♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
July 25, 2015
" ပေးမလား မောင် "
မောင်..
ဓူဝံ ကြယ်စင် တွေ မဆွတ်ခိုင်းပါဘူး။
မ အတွက်
အိမ်စည်းတန်းက ပွင့်နေတဲ့
စံပါယ်ပန်းလေးဘဲ ခူးခဲ့ပေးပါ။
ရောဘတ်တေလာလို အဲလီဇဘက်တေလာဖို့ 
စိန်ကြီိးကြီိးလက်စွပ် ကျမမလိုပါဘူး။
မောင် ဒုလဘ္ဘ ရဟန်းဝတ်တဲ့အခါ
ကျမ ရဟန်းအမ ဆုထူးဘဲပန်ပါရစေ။
မိဘုရားရဲ့စည်းစိမ် မလိုချင်ပါဘူး။
သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖို့ ဘဲ ကတိပေးပါ။
ပန်းမွေ့ယာ ရွှေကော်ဇော
ဆင်စွယ် စံနန်းတော်..
ကျမ မဟေသီလို မပျော်ချင်ပါဘူး.
ချစ်သူနဲ့ဆို မြေတလင်း..
ကျမကျောခင်းနိုင်ပါတယ်.
"ဘာပဲလိုလို ဒီဆိုဒ်တွေမှာ ရှာဖွေလို့ရနိုင်သတဲ့........မောင် "
 http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်….
http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….
http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ
http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား….
https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a……
ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း…
" 3D ပရင့်တာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ အိမ်ကို(၃)နာရီနဲ့ အပြီး တည်ဆောက် " (ယုံချင်ယုံ မယုံချင်နေပါ)
အိမ်တစ်လုံးကို တည်ဆောက်ရာမှာ သုံးနာရီသာ ကြာမြင့်တာကြောင့် အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဆင့်မီတဲ့ နေအိမ်တစ်လုံးကို သုံးနာရီနဲ့ အပြီးတည်ဆောက်မှုကို အများရှေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီဆောက်လုပ်မှုကို တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင် ( ၁၇) ရက်မှာ မိတ်ဆက် ပြသခဲ့တာ
 ဖြစ်ပါတယ်။ အိမ်ကို ဆောက်လုပ်ရာမှာ 3D ပရင့်တာနဲ့ ဒီဇိုင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အိမ်ကို အသင့်တပ်ဆင်ထားတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး အားလုံးကို တစ်ပြိုင်တည်း တပ်ဆင်ပေး
လိုက်တာကြောင့် သုံးနာရီအတွင်း အိမ်တစ်လုံး အပြီး တည်ဆောက်နိုင်ခဲ့တာပါ။
အိမ်တစ်အိမ်ဆောက်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ အင်္ဂါရပ် အပြည့်အစုံဖြင့် အသင့် ပြုလုပ်ထားတဲ့အစိတ်အပိုင်း
" MPT က အခမဲ့ ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ပြုလုပ် "
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Coca Cola Myanmar တို့ပူးပေါင်းကာ အခမဲ့ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။
MPT ၏ GSM, WCDMA သုံးစွဲသူများအတ
ွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
Coca-Cola Myanmar မှထုတ်သော အချိုရည်များ အကျုံးဝင်မည်ဖြစ
်ကာ ယင်းအချိုရည်များကို ဝယ်ယူပြီး ကုတ်နံပါတ်များကို အဖုံးအတွင်း ရယူနိုင် မည်ဖြစ်ကြောင်း၊ ရရှိသော ကုတ်နံပါတ်ကို ၂၆၂၆ သို့ SMS အခမဲ့ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း ပြန်ပို့လာသော SMS အဝင်ကို စောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ ဆုမဲပေါက်ပါက ပေါက်သော ဖုန်းဘီလ်ပမာဏကို ကုတ်နံပါတ်ပေးပို့လာသည့် ဖုန်းသို့ အလိုအလျောက် ဖြည့်သွင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါဖုန်းဘီလ်
များကို စတင်အသုံးပြုသည့် အချိန်မှစ၍ ၁၂ လအတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပေးပို့သော ကုတ်နံပါတ်များ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။
တစ်ရက်လျှင် ဖုန်းနံပါတ်တစ်ခ
ုမှ ငါးခုအထိ အများဆုံးပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်းဘီလ်များမှာ ၂၀၀ ကျပ်မှ ၁၀
" သမုဒ္ဒရာ ရေမျက်နှာပြင်အောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် "
မော်လ်ဒိုက်စ်နိုင်ငံဟာ အလှအပ တရားတွေနဲ့ ပြည့်စုံနေတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး ပင်လယ်သမုဒ္ဒရာတွေကို မြင်တွေ့နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ထူးခြားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို တည်ဆောက်ထားပါတယ်။ ဒီစားသောက်ဆိုင်ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့
 ရေမျက်နှာပြင် ပေ ( ၂၀) အောက်မှာ တည်ရှိတာ ဖြစ်ပြီး၊ အရင်က နိုက်ကလပ် ဖွင့်လှစ်ခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနိုက်ကလပ်ဟာ ရေအောက်မှာ ပထမဆုံး တည်ဆောက်ထားခြင်း အဖြစ် မှတ်တမ်းတင် ထားပါတယ်။ နိုက်ကလပ် ဖွင့်လှစ်ခဲ့တဲ့ နေရာကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းရာမှာ အကောင်းဆုံး အရာတွေနဲ့ ဖန်တီးခဲ့ပါတယ်။ စားသောက်နေရင်း အလွန်လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ရှိဖို့ အလွန်မြန်လှတဲ့ စပိဘုတ်တွေ
