♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 23, 2013

လူငယ်နှင့် အားကစား



လူငယ်နှင့် အားကစား

  • ·         ရခဲသော လူ့ဘ၀တွင် ဗလငါးတန်နှင့်ပြည်ဝရန်လိုပုံ

  • ·         ကျန်းမာရေးအတွက် အားကစားလိုက်စားသင့်ပုံ

  • ·         အားကစားနည်းအမျိုးမျိုး

"ရခဲပေစွ လူ့ဘ၀" ပာု မြတ်စွာဘုရား ပောာကြားတော်မူခဲ့သည်အတိုင်း လူအဖြစ်လူ့ဘ၀သည် ရဖို့မလွယ်ပါ။ ရခဲ့ပြန်လျှင်လည်း ကျန်းမာကြံ့ခိုင်သောခန္ဓာ၊ထက်မြက်သော ဆင်ခြင်တုံတရားတို့နှင့် ပြည်စုံမှသာလျှင် ရရှိရကျိုးနပ်ပေမည်။ ကာယဗလ၊ဉာဏဗလ၊မိတ္တဗလ၊ စာရိတ္တဗလနှင့် ဘောဂဗလ စသော ဗလငါးတန်ပြည့်ဝ
ရန်အရေးကြီးလှသည်။ ဗလငါးတန်ပြည်ဝရန် လူငယ်ဘ၀မှာပင် အားကစားလိုက်စားသင့်ပါသည်။
လူငယ်တို့ဘ၀တွင် အမျိုးအစားနှစ်မျိုး အကြမ်းသတ်မှတ်ကြည့်မည်ဆိုလျှင် လူမိုက်နှင့်လူလိမ္မာပာူ၍ လွယ်လွယ်ဆိုရပါမည်။ လူမိုက်ပာူသည်ကား ကျောင်းသားဘ၀ကပင် စာမကြိုးစားဘဲ ကျောင်းပြေး၊ စည်းမဲ့
ကမ်းမဲ့နေကြသူများဖြစ်၏။ လူလိမ္မာကား ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့် အပတ်တကုတ်လေ့လာကျက်မှတ်
သူများ ဖြစ်သည်။ သို့သော် စာကိုချည်းဖိကြိုးစား၍ ကျက်မှတ်နေသူများသည် ကျန်းမာရေးချိုတဲ့တက်ပါသည်။
ကျန်းမာရေးချိုတဲ့လျှင် ပညာဉာဏ်မည်မျှပင် တော်နေကောင်းပါစေ ခါးတစ်ပိုင်းကျိုးသောမြွေ ကဲ့သို ခရီးဆက်
ရန်ခက်ပေလိမ့်မည်။

ရောရောသမ တစ္ဆေ သရဲများလောက

-->
ရောရောသမ တစ္ဆေ သရဲများလောက
 ရောသမဆိုတဲ့အတိုင်း ရောရမှကျေနပ်တတ်တဲ့ဗီဇအတိုင်း အခုလဲရောသမလိုက်ရပါတယ်
ကြံသကာဟာ ချိုပြီးအရသာနှင့်ပြည့်စုံပေမဲ့..သူတစ်မျိုးတည်းဆိုလည်း မကောင်းလှဘူး…..
နွားနို့နှင့် လက်ဘက်ခြောက်ကိုပါ သူနှင့်အတူ ရောသမလိုက်ရင်တော့….အမောပြေစရာ
လက်ဘက်ရည်တစ်ခွက် ရလာပါတော့တယ်အဲ့လိုရလာရင်လဲသောက်လိုက်ပေါ့ဗျာ…..
အင်းလက်ဘက်ရည်ချည်း ချနေလို့လည်းအရသာကမရှိပြန်ဘူး….ဒီတော့ရသခံစားမှု အာရုံ
ထဲမှာ နောက်ထပ်ရောဘို့လိုလာပြန်တယ်ဘာတွေမျာရောဦးမှာလဲဆို စဉ်းစားမနေနှင့်ဦး..
ဘလောဂ်တွေထဲက ကောင်းနိုးရာရာတွေကို ရောသမထားတာလေးတွေကိုဖတ်လိုက်ရင်
လက်ဘက်ရည်ရဲ့ အရသာရယ်….စာပေရဲ့အရသာရယ်ဟာ..ရောနှောသွားပြီးခံစားမှု
ရောသမဖီလင်တစ်မျိုး တက်လာတတ်ပါတယ်….ဒါနှင့်လောကကြီးဆိုတာလည်းရောသမ
ကြီးပါပဲလေလူချင်းရောတော့..လူဖြစ်ကြတယ်….လူနှင့် အစာနှင့် ရေနှင့်ရောတော့ အား
အင် အဟာရဖြစ်လာတယ်….လူနှင့်အိမ်နှင့်ရောတော့..လူနေအိမ်ဖြစ်လာတယ်..လူနှင့်အဝတ်
နှင့်ရောတော့ ဝတ်ဆင်မှုဖြစ်လာတယ်လူထီးနှင့်လူမရောတော့ ချစ်ြခင်းဟူသော သံယောဇဉ်တွေ
ခင်မင်မှုတွေ….ကြင်နာမှုတွေရင်ဖိုစရာတွေကြည်နူးမှုတွေစိုးရိမ်မှုလေးတွေပျော်ရွှင်စရာ
တွေစွန်စားမှုတွေလှလှပပနေတတ်မှုတွေ…သူ့အကြောင်းလေး စဉ်းစားပြီးတစ်ယောက်တည်း
ပြုံးစိ ပြုံးစိနှင့်နေတတ်မှုတွေ……စကားလှလှလေးတွေ ရှာဖွေပြောတတ်လာမှုတွေ..ကဗျာလေးတွေ
ကိုမဖတ်စဖူးအဖတ်ထူးလာမှုတွေ…..အိပ်ယာဝင်ရင်ခေါင်းအုံးကို သူလို့ အမှတ်ထားပြီး ပါးစပ်က
ပေါက်ကပြောတတ်လာမှုတွေ..အဲ့လို ကိုယ်ကတစ်ယောက်တည်း ရူးကြောင်မူးကြောင်ပြောနေတာကို
မိဘတွေကကြားသွားပြီး ဟဲ့သား/ ဟဲ့သမီး တစ်ယောက်တည်းဘာတွေပြောနေတာလဲလို့ မေးလာရင်
သတိဝင် အရှက်ရပြီး ..မဟုတ်ဘူးမေမေ/ မဟုတ်ဘူးဖေဖေ သားတို့/ သမီးတို့ကျောင်းမှာ မနက်ဖြန်
စကားရည်လုပွဲ ရှိတယ် အဲ့ဒါအတွက်လေ့ကျင့်နေတာလို့ ပြန်ဖြီးတတ်မှုတွေ……ထမင်းဗူးထဲ အစာ
တွေကိုသူ့အတွက်ပိုထည့်သွားမှုတွေ…အမေက..သမီးရယ် မများလွန်းဘူးလား…အိမ်မှာတော့အစားနည်း
လိုက်တာ…ကြောင်စာစားသလိုပါပဲလို့ဆိုရင်…ပျာပျာသလဲ..မေမေရယ်သမီးက ကျောင်းရောက်ရင်..စာ
တွေချည်း ဖိလုပ်နေရတော့ သိပ်စာတာပဲဟု….ရိုးသားတဲ့ အမိကိုညာတတ် လိမ့်တတ်မှုတွေ…ကျောင်း
ပိတ်ရက်မှာ…သူနှင့်တွေ့ဖို့ အတွက်..ကျောင်းမှာဆရာမက အပိုချိန်ခေါ်ထားလို့ဘာလို့နှင့်ညာတတ်မှုတွေ
သူငယ်ချင်းတွေကို..အိမ်က တစ်ယောက်ယောက်က မေးလာရင်ငါအပိုချိန်တက်နေတယ်လို့သာပြောပေး
ပါလို့ သူငယ်ချင်းတွေကို..လိမ်ဖော်လိမ်ဘက် ဆွဲဆောင်မှုတွေ..သူ့အတွက်ဆို ဘယ်လိုဘဲလိမ်ရလိမ်ရ
မသင်ဘဲနှင့် လိမ်တတ်လာမှုတွေ………….အနစ်နာခံလိုမှုတွေ....ဦးစာပေးမှုတွေ..သူ့ကျွန်ခံလိုမှုတွေ
ဘာမဆိုပျာပျာသလဲ လုပ်ပေးလိုမှုတွေ….အင်း ဖြစ်တတ်တာတွေ..တွေ့ဘူး မြင်ဘူးတာတွေကိုပြောရင်း.ပြော
ရင်းနှင့် .......နဲနဲ အာခြောက်သလိုဖြစ်လာတယ်….အဲ ဆက်ပြောရရင်........တန်ဘိုးထားတတ်မှုတွေ
ကာကွယ်ပေးလိုမှုတွေမမြင်ရရင် ရင်ထဲဟာတာတာကြီးဖြစ်လာမှုတွေထွေးပိုက်ထားလိုမှုတွေ….
ပါးစပ်ပေါက်သာ စပါးကြီမြွေလို အစွမ်းကုန်ဟလို့ရရင်ကိုယ့်ချစ်သူကို ပါးစပ်ထဲငုံထားချင်လိုမှုတွေ
ဒါပေမဲ့ သူ့ကို တို့ပါးစပ်ထဲတော့လေတော့မလယ်လိုက်ပါနှင့်…တို့ခံနိုင်ဘူးလို့တော့ပြောထားရမယ်………
သူ့ကိုမထိလိုက်နှင့်မိဘကိုတောင်ပြန်အာခံမှုတွေ..သူနှင့်ပတ်သက်လာရင်..လိမ်ညာဖြီးဖြန်းဖာပေးမှုတွေ
ဆတ်ဆတ်မခံနှုတ်သီးကောင်းအာကောင်းလျှာကောင်းလာမှုတွေဝတ်လုံသင်တန်းမတက်ရပဲ
သူနှင့်ပတ်သက်လာရင်….ရှေ့နေရှုံးအောင်တရားသူကြီးထိုင်ငိုရတဲ့အဖြစ်ရောက်အောင်….သက်သေ
တွေမျက်စိလည်သွား..စိတ်အာရုံဖောက်ပြားသွားတဲ့အဖြစ်ရောက်အောင်..နှုတ်သွက်လျှာသွက်
အချက်ကျကျ ပက်ပေးမှုတွေ..နွားတစ်ကောင်လို..ခွေ့ပေးမှုတွေ….ကြက်တစ်ကောင်လိုဆိတ်ပေးမှုတွေ…..
ခွေးတစ်ကောင်လိုအမြီးနှံ့ပြီးသူ့အလိုကျမိမိဘဝကိုသူ့အတွက်လုံးဝ….လုံးဝသင်္ခါရသဘောပိုက်လိုက်မှုတွေ….
အင်းတော်ပြီနဲ့တူတယ်..တော်ကြာငယ်ငယ်ကရည်းစားစာရေးလိုက်တာ စာသိပ်ရှည်သွားလို့......…..
ကိုယ်စာပေးလိုက်တဲ့မိန်းကလေးကကိုကိုရေးထားတဲ့ဝတ္ထုကဖတ်လို့သိပ်ကောင်းတာပဲ…………….
ဆိုသလိုဖြစ်နေဦးမယ်….အထက်ကရေးခဲ့သလို...မှုပေါင်းများစွာကို ဖြစ်စေသည့်ရသပေါင်းများစွာကို
လူနှစ်ဦးရောသမချင်းမှရရှိလေ၏……အဲအခုလဲသေသောသူနှင့် မြေကွက်လပ်တို့ကိုရောသမလျှင်….
သင်္ချိုင်းမြေဆိုတာဖြစ်လာရတဲ့ အကြောင်းနှင့်ဆက်ဆပ်နေပြီးသေခြင်းနှင့် ခန္ဓာရောသမတော့
သရဲဆိုတာဖြစ်လာရတဲ့အကြောင်ပေါင်းများစွာကို…….ရောသမလိုက်ရပါတယ်…..ဖတ်ရှုတော်မူကြပါလို့..

