♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 14, 2016

" သင့်အနေနဲ့ စားသုံးခြင်း မပြုလုပ်သင့်တဲ့ ကိုလက်စထရော ပါဝင်မှု များပြားတဲ့ အစားအစာ (၁၀) မျိုး "

ဒီအစားအစာတွေကို စားသုံးရင် အဝလွန်ခြင်းနဲ့ အခြားသောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

1. အသည်း

အသည်း


အသည်းဟာ များစွာသော သံဓါတ်တွေ ပါဝင်ပြီး ၊ အချို.လူတွေအတွက် ကျန်းမာသန်စွမ်းစေတဲ့ အစားအစာလို့ ဆိုနိုင်ပေမယ့် သူ့မှာ များစွာသော ကိုလက်စထရောဓါတ်တွေလည်း ပါဝင်နေပါတယ်။

2. Muffins (ကိတ်မုန့်လေးများ)

Muffins (ကိတ်မုန့်လေးများ)

ဒီကိတ်မုန့်လေးတွေဟာ အံ့သြဖွယ်ရာ ထူးခြားကောင်းမွန်တဲ့ အရသာရှိပါတယ် ။ ဒါပေမယ့်လည်း ဒီကိတ်မုန့်ကို ဘယ်လိုအချိုးအစားတွေနဲ့ ပြုလုပ်ထားတယ် ဆိုတာက အရေးကြီးပြီး ၊  ကိုလက်စထရော ပါဝင်မှုနှုန်းက အထိုက်အလျှောက် မြင့်မားပါတယ်တဲ့။
ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud

" သင်မသိသေးသော ကော်ဖီ၏ ဆန်းကြယ်မှုများ "

 သဘာဝပစ္စည်းတွေ ထုတ်ကုန်တွေက လူသားတွေ အတွက် ကောင်းကျိုးတွေကိုပေးနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ် ။ ကော်ဖီဟာ သဘာဝကနေရတဲ့ တန်ဖိုးကြီးမားတဲ့ စားသုံးကုန် တစ်ခုဖြစ်ပါတယ် ။ လူတိုင်းနီးပါး နေ့စဉ်ထိတွေ့ ပက်သက်နေရတဲ့ ကော်ဖီအကြောင်း သင် ဘာတွေ သိရှိထားပြီးပြီလဲ ? လူတော်တော်များများက ကော်ဖီကို သောက်သာသောက်နေကြပေမယ့် ကော်ဖီက ဘယ်လို အကျိုးတွေရရှိစေတယ် ဆိုတာ လုံးဝမသိသလောက် ဖြစ်နေကြပါတယ်။ သင်ဟာ ကော်ဖီကို နှစ်သက် စွဲလန်းစွာ သောက်သုံးသူ ဖြစ်ပါက ကော်ဖီအကြောင်း သိထားသင့်ပါတယ် ။
ကဲ … ကော်ဖီ အကြောင်း စတင်လိုက်ရအောင် ။

နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါ အန္တရာယ်ကို လျှော့ချပစ်နိုင်ခြင်း


သင့်တင့်မျှတသော ကော်ဖီသောက်နှုန်းက သင့်နှလုံးကျန်းမာရေးကို အထောက် အကူပြုနိုင်ပါတယ် ။ သွေးထဲရှိ အဆီများကို လောင်ကျွမ်းဖို့  ကူညီနိုင်တာကြောင့် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ၊ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်တာပဲ ဖြစ်ပါတယ် ။             အထူးမှတ်သားရန်မှာ တစ်နေ့ကို ကော်ဖီ (၅) ခွက်ထက် ပိုမသောက်ပါနှင့် ။

ဦးနှောက်ဆဲလ်ကို ဖေးမပေးနိုင်ခြင်း


လူ့ကိုယ်ခန္ဓာ အတွက် အရေးကြီးတဲ့  dopamine နှင့် adrenalin တွေကို သာမန်ထက် ထုတ်လုပ်နိုင်ဖို့ ကော်ဖီက လှုံ့ဆော်ပေးနိုင်ပါတယ် ။ ၄င်းက မှတ်ညဏ်များကို ထိန်းသိမ်းပေးဖို့ ကူညီပြီး ပြန်လည်ထုတ်သုံးဖို့  အထောက်အပံ့ဖြစ်စေပါတယ်။ စာသင်ခန်း ၊ရုံးခန်း လုပ်ငန်းခွင် များသို့ ကော်ဖီသောက်ပြီး နှင့် မသောက်ပဲ ၀င်သော ရလဒ်မှ မတူညီကြောင်း သင်ကိုယ်တိုင် စမ်းသပ်ကြည့်ပါ ။

အလွန်အကျွံ ငိုက်မြည်း ထိုင်းမှိုင်း ခြင်းကို ဖြေရှင်းပေးနိုင်ခြင်း


အလွန် သိသာ ထင်ရှားစေသာ အချက်ဖြစ်ပါတယ် ။ ဦးဏှောက်နှင့် အာရုံကြော အားနည်းသော ရောဂါကြောင့်ဖြစ်စေ ၊ အလွန်ပင်ပန် နွမ်းနယ်လျှင် ဖြစ်စေ လူဟာ ထိုင်းမှိုင်းငြီးငွေ့ နေတတ်ပါတယ်။ ဒီအခြေအနေမှာ ကော်ဖီဟာ သင့်ကို အကောင်းဆုံး အထောက် အကူ ပြုနိုင်ပါတယ် ။ ကော်ဖီစေ့များရဲ. ရနံ့ဖြင့် ခေါင်းကိုက်ရောဂါကိုပင် ပျောက်ကင်းစေနိုင်ပါတယ်။

အသက်ရှည်စေခြင်း


Caffein ဓာတ်ဟာ လူ့ သက်တမ်းရှည်စေနိုင်ကြောင်း Harvard မှ လေ့လာချက်အရ သိရပါတယ် ။ ထို့အတူ

" ဥရောပရဲ့ သာယာလှပဆုံးနေရာတွေ "

(၁) Albarracín မြို့(စပိန်)


စပိန်နိုင်ငံ Teruel စီရင်စုရဲ့ ကမ်းရိုးတမ်းမှာ တည်ရှိတဲ့ မြို့ငယ်လေး Albarracín ဟာ အလွန်သာယာလှပပြီး

" အပျို လူပျိုစစ်စစ် ဘဝကို ထိန်းသိမ်းခဲ့တဲ့ ကျော်ကြားသူများ "

တရားဝင် လက်ထပ်ထိမ်းမြားမှု မပြုမီအထိ အပျိုစင်ဘဝ၊ လူပျိုဘဝကို ထိန်းသိမ်းထားခဲ့ကြတယ်လို့ ဆိုပါတယ်။

အက်ဒရီနာ လီမာ


နာမည်ကြီး Victoria's Secret မော်ဒယ် အက်ဒရီနာ လီမာက သူမရဲ့ အပျိုစင်ဘဝကို လက်ထပ်တဲ့အချိန်အထိ ထိန်းသိမ်းထားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမက ၂၀၀၉ ခုနှစ်မှာ ဘတ်စကက်ဘော ကစားသမား မာကိုနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တရားဝင် ကွာရှင်းခဲ့ပါတယ်။

ဂျူလီယန်နီ ဟုဂ်ျ

" ရင်ဘတ်ကြီးနဲ့ ရင်းနှီးထားတဲ့ အချစ်ရေး မပျက်စီးစေဖို့ နည်းလမ်းများ "


ချစ်သူနဲ့ ပြတ်ဆဲတော့မယ် အခြေအနေလား၊ တစ်ဖက်နဲ့ တစ်ဖက် သိပ်ကိုတင်းမာလွန်းတဲ့ အခြေအနေကို ရောက်နေပြီလား၊ ကိုယ့်ရင်ဘတ်တစ်ခုလုံးနဲ့ရင်းပြီး ချစ်ထားရတာမို့ ပစ်ရမှာလဲ သဲတရှပ်ရှပ် ဖြစ်နေပြီလား … မပူပါနဲ့ အောက်ပါအချက်(၆)ချက်ကို လုပ်ပါ။ လုံးဝ မကွဲစေရဘူးလို့ အာမခံပါတယ်။

(၁) နားလည်မှုနဲ့ နားထောင်ပါ

နားထောင်တယ်ဆိုတာ နားလည်မှုမပါဘဲ နားထောင်ရင် ဒီဘက်နားက ၀င်၊ ဟိုဘက်နားက ထွက် ဖြစ်နေမှာပဲ။ ဒီတော့ချစ်သူပြောတဲ့ စကားကို အပြန်အလှန် နားလည်မှုနဲ့ နားထောင်ပါ။ ကိုယ်နဲ့မပတ်တဲ့ အကြောင်းအရာ ဖြစ်စေ နားလည်မှုနဲ့ နားထောင်ပေးခြင်းဟာ ချစ်သူရဲ့ ၀တ္တရားပါ။

(၂) အတ္တကို ရှောင်ပါ

နှစ်ကိုယ်တူ ဘ၀ခရီးတစ်ခုကို တည်ထောင်ဖို့ရည်ရွယ်ထားပါရက်နဲ့ အတ္တကို ရှေ့တန်းတင်မိရင် ဘယ်လောက်ပဲ ချစ်ပါတယ်ဆိုဆို အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီတော့ နှစ်ဦးပေါင်းစပ်ထားတဲ့ သမအတ္တတရားလေး ထားပါ။ အရာရာ နှစ်ယောက်စလုံးနဲ့ ဆိုင်တာကိုပဲ လုပ်ပါ။ မိမိအတွက်ဆို အကျိုးမယုတ်နိုင်တဲ့ ကိစ္စမျိုး အသိပေးပြီး တိုင်တိုင်ပင်ပင် လုပ်ကြပါ။

(၃) ယုံကြည်မှုကို ရအောင်တည်ဆောက်ပါ

ယုံကြည်မှုရအောင်တည်ဆောက်ဖို့ ချစ်သူတွေကြားမှာ လုံးဝ မခက်ပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင်က အပြစ်ကင်းတယ်၊ ရှိတဲ့အပြစ်တွေကို ရဲရဲဝန်ခံရဲတယ် … သူ့အပြစ်တွေကို နားလည်ခွင့်လွှတ်တယ်ဆိုရင် နှစ်ယောက်ကြားမှာယုံကြည်မှု ပြန်လည်အသက်ဝင်လာပါပြီ။

(၄) နာကျင်စေမယ့် အပြုအမူတွေကို ရှောင်မယ်

ဒီကရှေ့ ကိုယ့်အပြုအမူတွေက ကိုယ့်ချစ်သူကိ နာကျင်စေခဲ့တယ်ဆိုရင် အဲဒါတွေ မဖြစ်အောင် ရှောင်မယ် … ဒီစိတ်ကူးလေး

" ကမ္ဘာ့ပုံစံအဆိုးရွားဆုံး မြို့တော်စာရင်းတွင် နေပြည်တော်ပါဝင် "

 
နေပြည်တော်သည် ကမ္ဘာ့ပုံစံ အဆိုးရွားဆုံးမြို့တော် ကိုးမြို့အနက် တစ်မြို့ဖြစ် ကြောင်း အမေရိကန်ပြည်ထောင် စု၊ နယူးယောက်ပြည်နယ်အခြေ စိုက် Thrillist မီဒီယာ ကုမ္ပဏီက လတ်တလောထုတ်ပြန်သည့် အစီ ရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နေပြည်တော်သည် နယူးယောက်မြို့အရွယ်အစားထက် အကြမ်း ဖျင်းခြောက်ဆ ပိုမိုကြီးမားလာပြီး လမ်း ၂၀ သွား အဝေးပြေးလမ်းမ ကြီးများ၊ ဝိုင်ဖိုင်ကွန်ရက်များဖြင့် မြို့တော်ကို လွှမ်းခြုံထားသည်။

သို့သော် နေပြည်တော်သည် အစိုးရအရာရှိများကလွဲ၍ အခြားမည် သူမျှ နေထိုင်မှုမရှိသော သီးခြား ထီးတည်း ဝေးလံခေါင်ဖျားရာ အ ရပ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထုတ်ပြန်ထားသော လူဦး ရေအရေအတွက်မှာ ကိုးသိန်းခန့် ရှိသည်ဟုဆိုသော်လည်း ယင်း ကိန်းဂဏန်းမှာ လုပ်ဇာတ်ခင်းချဲ့ ကားထားသည့် အရေအတွက် သာဖြစ်ကြောင်း လူအများက ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြ သည်။

နေ့တစ်နေ့၏ အလုပ်အ များဆုံး အချိန်ကာလများတွင် ပင် နေပြည်တော် လမ်းမကျယ် ကြီးများသည် လူသူမရှိ ဟာလာ ဟင်းလင်း ဗလာကျင်း ဖြစ်နေ သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