July 24, 2015
" တစ်နေ့ကို ၄၅ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ရင်သား ကင်ဆာ ဖြစ်ပွားနိုင်နှုန်းကို လျော့ကျစေနိုင် "
အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်နှုန်းကို လျှော့ချဖို့အတွက် တစ်နေ့ကို ၄၅ မိနစ်ခန့် အားကစား လုပ်ပေးသင့်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုလိုက်ပါတယ်။
ဒါဟာ အသက်အရွယ်နဲ့လည်းဆိုင်ပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာ အန္တရာယ်ဖြစ်ပွားနိုင်နှုန်းကို လျှော့ချပြီး အခြား အမျိုးသမီးတွေလို ကျန်းမာစွာနေနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပိုလုပ်ပေးသင့်ပါတယ်။
" သံပုရာသီး အကြောင်း "
ခံတွင်း ကျန်းမာရေး
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
" ဖုတ်နှင့်  ပယောဂဆရာ ဦးခင်မောင်ဝင်း " (သရဲ ဇာတ်လမ်း)
  ညနေပိုင်း နေကလေးသာနေတော့ လည်း ကျွန်တော်အပြင်ကို ထွက်ခဲ့ တယ် ။ အိမ်ကထွက်လာတုန်းက စိတ်ကူးထဲမှာ သူငယ်ချင်း
တစ်ယောက် ယောက်ဆီကို သွားမယ်။ ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်မယ် , ညနေ ခြောက်နာရီခွဲလောက်ဆို အိမ်ပြန်မယ်။ အစ တုန်းက
ဒီလို ရည်၇ွယ်ခဲ့ ပေမယ့်  လမ်းမှာ နေလင်းအောင်နှင့် တွေ့ ပြီး သီရီမင်္ဂလာဈေးကို အဖော်လိုက်ခဲ့ ရတယ်။
ကျွန်တော်တို့ နှစ်ယောက် ဘူတာရုံလမ်းမှ နေ ပြီး 102 စီး ကာသွားရာတွင် နေလင်းအောင်က ကျွန်တော့် ကို
( ဒီမှာ ကိုရဲ သရဲတစ္ဆေ တွေကို မင်းယုံလား ) လို့  အစပ်အဆက် မရှိသော မေးခွန်းကို လာမေး၏ ကျွန်တော်ကလည်း  ( မယုံဘူးရယ်လို့ တော့ 
မဟုတ်ပါဘူး မကြုံ ဘူးသေးတော့ ငါလည်းမသိဘူး ကွ  ) လို့ ပြန်ပြောလိုက်ရာ သူက  (မယုံဘူးဆိုရင်  ငါပြတဲ့ သူကို မင်းသေသေချာချာကြည့်  သူ့ မျက်
လုံးထဲမှာ မင်းအရိပ်က ဇော်ထိုးဖြစ်နေလိမ့် မယ် ) လို့  ထူးထူးဆန်းဆန်းစကားကို ပြောရာ ကျွန်တော်ကလည်း 
(  မဖြစ်နိုင်ပါဘူးကွာ အရိပ်က ဇောက်ထိုးပေါ်ရဦးမယ်  )  သူက
( မင်းမယုံရင် ငါဈေးရောက်လို့ ပြရင် ကြည့်ပေါ့ ကွာ ) လို့  သူက ပြောရင်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားစပြတ်သွားတယ်
" မမတို့တတွေ သိထားသင့်တဲ့ လွယ်ကူတဲ့ အလှအပ နည်းလမ်းလေးများ "
၁။ လက်သည်းဆိုးဆေး အမြန် ခြောက်စေလိုလျှင်
            လက်သည်းနီ ဆိုးပြီးတဲ့အခါ အနီးအနားမှာ လက်သည်းနီ ခြောက်စေတဲ့ ပစ္စည်း ကိရိယာတွေ ရှိမနေဘူးဆိုရင် လက်တွေကို ရေခဲရေ ဖြည့်ထားတဲ့ ဇလုံထဲသာ နှစ်ထားလိုက်ပါ။ ဒီနည်းက လက်သည်းဆိုးဆေးအမြန် ခြောက်စေတဲ့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
၂။ လက်သည်းဆိုးဆေးမှ အလက်မှုန်များ မပြောင်လျှင်
            တချို့လက်သည်း ဆိုးဆေးတွေမှာ အလက်မှုန်လေးပါတာက ဆိုးထားရင် လှသလောက် ပြန်ဖျက်တဲ့ အခါမှာ အရမ်းခက်ပါတယ်။ အဲဒီအခါကျရင် ၀ါဂွမ်းစနဲ့ မဖျက်ဘဲ သက္ကလပ် အထည်စနဲ့ ဖျက်ကြည့်ပါ။ လက်သည်းမှာ ဘာအမှုန်မှ မကျန်နေတော့ပါဘူး။
၃။ ၀င်းလက် စိုပြည်တဲ့ မျက်နှာ ဖြစ်နေချင်လျှင်
            ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းဖို့ဆို ရင်ပေါင်ဒါတွေ ဖုံနေအောင်လိမ်းထားမယ့်
" ကိုရီးယားရိုးရာ လက်ထပ်မင်္ဂလာပွဲ "
ကိုရီးယားနိုင်ငံတွင် ရှေးယခင်ကာလများကတည်းက၊ အိမ်ထောင်ပြုခြင်းသည် ကျား၊ မ ၂-ဦးတည်းသာ မဟုတ်၊ နှစ်ဘက်မိဘများ ကိုပါ ကိုယ်စားပြုသော “ Taerye ” (ခေါ်) ကြီးမြတ်သောလက်ထပ်မင်္ဂလာထုံးတမ်း ဖြစ်သည်ဟု မှတ်ယူထားကြပါသည်။ သားပျို၊ သမီးပျိုများအတွက် အောင်သွယ်တော် ကဏ္ဍကလဲ အရေးပါအရာရောက်သ လို၊ ဗေဒင် ဆန်းကျမ်းကိုပါ အလေးထားလေ့ ရှိပါ သည်။ အထူးသဖြင့် “ ဂျိုဆောင် ” ခေတ်များတွင် ဆယ်ကျော်သက်ယောက်ျားပျိုများသည် ၄င်းတို့ ထက် အသက်အတော် အတန်ကြီးသော အမျိုးသမီးများဖြင့် လက်ဆက်လေ့ရှိပါသည်။
ယနေ့ ၂၁-ရာစု မှာတော့ အွန်လိုင်းမှ ကြင်ဖက်ရှာကြသလို၊ အောင်သွယ်တော် ကုမဏီ များဖြင့် ချိတ်ဆက်ခါ၊ ချိန်းဆိုတွေ့ ဆုံနေကြပါပြီ။ သားသမီးရတနာ ပွါးစီးစေရန်အတွက် လက်ထပ် မင်္ဂလာနေ့ တွင် သတို့ သား ဖခင်က၊ သတို့ သမီးကို အနီရောင် စွန်ပလွန်သီး ပစ်ပေါက်၍ ချီးမြှောက်ရသောဓလေ့၊ အပြန်အလှန်
" ကလေးရှိသူ မိဘတိုင်းနှင့် တူတူမတွေကို ထိန်းသိမ်း သူ ဦးဦး ဒေါ်ဒေါ်တွေ အထူးမှတ်သားကြရန်ဖတ်ကြည့်ပေးပါ "
အောက်မှာကူးယူ တင်ပြထားတဲ့ ....................
"အပြစ်ကင်းသူ မရှိ" ဆိုတဲ့ပိုစ်မှာ ပါတဲ့ ဇာတ်လမ်းမှာ ကလေးငယ်သေ
ဆုံးရခြင်နှင့် ပါတ်သက်လို့ အဓိက တာဝန်အရှိဆုံး
သောသူဟာ အိမ်ထောင်ဦးစီး ဖြစ်တဲ့  ယောက်ျားဖြစ်
သူဟာ တာဝန်အရှိဆုံးပါ....
