♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 5, 2015

"သင့်ချစ်သူကို လမ်းခွဲမယ်ဆိုတဲ့ စကားမပြောခင် ဒီမေးခွန်း (၅) ခုကို ကိုယ့်ကိုကိုယ် အရင်ဆုံးမေးကြည့်ဖို့လို"

 
ချစ်သူစုံတွဲတွေ တစ်ဦးနဲ့တစ်ဦး ချစ်ရက်နဲ့ ဒေါသအလျောက်ပြောဆိုပြီး စကားတွေကျွံသွားတာမို့ လမ်းခွဲလိုက်ရသူတွေ မနည်းမနောရှိပါတယ်။ တကယ်ပြန်စဉ်းစားကြည့်လိုက်တော့မှ ပြသနာက ကြီးကြီးမားမား မဟုတ်ပါပဲ စိတ်ကောက် ရန်ဖြစ် ကြရာကနေ လမ်းခွဲလိုက်ကြရတဲ့အထိ ဖြစ်သွားတာမျိုးပေါ့။ ဒါ့ကြောင့် ပြတ်စဲမယ်၊ လမ်းခွဲမယ် ဆိုတဲ့ စကားမပြောခင် ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာကိုယ် အရင်မေးကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

၁။သင့်ချစ်သူဟာ သင့်ကိုတစ်ခါမက လိမ်ညာဖူးသူတစ်ယောက်လား။
စုံတွဲတိုင်းကတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာရှိပြီး မလိမ်မညာတတ်တဲ့သူတွေမျိုးကိုသာ လိုချင်တာချည်းပါပဲ။ ဒါပေမယ့် ကမ္ဘာတ၀ှမ်းက ကွဲသွားကြတဲ့၊ လမ်းခွဲသွားကြတဲ့ စုံတွဲတွေကတော့ ဒီလို အလိမ်အညာပြသနာတွေကြောင့် ဖြစ်ပေါ် လာတာလို့ စစ်တမ်းတွေအရ သိရမှာပါ။ ဒီလိုအခြေအနေမျိုး ကြုံလာရမယ်ဆိုရင် သင်က ကိုယ့်ကိုကိုယ် မေးခွန်းလေးတစ်ခု မေးကြည့်ပါ။ အဲ့ဒါကတော့ ငါ့ကို သူ ဒီလိုလုပ်တာ အကြိမ်ဘယ်လောက် ရှိနေပြီလဲဆိုတာပါပဲ။ ဒါ ပထမဆုံးအကြိမ်ဆိုရင်တော့ သင်သူ့ကိုချစ်နေသေးရင် နှစ်ယောက်သားသဘောတူညီချက် သေချာယူပြီး ဇာတ်လမ်းကို ဆက်နိုင်ပါတယ်။ ဒီလို မဟုတ်ပဲ သူက ထပ်ခါထပ်ခါ လိမ်ညာနေတာမျိုးဆိုရင်တော့ သင့်ဘက်က ရှေ့ဆက်ဖို့ စဉ်းစားသင့်ပါပြီ။

၂။သင်ချစ်သူက သင့်ကို စိတ်အနာတရဖြစ်အောင် အမြဲလုပ်တဲ့သူ၊ သိက္ခာကျအောင် အမြဲလုပ်တဲ့သူ တစ်ယောက်လား။
ချစ်သူနှစ်ဦးဆိုတာ အကျင့်တွေ၊ ခံယူချက်တွေ တူချင်မှတူကြတာပါ။ အိမ်ထောင်သည်ဖြစ်သွားရင်တောင် ယောင်္ကျားနဲ့မိန်းမ ဒီလိုမတူညီတဲ့ အခြေအနေတွေကို ညှိယူရဦးမှာပါပဲ။ ဒါပေမယ့် မတူညီတဲ့အမြင်၊ အယူအဆ၊ အကျင့်တွေက သင်တို့နှစ်ဦးကို သက်တောင့်သက်သာ မဖြစ်စေပဲ နာကျင်ခံစားရမယ့် အခြေအနေမျိုးတွေ ဖြစ်လာရင်၊ သင့်ချစ်သူက သင့်အပေါ် ပြောဆိုဆက်ဆံပုံတွေက သင်ခံစားနာကျင်လာရပြီဆိုရင်တော့ ရှေ့ဆက်ဖို့ သင်ပြန်စဉ်းစားဖို့ လိုပါပြီ။

၃။သင်ဟာ ဒီအချစ်ရေးမှာ ဘယ်တော့မှ မပျော်ရဘူးလား၊ စိတ်ဖိစီးမှုတွေ အမြဲခံစားနေရသလား။
သင်ဟာ ဒီအချစ်ရေးမှာ ပျော်ရခဏဆိုသလို အချိန်တော်တော်များများ စိတ်ပျက် စိတ်ဆင်းရဲနေရသလို စိတ်ဖိစီးမှုတွေလည်း

"ခေါင်းပြတ်အရိုးစုတွေပါတဲ့ မြောက်ကိုရီးယား ‘တစ္ဆေသဘောင်္အုပ်’ လှိုင်းပုတ်ပြီး ဂျပန်ကမ်းခြေမှာ တင်နေ"


သဘောင်္ကုန်းပတ်ပေါ်မှာ အစာငတ်သေခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား အလောင်းတွေပြည့်နေတဲ့ ‘တစ္ဆေသဘောင်္အုပ်စု’ ဟာ ဂျပန်ကမ်းခြေမှာ လှိုင်းပုတ်ကာ တင်လျက်ရှိပါတယ်။
ခနော်နီခနော်နဲ့ ငါးဖမ်းသဘောင်္တစ်ဒါဇင်ကျော်မှာအလောင်းပေါင်းအနည်းဆုံး၂၂ လောင်းပါရှိပြီး အောက်တိုဘာလကတည်းက ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ တစ်ချို့ အလောင်းတွေဟာ ခေါင်းပြတ်နေပြီး ဦးခေါင်းခွံခြောက်ခု
ကိုအလောင်းနဲ့ တခြားစီနေရာမှာ ပြန်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ဆိုင်းဘုတ် အမှတ်အသားတစ်ခု
အရ ထိုလှေအုပ်စုထဲက တစ်စီးဟာ မြောက်ကိုရီးယား စစ်တပ် တစ်ဖွဲ့ ရဲ့လှေတစ်စီးဖြစ်တယ်လို့ သိရပါတယ်။
ထို့ အပြင်သဘောင်္ပေါ်က စုတ်ဖွာနေတဲ့ အ၀တ်စ တစ်ခုကလည်း ကွန်မြုနစ်နိုင်ငံရဲ့ အလံလို့ ယူဆရဖွယ်ရှိတာကို  ဗီဒီယိုမှတ်
တမ်းမှာ တွေ့ ရပါတယ်။အိုမင်းဟောင်းနွမ်းနေတဲ့စက်တပ်လှေတွေမှာ ရေဒါနဲ့ GPSလမ်းညွှန်စနစ်တို့ ပါဝင်ခြင်းမရှိတာကြောင့်၊
လှိုင်းကြမ်းတဲ့ ပင်လယ်မှာ ပြဿနာကြုံရပြီးနောက် ကမ်းခြေကို မပြန်နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က ငါးကြီးကြီးနဲ့ များများ ဖမ်းလာဖို့ ဖိအားပေးပြီးနောက်မှာ ဒီလှေပေါ်က လူတွေဟာ လှိုင်းကြမ်းတဲ့ပင်လယ်ထဲမှာ အစာရေစာငတ်သေဆုံးကာ  ဂျပန်ကမ်းခြေ ကို လှေတွေ မျောပါလာတာဖြစ်ရမယ်လို့ ဂျပန်အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။ မြောက်ကိုရီးယားအာဏာရှင် Kim Jong-un ဟာ နိုင်ငံခြားဝင်ငွေရှာဖွေဖို့ နည်းလမ်းတစ်ခုအနေနဲ့  ငါးဖမ်းလုပ်ငန်းကို ဦးစားပေး လုပ်ငန်းအဖြစ် များမကြာမီနှစ်တွေက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ထို့ သို့ သတ်မှတ်ပြီးနောက် သိုသိပ်လှို့ဝှက်တဲ့ ကွန်မြူနစ်နိုင်ငံအတွင်း

"ယောင်္ကျားလေးတွေ ရည်ညွှန်းတဲ့ "Cute" ၊ "Sexy" ၊ "Beautiful" တို့ရဲ့ အဓိပ္ပာယ်များ"

 
မိန်းကလေး တွေဟာ သူတို့ကို ယောင်္ကျား လေး တွေဘက်က "Cute" ၊ "Sexy" ၊ "Beautiful" စတဲ့ တင်စား ပြီး ပြောဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ကိုယ်လိုသလိုပဲ ဆွဲတွေးနေခဲ့ကြပါတယ်။မိန်းကလေး တစ်ယောက်က သူ့ကို "Cute" ဖြစ်တယ်ဆိုပြီး ယောင်္ကျား လေး တစ်ယောက်က ပြောလာတဲ့အခါမှာ သူမ မြင်ယောင်မိတာက ကလေးငယ်လေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ အသွင်အပြင်ပါ။ ဒါပေမယ့်လည်း ဒါဟာမိန်းကလေး တွေရဲ့ ရှုထောင့်က နားလည်ထားတာပါ။ယောင်္ကျား လေး တွေ ရဲ့ ရှုထောင့်ဘက်ကတော့ အရာအားလုံး တစ်ထပ်တည်း မကျနိုင်ပါဘူး။ ဒါကြောင့် ယောင်္ကျား လေးတွေ ဘက်က ရည်ညွှန်းလိုတဲ့ အဓိပ္ပာယ် အချို့ကို တင်ပြပေးလိုက်ပါတယ်။

ယောင်္ကျား လေး တစ်ယောက်က "Cute" လို့ သုံးစွဲတဲ့အခါ
မိန်းကလေး တစ်ယောက်ကို Cute လို့ တင်စားခြင်းဟာ ညှို့ဓါတ် ၊ ဆွဲဆောင်မှု အားလုံးကို ရည်ညွှန်းတာတော့မှန်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေး တစ်ယောက်ကို Cute ဖြစ်တယ်လို့ တင်စားခြင်းဟာ ထိုမိန်းကလေးကို အနည်းငယ် တန်ဖိုး ကျသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ Cute ဆိုတဲ့ စကားလုံးဟာ ခွေးလေးတွေနဲ့ ကလေးငယ်တွေကို သာ အသုံးများလို့ပါ။
Cute ဖြစ်တဲ့ မိန်းကလေး တွေဟာ ယေဘူယျအားဖြင့် ချဉ်းကပ်ဖို့ လွယ်ကူကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်တော့ Cute ဖြစ်တဲ့ မိန်းကလေး တွေဟာ နူးညံ့ပြီး လူငယ်ဆန်ကြပါတယ်။ တစ်ချို့လူတွေက "Cute" ဆိုတဲ ဂုဏ်ပုဒ်ဟာ Pretty နဲ့ Beautiful စတဲ့ စကားလုံးတွေနဲ့ တင်စားလို့ မရလို့ သုံးစွဲတယ်လို့ ထင်ကြပေမယ့် တစ်ကယ်တော့ မဟုတ်ပါဘူး။ Cute ဖြစ်အောင် လုပ်ယူလို့ မရပါဘူး။ သူ့ဘာသာသူဖြစ်လာတာပါ။ ဒါကြောင့် ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို Cute ဖြစ်တယ်လို့ ပြောလာတဲ့အခါမှာ ထိုမိန်းကလေးဟာ လူငယ်ဆန်လို့ ၊ နူးညံ့လို့ ၊ ကလေးငယ်တွေလို ချစ်စရာကောင်းတဲ့ နေထိုင်ပုံတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ 

ယောင်္ကျား လေး တစ်ယောက်က "Sexy" လို့ သုံးစွဲတဲ့အခါ
မိန်းကလေး တစ်ယောက် "Sexy" ဖြစ်မဖြစ်ဆိုတာကိုတော့ အဲဒီမိန်းကလေး ကိုယ်တိုင် ပဲ သိမှာပါ။ Sexy ဖြစ်တဲ့ အမျိုးသမီးတွေမှာ အထာ တစ်ခုတော့ရှိတတ်ကြပါတယ်။ ဒါ့အပြင် Sexy ဖြစ်တဲ့ မိန်းကလေး တွေဟာ သူတို့အထာ အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိကြပါတယ်။ တစ်ချို့မိန်းကလေးတွေက သူတို့ကို "Sexy" ဖြစ်တယ်လို့ တင်စားတာကို မကြိုက်ကြပါဘူး။ အမှန်တစ်ကယ်က Sexy ဖြစ်တယ်ဆိုတာ အိပ်ခန်းထဲက လိင်ဆက်ဆံမှုတွေနဲ့ မဆိုင်ပါဘူး။ လုံခြုံစွာ ၀တ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ စကတ်တိုဝတ်ထားတဲ့ မိန်းကလေး တစ်ယောက်ထက်ပင် Sexy ဖြစ်နိုင်ပါတယ်။
Sexy ဖြစ်တဲ့ အမျိုးသမီးဟာ Sexy ဖြစ်ပါတယ်။ ဘာပဲ ၀တ်ထားဝတ်ထားကါ။ Sexy ဖြစ်တယ်ဆိုတာ အ၀တ်အစားနဲ့ မဆိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရတော့ Sexy ဖြစ်တဲ့ မိန်းကလေးတွေဟာ အာရုံခံစားမှု တစ်ခုရှိပါတယ်။ Sexy ဆိုတဲ့ စကားလုံးရဲ့ အဓိက ဆွဲဆောင်မှုဟာ အပေါ်ယံ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာတည်ရှိနေတာပါ။ ယောကျာင်္းသားတွေ အလွယ်တကူမသိနိုင်တဲ့ ဆန်းပြားမှု တစ်မျိုးပါပဲ။ ဥပမာ ပြောရရင်တော့ အင်ဂျလီနာ ဂျိုလီဟာ အပေါ်ယံမှာ လှတယ်လို့ မထင်ရပေမယ့် ယောကျာင်္းသားတွေအတွက်တော့ အလွန်တရာ ဆွဲဆောင်မှု ရှိနေတဲ့ အမျိုးသမီးပါပဲ။ ဒါကြောင့် ယောကျာင်္းလေးတွေဘက်က မိန်းကလေးတစ်ယောက်ကို "Sexy" ဆိုတဲ့ စကားလုံးနဲ့ တင်စားလာတာဟာ ထိုမိန်းကလေးရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ၊ အတွင်းစိတ်တွေကို နားလည် သဘောကျ သွားလို့ပဲ ဖြစ်မှာပါ။

