♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 13, 2014

ကြည့်မြင်တိုင်မြို့ နယ်မှာ မီးလောင်မှုဖြစ်ပွား သေဆုံး ဒဏ်ရာရမှုတွေ


စကားဝါပင်လမ်းတွင် မီးလောင်မှု ဖြစ်ပွားနေစဉ်  ဓါတ်ပုံ - Yangon Police

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်း မြောက်/အရှေ့ရပ်ကွက်၊ စကားဝါပင်လမ်းတွင် ဒီဇင်ဘာ၁၃ရက် မနက်၀၀:၄၀ အချိန်က မီးလောင်မူဖြစ်ပွားရာ ၆ ထပ် ကန်ထရိုက်တိုက်တစ်လုံးမှ အခန်း ၇ ခန်း လူနေအိမ် ငါးလုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မီးကို မနက်၂ နာရီအချိန်လောက်မှ ငြိမ်းသတ်နိုင်ခဲ့ပြီး၊ မီးလောင်မှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ကာ၊ ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

BY THIT HTOO LWIN

" အချစ်ရေးနဲ့ အိမ်ထောင်ရေး ( တကယ် မတူတဲ့ အရေး) "

                        မင်္ဂလာဦးညကျမှ အိပ်ခန်း ပြင်နေကြရတဲ့ သတို့သား သတို့သမီး
တစ်သက်မှာ တစ်ခါ လောက်တော့ လူတိုင်းနီးပါး အချစ် ဆိုတာနဲ့ ကြုံဖူးကြမှာပါ။ အချစ်ဆိုတာ ဘာ ဆိုပြီး အကောင်အထည် ဖော်လို့ မရပေမယ့် အစွမ်း တော့ထက်သား၊ အချစ်ကြောင့် ပျော်ရွှင်ရသလို အချစ်ကြောင့် ဝမ်းနည်းကြေကွဲ ရတာတွေလဲ ရှိပါ တယ်။ ဒါပေမယ့် အချစ်က ဘဝမဟုတ်ဘူး ဆိုတာ တစ်ခါတစ်ခါ လူတွေမေ့တတ် ကြပါတယ်။ ချစ်သူ ဘဝမှာတော့ အချစ်တစ်ခုနဲ့တင် အရာရာပြည့်စုံ ပေမယ့် အိမ်ထောင်ရေး မှာကျတော့ အချစ်တစ်ခု တည်းနဲ့ တည်ဆောက်လို့ မရပါ။ အိမ်ထောင်ရေး ဆိုတာ ဘဝနှစ်ခုကို တစ်ခုအဖြစ်ပေါင်း လိုက်တာ ပါပဲ။

" အိမ်ထောင်မှု သုခ တိုးလိုသလား "



 Credit : swesonemedia.org

" ငါ မင်းဂို ချစ်တယ်......အဲဒါ သိပ်ကို ရိုးရှင်းလှပါဒယ် "

http://www.wishescollection.com/wp-content/uploads/2013/12/Love-poems-2013-Merry-Christmas1.jpg
                                    ငါ မင်းဂို ချစ်တယ်.
                            ဘာလို့လည်းဆိုဒေါ့ ငါ မင်းဂိုချစ်လို့..  
                                   အကာအရံ အတားအစည်းများ မရှိဒဲ့အချစ်လေး.
                            ငါ မင်းဂို ချစ်တယ်
                                   ဘာလို့လည်းဆိုဒေါ့ ငါ မင်းဂို ချစ်တယ်
                            အဲ့ဒါပါဘဲ...
                                    အဲဒါ သိပ်ကို ရိုးရှင်းလှပါဒယ်!

"သူ့ အကုသိုလ်နဲ့ သူ ( စုန်းမကြီးတော့ သူ့အတတ်နှင့် သူသေပြီ)"

ဒေါ်ဘုတ်ဆုံကြီးကရွာထဲမှာ စုန်းလိုလို မှော်လိုလို
အောက်လမ်းဆရာမ ကြီး။ တံတားကျိုးရွာမှာ နာမည်ကြီး။

သူ့ဆို တစ်ရွာလုံးက ကြောက်ကြတယ်။တစ်ခုခုဆို ဒေါ်ဘုတ်ဆုံ ဆီပဲ ပြေးကြတယ်။
ဖြစ်ပုံက ဒီလိုဗျ။

ကျနော့်သူငယ်ချင်း အမေက ရွာမှာဆို အရမ်းအချမ်းသာကြီးမဟုတ်ပင်မဲ့ အသင့်အတင့်ရှိတယ်။
တစ်နေ့ သူတို့အိမ်မှာ ဒေါ်ဘုတ်ဆုံက ပိုက်ဆံချေးသွားတယ်။
မပေးချင်ပင်မဲ့လည်း ပညာကိုကြောက်လို့ ပေးလိုက်တာပေါ့။ တစ်လကုန်တော့ ကျနော့်သူငယ်ချင်းက အကြွေးသွားတောင်းလိုက်တာ။ကျနော်က တစ်ဖက်ရွာကို သွားနေလို့ မသိလိုက်ဘူး။
ညနေကျနော်ပြန်လာတော့ သူနဲ့ အတူ လဖ္ဘက်ရည်အတူထိုင်သောက်ပြီး သူက

 "ငါ ဒေါ်ဘုတ်ဆုံဆီမှာ အကြွေးသွားတောင်းတယ်ကွ"

"Banh troi , Banh chay ဗန်ကျွိုင် သို့ မဟုတ် ဗန်ကျိုင် ဗီယက်နမ် မုန့်လုံးရေပေါ် ပြုလုပ်နည်း"



 
ပထမဦးဆုံး လုပ်ရမည့်ဟာက.....အစာသွပ်ရမည့် ပစ္စည်းပါဘဲ ....