သူဟာ ...အဲဒီအဆိပ်ပုလင်းကိုတွေ့တွေ့ခြင်း အမြင့်မှာတင်လိုက်ရမှာ ဖြစ်ပါတယ်။ သူဟာ အန္တရာယ်ရှိတဲ့အရာကိုတွေ့တွေ့ခြင်း ကလေးနှင့် လက်လှမ်း မမီအောင်ထားရမှာက သူ့တာဝန်ပါ။  ဘယ်လောက်ပဲ အပြင်သွားဖို့ အရေးကြီးနေပါစေ ဒီလို ဆယ်စက္ကန့်အလုပ်ကလေးကိုတော့ သူလုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေရှိတဲ့အိမ်တွေမှာ ဆေးဝါး
ပစ္စည်းတွေ၊ မျိုချနိုင်တဲ့အရွယ်ရှိတဲ့ တိုလီမုတ်စပစ္စည်းတွေ၊ ကလေးမျိုချနိုင်လောက်တဲ့ ကလေး ကစားစရာ 
ပစ္စည်းတွေကို ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ မထားရပါဘူး။ မျိုချနိုင်တဲ့ အရွယ် ကစားစရာပစ္စည်းလဲ ဝယ်မပေးရပါဘူး။ ပလပ်ခေါင်းတွေ၊ ပလပ်ပေါက်တွေ ဝိုင်ယာကြိုး တို့လို့တွဲလောင်းတွေလည်း မထားရပါဘူး။ အမြင်မှာတင်ထားတဲ့ ပစ္စည်းတွေ ကိုအစ ကြိုးစကနေ ကလေးဆွဲချလို့မရအောင် သေချာတင်ထားရပါတယ်။ တန်းတွေ စားပွဲတွေပေါ်မှာ ဓါးသို့မဟုတ် သံထည်အလေးအပင်ပစ္စည်းတွေ၊ အိုးပူ ခွက်ပူတွေ၊ ပုလင်းတွေ၊ 
ဖန်ထည်တွေကိုလည်း မတင်ထားရပါဘူး။ တင်ချင်ရင် အလယ်မှာ ကလေးဆွဲချလို့မရတဲ့နေရာမှာသာ
" ဆီးချို၊သွေးချို (Diabetes) ဆိုတာ ဒီလိုပါ လူတိုင်း ဖတ်ရှုလေ့လာထားသင့်ပါတယ်"
အခုတလော ကျနော် အရမ်းအလုပ်များနေတဲ့အတွက် ပို့စ်အသစ်တင်တာတွေ နောက်ကျနေတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။
ဆီးချို၊ သွေးချိုဆိုတာ အရင်တုန်းကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ အဖြစ်များခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ လူနေမှုပုံစံတွေပြောင်းလဲလာတာတွေကြောင့် ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အရမ်းကို အဖြစ်များလာပါတယ်။
ကျနော်တို့ ပတ်ဝန်းကျင်မှာကိုပဲ ကြည့်ရင် ပာိုလူ့ကြည့်လည်း ဆီးချိုနဲ့၊ ဒီလူ့ကြည့်လည်း ဆီးချိုနဲ့ အဲလိုမျိုးထိအောင်ဖြစ်လာပါတယ်။ အရင်တုန်းက ဆီးချိုကို လူချမ်းသာရောဂါလို့ ခေါ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဆင်းရဲတဲ့သူတွေမှာကိုပဲ အများအပြားတွေ့လာရပါပြီ။
ဆီးချိုလို့ ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာ အချိုဓါတ်များတာပါ။ သွေးထဲကနေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်းသိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်းနာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ 
ဆီးချိုရှိနေပြီဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
July 23, 2015
" ရောသမ ကိုကို မမတို့ရေ.... (၉) တွေကြားထဲမှာ (၈) တစ်လုံးပျောက်နေတယ် တစ်မိနစ်အတွင်း ရှာပေးနိုင်ကြမလား "
 ရောသမ ချစ်မိတ်ဆွေများ အရင်ရှာကြည့်လိုက်ပါလား......မတွေ့ဘူးဆိုရင်တော့ အောက်မှာ
အဖြေပေးထားပါတယ် ခင်ဗျာ.....
" ဆံပင်ညှပ်ဆရာ ဆတ္တာသည်တွေ အမြဲပြောလေ့ရှိတတ်တဲ့ မုသားစကား (၇) မျိုး "
သင် ဆံပင်ညှပ်ဆိုင်ကို ရောက်ပြီဆိုပါတော့။ ဆံပင်ပဲညှပ်ညှပ်၊ ဘာပဲ လုပ်လုပ် ခေါင်းတော့ အရင်လျှော်ခိုင်းကြတာချည်းပဲ ဟုတ်။ သင်က ခုလေးတင်အိမ်မှာ လျှော်လာတာလို့ပြောရင် ခုထပ်လျှော်မှ ညှပ်ရတာ အဆင်ပြေမယ်၊ ဆံပင်ဆိုးရတာ အဆင်ပြေမယ်၊ ဒီကလျှော်ပေးတဲ့ ရှန်ပူက ဘယ်လိုကောင်းတာစသဖြင့် အခြေအတင်လေးတွေ ရှိလာပြီပေါ့။ အိုခေ သူတို့ပြောသလို ခေါင်းလျှော်ဖို့ လက်ခံလိုက်ပါပြီ။ အဲ့ဒီနောက်မှာ ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်ဆရာတွေ ပြောလေ့ရှိတဲ့ မုသားစကားပါးပါးလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
၁။ဟိုးအရင်ကတည်းက သုံးနေကျ ရှန်ပူတွေက မကောင်းတော့ဘူး။ ဆိုင်က ရှန်ပူတွေကတော့ အကောင်းဆုံး product တွေချည်းပဲ။
" မိခင်တစ်ယောက်ရဲ့ အရည်အသွေး (၁၄) ချက် "
မိန်းမတစ်ယောက်နဲ့ မိခင်တစ်ယောက်ဟာ အရမ်းကို ကွာခြားပါတယ်။ မရင့်ကျက်သေးတဲ့ မိန်းကလေးတစ်ယောက်ဟာ မိခင်ဖြစ်လာတဲ့အခါ နေ့ချင်းညချင်းပြောင်းလဲသွားနိုင်ပါတယ်။ မိခင်ဆိုတဲ့ဘ၀ကို ခံယူလိုက်တာနဲ့ တပြိုင်နက် ပြည့်စုံရမယ့်အရည်အသွေးတွေဟာ အတော်လေး များပြားလာပြီး တာဝန်ကြီးလာခဲ့ပါတယ်။ သားသမီးလေးတွေရဲ့ အကြီးမားဆုံးအားကိုးရာ မိခင် ဘ၀ကို ခုံမင်ပျော်ရွှင်စွာဖြတ်သန်းရင်း သားသမီးရတနာလေးတွေကို ပျိုးထောင်ပေးနိုင်ဖို့ လိုအပ်တဲ့ယေဘုယျအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) အမြဲတမ်း ကိုယ်ကစပြီး ဂရုစိုက်ပြ ချစ်ပြလိုက်ပါ၊ အမြဲပွေ့ဖက်ထားပေးပါ။
" အိမ်ထောင်ရေး ဖောက်ပြန်ခြင်း....လူတိုင်း လုံးဝ..လုံးဝ ဖတ်သင့်တဲ့ စာလေးဖြစ်ပါတယ် "
အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ) (တက္ကသိုလ်ဘုန်းနိုင်)
အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။
အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။
အမျိုးသား - ဟုတ်ပါတယ်။
အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။
အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။
အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။
" ဆေးမင်ကြောင် (Tatoo) ဖျက်ခြင်းရဲ့ ဤသို့ ဤသို့ သော ဆိုးကျိုးများကို တချိ့သူတို့ ခံစားကြရသည်."
