♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

September 29, 2018

မုန့်ဟင်းခါးတစ်ပွဲ ငါးထောင်ပေးစားပြီး စီးပွားရေးကျနေသည်ဟု ပြောနေသည့် သူဌေးကြီးများစကား လုံးဝလက်မခံဟု စီးပွားရေးကော်မတီဝင် ဦးအေးလွင် ပြော


မုန့်ဟင်းခါးတစ်ပွဲ လျှင် ကျပ်ငါးထောင်ပေးစားကာ စီးပွားရေးကျနေသည်ဟု ပြောနေသည့်သူဌေးကြီးများ၏ စကားကို လုံးဝလက်မခံကြောင်း NLD ပါတီမှ ဗဟိုစီးပွားရေးကော်မတီဝင် ဦးအေးလွင်က ပြောကြားလိုက်သည်။
လက်ရှိ၌ စီးပွားရေးအကျပ်အတည်းအခက်အခဲဖြစ်သည်များကို လက်ခံပြီး NLDအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အား ကန့်လန့်တိုက်နေ့သည့် သူဌေးကြီးများ ၏ စကားများကိုတော့ လက်မခံကြောင်း ဦးအေးလွင်က ဆိုသည်။
“လူလတ်တန်းစားတွေစားတဲ့ မနက် မနက် လက်ဖက်ရည်ဆိုင်ကြီးတွေသွားကြည့်ပါ။ ကော်ရည်တစ်ပွဲငါးထောင် ၊ မုန့်ဟင်းခါးတစ်ပွဲငါးထောင် ကော်ဖီလက်ဖက်ရည်တစ်ခွက် သုံးထောင် သောက်ပြီးတော့ ထိုင်ပြောနေတဲ့ သူဌေးကြီးတွေက ပြောတဲ့ စီးပွားရေးကျနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့လုံးဝ လက်မခံပါဘူး။ ဒါအမှန်တရားပြောတာ။

September 8, 2016

" ရည်းစားဟောင်းကားလို့ ထင်ပြီး ကားတစ်စီးကို မှားမီးရှို့ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ "

 
အမေရိကနိုင်ငံ ဖလော်ရီဒါပြည်နယ် ကရီးယားဝါးတားမြို့က အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့လက ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကို ကားမီးရှိုးတဲ့နားမှာရှိတဲ့ လုံခြုံရေးကင်းစောင့် စောင့်ကြည့်ကင်မရာကနေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Tampa  Bay Times သတင်းအရ ၁၉ နှစ်အရွယ် Carmen Chamblee ဆိုသူဟာ အဲဒီကားက သူမချစ်သူဟောင်း ပိုင်ဆိုင်တဲ့ကားလို့ ယူဆခဲ့တာကြောင့် ခုလို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကားပိုင်ရှင်အစစ်အမှန်မှာ သူယူဆခဲ့သူ မဟုတ်ခဲ့ပါဘူး။
ကရီးယားဝါးတား တပ်ဖွဲ့ဌာနရဲ့ ပြောဆိုချက်အရ Chamblee ကို  အချုပ်ခန်းမှာ ထိန်းသိမ်းဖို့ စီစဉ်ပြီးဖြစ်ကြောင်း

August 22, 2016

" အိန္ဒိယနိုင်ငံမှာ တာဝန်သိ လုပ်အားပေး ၈ သိန်းက သစ်ပင်ပေါင်း ၄၉.၃သန်း ပင် ကို စိုက်ပျိုးခဲ့ "

National Geographic News ရဲ့  သတင်းဖော်ပြချက်တစ်ခုအရ အိန္ဒိယနိုင်ငံ အစိုးရက အတည်ပြုပေးနိုင် ခဲ့တာက အိန္ဒိယ နိုင်ငံ တစ်ဝှမ်းမှာ တာဝန်သိ လုပ်အားပေး(Volunteers) ဦးရေ ၈၀၀,၀၀၀ ယောက်တို့က ပြီးခဲ့တဲ့ အပတ်အတွင်း သစ်ပင်ပေါင်း ၄၉.၃ သန်း ပင် အထိ စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂရင်းနစ်စံချိန် တင်နိုင်ဖို့အတွက်ကတော့ ၂၀၁၃ ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ သစ်ပင် စိုက်ပျိုးမှု စံချိန်ထက် စိုက်ပျိုးတဲ့ သစ်ပင် အရွယ်အစားသေးငယ်နေသေးလို့ပဲ ဖြစ်ပါတယ်။ 
 
အိန္ဒိယ နိုင်ငံဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းသိမ်းကာကွယ်နေခြင်းရဲ့  တစ်စိတ်တစ်ဒေသ အဖြစ် အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Paris Climate Conference ကိုလည်း အိန္ဒိယ နိုင်ငံက တက်ရောက် လက်မှတ်ရးထိုးခဲ့သလို အိန္ဒိယ နိုင်ငံအစိုးရဟာလည်း သစ်တောဝန်းကျင် ထိန်းသိမ်းမှု ကို ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ 
 
