1. အသည်း
အသည်းဟာ များစွာသော သံဓါတ်တွေ ပါဝင်ပြီး ၊ အချို.လူတွေအတွက် ကျန်းမာသန်စွမ်းစေတဲ့ အစားအစာလို့ ဆိုနိုင်ပေမယ့် သူ့မှာ များစွာသော ကိုလက်စထရောဓါတ်တွေလည်း ပါဝင်နေပါတယ်။
2. Muffins (ကိတ်မုန့်လေးများ)
ဒီကိတ်မုန့်လေးတွေဟာ အံ့သြဖွယ်ရာ ထူးခြားကောင်းမွန်တဲ့ အရသာရှိပါတယ် ။ ဒါပေမယ့်လည်း ဒီကိတ်မုန့်ကို ဘယ်လိုအချိုးအစားတွေနဲ့ ပြုလုပ်ထားတယ် ဆိုတာက အရေးကြီးပြီး ၊ ကိုလက်စထရော ပါဝင်မှုနှုန်းက အထိုက်အလျှောက် မြင့်မားပါတယ်တဲ့။
3. မာဂျရင်း
မာဂျရင်းဟာ ထောပတ်လိုပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်လို့ ယူဆထားကြပါတယ် ၊ ဒါပေယမယ့်လည်း အသားဆီတွေလိုပဲ မာဂျရင်းမှာလည်း ကိုလက်စထရောတွေ များစွာပါဝင်နေပါတယ်။
4. ပြောင်းဖူးပေါက်ပေါက်
ပေါက်ပေါက်ဟာ ရုပ်ရှင်ကြည့်သူတွေ အများအပြားစားကြတဲ့ သားရေစာဖြစ်ပေမယ့် ကျန်းမာရေးအတွက်တော့ ရွေးချယ်လို့ ကောင်းတဲ့ အစားအစာမျိုး မဟုတ်ပါဘူး။ ပေါက်ပေါက်ဆုပ်ထဲမှာဆိုရင် ထောပတ် ၊ ဆီနဲ့ ဆားတို့ များစွာပါဝင်ပြီး ဒါတွေက ကိုလက်စထရောဓါတ်ပမာဏကို များစေပါတယ်။
5. အချိုမုန့်မျိုးစုံ
အထူးသဖြင့် ကွတ်ကီးတွေဟာ အလွယ်တကူ ဝယ်ယူနိုင်ပြီး ၊ ဘယ်လိုအမျိုးအစား ကွတ်ကီးမှာမဆို ကိုလက်စထရောဓါတ်တွေ များစွာပါဝင်နေပြီး ၊ သင့်ရဲ. နှလုံးအခြေအနေကို ဆိုးရွားထိခိုက်စေပါလိမ့်မယ်။
6. အခွံမာရှိသော ရေသတ္တဝါများ
ဒီရေသတ္တဝါလေးတွေမှာ များစွာသော ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိတယ်ဆိုတာ ငြင်းမရသလို ၊ ဒီကောင်တွေဟာ နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ ကိုလက်စထရောတွေ မြင့်မားစွာ ပါဝင်တာမို့ ရှောင်ကျဉ်သင့်ပါတယ်။
7. Macaroni နှင့် Cheese
အရွယ်ရောက်ပြီးသူသာမက ကလေးတွေဟာလည်း Macaroni နှင့် Cheese ပါဝင်တဲ့ အစားအစာတွေကို ကြိုက်နှစ်သက်သလို စားလို့လည်း အဆင်ပြေပါတယ် ၊ ဒါပေမယ့်လည်း စိတ်မကောင်းစရာက ဒီအစားအစာတွေဟာ ကိုလက်စထရောနဲ့ အဆီဓါတ်တွေ များစွာပါဝင်နေခဲ့ပါတယ်။
8. ဟမ္ဘာဂါ
ဟမ္ဘာဂါဟာ စားကောင်းတဲ့ အစားအစာမဟုတ်ဘူးလို့ ငြင်းဆိုဖို့ ခက်လှပါတယ် ၊ ဒါပေမယ့်လည်း ကံဆိုးချင်တော့ ဟမ်ဘာဂါတွေမှာ ကိုလက်စထရော ပါဝင်မှု ပမာဏ 70mg ထက်မကပါဘူး ။ အချို. ဟမ်ဘာဂါတွေက 175 mg ထိတောင် ရှိပါတယ်တဲ့။
9. ကြက်ကြော်
Fried chicken တွေကို ခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာလည်း တော်တော်လေး စားလာကြပါပြီ ၊ စားတဲ့လူတိုင်းလည်း အထွေအထူး ပြောစရာမလိုအောင် ကိုလက်စထရော အလွန်များပြားကြောင်း သိပြီးသားပါ ။
10. အာလူးချောင်းကြော်
အာလူးချောင်းကြော်ကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲ ၊ အထူးသဖြင့် ဟမ်ဘာဂါ ၊ ကြက်ကြော် နဲ့ ဘီယာတို့ဖြင့် တွဲဖက်စားလေ့ ရှိပါတယ် ။ ဟုတ်ကဲ့ ကိုလက်စထရောတွေ မနည်းမနောပါပဲ ။ လုံးဝ မစားသင့်ပါဘူး။
Credit : http://buzz.myanmarportal.net/myanbuzz/1326
No comments:
Post a Comment