တစ်ခါတုန်းက အာဖရိကမှာ ဘဝကို ပျော်ရွှင်ကျေနပ် နေတဲ့ လယ်သမား တစ်ယောက်ရှိပါတယ် … ။ အဲဒီလယ်သမားဟာ သူ့ဘဝကို သူကျေနပ်
ပျော်ရွှင်ပါတယ် … ဘာကြောင့်လဲဆိုတော့ သူ့ဘဝလေးကို သူက တင်းတိမ်ရောင့်ရဲ
တယ်လေ … အဲဒီလို တင်းတိမ်ရောင့်ရဲ တတ်လို့လည်း ပျော်ရွှင်တာပေါ့ … ။
တစ်နေ့ကျတော့ လူကြီးတစ်ယောက်က သူ့ဆီလာပြီးတော့ စိန်တွေအကြောင်း ပြောပြပါတယ်
… ။
လူကြီးက “မင်းမှာသာ လက်မလောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ
မြို့တစ်မြို့လောက် ပိုင်ဆိုင်နိုင်မယ် … ၊ မင်းမှာသာ လက်သီးဆုပ်
လောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ ကိုယ်ပိုင် နိုင်ငံ
တစ်ခုတောင် ပိုင်ဆိုင်နိုင်လိမ့်မယ် … ” လို့ ပြောပြီး ပြန်သွားပါတယ် … ။
ညလည်းရောက်ရော … လယ်သမားက အိပ်လို့မပျော်တော့ပါဘူး … ၊ နေ့ခင်းက စိန်ဆိုတဲ့
စကား ကို ကြားပြီးကတည်းက မတင်းတိမ် မရောင့်ရဲ နိုင်တော့အတွက် … ပျော်လည်း
မပျော်ရွှင် နိုင်တော့ပါဘူး ။ နောက်တစ်နေ့ မနက်လည်း ကျရော သူ့ရဲ့
လယ်ကွင်းတွေကို ရောင်းဖို့ အစီအစဉ် ချပါတော့တယ် … ၊ လယ်တွေလည်း
ရောင်းပြီးရော သူ့မိသားစုတွေကို ဂရုစိုက်ဖို့ မှာခဲ့ပြီးတော့ စိန်တုံးတွေ
ရှာဖို့ အိမ်က ထွက်ခဲ့ ပါတော့တယ် … ။
အာဖရိက တခွင် နှံ့အောင်လိုက်ရှပေမယ့်လည်း စိန်တုံး တစ်တုံးတစ်လေမှ မတွေ့ပါ၊
ဒါနဲ့ ဥရောပ တခွင်လိုက်လို့ ရှာပြန်ပါတယ် … ဒါပေမယ့်လည်း စိန်တုံးကို
မတွေ့ပါ ၊ စပိန်ကိုလည်း ရောက်ရော … သူမှာ ပိုက်ဆံလည်း ပြတ်၊ လူလည်း
ပင်ပန်း၊ စိတ်ဓါတ်တွေလည်း ကျနေပြီ … ဘာစီလိုနာမြစ်ထဲဆင်းပြီး သူ့ကိုယ်သူ
အဆုံးစီရင်ချင် လောက်အောင် စိတ်ဓါတ်တွေက ကျနေပါတယ် … ။
ဒီလိုနဲ့ နောက်ဆုံး အိမ်ကို ပြန်လာတော့ သူ့ရဲ့ လယ်ကို ဝယ်ထားလိုက်တဲ့သူက
သူ့ရဲ့လယ်ထဲမှာ ဖြတ်ပြီး စီးနေတဲ့ စမ်းချောင်းလေးမှာ ကုလားအုတ်တွေကို
ရေတိုက်နေပါတယ် … ။ စမ်းချောင်းပေါ်ဖြာကျ နေတဲ့ နေရောင်ခြည်က လယ်ထဲက
ကျောက်တုံးလေးတွေကို ထိပြီး အရောင်တောက်နေတာဟာ သက်တံ့ တစ်ခုလို
လှပလွန်းပါတယ် … ။
ကျောက်တုံးတစ်တုံးကို ကောက်ပြီးတော့ အိမ်ထဲကိုဝင်လာခဲ့ပါတယ် … ။
နေ့လည်ခင်းလည်း ရောက်ရော သူ့ကို စိန်တုံးတွေ အကြောင်းပြောခဲ့တဲ့ လူကြီးက အိမ်ကို ရောက်လာ ပြီးတော့ အဲဒီအရောင်တလက်လက်
တောက်နေတဲ့ ကျောက်တုံးလေးကို တွေ့သွားပါတယ်။ လူကြီးက အဲဒါ စိန်တုံးပဲ …
ကျုပ် စိန်တုံးကို တစ်ခါမြင်ဖူးကတည်းက မှတ်မိတယ် လို့ ပြောပါတယ် … ။
မဟုတ်ပါဘူး … အဲဒါ ကျောက်တုံးပါ … ကျွန်တော် စမ်းချောင်းထဲက
ကောက်လာတာပါ လို့ ပြောပါတယ် … ၊ လာလိုက်ခဲ့ ခင်ဗျားကို ပြမယ် …
စမ်းချောင်းထဲမှာ အများကြီး ရှိသေးတယ် လို့ ဆက်ပြောပါတယ် .. ။ သူတို့တွေ
စမ်းချောင်းဆီကို သွားပြီးတော့ နောက်ထပ်
ကျောက်တုံးတွေကို ကောက်ပြီး ကျွမ်းကျင်သူတွေကို စစ်ဆေးစေတဲ့ အခါမှာတော့
သေချာတာပေါ့ အဲဒီကျောက်တုံးတွေ