''အဲဒီကိစ္စက ဟုတ်ပါတယ်။ အခုဆိုရင် ဌာနဆိုင်ရာ အဆောက် အအုံတစ်ခုမှာ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ က တာဝန်ယူစောင့်ကြပ်ပေးနေပါ တယ်။ ပုံမှန်အခြေအနေဆိုရင် ကျောင်းသားကတ်ပါမပါ စစ်လို့ရ တယ်။ ကျောင်းမှာ အားကစားပွဲတွေ လုပ်တော့ ကျောင်းသားကတ်စစ်လို့ မရတော့ဘူး။ အပြင်လူနဲ့ ကျောင်း သား မကွဲတော့ အဲဒီအချိန်မှာလာ ပြီးတော့ လုပ်ကြတာပါ'' ဟု ရန်ကုန် တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ
ဖိုးကောင်းက ပြောသည်။
ရန်ကုန်တက္ကသိုလ် မြန်မာ့သ မိုင်းနှင့် ယဉ်ကျေးမှုဘွဲ့လွန် ဒီပလို မာတက်ရောက်နေသော ကျောင်း သားတစ်ဦးက ''ကျောင်းထဲမှာ ကျောင်း သားအယောင်ဆောင်ပြီးတော့ လာ ခိုးတာတွေကြောင့် ပစ္စည်းတွေပျောက် နေကြတယ်။ ဒါကြောင့် ကျွန်တော် တို့ကို ဒီနေ့မနက်ပဲ ဆရာတစ်ဦးက ကျောင်းလာရင် ကျောင်းသားကတ်ကို ဆွဲပြီးလာ ဖို့ ပြောထားတယ်'' ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၂ ခုနှစ်ခန့်က စတင်ပြီး အဆောင်များ ကို ပြန်လည်ဖွင့်လှစ်နေထိုင်ခွင့် ပေး အပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် တက် ရောက်နေသော ကျောင်းသားများအ ပြင် အခြားနီးစပ်ရာ တက္ကသိုလ်များမှ လာရောက် ကျောင်းတက်နေသူများပါ နေထိုင်ခွင့်ပေး အပ်ထားကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဌာန ၂၁ ခုရှိပြီးအဆောင်ပေါင်း ၂၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။
Thursday, August 13, 2015
Credit : http://myanbnews.blogspot.co.uk/2015/08/blog-post_3836.html?m=1
No comments:
Post a Comment