‘‘မြို့တော်တွေဟာ လူတွေ နေထိုင်ကြဖို့ဖြစ်တယ်ဆိုရင် မြန် မာနိုင်ငံရဲ့ မြို့တော်သစ်ကတော့ ဒီအခြေအနေအတိုင်းဆို အကြီး အကျယ် သတင်းကြီးနေတဲ့ မ အောင်မြင်ကျဆုံးမှုပါပဲ။ တကယ် အတည်ပြောတာပါ။ တစ်ခါတ လေ ပဲ့တင်ထပ်သံတွေကိုတောင် ခင်ဗျားကြားနိုင်တယ်။ လူမရှိ သူ မရှိ ဟင်းလင်းကြီးပါ’’ဟု Thrillist က ရေးသားထားသည်။

ပုံစံဆိုးရွားမှုအဖြစ် သတ် မှတ်နိုင်ရန် ကမ္ဘာ့အကြီးဆုံးမြို့ တော်များအနက် အချို့၏ အပြစ် အနာအဆာများကို

May 13, 2016

" ပြီးပြည့်စုံသောအမျိုးသမီး တစ်ယောက်ဖြစ်လာစေရန် နည်းလမ်းကောင်း(၁၀)ချက် "

 
ပြီးပြည့်စုံသော အမျိုးသမီးတစ်ယောက်ဖြစ်လာစေရန်အတွက် ကြိုးစားမှုများစွာလိုအပ်ပါတယ်။ ပြီးပြည့်စုံသော
အမျိုးသမီးများ လိုက်နာကျင့်သုံလေ့ရှိတဲ့ အောက်ပါနည်းလမ်းကောင်း(၁၀)ချက်ကို နေ့စဉ်လိုက်နာကျင့်သုံးခြင်း
ဖြင့်ပြီးပြည့်စုံသော အမျိုးသမီးတစ်ဦးဖြစ်လာနိုင်ပါတယ်။
ပြီးပြည့်စုံသော အမျိုးသမီးများမှာ အလှအပပြီးပြည့်စုံခြင်း၊ ညဏ်ပညာပြီးပြည့်စုံခြင်း အစရှိတာတွေ ပြီးပြည့်စုံခြင်းဖြင့်
အမှန်တကယ်ပြီးပြည့်စုံသည်ဟုမဆိုနိုင်ပါ မိမိတို့၏အပြုအမှုများ စိတ်နေစိတ်ထားများကောင်မွန်ပြီးပြည့်စုံခြင်းကိုမှပင်
အမှန်တကယ်ပြီးပြည့်စုံခြင်းဘဲဖြစ်ပါတယ်။

၁။ မနက်စောစော အိပ်ရာထခြင်း

မနက်ကို မိမိအလုပ်သွားမည့်အချိန်၊ကျောင်းသွားမည့်အချိန်ထက် ၄၅ မိနစ်ခန့်စောစော အိပ်ရာထပါ။ ထိုကဲ့သို့
စောစောထရာမှာ မိမိအလှပြင်ရန်ကြာချိန် နှင့် လမ်းခရီးမှာကြာချိန်ကိုပါထည့်တွက်ပြီး ၄၅ မိနစ်ကို နိုးစက်သတ်
မှတ်ပါ။ ဥပမာအားဖြင့် မိမိ၏အလုပ်ချိန်သည် ၉နာရီဖြစ်ပြီး လမ်းခရီးတွင် နာရီဝက်ကြာမြင့်ပါက နိုးစက်အချိန်
ကို ၆ နာရီခွဲ ၇ နာရီ ဝန်းကျင်ခန့်သက်မှတ်ပေးပါ။ ထိုကဲ့သို့ စောစောထခြင်းကြောင့် မိမိအလုပ်မှာလိုအပ်သာ
အချက်အလတ်တွေကို ကြိုတင်လေ့လာနိုင်ပါတယ်။

၂။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ မနက်စာကိုစားသုံးပါ

တစ်နေကုန်လှုပ်ရှားနေနိုင်ရန်အတွက် မနက်ကိုသေချာပေါက်စားသုံးပေးရပါတယ်။ ထိုကဲ့သို့စားသုံးရာမှာ
ကျန်းမာရေးအတွက်ကောင်းမွန်သော အစားအစာများကိုသာ များများစားသုံးပေးသင့်ပါတယ်။ ထမင်းစား
ပေးလျှင် ပိုမိုအားအင်များဖြစ်စေနိုင်ပါတယ် ထို့ကြောင့် မနက်စာကိုထမင်းစားပေးသင့်ပါတယ် ပုံမှန်ထက်
များများစားသုံးပေးသင့်ပါတယ်။
ထို့နောက် မနက်စာစားအပြီးမှာ အမျှင်ဓါတ်များများပါသောအသီးဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။
အမျှင်ဓါတ်ပါသောကြောင့် အစာကြေလွယ်စေပြီး ဝမ်းဗိုက်သားကိုကျန်းမာစေပါတယ်။

၃။ အကောင်းမြင်ဝါဒကို ကျင့်သုံးပါ

အကောင်းမြင်တတ်ခြင်းသည် မိမိတို့ရဲ့ စိတ်ကိုနူးညံစေပါတယ်။ အရာရာတိုင်းကို အပြစ်မမြင်တော့ဘဲ ခွင့်လွတ်
သည်းခံတတ်လာပြီး လူတိုင်းဖြင့်ပေါင်းသင်းဆက်ဆံတတ်လာပါတယ်။ ထို့ကြောင့် အပေါင်းအသင်းကောင်းတွေ
အများကြီးရှိလာစေပြီး လူချစ်လူခင်ပေါများလာစေပါတယ်။

၎။ မိမိရဲ့  အားနည်းချက်များကို သိရှိပါ

မိမိရဲ့ အားနည်းချက်ကို ရှာဖွေပါပြီးနောက် ထိုအားနည်းချက်များကိုတဖြည်းဖြည်းဖြင့်ပြုပြင်ပေးပါ။ ပြီးပြည့်စုံခြင်း
သည် အားနည်းချက်ရှိခြင်းမရှိခြင်းနှင့်မသက်ဆိုင်ပါဘူး လူတိုင်းလူတိုင်းမှာအားနည်းချက်အနည်းအများတော့
ရှိကြပါတယ်။ မိမိရဲ့ အားနည်းချက်ကိုလက်ခံပြီး ပြုပြင်ခြင်းသည်လည်း အမှန်တကယ်ပြီးပြည့်စုံသော မိန်းကလေး
များပြုလုပ်ကြလေ့ရှိသော အလေ့အကျင့်တစ်ခုပါ။

၅။ လူတိုင်းကို ပြုံးပြပါ

အပြုံးသည် လူတစ်ယောက်နှင့် တစ်ယောက်ကြားတွင် စကားအများကြီးပြောစရာမလိုဘဲ နားလည်မှုရှိစေသော
အရာဘဲဖြစ်ပါတယ်။ မိမိရဲ့ အပြုံးကြောင့် တစ်ဖက်လူသည် စိတ်ချမ်းသာသွားစေနိုင်ပြီး သူကိုယ်တိုင်လည်းဘဲ
ပြန်ပြုံးပြတတ်လာစေပါတယ်။
လူတိုင်းလူတိုင်းကို ပြုံးပြရာမှာ မိမိနှင့်မသိတဲ့ သူစိမ်းတွေလည်းပါဝင်ပါတယ်။ မိမိနှင့်မသိတဲ့သူစိမ်းတွေကိုပြုံးပြ

" ကမ္ဘာ့အလန်းဆုံး မျက်လှည့်ကွက် (၁၀) ခု၏ လျှို့ဝှက်ချက်များ "

Youtube Link 
https://youtu.be/ohbBx0cMQJo

မျက်လှည့်ဆိုတာ မသိရင်တော့ တကယ်ကို အထူးအဆန်းကြီးဖြစ်ပြီး လှည့်ကွက်ကိုသိသွားရင်တော့ ဘာမှကိုအဖိုး
မတန်တော့ပါဘူး။ အခုဒီဗီဒီယိုမှာတော့ ကမ္ဘာ့အလန်းဆုံးမျက်လှည့်ကွက်(၁၀)ခုရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးထား
ပါတယ်။

Credit : http://www.shwemom.com/top-10-worlds-biggest-magic-secrets-finally-revealed/

" ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ပြီး အလောင်းဖျောက်ဖျက် "


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုတိုက်နယ် မယ်ကုကျေးရွာအပြင်ဘက် တောင်ယာခင်းမှာ မြန်မာအလုပ်သမား ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ကာ အလောင်းဖျောက်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ညက မြန်မာရွှေ့ပြောင်းအလုပ်သမား ဒေါ်ပိန် အသက် ၅၆ နှစ်နဲ့ ခင်ပွန်းဖြစ်သူ ကိုမင်းထက်စိုး အသက် ၃၂ တို့ တောင်ယာတဲမှာ အရက်အတူတူ သောက်နေကြရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

ဇနီးဖြစ်သူက တောင်ယာခုတ်ဓားနဲ့ ခုတ်လို့ ခင်ပွန်းဖြစ်သူဟာ ဦးခေါင်း၊ ၀ဲဘက်ဦးခေါင်း နောက်စေ့နဲ့ မေးရိုးနောက်ဘက်နေရာတွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အနီးနားက တခြားတောင်ယာတာမှာ နေထိုင်တဲ့ မနီလာက ပြောပါတယ်။

ဒီနောက်မှာတော့ ဇနီးဖြစ်သူဟာ သေဆုံးသွားတဲ့ ခင်ပွန်းအလောင်းကို မွေ့ယာ အဟောင်းနဲ့ ၂ ရက်ကြာဖုံးထားခဲ့ပြီး တောင်ယာတဲအရှေ့ဘက် ချိုင့်ဝှမ်းထဲ သွားပစ်ချပြီး အမှိုက်တွေနဲ့ ဖုံးအုပ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကို ဒေါ်ပိန်က လူသတ်အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့ကြောင်း ပြောပြချက် အရ သိရှိခဲ့ရတာလို့

" ရင်သားသေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့ (ယောင်္ကျားလေးများ မဖတ်ရ) "

မမလေးပန်စရာ ပျိုတို့မောင်တောင်ပေါ်ရိုးက ပန်းချိုးလို့လာ အပွင့်ရယ်ဝါ အညာမှာ မြရည်လိမ်းတယ် ပန်းနွယ်ကစိမ်း
 
မိန်းကလေးတွေအတွက် ရင်သားအလှဟာ အရေးကြီးတယ်လို့ထင်တာ ယောင်္ကျားတွေအတွက်လား။

အဲဒီလိုတွေးလို့လဲ မရပြန်ပါ။ မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ်ဆိုရင်လည်း မမှားပါ။ ဒါပင်မဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရင်သားကသေးခဲ့ရင်ကောင်း ကောင်းချက်တွေရှိပါတယ်။

★ ယောင်္ကျားလေးတွေနဲ့စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးတွေကို ဂရုစိုက်စရာမလိုပါ။

★ ကားစီးတဲ့အခါ ခါးပတ်ပတ်ရင်လည်း သာသာယာယာပါပဲ။

★ ချစ်စရာကောင်းတဲ့ အတွင်းခံလေးတွေကို ကြိုက်တာရွေးနိုင်တယ်။

★ ပတ်ဝန်းကျင်ကလဲ သူလေးက လိမ္မာတဲ့ကလေးလို့ အသိအမှတ်ပြုနိုင်ပါတယ်။

★ Gym သွားကစားတော့လည်း ပေါ့ပေါ့ပါးပါး သွားကစားနိုင်တယ်။

★ စားရင်းသောက်ရင်း အမှတ်မထင် ပါးစပ်ကနေကျသွားရင်လည်း အင်္ကျီပေစရာ အကြောင်းမရှိပါ။

★ ရင်ဟိုက်အင်္ကျီကို ဝတ်ရင်လည်း ပြသာနာမရှိ။

★ တီရှပ် အင်္ကျီဝတ်လည်း ကြောက်စရာမလို၊ ပေါ့ပေါးပါးပါး ဝတ်နိုင်တယ်။

" မိန်းကလေးတစ်ယောက် သင့်အပေါ် စိတ်နာသွားပြီးဆိုရင်.."