ယောင်္ကျား လေး တစ်ယောက်က "Beautiful" လို့ သုံးစွဲတဲ့အခါ
ယောကျာင်္းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို "Beautiful" လို့ တင်စားတဲ့အခါမှာ သူပြောချင်တာက ထင်ထားတာထက် ပိုလေးနက်နေပါတယ်။ အလှတရားဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် Beautiful ဆိုတဲ့ စကားဟာ စိတ်အတွင်းပိုင်းရဲ့ လှပမှု ကိုပါ ဆိုလိုချင်တာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် "Beautiful" ဖြစ်ဖို့ဆိုတာဟာ "Cute" တို့ ၊ "Sexy" တို့ထက် ခက်ခဲပါတယ်။  
လူတွေဟာ "Beautiful" လို့ပြောတဲ့အခါမှာ ရိုးရှင်းတဲ့ အကျီင်္ ၊ ဘောင်းဘီ ၊ ဆံပင်ပုံစံ ရိုးရိုးရှင်းရှင်းနဲ့ မိတ်ကပ် အနည်းငယ်သာ လိမ်းထားတဲ့ ပုံကိုထင်ကြပါတယ်။ အမှန်တစ်ကယ်ကတော့ Beautiful ဆိုတာဟာ အ၀တ်အစားတွေ ၊ မိတ်ကပ် ခြယ်သပုံတွေနဲ့ လားလားမျှ မဆိုင်ပါဘူး။ မိန်းကလေးတစ်ယောက်ကို "Beautiful" လို့တင်စားခြင်းဟာ

"ဘဏ်ကို ဘူဒိုဇာနဲ့ ထိုးပြီး AMT စက်ကို ကားထဲ ထည့်ခိုးသွားမှု ဒိန်းမတ်နိုင်ငံမှာ ဖြစ်ပွား "

 
ဒိန်းမတ်နိုင်ငံက သူခိုးတွေဟာ ATM စက်ထဲက ပိုက်ဆံတွေကို ရဖို့ အတွက် ဘဏ်ကြီးတစ်ခုလုံးကို ပျက်စီးလုနီးပါး လုပ်ပစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒိန်းမတ်နိုင်ငံအလယ်ပိုင်းက Ringe မြို့ မှာဖြစ်သွားခဲ့တာဖြစ်ပြီး သူခိုးတွေရဲ့ အတင့်ရဲ ခိုးယူမှုကို လမ်းထဲက ခရစ်စမတ်ပါတီဆင်နွှဲနေသူက ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုမှတ်တမ်းမှာ သူခိုးအဖွဲ့ တစ်ဖွဲ့ ဟာ ဘဏ်အရှေ့ ကနံရံကြီးတစ်ခုလုံးကို ဘူဒိုဇာနဲ့ ထိုးချကာ ATM စက်ကို ဘူဒိုဇာဂေါ်နဲ့ ဆွဲထုတ်ပြီး စတေရှင်ဝက်ဂွန်ကားတစ်စီးပေါ် တင်မောင်းယူသွားခဲ့တာကို တွေ့ မြင်ရပါတယ်။

အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သူခိုးတွေဖျက်ဆီးသွားတဲ့အဆောက်အဦးဟာ အကြီးအကျယ်ပျက်စီး သွားတာကြောင့် ဘဏ်အပေါ်ထပ် တိုက်ခန်းကလူတွေကို ရွှေ့ ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဘဏ်လုံခြုံရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက နေ့ စဉ်သတင်းစာ Ekstra Bladet ကို အခုလို ပြောပြပါတယ်။

“ အဆောက်အဦး ဘယ်လောက်တောင်ပျက်စီးသွားလဲဆိုတာ အဖြေရှာမပြီးခင်အထိ၊ လူဆယ့်တစ်ယောက်ကို နေရာရွှေ့ ပြောင်းပေးခဲ့ရပါတယ်။ သူတို့ တွေ ဟိုတယ် ဒါမှမဟုတ် အမျိုးတွေဆီမှာ ခဏတော့ နေရပါလိမ့်မယ်”

ယခုအတင့်ရဲဖောက်ထွင်းမှုကို ဗီဒီယိုရိုက်ကူးနိုင်ခဲ့တဲ့ မျက်မြင်သက်သေ Jack Khye ဆိုသူက ဘူဒိုဇာက နောက်ပြန်ဆုတ်မောင်းလာတာကြောင့် ဘဏ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ပါတီလုပ်နေတဲ့ ကော်ဖီဆိုင်ထဲကနေ သူနဲ့ သူငယ်ချင်းနှစ်ယောက် ပြေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ မှန်ကွဲစတွေနဲ့ ကွန်ကရစ်အကျိုးအပဲ့တွေကနေ လွတ်အောင်လို့ မီတာတော်တော်ဝေးဝေးကို ခုန်ရှောင်ခဲ့ရ ပါတယ်။

"ဘေဂျင်းမြို့ ရဲ့ လေထုညစ်ညမ်းမှု အခြေအနေ အန္တရာယ်ရှိ အဆင့် ဖြစ်နေ "

 
တရုတ်နိုင်ငံမြို့ တော် ဘေဂျင်းမြို့ က ကျောင်းတွေဟာ ကျောင်းသားတွေကို အပြင်ပေးမထွက်တောာ့ဘဲ၊ မိဘတွေကလည်း သူတို့ ကလေးတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေ တွေ့ ကြုံနေရမှုကြောင့် ဆေးရုံကို ခေါ်ဆောင်လာနေကြရပါတယ်။ ဒါဟာ ဘေဂျင်းမြို့ အလွန်ဆိုးရွားတဲ့လေထုညစ်ညမ်းမှုကို ကြုံတွေ့ ရတဲ့ ငါးရက်မြောက်နေ့ ဖြစ်ပါတယ်။

သိပ်သည်းတဲ့အညိုရောင်မီးခိုးမြူတွေဟာ မြို့ တော်ရဲ့ကောင်းကင်ယံမှာ ပြည့်နှက်လျက်ရှိပြီး တစ်ဘလောက်၊ နှစ်ဘလောက် အကွာအဝေးက အဆောက်အဦးကိုတောင် မြင်ရဖို့ ခဲယဉ်းနေတယ်လို့ သိရှိရပါတယ်။ ဘေဂျင်းမြို့ က နီယွန်ဆိုင်းဘုတ်တွေဟာ ဒီမြုရိပ်ကို မနည်းထိုးဖောက်နေရပြီး ဘေဂျင်းမြို့ နေ ပြည်သူတွေဟာလည်း လမ်းသွားရာမှာ မျက်နှာဖုံးမျိုးစုံဝတ်ဆင်ကာ သွားလာနေရပါတယ်။

“ ဒီနှစ်အတွင်း အဆိုးရွားဆုံးနေ့ ပါပဲ။ ကျွန်မလည်ချောင်းမှာ ချွဲ၊သလိပ်တွေ ပြည့်ကျပ်နေသလို ခံစားရပြီး အရမ်းယားနေပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ၇ နှစ်အရွယ်ကလေးရဲ့ ကျန်းမာရေးကို ပိုစိတ်ပူမိတယ်ရှင်” လို့  အသက် ၃၆ နှစ်အရွယ်၊ အင်တာနက်ကုမ္ပဏီတစ်ခုမှာလုပ်ကိုင်နေသူ မိခင်တစ်ဦးက ပြောပြပါတယ်။

လေထုထဲမှာ အဆိပ်ရှိ PM 2.5 အမှုန် ပါဝင်မှုဟာ တစ်ကုဗမီတာကို ၆၀၀ မိုက်ခရိုဂရမ်အထိ ရောက်ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းက ထုတ်ပြန်ထားတဲ့ အန္တရာယ်ကင်းပမာဏက ၂၅ မိုက်ခရိုဂရမ်သာရှိပါတယ်။ တစ်ချို့ မြို့ ဆင်ခြေဖုံးဒေသတွေမှာဆို တင်္နလာနေ့ က  ၉၀၀ မိုက်ခရိုဂရမ်အထိ ရှိနေတယ်လို့ သိရပါတယ်။

ဘေဂျင်းမြို့ အစိုးရဟာ တနင်္ဂနွေနေ့ က လိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး စက်ရုံ၊အလုပ်ရုံတွေကို လုပ်ငန်းလျှော့ချဖို့ အမိန့် ပေးထားပါတယ်။ ဒီ လိမ္မော်ရောင်သတိပေးချက်ဟာ အဆင့် လေးဆင့်ရှိတဲ့ သတိပေးချက်တွေထဲမှာ

"အာလူး ၊ ပေါင်မုန့်မီးကင်နဲ့ အကင်တွေက အသည်းကို ပျက်စီးစေ"


အရက်သောက်တာကြောင့်မဟုတ်ဘဲ အစားအသောက်ကြောင့် အသည်းရောဂါဖြစ်ပွားမှုဟာ မြှင့်တက်လျက်ရှိနေတယ်လို့ မာဆေးဆိုက်ဒေသက ပရော်ဖက်ဆာ Dr David Unwin က ဆိုပါတယ်။ အရက်တွေ တအားသောက်နေရင် အသည်းကို ပျက်စီးစေတယ်ဆိုတာတော့ ပြောလေ့ပြောထ ရှိကြပါတယ်။ အရက်မသောက်ပဲနဲ့လည်း အသည်းပျက်စီးနေတဲ့ သူတွေလည်း ရှိနေပြီး နေထိုင်စားသောက်မှုပုံစံပေါ်မှာ မူတည်လျက်ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လူတွေအစားများလေ့ရှိတဲ့ အာလူး ၊ ပေါင်မုန့်မီးကင်နဲ့ အကင်လို ကစီဓာတ်များတဲ့ အစားအသောက်တွေဟာ အသည်းကိုအဆီဖုံးစေပြီး ပျက်စီးစေတယ်လို့ သိရပါတယ်။

သင့်အသည်းရဲ့ ကျန်းမာမှုကိုတော့ သွေးတွင်းမှာ ပါဝင်တဲ့ ပရိုတိန်းစမ်းသပ်ချက် GGT နည်းလမ်းနဲ့ စမ်းသပ်နိုင်ပြီး သိရှိနိုင်တယ်လို့ သိရပါတယ်။ အကယ်လို့သာ ပရိုတိန်းပါဝင်မှုမြင့်မားနေမယ်ဆိုရင်တော့ သင့်အသည်းက စိုးရိမ်စရာ အခြေအနေတွေဖြစ်လာပြီး ကုသမှုတွေခံယူရတော့မှာပါ။

အဲ့လိုပရိုတိန်းမြင့်တက်မှုဟာ နှစ်မျိုးနှစ်စားရှိပြီးတော့ အယ်လ်ကိုဟောလ်ကြောင့် အသည်းခြောက်တဲ့ရောဂါနဲ့ အယ်လ်ကိုဟောလ်ကြောင့် မဟုတ်ဘဲနဲ့ အစားအသောက်အပေါ်မူတည်ပြီး အသည်းအဆီဖုံးတဲ့ ရောဂါတွေ ဖြစ်တယ်လို့ သိရပါတယ်။ဒီအယ်လ်ကိုဟောလ်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးတဲ့ အခြေအနေဟာ ဗြိတိန်နိုင်ငံက လူ ၂၀ ရာနှုန်းလောက်အထိ ဖြစ်ပေါ်နေပြီး ဆီးချိုရောဂါဖြစ်ပွားမှုထက် နှစ်ဆလောက် ပိုနေတာလည်း ဖြစ်ပါတယ်။ အချို့လူနာတွေမှာဆိုရင် အသည်းကို လုံးဝ ဆုံးရှုံးသွားတဲ့အထိကို ဆိုးဝါးစေတယ်လို့ သိရပါတယ်။

အထူးအားဖြင့်တော့ ပေါင်မုန့်မီးကင်နဲ့ အာလူးလို ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာတွေဟာ အသည်းအဆီဖုံးမှုကို အားပေးနေတယ်လို့ သိရပါတယ်။ Dr David Unwin ဟာ လူနာပေါင်း ၆၉ ယောက်ကို လက်တွေ့စမ်းသပ်ခဲ့ပြီးတဲ့နောက်မှာတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက် ၊ စပျစ်သီးနဲ့ သကြားဓာတ်နည်းပါးတဲ့ သစ်သီး ၊ အစေ့တွေနဲ့ ငါး၊ ဥ စတာတွေကို စားသုံးစေပြီး အသည်းအဆီဖုံးတာကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့အဓိက ကုထုံးကတော့ အသည်းကို အဆီဖြစ်စေမယ့် သကြားဓာတ် ၊ ကစီဓာတ်တွေကို ဖြတ်တောက်ပြီးတော့

December 4, 2015

"အိမ်ထောင်ရေးဖောက်ပြန်ခြင်း (လူတိုင်း လုံးဝ.. လုံးဝ. ဖတ်သင့်တဲ့ စာလေးဖြစ်ပါတယ်)"

 
အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ) (တက္ကသိုလ်ဘုန်းနိုင်)

အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား – ဟုတ်ပါတယ်။

အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား – ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ – အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ
မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို
မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား – ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို
အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ – မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့
သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ
မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။

အမျိုးသား – သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို
မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ – ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား – ကျွန်တော်………..

