♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 10, 2014

"ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် ( Wutyee Food House) "


ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် လေးပါ။ ခရမ်းချဉ်သီးဆော့၊ ကြက်ဥ နဲ့ တွဲဖက် စားသုံးရတာမို့ တမျိုး ကောင်းမွန်တဲ့ ထမင်းကြော်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်….
ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးများတုံးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)

  • မုန်လာဥနီ – ၁ခု (အတုံးသေးများတုံးပါ)
  • ထီးမှိုခြောက် – ၂ခု (ရေနွေးပြီဖြင့် ပြုတ်ပြီ အလယ်တိုင်ဖယ်ကာ အတုံးသေးတုံးပါ)
  • တရုတ် နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ထမင်း – ၄ယောက်စာ
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း
၁။ အရင်ဆုံး အတုံးများ တုံးထားသော ကြက်သားများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်ဖြင့် ရောနုယ်ထားပါ။
၂။ ဒယ်ထဲ ထောပတ်ထည့်ပြီ အရည်ပျော်လျှင် ကြက်သားများကို ထည့်၂မိနစ်ခန့် ကြော်ပေးပါ။
၃။ ကြက်သား ကျက်လျှင် မုန်လာဥနီ၊ မှိုများကို ထည့်ပေးပါ။

၎။ ထို့နောက် ထမင်းထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ။
၆။ ထမင်းကြော် မွှေးမွှေးလေး ရပြီဆိုလျှင် ခလောက် ထားသော ကြက်ဥကို အပြားဝိုင်းကြော်ပေးပါ။
ရ။ ပြီမှ ကြက်ဥ အ၀ိုင်းပြား အလယ်ကို ထမင်း ၄ပုံ၁ပုံ ထည့်လိုက်ပြီ ဘေးတဖက်စီကို ပုံတွင်ပါသည့်အတိုင်း ခေါက်လိုက်ပါ။



၈။ ကြက်ဥလိပ်ရပြီဆိုမှ အလယ်က ထပ်ပိုင်းပိုင်းပေးပြီ အပေါ်မှ ခရမ်းချဉ်သီးဆော့လေးများ ဖြူးပေးပါ။
၉။ အရသာရှိသော ကြက်ဥ ထမင်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ…





Credit : wutyee food house

No comments:

Subscribe

လာလည်သူများ

free counters