♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 3, 2014

မြန်မာEbook ၀တ္ထုများ စုစည်းမှု


မိမိဆွဲလိုရာ စာအုပ်(E books) များ ၏ Link   ကိုကလစ်နှိပ်ပြီးဒေါင်းလုပ်ဆွဲယူနိုင်ပါသည်.
အောက်တွင်ရှိပါသည်။ (Green Land Service ဘလော့ဂ်) မှ ပြန်လည် ကူးယူ တင်ဆက်
ပေးထားခြင်း ဖြစ်သည်။

October 1, 2014

" ပီယဆေး " ကိုယ်တွေ့မဖဲဝါ (၁)

ကိုယ်တွေ့မဖဲဝါ
(၁) ပီယဆေး
ကျုပ်နာမည်က တာတေပါ..ကျုပ်နေတာက အညာဒေသပေါ့ဗျာ..ကျုပ်တို့ရွာကို ထနောင်းကုန်းလို့ ခေါ်တယ်..အိမ်ခြေတော့တစ်ရာလောက် ရှိသပေါ့.. သူကြီးကဦးဘိုးထင်ဗျ.. လွှတ်စိတ်တိုတတ်တဲ့အဘိုးကြီးပါဗျာ.. ကျုပ်တောင် ရွာထဲမှာ ရန်ဖြစ်လို့ ခြောက်ပေါက်ထဲ ၀င်လိုက်ရသေးဗျာ.. ခြောက်ပေါက်ဆိုတာ ထိတ်တုံးကို ပြောတာလေ.. ကျုပ်မိဘတွေကတော့ လူချမ်းသာတွေတော့ မဟုတ်ဘူးပေါ့ဗျာ.. အသင့်အတင့်ပါပဲ.. စားနိုင်သောက်နိုင်ထဲကပေါ့..
ကျုပ်ကတော့ လပ်ယားလပ်ယားပါပဲ.. ယာထဲလည်း သိပ်ကူတာမဟုတ်ဘူး.. တစ်ခါတစ်လေ အဖေ့ကိုလိုက်ကူတာလောက်ရှိတာပါ.. ကျုပ်ကလူမှုရေးသမားဗျ.. ရွာရေး၊ ရပ်ရေးဆိုရင်တော့ ကျုပ်မပါလို့ ပြီးတာ မဟုတ်ဘူးလေ..
" တာတေရေ အလှူကိစ္စတိုင်ပင်ချင်လို့ အိမ်ဘက်ကို လျှောက်ခဲ့ပါအုန်းကွ... "
လို့ကို တကူးတကလာပြီး ဖိတ်မန္တက ပြုရတဲ့ကောင်လေ... ကျုပ်ကလည်း ရပ်ရေးရွာရေး လုပ်နေကြဆိုတော့အထာက သိပြီးသားဗျ.. ကျုပ်လုပ်ရင် ဘာမဆို သပ်သပ်ခပ်ခပ်ကို ပြီးသွားတာ.. အဖေနဲ့အမေကလည်း ကျုပ်ကရွာထဲမှာ အရေးပါတဲ့လူဖြစ်နေတာကို သဘောကျကြတယ်လေ...ဒါပေမယ့် ခက်တာက တစ်ခုရှိတယ်ဗျ.. အဲဒါက ကျုပ်ဝါသနာလေ..ဘာလဲဆိုတော့အားကြီး စပ်စုချင်တာဗျ..
ကျုပ်က ငယ်ငယ်ကတည်းက ဘာမဆို လွှတ်သိချင်တာလေ.. ထူးထူးဆန်းဆန်းကိစ္စဆိုရင် ပိုတောင် ဆိုးသေးဗျာ.. ဘယ်ရွာမှာဆွဲကြိုးချသေလို့တဲ့ ဆိုရင် တာတေရှေ့ဆုံးက ရောက်ပြီးသားဗျ.. ဘယ်သူ ပိုးထိလို့ဆိုရင် တာတေ ရှေ့ကပဲ... တာတေ့လက်ပေါ်မှာတင် ဆုံးသွားတဲ့လူတွေ မနည်းတော့ဘူးလေ..ဒီတော့လည်း ထနောင်းကုန်းက တာတေဆိုရင် အနီးအနားက ဘန့်ဘွေးကုန်း၊ ၀က်စု၊ ငွေတွင်းကုန်း၊ သာယာကုန်း စတဲ့ရွာတွေက မသိတဲ့သူမရှိသလောက်ပါပဲ.. အဲဒီရွာတွေထဲမှာ ဘန့်ဘွေးကုန်းက ကိုပေသီးကိုတော့ တာတေ တော်တော်ခင်တာဗျ.. ဘာဖြစ်လို့လဲဆိုတော့

ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး စာတိုက်ကနေပို့

ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး စာတိုက်ကနေပို့

ကနေဒါနိုင်ငံသား တဦးဟာ တရုတ် ကျောင်းသား တဦးကို သတ်ဖြတ် အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို စာတိုက်ကနေ ကနေဒါ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံ လိုက်ပါတယ်။

ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ်ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှုအတွက် တာဝန်မရှိဘူးလို့ ခုခံလျှောက်လဲခဲ့ပါတယ်။

အစိုးရရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ်ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ်ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့ကြောင်း သက်သေတွေ က ပြနေတယ်လို့ ပြောပါတယ်။

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှဆုတ်ခွာနေပြီး

စက်တင်ဘာလနှောင်းပိုင်းတွင် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှဆုတ်ခွာနေပြီး မိုးတိမ်တောင်ကြောင့်ဖြစ်လာသော မိုးကြိုးပစ်မည့်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဒေါက်တာထွန်းလွင်ကသတိပေးသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းအပြင် မြစ်ဝကျွန်းပေါ်ဒေသမှပါ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။  ထို့ ကြောင့် မုတ်သုံဆုတ်သည့် လမ်းကြောင်းတစ်လျှောက် မိုးတိမ် တောင်အန္တရာယ် ရှိနေသည့်အပြင် ရခိုင်ပြည်နယ်တွင် နေရာ ကွက်၍မိုးကြီးနိုင်ကြောင်း  သတိပေးသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး၌  စက်တင်ဘာ ၂၆ရက် နံနက်က ရုတ်တရက်လေပြင်းကျကာ မိုးကြိုးပစ်သောကြောင့်  အမျိုးသမီးသုံးဦးဒဏ်ရာရခဲ့ သည်။ ရှမ်းပြည်နယ်ဒေသအချို့တွင်လည်း စက်တင်ဘာလ နှောင်းပိုင်း၌ မိုးကြိုးပစ်၍ လူသေဆုံးမှုအချို့ဖြစ်ခဲ့သည်။

ဒေါက်တာထွန်းလွင်က ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် မိုးတိမ်တောင် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

မိုး/ဇလဌာနက အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကာ အောက်တိုဘာလ ဒုတိယပတ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထား သည်။
7day daily

September 30, 2014

ပျောက်ဆုံးနေတဲ့ ရပာတ်ယာဉ်က နောင်မွန်းမြို့နယ် ဂါတုရွာအနီးမှာ ထိုးကျသွားတယ်လို့သိရပါတယ်

ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။

ပျောက်နေတဲ့ ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်တွေအပြင် စစ်တပ်နဲ့အတူ ဒေသခံတွေနဲ့ပါ ပူးပေါင်းရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"ပြီးခဲ့တဲ့ မွန်းလွဲ ၃ နာရီခွဲလောက်က နောင်မွန်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပူတာအိုကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်၊ အဲဒီ့နော်မွန်းမြို့နယ်အတွင်းမှာရှိတဲ့ ဂါတုရွာ ရွာသူတစ်ယောက်ကနေပြီးတော့မှ လက်ရှိ သတင်းဆက်သွယ်မှု ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ် အမျိုးအစားကို အဲဒီ့ကျေးရွာအနီးမှာ ထိုးကျသွားတာတွေ့ရတယ်လို့ ကျနော်တို့ဆီ သတင်းရရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့ဖက်ကလည်း ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့ ကျနော်တို့ဆီက B3 ရဟတ်ယာဉ် အမျိုးအစား ၂ စီးနဲ့ နောက်ပြီးတော့ စစ်ဖက် နယ်ဖက်ကနေရာ တပ်မတော်သားတွေရော ပူးပေါင်းပြီးတော့မှ ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်၊ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့သတင်း မရပါဘူးခင်ဗျ"

ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ စနေနေ့ နေ့လယ်က ကူညီကယ်ဆယ်ရေးအဖွဲ့ရှိရာ တဟွန်ဒန်းရွာကိုအသွား ပျံသန်းချိန် မိနစ် ၂၀ လောက်အကြာမှာပဲ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာတော့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်ဖြစ်သလို ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူလည်းဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ဒါ့အပြင်လည်း ပျောက်ဆုံးတောင်တက်သမား ၂ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရှာဖွေတွေရှိတဲ့ တောင်တက်သမားတွေရဲ့ အိတ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်လိုက်ပြီလို့လည်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"လက်ရှိကတော့ မနေ့က ပေ ၁၆ဝဝ အမြင့်မှာ အိတ်တစ်လုံး၊ နောက် ပေ ၁၇ဝဝ အထက်မှာ အပြာရောင်အိတ်တစ်လုံးကို အဓိကတော့ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးရဲ့ တောင်တက်ပစ္စည်းတချို့နဲ့ ကျနော်တို့ အိတ် ၂ လုံးကို တွေ့ရှိထားပါတယ်၊ ပူတာအိုမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် တစ်လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

"မဖဲဝါရဲ့ အိမ်" (တာတေ)


မင်္ဂလာပါသူငယ်ချင်းတို့ရေ၊
ကျွန်တော်မောင်စိုး ခုတလော အလုပ်များနေတာနှင့် သူငယ်ချင်းတို့ကို လှည့်မကြည့်နိုင်ဘဲ ဖြစ်နေမိ
တယ်ဗျာ။   သူငယ်ချင်းတွေကို အစဉ်လေးစား သတိရနေမိပါတယ်။ သူငယ်ချင်းတို့ရဲ့ အားပေးဝင်
ရောက်ဖတ်ရှုမှုလေးတွေကြောင့် မောင်စိုးလည်း အားရဝမ်းသာမိတာကတော့ ဖော်ပြလို့မစွမ်းနိုင်ပါ
ဘူး။ အမြဲလာရောက် အားပေးကြစေလိုပါတယ်။ မောင်စိုးကို အထီးကျန်ဘဝမှာ မထားဘဲ အမြဲလာ
ရောက်နေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို မောင်စိုး လေးစားလို့ မဆုံးပါဘူး။   ကဲဒီနေ့လည်း
" ဆရာသမား ကိုတာတေ" ရဲ့ လက်စွမ်းလေး ကို သူငယ်ချင်းတို့အတွက် မျှဝေလိုက်ပါတယ်၊

September 29, 2014

မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားခြင်းမရှိဘဲရောက်ရှိနေသော ဆေးဝါးများ

ရန်ကုန် ၊ ၂၉-၉-၂၀၁၄


မြန်မာနိုင်ငံ အိမ်သုံးဆေးဝါး ဈေးကွက်အတွင်း မှတ်ပုံတင် ထားခြင်း မရှိဘဲ ရောက်ရှိ နေသည့် ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး၊ အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုးနှင့် ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်း မရှိသည့် ဆေးတစ်မျိုး ပေါင်းဆေးငါးမျိုး ကို သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်လာပြီး သုံးစွဲခြင်း မပြုသင့် ကြောင်း ထုတ်ပြန် ထားသည့် ဆေးငါးမျိုးမှာ Acdhol Co., Ltd မှ ထုတ်လုပ်သော ငှက်ဖျားဆေး Chloroquine Tablet Chloroquine Phospeate 250 mg ( ထိုင်းနိုင်ငံ ) ၊ Asia Union Laboratories Co., Ltd မှ ထုတ်လုပ်သည့် Dexamethasone 0.5 mg Tablet အရောင်ကျဆေး (ထိုင်းနိုင်ငံ) ၊ Lin Fen Bao Zhu Pharmaceutical Co., Ltd မှ ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြ ထားခြင်း မရှိသော Nifedipine 10 mg Tablet သွေးတိုးကျဆေး ( အိန္ဒိယ နိုင်ငံ ) ၊ Maxtar Bio- Genics မှ ထုတ်လုပ်သည့် Chloramphenicol IP 250 mg Capsule ( အိန္ဒိယနိုင်ငံ ) နှင့် Aventis Pharma, Ltd မှ ထုတ်လုပ်သည့် Lasix Tablet ( Frusemide IP 40 mg ) ဆီးဆေး တို့ ဖြစ်သည်။