လက်ရှိ စံချိန်စံနှုန်းများအရ အိန္ဒိယ နိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ သစ်တောအကျယ်အ၀န်းပေါင်း ၂၃၅ ဧက အထိ ရှိလာနိုင်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ အိန္ဒိယ နိုင်ငံမှာ စိုက်ပျိုးခဲ့တဲ့ ထို သစ်ပင်တွေရဲ့  ၄၀ ရာခိုင်နှုန်းဟာ

August 4, 2016

" တရုတ်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး ဖြတ်သန်း သွားလာသူအချို့ ပြုတ်ကျပျောက်ဆုံး "

 တရုတ်​, တွင်း​ပေါက်​ကြီး
တရုတ်နိုင်ငံတွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး လမ်းပိုင်းတစ်ခုပျက်စီးခဲ့ကာ ဖြတ်သန်းသွားလာသူ လူတစ်ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဟီနန်ပြည်နယ်ရှိ ကျန်းကျိုးမြို့ထဲတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ်အတွင်း ဖြစ်ပေါ်လာသည့် အလျား ၃၀ မီတာ၊ အကျယ် ၂၀ မီတာနှင့် ကိုးမီတာနက်သည့် တွင်းကြီးထဲသို့ လူသုံးဦးထက်မနည်း ပြုတ်ကျခဲ့သည်ဟု မျက်မြင်သက်သေများ၏ ပြောစကားကို Beijing Youth Daily သတင်းစာက ကိုးကားဖော်ပြခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးရာတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းအောက်တွင် မြှုပ်ထားသည့် ရေပိုက်များ ကျိုးပဲ့ခြင်းကြောင့် မြေပြိုကျမှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားကြောင်း ပြည်နယ်ရှိ မီးသတ်သမားများက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။
တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ပြုတ်ကျခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့သည်ဟု Beijing Youth Daily တွင် ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် သြ ဂုတ် ၂ ရက်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် လျှပ်စစ်စက်ဘီး သုံးစီး၊ အိတ်များ၊ ဖိနပ်များနှင့် အ၀တ်အစားအချို့ကို တွေ့ရှိခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံ၏ တစ်ရှိန်ထိုး

July 28, 2016

" ဂျပန်တွင် ဓားဖြင့် အစုလိုက် အပြုံလိုက် သတ်ခဲ့သူက သတင်းကင်မရာများဘက်သို့ လှည့်၍ ပြုံးဖြီးဖြီး လုပ်ပြခဲ့ "


စိတ်မကျန်းမာသူများ စောင့်ရှောက်ရေး ဂေဟာမှ လူ ၁၉ ဦးကို သတ်ခဲ့သည်ဟု ၀န်ခံခဲ့သော ဂျပန်အမျိုးသားသည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံထဲ၌ ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး လူသတ်မှုကြီးနှင့် ပတ်သက်၍ မေးမြန်းခြင်း မခံရမီ ဇူလိုင် ၂၇ ရက်က သတင်းကင်မရာများဘက်သို့ လှည့်၍ ပြုံးဖြီးပြခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် ဆာတိုရှီအူမတ်ဆု အမည်ရသည့် ထိုအမျိုးသားသည် ဇူလိုင် ၂၆ ရက်က ဆာဂါမီဟာရာမြို့ရှိ Tsukui Yamayuri-en ဂေဟာထဲသို့ ၀င်၍ ဓားဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းသို့ သွား၍ အဖမ်းခံခဲ့ပြီး “မသန်စွမ်းသူ အားလုံး ပျောက်ကွယ်သွားသင့်သည်” ဟုလည်း ပြောကြားခဲ့သည်။

အူမတ်ဆုကို ရဲစခန်းထဲမှ လုံခြုံရေးများက ခြံရံပြီး ဗင်ကားထဲသို့ ခေါ်ဆောင်လာစဉ် ဦးခေါင်းကို အပြာရောင် အပေါ်အင်္ကျီဖြင့် အုပ်ထားခဲ့သည်။ ဗင်ကားထဲသို့ ရောက်ချိန်တွင် အူမတ်ဆုသည် ဖုံးကွယ်ထားသည့် အင်္ကျီကို ဖယ်လိုက်ပြီး အပြင်၌ စောင့်ဆိုင်းနေကြသည့် မီဒီယာများကို ပြုံးဖြီးပြခဲ့ခြင်း ဖြစ်သည်။

စောင့်ရှောက်ရေးဂေဟာရှိသည့် မြို့၌ပင်ရှိသော အူမတ်ဆုနေထိုင်ရာ နှစ်ထပ်အိမ်ကို အရပ်ဝတ်ရဲများက ၀င်ရောက် ရှာဖွေခဲ့ကြသည်ဟု သိရသည်။ အူမတ်ဆုက ချစ်ခင်ရသူများကို ရုတ်တရက် ဆုံးရှုံးခဲ့ရသည့် အသတ်ခံရသူတို့၏ ကျန်ရစ်သူ

July 19, 2016

" အဆိပ်တွေ ပါဝင်ပြီး အစိမ်းရောင်ပြောင်းသွားတဲ့ ရေကန်ကြောင့် လူတစ်ရာကျော် ဆေးရုံရောက်"

