♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 14, 2015

အောင်စစ်ခိုင် ပြည်-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက်



နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ကိုင်းပြင်ကြီး ကျေးရွာ အုပ်စုရှိ ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁ဝဝ/၁) နှင့် (၁ဝဝ/၂) ကြား၌ ယနေ့နံနက် ၁ဝ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

"ဈေးအသက်သာဆုံး အသားအရေ ထိန်းသိမ်းပစ္စည်း"

အမျိုးသမီးအများစု ဟာ သူတို့ရဲ့ အသားအရေ ကို လှပစေဖို့အတွက် မျက်နှာချေးချွတ်ဆေးတွေ ၊ Moisturizers တွေ ၊ ၀က်ခြံနဲ့ မှဲ့ခြောက်ပျောက်စေတဲ့ ခရင်မ်တွေ ၊ အရွယ်တင်နုပျိုစေတဲ့ အရည်တွေကို ပိုက်ဆံ မြောက်များစွာ အကုန်အကျခံပြီး ၀ယ်ယူသုံးစွဲကြပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာတော့ ကြော်ငြာတွေထဲကအတိုင်း သိသိသာသာ အသားအရေ ကောင်းမွန်လာတာမျိုးတော့ မရှိခဲ့ပါဘူး။ လေ့လာမှုတစ်ခုအရ အသားအရေတွေကို သဘာဝ အတိုင်းထိန်းသိမ်း ပြုပြင်ပေးနိုင်တဲ့ အရာကတော့ အာလူးပဲ ဖြစ်ပါတယ်။

" ပေါင်ကိုရေလောင်း အိပ်လို့ကောင်း "



နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းသည် လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးသောခွန်အားကို ပေးနိုင်ပေ သည်။ အိပ်ပျော်ခြင်း၌ ခန္ဓာကိုယ်၏ကြွက်သားများ အနားရကြသဖြင့် အိပ်ရေးဝသောအခါ ခွန်အား ပြည့်လာကြခြင်းဖြစ်၏။ အိပ်ရေးမဝဘဲ နိုးလာသောကလေးများ ဂျီကျတတ်သည်ကိုမြင်ရမည်။ အိပ် ရေးဝဝအိပ်ပြီးမှ နိုးလာသောကလေးများကား ရွှင်လန်းနေကြသည်ကို မြင်တွေ့ရပေမည်။ လူကြီးများ အနေဖြင့်လည်း အိပ်ရေးမဝလျှင်ကား၊ ရောဂါမရှိဘဲ အားနည်းနုံးချည့်သွားလေ့ရှိ၏။ ထို့ကြောင့် အိပ် စက်ခြင်းသည် ကျန်းမာရေးအတွက် ထိပ်တန်းထားရမည့်အချက်ဖြစ်သည်။

" အချစ်ကြောင့် ပြောင်းလဲလာသော အရာများ"



အချစ်နဲ့တွေ့တဲ့အခါ စိတ်ခံစားမှုတွေ ပြောင်းလဲလာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပြောင်းလဲသွားပါတယ်။

မြင်မြင်းချင်း ချစ်သွားမျိုးက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ငြင်းခုန်ကြတဲ့အခါ Sexual Medicine ဂျာနယ်မှာတော့ မြင်မြင်ချင်းချစ်တာမျိုးက ဖြစ်နိုင်တယ်လို့ ဆိုထားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ

" ဆေးဖက်ဝင် သတ္တ၀ါတစ်ပိုင်း အပင်တစ်ပိုင်း - ရှီးပဒီး ဆေးကောင်ပင်"

 



ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ

" ချစ်သူ မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်ကိုတော့ သေသေချာချာ မှတ်ထားစေချင်တယ်ကွယ်"

    

၁။ မအော်ငေါက်နဲ့
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကို အော်ငေါက်တာကို လုံးဝမကြိုက်ကြဘူး။
ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့။

၂။ ဆရာကြီးစတိုင်မလုပ်ပြနဲ့

February 13, 2015

"ရန်ကုန်လေဆိပ်မှာ ကိုရီးယား လေယာဉ် တောင်ပံနှင့် ဘန်ကောက် လေယာဉ် အမြီးပိုင်း တိုက်မှုဖြစ်ပွါး"



ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကိုရီးယား လေကြောင်းလိုင်း လေယာဉ်၏ တောင်ပံနှင့် ဘန်ကောက်လေကြောင်းလိုင်း လေယာဉ်၏ နောက်မြီးပိုင်းတို့ တိုက်မိမှုဖြစ်

" ကမ္ဘာ့သြဇာ အကြီးဆုံး အမျိုးသမီး ၅၀ ဆိုတာ ဟောဒိအောက်က မယ်မင်းကြီးမတို့ပါဘဲအေ...တကဒဲ ဟွန့်...သူတို့ဘဲတော်နိုင်လွန်းတယ် "


 
၁၉၉၈ ခုနှစ်၊ အောက်တိုဘာလမှာထုတ်ဝေခဲ့တဲ့ Fortune မဂ္ဂဇင်းထဲက စီးပွားရေးလုပ်ငန်းတွေမှာ သြဇာအကြီးမားဆုံးအမျိုးသမီးများ
(Most Powerful Women) ရဲ့ပထမဆုံးစာရင်းဟာ တကယ်တော့ အမေရိကန်တွေအတွက်ပဲရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စီးပွားရေးလုပ်ငန်းစွမ်းရည်နဲ့ညီမျှတယ်လို့

" ဘီးပေါက်လျှင် မတိမ်းမှောက်စေဖို့ ဆောင်ရွက်ရန် အောက်ပါအချက် (၆) ချက် "



အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။

" လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်အိုစေတဲ့ အစားအသောက် (၇)မျိုး "


လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်း ရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။

" သံယောဇဉ်ဆိုတာ..... ချစ်ခြင်းရဲ့ နှလုံးသားရပ်ဝန်း"


 
>>>...သံယောဇဉ်ဆိုတာ...<<<

သံယောဇဉ်ဆိုတာ... ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ဝိသေသ

သံယောဇဉ်ဆိုတာ... ကောင်းကင်ရဲ့ တိမ်မျှင်တစ်စ

သံယောဇဉ်ဆိုတာ... ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ

သံယောဇဉ်ဆိုတာ... စွန်တစ်ခုရဲ့ရစ်ဘီး

" ကျုပ်ကဒီဘ၀မှာ စုတေပြီးရင် ကျီးကန်းကြီး ဖြစ်မယ်တဲ့ဗျ.. စိတ်ညစ်ချက်ကဗျာ.. "




တစ်ခါတုန်းက နတ်သားနှစ်ယောက်ရှိတယ်။ အရမ်းခင်တဲ့ နတ်သားသူငယ်ချင်းနှစ်ယောက်ပေါ့။ နာမည်က ကိုဒေ၀နဲ့ ကိုကာသ။ သူတို့က နတ်ပြည်မှာဘာလို့ နတ်သားအတူတူ လာဖြစ်ကြသလဲဆိုတော့ လူ့ဘ၀မှာတုန်းက သူတို့က  မိသားစုချင်းသိပ်ကိုရင်းနှီး၊ သိပ်ကိုခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ လူ့ပြည်တုန်းက ကောင်းမှုကုသိုလ်၊ ရပ်ရွာကောင်းကျိုးတွေ အတူတူ လုပ်လာခဲကြတယ်။ အဲ့ဒီလိုလုပ်ခဲ့ကြပေမယ့် သူတို့လုပ်ခဲ့တဲ့ ကောင်းမှုဆိုတာ မှန်သမျှမှာ သူတို့ရဲ့သမာအာဇီဝပိုက်ဆံ၊ လုပ်အားတစ်ခုမပါဘူး။ သူတစ်ပါးဆီက လောဘစိတ်နဲ့မတရား ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ သူတစ်ပါးမျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရတဲ့အကျိုးအမြတ်၊ ငွေတွေနဲ့ သူတို့လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုပြီး

February 12, 2015

" အပျိုစင် ဘ၀ကို ပုရိသများထံ လေလံတင် ရောင်းချ ခဲ့သူ မိန်းမပျို (၈) ဦး အကြောင်း " ဒုက္ခပါဘဲအေ...



အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်
စားလေ့ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရသူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ အချို့
အမျိုးသမီး တွေဟာ နောက်ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင်ဘ၀ကို မလဲနိုင်ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူး
ပါတယ်။

ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချမှုတွေဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု
ကျယ်ပြန့်လာ ပြီးတဲ့နောက်မှာ အပျိုစင်ဘ၀ကို အွန်လိုင်းကနေ ရောင်းချမှုတွေ ရှိလာပါတယ်။ ဒီလို ရောင်းချရာမှာ
အချို့က ငွေကြေး အခက် အခဲကြောင့် လည်းကောင်း၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး
ဖြစ်နေတာ တွေ့ရှိခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့

" သွားတိုက်ဆေး အသုံးဝင်ပုံများ တော်တော်များပါတယ်...ကဲကြည့်လိုက်ကြရအောင်.."