 
၁။ သင့်ဂရုစိုက်မှုတွေရဖို့ အရင်ကလို သူကြိုးစားတော့မှာ မဟုတ်ပါဘူး။

၂။ သင်နဲ့ ငြင်းခုန်တာတွေ၊ စိတ်ဆိုးစိတ်ကောက်တာတွေ ရှိမှာ မဟုတ်တော့ပါဘူး။

၃။ သင်ပို့သမျှ မတ်ဆေ့တွေကိုလဲ အရင်ကလို စိတ်ဝင်တစားနဲ့ ပြန်ပို့နေမှာ မဟုတ်တော့ပါဘူး။

၎။ အရင်ကလို သင့်အနားမှာ စကားတွေဖောင်ဖွဲ့ပြီး တွယ်ကပ်နေတော့မှာ မဟုတ်တော့ပါဘူး။

၅။ သင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို အသေးအဖွဲလေးတွေကအစ အရင်ကလို ဂရုတစိုက် ရှိနေတော့မှာ မဟုတ်ပါဘူး။

၆။ သင့်ကို သဝန်တိုတာတွေ၊ ချုပ်ချယ်တာတွေလဲ အရင်ကလို ရှိတော့မှာ မဟုတ်တော့ပါဘူး။

၇။ အခြားယောက်ျားလေး သူငယ်ချင်းတွေနဲ့လဲ ရင်းရင်းနှီးနှီး ပေါင်းသင်းတာတွေ ရှိလာပါလိမ့်မယ်။

၈။ သင်သူ့ကို ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ သူမ စိတ်မဝင်စားတော့ပါဘူး။

၉။ သူ့ကို သင်ချစ်မြတ်နိုးနေစေဖို့ ဆက်ကြိုးစားတော့မှာလဲ မဟုတ်တော့ပါဘူး။

သင့်ကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကလဲ နောက်ဆုံးတော့ သူမဒီထက်ပို ထိုက်တန်တယ်ဆိုတာ နားလည်လိုက်လို့ပါ။

အဲဒီအချိန်ကျမှ သူမရဲ့ ဂရုစိုက်မှုလေးတွေ၊ သင့်အပေါ်ထားတဲ့ အကြင်နာမေတ္တာတွေ လွမ်းဆွတ်နေလို့ ဘာမှထူးလာမှာ

" သင့်အပေါ်အချစ်တွေ ဘယ်တော့မှရပ်တန့်မသွားမယ့် aယာင်္ကျားတစ်ယောက်ရဲ့ အမူအကျင့် (၇) ချက် "

 
(၁)မိမိတို့ Relationship ကိုအလေးအနက်တန်ဖိုးထားတတ်သူ

***တကယ်ချစ်တဲ့လူတွေက ရန်ဖြစ်ပြီးတာတို့ အချင်းများတို့ဖြစ်ပြီးတဲ့နောက် ထွက်သွားလေ့မရှိပါဘူး။
ဒေါသထွက်စရာတွေရှိလာခဲ့ရင်လည်း ဒေါသတွေကို ကိုယ့်ရဲ့ချစ်သူအပေါ်ကိုမသက်ရောက်စေပါဘူး။
သူတို့က သူတို့ Relationship က ဘယ်လောက်အရေးကြီးလဲဆိုတာ သူတို့အသိဆုံးဖြစ်ပါတယ်။
.
(၂)ပြသနာတွေကို ဘယ်တော့မှာရှောင်မသွားတတ်သူ

***အခက်အခဲတွေရှိလာခဲ့ရင်လည်း ရှောင်ဖယ်မသွားတတ်တဲ့လူတွေ ဖြစ်ပါတယ်။
သင်တို့ Relationship ကို အနှောင့်အယှက်ပေးတဲ့အရာတစ်ခုခုရှိရင်လည်း ဂရုတစိုက်ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။
ဘာပြဿနာပဲဖြစ်ဖြစ် သင့်ကြောင့်လို့ မယူဆသူဖြစ်ပါတယ်။
.
(၃)အသေးအဖွဲကိစ္စလေးတွေကအစ ဂရုစိုက်တတ်သူ

***ဥပမာ - သင်မပါပဲရုပ်ရှင်မကြည့်တာမျိုး၊ သူ့ရဲ့ကားထဲမှာ သူမကြိုက်ရင်တောင် သင်ကြိုက်တဲ့ သီချင်းတွေ playlist လုပ်ထားပေးတာမျိုး။
သင့်ကိုလေးလေးနက်နက်ချစ်တဲ့သူဟာ ဒီလိုအသေးအဖွဲ့လေးတွေကအစ ဂရုစိုက်ပေးတတ်ပါတယ်။
.
(၄)ဥာဏ်ပညာ အမြော်အမြင်ရှိသူ

***အရမ်းထူးချွန်ပြီး ဥာဏ်ပညာထက်မြက်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။
သင်တို့ရဲ့အနာဂတ်၊ သားသမီးတွေရှိခဲ့ရင်လည်း သားသမီးတွေအနာဂတ်၊ မိသားစုအနာဂတ်ကို ဘယ်လိုကောင်းမွန်အောင်လုပ်မလဲဆိုတာ အမြဲစဉ်းစားစီစဉ်ထားတတ်ကြသူတွေဖြစ်ပါတယ်။
.
(၅)သင့်ပြသနာတွေကိုလည်း သူ့ပြသနာလို့သဘောထားတတ်သူ

***သင့်မှာစိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခုရှိလာခဲ့ရင် သူ့နဲ့လည်းသက်ဆိုင်တဲ့အတွက် ဖြေရှင်းပေးဖို့အမြဲကြိုးစားနေမှာဖြစ်ပါတယ်။
အနည်းဆုံးဘာမှမကူညီနိုင်တဲ့ပြသာနာဖြစ်ခဲ့ရင်တောင် အားပေးစကားပြောပြီး ဒုက္ခတွေကိုမျှဝေခံစားပေးတတ်သူဖြစ်ပါတယ်။
.
(၆)သင့်ရဲ့အမှားတွေကို အပြစ်မမြင်ပဲရယ်စရာအဖြစ်သဘောထားသူ

***လူတိုင်းဟာအမှားနဲ့မကင်းတတ်ကြပါဘူး။ သင့်ဟာသူ့အပေါ်မှာ အမှားတစ်ခုခုပြုလုပ်မိမယ်ဆိုရင်တောင်

May 12, 2016

" Just for Laughs gags ရဲ့ လူတွေကို မျက်လှည့်ပြီး ပီပြင်အောင်အရူးလုပ်ထားတဲ့ ဟာသလေးပါ "



Youtube Link is
https://youtu.be/Sn6PAQjr3og

" ကောင်လေးဘက်က ချဉ်းကပ်မှု ကို ကောင်မလေး ဘက်က ငြင်းပယ်ရတဲ့ ယေဘူယျ အကြောင်းအရင်းများ "

 
ယောကျာင်္းလေးတစ်ယောက် က မိန်းကလေး တစ်ယေက်ကို ပိုးပန်းပြီး ချစ်ရေးဆိုတဲ့အခါမှာ ငြင်းပယ်ခံရတယ်ဆိုတာဟာ ဖြစ်လေ့ရှိပါတယ်။ အရေးကြီးတာကတော့ ထို ငြင်းပယ်ခံရခြင်း တွေဆီကနေ အတွေ့အကြုံယူ သင်ကြားဖို့ပါပဲ။ အဲဒါမှသာ ပြင်ဆင်သင့်တာကို ပြင်ဆင်ပြီး လူပျိုကြီး အဖြစ် အရိုးထုတ်ရမယ့် အခြေအနေက လွတ်မြောက်အောင် ကြိုးစားနိုင်မှာပါ။ သူမ ဘာလို့ သင့် ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့တာလည်း။ ဘာတွေမှားနေလို့လည်း?ဒီထက်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲ  စသဖြင့် စဉ်းစားရမှာပါ။ မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ရဲ့ ချဉ်းကပ်မှု ကို ငြင်းပယ်ရတဲ့ ယေဘူယျ အကြောင်းအရင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ သူ့မှာ ချစ်ရတဲ့သူရှိနေလို့ပါ
 
သူ့မှာ ချစ်သူကောင်လေး ရှိနေမယ် ၊ ဒါမှ မဟုတ် တစ်ယောက်ယောက်ကို ကြိတ်ကြွေနေမယ် ၊ ဒါမှ မဟုတ် ရည်းစားဟောင်း ကို မမေ့နိုင်ဖြစ်နေမယ်ဆိုရင်တော့ သင့် ချဉ်းကပ်မှုတွေကို သူမ ဘက်က လက်ခံမှာ မဟုတ်ပါဘူး။ 
 
၂။ သင့်အကြည့်တွေက သူမအတွက် မတိုးလို့ပါ
 
တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ သင်ဟာ သူမလိုချင်တဲ့ ယောကျာင်္းလေး အမျိုးအစားထဲက မဟုတ်လို့ပါ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ သင်ဟာ ဂျော့ဂ်ျ ကလူးနေး တို့ ၊ ဘရက်ပစ် တို့လို ချောမောခန့်ညားနေဖို့ မလိုပေမယ့် ကောင်းမွန်စွာ ၀တ်စား တတ်ဖို့ ၊ ကောင်းမွန်တဲ့ ကိုယ်သင်းရနံ့ ရှိဖို့ နဲ့ စမတ်ကျကျ နေထိုင်တတ်ဖို့တော့

" ရုပ်ချောပေမဲ့ ရည်းစား မရနိုင်တဲ့ အကြောင်းအရင်း (၅) ခု "

 
အချို့သော အမျိုးသားတွေအတွက် ဖူးစာဖက်ဟာ ရှာရခက်လှပါတယ်။

အချို့သော အမျိုးသားတွေဟာ အရွယ်ရောက်ရုံသာမက၊ အရွယ်လွန်တော့မယ့် အချိန်ထိရောက်အောင် တစ်ကြိမ်တစ်ခါမှ ရည်းစားမထားဖူးပဲ ဖြစ်ကြရလေ့ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အသက်အတော်ရချိန်ထိ ရည်းစားမရသူတွေလည်း ရှိပါတယ်။ ရုပ်ရည်လည်း ပြေပြစ်ပေမဲ့ ရည်းစားမရနိုင်ဖြစ်ရတဲ့ အကြောင်းအရင်း (၅) ခုရှိပါတယ်။

၁။ ရုပ်ရည်က အဓိကမဟုတ်

ရုပ်ရည်ချောမောပြေပြစ်သူကို တွေ့လိုက်တဲ့ အခါ လူတိုင်းကြည့်မိတတ်ကြပါတယ်။ ဒါဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ အမျိုးသမီးတွေ အတွက်တော့ အဆုံးသတ်မှာ ရုပ်ရည်က အဓိက မဟုတ်တော့ပြန်ပါဘူး။ အမျိုးသမီး အများစုဟာ ချစ်သူရွေးချယ်ဖို့ စဉ်းစားရာမှာ ရုပ်ရည်တစ်ခုတည်း ကြည့်ပြီး ဆုံးဖြတ်လေ့ မရှိကြပါဘူး။

၂။ ထူးထူးဆန်းဆန်း ဆွဲဆောင်မှုများ

အချို့သော အမျိုးသားတွေက ရုပ်ရည်ချောမောတယ်လို့ ထင်ရပေမဲ့ ဆွဲဆောင်မှု လိုအပ်နေတတ်ပါတယ်။ စကားပြောဟန်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း၊ ကျွမ်းကျင်ရာ ပညာရပ်တစ်ခုခု စတဲ့အရာတွေက ဆွဲဆောင်မှုတွေဖြစ်ပါတယ်။ အမျိုးသမီး အများစုက အဲဒီလို ဆွဲဆောင်မှုတွေကို နှစ်သက်တတ်ကြပါတယ်။ အဲဒီ ဆွဲဆောင်မှုကို အမျိုးသမီးတွေ မြင်လာရင် ရုပ်ရည်ဟာ အဓိက မကျတော့ပါဘူး။

၃။ သင့်ရဲ့ အမူအကျင့်

တကယ်တမ်း လူနှစ်ဦးတွေဆုံ စကားပြောဆိုတဲ့အခါ ရုပ်ရည်ထက် အမူအကျင့်နဲ့ စိတ်သဘောထားက

" အပူလောင်တာကို အမြန်ဆုံး သက်သာစေနည်းများ "

 
အိမ်မှာ ထမင်းဟင်းချက်ရင်းဖြစ်ဖြစ် မီးပူတိုက်ရင်းဖြစ်ဖြစ် မတော်တဆ အပူလောင်မိတတ်ပါတယ်။ဆေးရုံ ၊ဆေးခန်း သွားရလောက်အောင်လည်း မကြီးပေမဲ့ နာနေတာ၊ အရည်ကြည်ပူထွက်တာတွေက အရမ်းခံစားရခက်ပါတယ်။စပ်ဖျဉ်းဖျဉ်းနဲ့ နာနေတတ်ပြီး ရေထဲမှာပဲ စိမ်ထားချင်လောက်အောင် ဖြစ်လေ့ရှိပါတယ်။ဒါကြောင့် အိမ်မှာဖြစ်တတ်တဲ့ အပူလောင်နာသေးသေးလေးတွေအတွက် ကုသနည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
 
လက်ဖက်ခြောက် အဖတ်
သုံးပြီးသား လက်ဖက်ခြောက်ဖတ်မှာ တန်းနစ် အက်ဆစ်ဓာတ်ပါတဲ့အတွက် အပူလောင်ထားတဲ့ အရေပြားပေါ်က အပူကို စုပ်ယူပြီး နာကျင်မှုကို သက်သာစေပါတယ်။အေးပြီး စိုစွတ်နေတဲ့ လက်ဖက်ခြောက်ဖတ်ကို အရေပြားပေါ်အုံထားလိုက်ရင် သက်သာသွားမှာ ဖြစ်ပါတယ်။
 
ပျားရည် 
ပျားရည်က ပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အရေပြားကို ပိုးမဝင်စေဘဲ အပူလောင်နာကို အမြန်ပျောက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ပြီးတော့ အရေပြားကိုလည်း အေးမြစေပါတယ်။
 