၁။  ပဲတီ (Mung Dal ) ၂၀၀ ဂရမ်။
     ပဲတီ အခွံချွတ်ပြီးသားက ပဲဝါလေးနှင့် ဆင်တယ်၊ သူက ခပ်ရှည်မျှောမျှောလေးပုံသဏ္ဍာန်ရှိတယ်။ ပဲတီအဝါရောင်အခွံ ချွတ်ပြီး
     သားကို ရေသေချာဆေးပါ၊ ရေဆေးပြီး တစ်နာရီ သို့မဟုတ်နှစ် နာရီ သို့မဟုတ် တစ်ည ရေစိမ်ထားပါ။ ပြီးတော့ ပဲတွေပွလာ

December 12, 2014

" မြန်မာ့ဆေးဖက်ဝင် သံပရာပင် "

Photo: မြန်မာ့ဆေးဖက်ဝင် သံပရာပင်
••••••••••••••••••••••••••••••••••••••••••••••••••••••
by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 3, 2013 at 12:27am

Item Name -------- Lime (သံပရာ)
Category ----------- Raw Material
Botany Term ------ Citrus aurantifolla Linn var acida
Species Family ---- Rutaceae

မြန်မာ နိုင်ငံ အနှံ့အပြား ၌ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို ပျိုးထောင် ၍ လည်းကောင်း မျိုးကောင်း သည့် အပင် မှ မြေထုပ် စည်း၍ လည်းကောင်း ရယူနိုင်သည်။ အစေ့ကို ပျိုးပါက ပျိုးထောင် ပျိုးခုံ ပျိုးသေတ္တာ တွင် သဲနှင့် မြေဆွေး ရော၍ ပျိုးရသည်။ ရေကို မကြာခဏ လောင်းပေးပြီး ပျိုးပင်ကလေး များ တစ်မိုက် ခန့် ရှိပါက ပြောင်းရွှေ့ စိုက်ပျိုး နိုင်သည်။ ပျိုးထုပ်စည်း ၍ စိုက်ပါက မိုးဦး တွင် ပျိုးထုပ်များ စည်း၍ မိုးနှောင်း တွင် အပင်မှ ဖြတ်ယူပြီး ခြင်းတောင်း သို့မဟုတ် အိုး များ တွင် ထည့်၍ အရိပ်အောက်တွင် ထားရှိပြီး ၁ နှစ်သား အရွယ် ရောက်ရှိသည့် အခါ ပြောင်းရွှေ့ စိုက်ပျိုး ရသည်။ဤနည်းအားဖြင့် စိုက်ပျိုးခြင်းသည် ပိုမို၍ သီးထွက်ကောင်း နိုင်သည်။
 စိုက်ခင်း နေရာသည် သဲနုန်း မြေမျိုး ဖြစ်ရမည်။ ရေစီး ရေလာကောင်းရမည်။ တစ်ပင် နှင့်တစ်ပင် ပေ ၁၅x ၁၂ ပေခန့် ခွာထား ရမည်။ ကျင်းများကို ၂x၂ တူး၍ ဆွေးမြည့်သော မြေဆွေးများ ရောစပ်ပြီး စိုက်ပျိုးရမည်။

 ပေါင်းမြက်များ ကို ကောင်းစွာ ရှင်းလင်း ပေးသင့်သည်။ မိုးဦးကျ နှင့် မိုးလယ်များ တွင် မြေသြဇာ ကျွေးပေး သွားရမည်။ ကိုင်းခြောက် ကိုင်းသေးများ အား ဖြတ်တောက် ပေးရမည်။သံပရာ ပင်သည် အများအား ဖြင့် ၃-၄ နှစ်အတွင်း သီးသည်။

အပင်ငယ်ချုံပင်မျိုးဖြစ်သည်။ အကိုင်းအခက်များ ဘေးသို့ကိုင်းဖြာပြီး ဆူးများရှိသည်။ တစ်ဆင့် ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ရှည်မျော မျော ဖြစ်သည်။ ရွက်နားညီသည်။ အဖြူရောင် သိုႚမဟုတ် ပန်းနုရောင် အပွင့်ကလေးများပွင့်၍ မွှေးကြိုင်သင်းပျံ့သော အနံ့အနည်း ငယ်ရှိသည်။ နုစဉ် အစိမ်းရောင်ရှိ၍ မှည့်သော်အ၀ါရောင် ရှိသည်။ အသီးအနှစ်များသည် အ၀ါရောင်ဖျော့သည်။  

•အပင်

အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၆ ပေ မှ ၁၄ ပေ ခန့် ထိရှိ၏ ။ အကိုင်း အခက်များ သေးသွယ် ပြီး ဖြာထွက် ၏ ။တစ်ပင်လုံး မာ၍ ချွန်ထက်သော ဆူးများ ရှိ၏ ။  

•အရွက်

ရွက်လွှဲ ထွက်သည်။ ရွက်ထပ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာ အတောင်ပုံ ဖြစ်သည်။ ရွက်ညှာရင်း တွင် ချွန်ထက်သော် ဆူးရှိသည်။ အရွက်တွင် အနံ့ ရှိသည်။ အပွင့်--ကြားထွက် ပန်းခိုင် ဖြစ်သည်။ ပန်းခိုင် တိုသည်။ ပန်းခိုင် ပေါ်တွင် သေးငယ်သော အဖြရောင် အပွင့်ကလေး များ ပွင့်၏။ အနံ့ အနည်းယ် ရှိသည်။ 

•အသီး

လုံးဝိုင်း သော ပုံသဏ္ဍာန် ရှိသည်။ ခွံပျော့သီး ဖြစ်ပြီး အခန်းများ ပါသည်။ အရည်ရွှမ်းသည်။

►အသုံးဝင်ပုံ
 
အသီး ၊ အခေါက် ၊ အစေ့။

•အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ သံပရာ သီးသည် ချဉ်၏၊လေကို နိုင်၏ ၊ ၀မ်းမီး တောက်၏၊ ကြေကျက် လွယ်၏။ ရောဂါ ဖြစ်စေ တတ်သော ပိုးကို နိုင်၏ ။နှုတ်ကို မြိန်စေ၏ ။ သလိပ် နာ ၊ လေနာ ၊ အော့အန် ခြင်း ၊ ချောင်းဆိုး ခြင်း နှင့် လည်ချောင်းနာ ၊ ပန်းနာ ၊ အစာမကြေ လေပြည့် ရောဂါ တို့ကို နိုင်၏။  

►အသီးအသုံးပြုပုံ

၁ ။ သံပရာ ရည်ကို သောက်ခြင်းဖြင့် မောပန်းခြင်း ကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ကျရောက် တတ်သည့် ရောဂါ များ ၊ အထူး သဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ် သော ရောဂါများကို ကာကွယ်နိုင် ၏။