အတိုင်ပင်ခံ – မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ

"မြန်မာ့သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခများခဲ့တဲ့ဘုရင် နှစ်ပါး"

 
ဒီတစ်ခါတော့ မြန်မာ့သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခများခဲ့တဲ့ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။

တစ်ပါးကတော့ ပုဂံခေတ်က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။ တစ်နေ့ သိန်းခိုမင်းဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါများနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။
မောလည်းမော ရေလည်းအလွန်ငတ်လှချိန်မှာ လူသူမတွေ့ရတဲ့ သခွားခင်းတစ်ခင်းကိုတွေ့ပါတယ်။ ၀မ်းသာအားရနဲ့ သခွားခင်းထဲဝင်
ကာ သခွားသီးများကို အားရပါးရ စားပစ်ပါတယ်။ ဒါကို ယာရှင်က
တွေ့ပြီး ဘုရင်ဟုမထင် သူခိုးဟု ထင်ကာ တူရွင်း နဲ့ခုတ်တာကြောင့်
နေရာ မှာတင် ပွဲချင်းပြီးသွားပါတယ်။ အဖော်ကွဲသွားသော နောက်လိုက်
နောက်ပါများ ရောက်လာမှ ပြည့်ရှင်မင်းကို သတ်မိကြောင်းသိပါတယ်။ အဲဒီခေတ်က ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင်ဖြစ်သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခများခဲ့တဲ့ နောက်မင်းတစ်ပါးကတော့ သေတော့မသေပါ သို့
သော် ယာရှင်နဲ့ နပန်းလုံးလိုက်ရပါတယ်။

သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့သားတော်ကြီး
နောင်တော်ကြီး ခေါ် ဒီပဲယင်းမင်း ဖြစ်ပါတယ်။ နောင်တော်ကြီးဟာ ဘုရင်ဖြစ်သော်လည်း မ၀ံ့ကြွားတတ်ပဲ နှိမ့်ချသောမာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ်သူဖြစ်ပါတယ်။ ရံဖန်ရံခါ မိမိ၏ နောက်လိုက်များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက်များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီးများကို ထောင်းထု စားသောက်နေလေ့ရှိပါတယ်။
မူးမတ်များက “ထိုသို့စားခြင်းကို ရှောင်ကြဉ်တော်မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ” ဟု လျှောက်တဲ့အခါ “ငါ ဒီလိုမန်ကျည်းသီး စားခြင်းဟာ တိုင်းပြည်ကို တစ်စုံတစ်ရာ ၀န်လေးပါသလော” ဟုပြန်မေးပါတယ်။ “တိုင်းပြည်၌ကား ၀န်မလေးပါ” ဟု မူးမတ်တို့ကလျှောက်သည့်အခါ “တိုင်းပြည်ဝန်လေး
သည့် ကိစ္စကို ငါရှောင်အံ ၊ ၀န်မလေးသည့် ကိစ္စကိုကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည်ကို စားပါရစေ” ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်းဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံးတွင်ပြောင်း၍ စံလေ့ရှိပါတယ်။ မြင်းကောင်းလည်း ရှိတာကြောင့် “ငါစစ်ကိုင်းသွားဦး
မည် ၊ ရွှေဘိုသွားဦးမည် ” ဟု မိန့်ကာ မြင်းစီး၍ ရုတ်တရက် ထွက်တော်
မူ တတ်ပါတယ်။ နောက်လိုက်နောက်ပါတို့မှာ ကပျာကသီမြင်းပြင်၍ လိုက်သော် မမီသည်က များပါတယ်။

" ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ" သြော် ဟလား အံ့သြဇြာကြီး ခ်ခ်ခ်..

ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ အိမ်သာဟာ သန့်ရှင်းမှု ရှိတာကြောင့် အင်တာနက် ပေါ်မှာ ရေပန်းစား နေတယ်လို့ ဆိုထား ပါတယ်။ ဒီအိမ်သာဟာ နာမည်ကျော်  Shell ဓာတ်ဆီ အရောင်းဆိုင်မှာ တည်ရှိပြီး သန့်ရှင်းပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား တာကြောင့် ရောက်ပြီး သူတိုင်း မပြန်ချင် အောင် ဖြစ်သွား ရမယ်လို့ ဆိုထား ပါတယ်။ ဒီ အိမ်သာ အကြောင်း ရိုက်ကူး တင်ဆက် ထားမှုကို You Tube မှာပြသခဲ့ရာ ကြည့်ရှုသူ အရေအတွက် (၄) သန်းကျော်ရှိပြီး Facebook  မှာ likes အရေအတွက် (၃၀၀၀၀) ကျော် ရထား ပါတယ်။ ကနေဒါ နိုင်ငံက ရုပ်သံ တင်ဆက်သူ ဂျက်ဆန်ဟာ  ဒီအိမ်သာ အကြောင်း ရိုက်ကူး တင်ပြရင်း ပြန်တောင် မပြန်ချင် တော့ကြောင်း ဆိုခဲ့ ပါတယ်။ ဘာဟိုးမြို့မှာ တည်ရှိတဲ့ ဒီအိမ်သာဟာ ခရီးသွားတွေ ဆွဲဆောင်ထား တဲ့ နေရာ အဖြစ်လည်း ထင်ရှား ပါတယ်။ ဒီအိမ်သာမှာ စာအုပ်စင်တွေ ထားပေး ထားပြီး နံရံတွေ မှာလည်း ပန်းချီကားတွေ ချိတ်ဆွဲကာ အလှဆင်ထားပါ တယ်။ ဒါ့အပြင် အခြား အိမ်သာတွေမှာ မရှိတဲ့ အရာတွေ ကိုလည်း ပြုလုပ်ပေးထား ပါတယ်။ အိမ်သာတွင်းမှာ ပရိဘောဂတွေနဲ့ အလှဆင် ထားပြီး ဧည့်ခန်းတွေမှာ လိုမျိုး အလှ ဆင်ယင် ထားခြင်း ဖြစ်ပါတယ်။
        ဒီအိမ်သာဟာ အရင်က သာမန်အိမ်သာ ဖြစ်ခဲ့ပေမယ့် ပိုင်ရှင် ဖြစ်သူ အမာရီကြောင့် ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။ ခရီးဝေး ကနေ လာရောက် တဲ့ဧည့်သည်တွေ အိမ်သာထဲ ၀င်လိုက်တာနဲ့ စိတ်ချမ်းသာမှု ရရှိစေတဲ့

"မိန်းမ လိုက်စားတဲ့ ထင်ရှား ကျော်ကြားသူ (၈) ဦးအကြောင်း "

 
 ၁။ ဖီဒယ်ကက်စထရို
အမျိုးသားတွေပာာ အောင်မြင်မူ ရလာပြီဆိုရင် လူမူရေး ဖောက်ပြန်မူတွေ ပြုလုပ် လာတတ်ကြပါတယ်။ အထူးသဖြင့် ထင်ရှား ကျော်ကြား သူတွေပာာ အောင်မြင်မူကို အသုံးချကာ အမျိုးသမီးတွေကို ဆွဲဆောင် စည်းရုံးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
                 ကျူးဘား ခေါင်းဆောင် ကက်စထရိုဆိုရင် အမျိုးသမီးပေါင်း (၃၅၀၀၀) လောက်နဲ့ အိပ်စက် ခဲ့ဖူးပါတယ်။ Kiss တေးဂီတ အဖွဲ့က ဆီမွန်ပာာ အမျိုးသမီးပေါင်း( ၅၀၀၀ ) နဲ့ အိပ်စက် ခဲ့ဖူးပါတယ်။ စစ်ဘုရင် ဂျင်ဂစ်ခန်ပာာ အမျိုးသမီး အများအပြားနဲ့ ပေါင်းသင်း ခဲ့ဖူးကြောင်း စစ်တမ်း တစ်ခုရဲ့ ဖော်ပြချက် အရ သိရပါတယ်။
                 အနုပညာရှင်တွေ၊ အားကစား သမားတွေ ပာာလည်း အမျိုးသမီး အများအပြားနဲ့ ဇာတ်လမ်း ရှိခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ မိန်းမ လိုက်စားခဲ့တဲ့ ထင်ရှား ကျော်ကြား သူတွေရဲ့ အတွင်းရေးတွေကို ပြန်လည် ဖော်ပြ ပေးရမယ်ဆိုရင်.....
                  မိန်းမ လိုက်စားခဲ့တဲ့ ထင်ရှား ကျော်ကြားသူတွေရဲ့ ထိပ်ဆုံး စာရင်းမှာ ဖီဒယ်ကက်စထရို ရပ်တည်နေခြင်းကို အံ့အားသင့် ကောင်းသင့် နေပါလိမ့်မယ်။ ကက်စထရိုကို တော်လှန်ရေး ခေါင်းဆောင်၊ ကွန်မြူနစ် ခေါင်းဆောင်၊ အမေရိကန်တွေကို ဆန့်ကျင် ပုန်ကန်ခဲ့သူ အဖြစ်သာ သိရှိ ထားခဲ့တာကြောင့် ဖြစ်ပါတယ်။
                 ဒါပေမဲ့ ကက်စထရိုပာာ အမျိုးသမီး ပေါင်း (၃၅၀၀၀) လောက်နဲ့ အိပ်စက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါကို ကက်စထရိုနဲ့ အနီးစပ်ဆုံး နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဖွင့်ပာခဲ့တာ ဖြစ်ပါတယ်။ ကက်စထရိုပာာ နှစ်ပေါင်း လေးဆယ်ကျော် ကာလ အတွင်း တစ်နေ့ကို အမျိုးသမီး နှစ်ဦးလောက်နဲ့ အိပ်စက်လေ့ ရှိပါတယ်။
                  ကက်စထရို တွဲခဲ့တဲ့ အမျိုးသမီးတွေ အရမ်း များနေလို့ သံသယ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာတော့ ကက်စထရိုက သူ့ဆီမှာရှိတဲ့

" ရည်းစားနှင့် ကွဲခဲ့ရလို့ ကိုယ်အလေးချိန်တွေ ကျဆင်းသွားခဲ့တဲ့ မမကြီး ဘုတ်ဆုံ"

 
အမေရိကန် ပြည်ထောင်စု၊ နီဗားဒါး ပြည်နယ် ရီနိုမြို့တွင် နေထိုင်သည့် အမျိုးသမီးသည် တစ်ချိန်က ကိုယ်အလေးချိန် အများဆုံး ပိုင်ဆိုင်သူ အဖြစ် သတ်မှတ် ခံထားရသော်လည်း ချစ်သူဖြစ်သူနှင့် လမ်းခွဲပြီး နောက်ပိုင်း ကိုယ်အလေးချိန်ကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ကလေးလေးဦး မိခင် ပက်တီဆန်း ချက်ဇ်သည် ယခင်က ကိုယ်အလေးချိန် ( ၇၂၁) ပေါင် ရှိခဲ့သော်လည်း ယခုအခါ ကိုယ်အလေးချိန် (၄၇၆) ပေါင်သာ ရှိတော့သည်။
          အသက် ( ၅၁) နှစ် အရွယ်ရှိ ပက်တီဆန်းချက်ဇ်သည် ပြီးခဲ့သည့် နှစ်များအတွင်း ကိုယ်အလေးချိန် တဖြည်းဖြည်း လျှော့ချခဲ့ရာ (၂၃၈) ပေါင်အထိ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ပက်တီဆန်းချက်ဇ်သည် ချစ်သူဖြစ်သူနှင့် လမ်းခွဲပြီးနောက် ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ရမည် ဆိုသည့် အသိရရှိခဲ့ခြင်း ဖြစ်သည်။
           ပက်တီဆန်းချက်ဇ်က မိမိတွင် မိသားစု ရှိနေသောကြောင့် လက်ရှိဘ၀ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ကယ်လိုရီ  (၁၃၀၀၀) ညီမျှသော အစားအစာများကို နေ့စဉ် စားသုံးခဲ့သည်။ သို့သော် ယခုအခါ ကယ်လိုရီ (၃၀၀၀) နှင့် ညီမျှသည့် အစားအစာများကိုသာ စားသုံးခဲ့သည်။ ကိုယ်အလေးချိန် လျော့ချရန်  အသက်(၂၈) နှစ်အရွယ် လိုဂန်ဝက်ဘ်ဘာနှင့် အသက် (၃၀) နှစ်အရွယ် စကော့ဝက်ဘ်ဘာ အမည်ရ သားနှစ်ဦးက အကူအညီများ ပေးလျက်ရှိသည်။
          ပက်တီဆန်းချက်ဇ်သည် အွန်လိုင်းတွင် ချစ်သူရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနှင့် ချစ်ကြိုက် ပြီးနောက် အစားအစာကို အလွန်အကျွံ စားခဲ့သည်။ ပက်တီဆန်းချက်ဇ်၏ ချစ်သူက အ၀လွန်နေသည်ကို နှစ်သက် သဘောကျသည်ဟု ယုံကြည်အောင် ပြောခဲ့သည်။
            ထို့ကြောင့် ပက်တီဆန်းချက်ဇ်သည် ကမ္ဘာ့ ကိုယ်အလေးချိန် အများဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။ သို့သော် (၁၀)

December 3, 2015

" ၈၃၄ တို့ရေ.. ချစ်သက်တမ်းရှည်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက် ၂၀ကို မှတ်ထားရမယ်လို့ ဆိုပါလားကွယ်"