သွားတိုက်ဆေး အသုံးဝင်ပုံများ သွားတိုက်ဆေးကို လူတိုင်းသုံးနေကြ၊ သိကြပေမယ့် သွားတိုက်ရုံသာမက အခြား
နေရာတွေမှာပါ သွားတိုက်ဆေးက အလွန် အသုံးဝင်တယ် ဆိုတာ worldinsidepictures.com မှာ တင်ပြ ထားပါတယ်။

"ခေတ်ဟောင်း မြန်မာ့ဖက်ရှင်နှင့် အသဲခိုက်စေသော... မမလေးများ "

 
မီးလေ..ဒီလိုလေးဘဲနေချင်တယ် ....တိလား...ဒါမှ ကျက်တရေ ရှိဒါဒဲ့ ဘဘက ပြောဒါ...ကိုကို
ရော..ဘယ်လိုသဘောရလည်းဟင်....မီးလေ..တယောက်ထဲပြုံးနေမိတယ်....

"ကိုကိုရယ်...အနမ်း ကြမ်းနှင့်ကွယ်...နားပင်းတတ်တယ်ဟယ်" သတိ!! အနမ်း ဘီလူးမစီးရ



တကယ်ဖြစ် သွားတာလေးပါ။ တရုတ်ပြည်၊ Guangdong ပြည် နယ် တောင်ပိုင်း က မြို့ ငယ်လေး တစ်ခု
မှာပါ။ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ယောက် သူ့ချစ်သူနဲ့ နမ်းပြီးတော့ ဘယ်ဘက်နား တစ်ဘက်
ကန်းသွားခြင်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလတုန်းကပါ။ ကောင်လေးရဲ့  အနမ်းအားကြောင့် ပါးစပ်ထဲမှာ လေဖိအား လုံးဝမရှိ
  တော့ပဲ နားစည်က လေဟာနယ်နေရာ အထိတောင် ထိုးဖောက်ပါတယ်။ နောက်ဆုံးအကျိုးဆက်ကတော့
နားတစ်ဘက်ကန်း သွားခြင်း ဖြစ်ပါတယ်။

"ကားမောင်း ၀ါသနာ ပါသူများ အတွက် Dr. Driving ဆိုတဲ့ ကားမောင်း ဂိမ်း ကောင်းကောင်း လေး တစ်ခု "



ကားမောင်း ၀ါသနာ ပါသူများ အတွက် Dr.Drivingဆိုတဲ့ကားမောင်းဂိမ်း ကောင်းကောင်း လေး တစ်ခု တင်ပေး လိုက်ပါတယ်ဗျာ။

February 11, 2015

" ဒီကစောင့်နေသူ ....သြော် တုံးဘဲတုံးနိုင်ပ မိအဝှါရယ်..တုံးချက်များ...ခဲတံတောင် ရှုံးတယ်အေ"



အိမ်ရှင်မတစ်ယောက်က လက်သမားဆရာတစ်ယောက်ကို ခေါ်ပြီးပြောတယ်… “ကျမတို့ အိပ်ခန်းထဲက ကုတင်က အိမ်ဘေးကလမ်းမှာ မြို့ပတ်ရထားဖြတ်မောင်းသွားတိုင်း တကျွိကျွိနဲ့ မြည်နေလို့”


“ဟုတ်လား…” …ဆိုပြီး ကုတင်ကို စစ်ဆေးကြည့်တယ် “ဘာပြစ်ချက်မှတော့ မတွေ့ဘူးဗျ” “ရထားဖြတ်မောင်းသွားမှ မြည်တာရှင့်” ဆိုတော့…. 
 