၂ ။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။

၃ ။ ယားနာ၊ ပွေးနာ ၊ အရေပြား ၌ အမည်းကွက် များ ပေါက်ခြင်း ၊ အမွေးများ ကျွတ်ခြင်း စသော ရောဂါ များ အတွက် သံပရာ သီးကို ထက်ခြမ်း ပြု၍ ၎င်း အခြမ်းဖြင့် နာနာပွတ် တိုက်ပေးပါ က ပျောက်၏ ။  

၎ ။ သံပရာ သီး အရည်ကို သကြား အနည်းငယ် ထည့်၍ များစွာ သောက်ပါက အဆိပ်သင့် နာ (ဥပမာ-ဘိန်းမူးလွန်သော အဆိပ်၊ အရက် မှ ဖြစ်တတ်သော အဆိပ်၊ အစားမှ ဖြစ်သော အဆိပ်) စသည်တို့ ပျောက်၏။  

၅ ။ ထမင်းစား ပြီးနောက် အော့အန်ခြင်း ဖြစ်သော အခါ  သံပရာ ရည်ကို သောက်ပါက ပျောက်ကင်း၏ 

၆ ။ သံပရာ ရည်ကို သကြားခတ် ၍ သောက်ပါက အဆီများ ၍ ချောင်းဆိုးခြင်း ၊ သည်းခြေ အားနည်းခြင်း ၊ အဆစ်အမျက် ကိုက်ခြင်း များ ပျောက်ကင်း၏။  

၇ ။ သံပရာရည် တွင် သကြားအနည်းငယ် ထည့်၍ ည နံနက် ၂ ကြိမ်မျှ မှန်မှန်သောက် ပါက သွားမှ သွေးယို စီးခြင်း ပျောက်ကင်း ၏ ။

၈။ လက်ဖက်ရည် ကျကျ (အင်္ဂလိပ်+မြန်မာ) ကျိုပြီး သံပရာ ရည် ညှစ်သောက် က ခေါင်း ကိုက် ရောဂါ ပျောက်၏။  

၉။ သံပရာ ဖျော်ရည် ကို နေ့စဉ် သောက်ပေးပါ က အထိုက်အထ သွားလာရာ ၌ မူးဝေတတ်သော ရောဂါ များ ပျောက်ကင်း ၏ ။

၁၀။ သံပရာ သီး လတ်လတ် ဆတ်ဆတ် အရည်ကို နှာခေါင်း တွင်း သို့ ညှစ်ထည့် ပါက နှာခေါင်း သွေးယို ခြင်း ပျောက်၏။  

၁၁ ။ သံပရာ ရည်ပူပူနှင့် ပျားရည်ရော ၍ နေ့အခါ နှစ်ကြိမ် မျှ လျက်ပါက လည်ချောင်းနာ ရောဂါ ပျောက်ကင်း ၏။

၁၂ ။ သံပရာသီး တစ်လုံး မီးကျွမ်းအောင် ဖုတ်၍ လေးညှင်း တစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်း စေ၏ ။

၁၃ ။ ကြွေမီး ဖုတ်နှင့် သံပရာ ရည် ဖျော်၍ သောက်သော် ဆီး အောင့်ခြင်း ပျောက်၏။

►အခေါက်အသုံးပြုပုံ  

၁ ။ သံပရာ ခေါက်ကို ရေနှင့် ထက်ဝက်ခန်း ကျို၍ ညနံနက် တစ်ကြိမ် ကျ သောက်က အဖျားပျောက် ၏ ။  
►အစေ့အသုံးပြုပုံ  

၁ ။ သံပရာ စေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
♥မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။♥
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_4451.html#moreItem Name -------- Lime (သံပရာ)
Category ----------- Raw Material
Botany Term ------ Citrus aurantifolla Linn var acida
Species Family ---- Rutaceae

မြန်မာ နိုင်ငံ အနှံ့အပြား ၌ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို ပျိုးထောင် ၍ လည်းကောင်း မျိုးကောင်း သည့် အပင် မှ မြေထုပ် စည်း၍ လည်းကောင်း ရယူနိုင်သည်။ အစေ့ကို ပျိုးပါက ပျိုးထောင် ပျိုးခုံ ပျိုးသေတ္တာ တွင် သဲနှင့် မြေဆွေး ရော၍ ပျိုးရသည်။ ရေကို မကြာခဏ လောင်းပေးပြီး ပျိုးပင်ကလေး များ တစ်မိုက် ခန့် ရှိပါက ပြောင်းရွှေ့ စိုက်ပျိုး နိုင်သည်။ ပျိုးထုပ်စည်း ၍ စိုက်ပါက မိုးဦး တွင် ပျိုးထုပ်များ စည်း၍ မိုးနှောင်း တွင် အပင်မှ ဖြတ်ယူပြီး ခြင်းတောင်း သို့မဟုတ် အိုး များ တွင် ထည့်၍ အရိပ်အောက်တွင် ထားရှိပြီး ၁ နှစ်သား အရွယ် ရောက်ရှိသည့် အခါ ပြောင်းရွှေ့ စိုက်ပျိုး ရသည်။ဤနည်းအားဖြင့် စိုက်ပျိုးခြင်းသည် ပိုမို၍ သီးထွက်ကောင်း နိုင်သည်။
 စိုက်ခင်း နေရာသည် သဲနုန်း မြေမျိုး ဖြစ်ရမည်။ ရေစီး ရေလာကောင်းရမည်။ တစ်ပင် နှင့်တစ်ပင် ပေ ၁၅x ၁၂ ပေခန့် ခွာထား ရမည်။ ကျင်းများကို ၂x၂ တူး၍ ဆွေးမြည့်သော မြေဆွေးများ ရောစပ်ပြီး စိုက်ပျိုးရမည်။

" သမီးရည်းစား "



ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ (အဘိုးကြီးနဲ့ တိုးမှာစိုးလို့) ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ (နာမည်မှားခေါ်မိမှာစိုးလို့) ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ် (လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...အိပ်ထဲမှာ ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်) ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ (တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်) ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ် (အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်) မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ (မြန်မြန်ပြန်ကောင်းမှာစိုးလို့)

" ဆရာကြီး၏ နောက်ဆုံးဆေးလုံး(ဟာသ)"

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။
( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

" အုန်းမှုတ်ခွက်နင်း ရောဂါကင်း"