မြန်မာ စကားပုံထဲမှာ ရှိပါတယ်…။ အိမ်ထောင်ပြုတာရယ်..၊ ဘုရားတည်တာရယ်..၊ ဆေးမင်ကြောင် (tatoo) ထိုးတာတွေကို မသေချာပဲနဲ့ လုပ်လိုက်မိရင် နောင်အခါ ပြန်ပြင်ဖို့ အလွန်ခက်ပါသတဲ့..။ ဒါပေမယ့် ပြောင်းလဲ လာတဲ့ခေတ်ကြီးမှာ တိုးတက်လာတာနဲ့အညီ ဆေးမင်ကြောင် (tatoo) ကိုတောင် ပြန်ဖျက်လို့ရတဲ့ နည်းလမ်းတွေ ပေါ်လာပါပြီ..။ ဒါပေမယ့် ဆိုးကျိုးတွေ ဆိုတာကတော့ ရှိစမြဲပါပဲ..။ tatoo ဖျက်ဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့ကြတဲ့ ပုံတွေကို ဗဟုသုတရအောင် ကြည့်လိုက်ကြပါအုံးဗျာ…
July 22, 2015
" ကိုယ့်ချစ်သူကို ဒီစကား (၃)ခွန်းကို အမြဲပြောတဲ့သူဟာ အချစ်ရေးကို ဖြည်းဖြည်းချင်း ညှင်းသတ်နေတာနဲ့တူ "
ဟန်နီ on 2015-07-20 16:41
တစ်ခါတစ်လေ ကိုယ့်ချစ်သူကို စိတ်ထဲအလိုမကျတဲ့အခါတိုင်း၊ သူနဲ့ပြသနာဖြစ်တဲ့အခါတိုင်း၊ စိတ်ကောက်တဲ့အခါတိုင်း တစ်ဖက်လူက အဆင်ပြေရဲ့လာ၊ အိုကေရဲ့လားလို့ မေးလာတဲ့အခါ မိန်းကလေးတွေအနေနဲ့ ပြန်ပြောဖို့ ရှိတာက ...၁။ အဆင်ပြေတယ်၊ ၂။ရတယ်၊ ၃။ ဘာမှမဖြစ်ဘူး  ဆိုတာတွေပါပဲ။
တစ်ခါတစ်လေ ကိုယ့်ဘက်က ဒီစကားတွေကို ပြောလို့ပြောလိုက်မှန်း မသိခင်မှာ ပါးစပ်ကပြောထွက်ပြီးသွားပြီ။  ဒါဟာ ရေရှည်မှာတော့ အချစ်ရေးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေပါပဲ။ ဘာဖြစ်လို့များလဲ...
၁။ ဒီလိုတွေပြောလိုက်တဲ့အခါ စကားဆက်ပြော၊ ဆက်ဆွေးနွေးဖို့ အခြေအနေပျောက်သွားပါပြီ။
နှစ်ဦးသား ဆက်ဆံရေး ပိုအဆင်ဖို့ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံပေးခြင်းဟာ အဓိက အချက်ပါပဲ။  တစ်ခုခု စိတ်အလိုမကျတိုင်း ခုလို စကားစပြတ်သွားအောင် လုပ်လိုက်မယ်ဆိုရင် တစ်ဖြည်းဖြည်းနဲ့ စိတ်အလိုမကျတာတွေချည်း များလာပါလိမ့်မယ်။ နှုတ်ကမဖွင့်ဟတဲ့အတွက် ဆက်ဆံရေးက
" ငါးရှဉ့်ကန်ထဲ ထိုင်၍အနားယူနေသူ တရုတ်အမျိုးသား၏ ဆီးအိမ်အတွင်းသို့ ထူးဆန်းစွာငါးရှဥ့်ဝင်သွားခြင်း" (အထိုင်မတော်တချက် ပါလား)
အိုး . . ကြားလိုက်ရတဲ့သတင်းကလည်းအံ့သြစရာတွေချည်းပါပဲ ။ တရုတ်ပြည်ရဲ့ Beauty spa တစ်ခုမှနေပြီး သွားရောက် ကာ (ဘယ်လို spa လုပ်တယ်တော့မသိ ) spa လုပ်တဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ လိင်အဂါင်္ မှတဆင့် ငါးရှဉ့်တစ်ကောင်က ၀င်ရောက်ပြီး ဆီးအိမ်ထဲ ရောက်ခဲ့တဲ့အတွက် ခွဲစိတ်ဖယ် ရှားပေးခဲ့ ရတယ်လို့ဆိုပါတယ် ။
အော်အော် အဖြစ်က ဒီလိုပါတဲ့ ။ Zhang Nan ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ အသက်ရှင်နေ တဲ့ငါးရှဉ့်တွေနဲ့အတူ သူ့ရဲ့အရေပြားကို ကျားသဏ္ဍာန်ပိုပီသလာစေဖို့အတွက် ပိုမိုချော မွတ်တောက်ပြောင် လာစေ ဖို့အတွက် အတူတူ ရေချိုးခဲ့ပါသတဲ့ ။ တကယ်တော့ ဒီလို ငါးရှဉ့်တွေနဲ့ treatment လုပ်ခြင်းဟာ လန်ဒန်က spa တွေမှာလည်း ခေတ်စားလှပြီး ငါးတွေနဲ့ ကုသမှု ခံယူသလို သဘောတရားချင်းဆင်တူပါတယ် ။
သူတို့ယုံကြည်ကြတာက ငါးရှဉ့်တွေက သူတို့ကို ဆယ်နှစ်လောက်ပိုငယ်သွားစေတယ်ဆိုတဲ့ အတွေးပါပဲ ။ ပြီးတော့ ခန္ဓာကိုယ်က သေဆုံးနေတဲ့ တစ်ရှူးတွေကိုလည်း ဖယ်ရှားပေးပါသတဲ့ ။ ဒါပေမယ့် ရေချိုးကန်ထဲ မှာ
" လေယာဉ်စီးလျှင် သတိထားစရာကောင်းသော ရောဂါများဆိုးကျိုးများ"
နေခြည် ဆေး(၁)
ခရီးသွားရတာကို စာရေးသူငယ်စဉ်က တည်းက တအားနှစ်သက်မိတာပါ။
ခရီးသွားတာဟာ အတွေ့အကြုံသစ်၊ ဗဟုသုတသစ်တွေနဲ့ ဘဝကိုရသစုံလင်စေတာမို့ ကမ္ဘာ့ ရွာကြီးတစ်ခုဖြစ်လာတဲ့ ယနေ့ခေတ်ကို ပီတိဖြစ်မိသလို ပြည်တွင်း၊ ပြည်ပမှာ လေယာဉ်တစ်တန်၊ ကားတစ်တန်၊ ရထားတစ်တန်ခရီးသွားရတာကို အင်မတန်မှလည်း ပျော်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ခရီးသွားရတာ ကိုနှစ်သက်ဆဲဖြစ်ပေမယ့် ကားကြာကြာစီးရတာ၊ လေ ယာဉ်ကြာကြာစီးရတာကို သိပ်ဘဝင်မတွေ့မိတော့တာ အမှန်ပါ။ သုံး၊ လေးနာရီမျှ လေယာဉ်စီးရတာသိပ်မသိ သာလှပေမယ့် နာရီပေါင်းများစွာ လေယာဉ်စီးရတာ ကို စာရေးသူ မတောင့်တမိတော့ပါ။
" မလေးရှားက မြန်မာတွေအတွက် အသုံးဝင်မယ့် မလေးဘာသာပြန် APK "
မလေးရှားက မြန်မာတွေအတွက် အသုံးဝင်တဲ့ မလေးဘာသာပြန် APK လာပြီနော် .... ဆွဲထားကြ ..... မလေးဘာသာစကားတွေကို ဖုန်းထဲကနေ နေ့စဉ် လေ့လာလို့ ရပါတယ်။ 
မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးကို ကျော်ဇင်ဟိန်းမှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးမှာ လိုအပ်ချက်တွေ ရှိမှာပါ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး မလေး အသံထွက် တွေကို မှန်ကန်အောင် ကြိုးစားပေးထားပါတယ်။ 
အိပ်ဆောင် အဘိဓါန် ဆိုတော့ အသုံးဝင်မဲ့ စာလုံးတွေပဲ အဓိက စုစည်းပေးထားပါတယ်။ ဒီ အဘိဓါန်လေး က
" သင့်တော်မှန်ကန်တဲ့ ဖူးစာရှင် ရှာဖွေနည်း (၃) သွယ် "
မိမိ ထာဝရ လက်တွဲချင်သူကို ရွေးချယ်တာဟာ တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်တွဲမယ့်သူဟာ အမြော်အမြင်၊ တာဝန်သိတတ်ခြင်းနဲ့ ရိုးသားဖြောင့်မတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုဖူးစာရှင်အစစ်ကို ရှာတွေ့ပြီဆိုတာနဲ့ ကြိုးစားခဲ့သမျှ တန်သွားပါလိမ့်မယ်။ တစ်သက်လုံး ပျော်နိုင်နေပြီလေ။ သင့်တော်မှန်ကန်တဲ့ သင့်ဖူးစာရှင်ကို ရှာတွေ့လိုရင် အောက်ပါအချက်တို့ကို လိုက်နာပါ။
(၁) သဘောထားကြီးကြီးထားပါ။ သင့် ပုံစံ၊ အဆင့်အတန်းနဲ့ အံကိုက်ဖြစ်မယ့် သူကို လိုက်ရှာမနေပါနဲ့။ အရပ်ထောင်ထောင်မောင်းမောင်း၊ အသားညှိပြီး ရုပ်ချောချောဖြစ်မယ့်အစား လက်စသတ်တော့ သင့်အကောင်းဆုံး လက်တွဲဖော်က အရပ်ပုပုတစ်ဦး ဖြစ်နေနိုင်တယ်။
(၂) အတိတ်က အချစ်အကြောင်းတွေ ခေါက်ထားလိုက်ပါ။ လက်ရှိ အလားအလာရှိနေတဲ့
July 21, 2015
ရောရော ချစ်မိတ်ဆွေများ ခင်ဗျား....အသုံးဝင်မည့် ဖုန်းနံပါတ်များ ကို အသစ်ထပ်တိုးထားပါတယ်
ရောရောသမ ချစ်မိတ်ဆွေများခင်ဗျာ....
အသုံးဝင်မည့် ဖုန်းနံပါတ်များ ကို အသစ်ထပ်တိုးထားပါတယ် ......
" မြန်မာတစ်နိုင်ငံလုံးရဲ့ ဌာနဆိုင်ရာ ရုံးနံပါတ်များ" ရဲ့ ဆက်သွယ်ရေးဆိုင်ရာ ဖုံနံပါတ်များကို
ရောရောသမမွှေ ဘလော့ဂ်ရဲ့ " ဖုန်းနံပါတ်များ" ဆိုသည်ကိုနှိပ်ပြီး ကြည်ရှုနိုင်ပါတယ်ခင်ဗျာ.....
အားလုံးကို ကျေးဇူးတင်ပါတယ်.....
((ရောရောသမမွှေ))
" အကြင်နာပွား မိန်းမသားတို့၏ စိတ်သဘောထား ဟူသည်မှာ......ဟူသည်မှာ ..ဟူသည်မှာ...ဤသို့တည်း..
Myawady News
Copy and WIN : http://ow.ly/KNICZ
(၁) မနှိုင်းနဲ့ “သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူကဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ 
မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ 
( ၂) လျစ်လျူမရှူနဲ့ မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။ 
(၃) မျက်နှာထား မပြနဲ့ မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက်
" ကျောက်ကပ် ပျက်စီးနေပြီဖြစ်ကြောင်းကိုဖော်ပြတဲ့ လက္ခဏာ (၁၄) ရပ်နှင့် သိသင့် သိမှတ်စရာများကို ဖတ်ရှုကြည့်ပါ"
အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သို့ သော် တချို့ ဝေဒနာသည်တော်တော်များ
များမှာ ရောဂါအခြေ အနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက်စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ ရတဲ့အတွက်ကြောင့် ထို ရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးကောင်းစွာ အသက်ဆက်နိုင်ဖို့ အတွက် ကျောက်ကပ် ရဲ့  အခန်းကဏ္ဍဟာလွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း တခြားကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု(တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်ခါစမှာကုသခြင်းထက်၊ ရောဂါကျွမ်းလာမှ ကုသနိုင် ခြင်းဟာ ရခဲလှတဲ့လူ့ ဘ၀အတွက် အင်မတန်မှနှမြောစရာကောင်းပါတယ်။ သို့ ပါ၍ အောက်ဖော်ပြပါ လက္ခဏာ(၁၄)ရပ်ကို လေ့လာရင်း ကျောက်ကပ်မပျက်စီးရလေအောင် မိမိဘက်မှလက်ဦးမှုအရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။
" ဆယ်နှစ်အရွယ် မိန်းကလေး ကျောင်းမှာ ကလေးမီးဖွားလို့ ဆိုသတဲ့တော့ .....ခမျာ ..သနားရှာပါတယ်အေ "
(၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး ဗိုက်နာမှုဖြစ်ပွားပြီးနောက် ကျောင်းမှာကလေးမွေးဖွားခဲ့ပါတယ်။ ဆရာ/မတွေက အမည်ဖော်လိုသူ အဲဒီကောင်မလေးကို ဆေးရုံပို့ပေးခဲ့ကြပါတယ်။
ဒီလို အသက်အရွယ်လေးနဲ့ ကိုယ်ဝန် (၇) လသားလွယ်ထားရတဲ့ ကောင်မလေးဟာ ကလေးတော့ ကျန်းကျန်းမာမာ မွေးဖွားခဲ့ပါတယ်။