နွားနို့
ပရိုတင်းနဲ့ အဆီဓာတ် ပြည့်ဝတဲ့နွားနို့က အပူလောင်တဲ့ အရေပြားကို အေးမြစေရုံမက အမြန်ပျောက်ကင်းစေဖို့ကိုလည်း

" လက်သည်းလည်းဆိုးနိုင်၊ ဒီလက်သည်းကနေ အရသာလည်းခံနိုင်မယ့် KFC ရဲ့ လက်သည်းဆိုးဆေး "

 
သတင်းကတော့ အထူးအဆန်းပါပဲ။ သင်က အလှအပနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ သဘောကျ ၀ယ်ယူတတ်သူလား။ ဒါမှမဟုတ် သင်က ကြက်ကြော်စားရတာ နှစ်ခြိုက်သူလား။ သင်ဟာ ဒီနှစ်ခုစလုံးကို နှစ်ခြိုက်သူတစ်ယောက်ဆိုရင်တော့ KFC ရဲ့ Finger Lickin' Good ဆိုတာနဲ့ မိတ်ဆက်ပေးပါရစေ။ KFC ကတော့ ဘယ်သူနဲ့မှ မတူတဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်ပြန်ပါပြီ။
 
Fortune ကတင်ပြသွားတဲ့ သတင်းအချက်အလက်တွေအရ KFC ဟာ လက်သည်းဆိုးဆေးတစ်ခုကို တီထွင်ဖန်တီး ခဲ့ပါတယ်တဲ့။ KFC က လက်သည်းဆိုးဆေးထုတ်တယ်ဆိုကတည်းက ဘာများဒီနှစ်ခု သက်ဆိုင်လို့လဲလို့ ထင်မြင်သွားပါလိမ့်မယ်။ ဒါပေမယ့် KFC ရဲ့ လက်သည်းဆိုးဆေးရဲ့ ထူးခြားချက်က လက်သည်းလည်းဆိုးနိုင်မယ်၊ ဒီလက်သည်းကနေ အရသာခံနိုင်အောင်ပါ ပြုလုပ်ထားပါတယ်တဲ့။ ဒီတော့ လက်သည်းဆိုးဆေးဆိုးထားပြီး အဲ့ဒီလက်သည်းကနေ ကြက်ကြော်အရသာ နှစ်မျိုးနဲ့ အရသာခံနိုင်မှာပါ။ 
 
KFC ကတော့ ခုလို ဖန်တီးထုတ်လုပ်ရခြင်းဟာ ရိုးရှင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲလို့ ပြောထားပါတယ်။ စားသုံးသူတွေ ဒီလက်သည်းဆိုးဆေးကို ဆိုးမယ်၊ အခြားဆိုးဆေးတွေလိုပဲ အခြောက်ခံပြီးတာနဲ့ လျှာနဲ့လျက်ကြည့်လိုက်ရုံပါပဲ။ ထပ်ခါ ထပ်ခါ လျက်ကြည့်လို့ရတော့ လက်သည်းနီဆိုးရတာနှစ်ခြိုက်တဲ့ ပျိုမေတွေကတော့ သဘောကျကြမှာပေါ့။ လက်သည်းဆိုးဆေးကို အရသာနှစ်မျိုးနဲ့ ထုတ်ထားပြီး ရိုးရိုး နဲ့ အပူအစပ် နှစ်မျိုးရမှာပါ။ 
 
ဒီKFC လက်သည်းဆိုးဆေးဟာ ခုလောလောဆယ်တော့ ဟောင်ကောင်မှာသာ ရရှိနိုင်ပါသေးတယ်။ ခုလို

" သိသာထင်ရှားတဲ့ အတောင်ပံသဏ္ဍာန် အိုင်းလိုင်နာ ဆွဲနည်း "


အတောင်ပံပုံဏ္ဍာန် အိုင်းလိုင်နာ ခြယ်သနည်းဟာ လူတိုင်းနဲ့ လိုက်ဖက်ပြီး ရိုးရှင်းတဲ့ eyeliner ဆွဲနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆွဲရတာ လွယ်ကူပြီး အရည်၊ gels နဲ့ ခရင်မ် စသဖြင့် အမျိုးမျိုးရှိတာကြောင့် ကိုယ်ကြိုက်ရာ eyeliner fomula ကို အသုံးပြုနိုင်ပါတယ်။

အဆင့် - ၁

May 11, 2016

" အခန်းဖော်က ချစ်တင်းနှောဖို့ ငြင်းဆန်လို့ အသတ်ခံရတဲ့ အမျိုးသမီး "

" 11လွှာကနေခုန်ချပြီးသေကြောင်းကြံခဲ့ပေမယ့် ဒဏ်ရာတောင်မရခဲ့တဲ့သူ "

 
တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsuပြည်နယ် Yangzhouမြို့မှာ လူတစ်ယောက်ဟာ ၁၁လွှာအဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေနဲ့ မိသားစုဝင်တွေက ၂နာရီကြာအောင် ဖြောင်းဖျခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့်သူခုန်ချဖို့ကြိုးစားတဲ့အချိန်မှာတော့ မီးသတ်သမားတွေ ပြင်ဆင်ထားတဲ့ လေအိတ်ပေါ်ကိုကျပြီး ဒဏ်ရာတောင်ရခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၁တုန်းကလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံရဲ့ သေကြောင်းကြံစည်မှုဟာ လူ၁သိန်းမှာ၂၂ယောက်အထိရှိခဲ့ပါတယ်။

ဒီနှုန်းဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်အတော်ကို မြင့်မားနေပါတယ်။ ဒီလိုမျိုး သေကြောင်းကြံစည်မှုတွေကို တားဆီးဖို့

" မိန်းမရပြီးရင် လုပ်လို့မရတော့တဲ့ အရာ (၉) ခု "

 
အိမ် ထောင်ပြုခြင်းဟာ ဘဝမှာ ကြီးမားတဲ့ အချိုးအကွေ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ကျပြီးတဲ့အခါ နေထိုင်သွားလာမှု ပုံစံတွေ ပြောင်းလဲသွားကြရပါတယ်။ တကိုယ်တည်းဘဝတုန်းက နေခဲ့သလိုမျိုး အိမ်ထောင်သည် ဘဝမှာ နေဖို့ မဖြစ်နိုင်တော့ပါဘူး။

အိမ် ထောင်ကျပြီးတဲ့အခါ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပြောင်းလဲကြရပါတယ်။ အမျိုးသားတွေအတွက် အိမ်ထောင်ကျပြီးတဲ့အခါ လုပ်လို့ မရတော့တဲ့ အရာ (၉) ခုရှိပါတယ်။

၁။ တစ်ညလုံးသောက်ပြီး အလွန်အကျွံမူးခြင်း

အရင်ကတော့ တစ်ညလုံး အရက်သောက်ပြီး အပြင်မှာနေလို့ရပါတယ်။ အိမ်ထောင်ကျပြီးတဲ့အခါ ဒါမျိုးလုပ်ရင်တော့ ပြဿနာ ကျိန်းသေပေါက်တက်မှာပါ။

၂။ နေမြင့်တဲ့အထိ အိပ်ခြင်း

 အလုပ်အားရက်လည်း နေမြင့်တဲ့အထိ အိပ်လို့မရတော့ပါဘူး။ အိမ်မှာ လုပ်စရာတွေ ပုံနေပါပြီ။

၃။ ကောင်မလေးတွေနဲ့ ချက်တင်ထိုင်ခြင်း

မိန်းကလေးသူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဖေ့စ်ဘွတ်က စကားပြောတာ၊ မက်ဆေ့ပို့တာတွေ လုပ်လို့မရတော့ပါဘူး။။

၎။ ညစာထွက်စားခြင်း

အပြင်က အမျိုးသမီးမိတ်ဆွေတွေနဲ့ ညစာထွက်စားလို့လည်း မရတော့ပါဘူး။ ဇနီးသည် ပြန်သိရင်တော့

" မြေကျင်းထဲကနေ ဖုတ်ဝင်နေတဲ့ကြောင် ပြန်လည်နိုးထလာခဲ့ "

 
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကြောင်ပိုင်ရှင်တွေကတော့ သူတို့ရဲ့ အိမ်မွေး တိရိစ္ဆာန်လေးများ သက်တမ်းကုန်လို့ သေဆုံးတဲ့အခါမျိုး နဲ့ တစ်ခြား မတော်တဆမှုတွေကြောင့် သေဆုံးသွားတဲ့အခါမှာ တိရစ္ဆာန်လေးတွေကို မြေမြှုပ်ပေးကြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကတော့ ကြောင်လေးတစ်ကောင်ဟာ သူတို့ အိမ်နားကခြံထဲကနေ သူရဲ့မြေပုံကို ဖောက်ပြီး ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ Humane Society ၏ ပြောကြားချက်အရတော့ ကြောင်လေးမှာ အရမ်းကိုအားနည်းနေပြီး ဂရုစိုက်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

သူတို့အနေနဲ့ အံ့သြဖို့ကောင်းတဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံ ဖူးသော်လည်း ဒီလို ဖြစ်ရပ်မျိုးကိုတော့ တစ်ခါမှ မကြုံ ခဲ့ဖူးပါဘူး လို့လည်း ပြောကြားခဲ့ပါတယ်။ အခြားဆေးခန်းတွေကို သွားဖို့အတွက် အခကြေးငွေ မတတ်နိုင် တာကြောင့် ကြောင်ပိုင်ရှင်ဟာ Humane Society သို့ သူ့ကြောင်လေးကိုခေါ်ပြီး လာရောက် ကုသခဲ့ပါတယ်။

ကြောင်လေးရဲ့ ကျိုးနေတဲ့ အရိုးတွေ မျက်နှာပေါ်က ဒဏ်ရာတွေကို ကုသပေးခဲ့ပြီး မျက်လုံးတစ်ဖက်က

" အစင်းအကြောင်းကင်း ချောမွေ့တောက်ပြောင်တဲ့ မျက်နှာအတွက် နာနတ်သီး "

 
နာနတ်သီးကို ကုန်အောင် မစားနိုင်ဘူးဆိုရင်လည်း လွှင့်မပစ်ပါနဲ့။ ချိုမြတဲ့ ဒီအသီးဟာ ချောမွေ့လှပတဲ့ အသားရေအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်နိုင်ပါတယ်။  နာနတ်သီးမှာ အမည်းစက်နဲ့ အသားညိုခြင်းကို ကောင်းစွာ ဖယ်ရှားပေးပြီး ပရိုတိန်းထုတ်လုပ်ပေးတဲ့ ဗီတာမင်- စီ ကြွယ်ဝပြီး ဝက်ခြံကာကွယ်ပေးတဲ့အရာ ဖြစ်ပါတယ်။  နာနတ်သီးက အရေပြားနီမြန်းမှုဖြစ်စေပါတယ်။ အသားရောင် တစ်ညီတည်းဖြစ်စေဖို့နဲ့ ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းလာစေပါတယ်။ 
ပါဝင်ပစ္စည်းများ 
အကွင်းလိုက်လှီးထားသော သန့််ရှင်းလတ်ဆတ်တဲ့ နာနတ်သီး (၄) စိတ်
သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်း  (သံလွင်ဆီ မရရင် နှမ်းဆီကို သုံးပါ )
ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းအားလုံးကို သစ်သီးကြိတ်စက်ဖြင့် (သို့) လက်ဖြင့် ရောစပ်ပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပြီး ၁၅

" ဆန်းဆန်းပြားပြား ခေတ်မီပစ္စည်းများ "


ရင်သားပုံသွင်းစက်
ထူးထူးဆန်းဆန်းလေးပါ.. မိန်းကလေးတွေအတွက် တကယ့်အသုံးဝင်စေမယ်ထင်ပါတယ်..
 တော်တော်များများအမျိုးသမီးတွေဟာ ကလေးမွေးပြီးအသက်ကြီးလာသည်နှင့်အမျှ ရင်သားတွဲကျလာခြင်းကိုရင်ဆိုင်ကြရတယ်.. ဒါကြောင့်ရင်သားတွဲကျလာမှုကိုမဖြစ်စေဖို့ ရင်သားတင်းစက်ရှိနေပါပြီနော်.. တစ်နည်းအားဖြင့်ရင်သားပုံသွင်းစက်လို့လည်းဆိုလို့ရပါတယ်.
သေးငယ်တဲ့ ရင်သားအတွက်လဲ ရင်သားကို တင်းရင်းပြီး ပြည့်ဖြိုးစေပါတယ်ရှင့်
နေ့စဉ်ဒီစက်ကို ၁၅ မိနစ်ပဲအသုံးပြုရုံနဲ့တစ်ဖန်ပြန်ပြီးတင်းတင်းရင်းရင်းနဲ့ဆွဲဆောင်မှု ရှိတဲ့ရင်သားကိုပိုင်ဆိုင်လာမှာအမှန်ပဲဖြစ်ပါတယ်..