ရှေးဟောင်းဆေးကျမ်းကြီးများတွင် “ လေသည် အသက်၊ အသက်သည် လေ” ဟူ၍ လည်းကောင်း“အသက်ရှူသည်”
ဟူ၍လည်းကောင်း၊ လေသာလျှင် အဓိက၊ လေသာလျှင် အုပ်စုခေါင်းဆောင်ဟု ဆိုခဲ့ကြသည်။

သိပ္ပံဆေးပညာပေါ်လာသောအခါ “သွေးသည် အသက်၊ အသက်သည် သွေး” “ဖြစ်မှု ပျက်မှု သွေးအပြု” “
အသက်သွေးခဲ အမြဲမနေသာ” “သွေးဆုတ်ကုန်ပြီ” စသည်ဖြင့် သွေးကို လူ၏အသက်ရှင်ရာ တည်ရာအတွက်အဓိကထားလာကြသည်။

ကျွန်တော့်အဖို့  လူတစ်ယောက် အသက်ရှင်ရာတွင် သွေးလား လေလား မဝေခွဲတတ်။ ဒွိဟဖြစ်နေသည်။
ထို့  ကြောင့် ရန်ကုန်မြို့  သိမ်ဖြူဆေးသိပ္ပံဆရာတော်ဘုရားကြီးထံ ၀ပ်တွားခယ တောင်းပန်လျှောက်ထားသောအခါ
 ဆရာတော်ဘုရားက-“လေတစ်ခုထဲနဲ့ လည်း ခရီးမပေါက်ဘူး၊ သွေးသက်သက်ချည်း အဓိကထားတာလည်း မမှန်ဘူး၊

December 11, 2014

ဆောက်လက်စတိုက်(၄)လွှာတွင် အိပ်ပျော်နေစဉ် ပြုတ်ကျခဲ့သဖြင့် လူတစ်ဦးသေဆုံး

ဆောက်လက်စတိုက် တလုံးအားတွေ့ ရစဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၁၀.၁၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ စပယ်(၁)လမ်းရှိ ဆောက်လက်စ တိုက်(၄)လွှာမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး သွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါ တိုက်တွင် လက်သမား အလုပ်လုပ်ကိုင်သူ ရွှေပြည်သာမြို့နယ်နေ ကိုငြိမ်းပြည့်စုံ(ခ)ဟိန်းပြည့်စုံ၊ (၂၀)နှစ်ဖြစ်ကြောင်း၊ ၎င်းသည် အဆိုပါတိုက်၏ ၄လွှာတွင် အိပ်နေရာမှပြုတ်ကျ ခဲ့သဖြင့် ဦးခေါင်း နောက်စေ့စုတ်ပြဲ၊ ယာနားသွေးထွက်၊ ၀ဲနံဘေးပွန်းပဲ့

ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး


တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် ၄စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံ ခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ  ၆ နာရီခွဲမှာ အခင်းဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-

ထားဝယ်-ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်မောင်းတပ်သားသေဆုံး


ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်-ရေး ကားလမ်းပေါ်တွင် ယမန်နေ့က အမည်မသိ လက်နက်ကိုင်ဓားပြ တစ်စု၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်ကြီးတစ်ဦးနှင့် ယာဉ်မောင်းသူ တပ်သားတစ်ဦးမှာ သေဆုံးသွားကြောင်း သိရ သည်။

ယမန်နေ့ ညနေ ၆း၃၀နာရီအချိန်၌ ထားဝယ်-ရေး ကားလမ်းပေါ်ထားဝယ်မှ ရန်ကုန်သို့ ထွက်ခွာလာသော အောင်ရတနာအမည် ရှိ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို အမည်မသိ ဓားပြအဖွဲ့မှ တိုက်ခိုက်အပြီး အနောက်မှ စီးနင်းလာသည့် KNLA ယာဉ်ကား ကိုပါ

" အချစ် ဂါထာ (မန္တာန်) "

ဒီ Spell (မန္တာန်) ဟာ လပြည့်နေ့များမှာပိုမိုထိရောက်တတ်ပါတယ်။ သင်နှင့်သင့်ချစ်သူတို့၏ပုံများကို မျက်နှာချင်းဆိုင်ထပ်၍ စက္ကူကလစ်ဖြင့် တွဲညှပ်ပါ။
အနီရောင်ဖရောင်းတိုင် တစ်တိုင်ကိုထွန်းညှိပြီး သင်နှင့်သင့်ချစ်သူပုံတွဲချုပ်ထားသော ပုံလေးကို ဖန်တုံးတစ်တုံးဖြင့် ဖိပြီးချထားပါ။ ပြီးလျှင်အောက်ပါ Spell (မန္တာန်)ကို ကိုးခေါက်တိတိ ရွတ်ဆိုပါ။
“ကျွန်ုပ်ထက်မြင့်မားသော တန်ခိုးစွမ်းအားများအား ပန်ကြားပါ၏
ကျွန်ုပ်၏ရင်တွင်းလွမ်းမိုးချုပ်ကိုင်ထားသော အိမ်မက်များအားနိုးထပါရန်
အဆိုပါဆက်သွယ်မှုသည် ကျွန်ုပ်လိုအင်ကိုသိပါသော်လည်း
ပြုစားသောအချစ်ကို အမြန်ဆုံးကျွန်ုပ်ထံရောက်ရှိရန် တောင်းဆိုပါ၏
ကျွန်ုပ်ယနေ့လိုအပ်နေသော အချစ်အတွက် အကောင်းမွန်ဆုံးနည်းအားဖြင့် ဆွဲဆောင်ခြင်းဖြစ်ပါစေသတည်း…
ကျွန်ုပ်အတွက် ပြည့်စုံသော အချစ်နှင့်ယုံကြည်မှုကို ပို့ဆောင်ပေးရန် တောင်းဆိုပါ၏
ကျွန်ုပ်၏မှန်ကန်သောတောင်းဆိုမှုကြောင့် နစ်နာခြင်းတစ်စုံတစ်ယောက်မှာမှ မရှိဘဲ အားလုံးကူညီထောက်မ ကြစေသတည်း”
အထက်ပါ Spell (မန္တာန်)ကို ပြုလုပ်ပြီး မကြာခင် မိမိချစ်သူမှ မိမိကို စာရေးသားခြင်း၊ ဖုန်းခေါ်ခြင်း