ယခုအချိန်မှာ သူကို ဘရာဇီးလ်နိုင်ငံအရှေ့တောင်ဘက်ရှိ ဆေးရုံမှာ ပြုစုစောင့်ရှောက်မှုပေးလျက်ရှိနေပါတယ်။
သူမရဲ့ ၄၀ နှစ်အရွယ် ပထွေးဟာ  ကလေးအဓမ္မပြုကျင့်မှုတစ်ခုနဲ့ တရားမဝင် သေနတ်တွေ လက်ဝယ်ထား
ရှိခြင်းအမှု စတာတွေနဲ့ စွပ်စွဲခံခဲ့ရခြင်းဟာ ဒါ့ကြောင့်ဖြစ်မယ်လို့ ယူဆထားကြပါတယ်။
ဘရာဇီးလ်နိုင်ငံက ကောင်မလေး မိခင်က သူမမှာ ကိုယ်ဝန်ရှိကြောင်း သူမ မသိခဲ့ကြောင့်နဲ့ ကလေးရဲ့ ဗိုက်ဟာလည်း ပုံမှန်ထက် ပိုကြီးလာတာမျိုး သတိမမူမိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
" လက်သည်းကိုက်တတ်တဲ့ အကျင့်လေး ပျောက်စေဖို့ "
လက်သည်းကိုက်ခြင်းကြောင့်   လက်သည်းများ   လုံးဝပျက်စီးယိုယွင်းတာမျိုးမဖြစ်တတ်ပေမယ့်လက်သည်းတွေ မလှမပ ဖြစ်တတ်ပြီး  လက်သည်းနဲ့  ပါးစပ်တွေမှာ ရောဂါပိုးတွေကူးစက်ဝင်လာစေနိုင်ပါတယ်။  
 လက်သည်း ကိုက်တတ်တဲ့ အကျင့်ဟာ အင်မတန် ဖျောက်ရ ခက်ပါတယ်။ ဒါပေမယ့်  အသက်ကြီးလာတဲ့
အခါမှာတော့  လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အလိုအလျောက် ပျောက်သွားတတ်ကြပါတယ်။
" ရေထဲ ဖုန်းကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ "
ရုတ်တရက်ရေထဲ စမက်ဖုန်းကျသွားရင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ။် ဒီအတွက်မပူပါနဲ့ ။ ဒီနည်းလေးတွေကို လုပ်လိုက်ပါ။
၁။ ဖုန်းပါဝါပိတ်ပါ- ဖုန်းရေထဲကျလို့ ပြန်ဆယ်ယူပြီးပြီးချင်း ဖုန်းပါဝါ ခလုပ်ကိုပိတ်ပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့အတွင်းပိုင်းထိcircuits တွေ ပျက်စီးသွားခြင်းကို ကာကွယ်ပေးပါတယ်။
၂။ အကုန်ဖြုတ်ပါ- ပါဝါပိတ်ပြီးရင် ဖုန်းထဲက အရာမှန်သမျှ ဖြုတ်ပါ။ ဘက်ထရီ၊ ဆင်းကတ်ဒ်နဲ့ ဖုန်းအလှဆင်တန်ဆာ( အဖုံးခွံ၊ဖုန်းကပ်ခွာ) စတာတွေကို ဖြုတ်ပစ်လိုက်ပါ။
ထိုပစ္စည်းတွေပေါ်မှာ ရေတွေ ကျန်ရစ်ခဲ့မှုမရှိစေဖို့ ဖြုတ်တဲ့အခါ အ၀တ်စ အခြောက်ကလေးကိုင်ပြီး ဖြုတ်ပါ။
၃။ လှုပ်ခါပါ- နားကြပ်ပေါက်၊အားသွင်းပေါက် သို့မဟုတ် ဖုန်းအပြင်ရှိ ခလုပ်ကြားတွေထဲ ရေတွေကျန်မနေအောင် ဖုန်းကို အသာကလေး လှုပ်ခါပါ။ အဲ့ဒီနောက် ဖုန်းအပြင်ပိုင်းရှိ ရေတွေကို ဖယ်ရှားဖို့ အ၀တ်ခြောက် သို့မဟုတ် တစ်ခါသုံးစက္ကူစ သို့မဟုတ် တစ်ရှူးစလေးဖြင့် ဖုန်းအား သုတ်ပါ။
၎။ ဖုန်းကိုဆန်ထဲမြှပ်ထားပါ -ဒီနည်းကတော့ အသုံးများတဲ့ နည်းလမ်းပါ။ လေလုံသေတ္တာငယ်တစ်ခုသို့မဟုတ် ဇစ်ပါသောအိတ်ထဲသို့ မချက်ရသေးတဲ့ ဆန်များထည့်ပါ။ ဖုန်းကို အဲ့ဒီ ဆန်ထဲသို့ထည့်ပါ။ထို့နောက် ယင်းအိတ်
July 20, 2015
တစ်ညလုံး အိပ်ရေးပျက်ပြီး နောက်တစ်နေ့ကို ဘယ်လို ဖြတ်သန်းမလဲ
တစ်ညလုံးမအိပ်ရသေးပဲ နောက်တစ်နေ့မနက်ကို ဖြတ်သန်းရတာဟာ တော်တော် လေးခက်ခဲ
ပါတယ်။ အဲဒီအချိန် သင် အိပ်ရာထဲက ထထွက်လာပြီးတာနဲ့ သင် အလိုချင်ဆုံးအရာက ကျောချ
 လဲလျောင်းဖို့ပဲ ဖြစ်မှာပါ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ သင့်ကို အနားယူစရာ မလိုပဲ အိပ်ရေားပျက်ပြီး နောက်တစ်နေ့ကို ဖြတ်ကျော်နိုင်ဖို့ ရိုးရှင်းတဲ့အချက်လေးတွေ ရှိနေပါတယ်တဲ့။
Hess test သွေးလွန်တုပ်ကွေးစမ်းသပ်နည်း
Win Swe Kpg Hess test positive က > 10 လား >20 လား ဆရာ
Hess test (Rumpel-Leede test) ဆိုတာ သွေးကြောမျှဉ်လေးတွေက စိမ့်ထွက်နိုင်စွမ်းကို တိုင်းတာနည်းဖြစ်တယ်။ သွေးဖိအား အပေါ်ဂဏန်းနဲ့ အောက်ဂဏန်းကြားမှာ သွေးဖိအားတိုင်းကိရိယာကို လက်မောင်းပတ်မှာ ၁ဝ မိနစ်ကြာ ပတ်ထားမယ်။
" ချစ်ခရီးလမ်းတစ်ခုမှာ အမျိုးသမီးတစ်ယောက်နဲ့ အငြင်းအခုံပြုရာဝယ် ကိုကိုတို့ သတိထားရမည့် အချက်လေးတွေပေါ့"
ချစ်ခရီးလမ်းတစ်ခုမှာ အငြင်းအခုံဆိုတာ ရှောင်လွှဲမရနိုင်တဲ့ အရာပါ။ မိန်းမဆိုတာမျိုးဟာ အငြင်းအခုံဖြစ်နေချိန်မှာ ဖိနှိပ်လို့မရကောင်းတဲ့ အမျိုးအစားလည်းဖြစ်တယ်။ သူတို့ရဲ့ စကားလုံးတွေနဲ့ သင့်ကို သေချင်စိတ်ပေါက်သွားအောင် ပြောဆိုနိုင်စွမ်းရှိကြပါတယ်။ သင့်အနေနဲ့ကလည်း ငါးမန်း တစ်ကောင်လို ထိုးစစ်ဆင်မှ အသက်ရှုချောင်နိုင်လိမ့်မယ်လို့ ထင်ချင်စရာရှိတယ်။
ဒါပေမယ့်လည်း ငြင်းခုံနေကြချိန်မှာ သွေးကြွတဲ့စကားလုံးတွေ ထပ်ပေါင်းထည့်လိုက်တဲ့အခါ ပြန်လည်အဆင်ပြေဖို့ ရာခိုင်နှုန်းက သုညကို ကျဆင်းသွားပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ငြင်းတဲ့အခါမျိုးမှာပေါ့။ ဒီတော့ သင့်ကိုအကောင်းဆုံးအကြံပေးချင်တာက မစခင်က တည်းက ရပ်လိုက်ပါ။ ဒါပေမယ့်