ရထားဖြတ်သွားအောင် စောင့်ပြီးနားထောင်ကြည့်တယ်…
 
“မကြားရပါလားဗျ” “မဟုတ်ဘူး ဒီကုတင်ပေါ်မှာ အိပ်နေရင် မြည်သံကြားရတယ်

" ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး "

 
 
ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။

" တကယ်တော့ ချစ်သူများနေ့ဟာ ပြက္ခဒိန်ပေါ်က ရက်တစ်ရက်မို့ အရေးမကြီးဘူးဆိုတာ တစ်ကိုယ်ရေသမားတွေ သိဖို့ လိုအပ်တာ "

 
 
ကိုယ်မျှော်လင့်ထားတဲ့ အချစ်ရေးနဲ့ ခုဖြစ်လာတာတွေနဲ့ ကိုက်ညီမှုမရှိလို့ စိတ်ညစ်နေရပါသလား။ ဒါမှမဟုတ် လမ်းခွဲပြီးကာစအချိန်မို့လို့ တစ်ယောက်တည်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နေရပါသလား။ အရေးထဲ ဖေဖော်ဝါရီလ ရောက်လာပြီမို့ ချစ်သူများနေ့ကလည်း နီးလာပြီ။ ဒီလိုအချိန်မှာမှ ချစ်သူနဲ့ ပြတ်စဲလိုက်ရတဲ့ ကိုယ့်အခြေအနေအတွက် ၀မ်းနည်းကြေကွဲနေရပါသလား။ မြင်မြင်သမျှအရာတွေတိုင်း ပန်းရောင်တွေနဲ့ ခြယ်မှုန်းထားတဲ့ အရာတွေ၊ ရောင်စုံထုပ်ပိုးမှုပုံစံတွေနဲ့ ချောကလက်တွေ၊

" ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း.."



ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း…တွေ ရှိပါတယ်။ သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။
နည်းလမ်း (၁)
~~~~~~~
- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။
- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။
- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။
- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။
- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။
နည်းလမ်း (၂)
~~~~~~~~
- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

"မြေခွေး နဲ့ ရွှေကျီး ပုံပြင်"



တစ်ခါတော့ ကျီးကန်း တစ်ကောင်ဟာ သစ်ပင်တစ်ပင်ပေါ်မှာ နားနေတယ်။ ပါးစပ်ကလဲ ဒိန်ခဲတစ်ခုကို ကိုက်ထားတယ်။ မြေခွေးတစ်ကောင်ကလဲ ဗိုက်ဆာဆာနဲ့ လမ်းလျှောက်လာရင်းနဲ့ ကျီးကန်းပါးစပ်ထဲက ဒိန်ခဲကို တွေ့သွားတယ်။သူလဲစားဖို့ကြံတော့တယ်။ မြေခွေးက သစ်ပင်အောက်ကို သွားပြီးတော့ ကျီးကန်းကိုမော့ကြည့်တယ်။ ပြီးတော့
” အို အသင်ကျီး သင့်ကို ကြည့်ရတာ တခြားကျီးတွေနဲ့ မတူ တမူထူးခြားပြီးတော့ မဲနက်နေတဲ့ အမွှေးအတောင်တွေနဲ့ စူးရှတဲ့ မျက်လုံး ကြီးမားတဲ့ တောင်ပံတွေရှိတယ် အင်း ဒီလို ထူးခြားတဲ့ အသင်ကျီးရဲ့ အသံကို ကြားချင်စမ်းပါဘိဗျာ ”
ကျီးကန်းလဲ ကိုယ့်ကိုကိုယ် အထင်ကြီးသွားပြီးတော့ သူ့အသံကြားရအောင် အော်လိုက်တယ်။ အဲဒီအချိန်မှာပဲ ပါးစပ်ထဲက ဒိန်ခဲဟာ သစ်ပင်အောက်ကို ကျသွားပြီးတော့ မြေခွေးက တစ်ခါထဲ

February 10, 2015

" ဆံပင်နှင့် အသားအရေအတွက် ဆန်ဆေးရည်မှရရှိတဲ့ အကျိုး ၁၂ချက်"



ဆန်ဟာ လူသားတွေရဲ့ ကောင်းကျိုး အတွက် သဘာဝကပေးတဲ့ အဖိုးတန်ပစ္စည်းတစ်ခုပါပဲ။ ဆန်ရဲ့ ကောင်းကျိုးရလဒ်တွေထဲမှာ အရေပြားအတွက်လည်းပါဝင်ပါတယ်။ ဆန်ဆေးရည်လို့အလွယ်ခေါ်ကြတဲ့ ဆန်စိမ်ထားတဲ့ အရည်ကို ပုံမှန်သုံးစွဲပေးမယ်ဆိုရင်တော့ သင့်ရဲ့ အသားအရေနဲ့ ဆံပင်အတွက် ကောင်းကျိုးတွေကို တစ်ပတ်အတွင်း သိသာထင်ရှားစွာခံစားရပါလိမ့်မယ်။