 
အမေရိကန်နိုင်ငံ ယူတာ့ရှ်တောင်ကြားအရပ်မှာရှိတဲ့ ယူတာ့ရှ် ရေကန်ဟာ ဘက်တီးရီးယားပေါက်ဖွားမှုနှုန်း မြင့်တက်လာပြီးနောက် ရေကန်ရဲ့ ၉၀ ရာခိုင်နှုန်းက အစိမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သိရပါတယ်။ အမြင်အရ လှပပေမဲ့ ယူတာ့ရှ်ရေကန်ဟာ အဆိပ်တွေပါဝင်လာတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

အဆိုပါရေကန်နဲ့ထိတွေ့ခဲ့တဲ့ လူပေါင်း တစ်ရာကျော်မှာလည်း အဆိပ်သင့်လက္ခဏာတွေ တွေ့နေရပြီး နေမကောင်းဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ အော့အန်ခြင်း စတာတွေ ကြုံတွေ့နေရပါတယ်။ ရေထုထဲမှာ ဆိုင်ယာနိုဘက်တရီးယား ပါဝင်မှုနှုန်း မြင့်တက်လာခြင်းက ရေကန်ကို အန္တရာယ်ရှိတဲ့ အဆိပ်သင့်နေရာအဖြစ် ပြောင်းလဲသွားစေတာပါ။ အဲဒီကန်အတွင်းက ရေတွေကို လုံးဝမသုံးစွဲဖို့ အနီးအနားကလူတွေကိုလည်း သတိပေးထားရပါတယ်။

အဆိုပါဘက်တီရီးယားတွေ သေဆုံးသွားရင် ကျန်ရှိခဲ့တဲ့ ဆဲလ်တွေက ရေပြင်ကို အဆိပ်ဖြစ်စေတာလို့ ဆိုပါတယ်။ နမူနာ

July 13, 2016

" ၅ နှစ်အရွယ် ကလေးငယ်၏လိင်အင်္ဂါအတွင်း လက်ဖြင့်ထိုးနှိုက်သူ အသက် ၅၉ နှစ်အရွယ် အမျိုးသားကို ရပ်ကွက်က ဝိုင်း၍ဖမ်းဆီး "

 
မန္တလေး အမရပူရမြို့နယ် ရွှေကြက်ယက်တိုက်နယ် ဂေါ်ရာဆိပ်တွင်း ရေချိုးနေသော ၅၉ နှစ်အရွယ်အမျိုးသားသည် ဆိပ်ကမ်းတွင် ကျောက်သယ်လုပ်ငန်းလုပ်နေသူ အမျိုးသမီးတဦး၏ ၅ နှစ်အရွယ် ကလေးငယ် ရေဆိပ်ဆင်းအလာတွင် အဓမ္မပြုကျင့်ရန် ကလေးငယ်၏ လိမ်အင်္ဂါအတွင်း လက်ဖြင့်ထိုးသွင်းသောကြောင့် ဒေသခံများက ဝိုင်း၍ ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ကြပ်ကြီး အောင်သိုက် (၅၉ နှစ်) ကိုယ်ပိုင်အမှတ် ၄၆၃၄၇၀ ခလရ ၂၂၉ သည် အခင်းဖြစ်ပွားရာနေရာ၌ မနက် ၁၀ နာရီခန့်အချိန်တွင် ရေချိုးနေစဉ် ကလေးငယ်က ရေဆိပ်ဆင်းအလာ ရေခေါ်ချိုးပေးရင်း လိင်အင်္ဂါအတွင်း လက်ဖြင့်ထိုးမိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ထွက်ဆိုခဲ့သည်။

“ကျွန်တော်တို့ အမရပူရမြို့နယ် မြို့မရဲစခန်းကနေ သတင်းအရ ရွှေကြက်ယက်
အိုးထိမ်းဘို သင်္ချိုင်းအနီး ဂေါ်ရာဆိပ်ကိုရောက်တော့ ကျုးလွန်သူကို ဒေသခံတွေ ဝိုင်းထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့လဲ သူ့ကို စခန်းခေါ်လာပြီး စစ်ဆေးနေပါတယ်။ ကလေးကို မြို့နယ်ဆေးရုံမှာ ဆေးစစ်ခိုင်းထားပါတယ်။ ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ် အရေးယူသွားမှာပါ”ဟု မြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဦးမြင့်လွင်က ပြောသည်။

အမရပူရမြို့နယ်ဆေးရုံမှ ဆေးစစ်ချက်အရ ကလေးငယ်၏လိင်အင်္ဂါ အမြှေးပါးပေါက်ကာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း

June 26, 2016

" ထိုင်း အသားငါးဆိုင်များတွင် အသားများ မပုပ်အောင်သုံးနေသည့် လက်ချား မှုန့်  ကျန်းမာရေး အန္တရယ်ရှိကြောင်း ထုတ်ပြန် "