ထိုင်း ဘတ် ၁ သန်းကျော်ပါအိတ်ကို ပိုင်ရှင်ပြန်အပ်တဲ့ မြန်မာလူငယ် စာပွဲထိုး လေးစားပါတယ်ဗျာ

ထိုင်းနိုင်ငံ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားလူငယ်လေး တဦးဟာ သူ့ဆိုင်မှာ လာစားတဲ့ ဧည့်သည်ကျန်ခဲ့တဲ့ ထိုင်း ဘတ်ငွေ ၁ သန်းကျော် ( မြန်မာငွေ ကျပ် သိန်း ၃၀၀
ကျော်) ပါ တဲ့ အိတ်ကိုတွေ့ခဲ့ ပြီး မူလ ပိုင်ရှင်ဆီ ပြန်ပေးလိုက်တဲ့ သတင်းက ထိုင်းနိုင်ငံတ၀န်း လူပြော များနေပါတယ်။


                      စိုင်းရင် ( အနီရောင် ဝတ်ထားသူ)၊ ဆိုင်ရှင်ထိုင်းအမျိုးသမီးနဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ ဓာတ်ပုံ- Chaipin Khattiya/ ချင်းမိုင်စီးတီးနယူးစ်

အသက် ၁၉ နှစ်အရွယ် စိုင်းရင် ခေါ် လာနမ်မူး ဆိုတဲ့ မြန်မာနိုင်ငံက လူငယ်တဦးဟာ ထိုင်းနိုင်ငံ Padad ခရိုင်ခွဲက Phet Doi Ngam Sawatdee Jao လို့ အမည်ရတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူပါ။

တနေ့ကတော့ သူအလုပ်လုပ်နေစဉ် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဆိုင်ကို ညစာလာစားပြီး ပြန်ထွက်သွားတဲ့ စုံတွဲ တတွဲရဲ့ အိတ်တလုံးဟာ ကျန်ရစ်ခဲ့တာတွေ့လိုက်ရတယ်။ ဒါနဲ့ သူက အိတ်ကျန်ခဲ့တာကို လှမ်း သတိပေးခဲ့ပေမယ့် စုံတွဲက ထွက်သွားတော့ မမှီလိုက်တော့ဘူး။

ဒါကြောင့် အဲဒီ စုံတွဲ ကျန်ခဲ့တဲ့ အိတ်ကို သူ့ဆိုင်ရှင် Getsarapan Petsri ဆီကို အပ်လိုက်တယ်လို့ ချင်းမိုင် စီးတီး နယူးစ် သတင်းမှာ ရေးပြထားပါတယ်။

MPT က Message များ မှားပို့မှုဖြစ်ပေါ်ခဲ့ပါတယ်ဗျာ

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းသုံးစွဲသူများထံသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် သုံးစွဲသူများ မလိုအပ်ဘဲ ငွေဖြည့်တင်းခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Data Center သည် ယနေ့ နံနက် ၂ နာရီခန့်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု (System Error) ဖြစ်ပွားခဲ့သည့်အတွက် GSM ဆင်းမ်ကတ်အသုံးပြုသူ ဦးရေ ထောင်ဂဏန်းခန့်ကို ဖုန်းဘီလ်မရှိတော့၍ ငွေဖြည့်သွင်းရန် အကြောင်းကြားသည့် Message များ မှားပို့မိခဲ့ခြင်း ဖြစ်သည်။

‘‘Data Center က Error တစ်ခု ဖြစ်သွားတဲ့အတွက် ဖုန်းတွေတော်တော်များများကို ဘီလ်မရှိတော့ဘူးလို့ သတ်မှတ်ပြီး Message တွေ လိုက်ပို့တာဖြစ်ပါတယ်။ မှားပြီးပို့မိတာ ဖြစ်တဲ့အတွက် ဖုန်းထဲမှာ မူလရှိတဲ့ ဘီလ်အတိုင်း ဆက်ပြီးသုံးလို့ရပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