ဆံပင်ရှည်မြန်လာစေဖို့
ခေါင်းလျော်ရည်နဲ့ခေါင်းလျော်ပြီးရင် ဆံပင်ပျော့ဆေးသုံးမယ့်အစား ဆန်စိမ်ရည်ကိုဆံပင်မှာ ဆံသားထဲထိ စိမ့်ဝင်နေအောင် သုတ်လိမ်းပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ် ထိုနည်းအတိုင်းပြုလုပ်ပေးပါက အကောင်းဆုံးရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။
ဆံသားနှစ်ခွမဖြစ်စေဖို့
ဆံသားနှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်တွေကြောင့်စိတ်ညစ်နေပါသလား။ နှစ်ခွဖြစ်နေတဲ့ သင့်ဆံပင်အဖျားလေးတွေကို ဆန်ဆေးရည်ထဲမှာ ၁၅မိနစ်လောက်စိမ်ထားပေးပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးပါက ဆံသားနှစ်ခွဖြစ်ခြင်းမှ

" ကွန်ပျူတာ အကြည့်များသူများ အတွက် ကျန်မားရေး နည်းလမ်းကောင်းများ "

 
 
ကွန်ပျူတာကို နေ့စဉ် နေ့တိုင်း ကြည့်ရှုသူတွေဟာ ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင် စားသောက် တတ်ဖို့ဟာ အထူးပင် အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ နေထိုင်စားသောက်ပုံ မမှန်ကန်ရင်တော့ မိမိအတွက် များစွာသော ဆိုးကျိုးတွေကို ရရှိလာမှာပါ။ လိုက်နာသင့်သည့် နည်းလမ်းကောင်း တွေကတော့

(၁) နေထိုင်မှုမှန်ကန်ပါစေ
ဆိုလိုတာက ကွန်ပျူတာ ကြည့်ပြီး အလုပ်တစ်နေကုန် လုပ်ပြီးဆိုရင် ခါးကို မတ်မတ်ထားပါ။

"ရှေးစာဆိုတော်များ၏ လက်တန်း ဟာသ ကဗျာများ "


ကဗျာ (၁)

       ရတနာပူရ အင်းဝ စံနန်းတော်အတွင်း ဘကြီးတော်နှင့် နန်းမတော်မယ်နုတို့ ညီလာခံတစ်ခု၌
ထားဝယ်နယ်မှ “မယ်ကယ်သား” နားပန်တော် တစ်ရံကို ရွှေကြုတ်ဖြင့်ထည့်ကာ လာရောက်ဆက်သ
ပါတယ်။ နန်းမတော်ဟာ နားပန်တော်ကို အထူးနှစ်ချိုက်သွားပါတယ်။ အသင့် ခစားနေကြတဲ့

" သံပုရာသီး အစွမ်း "

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင်သွားကို ဖြူ...စေရုံတင်မကဘူး။ တောက်ပစေပါတယ်။ခံတွင်းအနံ့မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

      မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို

" မီးခြစ်ဆံ ပဟေဠိ "


    ပေးထားတဲ့ ပုံမှ နေပြီးတော့ မီးခြစ်ဆံလေး (၅) ချောင်းကို ဖယ်ရှားပစ်လိုက်ခြင်းအားဖြင့် သုံးနာညီ

တြိဂံလေး (၅) ခု တိတိကျကျ ကျန်နေအောင် ဘယ်မီးခြစ်ဆံလေးတွေကို ဖယ်ရှားရမလဲဆိုတာ

စဉ်းစားပေးကြပါဦး။
                ပြီးရင်သူငယ်ချင်းတို့ရဲ့စဉ်းစားချက်အဖြေကို အောက်က Read more မှာနှိပ်ပြီး

တိုက်ကြည့်လိုက်ကြပါနော်။

February 9, 2015

" အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးမယ့် ဟင်းချို "

 