သုံးနည်းလည်းလွယ်ကူရုံမက (Power Supply) ဗို့အားလည်းအလွန်နိမ့်သောကြောင့်

May 10, 2016

" လက်တွဲဖော်က ပူညံပူညံ လုပ်နေရင် ဘယ်လိုရပ်တန့်မလဲ ..."

 
လက်တွဲဖော်က ပူညံပူညံ အမြဲလုပ်နေတယ်၊ ဒီလိုလုပ်နေတာကိုလည်း ကိုယ့်ဘက်က မထိန်းချုပ်နိုင်ဘူးဆိုရင် ဖြေရှင်းဖို့ နည်းလမ်းနှစ်လမ်းရှိတယ်လို့ အိုဝင် ဝီလျှံက ပြောပါတယ်။ အိုဝင်ဝီလျှံဟာ အမျိုးသားတွေရဲ့ စတိုင်အတွက် နှစ်ပေါင်း ၂၅ နှစ်ကြာအောင် သင်ကြားပြသပေးလာသူဖြစ်ပြီး အမျိုးသားတွေနဲ့ပက်သက်တဲ့ ရုပ်သံအစီစဉ်တွေမှာ အောင်မြင်တဲ့ အစီစဉ်တင်ဆက်သူလည်း ဖြစ်ပါတယ်။

၁ - ပထမတစ်ချက်အနေနဲ့ ပြောထားတဲ့ စကားကို တည်ရမှာ ဖြစ်ပါတယ်။ လုပ်မယ်လို့ ပြောထားတဲ့စကားရှိရင် တကယ်လုပ်ပါ။ လုပ်ချင်ရဲ့သားနဲ့ မလုပ်ဘဲနောက်ဆုတ်လိုက်တာဟာ သင့်ရိုးသားမှု ပျော့ညံ့သွားတာ ဖြစ်ပါတယ်။ ဒီအခါကျရင် မိန်းကလေးဟာ သင့်ကို စိတ်အနှောင့်အယှက်ပေးတာတွေ တိုးလုပ်လာပါလိမ့်မယ်။ အဆုံးမှာ သင်ပြောတဲ့စကားပေါ်မူတည်ပြီး သင့်ကို မယုံကြည်ရတာကြောင့်  ပိုမိုပြီး ပူညံပူညံ လုပ်လာပါလိမ့်မယ်။ တကယ်တော့ မိန်းကလေးအများစုဟာ လက်တွဲဖော်ကို ပူညံပူညံလုပ်နေရတာ မကြိုက်ပါဘူး။

တစ်ခုခုလုပ်ဖို့ သဘောမတူခင် တကယ်လုပ်ချင်တာလား စဉ်းစားပါ။ လုပ်ချင်ပေမဲ့ အချိန်မရတာမျိုး ဖြစ်နေမလား စဉ်းစားပါ။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တာကြောင့် သင့်ဘက်က သဘောတူလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကပြဿနာပါ။ ဒီလို

" ပျော်ရွှင်နေသည့် စုံတွဲများ၏ နေ့စဉ်အလေ့အကျင့်များ "

 
နေ့ရက်တိုင်းကို ပျော်ရွှင်ကျေနပ်စရာတွေနဲ့ အတူတကွဖြတ်သန်းချင်တာက ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေအားလုံးရဲ့ တူညီသောစိတ်ကူးဖြစ်ပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်စရာ တူနှစ်ကိုယ်ဘ၀ကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို လေ့လာကြည့်ဖို့ လိုပါတယ်။

၁။ အချိန်ကြာကြာပွေ့ဖက်တတ်ကြတယ်။
အလုပ်ကနေ အိမ်ကိုပြန်ရောက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ စိတ်ဆိုးစိတ်ကောက်နေချိန်မှာပဲဖြစ်ဖြစ် နှစ်မိနစ် သုံးမိနစ်လောက် တစ်ဦးကိုတစ်ဦး ကြင်နာယုယစွာ ပွေ့ဖက်ထားတာမျိုးဖြစ်ပါတယ်။

၂။ တစ်ယောက်ကိုတစ်ယောက် နေရာပေးကြတယ်။
တစ်ယောက်ချင်းစီရဲ့ ၀ါသနာပါရာ၊ လုပ်ချင်တာတွေအတွက် အချိန်ပေးတာမျိုးဖြစ်ပါတယ်။ နှစ်ယောက်အတူတူ ကုန်ဆုံးရမယ့် အချိန်တွေရှိသလို တစ်ဦးချင်းစီအတွက် အပြန်အလှန်နားလည်မှုရှိရှိ အချိန်ပေးရမှာ ဖြစ်ပါတယ်။

၃။ အချင်းချင်းမတွက်ကပ်ပဲ လိုတာကိုဖြည့်ဆည်းပေးတတ်ကြတယ်။
အချစ်ဆိုတာက ဘာမှအရေးမကြီးလို့ ထင်ရတဲ့အပြုအမူလေးတွေ၊ ကြင်နာမှုလေးတွေနဲ့ ဖော်ပြနိုင်ပါတယ်။ အိမ်အလုပ်တွေ၊ အခြားအမှုကိစ္စလေးတွေကို သူ့အလုပ် ကိုယ့်အလုပ်မခွဲပဲ လုပ်ပေးတတ်တာမျိုးတွေက နှစ်ဦးသားဆက်ဆံရေးကို ခိုင်မြဲစေမှာဖြစ်ပါတယ်။

၎။ နားထောင်တတ်ကြတယ်။
အမျိုးသားတွေက ပြဿနာဖြေရှင်းသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကိစ္စတစ်ခုကို ကြားသိလိုက်ရပြီဆိုရင် ချက်ချင်းစဉ်းစားသုံးသပ်ပြီး အဖြေရှာပေးတတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သင့်ချစ်သူမိန်းကလေးက ပြဿနာတစ်ခုကို ပြောပြနေတာက ဖြေရှင်းချက်လိုချင်တာထက် သင့်ကိုနားထောင်စေချင်တာဖြစ်ပါတယ်။ ပြဿနာအတွက် အဖြေကို သူမကိုယ်တိုင်ရှာဖွေမှာဖြစ်ပြီး သင်နားလည်ရုံ ပြောပြချင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လေးစားသမှုနဲ့ နားထောင်ပေးတတ်ဖို့ လိုပါတယ်။

၅။ ပျော်စရာကိစ္စတွေကို အတူတူလုပ်ဆောင်တတ်ကြတယ်။
နှစ်ဦးစလုံးပျော်ရမယ့် အူကြောင်ကြောင်ကိစ္စတွေ၊ ဟာသတွေကိုလည်း အတူတကွလုပ်ဆောင်တတ်ကြပါတယ်။ စိတ်ဖိစီးစရာတွေကို မေ့ဖျောက်ပြီး ပျော်ရွှင်စရာကိစ္စတွေကို အတူတူခံစားကြတာမျိုးဖြစ်ပါတယ်။

၆။ လိုအပ်လာရင် အရေးစိုက်တတ်ကြတယ်။
တစ်ယောက်နဲ့ တစ်ယောက် ၀န်ခံစရာရှိတာတွေ၊ လိုအပ်ချက်တွေကို အပြန်အလှန်နားလည်မှုနဲ့ ခွင့်လွှတ်ပေးတတ်ကြတယ်။

၇။ တစ်နေ့တာမှာ အဆက်အသွယ်မပြတ်အောင် ဂရုစိုက်တတ်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေချိန်မှာလည်း မက့်ဆေ့ဂ်ျပို့တာ၊ ပျော်စရာဓာတ်ပုံလေးတွေပို့တာ စသဖြင့် လုပ်ဆောင်ပြီး အဆက်အသွယ်လုပ်နေတတ်ကြပါတယ်။ ဒီလိုနည်းလမ်းနဲ့ နီးနီးကပ်ကပ်ရှိနေသလို ခံစားရစေမှာဖြစ်ပါတယ်။

၈။ ဘာကြောင့် ချစ်မိသွားတာလဲဆိုတာကို အမြဲတမ်းအသိပေးနေတတ်တယ်။
အခုလို ချစ်သူတွေဖြစ်ဖို့၊ ဘ၀လက်တွဲဖော်တွေဖြစ်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာကို နေ့တိုင်းလိုလို အသိပေးပြောနေတတ်ကြပါတယ်။

၉။ နေ့ရက်တိုင်းမှာ အဓိပ္ပါယ်ပြည့်စုံအောင် ဖန်တီးပေးတတ်ကြတယ်။
မနက်ခင်းမှာ ကော်ဖီဖျော်ပေးတာ၊ ပင်ပန်းနေချိန်မှာ အလုပ်တွေကူလုပ်ပေးတာ စတဲ့အပြုအမူလေးတွေက

" ကိုကိုးမှုန့်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ "

 
ချောကလက်ဆိုတာ လက်ဆောင်ပေးဖို့အကောင်းဆုံး ရွေးချယ်စရာဆိုတာ သေချာပါတယ်။ ချောကလက်နဲ့ တခြားချိုချဉ်သကြားလုံးတွေဟာ ချစ်သူများနေ့မှာဆိုရင် နံပါတ်တစ် ရွေးချယ်ခံရတဲ့ လက်ဆောင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ချောကလက်ကို ကြိုက်ပေမယ့် ကိုယ်အလေးချိန်တက်မှာကို ကြောက်ကြတဲ့သူတွေ အတော်များပါတယ်။

ချောကလက်လည်း ကြိုက်တယ်၊ ကျန်းမာရေးအတွက်လည်း စိတ်ပူတယ်ဆိုရင် ချောကလက်ညိုကို စားသင့်ပါတယ်!
ချောကလက်ညိုက ကျန်းမာရေးအတွက် ကောင်းကျိုးတွေပေးနိုင်မှာဖြစ်သလို နီရဲယောင်ယမ်းခြင်းတွေ သက်သာပျောက်ကင်းစေပြီး ဓါတ်တိုးသတ္တိတွေလည်း အများကြီးပါဝင်ပါတယ်။

ချောကလက်ညိုကို ကိုကိုးစေ့ကနေ ပြုလုပ်ထားတာဖြစ်ပြီး ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးတဲ့ polyphenols, flavonoids, catechins ဓါတ်တိုးပစ္စည်း များစွာပါဝင်ပါတယ်။

ချောကလက်ညိုဟာ အားကစားသမားတွေအတွက် ကောင်းမွန်တဲ့အကျိုးများ ရရှိစေနိုင်ပါတယ်။
ဒါ့အပြင် စိတ်ကျရောဂါများကိုလည်း ဟန့်တာပေးနိုင်သလို ပျော်ရွှင်လန်းဆန်းစေဖို့ အကူအညီဖြစ်စေပါတယ်။

" ကြောင် အထီး ၂ကောင်ကို ခင်ပွန်းသည်တွေအဖြစ် ၁၀ နှစ်တိတိ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အမျိုးသမီး "

 
လက်တွဲဖော် နဲ့ ပြတ်စဲလမ်းခွဲပြီး ၇ နှစ် အကြာမှာတော့ Barbarella Buchner ဆိုသူအမျိုးသမီးဟာ သူ့အနေ နဲ့ အချစ်ကို ထပ်မံ
မတွေ့နိုင်တော့ဘူးလို့ ထင်လာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ အသက် ၄၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Barbarella  ဟာ သူမရဲ့ ဘ၀တစ်လျှောက် လုံးမှာ သူမရဲ့ ကြောင် ၂ ကောင်နဲ့ပဲ အတူနေတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

Barbarella ဟာ သူမရဲ့ ကြောင် အထီး ၂ကောင်ကို သူမရဲ့ ခင်ပွန်းသည် တွေအဖြစ်နဲ့ လက်ထပ်ပေါင်းသင်းလာခဲ့ပြီး အခု ဇန်န၀ါရီလ မှာ ၁၀ နှစ်ပြည့် ခဲ့ပါပြီ။ သူမ ဟာ ထိုကြောင်ထီး ၂ ကောင်ရဲ့ ပုံနဲ့နာမည်ကိုလည်းသူမရဲ့ညာဘက်ခြေထောက်မှာလည်းတက်တူးထိုးထားပါတယ်။

လန်ဒန်မြို့မှာနေထိုင်တဲ့ Web ဒီဇိုင်နာ Barbarella ဟာ ထိုကြောင်ထီး ၂ ကောင်ဟာသူမရဲ့ ဘဝ

" ဗို့အား ၁၁၀၀၀ လောက်ရှိတဲ့ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သော်လည်း သေကံမရောက်၍ သက်မပျောက်ခဲ့သူ "



ဗို့အား ၁၁၀၀၀ ရှိတဲ့ လျှပ်စစ်ရှော့ခ်ဖြစ်ခဲ့ပေမယ့်လည်း ဒီအမျိုးသားကတော့ ကံကောင်းခဲ့ပြီး အသက်မစတေးခဲ့ရပါဘူး။

အသက် ၅၀ နှစ် အရွယ် Mark Bradley ဆိုသူဟာ သတ္တု မီးအိမ် တစ်ခုအား မီးပလပ် တွင်တပ်ဆင်နေစဉ် ဗို့အား ၁၁၀၀၀ ရှိသည့် ရှော့ခ် ဖြစ်ပွားခဲ့တာပါ။