 
အချစ်နဲ့ အရာရာအကောင်းအတိုင်း ဖြစ်စေမယ် တဲ့။ တကယ်တမ်းတော့ အချစ်တစ်ခုတည်းက ပျော်ရွှင်နားလည်မှုရှိတဲ့ ချစ်သက်တမ်းတစ်ခုကို ထူထောင်မပေးနိုင်ပါဘူး။ ချစ်သူဘ၀ဖြစ်ဖြစ် အိမ်ထောင်ရှင်ဘ၀ဖြစ်ဖြစ် စိတ်ချမ်းမြေ့စရာ နှစ်ယောက်ပေါင်းဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက်ပေါင်း ၂၀ ရှိပါတယ်။ အဲဒါတွေကတော့
၁. ကိုယ်ပြောင်းလဲလို့မရတာတွေကို လက်ခံပါ။
၂. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို ပြုပြင်လို့မရဘူးဆိုတာ လက်ခံပါ။
၃. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ဟာ စင်းလုံးချောပြည့်စုံမနေကြောင်း လက်ခံပါ။
၎. လူတိုင်း ကိုယ့်လို ပြုမူဆက်ဆံမှာမဟုတ်ဘူးလို့ လက်ခံပါ။
၅. ကိုယ့်လို မဆက်ဆံတာနဲ့ သူမမှားကြောင်း လက်ခံပါ။
၆. သူ့ချို့ယွင်းချက်တွေကို လက်ခံပါ။
၇. သူက သူတတ်နိုင်သလောက် ကိုယ့်ကိုချစ်ကြောင်း လက်ခံပါ။
၈. ကိုယ်က သူ့ကိုချစ်တာကို လက်ခံပါ။
၉. ကျွန်မတို့အားလုံးဟာ အချစ်အပါအ၀င် အရာရာအပေါ် အမြင်မတူနိုင်ဘူးဆိုတာ လက်ခံပါ။
၁၀. တခါတလေ သူ့မှာ စိတ်ပျက်စရာရှိကြောင်း လက်ခံပါ။
၁၁. အဲဒီစိတ်ပျက်စရာကို သူက ဖုံးကွယ်ထားတတ်ကြောင်း လက်ခံပါ။
၁၂. သူဟာ လူသားတစ်ယောက်မို့ မှားတဲ့အချိန်ရှိမှာပဲလို့ လက်ခံပါ။
၁၃. သူ့တောင်းပန်မှုကို လက်ခံပါ။
၁၄. တယောက်နဲ့တယောက် ကွဲပြားခြားနားတာကို လက်ခံပါ။

" အံ့ရော..အံ့ရော..ဗိုက်နာပြီး ရင်ပူကာ ခွဲစိတ်ရာမှ သည်းခြေကျောက် အလုံးပေါင်း ၁၂၀၀၀ ခန့်တွေ့ရှိခဲ့ရ "


အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှ အံ့ဖွယ် သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ကို ဖယ်ရှားပေးခဲ့ရတဲ့အတွက် ဆရာဝန်တစ်ယောက်ဟာ အံ့အားသင့်ခဲ့ရပါတယ်။ ယခုလို သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ထွက်ရှိလာတာဟာ ကမ္ဘာ့စံချိန်တစ်ခု ဖြစ်မယ်လို့လည်း ယူဆရပါတယ်။

အသက် ၅၁နှစ် ရှိပြီဖြစ်တဲ့ Minati Mondal ဟာ ၂လကြာ ဗိုက်နာပြီး ရင်ပူတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ပတ်က သူမဟာ အိန္ဒိယနိုင်ငံ Kolkata မြို့၊ Debdoot Sevayan ဆေးရုံကို လာရောက်ပြသခဲ့ပြီး စမ်းသပ်မှုတွေနဲ့ အာထရာစောင်းရိုက်ပြီးတဲ့နောက်မှာ သူမ သည်းခြေကျောက်တည်နေမှန်းသိခဲ့ရပါတယ်။

သူမရဲ့ သည်းခြေအိတ်ထဲမှာ ဆားနဲ့ ကိုလက်စထရောတွေ ပါဝင်တဲ့ အခဲတွေရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်များများ

"တကယ့်ယောက်ျားသားတို့ရဲ့ အမူအကျင့်သွင်ပြင် ၁ဝ ချက်"

အိမ်တစ်အိမ်ကိုဆောက်တော့မယ်ဆိုရင်အုတ်မြစ်ကောင်းဖို့လိုပါတယ်။တကယ့်ယောက်ျား ကောင်းတစ်ယောက်ဖြစ်
ဖို့ဆိုတာကလည်း အဲဒီလို ဖြစ်စေမယ့် အမူအကျင့်သွင်ပြင်တွေ ပိုင်ထားပါမှ ဖြစ် ပါလိမ့်မယ်။ ယောက်ျားကောင်းစစ်စစ်ဆိုတာ ဘာရယ်လို့ သတ်မှတ်ချက်တွေကတော့ တစ် ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ယခု ဖော်ပြမှာကတော့ ယောက်ျားလေးတွေအတွက် ပင်တိုင် အကြံပြုဆောင်းပါးများကို ရေးသားပေးနေ တဲ့ နိုင်ငံခြားစာရေးဆရာတစ်ယောက်ရဲ့ ”တကယ့် ယောက်ျားသားတို့ရဲ့ အမူအကျင့်သွင်ပြင် ၁ဝချက်” ဖြစ်ပါတယ်။

"Facebook မှာ ရေပန်းစားနေတဲ့ ‘Most Used Words’ app ကို မသုံးခင် နှစ်ခါပြန် စဉ်းစားသင့်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး"

 
ကမ္ဘာတစ်ဝှမ်းက Facebook သုံးစွဲသူပေါင်း ၁၇.၆ သန်းလောက်ဟာ သူတို့ ရဲ့ Facebook ပို့ စ်တွေမှာ အသုံးအများဆုံးစကားလုံးတွေကို ပုံနဲ့ ဖော်ပြပေးတဲ့ app တစ်ခုကို အသုံးပြုနေကြပါတယ်။ဒါပေမယ့် လုံခြုံရေးကျွမ်းကျင် ပညာရှင်တွေက ဒီလူတွေဟာ သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကြော်ငြာလုပ်ငန်းရှင်တွေကို အမှုမဲ့အမှတ်မဲ့ လွှဲပေးသလို ဖြစ်နေတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
VonVon အမည်ရကုမ္ပဏီကထုတ်ထားတဲ့ ‘Most Used Words’ ဆိုတဲ့ app ဟာ အခုအခါ မြန်မာနိုင်ငံက facebook သုံးစွဲသူတွေကြားထဲမှာလည်း ရေပန်းစားလျက်ရှိပါတယ်။  ဒီ app အသုံးပြုသူတိုင်းဟာ သူတို့ နကန်း တစ်လုံးမှမသိရတဲ့ကုမ္ပဏီတစ်ခုကို သူတို့ ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပေးဖို့ သဘောတူ ထားရကြောင်း နည်းပညာသုံးစွဲသူအုပ်စု Comparitech ရဲ့ အချက်အလက်ဆန်းစစ်သူတွေက ထောက်ပြ လိုက်ပါတယ်။ဒီ app သုံးဖို့ sign up လုပ်လိုက်တာနဲ့ သင့်ရဲ့ အမည်၊ အသက်၊ ပရိုဖိုင်ပုံ၊ Facebook မိတ်ဆွေတွေနဲ့ တခြား public လုပ်ထားတဲ့အချက်အလက်တွေအပါအ၀င် သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို app က တောင်းဆိုပါတယ်။ ဒီအချက်အလက်တွေကို VonVon ကုမ္ပဏီက ဆာဗာတွေမှာ သိမ်းဆည်းထားနိုင်ပြီး ကြော်ငြာလုပ်ငန်းရှင်တွေထံ ရောင်းစားနိုင်ပါတယ်။
“ VonVon ကုမ္ပဏီတစ်ခုတည်း ကွက်ရွေးပြီး လေ့လာခဲ့တာက သူက အခုအရမ်းပေါက်နေလို့ ပါ။ ဒါပေမယ့် ဒီလို အယောင်ပြ quiz app တွေထဲမှာ ဒီ app တစ်ခုတည်းရှိတယ်လို့ မထင်လိုက်လေနဲ့ ” လို့ Comparitech က

" ဦးဇင်းစိတ်ထဲမှာတော့ အကောင်းမဲမဲကြီးက မလှမ်းမကမ်းက လိုက်လာသလိုမျိုးကြီး ခံစားနေရတယ် " သဘာဝလွန်ဖြစ်ရပ်များ

 
 သဘာဝလွန် ဖြစ်ရပ်ဆန်းများ - ငါ့အရိုးပြန်ပေး
တစ်ခါတုန်းက ကျုံပျော်ဘက်က ရွာတစ်ရွာမှာ အမျိုးသမီးကြီးတစ်ဦး သွေးကင်ဆာရောဂါဖြစ်သတဲ့။ သူ့မှာ ဦးကောသလ္လလို့ခေါ်တဲ့ သားဦးဇင်းတစ်ပါးရှိတယ်။ မန္တလေးမြို့၊ ဘုရားကြီးတိုက်ထဲမှာ စာပေပရိယတ္တိကို သင်ကြားနေတဲ့ စာသင်သားရဟန်းတစ်ပါးပေါ့။ အမေသွေးကင်ဆာဖြစ်တယ်ဆိုတာကြားတော့ ဆေးရုံတက်ဖို့ကလည်း ပိုက်ဆံကမရှိ။ ပြီးတော့ ဒီရောဂါကလည်း ဖြစ်လာရင်တိမ်းပါးသွားကြတာကများတော့ အခြားလွယ်လွယ်နဲ့ ကုလို့ရတဲ့ ဗိန္ဓောဆေးနည်းကို သူလိုက်ရှာတယ်။ ကံကောင်းချင်တော့ ဦးဇင်းတစ်ပါးဆီက သွေးကင်ဆာပျောက်တဲ့ဆေးနည်းကို ရခဲ့တယ်။ အဲဒီဆေးနည်းကတော့ လူရိုးနဲ့သံပုရာသီးသွေးပြီး သောက်လိုက်ရင် သွေးကင်ဆာပျောက်တယ်ဆိုတဲ့နည်းပါ။

အဲဒီနည်းလည်းရရော ရွာပြန်လာခဲ့တယ်။ သူ့ပထွေးကိုလည်း အမေ့ရောဂါအတွက် လူရိုးနဲ့သံပုရာသီးရရင် အဆင်ပြေနိုင်ကြောင်း ပြောပြတယ်။ ပထွေးကလည်း အဲဒါဆိုရပါတယ်ဦးဇင်း ရွာ့အနောက်ဘက်က သင်္ချိုင်းကုန်းမှာရနိုင်တာပဲ။ ဒီနေ့တော့ ဦးဇင်းအေးအေးဆေးဆေးနေလိုက်ဦးလေ။ မနက်ဖြန်ကျရင် တပည့်တော်တို့ သွားကြတာပေါ့လို့ လျှောက်တယ်။

နောက်တစ်နေ့ နေ့ခင်း ၁၂-နာရီလောက်မှာ ပထွေးနဲ့အတူ သင်္ချိုင်းကုန်းကို ထွက်လာခဲ့ကြတယ်။ ပထမတော့ လူရိုးကို သင်္ချိုင်းကုန်းမှာ တူးစရာမလိုဘဲနဲ့ အပေါ်ယံရှိနေတဲ့အရိုးတွေကို လိုက်ကောက်ကြတယ်။ ဖြစ်ချင်တော့ သူတို့လိုက်ကောက်တဲ့ အဲဒီအရိုးတွေဟာ လက်ထဲရောက်လာရင် အသီးခြောက်တွေဖြစ်ဖြစ်သွားတယ်။ ဥပမာ သျှားစောင်းသီးတို့ဘာတို့ညာတို့ပေါ့။ အဲဒီသင်္ချိုင်းကုန်းမှာ ပေါက်ရောက်နေတဲ့အပင်တွေရဲ့အသီးတွေပေါ့။

ဦးဇင်းက ဒီအတိုင်းဆိုရင် အဆင်မပြေဘူး။ တစ်နေရာရာကို စတူးလိုက်မယ်လုပ်တော့ ဦးဇင်းနဲ့အတူပါလာတဲ့ သူ့ပထွေးက အဲဒီမှာ မတူးနဲ့ဦးဇင်း၊ ဒီအလောင်းကို မြုပ်ထားတာမကြာသေးဘူးဆိုတော့ အရိုးကျမှာ မဟုတ်သေးဘူး။ ဟိုဘက်နေရာက အလောင်းက မြုပ်ထားတာကြာပြီ။ ဆယ်လလောက်တော့ရှိပြီဆိုတော့ အရိုးကျနေလောက်ပြီ။

အဲဒီနောက် သူ့ပထွေးပြောတဲ့နေရာကို တူးလိုက်ကြတယ်။ တူးလိုက်ကြပြီးတော့ အခေါင်းကြီးပေါ်လာတယ်။ အခေါင်းကြီးက အကောင်းချည်းပဲရှိသေးတယ်။ အခေါင်းကို ဆွဲဖွင့်လိုက်တယ်။ မျက်တွင်းဟောက်ပတ်ကို အုပ်နေတဲ့ဆံပင်တွေ အထွေးလိုက်ကြီးကို စတွေ့တယ်။ ကြည့်ရတာ လူငယ်အလောင်းနဲ့တူပါရဲ့။ နောက် အခေါင်းပုံးတစ်ခုလုံးလှပ်ပြီး အရိုးတွေကို ဆွဲထုတ်၊ မြေကြီးနဲ့ရိုက်ခါလိုက်တယ်။ အဲဒီဦးဇင်းကလည်း အမေ့ရောဂါပျောက်လိုဇောနဲ့ လက်ဖျံရိုးနှစ်ချောင်း၊ ခြေသလုံးရိုးနှစ်ချောင်းက အရိုးတွေကို ထင်းခွေသလိုမျိုးထမ်းပြီး ရွာဘက်ကိုပြန်လာခဲ့ကြတယ်။