ယခုတလော အင်တာနက်ပေါ်တွင် အခမဲ့ ကြည့်ရူရသော ၀က်ဆိုဒ်များမှတဆင့် ခေတ်စားလာ
သည့် မြန်မာ့သရဲ ဗွီဒီယို ဇာတ်လမ်းများကို ကြည့်ရူရပါသည်။သတိထားမိသလောက် လွန်ခဲ့သော
တစ်နှစ် ပတ်ဝန်းကျင်မှစ၍ ထုတ်လုပ်ဖြန့်ချီခဲ့သော သရဲ ဗွီဒီယို ဇာတ်လမ်းများသည် တကယ့်
 သရဲ ဇာတ်လမ်းများမဟုတ်ပဲ စိတ်ကူးယဉ်၊ စိတ္တဇ ဆန်ဆန် ရိုက်ကူးမှုများ သဘောသာ ကြည့်ရူ
ရပါသည်။ ဇာတ်လမ်းအဆုံးတွင် ထိုသရဲများသည် အစစ်များ မဟုတ်ဘဲ စိတ်ထဲတွင် ဆွဲထင်ရာမှ
ပေါ်ပေါက်လာသော သရဲ အတု များသည် ဖြစ်သည်။ယခု မျက်မှောက် ကြည့်ရူခွင့်ရသည့် မြန်မာ့
သရဲ ဗွီဒီယို ဇာတ်လမ်းများတွင်ထိုသို့ မဟုတ်တော့ပဲ သရဲ စစ်စစ်။ ရုပ်ရှင်ထဲမှ သရဲသည် စိတ်ကူး
ယဉ်၍သော်လည်းကောင်း၊ စိတ်ထဲတွင် ဆွဲထင်၍သော် လည်းကောင်း ပေါ်ပေါက်လာသောအတု
များမဟုတ်တော့ပါ။ တကယ့်ကိုပင် ပြင်ပ၌ ရှိနိုင်သော သဘောများကိုရိုက်ကူးတင်ပြ လာကြသည်
ကို တွေ့ရပါသည်။ ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အမေ့ ဇာတိမြို့လေး
ဖြစ်သည့် အင်းတော်က အဖိုး အိမ်တွင်သွားနေလေ့ရှိသည်။ အဖိုးအိမ်သည် ဆေးရုံနှင့် နီးသည်။ 
 ဆေးရုံသည် ကျွန်တော်တို့ ရေသွားသွားချိုးနေကြ သဲချောင်းလေး နားတွင်ရှိသည်။ ချောင်းသို့
 ရေသွားသွားချိုးတိုင်း ဆေးရုံရှေ့မှ ဖြတ်သွားရပြီ.. ရင်ခွဲရုံသည် ချောင်းနှင့် အနီးဆုံးနေရာတွင်
ရှိသည်။ အင်းတော်မြို့သည် ယင်းဒေသတွင် တော်တော်ကျယ်သော မြို့နယ်တစ်ခုဖြစ်ပြီး နဘား၊
 မဲဇာ၊ ဆယ်ရွာ၊ မော်လူး၊ နန့်စီးအောင် အစရှိသော မြို့များမှ ရန်ဖြစ်လို့ပဲ သေသေ ကားတိုက်လို့ပဲ
ရထားတိုက်လို့ပဲ သေသေ ရေနစ်လို့ပဲ သေသေ အစိမ်းသေ မှန်သမျှ အင်းတော် ဆေးရုံ ရင်ခွဲရုံသို့
လာပို့ရသည်။ ရင်ခွဲရုံသို့ လူသေအလောင်း ရောက်တယ်လို့ ကြားသည်နှင့် ကျွန်တော်တို့ ကလေး
တစ်သိုက် သွားသွားကြည့်ဖြစ်ကြသည်။တစ်ချို့က ရထားကြိတ်ထားလို့ ခေါင်းပြတ်နေသည်။ တစ်
ချို့ကဓားထိုးခံရလို့ အူတွေ အခွေလိုက် အပြင်မှာ ထွက်နေသည်။ တစ်ချို့ကတော့ ဘာဒါဏ်ရာမရှိပဲ
 သေနေသည်။ တစ်ကြိမ်ဆိုလျှင် ကျွန်တော်တို့ ရေချိုးနေကြ သဲချောင်းလေးဘေးကမန်ကြီးပင်မှာ လူ
တစ်ယောက် ကြိုးဆွဲချသေသည်။ အလောင်းက ကမ်းနဖူးမှာ ထိုင်လျှက်အနေထား ငုတ်တုပ်ကြီး.
ကြိုးက မန်ကြီးပင်မှာ တန်းလန်း။ ငယ်ငယ်တုန်းကတော့ ကလေးမို့လို့ ကြောက်ရကောင်းမှန်းမသိ။
ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်သည်။ လူကြီးတွေ မောင်းထုတ်လျှင် ပြန်ပြေးလာလိုက်သည်ဒါရိုက်
တာမောင်မျိုးမင်း၊ ကိုပေါက်နှင့် လှိုင်ထုတ်လုပ်ရေး ပိုင်ရှင်များသည် မြန်မာပြည်၏ ထင်ရှားသော
အနုပညာရှင်များအဖြစ် စာရင်းဝင်သူများ ဖြစ်ကြသည်။   သူတို့ဘာကြောင့် သရဲဇာတ်လမ်းများ
ရိုက်ကူးလာကြသနည်း။ ကြာဖြူ ဇာတ်လမ်းကတစ္ဆေများနှင့်တွေ့ဆုံခြင်း ဇာတ်လမ်းလောက်တော့
သိပ်မပြင်းထန်ပါ။ ကိုယ်ဝန်ဖျက်ချမှုကို ပညာပေးလို၍ ရိုက်ကူးသည်ဟု စကား ပလ္လင်ခံထားသည်။
ကိုယ်ဝန်ဖျက်ချမှုကို သရဲ ဇာတ်လမ်းဖြင့်သာ ပညာပေးလို့ ရပါသလား။ တခြားနည်းလမ်း မရှိတော့
ဘူးလား။ သရဲအဖြစ် သရုပ်ဆောင်သူက အသက်ငယ်ရွယ်သော ကလေး သရုပ်ဆောင်။ ရုပ်ရှင်
ကြည့်ကြသော ကလေးငယ် ပရိသတ်များ ဘာတွေ တွေးပြီးဘယ်လိုတွေ ခံစားသွားကြမည်နည်း။
ခံစားမှုတွေများလာလေလေ လူ့ရဲ့ စိတ်အင်အားရဲ့ လျောနည်းမှုတွေရှိလာလေလေပါပဲ။ အကြောင်း
အရာဖြစ်ရပ်ပေါင်းများစွာကို..ကြည့်ရှုအာရုံပြုမှုဟာမိမိအာရုံထဲကိုရောသမလိုက်ခြင်းတစ်မျိုး
ပါပဲ….အဲဒိလို ဖြစ်ရပ်ကိုအာရုံထဲ..ရောသမလိုက်တော့ခံစားမှုတွေဖြစ်လာတယ်….ပျော်စရာဆို
ရင်ပျော်စရာစိတ်ညစ်စရာဆိုလျှင်စိတ်ညစ်စရာကြောက်စရာဆိုလျှင်ကြောက်စရာတွေဖြစ်လာ
တတ်တယ်….ဒီလိုခံစားမှုတွေအကွက်ကျကျထိထိမိမိဖြစ်လာဖို့ဟာအကြောင်းအရာစီမံသူတွေ
(စာရေးဆရာများ)နှင့်….ထင်ဖော်ကျော်ကြွားသူများ(သရုပ်ဆောင်များ)က စုပေါင်းရောသမကြကာ
လူ့စိတ်လှည့်စားရေးယန္တယား(ဓါတ်ရှင်) ကိုပီပီပြင်ပြင်ဖန်တီးနိုင်သောကြောင့်ပင်ဖြစ်သည်…..ဒီတော့
အခုနကစကားကိုပြန်ဆက်ရရင်………………….ငယ်ငယ်က အဖြစ်လေးတစ်ခုကိုသွားသတိရမိတာ
ကတော့ငါးတန်း ခြောက်တန်းလောက်အရွယ်ရောက်တော့၊ ကျွန်တော်တို့မြို့မှာ ကားတိုက်မှုတစ်ခုဖြစ်
သည်။ အတိုက်ခံရသည် ကောင်လေးက ကျွန်တော်တို့ကျောင်းက ကျွန်တော့်ထက် တစ်တန်းပဲ ငယ်
သည်။  သူ့အမေ မန္တလေးမှာ ခေါဆီ(တစ်ချို့ဒေသတွင် ခေါပုတ်ဟုခေါ်သည်)  သွားရောင်းတာကို ဘူ