သူ ဒီလိုဖြစ်ခဲ့တာကိုတော့ သူငယ်ချင်းတစ်ယောက်က အချိန်မီ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

 Ade Savage ဆိုသူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးဟာ Mark ရဲ့ အဖြစ်အပျက်ကို တွေ့ရှိခဲ့ပြီး သူ့အား ထိုးနှက်ပြီး လျှပ်စစ်ဓါတ်နှင့် ဝေးရာသို့ ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်ပါ ဓါတ် လိုက်ခဲ့ သည့် အတွက် သစ်သားချောင်း တစ်ခုအား ဆွဲယူ၍ Mark အား အရှိန်ပြင်းထန်စွာ ရိုက်နှက် လိုက် မှသာ Mark ဟာ လျှပ်စစ်စီးကြောင်းနဲ့ ပြတ်တောက်သွားခဲ့ရတာဖြစ်ပါတယ်။

သစ်သားကတော့ လျှပ်စစ်မစီးဆင်းနိုင်လို့  Ade ဟာ ဓါတ်လိုက်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ သူငယ်ချင်း Mark

" သင်္ဘောသားသုံးယောက် ဟာသဝတ္ထုတိုများ ..... သော်တာဆွေ "


စာအုပ်အမည်               -          သင်္ဘောသားသုံးယောက် ဟာသ၀တ္ထုတိုများ
စာရေးသူအမည်            -          သော်တာဆွေ
စာအမျိုးအစား              -          ဟာသ၊၀တ္ထုတို



 

May 9, 2016

" မိုးသီး ဘယ်လိုစဖြစ်လာလဲ "

 
မိုးသီးဆိုတာ မိုးသက်မုန်တိုင်းနဲ့ တခြားပြင်းထန်တဲ့ အပူစီးကူး မုန်တိုင်းထဲမှာ ဖြစ်ထွန်းတဲ့ ရေခဲလုံး၊ တုံအသွင်ဖြင့် မိုးရွာချခြင်း ဖြစ်ပါတယ်။ မိုးသီးက အလွှာတွေ တဖြည်းဖြည်းထပ်ထပ်ပေါင်းခြင်းဖြင့် အဓိကဖြစ်ထွန်းတဲ့ ရေခဲအမုန်သေးသေးလေးများအဖြစ် စတင်ပါတယ်။ ပိုကြီးလာဖို့အတွက် ရေစက်ကလေးတွေ လိုအပ်ပါတယ်။ အဲဒီမိုးသီးက မုန်တိုင်းတွေကြား တက်လိုက် ဆင်းလိုက် လှုပ်ရှားတဲ့အခါ ရေစက်ကလေးတွေနဲ့ တိုက်မိဆောင့်မိပြီး တဖြည်းဖြည်း ပိုကြီးလာပါတယ်။
မိုးသီးကို ရိုက်ခွဲလိုက်ရင် ရေခဲအကွင်းလိုက်ပုံစံတွေ တွေ့ရပါလိမ့်မယ်။ တချို့အကွင်းတွေ နို့ရောင်လို ဖြူပြီး တချို့ကျတော့ ကြည်လက်နေပါတယ်။ သူ့ရဲ့အကွင်းလိုက်ပုံစံဖွဲ့စည်းမှုက မိုးသီးတစ်ခုလုံးဟာ အစို သို့မဟုတ် အခြောက် နှစ်မျိုးဖြင့် ဖြစ်ထွန်းနိုင်တာကို ဖော်ပြပါတယ်။
အစိုဖြစ်ထွန်းမှုမှာ မိုးသီးဟာ လေအပူချိန် ရေခဲမှတ်ထက်နိမ့်တဲ့ (ဒါပေမယ့် အလွန့်အလွန် အေးတာတော့မဟုတ်) မုန်တိုင်းဖြစ်ထွန်းဒေသတစ်ခုမှာ ရှိပါတယ်။ မိုးသီးက ရေစက်နဲ့ တိုက်မိတဲ့အခါ အဲဒီရေဟာ ချက်ချင်းတော့ ခဲမသွားပါ။ အဲဒီအစား မိုးသီးအနှံ့ ပျံ့နှံ့သွားပြီး ဖြည်းဖြည်းချင်းပဲ ခဲပါတယ်။ ဒီလိုဖြည်းဖြည်းချင်း ခဲနေစဉ် လေပူဖောင်းတွေ လွတ်ထွက်ကာ ရေခဲကြည်လွှာတွေ ဖြစ်ပွားပါတယ်။
မိုးသီးခြောက်ဖြစ်ထွန်းမှုက လေအပူချိန် ရေခဲမှတ်အောက်တော်တော်လျော့တဲ့အခါ ဖြစ်ပေါ်ပါတယ်။ ဒီအနေအခြေမျိုးမှာ ရေစက်ဟာ မီးသီးထိတာနဲ့ ချက်ချင်းခဲသွားပါတယ်။ လေပူဖောင်းတွေ ချက်ချင်းခဲပြီး မှုန်ဝါးတဲ့ ရေခဲတုံးအဖြစ် ကျန်ရစ်ပါတယ်။ ရေခဲအလွှာတွေ ရေတွက်ခြင်းဖြင့် မုန်တိုင်းတွေကြား ဘယ်နှစ်ကြိမ်

" ချစ်သူမိန်းကလေး အချစ်ပိုစေမည့် အချက်များ "

 
သင့်အတွက် ဘာမှအပန်းမကြီးတဲ့ လုပ်ရပ်လေးတွေက သင့်ချစ်သူမိန်းကလေးအတွက် တကယ်ကိုသဘောကျ ကျေနပ်စရာဖြစ်သွားတတ်တာကို သိပါသလား။ ဘာကြောင့်လဲဆိုရင် ဒီလို အသေးအမွှားကိစ္စလေးတွေက အစ သူမအတွက် ဂရုစိုက်တတ်တာကို ဖော်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အတူတူ အားလပ်ရပ် အပန်းဖြေခရီးတွေ၊ ထူးထူးခြားခြား စီစဉ်ထားတာတွေ မလိုပဲ သင့်ကောင်မလေးကို အလေးအနက်ထားကြောင်း ပေါ်လွင်စေမယ့် အချက်တွေကို စုစည်းထားပါတယ်။
၁။ သူမသူငယ်ချင်းတွေရဲ့ နာမည်တွေကို မှတ်မိနေပါစေ။
သူမ သူငယ်ချင်းတွေရဲ့ နာမည်ကို မှတ်မိနေတာက သင့်ကောင်မလေးပြောသမျှကို အပြည့်အ၀ အာရုံစိုက်နေခဲ့တာကို ပေါ်လွင်စေပါတယ်။ ဥပမာဆူဇီဆိုတဲ့ နာမည်ကို ထပ်ကာထပ်ကာ ပြောနေပြီဆိုရင်သြော် ဟို မျက်ခုံးထင်းထင်းနဲ့ တစ်ယောက်မဟုတ်လားဆိုပြီး ၀င်ထောက်ပေးတာမျိုးဖြစ်ပါတယ်။
၂။ သန့်ရှင်းသပ်ရပ်မှုရှိပါစေ။
ဒီကိစ္စနဲ့ပတ်သက်လို့ ဖြစ်နိုင်ချေ()ခုရှိပါတယ်။
(က) သင်နေတဲ့နေရာကို မကြာခဏသူမ လာလည်လေ့ရှိတယ်ဆိုရင် နေအိမ်၊ အခန်း စတာတွေကို သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။
() နှစ်ယောက်အတူနေတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးတဲ့အတွက် သင့်ကို အမှတ်တွေအများကြီး ပေးမှာသေချာပါတယ်။
() သူမမှာ ကိုယ်ပိုင်နေရာတစ်ခုရှိပြီး သင်သွားလည်လေ့ရှိတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သင့်ကိုအချစ်ပိုလာမှာပါ။
၃။ သင်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
ယောင်္ကျားလေးတွေကို သူတို့ရဲ့ ခံစားချက်ကို အမှန်အတိုင်းဖွင့်ဟ မပြောတတ်ကြပါဘူး။ မိန်းကလေးတွေကလည်း သင့်စိတ်ကိုဖတ်နိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ ဒါ့ကြောင့် သင့်အနေနဲ့ ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာမျိုးကို သင့်ချစ်သူက ပိုသဘောကျပါလိမ့်မယ်။
၎။ ဖိအားမပေးပါနဲ့။
ကိစ္စကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် အတင်းအကျပ်ဖိအားမပေးပါနဲ့။
၅။ အစားအသောက်ရွေးချယ်မှုကို မဝေဖန်ပါနဲ့။
မင်း ဒါကို တကယ်စားမှာလားနောက်တစ်မျိုး သောက်ချင်တာ သေချာလားဒီလိုတွေ

" ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ ထူးဆန်းသော အိပ်စက်နည်းများ "

ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကျော်ကြားတဲ့သူတွေမှာ သာမန်လူတွေနားမလည်နိုင်တဲ့ ထူးဆန်းတဲ့ အပြုအမူတစ်ချို့ ရှိတတ်ပါတယ်။ အဲ့ဒီထဲကမှ ထူးဆန်းတဲ့ ကမ္ဘာကျော်တွေရဲ့ အိပ်စက်နည်းတွေကို တင်ပြပေးချင်ပါတယ်။ ဒါတွေကတော့-
 
၁)တွမ်ခရုစ်က အိပ်တဲ့အခါ ဟောက်သံအရမ်းကျယ်လောင်တဲ့အတွက် အသံလုံတဲ့ အခန်းထဲမှာ အိပ်စက်လေ့ရှိပါတယ်။
 
၂)Yahoo ရဲ့ CEO ဖြစ်တဲ့ မာရစ်ဆာ မေယာက နာရီပေါင်း ၁၃၀ ကြာ တစ်ဆက်တည်း အလုပ်လုပ်လေ့ရှိတာကြောင့် လေးလတစ်ကြိမ် တစ်ပတ်ကြာ ခွင့်ရက်ရှည် ယူလေ့ရှိပါတယ်။
 
၃)လီယိုနာဒို ဒါဗင်ချီက ၄ နာရီကြာတိုင်း မိနစ် ၂၀ အိပ်လေ့ရှိပါတယ်။
 
၎)မာရီယာ ကာရေးက သူမသီချင်းအတွက် အကောင်းဆုံး လေ့ကျင့်ခန်းလို့သတ်မှတ်ထားတာက လေထုသန့်စင်စက် အလုံး ၂၀ ကို ဖွင့်ထားပြီး ၁၅ နာရီကြာ အိပ်စက်ခြင်းလို့ ဆိုပါတယ်။
 
၅) ၁၉ ရာစုက နာမည်ကျော် စာရေးဆရာ အမ်မလီ ဘရွန်တဲ က သူမရဲ့ အိပ်မပျော်တဲ့ ရောဂါကြောင့်  စက်ဝိုင်းတွေထဲမှာ မအိပ်မချင်း လမ်းလျှောက်မှ ပင်ပန်းပြီး အိပ်ပျော်နိုင်တယ်လို့ ဆိုပါတယ်။
 
၆)မိုက်ကယ်ဖဲလ်စက ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၉၀၀၀ ကျော်မှာရှိတဲ့ လေထုနဲ့တူအောင် ဖန်တီးထားတဲ့ အခန်းထဲမှာ အိပ်လေ့ရှိပါတယ်။ဒါက ကြွက်သားတွေက အောက်ဆီဂျင်ရရှိဖို့အတွက် ခန္ဓာကိုယ်ကို ပိုပြီး အလုပ်လုပ်စေနိုင်ဖို့ အတွက် ဖြစ်ပါတယ်တဲ့။
 
၇)ဝင်စတန် ချာချီက ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ ဝီစကီနဲ့ ဆော်ဒါတစ်ခွက်ကို သောက်ပြီး ၂ နာရီခန့် အိပ်လေ့ရှိပြီး ဒါက သူ့ရဲ့ နေ့စဉ် အလုပ်တွေကို ၂ ဆပိုလုပ်စေနိုင်တယ်လို့ ဆိုပါတယ်။
 
၈)အဆိုတော် အမ်မီနမ်က သူ့အိပ်ခန်းထဲကို နေရောင်ခြည် အစက်အမှုန်မျှ မဝင်စေဖို့အတွက် ပြတင်းပေါက်တွေမှာ သံဖြူအလွှာတွေ တပ်ဆင်ထားပြီး အိပ်လေ့ရှိပါတယ်။
 
၉)စတီဗင်ကင်းက သူ့ရဲ့ ခေါင်းအုံးစွပ်တွေကို တခြားပစ္စည်းတွေကြားမှာ ဦးတည်ဘက် တစ်ဘက်တည်းကိုပဲ ထားပြီး အိပ်လေ့ရှိပါတယ်။
 
၁၀)နီကိုလာ တက်ဆလာက တစ်နေ့ကို ၂ နာရီပဲအိပ်ပြီး ဓာတ်ခွဲခန်းထဲမှာ ၈၄ နာရီကြာအောင် မရပ်မနား ဆက်တိုက်

