♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 9, 2014

" ပဲသီး (ခေါ်) ပဲတောင့်ရှည် အကြောင်း သိကောင်းစရာ "

ပဲသီးသည် ရာသီစာ ဟင်းသီးဟင်းရွက် မဟုတ်ပါ။ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင် ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ပဲသီးသည် မျိုးစိပ်ပေါ် မူတည်ကာ ၁၂-လက္မ မှ ၃၀-လက္မ အထိ ရှည်တတ် ပါသည်။ အရှည် ၁၂-လက္မ မှ ၁၈-လက္မ သည် စားသုံးရန် သင့်တော်သော အရွယ်အစားဖြစ်ပါသည်။ အသီးတောင့် ၏ အရင်းပိုင်းသည် အစိမ်းနုရောင်ရှိပြီး၊အဖျားပိုင်းသည် အစိမ်းရင့်ရောင်ဖြစ်ပါသည်။တစ်ခါ တစ်ရံ အနီရောင်ပဲသီး များကို တွေ့ မြင်ရတတ်ပါသည်။ ပဲ သီးပင် သည် နွယ်တက်၍ပေါက်သော အပင် အမျိုး အစားဖြစ်ပါသည်။ ၄င်းတို့  သည် မိမိကိုယ် တိုင် ၀တ်မှုန်ကူးသော အပင်မျိုးဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ပျား၊ ပိတုန်း၊ လိပ်ပြာ စသည့် အင်းဆက် ပိုးမွှား တိုေ့ကြာင့်လဲ ၀တ်မှုန်ကူးပြောင်း တတ်ကြပါသည်။ အပင်ဖြစ် ထွန်းပြီး နောက် ရက် ၆၀ အတွင်းမှာ အသီး စတင်သီးပါသည်။ ပင်စည်မှ အစုံလိုက်/ အတွဲလိုက် အသီးသီးခြင်း ပါသည်။
အသီးတောင့်ထဲတွင် သေးငယ်သော အစိမ်းဖျော့ရောင်ပဲစေ့ကလေးများ ပါရှိပါသည်။ထိုပဲစေ့ ကလေးများ သည် ပဲလွန်းဖြူနှင့် ပုံသဏ္ဍာန်ခပ်ဆင်ဆင် တူပါသည်။ နု၍လတ်ဆတ်သော ပဲသီးတောင့်များကို အစိမ်းလိုက် ကျွတ်ကျွတ် ၀ါးစား နိုင်ပါသည်။ ပဲသီးသည် နုသောအရွယ်တွင် အရ သာပိုချိုပါသည်။ အစိမ်းရောင် ဖျော့ဖျော့ ပဲသီးအမျိုးအစား သည် အစိမ်းရောင်ရင့်သော ပဲသီးအမျိုး အစားထက် နူးညံ့ကာ ပိုချို၍ အရသာ လဲ ပိုမိုကောင်းမွန်ပါသည်။ သေးသွယ်ကျစ်လစ်သော ပဲ သီး သည် ပွသောပဲသီးထက် အရသာပို၍ကောင်း မွန် ပါသည်။ ပဲသီး၏အရသာသည် ဗိုစား ပဲ သီး နှင့် အရသာ ခပ်ဆင်ဆင်တူပါသည်။ ပဲသီးတောင့်၏ ဘေး တစ်ဘက်တစ်ချက်စီတွင် မြောင်း များပါရှိ ပါသည်။ ပဲသီးကိုခူးဆွတ်ပြီး ၃-ရက် အချိန်အတွင်း စားမှသာ လတ်ဆတ်သော အရသာကို ခံစားရရှိမည်ဖြစ် ပါသည်။ ပဲသီးတွင် အညိုရောင် အစက်အပြောက် များပါရှိ နေပါက၊ ပိုးကိုက်ခံထားရခြင်းဖြစ်ပါသည်။ ထိုပဲသီးမျိုးကို မစားသင့်ပါ။

ပဲသီးကို နှစ်သက်ရာ အသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍ သော်လည်းကောင်း၊ အခြားဟင်းသီး ဟင်း ရွက်များနှင့် ရောနှောကာ အစိမ်းကြော်ကြော်၍ သော်လည်းကောင်း၊ ရေနွေး ပူပူတွင် ခေတ္တမျှစိမ်ပြီး နောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့်ခေါက်ကြော်၍ သော်လည်းကောင်း၊ စသည်ဖြင့် အမျိုးမျိုး စားသုံးနိုင် ပါသည်။

ပဲသီးတွင် ဗီတာမင် A၊ ပရိုတင်း၊ သံဓာတ်၊ ဖော့စဖရတ်၊ သီအာမင်၊ ရီဘိုပလာဗင် နှင့် ပိုတက် စီ ယမ် တို့  ကြွယ်ဝ စွာပါရှိပါသည်။ ထို့ ပြင် ပဲသီး သည် ဗီတာမင် C၊ ဖောလိပ်၊ မဂ္ဂနီစီယ မ် နှင့် မ ဂ္ဂနီး စ် တို့  စုဝေးရာ အရင်းအမြစ် လဲ ဖြစ်ပါသည်။ ထို့ ကြောင့် ပဲသီး ကို အားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးနိုင်ကြပါသည်။

< ကျန်းမာရေးအတွက် အသုံးဝင်ပုံ >

(၁) ကယ်လိုရီနဲသော အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့် ပဲသီး ကို မှန်မှန်စား သုံးပေး ခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါသည်။
(၂) ဗီတာမင် မြောက်များစွာ ပါရှိသည့်အပြင်၊ ဆန့် ကျင်ဓာတ်တိုးပစ္စည်းလဲ ကြွယ်ဝစွာ ပါရှိသဖြင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။
(၃) ပြင်ပရောဂါများ အလွယ်တကူ မကူးစက်နိုင်အောင်လဲ တားဆီး ကာကွယ်ပေးပါသည်။
(၄) အိုမင်းရင့်ရော်မှုကိုလဲ နှောင့်နှေးစေပြီး၊ အရွယ်တင်နုပျိုစေပါသည်။
(၅) နှလုံး၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကိုလဲ ကာကွယ်ပေးပါသည်။
(၆) သွေးကျစေပါသည်။
(၇) အဆစ်ရောင် ဝေဒနာများကိုလဲ သက်သာစေပါသည်။
(၈) ပန်းနာ ရင်ကျပ် ရောဂါကိုလဲ သက်သာ ကောင်းမွန်စေပါသည်။
(၉) လေသင်တုန်းဖြတ်ခြင်းကိုလဲ ကောင်းမွန် သက်သာစေပါသည်။
(၁၀) ဆီးချိုရောဂါကိုလဲ ကာကွယ် တားဆီးပေးနိုင်ပါသည်။
ထို့ ကြောင့် မိမိပတ်ဝန်းကျင်တွင် တစ်နှစ်ပတ်လုံး လွယ်လင့်တကူ ရရှိနိုင်ကာ၊ ဈေးနှုန်းချိုသာပြီး၊ အာဟာ ရလဲ ဖြစ်စေသည့် ပဲသီး (ခေါ်) ပဲတောင့်ရှည်သီး ကို စားသောက်ပေးကြပါရန် သတင်းကောင်းပါးအပ် ပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
မှီငြမ်း - encyclopedia : Health Benefits of China Long Beans

promise.pauk
--------------------------------------
Credit : ကိုမျိုး(lwanmapyay.blogspot.com)

No comments:

Subscribe

လာလည်သူများ

free counters