တာကို လိုက်ပို့ပြီး အပြန်မှာ သစ်လုံးကားက ဘေးက ဖြတ်သွားစဉ် စက်ဘီးလှဲပြီး သူ့ခေါင်းကကားဘီး
အောက် ရောက်သွားခြင်းဖြစ်သည်။   ကျွန်တော်သွားကြည့်တော့ သူက ကျောင်းစိမ်း ဝတ်စုံးလေးကို
ဝတ်ထားသည် သူ့အလောင်း ပတ်ပတ်လည်ကို ထုံးဖြင့် စည်းတားထားသည်။ ခေါင်းက ကြေမွနေပြီ။
ငယ်ငယ်တုန်းက အလောင်းတွေ သွားသွားကြည့်တာ ဘာစိတ်ခံစားမှုမှ မရှိခဲ့ပေမယ့် ဒီတစ်ကြိမ်းတော့
စိတ်ထဲမှာ ကြောက်သလိုလိုရှိလာသည်။  သူနှင့် ကျွန်တော် မသိသော်လည်း တစ်ကျောင်းတည်းက
ကျောင်းသား ဖြစ်နေတာကြောင့် ကျွန်တော့်နောက်ကိုများ သူ့ဝိဥာည်တွေ လိုက်လာလေမလားဆိုပြီး
သံသယ ဖြစ်မိသည်။  ညရောက်တော့ မျက်လုံးကို ဘယ်လို ပိတ်ပိတ် မျက်စိထဲမှာ သူ့အလောင်းကြီး
ကိုပဲ သွားသွာမြင်နေမိသည်။ ပြီးတော့ တစ်ဖြည်းတစ်ဖြည်း ကြောက်လာသည်။ နောက်ပိုင်းမှာလည်း
သွားသွာကြည့်ဖြစ်သည်။    ကြည့်နေတုန်းမှာ မကြောက် ညဘက် အိပ်တော့မှာ အလောင်းတွေကို
မျက်စိထဲ ပြန်ပြန်မြင်မိပြီး ကြောက်လာခြင်း ဖြစ်သည်။ သို့ပေမယ့် ညခါမှ ကြောက်ရော နေ့ခင်းဘက်
မှာတော့သွားသွားကြည့်ဖြစ်နေတုန်း။    သည်လိုနှင့် သတင်းထောက် ဖြစ်လာတော့ on the spot
သေသွားတဲ့လူအလောင်းတွေက မမြင်ချင်မှ အဆုံးဖြစ်လာသည်။ ပထဆုံး မှတ်မှတ်ရရ ကျွန်တော်
သတိထားမိတာက မေလ၇ ရက်နေ့  ဗုံးသုံးလုံး ဆက်တိုက်ကွဲတဲ့ ဖြစ်စဉ်။  အဲဒီနေ့က ကျွန်တော်က
ပုစွန်တောင်မြို့ ကုန်သွယ်မှု ဗဟိုဌာနမှာ လုပ်နေတဲ့ ထိုင်းကုန်စည် ပြပွဲမှာ။ ကျွန်တော်က မြေညီထပ်
မှာ၊ ဗုံးကွဲတာက ဒုတိယ ထပ်မှာ။     ကျွန်တော် တက်ကြည့်ဖြစ်တော့ တစ်ယောက်က ခါးတစ်ပိုင်း
ပြတ်လျှက်သား ကြမ်းပြင်ပေါ်မှာ တည်နေသည်။  တစ်ချို့တွေက တုံးလုံးပက်လက်။     အဲဒီနေ့က
ရန်ကုန်မြို့ ဒဂုံစင်တာက စီတီးမတ်၊ ရှစ်မိုင်ဂျန်းရှင်းအိတ်က စီးတီးမတ် ဆိုင် အပါဝင် သုံးနေရာဗုံး
ကွဲခဲ့ပြီး လူတစ်ဆယ့်တစ်ယောက် သေသွားသည်ဟု သိရသည်။    အဲဒိလိုဇာတ်လမ်းများကဲ့သို့ပင်
တစ္ဆေများနှင့်တွေ့ဆုံခြင်း ဗွီဒီယိုဇာတ်လမ်းက သရဲဇာတ်လမ်း စစ်စစ်တစ်ခုပါ။   စိတ်ကူးယဉ်တာ
လည်း မဟုတ်၊ ဂရောင်ချောက်ချားမှုလည်း မဟုတ်၊ သရဲဖြစ်နေသော ကလေးသရဲ သုံးယောက်ကို
ဗဟိုပြုထားသည်။ ထို ကလေးသရဲများသည် ဇာတ်လမ်းထဲတွင် အောင်ခိုင်နှင့် သန်းသန်းစိုးတို့
လင်မယား၊ ထွန်းထွန်းဝင်းတို့ ဇနီးမောင်နှံ အစရှိသော သာမန်လူ (၄)ဦးကို သတ်နိုင်သော အာဂ
ကလေးသရဲ များဖြစ်ကြသည်။လူတစ်ယောက် သေဆုံးလျှင် သရဲ ဖြစ်နိုင်သည် ဆိုလျှင် ထိုသရဲ
သည်ဘာသာရေး သွန်သင်ဆုံးမမှု  (ဗုဒ္ဓဘာသာ) များအရ မြေဖုတ်အဆင့်သာ ဖြစ်နိုင်သည်။
ထို မြေဖုတ်ခေါ် သရဲ သည် လူအား သတ်ဖို့ မပြောနှင့်အနားတွင် နေထိုင်ဖို့ပင် အင်မတန် ခဲယဉ်း
လှပါသည်။ လူသည် လောဘ၊ဒေါသ၊ မောဟများ အနည်းနှင့်အများဆိုသလို ရှိသောကြောင့် လူ၏
အပူရှိန်ကိုထို မြေဖုတ် ခေါ် သရဲသည် လုံးဝ မခံနိုင်ပါ။ ထားပါတော့ လူသေလျှင် အစွဲအလမ်းကြောင့်
သရဲ ဖြစ်နိုင်သည်။ ထိုသရဲသည် မကျွတ်မလွတ်ပဲ သက်တမ်းရှည်ကြာလာပါက သဘက်အဆင့်
သို့ ရောက်ကောင်း ရောက်မည်။ ထိုသဘက်သည်လည်း လူကို အသက်ဆုံးရှုံးအောင်အထိတော့
ဒုက္ခ မပေးနိုင်ပါ။ သို့သော်သဘက်က လူကိုချောက်လို့လူသေရတာတော့ရှိသည်။ ဆယ့်ရှစ်နှစ်အရွယ်
မိန်းကလေးတစ်ဦးကိုအိမ်သာထဲမှာနေတဲ့သဘက်က..သူ့အပေါ်ကိုတက်နင်းမိလို့ဆိုပြီး..ကောင်မလေး
ကိုအူနှုတ်လိုက်တာ ဝမ်းစိမ်းရှင်ရှင်သွားပြီးအသက်ဆုံးသွားတာလဲရှိဘူးတယ်…မိန်းကလေးရဲ့ ဗိုက်သား
ပေါ်မှာသိပ်ကြီးမားတဲ့ လက်ဝါးရာကြီး တစ်ခုကျန်ခဲ့တယ်လိုဆိုတယ်…..ပယောဂထုတ်တဲ့ဆရာက..
သဘက်က မိန်းကလေးရဲ့ အူကိုနှုတ်လိုက်တာလို့ဆိုတာပဲ…ကုသဘို့ ဆေးမရှိလို့သာ..ဆိုတယ်……….
သဘက်ဆိုတာအမွေးအမြင်များပြီးကြောက်စရာအလွန်ကောင်းပါတယ်။       ရှေးကလူတစ်ယောက်ဟာ
ရေချိုးအပြီး သစ်ငုတ်တိုမှာ ချိတ်ထားတဲ့အဝတ်ကိုလှမ်းယူပြီးခေါင်းကိုသုတ်ဖို့ လုပ်ပါတယ်
နေဝင်ဆည်းဆာ သရဲတကာတို့ထွက်ချိန်မို့ သဘက်မဟာလည်းသစ်ငုတ်တိုပေါ်မှာခါးကို
ဆန့်ပြီးအနားယူနေပါတယ်….ရေချိုးသမားကသဘက်ကိုသူ့အဝတ်မှတ်ပြီးဆွဲယူကာသူ့ခေါင်းကိုသုတ်
လိုက်ပါတယ်အဝတ်ကထူးထူးခြားခြားတော်တော့်ကိုနူးညံ့နေလို့အံ့သြပြီးကြည့်လိုက်တော့..အဝတ်
လို့ထင်မှတ်ခဲ့တဲ့အရာကသဘက်ကြီးတစ်ကောင်ဖြစ်နေလို့..အဲဒီလူလဲထွက်ပြေးလာတာအိမ်ကို ဘယ်