ဒီဟင်းချိုမှာ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူစတဲ့ အစွမ်းထက်တဲ့ အရာတွေ ပါဝင်ပါတယ်။ သင့်ရဲ့ ခုခံအား စနစ်တစ်ခုလုံးကို အမှန်တကယ် အားကောင်းလာစေမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့အရာတွေကတော့
  •          ရေ (၃) လီတာ
  •          ဂျင်း လတ်လတ်ဆတ်ဆတ် ၁-၂ ဇွန်း
  •          ကြက်သွန်ဖြူ ၂-၃ ပွင့်
  •          ကြက်သွန်နီ ၁/၄ ပိုင်း

" ဖုန်းသုံးရင်း ဓားစာခံမဖြစ်စေရန် သတိပြု (သို့) ၁ရက်ကို ကန်ဒေါ်လာ ၃သိန်းရှာနေတဲ့ အကျပ်ကိုင်ညွှန်ကြားချက်တစ်ရပ်အကြောင်း" သတိ သတိ သတိ !!

 
သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ်

" ဓာတ်ပုံရိုက်တာကို စနစ်တကျလေ့လာပြီး တကယ် တတ်မြောက်လိုသူများ အတွက် "


ဓါတ်ပုံပညာနှင့်ပါတ်သက်၍ လေ့လာလိုသူများအတွက်...နည်းပညာစာအုပ်လေးပါ...ဓါတ်ပုံတွေကို ဘယ်လိုရိုက်ရမယ်..ကင်မရာကိုဘယ်လိုသုံးရမယ်ဆိုတာကို ပြသထားတဲ့စာအုပ်လေးကို အောက်မှာပြထားတဲ့နေရာကနေ ဒေါင်းယူနိုင်ပါတယ်..

Download


Credit : mmforward.blog

" ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု "

၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော က်နဲ့ကို တွေ့ရှိခဲ့ပြီးသူတို့ရဲ့အသားအရေတွေကအစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ခေါ်သွားပါတယ်။သူတို့ကထူးဆန်းတဲ့ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ဝတ်ဆင်ထားတာတွေက လဲသတ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့အစာမစားနိုင်ဖြစ်ပြီးတော့မကြာခင်သေ ဆုံးသွားပါတယ်။ကောင်မလေးကတော့ပဲစေ့နဲ့အခြားအရာလေးတွေကိုစားသောက်ပြီးကြီးပြင်းခဲ့ပါတယ်။နောက် ပိုင်းအခြားအစားအစာတွေနဲ့နို့တွေကိုသောက်ပြီးအသက်ကြီးလာတော့အသားအရောင်ပြောင်း

"ခရီးသွားတဲ့အခါ ကိုယ့်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာ ထုပ်ပိုးနိုင်ဖို့ သိထားရမယ့် အချက်(၁၅ ) ချက်"

 
ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ၀ါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုး မဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။
၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။

February 8, 2015

" ညအိပ်ရင် ဟောက်တတ်တဲ့သူတွေ အသံတိတ်စေဖို့ နည်းကောင်း"

 
လေယာဉ်နဲ့ ခရီးရှည်သွားရတော့မယ်ဆိုရင် သွေးခဲမှုတွေ မရှိအောင် စွပ်လေ့ရှိတဲ့ လေယာဉ်ပေါ်စီးခြေအိတ် (flight socks) က ဟောက်တတ်တဲ့သူတွေကို မဟောက်အောင် တားဆီးပေးနိုင်တယ်လို့ လေ့လာမှု အသစ်အရ ဆိုပါတယ်။ ဒါကို အိပ်တဲ့အခါ ဟောက်တတ်တဲ့သူရဲ့ ခြေထောက်မှာ စွပ်ပြီး အိပ်လိုက်ရုံပါပဲ။
ခြေအိတ်ဟာ နေ့ဘက်ဆိုရင် ခြေထောက်အောင်ပိုင်းမှာ ဖြစ်ပေါ်တဲ့

" သင့်အိမ်ထောင်ရေးကို ဖျက်စီးပစ်နိုင်တဲ့ သူငယ်ချင်းအမျိုးအစား (၃) မျိုး "



