တွေကို သူ့အရွယ်အလိုက် ခံစားလာတတ်ကြပါတယ်။ တစ်ယောက်တည်း ကြိတ်စိတ်ကူးယဉ် စိတ်ကစားနေတာမျိုးဟာ ပူစရာမဟုတ်ပေမယ့် ရည်းစားသနာထားလာရင်တော့ စိတ်ပူတန် ပူရပါတော့မယ်။ ခုခေတ်က သမီးရည်းစားထားပြီဆိုတာနဲ့ အတူအိပ်မှ ချစ်တယ်ထင်နေတဲ့ခေတ်အဖြစ် ပြောင်းလဲလာလေပြီလား မသိဘူးနော်။
အထူးသဖြင့် ချစ်သူကိုလဲချစ် ၊ ယုံလဲယုံ ၊ တကိုယ်လုံးပုံလို့အပ်ချင်တယ်ဆိုတာ အချစ်လားဟင်လို့ သူတို့ကထင်ကြတယ် ၊ သူတို့ချစ်သူတွေကလည်း တကိုယ်လုံးပုံအပ်မှ တကယ်ချစ်တာလို့ ပြောဆိုစည်းရုံးကြမယ်ဆိုရင် တကိုယ်လုံး ပုံအပ်ဖြစ်တော့မှာပေါ့။
ဒီလိုမြီးကောင်ပေါက်အရွယ် မိန်းကလေးတွေ လိင်နဲ့ပတ်သက်တဲ့ အသိပညာမျိုး ဘယ်ကသိနိုင်မလဲ အတွေ့အကြုံရှိထားတဲ့ သူငယ်ချင်းတွေဆီက ၊ ချစ်သူရည်းစားရဲ့ ပြောစကားဆိုတာတွေကို အဟုတ်လုပ်ယုံရတာ မဟုတ်လား။ သူတို့ဟာ မိခင် ဖခင်ကိုလည်း ဖွင့်မေးလို့ရ၊ အဒေါ်ဦးလေးဆိုတာကိုလည်း မေးဖို့မလွယ် ၊ အစ်မ အစ်ကိုတွေကိုလည်း ဖွင့်မမေးရဲဆိုတော့ကာ ဘယ်လိုနေရာတွေကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အသိရနိုင်ကြမလဲ။
မှန်ကန်တဲ့အသိမရကြရင် မှားတော့မှာပေါ့။ အမှားတွေလုပ်ကြတော့မယ်။ အချစ်ကို ကလေးကစားသလို ကစားတတ်သူတွေနဲ့တွေ့တဲ့အခါ အိုးပုတ် ၊ ချိုးရုပ် ကျိုးပဲ့သွားသလို အပျိုစင်ဘဝဆိုတာ အသစ်ပြန်ဝယ်လို့မရဘူး။ အခန့်မသင့်ရင် ကလေးရလာမယ့် အဖြစ်တွေလေ။
ခေတ်ကသာ ရည်းစားထားရင် အတူနေရမယ်ဆိုတဲ့ အတွေးတွေနဲ့ ဘွင်းဘွင်းကြီး ပွင့်လင်းလာကြတာ။ မိဘနဲ့ သားသမီးဆက်ဆံရေးကတော့ အခုအချိန်အထိ ပွင့်ပွင့်လင်းလင်း အသွင်မဆောင်နိုင်ကြသေးဘူး။ အရှက်တရားဆိုတာကို မပွင့်လင်းမှုနဲ့ ဖုံးကွယ်ထားပြီး လိင်ပညာပေးတာဟာ သားသမီးနဲ့မိဘအကြား မပြောသင့်တဲ့စကား ဖြစ်နေသမျှ မိမိသားသမီးတွေ အမှား ကျူးလွန်နိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လေ။ ဒါတွေ ဘာကြောင့် ပြောနေသလဲဆို အကြောင်းရှိပါတယ်။
ကျွန်မဆီကို သိချင်တာလေးတွေ မေးစရာရှိလို့ဆိုပြီး ကလေးမလေးတစ်ယောက် စာတိုပို့လာတယ်။ ဆိုလိုရင်းက ကလေးမလေးဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေတယ်။ မျက်နှာလေး ဖြူစင်လိုက်တာမှ မသိရင် အသက်မပြည့်သေးပုံ ပါးကွက်ကြား ၊ နှာတံစင်းလေးထည့်လို့ တကယ့်ကို အဖြူထည်ကလေး။ မေးလာတဲ့မေးခွန်းက အပျိုရည်ပျက်တယ်ဆိုတာ ဘာကိုခေါ်သလဲတဲ့။
သူ့ကို အပြန်အလှန်ဖြေကြားပြီးပါမှ အပျိုရည်ပျက်တယ်ဆိုတာ နားမလည်တဲ့ အဲဒီကလေးမလေးကို အိပ်နေတာ နှစ်ရက်အကြာမှ အတူနေတုန်း မိန်းမကိုယ်က သွေးထွက်လို့ သူ့ရည်းစားက အပျိုမစစ်ဘူး စွပ်စွဲတယ်ဆိုပြီး