လိုရောက်သွားတယ်ဆိုတာမသိတော့ပါဘူးတဲ့…..သူက ကာလအတော်ကြာလာမှ အကြောက်ပြေ
တော့တယ်တဲ့….သူဟာသူ့ခေါင်းကိုသုတ်လိုက်တဲ့ သဘက်ရဲ့ အရသာကိုတော့စွဲလမ်းမိပြီးခေါင်းကို
ရေချိုးပြီးသုတ်ဖို့ သဘက်နှင့်တူတဲ့အဝတ်တစ်မျိုးကို လိုချင်တဲ့ဆန္ဒက လွန်ကဲလာပါတယ်တဲ့….ဒါနှင့်
သူဟာ..ရက်ကန်းသည်တွေကို သူလိုချင်တဲ့အတိုင်း အမွေးပွ အဝတ်စကိုရက်ခိုင်းတာဘယ်သူကမှ…
မရက်တတ်ဘူးတဲ့….ဒါနှင့်တနေ့တော့သူတို့ရွာကိုရက်ကန်းသည်မတစ်ဦးရောက်လာတယ်တဲ့..တဘက်
လိုချင်တဲ့သူဟာ………အဲဒိရက်ကန်းသည်မရဲ့ သတင်းလဲကြားရောသူ့ကိုသွားတွေ့တော့တာပဲ…………
ရက်ကန်းသည်အမျိုးသမီးကို   သူလိုချင်တဲ့……ဒီဇိုင်းအတိုင်းသေချာပြောပြတော့..ရက်ကန်း
သည်မက သူ့ကို..သူလိုချင်တဲ့အတိုင်း ရက်လုပ်ပေးလိုက်ပါတယ်….အဲ့ဒိလူလည်းသူလိုချင်တာကိုရလို့
သိပ်ပျော်နေတယ်။ လူတွေကအဲဒီအဝတ်စကို ဘာအဝတ်လဲလို့မေးတော့ သူလဲဘာပြန်ဖြေရမလဲမသိလေ
တော့ သဘက်ကိုအကြောင်းခံပြီးရလို့ သဘက်လို့ပြောလိုက်တယ်….အဲဒီအဝတ်ကိုသဘက်လို့ခေါ်ရင်း..ခေါ်ရင်းက
နေကြာလာတော့..သဘက် ကနေ တဘက်လို့ ဖြစ်လာပါတယ်တဲ့…..အဲဒီရေချိုးသမားကိုတဘက်ရက်
ပေးလိုက်တဲ့ အမျိုးသမီးဟာ သူတွေ့ခဲ့တဲ့သဘက်မဆိုတာကိုသူမသိခဲ့ဘူးသဘက်မကမေတ္တာအပြည့်
နှင့်သူ့ကိုယ်က အမွေးတွေကိုသုံးပြီးရက်ပေးလိုက်တာပါပဲ....အဲ့ဒိလိုမေတ္တာစေတနာတွေကိုအရင်းခံပြီး ရက်
ပေးမှုရယ်...ရေချိုးသမားရဲ့ သဘက်မွေးကို ဆွဲလမ်းနစ်သက်မှုရယ်တွေကြောင့်...................
သူဟာတဘက်(အဝတ်)ကို အင်မတန်မှ တန်ဘိုးထားပြီးခေါးင်းပေါင်းလုပ်ပြီး ခေါင်းမှာထုတ်ထားတတ်တယ်။ 
ရေချိုးပြီးရင် ခေါင်းမှာပေါင်းတဲ့တဘက်ကို……..ယူသုတ်တယ်…….အဲဒီလိုတဘက်နှင့်ခေါင်းပေါင်းပေါင်တဲ့
လူကြီးတွေကို အညာဘက်မှာတွေ့နိုင်ပါတယ်…ရေချိုးသမားရဲ့ သားစဉ်မြေးဆက်များရဲ့အစဉ်အလာတစ်ရပ်
ကျန်ရစ်ခဲ့ခြင်းပါပဲ.....သဘက်မကြီးဟာ လူ့ဘဝက အလွန်တော်တဲ့ ရက်ကန်းသည်မတစ်ဦးဖြစ်ခဲ့ပါတယ်...
သူဟာ တကိုယ်လုံးအနီရောင်ရှိတဲ့ ပင့်ကူမကို မတော်တဆ တက်နင်းမိလို့ ပင့်ကူမဟာသေသွားခဲ့တယ်...ပင့်ကူ
မရဲ့ လင်ခင်ပွန်းဟာ အလွန်ဒေါသထွက်ပြီး ရက်ကန်းသည်မရဲ့ ပုဝါထဲဝင်အောင်းပြီး ငယ်ထိပ်ကိုကိုက်လိုက်တယ်.
အဲဒါနှင့်ပဲ..ရက်ကန်းသည်မဟာသေဆုံးသွားခဲ့ပြီး သဘက်ဖြစ်သွားတယ်...ပင့်ကူထီးလည်း သူ့နှလုံးကို သူ့လက်
သည်းနှင့်ဖောက်ထုတ်ပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်.... သဘက်အကြောင်းစကားကောင်းနေလိုက်တာ..
ရှေ့ဆက်ပြောလိုတာကတော့............
၂၀၀၈ မေလ ၂ ရက်မှာ နာဂစ်ဖြစ်သည်။ ကျွန်တော်တို့ လပွတ္တာ ရောက်သွားတာက မေလ ၇ ရက်။
မြို့အပြင် ထွက်လိုက်တာနဲ့ အလောင်းတွေ ဆိုတာတော့ ဓာတ်ပုံတွေထဲမှာ မြင်ဖူးကြတဲ့ အတိုင်းအ
ဖွေးသား။         ညအိပ်တော့ အလောင်းတွေက ကိုယ့်ပတ်ဝန်းကျင်မှာ၊ အပုတ်နံ့တွေကဘာနံသလဲ
မပြောနှင့်။ အစပိုင်းရက်တွေမှာ ညအိပ်ရတာ ကြောက်သလို ရှိသော်လည်း ကြာလာတာနှင့် အမျှ ယဉ်
ပါးလာပြီး ဘယ် အလောင်းကို ကြောက်ရမှန်းမသိတော့ပေ။ ထိုစဉ်က စပြီး လူသေ အလောင်းတွေကို
ကြောက်လည်း မကြောက်တော့သလို သေချိန်တန်လို့ သေတာပဲဟုသာ စိတ်ထဲမှာ ခပ်အေးအေး တွေး
ထားလိုက်တော့သည်။ နောက်တော့ ရခိုင်မှာ ပြသနာဖြစ်သည်။ ပထမ အကျော့ဖြစ်စဉ်က အလောင်း
တွေ သိပ်များများစား မျက်မြင် ကိုယ်တွေ့ မတွေ့ခဲ့ပေမယ့် ဒုတိယအကျော့ ဖြစ်စဉ်မှာတော့ ကိုယ့်
မျက်စိအောက်မှာပဲ အသက်ထွက် သွားသူတွေကို မြင်ရသည်။ အဲဒီနေ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ
၂၅ ရက် ကျောက်တော်မြို့မှာ အချိန်က ညရှစ်နာရီခန့်။    ကျွန်တော်တို့ ကျောက်တော် ဆေးရုံကို
ရောကပြီ ဆိုတာနှင့်  တစ်ပြိုင်နက် သေနတ်ဒါဏ်ရာရ လူနာတွေကို  ဟိုင်းလဒ်ကား တစ်စီးနဲ့ အ
ခေါက်ခေါက် အခါခါ သယ်လာကြသည်။    ဘယ်နေရာက သယ်လာတာလဲ မေးကြည့်တော့ လှေ
ဆိပ်က သယ်လာသည်ဟုသာ သိရသည်။    ကားတစ်စီးတစ်စီးမှာ လူနာလေးငါး ခြောက်ယောက်
ထက် မနည်း။   အကုန်လုံး သေနတ်ဒါဏ်ရာ ရလာကြသူများဖြစ်သည်။  ညနေ သုံးနာရီခန့်ကဖြစ်
ပွားခဲ့သော ပစ်ခတ်မှု ဖြစ်စဉ်။   ညရှစ်နာရီမှ ဆေးရုံရောက်လာသည်။   တစ်ချို့တွေက လမ်းမှာက
တည်းက သေနှင့်ပြီးဖြစ်သည်။   တစ်ချို့တွေက မသေသော်လည်း သွေးလွန်နေကြပြီ။ တစ်ယောက်
ကတော့ ဆေးသွင်းဖို့ လုပ်နေတုန်းမှာ အသက်ထွက်သွားသည်။ အဲဒီတုန်းက တစ်စုံတစ်ယောက်ကို