လမ်းပေါ်မှာတော့ ဘာမှမဖြစ်သေးဘူး။ ရွာထဲမ၀င်ခင် ခြံစည်းရိုးနားမှာ အရိုးကိုမီးမြိုက်လိုက်သေးတယ်။ အညစ်အကြေးတွေ

December 2, 2015

"တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ပိုပြီး တန်ဖိုးထားတတ်ကြတာကိုတွေ့ရှိ"

လေ့လာမှု အသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ တက်တူး မရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ကြတယ်ဆိုတာပါပဲ။
တက္ကဆက် ပြည်နယ် နည်းပညာ တက္ကသိုလ်က သုတေသီတွေဟာ တက်တူးတွေနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ အာရုံခံစားမှု နဲ့ ကျန်းမာ ပျော်ရွှင်တဲ့ဘ၀ ကြားမှာရှိတဲ့ ပတ်သက်ဆက်နွယ်နေမှု ကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ ဒီ သုတေသန ကိုတော့ ဒေါက်တာ Jerome Koch က ဦးဆောင်ပြီး အမျိုးသမီးတစ်ယောက်မှာရှိတဲ့ တက်တူးအရေအတွက် နဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု အပါအ၀င် စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု တွေကို နှိုင်းယှဉ် လေ့လာကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် ၆ ခု ကနေ လူဦးရေ ၂၃၉၅ ယောက်တို့ကို စစ်တမ်းကောက်ယူလေ့လာခဲ့ပါတယ်။ ၆၇ ရာခိုင်နှုန်းကတော့ လူဖြူတွေဖြစ်ကြပြီး ၅၉ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြကာ ၈၂ ရာခိုင်နှုန်းကတော့ အသက် ၁၈ ကနေ ၂၀ ကြားဖြစ်ကြပါတယ်။
ထို သုတေသနအရတော့ တက်တူး ၄ ခုနှင့်အထက်ရှိတဲ့ အမျိုးသမီးတွေဟာ တက်တူး ၄ ခုမပြည့်တဲ့ အမျိုးသမီးတွေထက် "ကိုယ့်ကိုကိုယ်တန်ဖိုး ထားတတ်မှု ပမာဏ သိသာထင်ရှားစွာ မြင့်မားနေတယ်" လို့ ထုတ်ပြန်ကြေညာထားပါတယ်။

" ဟောင်ကောင်မြို့ ကောင်းကင်ပေါ်က စိန်တွေပြုတ်ကျလာမှုကြောင့် လူတွေ အလုအယက်ကောက်ယူမှု ဖြစ်ပွား "

အမျိုးသမီးတစ်ဦးဟာ တလက်လက်တောက်ပနေတဲ့အရာဝတ္ထုတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတာကို မြင်တွေ့ ခဲ့ရပြီး “စိန်တွေ” လို့ အော်ဟစ်ခဲ့မှုကြောင့် ဟောင်ကောင်မြို့ ၊ Tsim Sha Tsui အရပ်မှာ ယာဉ်ကြောပိတ်ဆို့ မှုကြီး ဖြစ်သွား
ခဲ့ပါတယ်။

လူပေါင်း အယောက် ၅၀ ကျော်လောက်ဟာ မြေကြီးမှာ ပြန့် နှံ့ နေတဲ့ စိန်ပွင့်တွေကို ဒူးထောက်ထိုင်ကာ ၊ အလုအယက်လိုက်ကောက်ခဲ့ကြပါတယ်။ တစ်ချို့ လူတွေဟာ ညနေခင်း ကားတွေ၊ဘတ်စ်ကားတွေ ရှုပ်နေတဲ့ လမ်းပေါ်အထိ တက်ကာ၊ သူတို့ အထင် စိန်ပွင့်လေးတွေလို့ ယူဆရတဲ့ အရာတွေကို လိုက်ကောက်ခဲ့ကြမှု ကြောင့် ယာဉ်ကြောတွေတောင် ပိတ်ဆို့ ခဲ့ရတယ်လို့ သိရှိရပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေ ဟာ၊ စိန်ရှာသူတွေကို လက်လျှော့ကြဖို့  အမိန့် ပေးထိန်းသိမ်းခဲ့ရတယ်လို့  ဆိုပါတယ်။

တာဝန်ရှိအာဏာပိုင်တွေဟာ နောက်ပိုင်းမှာ ဒီပဟေဋိအဖြစ်အပျက်ကို ဖြေရှင်းပေးခဲ့ပြီး ဒီ ‘စိန်’ တွေဟာ တကယ်တမ်းတော့၊ တစ်ထုပ်လုံးကိုမှ ၈ ပဲနိလောက်သာ ပေးရတဲ့ စိန်တုတွေ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။“ စိန်တုတွေကလည်း တော်တော်ကို အစစ်နဲ့ တူပါတယ်။ လမ်းမီးရောင်အောက်မှာ တလက်လက်တောက်နေတာကိုး။ ဒါပေမယ့် စိတ်မကောင်းစရာပဲ။ အဲဒါတွေက ဘာမှတန်ကြေးမရှိသလောက်ပါပဲ” လို့ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒီစိန်အတုတွေဟာ တိုက်အမြင့်ကြီးရဲ့ တစ်ထပ်ထပ်က ပြုတ်ကျလာလို့ ယူဆရပြီး တစ်ယောက်ယောက်က အောက်ကလမ်းသွားလမ်းလာတွေကို စဖို့ တမင်ပစ်ချခဲ့တာလား၊ မတော်တဆပြုတ်ချခဲ့တာလား ဆိုတာကို တော့ သေချာ မသိရသေးပါဘူး။ Rhinestone လို့ ခေါ်တဲ့ စိန်အတုတွေကို စိန်အစားထိုးအဖြစ် အသုံးပြုကြပြီး တကယ့် စိန်အစစ်အတိုင်း ရွှန်းလဲ့တောက်ပနေတဲ့ပုံစံမျိုးထွက်အောင် တုပထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ဟောင်ကောင်မှာ အလားတူဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ဖူးပါတယ်။ ငွေပေါင် ၃ သန်းလောက်ကို

" ဖောက်ထွင်းသူခိုးဟု သံသယရှိခံရသူတစ်ဦး မီးခိုးခေါင်းတိုင်ထဲတွင် အရှင်လတ်လတ် မီးရှို့ခံရ " ဖြစ်ရလေ သူခိုးရယ်


ဖောက်ထွင်းသူခိုးလို့ သံသယရှိခံရသူတစ်ဦးဟာ အိမ်တစ်အိမ်ရဲ့ မီးခိုးခေါင်းတိုင်ထဲကတဆင့် ဝင်ရောက်ခဲ့ပြီး အရှင်လတ်လတ် မီးရှို့ခံရကာ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ ဖောက်ထွင်းသူခိုး ဝင်ရောက်နေတဲ့ မီးခိုးခေါင်းတိုင်အောက်ဘက်ကနေ အိမ်ရှင်က မီးမွှေးခဲ့တာကြောင့် ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ Cody Caldwell ဆိုသူဟာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မီးခိုးခေါင်းတိုင်အတွင်း ပိတ်မိပြီးနောက် မီးခိုးငွေ့တွေ ရှူရှိုက်ခဲ့ရပါတယ်။ မီးလင်းဖိုမှာ မီးမွှေးပြီးတဲ့နောက် တစ်ယောက်ယောက်က အော်ဟစ်
ခဲ့တာကို အိမ်ပိုင်ရှင်က ကြားခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။

မီးခိုးခေါင်းတိုင်ထဲမှာ လူတစ်ယောက် ရှိနေတယ်ဆိုတာ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် အိမ်ပိုင်ရှင်ဟာ မီးကို ငြှိမ်းသတ်ခဲ့ပြီး

"တောမီးလောင်စဉ် အိမ်ကို ကီလိုမီတာ ၃၀၀၀ အကွာမှ စမတ်ရေဖြန်းများဖြင့် ကာကွယ်နိုင်ခဲ့သော ပါမောက္ခ "

 Professor Simon Maddocks on his property in Hamley Bridge which was in the line of the Pi
နိုဝင်ဘာလ ၂၆ရက်နေ့က သြစတြေးလျ တောင်ပိုင်းမှာ ဧကပေါင်း ၈၅၀၀၀ ကို တောမီးလောင်ခဲ့ပါတယ်။ လူ ၂ဦးသေ၊ ၃၀ဦး ဒဏ်ရာရပြီး လူနေအိမ် ၁၆ခု ပျက်စီးခဲ့ရပါတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းလွန်းတဲ့ ပါမောက္ခတစ်ယောက်ကတော့ အိမ်နဲ့ ကီလိုမီတာ ၃၀၀၀ အကွာမှာ ရောက်နေခဲ့ပေမဲ့ သူ့ရဲ့အိမ်ကို အဝေးကနေပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ စမတ်ဖုန်းအသုံးပြုပြီး စမတ်ရေဖြန်းစက်တွေကို အဝေးထိန်းနဲ့ ဖွင့်ခဲ့တာပါ။

သူ့နာမည်ကတော့ Simon Maddocks ဖြစ်ပြီး Charles Darwin တက္ကသိုလ်မှ ကျောင်းအုပ်ပါ။ တောမီးကြီးလောင်မှုက သူ့အိမ်ကို ကူးစက်လာနိုင်ကြောင်း သူငယ်ချင်းတွေကနေ မက်ဆေ့ခ်ျတွေ သူ့ဆီပေးပို့ သတိပေးခဲ့ကြပါတယ်။

သူဟာ တက္ကသိုလ် ရုံးခန်းမှာ အေးအေးလူလူ ထိုင်နေခဲ့တာပါ။ အန္တရာယ်နဲ့လည်း အဝေးကြီးပါ။ ဒါပေမဲ့ သူ့ဂျုံခင်းတွေဟာ မီးကူးစက်လာနိုင်ကြောင်းကို သိခဲ့ပြီး သူ့စမတ်ဖုန်းပေါ်က CFS မြေပုံတွေကို အသုံးပြုကာ ကီလိုမီတာ ၃၀၀၀ အကျော်က မီးတောက်တွေကို ခြေရာခံခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် သူ့အိမ်က CCTV ကင်မရာတွေကိုလည်း ချိတ်ဆက်ခဲ့ပါသေးတယ်။

မီးတောက်တွေဟာ သူ့ဂျုံခင်းကို မိနစ်ပိုင်းအတွင်း ဝါးမျိုသွားခဲ့ပြီး လယ်အိမ်ကို ကူးစက်ခဲ့ပါတယ်။ ပါမောက္ခ Maddocks ဟာ အကူအညီကင်းမဲ့သလို ခံစားခဲ့ရပေမဲ့ စမတ်ရေဖြန်းစက်တွေကို ဉာဏ်ရှိရှိနဲ့ ဖွင့်နိုင်ခဲ့ပြီး အန္တရာယ်ကို အချိန်မှီ

" ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ ရန်ကုန်သို့ ရောက်ရှိ "


"ခြင်္သေ့နဲ့ ဖက်အိပ်တဲ့ အမျိုးသမီး"



ခြင်္သေ့ တစ်ကောင်ကို ဖက်အိပ်နိုင်လောက်တဲ့ သတ္တိမျိုး ပိုင်ဆိုင်ထားသူကတော့ တောင်အာဖရိက နိုင်ငံသူ ဗန်တွန်ဒါ ဖြစ်ပါတယ်။ ခြင်္သေ့တွေဟာ လူသားတွေကို ခြိမ်းခြောက် နိုင်စွမ်းရှိတာကြောင့် သဘာဝဘေးမဲ့ တောတွေမှာတောင် ခြံစည်းရိုး ခတ်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဗန်တွန်ဒါကတော့ ခြင်္သေ့တစ်ကောင်ကို ဖက်ပြီး ညအိပ်ပြခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်လာပါတယ်။ ဗန်တွန်ဒါပာာ သူ့ရဲ့အိမ်မှာ ခြသေ့င်္တစ်ကောင်နဲ့ အိပ်စက်ပြီး တစ်ညတာကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဆာဆိုတဲ့ ခြင်္သေ့မလေးဟာ အခြားခြင်္သေ့တွေနဲ့ ဆော့ကစားပြီး လည်ပင်းမှာ ဒဏ်ရာ ရသွားခဲ့တာကြောင့် ဆေးကုသမှု ပြုလုပ်ပေးဖို့ လိုအပ်လာပါတယ်။

အယ်လ်ဆာဟာ (၅)ရက်သား လောက်ကတည်းက မိခင်ဖြစ်သူနဲ့ ကွဲကွာပြီး ခြင်္သေ့တွေ ထားရှိတဲ့ နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဗန်တွန်ဒါဟာ အယ်လ်ဆာကို ငယ်စဉ်ကတည်းက ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဆာဟာ (၈)လသားအရွယ် ရောက်နေပြီ ဖြစ်တာကြောင့် အကောင်လည်း ကြီးလာပါတယ်။ ဒါပေမဲ့ အယ်လ်ဆာဟာ ဗန်တွန်ဒါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အခုလို နေထိုင်နိုင်တာ ဖြစ်ပါတယ်။ အယ်လ်ဆာကို ဆေးကုသဖို့ လိုအပ်တဲ့ ရန်ပုံငွေရဖို့ စောင့်ဆိုင်းရင်း ဗန်တွန်ဒါက အိမ်မှာ ညသိပ်ခဲ့တာဖြစ်ပါတယ်။ ဗန်တွန်ဒါက မိမိနှင့် အယ်လ်ဆာတို့ ညတစ်ညကို ကောင်းစွာ အိပ်စက် ဖြတ်သန်းခဲ့ကြောင်း၊ အယ်လ်ဆာကို ဖက်ပြီး အိပ်စက်ရာတွင် အံ့အားသင့်ဖွယ် ကောင်းလောက်သည့်