" မင်း အဖြစ်က ဆိုး " ဟာသ

သိပ္ပံပညာ ထွန်းကားလာပြီး လပေါ်လူရောက်တာ စကြာဝဠာ ထဲက တခြားဂြိုလ်တွေပေါ် လူရောက်အောင် ကြိုးစားနေကြ
တာကို သတင်းကြားတာမို့ ထားပါတော့။ သိပ္ပံပညာ အစွမ်းကြောင့် အဝေးကြီးက လူရဲ့ အသံကြားရတဲ့ ရေဒီယိုအသံသာ
မက အရုပ်ကိုမြင်ရတဲ့ တီဗွီ နှင့် ဗွီဒီယိုတွေဟာ မျက်မြင်တွေဘဲ။
                 ဒါပေမဲ့ အဲဒါတွေကို လျစ်လျူရှုပြီး အင်းအိုင် ခါးလှည့် လက်ဖွဲ့ မန္တရား နောက်ကို လိုက်မြဲ လိုက်နေသူတွေက
ရှိနေတုန်းပါ။ တခြားဝေးဝေးမှာ မဟုတ်ပါ။ ဦးသာအေးရဲ့ တူတစ်ယောက် အနေနှင့် ပွဲရုံမှာ ရိုးရိုးကုပ်ကုပ် လုပ်နေရာကအခု
အလုပ် မမှန်တော့ဘူး။ အဂ္ဂိရတ်သမား တစ်ယောက်ဆီမှာ ဖိုဆွဲနေတယ်။
                တခါတခါတော့ စုတ်စုတ်ပြတ်ပြတ် ပိုသီပတ်သီနှင့် ရောက်လား ရောက်လေရဲ့။     ကနေ့လည်း ဦးလေး ဆေး
လိပ်ဖိုးလေး လက်ဖက်ရည်ဖိုးလေး ပေးစမ်းပါ ဆိုလေတယ်၊       တပတ်နေမှ တစ်ခါလောက်ပဲ ရောက်တာမို့ ငွေတစ်ဆယ်
ထုတ်ပေးရင်း ဖိုဆွဲတာ ပင်ပန်းပါတယ်ကွယ်၊ ကြာရင် မျက်စိတောင် ကန်းနိုင်ပါတယ်။ ဖြတ်လမ်းကသာ သပွတ်ခါးသီး ဝိဇ္ဇာ
လုပ်လိုက်ပါတော့လို့ ပြောပြီး သရော်နေတယ်။

" မုန့်စိမ်းပေါင်း လုပ်နည်း "


 

ငစိန်ဆန် တစ်ပြည်ကိုရေစင်အောင်ဆေးပြီး ကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ထားပါ။
ရေစစ်သွားတဲ့အခါ မုန့်နှစ်ကိုအလုံးလိုက် ပေါင်းပါ။
မုန့်သား အနည်းငယ် ကျက်တာနဲ့
မုန့်လုံး ကို လက်ဆုံမှာထည့်ထောင်းပါ။
မုန့်ညက် အမှုန့်တွေကို အခဲတွေမပါအောင် ဆန်ခါ ချထားပါ။
အဖြူ သား လုပ်ဖို့မုန့် အချို့ကိုချ န်ထားပြီး
ကျန်တဲ့မုန့်သားတွေကို ပေါက်စေးကျ အောင်ကြို ထားတဲ့
ထန်းညက်ရည်နဲ့ နှံ့အောင် ရောနယ်ပါ။
ထန်းညက် (၅၀)ကျ ပ်သားလောက် ကြို ရင် ရပါပြီ ။
အဖြူ သားအတွက်ချန်ထားတဲ့ မုန့်သားထဲကို
အုန်းသီးတစ်လုံးကိုညှစ်လို့ရတဲ့ အုန်းနို့ပျ စ်ပျ စ်နဲ့
သကြားနည်းနည်းရောထည့်နယ် ထားပါ။

" အုန်းသီးလေးရဲ့လျှို့ ဝှက်ချက် "

တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့

ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

December 10, 2014

" မင်္ဂလာမဆောင်ခင် အသားဖြူအောင် လုပ်ထားမယ် "

1024x1024_20140923_231114_726
သူသူထက်လွင်
ယနေ့ခေတ်မှာညိုမည်းခြောက်သွေ့နေတဲ့အသားအရေကြောင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေအတွက် အချိန်တိုအတွင်း အသားအရေစိုပြည်ဖြူဝင်းလာမယ့် နည်းလမ်းတွေရှိလာပြီဖြစ်ပါတယ်။ နဂိုအသားညိုတဲ့သူ တွေ၊ မည်းတဲ့သူတွေအနေနဲ့ သူတို့ရဲ့အသားအရေတွေကို ပြုပြင်ပြောင်းလဲလို့ မရနိုင်ဘူးလားလို့ မေးမြန်း လာကြတယ်။

"ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် ( Wutyee Food House) "


ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် လေးပါ။ ခရမ်းချဉ်သီးဆော့၊ ကြက်ဥ နဲ့ တွဲဖက် စားသုံးရတာမို့ တမျိုး ကောင်းမွန်တဲ့ ထမင်းကြော်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်….
ပါဝင်ပစ္စည်းများ

" မိန်းမယူပြီးမှ ချီးစားစုန်း မှန်းသိ၍ ပြန်ကွာရှင်းခဲ့ရသူ "


လွန်ခဲ့သော နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…

ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှံဟု ပြောစမှတ်ပြုကြပါသည်…

" မသေသင့်ဘဲ သေရတယ်.... "

  မြန်မာနိုင်ငံထဲက ရွာလေးတစ်ရွာ ရဲ့ အဖြစ်အပျက် အမှန်လေးပါ။
ရွာနာမည်တော့ မပြောတော့ပါဘူး။

တစ်နေ့ တင်အောင် မိန်းမ လှရီ ကိုယ်ဝန် ဗိုက်နာပါလေရော ။ည ၉ နာရီ ၁၀ နာရီလောက်ရှိမယ်၊ တင်အောင်တစ်ယောက်လည်း လက်သည် ဒေါ်ဖွားမေဆီ ပြေးခေါ် ရတာပေါ့။ဒေါ်ဖွားမေ နဲ့ အတူ အိမ်ပြန်ပြေးလာပြီး တင်အောင်က အိမ်အောက်မှာ စောင့်နေရတာပေါ့။ တတ်မှတ်သလောက် ဘုရားစာတွေ ရွတ်နေရင် အိမ်ပေါ်က အသံတွေ တိတ်သွားခဲ့တယ်။
တင်အောင် လည်း တိတ်ဆိတ်စွာနဲ့ ငြိမ်ပြီးနားထောင်နေတယ်။

" ဆံပင်အကြောင်း သိကောင်းစရာ"

ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်း

ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်းမိန်းကလေး တစ်ယောက် အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေ သီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။

December 9, 2014

" ယောက္ခမ အချစ် " (ဟာသ)



အဲ့လောက်ချစ်ထှာ ..