စိတ်ထဲက အပြစ်တင်နေမိတာကလွဲရင် လူသေတွေပေါ်မှာ ခံစားချက် သိပ်မရှိ။ တစ်ရက်မှာ သူငယ်
ချင်းတစ်ယောက်က သေသွားပြီဟု သိရသည်။ သူသေသွားတာလည်း မသိလိုက်သလို သင်္ဂြိုလ်လိုက်
တာလဲ မသိလိုက်။ သူ့ကို သဂြိင်္ုလ်ပြီး နောက်နေ့မှ သိရသည်။ သူက တစ်ခြားလူ မဟုတ် ကျွန်တော်
အခုလက်ရှိရေးနေတဲ့ ဘလော့ဂ်လေးကို မြန်မာစာ ဖောင့်ရအောင် သွင်းပေးတဲ့လူ။  သဘောကောင်း
ပြီး ကူညီတတ်တာတော့ အထူးစာဖွဲ့ပြီး ပြောနေဖို့မလို။ သူက နက်ဝပ်ကြိုးတပ်ရင်း တိုက်ပေါ်က
ပြုတ်ကျသေသွားတာ။ ဖြစ်မှ ဖြစ်ရလေကွာလို့ တွေးရင်းက.. ……...ကျွန်တော် တောင်စဉ်ရေမရ
လျှောက်စဉ်းစားဖြစ်သည်။
နောက်တော့ မိတ္ထီလာဖြစ်စဉ်....... ကျွန်တော် မြို့ထဲရောက်တော့... မီးခိုးလုံးကြီးကို ခပ်ခပ်ဝေးဝေး
ကပင် မြင်နေရပြီ။           မီးခိုးလုံးကြီး ထွက်နေရာ နေရာကို ကားကို ဦးတည်မောင်းခိုင်းရသည်။
မီးလောင်သည့် နေရာကို ရောက်ပြီ ဆိုသည်နှင့် ကျွန်တော် ကားပေါ်က ခုန်ဆင်းကာ မီးလောင်ပြင်ရှိ
ရာဆီသို့ ဦးတည် ပြေးခဲ့သည်။       မီးလောင်နေသည့် နေရာရောက်တော့ ကျွန်တော့်ကို လူတွေက
မေးကြသည်။ ဘယ်ကလဲဘယ်သူလဲ အစရှိသဖြင့်။ ကျွန်တော် သတင်းထောက်ပါ ဓာတ်ပုံလာရိုက်တာ
ဆိုတော့။ အဲဒါဆိုရင် လူသေအလောင်းတွေ ရိုက်မလား လိုက်ပြမယ်ဟု ခေါ်သည်။       ကျွန်တော်က
လိုက်ခဲ့မည်ဟု ဆိုကာ ထိုလူများနှင့် လိုက်သွားသည်။      အလောင်းတွေကို ဟိုနားတစ်စု ဒီနားတစ်စု
မီးပုံရှို့ထားတာ မြင်ရသည်။     ကျွန်တော့်ကို လိုက်ပို့သော ဦးလေးကြီးက ပြောသည် ဒီမီးက ဒီမှာတင်
မငြိမ်းဘူးတဲ့......... သူဆိုလိုချင်တာကို ကျွန်တော် သဘောပေါက်သည်။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး
ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ဥာဏ်မှီသလောက် မျှော်မှန်းကြည့်လိုက်တော့ ကျွန်တော် ရင်မောပါ
သည်။  ကျွန်တော်တို့ နိုင်ငံကိုလည်း ရဝမ်ဒါလို လူရှစ်သိန်း ကျော်သေတဲ့ နိုင်ငံ ဖြစ်မလာပါစေနဲ့ လို့သာ
ဆုတောင်း လိုက်မိသည်။
ဒါနှင့်ဆက်ပြောရလျင် အသက်အရွယ်အရ ငယ်ရွယ်သော ကလေးငယ်များ သေဆုံးလျှင် အစွဲအလမ်း
ကြောင့် ဖြစ်သော သရဲကို ဘာသာရေး ဆိုင်ရာ စာအုပ်များတွင်မှင်စာဟု ဖော်ပြထားသည်။ ထို
မှင်စာဟု ခေါ်သော သတ္တ၀ါသည်အိမ်မွေးတိရစ္ဆာန် ကြောင် လောက်သာ ရှိသော အရွယ်အစား
ဖြစ်သည်။   သူတို့သည် လူကို တိုက်ခိုက်ဖို့ ဝေးစွ၊ အကြောင်းတိုက်ဆိုက်၍ ခြောက်လန့်ဖို့ပင်တော်
တော်မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။ နာနာဘာဝ ဆိုင်ရာ သုတေသီများ၏ မှတ်တမ်း အတော်များများ
တွင် ထို မှင်စာ ခေါ် ကလေးသရဲ များသည်ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၏ အ၀န်းအ၀ိုင်
၌သာ ရှိတတ်သည်ဟုဖော်ပြထားသည်။ သာမန်လူများအကြား၌ မှင်စာ မပြောနှင့် သရဲထက် ကြီးသော
သဘက်များပင် နေဖို့ များစွာ ခက်ခဲသည်။ လူသည် အတ္တကြောင့် ပရိဒေ၀မီးများ လောင်းကျွမ်းနေသူ
များသာ ဖြစ်သည်။ ဘာသာရေး အဆောက်အဦးများ၊တရားစခန်းများ၌ ရှိသော ဘာသာရေး အားထုတ်
သူများသာလျှင် ထို ပရိဒေ၀မီးသိပ်မရှိပေ။ ရံဖန်ရံခါ မှင်စာကပ်၍ရူးသွားသော သူများလည်းရှိသေးသည်။
ပဲပြုတ်သည် အဒေါ်ကြီးတစ်ဦးသည် ကလေးကစားစရာရွှံ့ရုပ်တစ်ရုပ်အားခြေထောက်နှင့် ကန်မိရာမှ ထို
အရုပ်နှင့်ကစားနေသော မှာင်စာ၏လက်ကို ကန်မိသွားရာ ထိုမှင်စာသည်..အဒေါ်ကြီးအိပ်နေသောအခါ
သူ၏နားအတွင်းမှဝင်သွားကာ ထိုအဒေါ်ကြီးအား ဝင်ကပ်လိုက်ရာထိုဒေါ်ကြီးသည် ရူးသွပ်သွားကာ
ကလေးကစားစရာများဖြင့် ကစားနေတတ်ပြီး ပါးစပ်မှလည်း ကလေးများကဲ့သို့ မပီကလာတီတီတာတာ
စကားများကိုဆိုတတ်သေးသည်ဟုဆိုသည်။ ထိုကြောင့် မကျွတ်မလွတ်သော ထို မြေဖုတ်အနွယ်ဝင်များ
သညလမ်းများ၊ အဆောက်အဦးဟောင်းများ၌လည်း ယင်းတို့ နေထိုင်နိုင်သည်။ အဝတ်မထည့်သောသေတ္တာ
များ..လူနေသောအခန်းများ…အဖုံးဖွင့်ထားသောပုလင်းခွံများ…အဝတ်ဘီရိုများ…အိမ်သာများ..ချုံပုတ်များ..
သစ်ပင်ကြီးများ….အိမ်ထပ်ခိုများ…ကုတင်အောက်များ..စဥ့်အိုးကြီးများ…ကားများ..အိမ်အတွင်းရှိ တိုင်ခေါင်း
တိုင်အပေါက်များ….အိပ်ယာအပိုခင်းထားသောနေရာများ..ခြင်ထောင်ခေါင်မိုးများ…သေးပေါက်ချောင်များ…
လူမအိပ်သောကုတင်များ…မီးဖိုချောင်များ….နွားတင်းကုပ်များ…လူမနေသောအိမ်အောက်ထပ်များ…
ကစားစရာအရုပ်များ….အိမ်နောက်ဖေးချောင်များ….၎င်းတို့ အပေါ်တက်နင်းမိသောသူများ၏ ကိုယ်အတွင်းတွင်