အဆိုပါ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုမှာ ယနေ့ နံနက် ၂ နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီကျော်မှ ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် Message မှားပို့မိသော ဖုန်းအရေအတွက်ကို ပြန်လည်စိစစ်ပေးနေကြောင်း သတင်းရရှိသည်။

သို့သော်လည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများအား သုံးစွဲသူအချင်းချင်း အပြန်အလှန်သတိပေးမှုများရှိခဲ့ကြပြီး ဝေဖန်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

‘‘ဖုန်းဘီလ်က ၁၈၀၀ လောက် ကျန်သေးတာကို မရှိတော့ဘူးဆိုပြီး ပို့လာတော့ ၀ယ်ဖြည့်ရတာပေါ့။ တခြားအသိတွေလည်း ဘီလ်မရှိတော့ဘူးဆိုပြီး ငွေဖြည့်ကတ်တွေ ၀ယ်ဖြည့်လိုက်ရတယ်’’ဟု ရန်ကုန်မြို့မှ GSM ဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။

ယင်းမက်ဆေ့ခ်ျများ ၀င်ရောက်လာမှုကြောင့် လက်ကျန်ငွေရှိလျက်နှင့် ဘီလ်ပြန်မစစ်မိဘဲ ငွေဖြည့်တင်းမှုထပ်မံပြုလုပ်ခဲ့သူ အများအပြားလည်း ရှိခဲ့သည်

7 day daily
ရောသမမောင်စိုးmgsooemin1995@gmail.com
09250370904

September 28, 2014

လက်ကိုင်ဖုန်းရဲ့ သတိမထားမိသော အန္တရာယ်များ


မြိုင်မြို့နယ်မှာ မိုးရွာနေတုန်း လမ်းလျှောက် ဖုန်းပြောနေတဲ့သူတယောက် သူ့ဖုန်း "ပေါက်ကွဲ"တဲ့အတွက် ဒဏ်ရာရ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

သူ ထီးဆောင်းထားသလား၊  မိုးရေစိုနေသလား ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။

ဒီသတင်းကြောင့် မိုးရွာထဲ လမ်းလျှောက်သူတွေ ဖုန်းအသုံးပြုမှု ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။

ဖုန်းအားသွင်းနေတုန်း အသုံးပြုရင်လည်း ဒုက္ခရောက်တတ်ပါတယ်။

တရုတ်ပြည်မှာ iPhone 5 အားသွင်းထားတုန်း ဖုန်းသုံးသူ သေဆုံးသွားကြောင်း မနှစ်က နှစ်လယ်ပိုင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။

ဒီအမျိုးသမီးက ဖုန်းသံကြားလို့ ရေချိုးခန်းထဲကထွက်ပြီး ဖုန်းလာကိုင်တယ်လို့ ဆိုတယ်။ ရေချိုးရင်းတန်းလန်း ဆိုတော့ ရေစိုကောင်း စိုနေပါလိမ့်မယ်။

"ဗန်းမောက်ရှိ" ရွှေတွင်းကုမ္ပဏီ မှ ပေါက်ကွဲမှုဖြစ်ပွား၍ "တရုတ်နိုင်ငံသား နေရာတွင်သေဆုံးသွားခြင်း"



ဗန်းမောက် ၊ ၂၈-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။

ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။

"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦး သွားကယ်သော ရပာတ်ယာဉ်တစ်စီးပျောက်ဆုံး

"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ကြိုးပမ်းရှာဖွေစဉ် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ်တစ်စီး အခြေစိုက်စခန်းသို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွား"

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေ ကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။

၎င်း ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့အခြေစိုက် စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါ သွားခဲ့ကြသည်။

ရိက္ခာပို့ဆောင်ရင်း အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခု အချိန်အထိ အဆက်အသွယ်ပြန်လည် ရရှိခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ် ပြတ်တောက်နေသော ရဟတ်ယာဉ်နှင့် ပြန်လည် အဆက်အသွယ်ရနိုင်စေရန် အချိန်နှင့် တပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေး ပစ္စည်းရိက္ခာများလည်း ပါသွားခဲ့ပါသည်။

ထပ်မံရရှိသော သတင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

Htoo Foundation
https://www.facebook.com/HtooFoundation
Subscribe

လာလည်သူများ

free counters