December 1, 2015

" လူတစ်ယောက်ကို လက်ထပ်ဖို့ ခေါင်းမညိမ့်ခင် သင့်ကိုယ်သင် ဒီမေးခွန်း (၁၆)ခုကိုမေးပြီး ရိုးသားစွာ ဖြေကြည့်ဖို့လို"

 
သင်ဟာ သင့်ချစ်သူကိုချစ်မြတ်နိုးလွန်းတာမို့ လက်ထပ်ဖို့အထိ စိတ်ကူးထားတယ်ဆိုပါစို့။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာမျိုးဟာ တစ်ဘ၀လုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဆိုတာကိုတော့ မေ့လို့မဖြစ်ပါဘူး။ သူ့ကို လက်ထပ်ပါမယ်လို့ အဖြေမပေးခင်၊ ခေါင်းမညိမ့်ခင် သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းတွေကိုလည်း ရိုးသားစွာဖြေဖို့ လိုပါတယ်။
၁။ဒါဟာ ပိုကောင်းဖို့အတွက်လည်း ဆိုးဖို့အတွက်လား၊ အခြေအနေတွေ ကောင်းကောင်းဆိုးဆိုး သင်သူနဲ့ ဆက်သွားနိုင်မလား။

၂။သူ့ကို သင့်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံနိုင်မလား။ သင့်အတွက် သူမတူတဲ့၊ ထူးခြားတဲ့သူအဖြစ်နဲ့ပေါ့။

၃။ငါက ဘယ်လိုလူမျိုးများလဲ။ သင်ဟာ သင့်ကိုယ်သင် ဘာမှန်း၊ ဘယ်လိုလူမျိုးမှန်း မသိရင် သင့်ချစ်သူနဲ့သင်ဟာ လိုက်ဖက်တဲ့ စုံတွဲ ဟုတ်မဟုတ် သိဖို့ မလွယ်ပါဘူး။

၎။ဒီအချစ်ရေးမှာ ငါပျော်ရွှင်ရသလား။

၅။ငါ ထောင်ခြောက်မိနေသလိုများ ခံစားနေရသလား။

၆။ငါ အချိန်နည်းညန်း စောင့်ကြည့်ဖို့ လိုမလား။

၇။ငါတို့ အချစ်ရေးဟာ ဟိုဘက် ဒီဘက် မျှရဲ့လား။ တစ်ဘက်စောင်းနင်း ဖြစ်နေတာမျိုး ရှိသလား။

၈။ငါတို့နှစ်ယောက် တကယ်ရော ပျော်နိုင်ကြရဲ့လား။

၉။ ငါတို့ခွဲနေရရင်ရော ပျော်နိုင်ကြလား။ ခွဲနေရင်းနဲ့ ပျော်နိုင်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုကိုယ် တစ်ချက်ပြန်သုံးသပ်ဖို့လိုပါပြီ။

၁၀။ငါတို့သွားနေတာ ဘယ်ကိုများလဲ။ ငါတို့နှစ်ဦးအတူတူဆိုရင်ရှေ့ဆက်မယ့်ခရီးက အဆင်ပြေပါ့မလား။

၁၁။ငါ သူ့ကို တကယ်ယုံကြည်နိုင်မလား။

၁၂။ငါနဲ့အတူရှိတဲ့သူက တကယ့်လူကောင်းလား။

"သေဆုံးသွားသူတွေကို ပြန်အသက်သွင်းနိုင်မယ့် နည်းပညာ ၊ Humai ကုမ္မဏီက တီထွင်နေ "

 
နည်းပညာ ကုမ္မဏီ တစ်ခုက တရားဝင် ပြောကြားခဲ့တာကတော့ သူတို့ဟာ သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိဥာဉ်ကို ဖန်တီးထားတဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြောင်းရွှေ့နိုင်မယ့် စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေတယ်ဆိုတာပါပဲ။

စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပဲ နည်းပညာကုမ္မဏီ တစ်ခုဖြစ်တဲ့ Humai ဟာ သူတို့အနေနဲ့ Artificial Intelligence ကို အသုံးပြုပြီး လူသားတွေရဲ့ ပြန်လည် ရှင်သန်ထမြောက်လာခြင်း အတွက် လုပ်ဆောင်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။ သူတို့တွေ မျှော်လင့်ထားကြတာကတော့ ဘိုင်အိုနစ် နည်းပညာ ၊ နာနိုနည်းပညာ နဲ့ Artificial Intelligence တို့ဟာလာမယ့် ဆယ်စုနှစ် ၃ ခု အတွင်း အဆင့်သင့် ဖြစ်လာလိမ့်မယ် ဆိုတာပါ။

သေဆုံးသွားတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိဥာဏ်တွေ ဆက်လက်ကျန်ရှိနေဖို့အတွက် Humai ကုမ္မဏီ ဟာ Artificial Intelligence နဲ့ Nano နည်းပညာတို့ကို အသုံးပြုပြီး စကားပြောပုံစံများ ၊ အမူအကျင့်ဆိုင်ရာ Pattern များ ရဲ့ ဒေတာ အချက်အလက်တွေကို သိမ်းဆည်းကာ ခန္ဓာကိုယ်တစ်ခု ရဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးမယ့် သတင်းအချက်အလက်တွေအဖြစ် ထည့်သွင်းကျမှာဖြစ်ပါတယ်။

ထို ဒေတာတွေဟာ ဆင်ဆာနည်းပညာများစွာ အဖြစ် ကုဒ်စနစ် နဲ့ ပြောင်းလဲသွားမှာဖြစ်ပြီး ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုထဲကို လူတစ်ယောက်ရဲ့ ဦးနှောက်အသွင်နဲ့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းပညာအရ ကိုယ်ပွားနည်းပညာတစ်ခုဖြစ်တဲ့ Cloning Technology ကို အသုံးပြုပြီး ထို ဦးနှောက်တွေကို အသက်အရွယ်နဲ့ အတွေ့အကြုံသစ်တွေအတွက် ပြန်လည် သိုလှောင်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

Humai ကုမ္မဏီကို CEO နဲ့ တည်ထောင်သူ Josh Bocanegra က တည်ထောင်ဦးဆောင်နေတာဖြစ်ပြီး လော့အိန်ဂျလိစ် မှာ အခြေစိုက်ထားတဲ့ ကုမ္မဏီ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Bocanegra က သြစတြေးလျ ပေါ်ပြူလာ သိပ္ပံ သတင်းဌာနကို ပြောပြခဲ့တာကတော့ သူတို့ရဲ့ နည်းပညာသာ ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ပြီးသွားရင်တော့ ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုအတွင်းကို ဦးနှောက်တစ်ခု

"Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု "

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေ ရှာဖွေရာမှာ အသုံးဝင်ကောင်း ၀င်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းတော့ အဲ့ဒီလိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likes ရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေ ဘာလုပ်နေမလဲ Facebook ပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် Facebookကို အသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့ စသိပြီး သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebook သုံးကြပါတယ်။ သင်ရော အဲ့ဒီအထဲ ပါနေပြီလား? ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ဘ၀ ပြန်လည်အသက်ဝင်လာလိမ့်မယ်။

‘ပြန်လည်အသက်ဝင်လာမယ်’ဆိုတဲ့ စကားကိုသုံးရတာ အကြောင်းရှိပါတယ်။ သင်Facebookကို ကြည့်တဲ့ အကြိမ်ရေကို ပြန်တွက်ဖူးပါသလား?

တစ်နေ့မှာ၂၄နာရီ ရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီက အလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebook ကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebook ကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား၊ ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။

သူငယ်ချင်းနဲ့ ဖုန်းပြောမယ်၊

သူငယ်ချင်း (သို့) မိသားစုနဲ့ မုန့်သွားစားမယ် (သို့) တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ် (သို့) စာဖတ်မယ် ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့က Facebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ Facebookပေါ်မှာ အဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီး ဖတ်ဖြစ်လို့လား?

More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက ရှည်နေရင် သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာ များပါလိမ့်မယ်။

သင်Facebookကို ခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကို စောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲ ရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်း ရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ သင့်ဘေးက

" ယူကေ( ဗြိတိန်) နိုင်ငံမှ ကားမောင်သင်နည်း သင်ခန်းစာ ၁ မှ ၁၀ အထိ ဗီဒီယိုများ " အပိုင်း (၁)

ယူကေ( ဗြိတိန်) နိုင်ငံမှ ကားမောင်နည်း ဗီဒီယိုများကို တင်ပေးလိုက်ပါတယ်။ ရောသမ ဆိုက်ထဲမှာ ကြည့်ရတာ အဆင်မပြေရင် ယူတျုမှာ ကြည့်နိုင်ပါတယ်...လင့်တွေ ထည့်ပေးထားပါတယ်....

LDC driving lesson 1 - Getting Moving - key learning points  ( ကားစမောင်းခြင်း)



ယူတျုတွင်ကြည့်ရန် Link :  https://youtu.be/_ftY9yka9rc

LDC driving lesson 2 - Gears - key learning points  (ကား ဂီယာများ)

"မိမိ ဓာတ် ပုံ ခန္ဓာ မှာ Tattoo ထိုးမယ်-Tattoo my Photo 2.0 Pro v2.61 APK " (ကိုပေါက်)

Android OS ကိုင်းဆောင်ထားသော ဘော်ဒါတို့ ခပ်မိုက်မိုက် Android OS Application တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ မိမိရိုက်ထားသောဓာတ်ပုံတွေမှာ Tattoo ထိုးပေးစွမ်းရှိတဲ့ Android Application ဖြစ်ပါတယ်။ ဒီကောင်းလေးမှာတော့ Tattoo ထိုးမယ် အရုပ်တွေ ,  ခပ်ခပ်မိုက်မိုက် Tattoo ပုံတွေ ပါဝင်းပါတယ်။Tattoo ထိုးချင်းသောဘော်ဒါတို့အတွက် အောက်မှာဒေါင်းသွားနိုင်ပါတယ်။ အသုံးပြုလို သူအတွက်ကတော့ Android OS Application 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်းsize ကတော့ 26.48 MBဖြစ်ပါတယ်။

November 30, 2015

" မိဘတွေ သဘောမတူဘူးဆိုရင် အထုပ်ပြင်ပေတော့...မနှေးစေနှင့် " (ဟိဟိ)

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....


ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

" သဘာဝလွန် ဖြစ်ရပ်ဆန်းများ - မဖဲဝါ အကြောင်း သိကောင်းစရာ "