လည်းကောင်း အစရှိသည့်နေရာများတွင်နေထိုင်ကြသည်။
နောက်အကြောင်းတစ်ရပ်မှာ7 Days in Myanmar ဆိုတဲ့ ဓာတ်ပုံ စာအုပ်အတွက် ကျွန်တော်
လွိုင်ကော်မှာ ဓာတ်ပုံသွားရိုက်ရသည်။ လွိုင်ကော် ရန်ကုန် လေယာဉ်က တစ်ပတ်မှာ နှစ်ရက်ပဲ ရှိ
သည်။ ကျွန်တော် ပြန်မည့်နေတွင် လေယာဉ်မရှိ တာကြောင့် လွိုင်ကော်ကနေ ဟဲဟိုးကို ပြန်လာပြီး
ဟဲဟိုးမှတစ်ဆင့် လေယာဉ်ဖြင့် ရန်ကုန်ကို ပြန်လာရန်ဖြစ်သည်။ ဟဲဟိုးမှ နောက်နေ့ လေယာဉ်စီးရ
မည် ဖြစ်သောကြောင့် ကလောမြို့မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကလောမြို့သည် နာမည်ကျော်သ
လောက် တကယ်နေလို့ ထိုင်လို့ ကောင်းသော မြို့လေး တစ်မြို့ဖြစ်သည်။  တောင်ပေါ်က ဟိုတယ်
တစ်ခုမှာ ကျွန်တော် အခန်းယူလိုက်သည်။ နေဝင်သွားတော့ သိရိလိင်္ကာ နိုင်ငံသား ဒါ့ခ်ျလူမျိုး ဓာတ်
ပုံဆရာတစ်ယောက်နှင့် မြို့ထဲတွင် ညစာစားရန် တောင်ပေါ်က ကားဖြင့်ဆင်းလာခဲ့သည်။  ရာသီဥတု
အခြေနေက ညနေခင်းတွင် ဘာမှ မဖြစ်သော်လည်း ညရှစ်နာရီခန့်တွင် ရုတ်ချည်း မိုးတွေရွာကာ
လေပြင်းတွေ တိုက်လာသည်။ တစ်မြို့လုံးလည်း မီးပျက်သွားသည်။  ကျွန်တော်တို့ နှစ်ယောက် ညစာ
စားပြီးချိန် ကိုးနာရီခွဲလောက် ရောက်တော့ ကားငှား၍ မရတော့ပေ။ လမ်းတွေမှာ လူတွေလည်း ရှင်း
နေပြီ။ ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။    ထို့ကြောင့် စားသောက်ဆိုင်က ဆိုင်ကယ်တစ်စီးကို ငှားကာ
နိုင်ငံခြားသားကို အနောက်မှ တင်ပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။ ကျွန်တော်တို့ ဆိုင်ကနေ စထွက်ခါမှ
မိုးက ပိုသည်းလာသည်။ လေကလည်း ပိုပြင်းလာသည်။ တောင်တက်လမ်းအတိုင်း ဆိုင်ကယ်ကို နံပါတ်
တူး ဂီယာဖြင့် တက်လာသည်။ နိုင်ငံခြားသားက ဝတော့ မိုးနဲ့လေကြားမှာ ဆိုင်ကယ်က နံပါတ်တူးဖြင့်
ကောင်းကောင်း မတက်နိုင်တော့ပ။ ထိုအခါ ကျွန်တော်က နံပါတ်ဝမ်းကို နင်းလိုက်သည်။ လီဘာ အရှိန
တင်ထားစဉ် တူးကနေ ဝမ်းပြောင်းလိုက်တော့ ဆိုင်ကယ် အရှေ့ဘီးထောင်သွားသည်။ လီဘာကို
ချက်ခြင်း လျှော့ချရသည်။         ကံကောင်းစွာဖြင့် ဆိုင်ကယ်လည်း မမှောက်သလို နိုင်ငံခြားလည်း
ပြုတ်ကျမသွားပေ။     နောက်တော့ ကျွန်တော်တို့ ဟိုတယ်ကို ချောချောမောပင် ရောက်သွားသည်။
နောက်နေ့မနက် အိပ်ရာနိုးတော့ ကြားလိုက်ရသည့် သတင်းက မကောင်း….. လေကြီးမိုးကြီးကျပြီး
ရွှေတွင်းပြိုလို့ လူငါးဆယ်လောက် သေသွားသည် ဆိုသည်။         သို့နှင့် ကျွန်တော် ဆေးရုံသို့ သွား
ကြည့်ဖြစ်သည်။      ဆေးရုံရောက်တော့ ကလောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ရောက်နေပြီ။
သူရဲ့ ပြောကြားချက်ရ သေဆုံးသူများမှာ အယောက်ငါးဆယ် မဟုတ်ပဲ ၁၆ ယောက်သာ ဖြစ်ကြောင်း
သိရသည်။ ထိုအချိန်တွင် လူတစ်ယောက်က လွှတ်တော် အမတ်ကို လာပြောသည်။ ကလော သုသာန်
တွင် လူသေအလောင်းတွေ ရောက်နေပြီ မကြာမှီ မြေချတော့မည် ဟုဆိုသည်။ ထို့ကြောင့် လွှတ်တော်
အမတ်နှင့် ကျွန်တော် ကလော သုသာန်သို့ သွားကြည့်ကြသည်။    သုသာန်ရောက်တော့ လူတစ်ချို့က
ကျင်းတွေ တူးနေသည်။         လူသေ အလောင်းတွေရောဟု မေးတော့ ရင်ခွဲရုံမှာရှိသည်ဟု ဆိုသည်။
ကျွန်တော်နှင့် လွှတ်တော် အမတ်လည်း ရင်ခွဲရုံရှိရာဆီသို့ ထပ်သွားကြပြန်သည်။ ရင်ခွဲရုံထဲဝင်လိုက်တော့
တွေ့ပါပြီ။ စုစုပေါင်း အားလုံး အလောင်းကိုးလောင်း။ အားလုံးရဲ့ ခြေမလေးကိုယ်စီကို တွဲပြီး ကြိုးဖြူလေး
တွေနဲ့ ချည်ထားသည်။ ထိုထဲတွင် သုံးနှစ်အရွယ်ခန့်ရှိ ကလေးလေး တစ်ယောက် အလောင်းလည်း ပါဝင်
သည်။ ပတ်ဝန်းကျင်က ပြောပြချက်အရ သိရတာ သားအမိ နှစ်ယောက်စလုံး သစ်ပင်ပိ သေသည်ဟုဆို
သည်။ တစ်ချို့ အလောင်းတွေမှာက မြေကြီးနီနီတွေ ပေကျံနေသည်။ ထိုလူများကတော့ ရွှေတွင်းထဲမှာ
ပိတ်မိပြီး သေသွားကြသူများ ဖြစ်ဟန်တူသည်။ ကျွန်တော် ထိုသို့ အလောင်းများကို ဓာတ်ပုံ ရိုက်နေရင်း
ခါတိုင်းနှင့် မတူသော ခံစားချက်များ ဝင်လာသည်။  လူသေ အလောင်းတွေကို ဓာတ်ပုံရိုက်တာ ကြာလာ
တာနှင့်အမျှ ဘယ်နေ့ ငါ့နေ့လည်းဟု မေးမေး တတ်လာသည်။ ကျွန်တော် မမေ့ပါ ကျွန်တော်လည်း တစ်နေ့
သေရမည်။ ကျွန်တော်လည်း လေကြီးမိုးကြီးကျချိန်က အပြင်မှာ ရှိနေခဲ့သည်။ တောင်အတက်မှာ ဆိုင်ကယ်
ရှေ့ဘီးထောင်သွားစဉ်က လမ်းချော်မှောက်ပြီး သေသွားနိုင်သလို.. သစ်ပင်ပြီး တစ်ပင်ကိုယ့် အပေါ်ကို ကျိုးကျပြီး
သေသွားနိုင်သည်။ 