" ကိုယ့်ချစ်သူကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူ့Facebook ကို လိုက်ကြည့်နေတာထက် ဒီအချက်တွေအတိုင်း လုပ်ဆောင်ပေးဖို့လို "
ကိုယ့်ချစ်သူကောင်လေး ခြေလှမ်းတွေ ပျက်နေတယ်လို့ ခံစားမိနေတယ်ဆိုပါစို့။ ဒါမှမဟုတ်လည်း တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ထင်နေတယ်ဆိုရင် အရင်ဆုံး သင်အနေနဲ့ သူ့ Facebook ကိုပဲ ၀င်ကြည့်မိပါလိမ့်မယ်။ ဒီတော့ ဘာများထူးခြားတာ တွေ့ပါသလဲ။ ဘာရယ်မဟုတ် တခြားကောင်မလေးတွေရဲ့ပို့စ်မှာ ကိုယ့်ချစ်သူ Like လုပ်ထားတာ၊ ကွန်မန့်ဝင်ပေးထားတာမြင်ရင် သံသယတွေကပိုကြီးတော့မှာပေါ့။ဒီတော့ဒီနည်းတွေထက်သင့်ကိုအဆင်ပြေသွားစေနိုင်သလို၊
 နှစ်ဦးသားပြန်အဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
ပထမဆုံး ဒေါသတွေထွက်နေတဲ့ သင့်စိတ်ကို လျှော့ချလိုက်ပါ။  ပြီးတဲ့အခါမှာတော့ ဒီ (၇)ချက်အတိုင်းသာ လုပ်ဆောင်ပါတော့။
" လျှပ်စစ်နှင့် ပတ်သက်လို့ သိမှတ်ထားသင့်တာတွေကို ကိုယ်တိုင်လည်းဖတ် တစ်ဆင့်လည်း မျှဝေပေးကြပါ "
အရေးမထာမှု့(သေးသေးလေး) မှ ကြီးကျယ်သော ဆုံးရုံးမှု ကြီးသို့ ပြောင်းလဲသွားသည့် (အကြီးအကျယ် အိုးမဲ့အိမ်မဲ့) အဖြစ် ရောက်ရှိရသည့် အခြေခံ အဖြစ်အများဆုံး လျှပ်စစ်အန္တရာယ်သည် ဆော့ကက်ပေါက်နဲ့ ထိုးပင် ပလပ်ခေါင်း မှစတင်ပါသည်။
1 ဆော့ကက်ပေါက်တွင် ထိုးပင်ခေါင်း ချောင် နေခြင်းကို သုံးစွဲနေကြခြင်း
2 မထိတထိ ဖြစ်နေခြင်းနှင့် လျှပ်စစ်ပစ္စည်းများကိုထိုးသွင်းသုံးစွဲကြခြင်း
3 ထိုးသွင်းသုံးစွဲပစ္စည်း များ၏ အား(power)မမျှခြင်း(သုံးစွဲမှု ကြာခြင်း)
4 ထိုးသွင်းသုံးစွဲပြီး ပြန်လည် မဖြုတ်ကြဘဲ ကြာမြင့်စွာ တပ်လျက်ကြခြင်း
" ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ "
လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့ အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ၀က်ခြံထွက်ြ ခင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့ အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက် စီးစေနိုင်ပါတယ်။
" မိုးတွင်းကာလ မိတ်ကပ် အမြန်လိမ်းနည်း "
မိုးရာသီမှာ မျက်နှာပေါ်ကမိတ်ကပ်တွေ မကြာခဏ စွန်းထင်းပေနေတတ်ရင်၊ ဆံပင်တွေဖရိုဖရဲ
ဖြစ်တတ်ရင်၊ ကြည့်ကောင်းနေစေဖို့ အမြန်ပြင်ဆင်ပေးနိုင်မည့်နည်းတွေရှိပါတယ်။
(၁) အဆီမပါသော အဆီဓါတ်ထိန်း ကရင်မ်လိမ်းပါ။ 
     မိုးတွင်းမှာ ပုံမှန်လိမ်းနေကျ ဖောင်ဒေးရှင်းမိတ်ကပ်ရည် မလိမ်းပါနှင့်၊ အဆီမပါတဲ့ အစို
ဓါတ်ထိန်းခရင်မ် ဒါမှမဟုတ် BB ခရင်မ်လိမ်းပါ။ ပြီးရင်ပေါင်ဒါမှုန့်ခပ်ပါးပါးလေးလိမ်းးပါ။ အဆီ
"အရက်သမားတို့ အသက်ရှည်ရခြင်း၏ ယောဂကျင့်စဉ် လျှို့ဝှက်ချက်"
အရက်သမားတွေ ဘာလို့ အသက်ရှည်ရလဲ ဆိုတာ ဒီပုံတွေကို ကြည့်ရင်သဘောပေါက်လိမ့်မယ်လို့ထင်
ပါတယ်။ ယောဂလေ့ကျင့်ခန်း ပြုလုပ်နည်းတွေနှင့် တူလွန်းမကတူနေလို့ပါဘဲဗျာ။ အသက်ရှည်ချင်လို့ဆိုပြီး
သွားမစမ်းရဘူးနော် :D မည်သူ့ကိုမျှ မရည်ရွယ်ပါ :P
July 19, 2015
" စတိတ်စင်ပေါ်က နာမည်ကြီး မော်ဒယ်လ် တို့ ၏ အလှအပ ရေးရာ နည်းငါးသွယ် "
 Credit : http://www.swesonemedia.org/5552.html
" သူနေတဲ့ အပင်အောက် အပေါ့လာသွားသော ယောက်ျားလေးကို ကြိုက်နှစ်သက်သွားကာ ပေါင်းသင်းဖို့ ကြိုးစားခဲ့တဲ့ သရဲမ(ဖြစ်ရပ်မှန်) "
ဘိုကလေး မြို့ နယ်ထဲ က ရွာ လေးတစ်ရွာ မှာ ဖြစ်ပါတယ်။ အချိန် က နာ ဂစ် မဖြစ်ခင် ၂၀၀၇ လောက် က ပါ။ အဲဒီ မှာ NGO တစ်ဖွဲ့  က ပတ် ၀န်း ကျင် ထိန်း သိမ်း ရေး အတွက် ဒီရေတော သစ်ပင် တွေ ကို တော ထဲ က စိုက် လို့  ကောင်း တဲ့  မြေလွတ် တွေ မှာ ရွေး ချယ် ပြီး ခြုံ ခုတ်၊ မြေ နေ ရာ ရှင်း၊ ပန္တက် ရိုက်၊ ကျင်းတူး ပြီး အပင် တွေ စိုက် မှာ ပါ။ အဲ ဒီ မှာ ကျေးရွာ တစ် ရွာ နဲ့  တစ်ရွာ က ကုန်းလမ်း ဆက်စပ် မှု နည်းပြီး ရေ လမ်း နဲ့ ပဲ သွာုးက ရ တာ ဆို တော့ တစ် ချို့  ဒီရေတက်တဲ့ ရက်တွေ မှာ စခန်းကို မပြန် ဖြစ်ပဲ တောထဲ မှာ ယာယီ စ ခန်း ဆောက် ပြီး ည အိပ် တာ မျိုး တွေ ရှိ ပါ တယ်။ မှတ် မှတ် ရ ရ အဲ ဒီ နေ့  က ည နေ စောင်း