လင်မယားနှစ်ယောက် ပြင်းထန်တဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမမျက်နှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတယ်။ ဒါကြောင့် အရေပြားအစားထိုးကုသဖို့ လိုပေမယ့် အဲဒီမိန်းမက ပိန် လွန်းတဲ့အတွက် သူ့ကိုယ်ပေါ်က အရေပြားက အစားထိုးဖို့ သင့်တော်တဲ့ နေရာမရှိဘူးလို့ ဒေါက်တာက သူ့ယောက်ကျားကို ပြောပြတယ်။

" ပဲသီး (ခေါ်) ပဲတောင့်ရှည် အကြောင်း သိကောင်းစရာ "

ပဲသီးသည် ရာသီစာ ဟင်းသီးဟင်းရွက် မဟုတ်ပါ။ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင် ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ပဲသီးသည် မျိုးစိပ်ပေါ် မူတည်ကာ ၁၂-လက္မ မှ ၃၀-လက္မ အထိ ရှည်တတ် ပါသည်။ အရှည် ၁၂-လက္မ မှ ၁၈-လက္မ သည် စားသုံးရန် သင့်တော်သော အရွယ်အစားဖြစ်ပါသည်။ အသီးတောင့် ၏ အရင်းပိုင်းသည် အစိမ်းနုရောင်ရှိပြီး၊အဖျားပိုင်းသည် အစိမ်းရင့်ရောင်ဖြစ်ပါသည်။တစ်ခါ တစ်ရံ အနီရောင်ပဲသီး များကို တွေ့ မြင်ရတတ်ပါသည်။ ပဲ သီးပင် သည် နွယ်တက်၍ပေါက်သော အပင် အမျိုး အစားဖြစ်ပါသည်။ ၄င်းတို့  သည် မိမိကိုယ် တိုင် ၀တ်မှုန်ကူးသော အပင်မျိုးဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ပျား၊ ပိတုန်း၊ လိပ်ပြာ စသည့် အင်းဆက် ပိုးမွှား တိုေ့ကြာင့်လဲ

" မျောက်ဖိုနဲ့ မျောက်မ အငြင်းပွားခြင်း ပုံပြင်လေး "











တစ်ခါကတဲ့။ မျောက်ဖိုနဲ့ မျောက်မ တို့ သစ်ကိုင်းတစ်ကိုင်းပေါ်ထိုင်ပြီး နေ၀င်ဆည်းဆာကို ရှုစားကြသတဲ့။ အဲ့ဒီတုန်း မျောက်မကမေးတယ်။
“မိုးကုပ်စက်ဝိုင်းကို နေလုံးကြီးရောက်သွားတဲ့အချိန်မှာ ကောင်းကင်က ဘာလို့အရောင်တွေပြောင်းသွားရတာလည်း” တဲ့။
အဲ့ဒီတော့ မျောက်ဖိုကပြန်ဖြေတယ်။

" Frozen shoulder အေးခဲသွားတဲ့ ပခုံး (ပုခုံးဆစ်ရောင် ရောဂါ)"

ဒီစာကို လွန်ခဲ့တဲ့ ၂ဝ၁ဝ နှစ် ကုန်ရက်မှာ ရေးခဲ့တာပါ။ ကနေ့ မိသားစု ဆရာဝန်နဲ့ ပဌမဆုံး ဆေးစစ်တာ လုပ်ရပါတယ်။ ကာလသားရောဂါလဲ ကင်းရှင်း၊ လူကြီးရောဂါလဲ မရှိ၊ ကူးစက်ရောဂါလဲ ရှာမတွေ့ထားတဲ့ ဆေးစစ် ချက်က ရှိထားပြီးသားပါ။ ကနေ့ စစ်တော့လဲ နှလုံးခုန်တာ နည်းနည်းမြန် တာကလွဲရင် အပြစ်အနာအဆာ မရှိပါ။ အဲ့ ဘယ်ဘက် ပခုံးနာနေ တာတော့ ၅ လ လောက် ရှိပြီဆိုတာ ပြောလိုက်ပါတယ်။ ‘ဖီဇီယိုသာရာပီ’ ၆ ပါတ်အတွက် ရက်ချိန်း ယူရမယ်တဲ့။ အနာသက်သာဆေး အပြင် ကြွက်သား ပြေလျှော့ဆေးလဲ ရေးပေးတယ်။ ကျွန်တော်တို့လို Medicaid ရထားသူတွေဆိုရင် ဘယ်ဆေးဝယ်ဝယ် တမယ်ကို ၃ ကျပ် (US$3) သာပေးရမယ်။

December 8, 2014

၂ဝ၁၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ထွက်ရှိ

  1. ၁၁-၃-၂ဝ၁၅ ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………. မြန်မာစာ
  2. ၁၂-၃-၂ဝ၁၅ ကြာသပတေးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………. အင်္ဂလိပ်စာ
  3. ၁၃-၃-၂ဝ၁၅ သောကြာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ……………… သင်္ချာ
  4. ၁၄-၃-၂ဝ၁၅ စနေနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………. စိတ်ကြိုက်မြန်မာစာ
  5. ၁၆-၃-၂ဝ၁၅ တနင်္လာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………… ဓာတုဗေဒ
  6. ၁၇-၃-၂ဝ၁၅ အင်္ဂါနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………… ရူပဗေဒ
  7. ၁၈-၃-၂ဝ၁၅ ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………………… ဇီဝဗေဒ ဘောဂဗေဒ
  8. ၁၉-၃-၂ဝ၁၅ ကြာသပတေးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ……………………… ပထဝီဝင်
  9. ၂ဝ-၃-၂ဝ၁၅ သောကြာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………………. သမိုင်း
မြ၀တီ
မောင်စိုး