 
သဘာဝလွန် ဖြစ်ရပ်ဆန်းများ - မဖဲဝါ
✅ မဖဲဝါအကြောင်း အထုပ္ပတ္တိ အပြည့်အစုံကတော့ နန္ဓာဒေ၀ီဆိုတဲ့ နာမည်နဲ့ ပါ။ လူ့ဘ၀က သူ့မူလနာမည်ဟာ နန္ဒာဒေ၀ီဖြစ်ပါတယ်။ နောက်ပိုင်း သူ့ရန်သူတွေက လိုက်လို့ ပြေးရစဉ်မှာ ဖလာဝဟဆိုတဲ့ ပါဠိ အနက်ကို စွဲလို့ မဖဲဝါလို့ အသံဖလှယ်ပြီး နာမည် ယူခဲ့တာ ဖြစ်ပါတယ်။ ဖလာဝဟဆိုတာ ပါဠိစကားပါ။ မြန်မာလို အကျိုးကိုဆောင်သည်လို့ အဓိပ္ပါယ်ရပါတယ်။ ဖလာဝဟ ကနေ ဖဲဝါ ဖြစ်လာတာပေါ့။
✅ သူ့အစ်ကိုကတော့ ဖိုးစံမှဲ့ဆိုတာ သိကြပါလိမ့်မယ်။ သူ့အစ်ကိုရဲ့ လူ့ဘ၀က မူလနာမည်ဟာ မင်းရဲကျော်ခေါင်ပါ။ နောက်ပိုင်းမှ စမ္မဆိုတဲ့ ပါဠိ အဓိပ္ပါယ်နဲ့ သူ့ကိုယ်သူ စံမှဲ့လို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။ စမ္မဆိုတာ မြန်မာလို စစ်တိုက်ရာမှာ သုံးသောည လွှား၊ ကာ စသဖြင့် အဓိပ္ပါယ်ရပါတယ်။ သူ့တစ်ဦးတည်းသော ညီမလေး (နန္ဒာဒေ၀ီတစ်ဖြစ်လဲ မဖဲဝါ) ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့သဘောပေါ့။
✅ နောက်ပိုင်းသူ ဆုံးသွားတော့ အုပ်ဂူမှာ ခင်ဖဲဝါအဖြစ် ကမ္ပည်းထိုးခြင်း ခံလိုက်ရရှာတယ်။ ဒီတော့ တစ်ချို့က မေးကြတယ်။ " ခင်စက်မေဆိုတာ မဖဲဝါလား၊ ဒါဆို နန္ဒာဒေ၀ီကရော ... မဖဲဝါနဲ့ ခင်စက်မေ ဘယ်လို ပတ်သက်လဲ " ဆိုတဲ့အကြောင်းတွေပါ။ နောက်ထပ်မေးခွန်းတစ်ခုလည်း ရှိပါသေးတယ်။`မဖဲဝါဆိုတာ ဘယ်ခေတ်က စပေါ်တာလဲ´ တဲ့။ကျနော့်အဖြေကို မပေးသေးပဲ မေးခွန်း၂ခုကို တစ်ဆက်တည်း ဖော်ပြရတာက အကြောင်းရှိပါတယ်။ အဲဒီ ၂ခုဟာ ဆက်စပ်နေလို့မို့ပါ။ နောက်က မေးခွန်းကို အရင်ဖြေပါ့မယ်။
✅ မဖဲဝါပေါ်ပေါက်ခဲ့တဲ့ ခေတ်ကာလနဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ အမျိုးမျိုးရှိနေပါတယ်။ ပါးစပ်ရာဇ၀င်အဆိုအရ ပုဂံအပျက် - ပင်းယခေတ် လောက်ကလို့ ဆိုကြတယ်။ ဒါပေမဲ့ ကျနော် မဖဲဝါစာအုပ်ရေးဖြစ်ခဲ့စေအောင် အဓိက အချက်အလက် စုဆောင်းပေးသူဖြစ်တဲ့ မိတ်ဆွေ သုဘရာဇာကြီးဆီမှာ ရှိတဲ့ ပုရပိုဒ်ဟောင်းကလေးမှာတော့ အင်းဝခေတ်နောက်ပိုင်းကျမှ သုသာန်စောင့်ဆိုတဲ့ နေရာမှာမဖဲဝါနာမည် ဖော်ပြထားတာ တွေ့ရပါတယ်။(အဲဒီ ပုရပိုဒ်အကြောင်းနဲ့ မိတ်ဆွေသုဘရာဇာကြီးအကြောင်း မဖဲဝါစာအုပ်ကျနော်ရေးဖြစ်စေခဲ့တဲ့ အကြောင်းတွေကို နောက်ပိုင်းမှာ သပ်သပ်ဆက်ပြောပါ့မယ်။ တရှည်တလျားပြောရမှာမို့ပါ)
✅ ပြောရရင်တော့ ဒီလို နတ်စိမ်းတွေရဲ့ အကြောင်းဟာ အထောက်အထား အပြည့်အစုံရှာဖို့ အတော်ခက်ပါတယ်။ ဒါက လူတွေရဲ့ ပါးစပ်ရာဇ၀င်မှာသာ တစ်ဆင့်စကားတစ်ဆင့်နားနဲ ပြန့်ပွားတတ်တာကိုး။ ဘာပဲဖြစ်ဖြစ် မဖဲဝါပေါ်ပေါက်လာခြင်းဟာ အနည်းဆုံး နှစ် ၃၀၀ ကျော်ဝန်းကျင် ရှိပြီလို့ ခန့်မှန်းရပါတယ်။ ရှေ့ပိုင်းမှာ ရေးထားခဲ့တဲ့ မေးခွန်းကို ဆက်ဖြေပါ့မယ်။
`ခင်စက်မေဟာ မဖဲဝါနဲ့ ဘယ်လို ပတ်သက်သလဲ´ ဆိုတဲ့ မေးခွန်းပါ။ လက်ရှိ မဖဲဝါဟာ ခင်စက်မေဖြစ်ပါတယ်။ ခင်ဖဲဝါပေါ့လေ။
ဘာကြောင့်ဆိုတာ ရှင်းပြပါ့မယ်။
✅ ဒီလောက်နှစ်တွေကြာမှတော့လဲ မူလမဖဲဝါ (နန္ဒာဒေ၀ီ) ဟာ လွတ်ကျွတ်ပြီပေါ့။ အင်မတန်အစွမ်းထက်တဲ့ နတ်ဝင်သည်တစ်ယောက်ကို ကျနော်ဆုံခဲ့ဖူးပါတယ်။ မဖဲဝါနဲ့ ဆက်သွယ်နိုင်သူလို့ ဆိုကြပါတယ်။ (တကယ်တော့ နတ်ဝင်သည်ဆိုတာ Medium ပါပဲ။ သူ့အစွမ်းထက်မှုအလိုက် မြင်အပ် မမြင်အပ်တဲ့ လောကအလုံးကို ဆက်သွယ်လို့ ရတယ်လို့ သိရပါတယ်) သူ့ပြောပြချက်အရတော့ မူလ မဖဲဝါဖြစ်တဲ့ နန္ဒာဒေ၀ီဟာ အာကာသစိုး ဆိုလား ဖြစ်သွားပြီဆိုပါတယ်။ ပရလောကမှာလဲ အဆင့်တက်သွားတာမျိုး ရှိသတဲ့။ သူ့ကို ရည်စူးပြီး အလှူဒါနပြုကြတာမျိုး၊ အမျှဝေတာမျိုးဆို သူတို့လည်း Promotion တက်သွားနိုင်တယ်နဲ့ တူပါရဲ့။
✅ ဒါပေမဲ့ မဖဲဝါဆိုတဲ့ နာမည်ခံယူထားသူကတော့ ရှိနေမြဲ ဖြစ်ကြောင်းသိရပါတယ်။ ဒါဟာ ဘွဲ့တစ်ခုလိုဖြစ်နေတယ်။ဒီအတွက် ဥပမာပြစရာလည်း ရှိပါတယ်။ ပုဏ္ဏကတိုက်တယ်တို့ အာဠာဝကစီးတယ်တို့ ခုထက်ထိ ကြားဖူးကြဦးမှာပါ။ ဒါပေမဲ့ မူလ ပုဏ္ဏကတို့ အာဠာဝကတို့တွေကတော့ ဘုရားရှင်တော်လက်ထက်မှာထဲက သံသရာက လွတ်မြောက်ရာလမ်းကို ရှေးရှုကုန်ကြပါပြီ။ အခုဆက်ရှိနေတာတွေက မူလ ဘွဲ့နာမကို ခံယူထားသူတွေသာ ဖြစ်ပါလိမ့်မယ်။မဖဲဝါလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်
✅ မဖဲဝါရဲ့ အလုပ်က သုသာန်တွေကို စောင့်ကြပ်တာပါ။ သုသာန်တွေမှာပဲ သူနေတယ်လို့ သိရပါတယ်။ အင်မတန်ဆိုးရွားတဲ့ အခြေအနေမျိုးမှာမှ ရပ်ထဲရွာထဲ သူဝင်သတဲ့။ အဲဒီလို ရွာထဲ ၀င်တဲ့အခါ ညဘက်တွေမှာ သူဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအခါ ခွေးတွေ အရမ်းဟောင်တယ်။ သံရှည်ကြီးတွေဆွဲပြီး အသည်းယားလောက်အောင် အူကြတယ်လို့ ပြောကြတယ်။
✅ ညဘက် မဖဲဝါ၀င်လို့မို့ ခွေးတွေအူတဲ့အခါ အဲဒီခွေးကို မအော်ရဘူး၊ မငေါက်ရဘူးလို့ အဆိုရှိပါတယ်။ ဒါကလည်း တောတွေဘာတွေ ၀င်ရင် နာမည် မခေါ်ရဘူးဆိုတဲ့ အယူမျိုးနဲ့ ဆင်နေတာ တွေ့ရပါတယ်။ တောဝင်တဲ့အခါ

"ကိုလံဘီယာ မူးယစ် ဘုရင်မကြီး၏ အတ္ထုပ္ပတိ ရုပ်ရှင်တွင် မင်းသမီး ကက်သရင်း ဇီတာဂျုံးဇ် သရုပ်ဆောင်မည်"

 
နယူးယော့ခ်၊ အောက်တိုဘာ ၃၁။ ကိုလံဘီယာ နိုင်ငံ၏ နာမည်ကြီး မူးယစ် ဘုရင်မကြီး Griselda Blancoဂရီဆဲလ်
ဒါဘလန့်ကို၏ အကြောင်း ရိုက်ကူးမည့် အတ္ထုပ္ပတိ ရုပ်ရှင် “Godmother” တွင် ဝေလ သရုပ်ဆောင် မင်းသမီး ကက်သရင်း ဇီတာဂျုံးဇ်က မူးယစ် ဘုရင်မကြီး အဖြစ် သရုပ်ဆောင်မည် ဖြစ်သည်။

catherine zeta jones

နိုင်ငံတကာ ရုပ်ရှင် ဈေးကွက်ကို ဦးတည်ပြီး ထုတ်လုပ် ရိုက်ကူးမည့် အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ အီဗာဆိုဟက်ဂ်က ရိုက်ကူးမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသို့ ကိုကင်းများ စတင် လှိမ့်ဝင်လာသည့် ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်များ အတွင်း ကိုလံဘီယာ မူးယစ် လောကတွင် ဘလန့်ကို တန်ခိုးထွား ခဲ့ချိန် များနှင့် အမေရိကန်တွင် အဖမ်း မခံရမီ နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည့် မီယာမီ မူးယစ် စစ်ပွဲ များတွင် ဘလန့်ကို၏ ပါဝင် ပတ်သက် မှုများကို အဆိုပါ ရုပ်ရှင်မှ

" မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာများထိ ဆင်းလာပြီး စပါးခင်းများကို ၀င်စား"

 
ဘူးသီးတောင်၊ နိုဝင်ဘာ၂၉

 မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ အဓိက ကျက်စားရာ တောင်တန်း တစ်ခု ဖြစ်သော မေယူတောင်တွင် သစ်များကို စည်းမဲ့ကမ်းမဲ့ ခိုးထုတ်နေကြ၍ သစ်တောများ ပြုန်းတီးလာသဖြင့် တောဆင်ရိုင်းများ အစားအစာ ရှားပါးလာကာ လူနေကျေးရွာများအထိ ဆင်းလာပြီး မှည့်နေသော စပါးစိုက်ခင်းများကို ၀င်ရောက် စားသောက်မှုများ ရှိနေကြောင်း သိရသည်။

သို့အတွက် မေယူတောင်တန်း အနီးရှိ တောင်သူလယ်သမားများ အနေဖြင့် အထူး အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း (ပ) အိုးသည်မ ကျေးရွာအုပ်စုရှိ စပါး စိုက်ခင်များသို့ နိုဝင်ဘာ (၂၈)နေ့ ညဥ့်အချိန်က မေယုတောင်တန်းမှ တောဆင်ရိုင်း ၁၀ ကျော် ၀င်ရောက်ပြီး စားခဲ့သဖြင့် စပါးစိုက်ခင်း ဧက အများအပြား ပျက်စီး ခဲ့သည်ဟု သိရသည်။

“ဆင်တွေက အုပ်စုလိုက်လာကြတယ်။ တစ်အုပ်စုမှာ ဆယ့်ကောင်၊ ဆယ့်ငါးကောင်ကောင် အဲသလို ပါတယ်။ အားလုံး ပေါင်းလိုက်ရင် အကောင်နှစ်ဆယ်လောက်ဖြစ်သွားတယ်။ သူတို့ တစ်ည ၀င်စားသွားရင် လယ် ဧက သုံးဆယ်လောက် ပါသွားတယ်။ သူတို့တွေက စပါးသီးနှံပေါ်ချိန်ဆိုရင် ခုလိုမျိုး မေယုတောင်တန်းကနေ လူနေ ရွာတွေထိ ဆင်းလာပြီး စပါးခင်းတွေကို ၀င်စားကြတယ်။ ဒီနှစ်တော့ အဆိုးဆုံးပါပဲ” ဟု ဖက်လိပ် ပေါက်တော ကျေးရွာနေ

"ကားပေါ်ကကျလာသည့် အရာများကို ရွှေထင်ပြီး လိုက်ကောက်လို့ လမ်းပိတ်"



တရုတ်နိုင်ငံမှာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ကားဟာ ပစ္စည်းတွေ သယ်ဆောင်လာရင်း ဖိတ်စင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖိတ်စင်ခဲ့တဲ့ အရာဟာ တောက်ပြောင်တဲ့ အရာဖြစ်ခဲ့တာကြောင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက်မှာ နေထိုင်သူတွေဟာ ရွှေအမှိုက်စတွေအဖြစ် ထင်မှတ်ပြီး လိုက်လံ ကောက်ယူခဲ့တာကြောင့် တစ်မြို့လုံး အနှေင့်အယှက် ဖြစ်သွားခဲ့ပါတယ်။ လမ်းပေါ်ကို လူရာပေါင်းများစွာ ထွက်လာပြီး ကောက်ယူခဲ့တာကြောင့် လမ်းပိတ်ဆို့ သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း Main အရပ်ဒေသမှာ ဖြစ်ခဲ့တာပါ။ ဒီဒေသဟာ သေးငယ်တဲ့ မြို့ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဟာ ကန့် (Sulphur) သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီလို သယ်ယူရာမှာ ဖိတ်စင်ခဲ့တာကြောင့် အထင်မှားမှုတွေ ဖြစ်ခဲ့တာပါ။ ဒေသခံတစ်ဦးက ဒီဖြစ်စဉ်ကို နံနက် (၆း၀၀) နာရီလောက်မှာ စတွေ့ခဲ့ရကြောင်း၊ နံနက် ( ၁၀း၀၀) ရောက်တဲ့အခါ မြို့လမ်းမတွေမှာ လူတွေ ပြည့်သွားကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ ကန့်ဟာ အဖိုးတန်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒေသခံတွေဟာ ဗဟုသုတ နည်းပါးပြီး ရွှေအမှိုက်စတွေ အထင်နဲ့ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသိမ်းဆည်းမူကြောင့် မြို့တွင်းမှာရှိတဲ့ ကန့်တွေကို သိမ်းဆည်း လှဲကျင်းစရာ မလိုတော့ကြောင်း နောက်ပြောင် နေကြပါတယ်။ တရုတ် လူမှုကွန်ရက် တွေမှာလည်း ဒီအကြောင်းအရာကို ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လောဘစိတ်ကြောင့် ကန့်တွေကို ရွှေအဖြစ်