 
ထိုင်းနိုင်ငံ ပထုံဌာနီ လန်လုကာမြို့ နယ်ဈေးတွေက သားငါးရောင်းဆိုင်တွေကို ထိုင်းကျန်းမာရေးဌာနက က ဇွန်လ ၂၀ ရက်ညနေပိုင်းမှာ ၀င်ရောက် စစ်ဆေးခဲ့ပြီး အသား စိမ်းရောင်ဆိုင် (၃၆) ဆိုင်ကရောင်းနေ တဲ့ အသားစတွေကို ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးနေကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။



ထိုင်းလူမျိုးတွေ နေ့ စဉ် စားသုံးနေကြတဲ့ သားငါးဈေးတွေ တက်နေချိန်မှာ ကြက်-၀က်-အမဲ အသားတွေ အရောင်စိုပြီးကြာကြာခံအောင် လက်ချား(borax) အမှုန့် သုံးနေကြတယ် လို့ သိရပါတယ်။

ထိုင်းကျန်းမာရေးဌာနရဲ့  ထုတ်ပြန်ချက်မှာ လက်ချားမှုန့်တွေနဲ့ သုံးထားတဲ့ အသားတွေဟာ ရက်ကြာနေခဲ့ရင်

June 25, 2016

" အမျိုးသမီးတဦး ရဲ့ ပေါင်ကို ကိုင်ပြီး အတူအိပ်ဖို့  ပြောခဲ့တဲ့ကားသမား ကိုလက်ရှည်ကို ရဲတွေကဖမ်း "

 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တက္ကစီပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတဦး ရဲ့ ပေါင်ကို ကိုင်ပြီး အတူအိပ်ဖို့  ပြောခဲ့
တဲ့ကားသမား ကိုလက်ရှည်ကို ရဲတွေကဖမ်းဆီးလိုက်ပြီး ဘတ်ငွေ ၆၀၀၀ (ကျပ်နှစ်သိန်း) ဒဏ်ငွေပေးဆောင်
ခဲ့ရကြောင်း သိရပါတယ်။
 

June 23, 2016

" အရက်သောက်၍ ကားမောင်းသူများကို ရေခဲတိုက်ခေါ်ပြကာ ကြည့်စေတဲ့ ထိုင်းနိုင်ငံက အပြစ်ပေးတဲ့စနစ် "


ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ကားမောင်းသူများကို ဘန်ကောက်ရှိ ရေခဲတိုက် တစ်ခုသို့ခေါ်ဆောင်သွားကာ ပြခဲ့သဖြင့် အရက်မူးပြီး ကားမောင်းသူများအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသောရလဒ်ဆိုးကို ခံစားမိစေ သည်ဟု ဇွန်လ ၂၁ရက် နေ့ China Daily သတင်းတွင်ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံအတွင်း အရက်သောက်ပြီး ကားမောင်းခြင်း ကြောင့် ဖြစ်ပွားသည့် ကားမတော်တဆမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ထိုသို့အစီအစဉ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။WHO၏အချက်အလက်များ အရ ထိုင်းနိုင်ငံသည် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်လူသေဆုံးမှုမှာ လစ်ဗျား ပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ ယာဉ်မတော်တဆဖြစ်မှုမှာအရက်သေစာ သောက်စား မောင်းနှင်သောကြောင့်ဖြစ်ရသော ကိစ္စရပ်မှာ အများဆုံးဖြစ်သည်ဟု ဆိုသည်။


ယခုကဲ့သို့ ရေခဲတိုက်တွင် အလောင်းသွားရောက်ကြည့်ရှုရသော အစီအစဉ်ကို ယခုနှစ် ဧပြီလက ကျင်းပသော ရိုးရာရေကစားပွဲတော် ( Songkran Festival ) အပြီးတွင်စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတော် ကို ထိုင်းအစိုးရအနေဖြင့် “အန္တရာယ်များနှင့် ရက်သတ္တပတ်”ဟု ခေါ်ဆိုပြီး အဆိုပါရက်များအတွင်း မြို့တွင်နေထိုင် သော သူများက မိမိတို့၏ အမျိုးများနှင့်မိတ်ဆွေများရှိရာ နယ်များသို့ သွားရောက် ကာ ပြန်လည်ဆုံတွေ့ကြချိန် ဖြစ်သဖြင့် သောက်စားမူးယစ်ခြင်းမှာ ပုံမှန်ကြုံတွေ့နေကျကိစ္စတစ်ခုသာဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင်း အဆိုပါ ရက်သတ္တပတ်အတွင်း တစ်နာရီတိုင်း လူ ၂ဒသမ၃ဦးနူန်း သေဆုံးကာ ၁၆၀ဦး ဒဏ်ရာရသည်ဟု

" လေယာဉ်မယ်ဟန်ဆောင်ကာ အွန်လိုင်းမှ ငွေသန်းပေါင်းများစွာ လိမ်သွားခဲ့တဲ့ သူ"