ရန်ကုန်နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဘတ္ထရီဆိုင်ကယ်များကို အရေးယူမည်


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဥပဒေမဲ့ ဆိုင်ကယ်စီးနင်း မှုတွေကို တာဝန်ရှိ အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် အရေးယူနေပြီး ဘတ္ထရီ ဆိုင်ကယ်တွေကိုလည်း အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်း

" ဖုန်းဝယ်သူများ သတိ သတိ သတိထားကြပါ ခင်ဗျာ"



မနေ့က ညီမလေးတစ်ယောက်ဆီကနေ viber message လေးဝင်လာပါတယ် ..တော်တော် စိတ်ဝင်စားဖို့ကောင်းပြီး စိတ်မချမ်းသာစရာ
ကိစ္စလေးပါ.....ညီမလေးရဲ့ တူမလေးဟာ ...သူ့အသိ မိတ်ဆွေက ဖုန်းလေးတစ်လုံးလောက်ဝယ်ချင်တာနှင့် သူ့ကို အကူအညီတောင်းပါတယ်
တူမလေးကလည်း ဖုန်းဝယ်မဲ့ အဒေါ်ကြီးကို လိုက်ပြီး ကူညီပေးခဲ့တယ် ...အဒေါ်ကြီးကလည်း ခေတ်ပညာတတ်မဟုတ်လေတော့ သူ့ကို အကူ
အညီတောင်းခဲ့တာပါဘဲ....အိမ်နီးချင်းတွေကလည်းဖြစ်နေတော့ အဒေါ်ကြီးကို ကူညီခဲ့တယ်...အဒေါ်ကြီးကလည်း ငွေရေး ကြေးရေးပြည့်စုံသူ
တစ်ဦးမဟုတ်ဘူး....သူက ဖုန်းလိုချင်လွန်းလို့ ....ငွေလေးနှစ်သောင်းကို ခြိုးခြံခွှေတာလို့ စုဆောင်းခဲ့တယ်....လက်လုပ်လက်စား တစ်ယောက်

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးတက်ကြွသူများ ဆန္ဒပြ


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ဝဝ ခန့်က ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအောင်မျိုးလင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ အရေးကြီးတဲ့အတွက် အခုလိုဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ကဒီမှာ ဘာကြောင့်ဆန္ဒဖော်ထုတ်ရလဲဆိုတာ အဓိကကတော့ဗျာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြင်ဆင်ရတော့မယ်၊ ပြင်ဆင်ရတော့မယ့်အခြေအနေမှာ ကျနော်တို့က လွှတ်တော်ထဲကနေပြင်ဆင်မယ်လို့ လုပ်နေကြတယ်၊ ဆွေးနွေးကျတဲ့အချိန်မှာ တပ်မတော် ကိုယ်စားလှယ်တွေက ၄၃၆ ကို မပြင်ဆင်နိုင်ဘူးဆိုပြီးတော့ တင်းခံနေတဲ့အနေအထားတွေ ဖြစ်နေပြီ၊ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေကနေပြီး သဘောမတူဘူးဆိုရင် ပုဒ်မ ၄၃၆ ကိုလည်းမပြင်နိုင်ဘူး၊ အခြေခံဥပဒေကိုလည်း မပြင်ဆင်နိုင်ဘူး၊ အဲ့ဒီတော့ ကျနော်တို့က ဒီအခြေအနေကို မဖြစ်စေချင်ဘူး၊ ၆ ပွင့်ဆိုင်တွေ့ဆုံပြီးတော့ ညင်ညင်သာသာနဲ့ ကူပြောင်းလို့ရနိုင်တဲ့ အခြေအနေကို ရောက်နိုင်အောင်လို့ ကျနော်တို့က သမ္မတနဲ့ ကာချုပ်ကို ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံရေးမှာ ဝင်ရောက်ပူးပေါင်းပါဆိုပြီတော့ ဒါပြောချင်ပါတယ်"

ဆန္ဒပြပွဲမှာ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ) (စ)တို့ကို ပြင်ဆင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့၊ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
မောင်စိုး

" သမီးရေ...အမေပဲ ကျန်တော့တယ်ကွဲ့ (ဟာသ) "



တစ်ခါက ရွာ တစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီး တစ်ယောက်ရှိသတဲ့...။
အဲဒီရွာမှာပဲ မြို့ က ရောက်လာတဲ့ အင်မတန် အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာ စားသောက်နေတဲ့ ပတ်ချွဲ နှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။
ကျေးလက်ဒေသရဲ့ ဓလေ့ စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့...။

ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာ လူရှုပ်နဲ့ အကြောင်းပါလေပါရော...။
လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမကိုရော ခယ်မတွေပါ အဆင်ပြေအောင် ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့ မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ လူရှုပ်ရဲ့ ဇနီးဟာ အမျိုးသမီးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ပါတယ်...။

"လည်ပင်းတစ်ဝိုက် မည်းမနေအောင် ပြုပြင်ကုသနည်း"





လူအများစုဟာ လည်ပင်းတစ်ဝိုက်မည်းနေတာနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြရပြီး
အသက်အရွယ်အရသော်လည်းကောင်း၊ နေရောင်ထိတွေ့ခံရ ခြင်းကြောင့်သော်လည်းကောင်း အဓိကဖြစ်တတ်ပါတယ်။ တခြားအကြောင်းအရာတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ မျိုးရိုးလိုက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ရုတ်တရက်ကိုယ်အလေးချိန်တက်တာ၊ လျော့တာတွေကြောင့်လည်း
 ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အိမ်တွင်းနည်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

"စာရေးဆရာမကြီး Eileen Chang မှ မိန်းကလေးတွေအတွက် ရေးပေးခဲ့တဲ့ အချက် ၄၉ ချက်"



၁) မျက်စိရှေ့က ယောက်ျားဟာ ဘယ်လောက်ထိဘဲ ကောင်းနေပါစေ…
နေရာတကာမှာ တော်နေပါစေ… သူမင်းကို မချစ်ဘူးဆိုရင် ဒါဟာ
အကြီးမားဆုံး အားနည်းချက်ဘဲ… သူတစ်သက်လုံးပြင်လို့ရမှာ မဟုတ်ဘူး…

