစိမ်းရင့်ရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး သူ့ရဲ့ မူလပေါက်ရောက်ရာ ဒေသကတော့ အီတလီနိုင်ငံကပဲ ဖြစ်ပါတယ်။ Broccoli ဆိုသော အမည်မှာ အီတာလျံဘာသာစကားဖြစ်တဲ့ Broccolo မှ ဆင်းသက်လာပြီး Branch အကိုင်းအခက် အတက်အလက်လို့ အဓိပ္ပါယ် ရပါတယ်။ Broccoli ခေါ် ပန်းဂေါ်ဖီစိမ်းကို ၁၇ ရာစု၊ ၁၈ ရာစုလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။


ပန်းဂေါ်ဖီစိမ်းဟာကမ္ဘာပေါ်ရှိ ပေါ်ပြူလာအဖြစ်ဆုံးအသီးရွက်များတွင်တစ်ခုအပါအ၀င်ဖြစ်ပြီးသူ့ကို အစိမ်းလိုက်သော်လည်းကောင်း ၊ ဟင်းလျာများတွင် ထည့်၍ ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်းအမျိုးမျိုးစားသုံးကြတာ တွေ့ရပါတယ်။သို့သော်ပန်းဂေါ်ဖီစိမ်း၏ အာဟာရဆိုင်ရာမူလအာနိသင်ကိုမပျောက်ပျက်စေတဲ့အကောင်းဆုံးစားသုံးနည်းကတော့
 ရေနွေးဖျောကာ တို့စရာအဖြစ်စားသုံးခြင်း သို့ သုပ်စားခြင်းတို့ ဖြစ်ပါတယ်။

January 4, 2015

" ချစ်သူနဲ့အတူ ခရီးသွားခြင်းက ရရှိနိုင်တဲ့ ကောင်းကျိုးတွေ " မမလေးကိုကွယ် မောင်ကခိုးမယ်လို့ မြင်းကိုယ်စီပြင်


စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်တဲ့ ခရီးသွားခြင်းမျိုးကို သင့်ရဲ့ချစ်သူနဲ့အတူ သွားဖူးပါသလား။ သွားကြည့်လိုက်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူ ခရီးသွားခြင်းက ရရှိနိုင်တဲ့ကောင်းကျိုးလေးတွေရှိပါတယ်။

၁။ နှစ်ယောက်တည်းရှိချိန်တွေကို ရရှိနိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးတစ်ခုကို သွားနေချိန်မှာ သင်ဟာ သင့်ရဲ့ချစ်သူနဲ့ ကြိုက်သလောက် အတူရှိနေနိုင်ပါတယ်။ အိမ်ပြန်ချိန် နှုတ်ဆက်အနမ်းတွေကို သင်တို့ ခရီးထွက်နေတဲ့အခါမှာ ခဏတော့ သိမ်းထားလို့ရပါတယ်။

၂။ အချစ်စစ်ကို သိနိုင်ပါတယ်

"သုံးပြီးသား ပစ္စည်းတွေကို စမတ်ကျကျ ပြန်သုံးချင်ရင်တော့ ကိုပီတာပြသလိုသာ လုပ်ပေါ့အေ "

တစ်ချို့ ဟာလေးတွေကတော့ အသုံးဝင်နိုင်ပါတယ်...

Outstanding Household Tips and Tricks 
  ရှာလကာရည်အစွမ်းဆိုပဲ...ပိုက်ခေါင်းမှာ ထုံးချိုးတွေတက်နေရင် ရေထွက်ပေါက်လေးတွေပိတ်လာရင် ရှာလကာရည်နှင့် သေချာဖြန်း နာနာထည့် ပလပ်စတစ်နှင့် ပိုက်ခေါင်းကို လုံအောင်ပိတ်ထား၊ တစ်ညထားလိုက်..အကုန်ကွာထွက်ကုန်လိမ့်မယ်...
Outstanding Household Tips and Tricks ငယ်ငယ်တုံးကဖိနပ်သဲကြိုးအပေါက်ကျယ်ပြီးခဏခဏပြုတ်ထွက်တာအမှတ်ရမိတယ်...
ေ ပေါင်မုန့် အိတ်ချည်တဲ့ ကော်ဖတ်လေးကို ပြန်သုံးပေတော့

" ဇွန် " ( နှလုံးသားမှာ လျှပ်စီးလက်ပါ)


“ ဇွန် ”
 
မိုးထဲလေထဲ
စိတ်ကို လာထွန်ယက်ခဲ့သူ
  လောကအမွန်ဆီ ငါ့ကို အလည်ခေါ်ပါ
အိပ်မပျော်သူရဲ့ ကောင်းကင်ကြီးဟာ
ငါ့ဆီ တအိအိပြိုကျလာခဲ့
ညနဲ့အမှောင်ကို
အိပ်ချင်ယောင်ဆောင်ပြီး စောင့်ဖမ်းမိသူလို
ငါ့ကိုယ်ငါ အိပ်မက်ပေးခဲ့ပြီ
ဇွန်...
  နှလုံးသားမှာ လျှပ်စီးလက်ပါ
ရင်ခုန်သံကို ကြိုးညှိပေးပါ  
      ငါ အေးအေးဆေးဆေး မိုးမိချင်လို့ ။       ။

                      ရတုသစ်

Credit : yatuthit.blogspot

" မြန်မာကဗျာချစ်သူများအတွက်-ရတု နဲ့ပတ်သတ်တဲ့မှတ်စုလေးပါ "

 
 
ရတု
အခု ဖော်ပြမှာကတော့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ရ တုဟာ လင်္ကာရဲ့ အကိုင်းအခက်တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော်အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခြဲ့ကပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် -တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတေ၊ွ ရာဇဓာတုကလျာမင်းသမီး၊ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင်
Subscribe

လာလည်သူများ

free counters