 
ထိုင်းနိုင်ငံ လေကြောင်းလိုင်းက လေယာဉ် မယ်လို့  ကိုယ်ပိုင်ဖေ့ဘုတ်စာ မျက်နှာမှာဖေါ်ပြထားပြီး မိတ်ဆွေဖြစ်လာတဲ့ သူ အနည်းဆုံး(၁၂)ဦးဆီက ဘတ်ငွေ ၁၀ သန်းကျော် (ကျပ်ငွေသိန်းသုံးထောင်)လိမ်သွားခဲ့သူ အသက် (၃၇ )နှစ်ရှိ ထိုင်းအမျိုးသမီးတဦးကို ချင်းမိုင်း ရဲတွေက သူမပုန်းနေတဲ့နေရာကို လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နစ်ချာ (Nitcha)ဆိုတဲ့ နံမည်နဲ့  လေယာဉ်မယ်ပုံ ၀တ်စားထားပြီး နိုင်ငံတကာ ရူခင်း ပုံတွေ လေယာဉ်မယ်ပုံတွေကို တင်ထားပါတယ်၊ စိတ်ဝင်စားလို့  ဆက် သွယ်လာမယ့် သားကောင်တွေကို စောင့်နေခဲ့တာပါ။

မိတ်ဆွေဖြစ်တဲ့အခါ သူမဟာ ထိုင်းလေကြောင်းလိုင်းက လူကြီးတဦးရဲ့ သမီး
ဖြစ်ကြောင်း ယုံကြည်လာအောင်ပြောပါတယ်၊ နိုင်ငံခြားသွားလည်ပါတ်ကြမယ့်သူရှိရင်ဗီဇာလျောက်ပေးမယ်၊ ဈေးနုံးသက်

June 22, 2016

" လမ်းလျှောက်တတ်ခါစ ကလေး ၅ နှစ်တိုင်တိုင် အဝတ်ဗီရိုထဲ သော့ပိတ် အဓမ္မပြုခံရ "




ကလေးတစ်ယောက်ကို မိဘအရင်းချာများမှ သူတို့ အာသီသဖြေစရာ လိင်ကျွန်အဖြစ် အသုံးချနိုင်ဖို့အတွက် အဝတ်ဘီရိုထဲမှာ ၅ နှစ်လုံးလုံး သော့ပိတ်ချုပ်ထားခဲ့ပါတယ်။ Lauren Kavanaugh ဟာ ထမင်းစားခွင့်မရှိ၊ နှိပ်စက်ညှဉ်းဆဲခံရပြီး သူမ မိခင်နဲ့ ပထွေးတို့ရဲ့ မုဒိမ်းပြုကျင့်မှု ညစဉ်ညတိုင်း ခံစားခဲ့ရပါတယ်။

Austria နိုင်ငံရဲ့ လိင်မိစ္ဆာကောင် Josef Fritzel ဆိုသူ ကျင့်သုံးတဲ့ နှိပ်စက်မှုနဲ့ တစ်ပုံစံတည်း Lauren ရဲ့ ငယ်ဘဝဟာ ၃ နှစ်အရွယ်စက ၄ပေ ၉ပေ ရှိ အဝတ်ဗီရိုတစ်ခုထဲ အကျဉ်းချခံခဲ့ပြီး ညီကိုယ်မောင်နှမတွေ၊ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရပါတယ်။ သူမ အသက် ၈ နှစ်အရွယ်မှာ ဗီရိုလေးထဲကနေ အပြင်ခေါ်ထုတ်ခံရချိန်မှာတော့ သူမကိုယ်အလေးချိန်ဟာ ၂ နှစ်အရွယ်ကလေးပမာ ၂၅.၆ ပေါင်သာ ရှိနေခဲ့ပါတယ်။

ကလေးတွေပေါ် ကာမစိတ်တိမ်းညွတ်မှုရှိတဲ့ ယင်းမိစ္ဆာတွေက Lauren ကို "little secret" လို့ ခေါ်ဆိုခဲ့ပါတယ်။ သူမကို

June 17, 2016

" တုတ်ကောက်တစ်ချောင်းနဲ့ ဆယ်တန်းကျောင်းသား "

 
သားသမီး ၆ ယောက်ရဲ့ဖခင်၊ မြေး ၈ ယောက်ရဲ့ အဘိုးဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒါဂါကမီဟာ နီပေါနိုင်ငံရဲ့ အသက်အကြီးဆုံး ကျောင်းသားဖြစ်လာခဲ့ပါတယ်။

ဒါဂါကမီက ငယ်စဉ်က ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့ခြင်း မရှိတဲ့ အတန်းပညာကို ပြန်လည်သင်ကြားရန် ဆုံးဖြတ်ပြီးနောက် အထက်တန်းကျောင်း ပြန်တက်ခဲ့ပါတယ်။

ဒါဂါကမီဟာ ငယ်စဉ်က ဆင်းရဲမှုကြောင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခုအခါမှာတော့ အထက်တန်းကျောင်းပြန်တက်ပြီး သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

တုတ်ကောက်တစ်ချောင်းနဲ့ ဒါဂါကမီက နေအိမ်ကနေ တစ်နာရီကြာ လမ်းလျှောက်ပြီး ကျောင်းတက်နေပါတယ်။ ဒါဂါကမီက အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် သူ့ရဲ့ အတန်းဖော်တွေနဲ့အတူ ဆယ်တန်းစာ သင်ယူနေတာ ဖြစ်ပါတယ်။