ခြေထောက်မှာ ရွှံ့လေးတွေ ပေနေသော လူသေအလောင်းကို ဓာတ်ပုံရိုက်ရင်း ကျွန်တော် သေမလို
 ဖြစ်ခဲ့သော ဖြစ်ရပ်များကို ပြန်သတိရမိသည်။ အရှိန်ဖြင့် မောင်းနေသော ရထားပေါ်က ကျွန်တော်
 ပြုတ်ကျဖူးသည်။ ထိုစဉ်က ကိုးတန်း ကျောင်းသား ကံကောင်းလို့ ရထားဘီးအောက် မရောက်ခဲ့။
ငယ်ငယ်က ခဏခဏ ရေနစ်ဖူးသည်။ ဘေးလူတွေ ကယ်လို့ အသက်မသေခဲ့။ အုန်းပင်ပေါ်က တစ်ခါ
ခြေချော် ကျဖူးသည်။ ဆွဲမိဆွဲရာ ဆွဲလိုက်တော့ အုန်းပင်မှာ တန်းလန်းဖြစ်သော အုန်းလက်ကို ကိုင်မိ
ထားလို့ လူက အုန်းလက်နှင့်အတူ တန်းလန်းဖြစ်နေပြီး အောက်သို့ ပြုတ်မကျခဲ့ပေ။   ပြုတ်ကျလျှင်
အောက်မှာ ခြံစည်းရိုး ဝါးချွန်တွေ အသက်ရှင်လမ်း မမြင်။      သို့ရာတွင်  သေနေ့ မစေ့သေးလို့ သူလို
မသေခဲ့သေး