" အတက်ရောဂါ သတိထားစရာ "

 အတက်ရောဂါ သတိထားစရာ
ငယ်စဉ်တုန်းက အတက်ရောဂါ ဖြစ်တတ်တဲ့ကလေးငယ် အတန်းဖော်တွေကိုတွေ့ မြင်တဲ့အခါ ဘာကြောင့်ဒီလိုဖြစ်တာပါလိမ့်လို့ စာရေးသူလည်း စဉ်းစားခဲ့ဖူးပါတယ်။ အရပ်ထဲမှာတော့ တချို့လူကြီးတွေက တက်တာ ကို ဝက်ရူးပြန်တယ်ဆိုပြီး ပြောကြတာလည်း ကြားဖူးနားဝရှိခဲ့တယ်။ တက်တတ်ရင် ချက်ကိုသော့နဲ့လှည့်ဆိုတာမျိုးပြောခဲ့ ကြတာတွေလည်း ကြားဖူးပါသေးတယ်။

ဒါဆိုရင် အတက်ရောဂါဆိုတာရဲ့ အစစ်အမှန်အဓိပ္ပာယ်
အင်္ဂလိပ်လိုဆိုရင်တော့ Seiz-ures သို့မဟုတ် fits လို့ ခေါ်လေ့ရှိကြတဲ့ အတက်ရောဂါဟာ အကြမ်းဖျင်းအားဖြင့် ဆိုရရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားနိုင်ဖို့အခရာဖြစ်တဲ့ ဦးနှောက်ဆဲလ် တွေ လုပ်ဆောင်မှုမူမမှန်ဖြစ်ရာကနေ အရင်းခံတာဖြစ်ပါတယ်။ အတက်ရောဂါဟာ ကျယ်ပြန့်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် ကုသမှုအတွက် စိတ်ရှည်ရမယ်။ ဖြစ်ရခြင်း အကြောင်းရင်းတွေလည်း အများကြီးရှိနိုင်တယ်။ အများစုကတော့ ဘာကြောင့် မှန်းသေချာတိတိကျကျမသိနိုင်ဘဲ မျိုးရိုးရှိလို့ဆိုတာကြောင့်ဖြစ်တတ်တယ်။ တက်ရခြင်းအကြောင်းအရာများစွာရှိတဲ့အနက် တချို့တစ်ဝက်ကိုဖော်ပြရမယ်ဆိုရင်တော့ ဦးနှောက်ဒဏ် ရာဖြစ် ဖူးရာကနေ အမာရွတ် ဖြစ်သွားတာမျိုးကြောင့်သော်လည်းကောင်း၊ မွေးရာပါဦးနှောက်ဖွံ့ဖြိုးဖွဲ့စည်းမှု ပုံမမှန် တာကြောင့်လည်းကောင်း၊ ဦးနှောက်မှာ အကျိတ်၊ သွေးခဲစတာတွေရှိနေတာကြောင့် လည်းကောင်း၊ အဖျား အလွန်ကြီးတဲ့အခါမှာ သော်လည်းကောင်းစတဲ့အကြောင်းအရာ အမျိုးမျိုး ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အရက်ဖြတ်စလူတွေနဲ့ အိပ်ဆေးတချို့ကိုစွဲ သောက်ရကနေ ဖြတ်တဲ့အခါမှာလည်း တက်တာမျိုးဖြစ်တတ်သလို ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ စတာတွေကြောင့် လည်း တက်တတ်ပါတယ်။

အတက်ရောဂါရဲ့အမျိုးကွဲများ
Focal seizure ခေါ် ဦးနှောက် ရဲ့အစိတ်အပိုင်းတစ်နေရာလေးကပဲ ကွက် ပြီး ပုံမှန်ကနေ ဖောက်ပြန်သွားတဲ့အခါမျိုး မှာ တစ်ကိုယ်လုံးအကြောဆွဲနေတာမျိုးလည်း မဟုတ်ဘဲ ခြေ၊ လက်တစ်ခုခု တစ်စိတ်တစ် ပိုင်းပဲ ပုံမှန်မဟုတ်၊ တက်သလို အကြော ဆွဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသိ စိတ်ကတော့ မပျောက်သွားဘူး။ သတိရှိနေ တယ်ဆိုရင်တော့ Simple partial seizure လို့ခေါ်ပြီးတော့ ဘာဖြစ်လို့ဖြစ်လိုက်မှန်းမသိ ဘဲ သတိပါလွတ်နေမယ်။ သတိလစ်မယ်ဆို ရင်တော့ Complex partial seizure လို့ ပြောင်းလဲသတ်မှတ်ပါတယ်။ ဦးနှောက်တစ်နေရာတည်းကွက် ပြီးဖောက်ပြန်တာ၊ Abnormal activity  ဖြစ်တာမဟုတ်ဘဲ ဦးနှောက်ရဲ့ Area အနှံ့ မှာဖောက်ပြန်မှုဖြစ်တဲ့အတွက် ဖြစ်လာတဲ့ အကြောဆွဲပုံ၊ အတက်ရောဂါမျိုးတွေကိုတော့ Generalized Seizures လို့ခေါ်ကြတယ်။ Generalized seizures တွေအမျိုးမျိုးမှာမှ ကလေးတွေဆိုရင် တစ်ခုခုလုပ်နေရာက နေ ဆယ်စက္ကန့်လောက်ဖြစ်ဖြစ် သတိလွတ် နေသလို ငူငူငိုင်ငိုင်ကြီး ရုတ်တရက်ထဖြစ် တတ်တာမျိုးလည်းရှိတတ်တယ်။ ခြေတွေ လက်တွေ တစ်ဆတ်ဆတ်ခါပြီးတက်နေတာ မျိုး၊ သို့မဟုတ် တောင့်တင်းပြီးအကြောဆွဲ နေတတ်တာမျိုး စသည်ဖြင့်လည်းရှိတတ်ပါတယ်။ ဒါ့အပြင် မတ်တတ်ရပ်နေရာက နေ သတိမလွတ်ဘဲ ကြွက်သားတွေအားမရှိ တော့တာကြောင့် ရုတ်တရက်ပျော့ခွေ ပြီး ပြုတ်ကျတာမျိုးဖြစ်စေတဲ့ အတက်ရောဂါ လည်းရှိတယ်။ ဒီလိုမျိုးအတက်ရောဂါတွေ ကို ဘာလို့ခွဲခြားထားသလဲဆိုရင်တော့ ကုသ မှုပိုင်းဆိုင်ရာမှာ ကောင်းစွာအထောက်အကူ ပြုစေနိုင်ဖို့ဖြစ်ပါတယ်။

ဘယ်လိုအခါမှာ တက်တာကို  ဆောလျင်စွာဂရုတစိုက်ကုသပေးဖို့လိုသလဲ။
တက်နေတာငါးမိနစ်ကျော်ကြာ ပြီဆိုလျှင် အတက်ရပ်သွားပေမယ့် အသက်မရှူတာ သို့မဟုတ် သတိပြန်မလည်လာတာ ဖြစ်လျှင်၊ တစ်ခါတက်ပြီး ရပ်ရပ်ချင်းမှာ နောက် တစ်ခါဆက်တိုက် ထပ်တက်မယ်၊ သတိ လည်း ကောင်းကောင်းမလည်ဘူးဆိုလျှင်၊ အဖျား တွေအရမ်းကြီးနေလျှင်၊ ရာသီဥတုပူပြင်း လွန်းလို့ သွေးခုန်နှုန်းတွေ ရှိသင့်တာထက် အရမ်းပိုမြန်လာပြီး ချွေးထွက်တအားများတာ၊ ကြွက်သားတွေကိုက်ခဲလာတာ စတာ မျိုးကြုံရတဲ့ Heat exhaustion ဖြစ်လာလျှင်၊ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်နေလျှင်၊ ဆီးချို၊ သွေးချိုရောဂါရှိနေလျှင် အတက်ရောဂါကို သတိထားဖို့လိုအပ်ပါတယ်။ အတက်ရောဂါရှိလို့ရှိမှန်းမသိ၊ ရှိသော်လည်း စနစ်တကျမကုသတာကြောင့် ရုတ်တရက်အတက်ရောဂါပြန်ပြန်ဖြစ်တာ ကြောင့် သွားရင်းလာရင်းလဲကျတာ၊ ထိခိုက ဒဏ်ရာရတာဆိုတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပါတယ်။ တချို့လည်း အတက်ရော ဂါရှိမှန်းမသိတာကြောင့် ရေဆင်းကူးရင်း ရေထဲမှာအကြောဆွဲပြီး တက်နေတဲ့အခါ အသက်ဆုံးရှုံးရတာမျိုး ဖြစ်တတ်တယ်။ ဒါ့အပြင် အတက်ရောဂါရှိသူ တွေအနေနဲ့ သတိလစ်တတ်တဲ့အတက်ရောဂါဆိုရင် ကားမောင်းတာမျိုးကို ပိုလို့တောင် ရှောင်ကြဉ်သင့်ပါတယ်။ စက်ပစ္စည်းတစ်ခုခုကို အတက်ရောဂါရှိသူတွေကိုမောင်းနှင်ခိုင်းတာ၊ အသုံးပြုခိုင်းတာကို

" နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ "

 နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) ၏ ညနေပိုင်းသင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ မေ ၆
နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) ၏ ညနေပိုင်း သင်တန်းများကို အွန်လိုင်းလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၏ ညနေပိုင်း Certificate တန်းများကို ၁၆ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှလက်ခံမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် ညနေပိုင်းဘာသာရပ်သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာရပ်များဖြစ်ပြီး ယင်းသင်တန်းများကို တက်ရောက်လိုသူများသည် www.YUFL.Info/chrd-form နှင့် www.myanmar-wave.com/yufl-chrd-form တွင် ရယူပြီး လျှောက်ထားနိုင် ကြောင်း၊ လျှောက်ထားမည့်သူသည် အီးမေးလ်အကောင့်ရှိ ရန် လိုအပ် ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်မှ သိရသည်။

''ဒီလို အွန်လိုင်းကနေလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။အရင်ကဆို ကျောင်းမှာလာလျှောက် တာမျိုးဆိုရင် တန်းစီပြီးစောင့်ကြရတယ်။ အဲဒီအခါကျတော့ လူတွေ တစ်ရုံးရုံးနဲ့ ဒုက္ခရောက်ပါတယ်။ ဒါကြောင့် အားလုံးလည်း အဆင် ပြေအောင် အွန်လိုင်းက လျှောက်ထားဖို့လုပ်တာပါ''ဟု နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ်ရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ယခု လ ၆ ရက်နေ့တွင် ပြောသည်။ အဆိုပါညနေပိုင်းသင်တန်း ကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှ စတင်လက်ခံသွားမည်ဖြစ်ပြီး သတ်မှတ်ထားသောလူဦးရေ ပြည့်မီပါက လျှောက်ထားခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ညနေပိုင်းသင်တန်းများအတွက် လူဦးရေးကို ကန့်သတ် ထားကြောင်း သိရသည်။

''စတက်ရမှာကတော့ ဒီလကုန် ၃ဝ ရက်နေ့ ဖြစ်ပါတယ်။ လျှောက်ထားတာကို သတ်မှတ်ထားတဲ့အရေ အတွက်ရောက်ရင်- ဥပမာ ၄ဝဝ၊ ၅ဝဝပြည့်သွားရင်တော့ ဖောင်လက်ခံတာပိတ်လိုက်မှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ညနေပိုင်းသင်တန်းများ ခေါ်ယူပါက ခေါ်ယူမည့်တစ်ရက်အလို ည ၉

" အထင်ကရအမျိုးသားတစ်ဦး ဖြစ်ဖို့ ရှောင်ရန် အချက်(၁၀) "