သူ့ရဲ့အတန်းဖော်တွေက ဒါဂါကမီကို အဖေလို့က ခေါ်လေ့ရှိကြပါတယ်။ ဒါဂါကမီဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် အထီးကျန်ဆန် ဝမ်းနည်းမှုကို မေ့ပျောက်ရန်အတွက် ကျောင်းပြန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်ပေမဲ့ ဒါဂါကမီက တက်တက်ကြွကြွနဲ့ ပညာသင်ယူနေသလို အားကစားလေ့ကျင့်ခန်း

" မိချောင်းလောက်ရှိတဲ့ဖွတ် အိမ်ပေါ်ရောက်လာလို့ အထိတ်တလန့် ဖြစ်ခဲ့ကြရ "

 
ထိုင်းနိုင်ငံ နန်သာဘူရီမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ပြန်ရောက်တဲ့အချိန် တံခါးဝမှာ မြင်လိုက်ရတဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ မိချောင်းအငယ်စား အရွယ်လောက်ရှိတဲ့ ဖွတ်တစ်ကောင်ဟာ သူ့ရဲ့ အိမ်တံခါးဝမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အယူအဆရ အိမ်ပေါ်ကို ဖွတ်ရောက်လာတာဟာ ကံကောင်းခြင်းတွေယူလာတယ်လို့ အယူရှိတဲ့အတွဒါဟာ အိမ်ရှင်အမျိုးသားအတွက် ပြဿနာတော့ မဟုတ်ခဲ့ပါဘူး။ တကယ့်ပြဿနာက ဖွတ်ဟာ ကြီးလွန်းတဲ့အတွက် မောင်းထုတ်ရခက်နေခဲ့တာဖြစ်ပါတယ်။

ထိုင်ယမ်ဝေါင်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားက အိမ်ပေါ်ကို လူအရပ်လောက်ရှိတဲ့ ဖွတ်ရောက်လာတဲ့အကြောင်းကို

June 16, 2016

" ဇူလိုင် ၇ ရက်နေ့အမှီ “Moments” ဆိုတဲ့ App ကို မထည့်သွင်းရင် သင့် Facebook က ဓါတ်ပုံများ အားလုံး ဖျက်ဆီးခံရမည်"

 
Facebook က အက်ပလီကေးရှင်း အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ အဲဒီအက်ပလီကေးရှင်း ကတော့ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ဖြစ်ပြီး ထို အက်ပလီကေးရှင်းကို ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး install မလုပ်ဖူးဆိုရင် သင့်ရဲ့  ပင်မ Facebook အက်ပလီကေးရှင်းနဲ့ သင့် Facebook အကောင့် ပေါ်မှာ Sync ပြုလုပ်ပြီး တင်ထားခဲ့တဲ့ ဓါတ်ပုံတွေအားလုံးကို ဖျက်ပစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Facebook အသုံးပြုသူ အများစုက ဓါတ်ပုံတွေကို Sync လုပ်တဲ့ လုပ်ဆောင်ချက် တစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူတွေရဲ့  စမတ်ဖုန်းတွေက တဆင့် လူမှု ကွန်ယက်ပေါ်မှာ ဓါတ်ပုံတွေ အကန့်အသတ် မရှိ Upload ပြုလုပ်ခွင့်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ဟာ Google ရဲ့  Photos ၊ Yahoo ရဲ့  Flickr နဲ့ Apple ရဲ့  iCloud Photos တို့လိုပဲ ဓါတ်ပုံတွေ အရံသိမ်းဆည်းမှု(Back Up) ပြုလုပ်တဲ့ လုပ်ဆောင်ချက်မျိုးပဲ ဖြစ်ပါတယ်။
 
ဒါပေမယ့် အခုချိန်မှာတော့ Facebook ကုမ္မဏီဟာ အသုံးပြုသူတွေကို “Facebook” ဆိုတဲ့ ပင်မ အက်ပလီကေးရှင်းမှာ  ဓါတ်ပုံတွေ သိမ်းဆည်းထားခွင့်မပြုတော့ပဲ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ထဲမှာပဲ သိမ်းဆည်း သိုလှောင်ခွင့်ပြုတော့မှာပါ။ ဒါကြောင့် အဲဒီ Moments အက်ပလီကေးရှင်းမရှိရင် သင့် ဖုန်းက တဆင့် Facebook ကို Sync လုပ်ခဲ့သမျှ ဓါတ်ပုံတွေဟာ အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
 
မကြားသေးမီကလည်း Facebook ဟာ အလားတူ လုပ်ရပ်မျိုးလုပ်ခဲ့ဖူးပါတယ်။ အဲဒီ လုပ်ရပ်ကတော့ Messenger

June 15, 2016

" နိုင်ငံသားများ Facebook Reactions အသုံးမပြုကြရန် ဘယ်လ်ဂျီယံရဲအဖွဲ့ သတိပေး "




