♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 2, 2015

"တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ပိုပြီး တန်ဖိုးထားတတ်ကြတာကိုတွေ့ရှိ"

လေ့လာမှု အသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ တက်တူးရှိတဲ့ အမျိုးသမီးတွေဟာ တက်တူး မရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီး ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ကြတယ်ဆိုတာပါပဲ။
တက္ကဆက် ပြည်နယ် နည်းပညာ တက္ကသိုလ်က သုတေသီတွေဟာ တက်တူးတွေနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ အာရုံခံစားမှု နဲ့ ကျန်းမာ ပျော်ရွှင်တဲ့ဘ၀ ကြားမှာရှိတဲ့ ပတ်သက်ဆက်နွယ်နေမှု ကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ ဒီ သုတေသန ကိုတော့ ဒေါက်တာ Jerome Koch က ဦးဆောင်ပြီး အမျိုးသမီးတစ်ယောက်မှာရှိတဲ့ တက်တူးအရေအတွက် နဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု အပါအ၀င် စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု တွေကို နှိုင်းယှဉ် လေ့လာကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် ၆ ခု ကနေ လူဦးရေ ၂၃၉၅ ယောက်တို့ကို စစ်တမ်းကောက်ယူလေ့လာခဲ့ပါတယ်။ ၆၇ ရာခိုင်နှုန်းကတော့ လူဖြူတွေဖြစ်ကြပြီး ၅၉ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြကာ ၈၂ ရာခိုင်နှုန်းကတော့ အသက် ၁၈ ကနေ ၂၀ ကြားဖြစ်ကြပါတယ်။
ထို သုတေသနအရတော့ တက်တူး ၄ ခုနှင့်အထက်ရှိတဲ့ အမျိုးသမီးတွေဟာ တက်တူး ၄ ခုမပြည့်တဲ့ အမျိုးသမီးတွေထက် "ကိုယ့်ကိုကိုယ်တန်ဖိုး ထားတတ်မှု ပမာဏ သိသာထင်ရှားစွာ မြင့်မားနေတယ်" လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ထပ်ပြီး ဖော်ပြထားတဲ့ သုတေသန ရဲ့ ရလဒ် တစ်ခုကတော့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှု ပမာဏ မြင့်မား တဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားအားထုတ်မှု ၄ ကြိမ်ထက် မနည်း ရှိခဲ့ဖူးတာကိုလည်းတွေ့ရပြန်ပါတယ်။ ဒါပေမယ့် အကြောင်းအရာ မမှားသွားပါနဲ့။ ဒီလေ့လာမှု ဟာ တက်တူးတွေနဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှု တွေရဲ့ ပတ်သက်မှု ကို ဖော်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ ယနေ့ခေတ် ယဉ်ကျေးမှု မှာ ပျံ့နှံ့ခေတ်စားလာတဲ့ တက်တူနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကြောင်းအရာတွေကိုသာ သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref:elitedaily.com
Credit : http://www.trend.com.mm/2015/12/01/lifestyle-8226

No comments:

Subscribe

လာလည်သူများ

free counters