November 29, 2015

" e-စီးကရက် ပေါက်ကွဲပြီး အမျိုးသားတစ်ဦး လည်ပင်းရိုးကျိုးကာ ကြောက်မက်ဖွယ်ဒဏ်ရာတွေ ရရှိ "

 
အီလက်ထရောနစ်စီးကရက်သောက်နေတုန်း မျက်နှာမှာပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးဟာ လည်ပင်းရိုး ကျိုးခြင်းနဲ့ အခြားဆိုးရွားတဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်၊ Cordero Caples ဆိုသူဟာ အလုပ်နားချိန်မှာ E- စီးကရက်သောက်နေတုန်း စီးကရက်က ထပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ကျောင်းသားဖြစ်သူ Cordero Caples ကို နီးစပ်ရာဆေးရုံဆီ ပို့ ဆောင်ခဲ့ရပြီး အရေးပေါ်နာ့ဗ်ကြောခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

"ဒီ E-စီးကရက်ကြောင့် လက်ပြတ်ရသူတွေလည်းရှိပါတယ်။ လူတွေဒီလောက်ဆိုးဆိုးရွားရွားခံစားနေရတာ ကျွန်မတို့ လက်မခံနိုင်ပါဘူး” လို့  Cordero Caples ရဲ့ အစ်မဖြစ်သူ Colessia Porter က ပြောပါတယ်။

“ ဒေါင်ဒေါင်မြည်ယောင်္ကျားကြီးတစ်ယောက်က E - စီးကရက်ကြောင့် အကြောသေရတော့မယ့် အခြေအနေ မှာ

" ချစ်သူတွေ ရေရှည်လက်တွဲသွားဖို့အတွက်ဆိုရင် ဒီအချက် (၇)ချက်ကို သိထားဖို့လို"

 
ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။
သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ အချိန်တွေအတိုင်း ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာယုယပေးပါ။

၂။သူငယ်ချင်းတွေရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ ပါဝင်ခြင်းမပြုလုပ်ပါနဲ့။
ကိုယ့်သူငယ်ချင်းနဲ့ သူကောင်မလေး လမ်းခွဲမယ့်ကိစ္စမျိုးတွေမှာ ကိုယ်က အားပေးအားမြှောက်ဝင်လုပ်တာမျိုး၊ အကြံဥာဏ်ပေးတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့နှစ်ဦး အဆင်ပြေအောင် ပြောဆိုပေးတတ်သူသာ ဖြစ်ပါစေ။ ဒီလိုဆို ကိုယ့်ချစ်သူကလည်း မသိစိတ်ကနေ ကိုယ့်ကိုယုံကြည်မှုတွေ ပိုလာမှာပါ။

၃။နားလည်မှုထားပါ။ နှစ်ဦးသဘောတူ တိုင်ပင်ထားတဲ့ အရာတွေကို အမြဲတမ်း ပြောဆိုပေးပါ။
နှစ်ဦးသား ဘယ်အချိန်မှာ ဘာတွေလုပ်မယ်။ နှစ်ယောက်မှာ တစ်ယောက်က အောင်မြင်သွားပါစေ၊ ကျန်တဲ့တစ်ယောက်က ပျော်ရွှင်ပေးနိုင်ရမယ်။ တစ်ယောက်ကလည်း ကိုယ့်ချစ်သူကို အထင်သေး၊ အမြင်သေး မဖြစ်ရဘူး။ ဘယ်လိုနေ့မျိုးလေးတွေမှာ ဘာတွေအတူတူလုပ်ကြမယ် စသဖြင့် နှစ်ဦးသားပြောခဲ့ဖူးတဲ့၊ တိုင်ပင်ခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့။ နိုင်ငံတကာမှာဆိုရင် ချစ်သူရည်းစားစုံတွဲတွေ၊ အိမ်ထောင်သည်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအောင်မြင်သွားတယ်ဆိုရင် ကွဲကြတာ များပါတယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေရဲ့ အောင်မြင်မှုအပေါ် စိတ်မသက်မသာဖြစ်လာတာကြောင့်လို့ သိရပြီး အမျိုးသမီးတွေကတော့ ငါတို့ဒီလောက်လုပ်နိုင်နေပြီပဲ။ ဘာ့ကြောင့်ဒီလို စိတ်ညစ်စရာကောင်းတဲ့ ဆက်ဆံရေးကနေ မစွန့်ခွာနိုင်ရမှာလဲ ဆိုပြီး တွေးတာကြလို့ပါတဲ့။

၎။လူမှုကွန်ယက်တွေ၊ ဖုန်းတွေထက် ချစ်သူကို အချိန်ပေးပါ။
နှစ်ဦးသားဆုံတွေ့ချိန်တွေမှာဖြစ်စေ၊ သူနဲ့အတူ မရှိချိန်တွေမှာဖြစ်စေ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်တွေကိုပဲ

" လင်စိတ်တို မယားနှာခေါင်း လင့်ဗိုက်ထဲရောက်"

တရုတ်နိုင်ငံမှာ ရှိတဲ့ လင်မယားနှစ်ဦး စကားများရာကနေ မထင်မှတ်တာတွေ ဖြစ်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ နှာခေါင်းကို ကိုက်ပြီး အသားစတွေကို မျိုချလိုက်ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ရှန်ဒေါင်ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဖုန်းဆက်တာကို ဇနီးဖြစ်သူက မကိုင်ခဲ့တာကြောင့် စကားများကနေ အခုလို ဖြစ်သွား ခဲ့တာပါ။ ဒီလင်မယားဟာ အရင်ကလည်း မကြာခဏ ပြဿနာ ဖြစ်ပွားတတ်တယ်လို့ အိမ်နီးချင်းတွေက ပြောကြားခဲ့ပြီး အတူ နေထိုင်ခြင်းလည်း မရှိကြောင်း သိရပါတယ်။ စက်တင်ဘာ (၆) ရက်နေ့မှာ ဇနီးဖြစ်သူဟာ ညဆိုင်း အလုပ်ဆင်းပြီးနောက် နံနက်ပိုင်းမှာ ပင်ပန်းပြီး အိပ်စက် နေခဲ့ပါတယ်။ ဒီအချိန်မှာ ခင်ပွန်း ဖြစ်သူက ဖုန်းဆက် ခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူဟာ ပင်ပန်းလွန်းတာကြောင့် ဖုန်းကို ကိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ ဒေါသတကြီး ရောက်လာပြီး ရန်ဖြစ်ခဲ့ပါတယ်။ ခင်ပွန်း ဖြစ်သူက ဇနီးဖြစ်သူကို လည်ပင်းညစ်ပြီး နှာခေါင်းကို ကိုက်ဖြတ်ပြီး မျိုချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးဖြစ်သူကို ဆေးရုံမှာ ကုသမူ ပေးနေရကြောင်း သိရပါတယ်။ ခင်ပွန်းဖြစ်သူကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စုံစမ်းမှုတွေ လုပ်နေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ဒီလို အဖြစ်မျိုးဟာ ပထမဆုံး မဟုတ်ဘဲ ၂၀၁၃ တုန်းကလည်း အမျိုးသားတစ်ဦးဟာ

" သူငယ်ချင်းတွေလို ရင်းနှီးနေသော ကျားနှင့် ဆိတ်"

 
  ကျားသည် အသားစား သတ္တ၀ါ ဖြစ်သောကြောင့် ဆိတ်တစ်ကောင်ကို မြင်တွေ့ပါက ကိုက်ဖြတ် စားသောက်မည်သာ ဖြစ်သည်။ သို့သော် ရုရှားနိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ရုံတွင် ကျားနှင့်ဆိတ်တို့သည် သူငယ်ချင်းများလို  ရင်းနှီးစွာ နေထိုင်နေခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ တိရစ္ဆာန် ရုံမှ တာဝန်ရှိသူများသည် ရက်သတ်္တပတ် တိုင်း ကျားများကို ယုန်နှင့် ဆိတ်အရှင်များ နှစ်ကြိမ် ကျွေးမွေးလေ့ ရှိသည်။ ယင်းဆိတ်ကို ကျားအတွက် အစာ အဖြစ် ကျွေးမွေး ထားခြင်း ဖြစ်သည်။ ဆိတ်သည် ကျားလှောင် အိမ်ထ ရောက်ပြီးနောက် သတ္တိရှိကြောင်း ပြသခဲ့သည်။ ဆိတ်သည် ကျားအိပ်စက်သည့် နေရာကို ၀င်ရောက် နေရာယူခဲ့သည်။ ထို့ကြောင့် ကျားသည် သူ၏ နေရာကို ပြောင်းပေး ခဲ့ရသည်။

          တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများက ဆိတ်ကို အလွန် သတ္တိရှိသူ အဖြစ် ချီးကျူးခဲ့ကြသည်။ ဆိတ်သည် ကျား၏ အစာဖြစ်သော်လည်း ကျားလှောင် အိမ်ထဲတွင် ကျားအိပ်စက်သည့် နေရာကို အခန့်သား ၀င်ရောက် နေရာယူခဲ့သည်။ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့ အနေဖြင့် ဆိတ်၏ အပြုအမူ အတွက် အံ့အားသင့်မိကြောင်း၊ ဆိတ်သည် အကြောက်အလန့် လုံးဝ မရှိကြောင်း၊ ကျား၏ နေရာကို ၀င်ရောက် အိပ်စက်လေ့ရှိကြောင်း၊ မိမိတို့သည် ယုန်နှင့် ဆိတ်အရှင်များကို ကျားများအား အပတ်စဉ် ကျွေးလေ့ ရှိကြောင်း၊ ထိုသို့ ကျွေးရာတွင် ကျားသည် အမြဲတမ်း စားလေ့ ရှိကြောင်း၊ ကျားများ၏ အမဲလိုက် ပုံစံ ပျောက်မသွားရန် ယုန်နှင့် ဆိတ်အရှင်များကို ကျွေးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုအခါ ကျားသည် ဆိတ်ကို မစားသည့် အပြင် နေစရာပါ ပေးထားကြောင်း ပြောကြားခဲ့သည်။ ဆိတ်သည် ကျားလှောင် အိမ်ထဲ ရောက်ရှိ နေသည်မှာ လေးရက် ရှိနေပြီး လက်ရှိ အချိန်အထိ ရင်းနှီးစွာ နေထိုင် လျက်ရှိသည်။ ထို့ပြင် ဆိတ်နှင့်

" နုပျိုစွာနေရေး လျှို့ဝှက်ချက် သက်ကြီးလေ့လာရေးက ဖော်ထုတ် "




အိစ်ရစ်ဂ်ျစခန်းတွင် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်နေကြသော သက်ကြီးရွယ်အိုများကိုတွေ့ရစဉ်။အေအက်ဖ်ပီ
မိုင်ယာမီ - နှုတ်ခမ်းကို ပန်းရောင်တောက်တောက်ဆိုးကာ ရံဖန်ရံခါ စီးကရက်သောက်
လေ့ရှိသော အသက် ၇၇ နှစ်အရွယ်ရှိ မေရီ ဟယ်လင်အက်ဘ်ဘော့သည်
သက်ကြီးရွယ် အိုများအနားယူနေထိုင်သည့် နေအိမ်တွင် အတင်း အဖျင်းများကို
အများနှင့်ရင်ပေါင် တန်းပြောဆိုလျက် စကတ်တိုတိုဝတ်ကာ ကိုယ်လက်ကြံ့ခိုင်ရေး
သင်တန်းသို့ သွားတက် လေ့ရှိသည်။
အံ့ဖွယ်သက်ကြီးရွယ်အို (Super agers) ဟု သိပ္ပံပညာရှင်များက ညွှန်းဆိုသည့်အက်ဘ် ဘော့သည် အသက်ကြီး
သည်အထိ ဉာဏ် ရည်ထက်မြက်ပြီး ကျန်းမာစွာ  နေထိုင်သွား နိုင်သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ရည်ရွယ်သည့်
 ဒေါ်လာ၃ ဒသမ ၂ သန်း ရင်းနှီးထားသော သုတေသနလုပ်ငန်းတွင် ပါဝင်နေသည်။ အချို့လူများက ဇရာဒုဗ္ဗလရောဂါခေါ်
 သက်ကြီးရွယ်အိုများ မှတ်ဉာဏ်ယိုယွင်းခြင်း(ဒီမင်းရှား)ကို ကုသရန်နှင့် ကာကွယ်ရန် ဆေးဝါးများကို ရှာဖွေကြသည်။
မိုင်ယာမီတက္ကသိုလ်က အာရုံကြောဆိုင်ရာစိတ်ပညာ ရှင် ဒေးဗစ်လိုဝင်စတိန်းက "ဦးနှောက်ပုံမှန် အလုပ်မလုပ်တဲ့
ဒီမင်းရှားရောဂါကို ကျွန်တော် လေ့လာတယ်။ ဦးနှောက်ရဲ့ လျှို့ဝှက် ဆန်းကြယ်မှုကို ဖော်ထုတ်ဖို့ဆိုရင် တချို့ လူတွေ ဘာကြောင့် အောင်မြင်စွာအသက် ကြီးရင့်သွားကြတယ်ဆိုတာကို သိဖို့လိုတယ်" ဟု ဆိုသည်။ အမျိုးသားကျန်းမာရေးဌာန
က ပံ့ပိုးပေး သော ငါးနှစ်ကြာ လေ့လာရေးက ဒီမင်းရှား ရောဂါရှိ မရှိ ဆေးစစ်မခံရသေးသူများ၊ စိတ် အနေအထားကောင်း၊ သို့မဟုတ် သိမြင်တတ်မှု အနည်းငယ်လျော့ပါးမှုဖြစ်သော မှတ်ဉာဏ်ယိုယွင်းခြင်း၏ အစောပိုင်းလက္ခ ဏာရှိသည့် အသက်
Subscribe

လာလည်သူများ

free counters