ဘယ်လ်ဂျီယံ နိုင်ငံသူ/သားများအနေဖြင့် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် Facebook Reactions feature ကို အသုံးမပြုရန် ရဲအဖွဲ့က သတိပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက Facebook သည် post တစ်ခုအပေါ်တုံ့ပြန်နိုင်မည့် Like ခလုတ်အပါအဝင် နည်းလမ်းခြောက်ခုကို မိတ်ဆက်ခဲ့သည်။ ၎င်း feature သည် လူအများစု တောင်းဆိုနေသည့် “Dislike” ခလုတ်နှင့်မတူဘဲ post များနှင့်ပတ်သက်၍ လူများ၏ စိတ်ခံစားချက်ကို ဝေမျှနိုင်သည်။

Facebook သည် လူများနှင့်ပတ်သက်သည့် အချက်အလက်များကိုရယူရန် ၎င်းတို့ကိုအသုံးချနေပြီး လူများအပေါ်တွင် မည်သို့သော နည်းလမ်းဖြင့် အကောင်းဆုံး ကြော်ငြာသွားရန် ဆုံးဖြတ်လျက်ရှိကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ကြောင့် လူများအနေဖြင့် တစ်ကိုယ်ရေလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ခလုတ်များကိုနှိပ်ခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားသည်။

“ဒီ icon တွေက ခံစားချက်တွေကို ဖော်ပြရုံတင်မဟုတ်ဘဲ ခင်ဗျားရဲ့ profile မှာ Faceboook က ကြော်ငြာတွေထိရောက်အောင် ဖော်ပြနိုင်ဖို့လည်း ကူညီပေးနေပါတယ်” ဟု ဘယ်လ်ဂျီယံ၏ တရားဝင်ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Facebook သည် လူများ စိတ်ကောင်းဝင်နေသည့်အချိန်ကို သိရှိနိုင်ရန် အဆိုပါ tool ကိုအသုံးပြုကာ မည်သည့်အချိန်တွင် ကြော်ငြာများ ပြသင့်ကြောင်းကို ဆုံးဖြတ်ကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖော်ပြထားသည်။

“icon အရေအတွက်ကို ခြောက်ခုကန့်သတ်ထားပါတယ်။ Facebook ဟာ ခင်ဗျားကိုယ်တိုင်က အလွယ်တကူဖော်ပြတဲ့

" တပ်မတော် ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦး သေဆုံး "


တပ်မတော် ရဟတ်ယာဉ်ပျက်မှုကို ရှာဖွေနေသည့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့)
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အတွင်း အမ်အိုင် ၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ် တစီး ပျက်ကျသဖြင့် ယာဉ် ပေါ်တွင် လိုက်ပါလာသူ ၃ ဦးလုံး သေဆုံးသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။

တပ်မတော် ရဟတ်ယာဉ်ပေါ်တွင် ပါလာသည့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းလာစဉ် ဒိုက်ဦးမြို့နယ်အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၂ အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ယင်းရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ် စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာ ခြင်း ဖြစ် ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲ တွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့်

June 13, 2016

" Fifty Shades of Greyထဲကပုံစံမျိုးတောင်းဆိုခဲ့တဲ့ အမျိုးသမီးသေဆုံးမှုဖြစ်ပွား "


မက္ကဆီကိုနိုင်ငံသူဖြစ်တဲ့ အသက် 23 နှစ်အရွယ် Tania Trinidad ဟာ လိင်ဆက်ဆံနေစဉ်မှာ အသက် 32 အရွယ် အဖော်အမျိုးသား Ruiz Torres ကို အကြမ်းပတမ်းပြုမူဆက်ဆံရန် စေခိုင်းခဲ့ပြီး မကြာမီမှာ မတော်တဆဖြစ်ကာ သေဆုံးခဲ့ပါတယ်။ သူမဟာ ဆက်ဆံနေစဉ်အတောအတွင်းမှာ ၀ါယာကြိုးနဲ့ လည်ပင်းကို ရစ်ပတ်ပြီးဆက်ဆံဖို့ Torres ကို တောင်းဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ Torres ဟာ မတော်တဆမှုနဲ့ မက္ကဆီကိုစီးတီးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ အဆိုပါအမှုမှာ Torres ရဲ့ အဖော်ဖြစ်တဲ့ Jose Luis Arzate Martinez လည်း ပါဝင်ပတ်သက်တယ်လို့ ရဲတပ်ဖွဲ့ကကနဦးယူဆခဲ့ပါတယ်။

ဖြစ်စဉ်မှာတော့ သူတို့သုံးယောက်ဟာ Torres ရဲ့ အခန်းထဲမှာ သောက်စားမူးယစ်ကြပြီး Tania က သုံးယောက်တစ်တွဲဆက်ဆံဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် ဒါကို Martinez က ငြင်းပြီး အခန်းထဲကို သွားရောက်အိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Torres နဲ့ Tania သာ ကျန်တော့ပြီး Fifty Shades of Grey အပြင်၊အခြားအထူးအဆန်းဇာတ်ကားများထဲကအတိုင်း အဆန်းထွင်ကာ အကြမ်းပတမ်းဆက်ဆံဖို့ Tania ရဲ့တောင်းဆိုမှုကို လိုက်လျှောမိရာကတစ်ဆင့် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်တယ်လို့လည်း သိရပြီး တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့