တစ် ခု မှာ ပေါ့။ ကျွန် တော် တို့  အဖွဲ့  က တော ထဲ မှာ ခုတ် ထွင် ရှင်း လင်း ပြီး ခ ရီး အ တော် ရောက် လာ တဲ့  အခါ အ နား ယူ ချက် ပြုတ် ရေး အတွက် ပြင် ဆင် နေ တုန်း အဖွဲ့ ထဲ မှာ ပါ တဲ့ လူ တစ် ယောက် က နေ မ ကောင်း ဖြစ် တယ်။ လှဲ သိပ် အနား ယူ ပြီး သိပ် မုကာ ပါ ဘူး သူ့  ပုံ စံ က မူ မ မှန် ဖြစ် လာ ပါ တယ်။ က ယောင် က တမ်း တွေ ပြော ပြီး အဖွဲ့ ထဲ က ကု လား မောင် မြင့် ကို လှမ်း လှမ်ုးကည့် နေ ပါ တယ်။ အ တွေ့  အ ကြုံ ရှိ တဲ့ လူ တစ် ချို့ က အဲ ဒါ ပ ယော ဂ တစ် ခုခု ၀င် ပူး တာ ထင် တယ် လို့  ပြော တယ်။ ကျွန် တော် တို့  အဖွဲ့ ထဲ က ခေါင်း ဆောင် " ဆ ရာ ကျော်" လို့  ခေါ် တဲ့ လူ က ပါး နှပ် တယ်။ တစ် ချိန် က လည်း သစ်တော မှာ အ ရာ ရှိ လုပ် ဖူး တော့ ဓား ရှည် တစ် ချောင်း ကိုင် ပြီး အဲ ဒီ နေ မ ကောင်း တဲ့ လူ ကို သူ့  အ ရှေ့  ခေါ် လာ ခိုင်း တယ်။
အား လုံး က ရင် တ ထိတ် ထိတ် ဖြစ် နေ ချိန် မှာ သူ က ခပ် တည် တည် နဲ့  " ခင် ဗျား ဘယ်
"လက်နက်ကိုင် ပုလိပ်တပ်ကို နူးညံ့အိပြောင်းတဲ့ ရင်သားဖြင့် ခုခံတွန်းထုတ်ခဲ့တဲ့ ဟောင်ကောင်သူ လုံမငယ် ထောင်ကျဖွယ်ရာရှိနေ" ကြားရတာ နားဝမှာ မသက်သာပါလား..
"သံတုတ်တွေ၊ သံဒိုင်းတွေ၊ ဘွတ်ဖိနပ်မာကြီးတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြသူ
နှိပ်ကွပ်ရေး ပုလိပ်တပ်ကို နူးညံ့အိပြောင်းတဲ့ ရင်သားဖြင့် ခုခံတွန်းထုတ်ခဲ့တဲ့ ဟောင်ကောင်
သူ လုံမငယ် ထောင်ကျဖွယ်ရာရှိနေ"
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ မြို့တော်ဟောင်ကောင်မှာ ပြည်မကြီးဈေးဝယ် သူတွေနဲ့ပတ်
သက်ပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြဆူ ပူအုံကြွမှုမှာပါဝင်ပတ်သက်တဲ့ လူအုပ်စုတစ်စုကြားထဲကမှ အသက် ၃၀ နှစ် အရွယ်အမျိုးသမီးNg Lai-ying အား ပုလိပ်တပ်ဖွဲ့ဝင်များကို လိင်ပိုင်း
ဆိုင်ရာခုခံတုန့်ပြန် မှုများစွာဖြင့် စစ်ဆေးတွေ့ ရှိခဲ့ကာ ထောင်ဒဏ်ကျခံရဖွယ်ရှိကြောင်း သိရပါတယ်။
" ကမ္ဘာကျော် အာကာသအေဂျင်စီ နာဆာမှ မြန်မာပညာရှင် "
အမေရိကန်အာကာသအေဂျင်စီ(နာဆာ)မှာတာဝန်ထမ်းဆောင်နေတဲ့ မြန်မာလူမျိုးရှိပါသလားလို့ စာဖတ်ပရိတ်သတ်တစ်ယောက်က မေးဖူးပါတယ်။ ကျနော်လည်း ဒီမေးခွန်းအတွက် အဖြေကို လိုက်ရှာရင်း အမှတ်မထင် တွေ့လိုက်တဲ့ Comment ၂ ခုကနေ နာဆာမှ မြန်မာလူမျိုး သုတေသန ပညာရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်..။
ဆရာကြီး ဒေါက်တာ ပဒေသာတင် လို့ခေါ်ပါတယ်။ သူဟာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ရူပဗေဒအဓိကဘာသာဖြင့် MSc ဘွဲ့၊ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Western Illinois University မှ ရူပဗေဒအဓိကဘာသာဖြင့် MS ဘွဲ့၊ မစ်ဆိုးရီးပြည်နယ် University of Missouri, Rolla မှ ရူပဗေဒအဓိကဘာသာဖြင့် PhD ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်.။
နာဆာရဲ့ နိုင်ငံတကာအာကာသစခန်း မြေပြင်ထိန်းချုပ်ရေးဌာနမှ The Melting of Aqueous
" အမျိုးသမီးများ မှားယွင်းတတ်သော အလေ့အကျင့်များ "
၁။ တော်ရုံတန်ရုံဆို ဆရာဝန်ပြစရာ မလိုပါဘူး
အသေးအမွှားခေါင်းကိုက်တာ၊ ဖျားနာတာ လောက်ဟာ သင့်အတွက် ပြဿနာ မဟုတ်ပေမယ့် အချိန်တိုင်း လိုလိုသာ ဖြစ်နေမယ်ဆိုရင်တော့ သင့်နောင်ရေး အတွက် မကောင်းနိုင်ပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ကို အမြဲတိုင်းတာပါ။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရော ကို အမြဲတိုင်းတာစစ်ဆေးပါ။ ဖြည့်စွက် အစားအစာနဲ့ လေ့ကျင့်ခန်းကို သင့်နေထိုင်မှုထဲမှာ ထည့်ပေါင်းပါ။ ရင်သားစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။
၂။ တို့ကတော့ ဒေါက်မြင့်ဖိနပ် စီးနေကျပါပဲ
အချိန်ကြာကြာ ဒေါက်မြင့်သုံးလက်မကနေ ငါးလက်မအထိ မြင့်တာတွေစီးတာကြောင့်
" ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ "
ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။  တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ဘဲဥတစ်လုံးစားပေးရင် နှလုံးအထူးကုဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့်
Subscribe
လာလည်သူများ
free counters