 
ယုံကြည်မှုရှိရှိ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့။ သူတို့အခန်းထဲဝင်လာပြီဆိုတာနဲ့ အားလုံးရဲ့အာရုံကို ဖမ်းစားလိုက်နိုင် တယ်။ သူတို့စကားပြောပြီဆိုရင်လည်း အခြားယောင်္ကျားလေးတွေတောင် ပါးစပ်အဟောင်းသားနဲ့ နားထောင်ကြရတယ်။ ယောင်္ကျားလေးအချင်းချင်းကြားမှာ လူချစ်လူခင်များသလို မိန်းကလေးတွေရဲ့ မျက်နှာသာပေးတာလည်း ခံရတယ်။ ဟုတ်ပါတယ်။ ဒီလိုလူမျိုးတွေကို အထင်ကရအမျိုးသားတွေလို့ ခေါ်ပါတယ်။
အထင်ကရအမျိုးသားတစ်ယောက်မှာ ထင်ရှားပြီး ဘယ်တော့မှမလွဲနိုင်တဲ့ ၀ိသေသလက္ခဏာတွေ ရှိတတ်ပါတယ်။ သူတို့က ပင်ကိုယ်ခေါင်းဆောင်တွေဖြစ်ပြီး သူရဲ့အပေါင်းအသင်းတွေ၊ အသင်းဖော် အသင်းသားတွေကို ဦးဆောင်မှု၊ ကာကွယ်မှုတွေ ပေးတတ်သူတွေဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အထင်ကရအမျိုးသားတွေအတွက် အခွင့်အရေးတွေအမြဲလိုလိုရှိနေတတ်ပါတယ်။ သူတို့က အကြောင်း အကျိုးကို ကောင်းကောင်းဝေဖန်သုံးသပ်နိုင်ပြီး အခွင့်အရေးရသမျှကို သူအဖွဲ့အစည်းအတွက် အကျိုးရှိစေသူ ဖြစ်ပါတယ်။
နောက်တနည်းပြောရရင် အထင်ကရအမျိုးသားဆိုတာ သူရဲ့စိတ်ဓာတ်၊ သူ့ရဲ့လုပ်ရပ်တွေကြောင့် တခြားသူ တွေက အတုခိုးရတဲ့အထိ ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။ သင်ရော ဒီလို အထင်ကရအမျိုးသားတစ်ဦး မဖြစ်ချင်ဘူးလား။ အထင်ကရအမျိုးသားတစ်ဦးဖြစ်ဖို့အတွက် ရှောင်ရန် အချက်(၁၀)ကို ဖော်ပြလိုက်ပါတယ်။

၁။ အနိုင်မကျင့်ပါနဲ့
အထင်ကရအမျိုးသားတွေက လိုအပ်လာတဲ့အချိန်မှာ အားနဲ့မာန်နဲ့တိုက်ခိုက်တတ်ကြပေမယ့် အားနည်း သူကို အနိုင်မကျင့်တတ်ကြပါဘူး။ ဒါ့ကြောင့် အခြားလူတွေကို အနိုင်မကျင့်ပါနဲ့။

၂။ အသာစီးရဖို့ သစ္စာမဖောက်ပါနဲ့။
အထင်ကရအမျိုးသားတွေဟာ သူ့အပေါင်းအသင်းတွေပေါ်မှာ ဘယ်တော့မှာ နောက်ကျောဓားနဲ့ထိုးတာမျိုး သစ္စာဖောက်တာမျိုး မလုပ်တတ်ကြပါဘူး။ လူကြီးလူကောင်းဆန်ဆန် ပြုမူပြောဆိုတတ်ကြတဲ့အတွက် ထိုက်တန်တဲ့ အများရဲ့ လေးစားမှုကိုလည်း ခံယူနေကြရသူတွေဖြစ်ပါတယ်။

၃။ လိမ်ညာမပြောပါနဲ့။
အထင်ကရအမျိုးသားတွေက လူလိမ်တွေမဟုတ်ကြပါဘူး။ တခြားလူတွေကို မလိမ်တတ်ကြသလို ကိုယ့်ကိုယ်ကိုလည်း မလိမ်တတ်ကြပါဘူး။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသူတွေ ဖြစ်ပါတယ်။

၎။ အခြားသူတွေကို အပြစ်မတင်ပါနဲ့။
အထင်ကရအမျိုးသားတွေက သူတို့လုပ်ရပ်အတွက် သူတို့ကိုယ်တိုင် တာဝန်အပြည့်အ၀ယူတတ်ကြပါတယ်။ သူတို့အပြစ်လျော့သွားဖို့အတွက် အပြစ်တင်စရာလူမရှာတတ်ကြသလို သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အကျိုးရလဒ်ရရှိမယ်ဆိုတာကို တကယ်သဘောပေါက်ကြပါတယ်။ သူ့အမှားကို တခြားလူဆီ လွှဲချဖို့ စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး။

၅။ မစဉ်းစားပဲ မလုပ်ပါနဲ့။
အထင်ကရအမျိုးသားတွေက အလျှင်မြန်ဆုံး လုပ်ဆောင်တတ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့မလုပ်ခင်မှာ

May 8, 2016

" ထူးဆန်း အံ့သြဘွယ်ရာ တက်တူးတွေကို အပျင်းပြေ ထိုင်ကြည့်ကြမလား (၂) "


" စိတ်တူကိုယ်တူ ချစ်သူတွေကြားက နားလည်မှု ၈ ချက် "

 
ချစ်သူတွေကြားမှာ လမ်းခွဲကြရတဲ့အကြောင်းရင်းကတော့ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ လွဲမှားနေလို့ဖြစ်ပါတယ်။

အထူးသဖြင့် အကျင့်စည်းကမ်းလေးတွေက မတူညီကြလို့ပါ။ ဒါကြောင့် ဘယ်အချက်လေးတွေကို ဆောင်သင့်သလဲဆိုတာကို တင်ပြလိုက်ပါတယ်။

၀၁. အတူတူသွားလာနေချိန်မှာ ဖုန်းမကလိပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး မအားတဲ့ကြားကတွေ့နေရတဲ့အချိန်မှာ ဖုန်းကို ကလိပြီး ဂိမ်းဆော့၊ Facebook နေရင်တော့ ချိန်းတွေ့နေရတဲ့အချိန်တွေက နှမြောစရာပါ။

၀၂. ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ တိတိကျကျ။

နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေရှိလို့သာ ချစ်သူတွေဖြစ်လာကြတာပါ။ ချစ်ကြိုက်တဲ့ကာလကကြာလာရင်တော့ ဆုံးဖြတ်သင့်တဲ့ကိစ္စတွေမှာ
ချက်ချင်းမဆုံးဖြတ်နိုင်သလို၊ ဟိုနေ့ရွှေ့ဒီနေ့ရွှေ့တွေလုပ်လာတတ်ပါတယ်။ ချစ်သူသက်တမ်းမှာ အဆင်ပြေစေရန် အချိန်မစွဲပဲ မြန်မြန်လုပ်သင့်တာကို လုပ်ပါ။

၀၃. ညီညီမျှမျှ လုပ်ပါ။

ချစ်သူကြတော့ တစ်မျိုး အပြင်လူကြတော့ တစ်မျိုး ဆက်ဆံရင်တော့ မကောင်းပါ။ ဆက်ဆံရေးတစ်ခုတည်းမဟုတ်ပဲ အခြားသောကိစ္စတွေမှာလည်း ချစ်သူရဲ့ လိုအပ်ချက်ကို ဖြည့်စီးပေးပြီး
တန်းတူညီတူ ဆက်ဆံခြင်းဟာ ချစ်သူဘဝကို သာယာစေမှာပါ။

၀၄. ပြောတဲ့အတိုင်း လုပ်ပါ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူနဲ့ အသက်ရှည်နေကြတာပါ။ ကတိတွေပေးပြီးမှ မလုပ်ရင်တော့ ချစ်သူမှာလည်း

" အူလမ်းကြောင်းကို ရှင်းလင်းခြင်း "


ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာအညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေကအစဉ်အမြဲရှိနေ
တတ်တော့အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။
လူတွေရဲ့အူဟာအမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။အစား
အသောက်တွေကနေရလာတဲ့အာဟာရရည်ကိုအူတွေကနေစုပ်ယူပြီးသွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။
ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊အူမသန့်ရင်သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။အူတွေကိုသန့်ရှင်းပေးတော့မှအဆိပ်တောက်
ကင်းတဲ့သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။သွေးသန့်ရင်ရောဂါကင်းမယ်၊သွေးညစ်ရင်ရောဂါ
များမယ်။သွေးသန့်ဖို့အတွက်အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်
၊ရွှေဖယုံညွန့်စတဲ့အညွန့်အရွက်တွေမှာအမွှေးအမျှင်လေးတွေပါပါတယ်။အဲဒီ့အရွက်အညွန့်တွေဟာမျက်နှာသုတ်ပဝါမှာပါတဲ့

" ထူးထူးခြားခြား တည်ဆောက်ထားသော ကားလမ်းများ "


တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လမ်းပန်း ဆက်သွယ်ရေးသည် အလွန်အရေးပါလေ့ ရှိသည်။ ထို့ကြောင့်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အကောင်းဆုံး နည်းလမ်း များကို အသုံးပြုလေ့ ရှိသည်။ သို့သော် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် အချို့ကားလမ်း များသည် အံ့အားသင့်စရာ အခြေအနေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဘိုလီဗီးယား နိုင်ငံရှိ လမ်းတစ်လမ်း သည် အမြင့်(၁၉၆၈) ပေတွင်ရှိသော်လည်း မည့်သည့် အတားအဆီးကိုမှ ပြုလုပ် ထားခြင်း မရှိ သောကြောင့် သေမင်းတမန်လမ်း အဖြစ် ခေါ်ဆိုခဲ့ကြသည်။ ထို့အတူ နော်ဝေနိုင်ငံရှိ ဥမင်လိုဏ်ခေါင်း လမ်းသည် (၁၅ ဒသမ ၂) မိုင်အထိ ရှည်လျား သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ထူးထူး ခြားခြား တည်ဆောက် ထားသော ကားလမ်းများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

၁။ အမတ်စောက်ဆုံးလမ်း
          နယူးဇီလန်နိုင်ငံ၊ ဒန်ဒင်မြို့ရှိ လမ်းတစ်လမ်းကို အမတ်စောက်ဆုံးလမ်း အဖြစ် သတ်မှတ် ထားသည်။ ယင်းလမ်းကို Baldwinဟု အမည်ပေး ထားပြီး ဂင်းနစ် မှတ်တမ်းတွင် အမတ်စောက်ဆုံးလမ်း အဖြစ် ဖော်ပြ ထားသည်။ ဆင်ခြေဖုံး အရပ်ဒေသတွင် တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိ ကြသည်။ အဆိုပါ လမ်းတွင် ခရီးသွား များသည် ပြေးပွဲများ ပြုလုပ်လေ့ရှိ ကြသည်။ လမ်းတိုပုံစံ ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်နှင့် အထက် ( ၉၈)ပေမှ  ပေ (၃၃၀) အကြားတွင်ရှိသည်။ ဆောင်းရာသီတွင် လမ်းချော်မူများ မဖြစ်စေရန် အကောင်းဆုံး နည်းပညာများကို အသုံးပြု တည်ဆောက် ထားသည်။ လမ်း၏ မတ်စောက်မှုသည် (၁၁၄၈) ပေအထိ ရှိသည်။

၂။ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်း 
          နော်ဝေနိုင်ငံတွင် တည်ရှိသည့် ဥမင်လိုဏ်ခေါင်းသည် ( ၁၅ ဒသမ ၂) မိုင်အထိ ရှည်လျားသောကြောင့် စံချိန်သစ်တင်ရှိခဲ့သည်။ ယင်းမှာ ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်း အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းအတွင်း မော်တော်ယာဉ်ကို မောင်းနှင်ရမည် ဖြစ်သောကြောင့် တုန်လှုပ် ချောက်ချားမှုများရှိ နိုင်သည်ဟု ဆိုထားသည်။ ယင်းဥမင် လိုဏ်ခေါင်းကို Laerdalsဟု အမည်ပေးထားပြီး ပေ (၆၀၀၀) ရှိသည့် တောင်တန်းများ အနီးတွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ကုန်ကျငွေမှာ  ဒေါ်လာ ( ၁၁၃ ဒသမ ၁) သန်းနီးပါး ရှိသည်။ ဆောင်းရာသီတွင်

" ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် (၁၀) ခု "

ယခုနှစ် အဖို့ Walt Disney အမှတ် တံဆိပ်သည် ကမ္ဘာပေါ်မှာ သြဇာ အကြီးဆုံး ကုန် အမှတ်တံဆိပ် အဖြစ် ရပ်တည်ကြောင်း Brand Finance စစ်တမ်း လုပ်ငန်းက ဖော်ပြသည်။
          ပြီးခဲ့သည့် နှစ်က Lego က ထိပ်ဆုံး ရပ်တည် ခဲ့ရာမှ ယခုနှစ်တွင် စင်ဒရဲလား၊ မစ်ကီမောက်စ် တို့၏ ဖန်တီးရှင်၊ Star Warsဇာတ်လမ်းတွဲများ ဖန်တီးရှင် Walt Disney က ထိပ်ဆုံး တက်လာခြင်း ဖြစ်သည်။ ကုန် အမှတ် တံဆိပ် အပေါ် ဖောက်သည်များ၏ သစ္စာရှိမှု၊ ၀န်ထမ်းများက ထိုကုမ္ပဏီ အတွက် ကျေနပ်စွာ လုပ်ကိုင်လိုမှု စသော အချက်များ ပေါ် အခြေခံကာ အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။
          Lego သည် ကုမ္ပဏီ ငွေကြေး အင်အား အနေဖြင့် ထိပ်ဆုံး (၁၀) ခု ထဲတွင် အောက်ဆုံးဖြစ်သော်လည်း သြဇာကြီးမှု ပိုင်းတွင်မူ Walt Disney ပြီးလျှင် ဒုတိယ နေရာတွင် ရပ်တည် နေသည်။ သြဇာကြီးမှု တတိယ နေရာ တွင်
Subscribe

လာလည်သူများ

free counters