ကိုယ်ကပြောချင်တိုင်းရေးချင်တိုင်းရေးနေရသော်လည်းညကျလျှင်ကိုယ်ရေးထားသောအကြောင်းအရာများ
သူတပါးကိုဆရာလုပ်ကာချောက်ထားသောအကြောင်းအရာများကထင်ဟပ်လာတတ်ပါတယ်။ အထူးသဖြင့်
ညအခါအိမ်သာတက်ရန်အရေးကြုံလာတဲ့အခါ ပိုပြီးချောက်ချားစရာတွေဖြစ်လာတယ်။ဘာလို့လဲဆိုတော့
သရဲထွက်ချိန်ကညဘက်ဆိုတော့ပိုဆိုးတာပေါ့။ အိမ်သာအပေါက်ထဲကများ လျှာလိပ်ကြီးထွက်လာပြီး ကိုယ့်
ကိုစုပ်ယူသွားမလားလက်သည်းရှည်ကြီးတွေပေါက်နေတဲ့လက်ချောင်းတွေထွက်လာပြီး ကလော်လိုက်မလား
အိမ်သာအပေါက်ဝကို ပြန်အထွက်မှာရှာလို့မရတော့ပဲ နံရံကြီးတစ်ခုပဲတွေ့ရတော့မလားသရဲမကပဲအူနှုတ်
စားသွားမလား…..အပုပ်နံ့ကြီးပဲရတော့မလား ဆိုပြီးကြောက်စရာတွေဖြစ်လာတယ်….ကိုယ်အိပ်တဲ့အခါမီး
မရှိရင် ခြေထောက်ကိုပဲလာဆွဲမလားရင်ဘတ်ပေါ်ပဲဖိထိုင်မလား..ဆိုပြီးလဲကြောက်စရာတွေဖြစ်လာတယ်။
ကုတင်အောက်ခြေဆင်းမထိုင်ရဲဘူး..ခြေသားလုံးကိုဖမ်းထားမလားဆိုပြီး..ညဘက်ကြမ်းခင်းပေါ်လမ်းလျှောက်
ရင်ကြမ်းကြားထဲက လက်သည်းနှင့်ခြေဖဝါးကိုကလော်လိုက်မှာလဲကြောက်တတ်လာတယ်..တယောက်တည်း
နေရင်ကြက်သီးတွေထလာတတ်တယ်….ခြေသံလိုလို လေသံလိုလိုကြားရတတ်တယ်အိပ်တဲ့အခါ ဘောင်း
ဘီကိုသေချာဝတ်ပြီးအိပ်တယ်….မတော်လို့သရဲတွေတွေ့ရင် ကိုယ့်ကိုလာမထိအောင်ပေါ့….အဲဒိလိုစိတ်ချောက်ချားနိုင်စရာများကိုအနုပညာ ဖန်တီးမှုအရ ဖြစ်စေ၊ စီးပွားရေး
အရ ဖြစ်စေ သရဲ ဇာတ်လမ်း ရိုက်ကူးဖြန့်ချီသူများအနေဖြင့် ….“အသက်အရွယ်အရ ငယ်ရွယ်သူများ မကြည့်ရ
နှလုံးရောဂါ ဝေဒနာသည်နှင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်သည်များ မကြည့်ရအစရှိသော စာတန်းများကို ဗွီဒီယို
 ဇာတ်လမ်းခွေ၏ အစပိုင်းတွင် ထင်ထင်ရှားရှားဖော်ပြ ပေးသင့်ပါသည်။ယနေ့ခေတ် မြန်မာပြည်မှ ကလေးငယ်များ
သည် အကြောက်တရားနှင့် ပက်သက်၍ ခွဲခြားစိတ်ဖြာဖို့ အခက်အခဲ များစွာရှိနေသည်ကို အနုပညာရှင်များ
အနေဖြင့် သတိပြုသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ မိဘများ၊ ကျောင်းတွင် ပညာသင်ပေးသော
ဆရာ၊ ဆရာမများ ကိုယ်တိုင်ပင် အာဏာရှင် စနစ်ဆိုးအောက်တွင် မွေးဖွားလာသော မျိုးဆက်များ ဖြစ်နေပါသည်။
ထို့ကြောင့် အကြောက်တရားများကို လက်ဆင့်ကမ်း သယ်ဆောင်နေရသည့် ယနေ့ခေတ် မျိုးဆက်သစ် လူငယ်
များ၊ ကလေးငယ်များအတွက် အနုပညာရှင်များ အနေဖြင့် များစွာ သတိထား
လုပ်ဆောင်သင့်ပါသည်။

မြန်မာ့သရဲတစ္ဆေ ရိုက်ကူး ထုတ်လုပ်သူများ စည်းကမ်းရှိကြပါစေ

အောက်ပါလင့်များရှိ ဘလော့များမှ၎င်း ကိုယ်ပိုင်ခံစားချက်များမှ ရွှီးထား
သည်များကို စုပေါင်းကာ ရောသမပြုလုပ်ထားပါသည်….မူရင်းကိုဖတ်လိုသော်
အောက်ကိုနှိပ်ပါ……..
http://www.pyustate.com/2009/10/blog-post_26.html
ရောသမအစ်ကိုကြီးကရေးသားပြီးတော့ ရောသမမောင်စိုးကတင်   ဆက်လိုက်ပါတယ်ဗျာ………..
ကျွန်တော်မောင်စိုးကိုဆက်သွယ်ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်ပါတယ်ဗျာ……

Subscribe

လာလည်သူများ

free counters