၂) လမ်းခွဲတဲ့အချိန်မှာ မငိုပါနဲ့… ဒါပေမဲ့ လုံးဝ မငိုဖို့ပြောတာမဟုတ်ဘူး…
သူ့ရှေ့မှာ မငိုနဲ့… နောက်ကွယ်မှာ သေအောင်ငိုလိုက်ပါ…

၃) လူတစ်ယောက်ရဲ့အားနည်းချက်ဟာတစ်ကိုယ်ကောင်းဆန်တာ…
မိုက်ရိုင်းတာ… ခေါင်းမာတာ မဟုတ်ဘူး… ဘာလဲဆိုတော့ အဲဒီလူဟာ ကိုယ့်ကိုယ်မချစ်မှန်းသိနေလျက်နဲ့ လက်မလွတ်နိုင်ဘဲ
တယူသန်ချစ်နေမိတာပါ…

" ထိပ်ပြောင်၊ နောက်ပြောင်လို့ စိတ်ညစ်နေသလား ? ? ?"





ကျမ ၁၄-၁၅ နှစ်အရွယ်မှာ ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက်၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ ပြည်တည်နာ ကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)

သူ့ခေါင်းတစ်ခုလုံး ပြည်တည်နာတွေနဲ့ ပြည့်နေလို့ ရန်ကုန်ဆေးရုံကြီး အရေပြားဌာနကို သွားပြတော့ ဦးခေါင်းအရည်ခွံ ခွါရမယ်လို့ ပြောလိုက်ပါတယ်။ တကယ်ပြောတာလား၊ စနောက်လိုက်တာလားတော့ မသိပါဘူး။

December 7, 2014

အုပ်စုဖွဲ့လုယက်နေသူများအား မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိ


ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ် နဝဒေးအိမ်ရာအပြင်ဘက် ဘုရားလမ်းထိပ်နှင့်အဆင့်မြင့်လမ်းထိပ်တို့တွင် ညပိုင်းအချိန်များ၌ လူမိုက်အုပ်စုကျက်စားနေကြောင်း သတင်းအရ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက် ည ၁ဝ နာရီခွဲတွင် လုယက်မှုပြစ်ချက် ဟောင်းရှိသူ မှဲ့လေး(ခ)ခင်မောင်ဝင်း၊ ဝင်းလွင်ဦး၊

စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီး ထပ်မံ ဖမ်းဆီး



စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ ဖမ်းဆီးရေး စီမံချက်အရ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီး အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရန်ကုန်မြို့ အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်း မဲ့စွာ မောင်းနှင် မှုကြောင့် အသံများ ဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကို ထိခိုက်စေသည့် အပြင် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်လာ သဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စီမံချက် ချမှတ်၍ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၄ ရက်နေ့ညက စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် (၁၇)စီးအား ဖမ်းဆီး ရမိခဲ့ပါသည်။

" တစ်ဦးနဲ့တစ်ဦး တကယ်ချစ်ခင်စုံမက်တဲ့ စုံတွဲတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူများ "


ချစ်သူရည်းစားဖြစ်လာပြီဆိုရင် အပေါ်ယံလား၊ ကိုယ့်ကိုအဆုံးထိ လက်တွဲဖို့ စိတ်ကူးပြီး ချစ်တဲ့သူလား၊ နှစ်ဦးစလုံးက မခွဲနိုင်၊ မခွာရက် အသည်းစွဲ ချစ်ကြတာလား ဆိုတာ သူတို့ရဲ့ အပြုအမူတွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်ကြတဲ့ စုံတွေတွေရဲ့ အပြုအမူတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

" အစာအိမ်ဝေဒနာခံစားနေရချိန် ဒါလေးတွေရှောင်ပါ "


တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာခံစားနေရ တယ်ဆိုရင် မဖြစ်မနေ ရှောင်ကျဉ်သင့်တဲ့ အစားအသောက် (၉)မျိုးရှိပါတယ်။

(၁)     အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏလျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေကအစာအိမ်ကို တရားလွန်နှိုးဆွ ပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့အစပ်တွေကို ရှောင်ကျဉ် သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကိုပိုဆိုးစေပါတယ်။

(၂)     အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ နာကျင်တာတွေ ၊ လေးလံနေတာတွေ ခံစားရတယ်ဆိုရင် မင်းဟာ စောစာကပြောတဲ့မျိုးအစားထဲက သူတစ်ယောက်ပါ။

"နာလည်းနာသေး နံလည်းနံသေး"




တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသ အကြီးအကျယ်ထွက်ကာမောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန် ရုံးတင်စစ်ဆေးဖို့ အကြောင်း ဆရာတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဇာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကားအား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ မခံချိမခံသာ ဖြစ်ကြရလေသည် ။

" အချစ်ရဲ့ နန်းဘုံပေါ် ကြမ်းချော်ကျမိပြီ "

ငါဆိုတဲ့ငါဟာလေ
ဒီဘဝမှာ အချစ်ဆိုတာကို
  ဥပေက္ခာပြုထားခဲ့တယ်
ငါဆိုတဲ့ငါဟာလေ
မိန်းကလေးဆို မော်လို့မကြည့်ခဲ့ဘူး
ငါဆိုတဲ့ငါဟာလေ
မိန်းကလေးဆိုရင် သူငယ်ချင်းလို
 သဘောထားခဲ့တယ်
ငါဆိုတဲ့ငါဟာလေ

" အမည်မဲ့ အလွမ်း "

မျက်ဝန်းတစ်စုံနဲ့  ရင်တစ်ခုလုံးကိုငြို့ ယူသွားခဲ့တယ်
စိတ်အစဉ်တိုင်း လွမ်းဆွှတ်ခဲ့ရတဲ့ စက္ကန့် လေးတွေနဲ့ အမျှ
ရင်ခုန်သံတွေက ရေခြားမြေခြား နိုင်လွန်းလှတယ်
သတိတရ ရှိခဲ့ရတဲ့ အလွမ်းဒဏ်တွေက
မရဲတရဲ ရင်ခုန်သံနဲ့ အဆိပ်သင့်စက်ရုပ် တစ်ရုပ်လို
သံပတ် ပေးခံထားရတဲ့ ညတွေက မှောင်လွန်းတယ်။
Subscribe

လာလည်သူများ

free counters