လောကမှာ ပိုက်ဆံ၊ ရာထူးဂုဏ်ရှိန်တွေထက်စာရင် သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ရတာ ပိုကောင်းပါတယ်လို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် သူငယ်ချင်းဆိုတဲ့နေရာမှာလည်း ဘယ်လောက်အတိုင်းအတာထိ ခင်မင်သင့်သလဲ၊ ဆက်တွဲသင့်၊ မတွဲသင့်ဆိုတာတွေ ရှိနေပါတယ်။ သူငယ်ချင်းဆိုတိုင်း ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတိုင်း၊ ကိုယ့်အိမ်ထောင်ရေး၊ ကိုယ့်ချစ်သူရည်းစားအကြောင်း ခရေစေ့တွင်းကျတော့ ပြောမနေသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ကိုယ်မသိလိုက်တဲ့အချိန်လေးမှာ ကိုယ်ခင်မင်ရတဲ့ သူငယ်ချင်းကြောင့် ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေး ဂယောက်ဂယက်တွေ ဖြစ်ကုန်ရတာမျိုးတွေ ကြုံနိုင်တာကြောင့်ပါ။ ဒီတော့ ဘယ်လိုသူငယ်ချင်းမျိုးတွေက သင့်အိမ်ထောင်ရေး၊ သင့်ဇနီးမယား၊ သင့်အမျိုးသားကြား

" တရုတ်ပြည်အကြောင်းသိသင့်တဲ့အချက် ၁၈ ချက် (အပိုင်း၂) "

 
တရုတ်ပြည်ဟာ ထူးထွေဆန်းပြားမှုများစွာရှိတဲ့ တိုင်းပြည်ဖြစ်ပြီး တရုတ်လူမျိုးတွေကို တစ်ခါတစ်ရံ နားလည်ရခက်ပါတယ်။  တရုတ်လူမျိုးတွေအကြောင်းပိုပြိးနားလည်အောင် နောက်ထပ် အချက်အနည်းငယ်ကိုပြောပြပါရစေဗျာ။
၁၀။ တရုတ်ပြည်မှာရှိတဲ့ Yangshouဆိုတဲ့ ကိုယ်ပိုင်စီရင်စုဒေသဟာ ကမ္ဘာ့အလှဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်တဲ့။

"ကျော်ပိုးအိတ် သို့မဟုတ် မိမိလက်ကိုင်အိတ်ကို အမြဲ သန့်စင်ပေးသင့် "

 

မိမိကြောပိုးအိတ် သို့မဟုတ် လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကြိုးတွေကို အထူး ဂရုစိုက်ပေးသင့်တယ်။ ၄င်းတို့ကို အိပ်ယာပေါ် သို့မဟုတ် မီးဖိုချောင်တွေမှာ မထားသင့်ဘူး။ ဒါ့အပြင် သွားလေရာကို ကိုယ်နဲ့မကွာယူကြတာမျိုး၊ သန့်စင်ခန်းကြမ်းပြင်တွေမှာချထားတာမျိုးတွေ  မလုပ်သင့်ပါဘူး။
အိတ်ပေါ်ကပ်နေတဲ့ staphylococcus၊ ဗိုင်းရပ်စ်၊ fomites နဲ့ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တဲ့

"ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ ဖက်ရှင်ဆိုတာ အဖော်အဟိုက်တွေထက် ဒီလို အချက်တွေနဲ့ ပြည့်စုံမှသာ"




မေသော်။ ။
ကိုယ့်ချစ်သူကောင်လေးနဲ့ ချိန်းတွေ့တဲ့အခါ ကိုယ့်ဖက်ရှင်က တစ်ဖက်လူရဲ့ စိတ်ထဲ ၀ိုး လို့ ဖြစ်သွားစေချင်တယ်ဟုတ်။ ကိုယ့်ကောင်လေးကို ဆွဲဆောင်မှုရှိစေဖို့အတွက် ခါးတို၊ ပေါင်ပြတ်၊ ဟိုဖော်ဒီဖော်တွေ လုပ်နေစရာမလိုပါဘူး။ ဒီလိုမျိုးမှ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ စတိုင်လ်လည်းကျမယ်၊ မြင်သူတိုင်းလည်း သဘောကျစေမယ့် ဖက်ရှင်မျိုး ဖြစ်ဖို့ ဆိုရင်တော့ ဒီအချက်လေးတွေ သိထားရင် ရပါပြီ။
၁။ခါးအတိုင်းဟာ အမျိုးသမီးဖက်ရှင်မှာ အရေးပါပါတယ်။
လေ့လာတွေ့ရှိချက်တွေအရတော့ သင့်ခန္ဓာကိုယ်အချိုးအစား ဘယ်လောက်ရှိရှိ၊ ခါးဆိုဒ်
Subscribe

လာလည်သူများ

free counters