" မိဘများ တောထဲ ချန်ထားခဲ့သည့် ပျောက်ဆုံး ဂျပန်ကလေးငယ် ၇ ရက်အကြာတွင် ပြန်ရှာတွေ့ "


မိဘများက ဒဏ်ပေးပြီး တောထဲထားခဲ့ရာမှ ပျောက်သွားသည့် ဂျပန်ကလေးငယ်ကို ၇ ရက်အကြာတွင် ဘေးမသီ ရန်မခ ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဇွန် ၂ ရက်မှ စ၍ ၇ နှစ်သား ကလေးငယ် ယာမာတို တာနူကာကို ဂျပန်စစ်တပ်ကပါ ပူးပေါင်းရှာဖွေခဲ့ပြီး နောက်တစ်ရက်တွင် ကျန်းမာရေး ကောင်းမွန်စွာ ရှာတွေ့ခဲ့သည်။ ၎င်းသည် ဟော့ကိုင်ဒိုးကျွန်း မြောက်ပိုင်း ရှီကာဘီမြို့ အနီးရှိ စစ်တန်းလျားများထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုစစ်တန်းလျားများသည် ၎င်းပျောက်သွားသည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသည်။

တာနူကာ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိဘများက အစောပိုင်းတွင် သာမန် ကလေးပျောက်မှုအဖြစ် တိုင်ကြားခဲ့ပြီး နောက်ပိုင်းတွင်မှ မိမိတို့၏ သားငယ်ကို ဆုံးမခြောက်လှန့်လိုသဖြင့် တောထဲတွင် ခေတ္တ ထားခဲ့ရာမှ
ပျောက်ဆုံးသွားခြင်းဟု ဝန်ခံခဲ့သည်။ တာနူကာသည် နေအိမ်အနီးရှိ လူများ၊ ကားများကို ခဲများဖြင့် ပစ်ပေါက်လေ့ရှိပြီး ဖခင်က စည်းကမ်းကိုင်ကာ ၎င်းကို မိနစ်အနည်းငယ်မျှ တောထဲတွင် ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဧရိယာသည် ဝက်ဝံညိုများ ကျက်စားလေ့ရှိရာ ကလေးအတွက် အထူးစိုးရိမ်စရာ ဖြစ်ခဲ့သည်။

ကလေးကို ရှာတွေ့ပြီးနောက် ဖခင်က ကယ်ဆယ်ရေး အဖွဲ့များကိုရော၊ သားဖြစ်သူကိုပါ တောင်းပန်စကား ပြောကြားခဲ့သည်။ “ကျွန်တော့်လုပ်ရပ် အရမ်းလွန်သွားပါတယ်။ ကျွန်တော့် မဆင်မခြင် ဒဏ်ပေးမှုက သားအတွက် နာကျင်စရာ ကာလတစ်ခု ဖြတ်သန်းဖို့ ဖြစ်လာစေခဲ့တယ်။ သူ့ကျောင်းက လူတွေရော၊ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်းပါဝင် ကူညီသူတွေရော၊ ကျွန်တော့်ကြောင့် အလုပ်ရှုပ်ခဲ့သူ အားလုံးကို တောင်းပန်ပါတယ်”ဟု ဖခင်ဖြစ်သူ တကာယူကီ တာနူကာက ဆိုသည်။

၎င်းက ယခုအချိန်မှစ၍ သားဖြစ်သူကို ချစ်မေတ္တာစိတ် အပြည့်ဖြင့် စိတ်ရှည်သည်းခံစွာ ပြုစုပျိုးထောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။ အစောပိုင်းက ဂျပန်ကာကွယ်ရေး တပ်ဖွဲ့များ အပါအဝင် လူပေါင်းများစွာ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းစဉ်တွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့သည့်နောက် ကလေးနှင့် ပတ်သက်၍ မျှော်လင့်ချက်များ ဝေဝါးလျော့ပါးလာခဲ့သည်။

သို့သော် ဇွန် ၃ ရက် နံနက်ပိုင်းတွင် တာနူကာ ပျောက်နေသည့် နေရာမှ ၄ ကီလိုမီတာ အကွာရှိ စစ်စခန်းမှ အဆောက်အအုံ တစ်ခုထဲတွင် ကလေးကို ရှာတွေ့ခဲ့သည်။ ဂျပန်စစ်တပ် တာဝန်ရှိသူ တစ်ယောက်က “မနက်ပိုင်းမှာ ထုံးစံအတိုင်း စစ်သားတွေ လေ့ကျင့်ဖို့ ပြင်ဆင်ရင်း အဆောက်အအုံ တံခါးကို ဖွင့်လိုက်တော့ ကလေးကို တွေ့တာပဲ။ ကလေးပျောက်တဲ့
Subscribe

လာလည်သူများ

free counters