ပဲခူးရိုးမ ၏ အနောက်ခြမ်း မိုးညိုမြို့နယ် အတွင်းမှ ရွာကလေး တစ်ရွာ။
ချောင်း ၏ တစ်ဆစ်ချိုး တွင်မေးတင် တည်ရှိနေသော ဒီ ၇ွာလေး သည်နေဝင် သည်နှင့်ငြိမ်သက် တိတ်ဆိတ်သွားတတ်စမြဲ။ နွားလှည်းသံ ၊လှေချည်သံ၊နှုတ်ဆက် သံများ ဆူပြီး မကြာ တိတ်ဆိတ် သွားတတ်သည် မှာနေ့စဉ်ပင်။
ရွာရဲ့အနောက်တောင် စွန်းစွန်း မှာ ရှိတဲ့ ထန်းရည်ဆိုင်လေးဟာ ချက် အရက်ကလေး၊ အမြည်း အဖြစ်မြစ် ငါး၊ ငှက်ကြော် စသည်တို့ ကိုပါ တွဲဖက်ရောင်းချ၍ အမြဲ စည်ကားလေ့ ရှိပါတယ်။
ဒီ ဆိုင်ကလေး မှာနေ့တိုင်း လိုလိုနေ့လယ် ခင်းက စပြီးဆိုင်ပိတ်ချိန် အထိချက် အရက်သောက်ပြီး အားရကျေ နပ်ပြီ ဆိုမှ ထပြန်တတ်သူ တစ်ဦး ရှိပြီး ထိုသူကို ဆိုင်ရှင် ကိုစံပ မငြို ငြင် ရဲပေ။
သူ့ နာမည် က ကိုစိန်။ ဒီ ပတ်ဝန်းကျင် တဝိုက် မှာတော့ ကိုစိန့် ကို ရွာ လူမိုက်၊ လူပေ လူရွတ် အဖြစ် သတ်မှတ် ထားကြပြီး ထို လူမိုက် ဆိုတဲ့ ဂုဏ်ကို အရောင် တင်ပေးထားတာ ကလည်း ရှိသေးတယ်။
ကိုစိန်က သူကြီး သားလေ ။ သူကြီး သားမှ ဒီ ဒိုင်နယ်(ကျေးရွာ အုပ်စု)သူကြီး ရဲ့သားဗျာ။
ကိုစိန့် အိမ်က ရွာလယ်ပိုင်းမှာ ဆိုတော့ ထန်းရည်ဆိုင် နဲ့ အလှမ်းဝေးတယ် ဆိုပါတော့။ ကိုစိန် ကတော့ဖြတ် လမ်း အဖြစ် ရွာသင်္ချိုင်းကုန်း ကနေဖြတ်ပြီးပြန်လေ့ ရှိတယ်။
ရွာက လူတွေက မသွားရဲ မလာရဲ တဲ့ ဒီနေရာမှာ ကိုစိန် ကတော့ သူ့အဖေ သူကြီး မသိအောင်နွားကောင်ရေ များစွာ ခိုး၍ပေါ်ခဲ့ဖူး သဖြင့် သူ့အတွက် လာဘ်ကောင်း တဲ့နေရာ ဆိုရမလိုပင်။
ဒီညနေ မှာတော့ ဆိုင်ရှင် ကိုစံပ တစ်ယောက် သူကြီးသား ကိုစိန် ထိုင်နေသော ဝိုင်း ဘက်ခြေဦး မျှပင် မလှည့် ရဲချေ။
ညနေ ကချောင်းစပ်မှာ ကိုင်းထောင် ရင်းဖြစ်တာတွေ ကို, ကိုစိန်တော်တော်ဒေါသ ထွက်နေပြီး အရက်သာ ဖိမှာနေတာကိုးဗျ။ ကိုစိန် အရက်သောက်ရင်းဖြစ်တာတွေ ကိုပြန်ပြောပြတော့ ။
ကိုစိန်တော်တော် စိတ်တိုနေပြီ။ ဒီလောက် ငါးပေါတဲ့ လုပ်တိုင်းကုန်း ( သုဿ န် )ချောင်းဆွယ် မှာ ကိုင်းထောင်နေ တာကြာလှပြီ။ အခုထိ တစ်ကောင်မှ မမိသေးလို့ဖြစ်တယ်။ အိမ်က ပါလာတဲ့ အရက် တစ်လုံးပင် ကုန်လုလုဖြစ်နေပြီ ဆိုတော့စိတ်က ပိုတိုလာတယ်။
အရက် ကလည်းမူး၊ စိတ်ကလည်း တိုနေတော့ ကိုစိန် တစ်ယောက် ပါးစပ်ထဲတွေ့သမျှ အယုတ္တ၊ အနတ္တတွေ ဆဲဆိုနေတာပေါ့ဗျာ။ ''ဘယ်မအေ@#၊ ဘယ်နှမ%၊ ဘယ်ဖေ#မ၊ ဘယ်#ာသည်မ က ငါထောင်ထားတဲ့ ငါးတွေနှိုက်စားနေတာလဲ''။ ကိုစိန့် ဆဲသံကချောင်းစွယ် တကြောကြားနေရတယ်။
ကိုစိန် အပေါ့သွားမလို့ မတ်တပ် ရပ်လိုက်စဉ် သူ့ရှေ့က ကိုင်းတံပြင်းထန်စွာ လှုပ်သွား သဖြင့်ပျော် သွား