♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 3, 2015

" အံ့ရော..အံ့ရော..ဗိုက်နာပြီး ရင်ပူကာ ခွဲစိတ်ရာမှ သည်းခြေကျောက် အလုံးပေါင်း ၁၂၀၀၀ ခန့်တွေ့ရှိခဲ့ရ "


အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှ အံ့ဖွယ် သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ကို ဖယ်ရှားပေးခဲ့ရတဲ့အတွက် ဆရာဝန်တစ်ယောက်ဟာ အံ့အားသင့်ခဲ့ရပါတယ်။ ယခုလို သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ ထွက်ရှိလာတာဟာ ကမ္ဘာ့စံချိန်တစ်ခု ဖြစ်မယ်လို့လည်း ယူဆရပါတယ်။

အသက် ၅၁နှစ် ရှိပြီဖြစ်တဲ့ Minati Mondal ဟာ ၂လကြာ ဗိုက်နာပြီး ရင်ပူတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ပတ်က သူမဟာ အိန္ဒိယနိုင်ငံ Kolkata မြို့၊ Debdoot Sevayan ဆေးရုံကို လာရောက်ပြသခဲ့ပြီး စမ်းသပ်မှုတွေနဲ့ အာထရာစောင်းရိုက်ပြီးတဲ့နောက်မှာ သူမ သည်းခြေကျောက်တည်နေမှန်းသိခဲ့ရပါတယ်။

သူမရဲ့ သည်းခြေအိတ်ထဲမှာ ဆားနဲ့ ကိုလက်စထရောတွေ ပါဝင်တဲ့ အခဲတွေရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်များများ
သည်းခြေကျောက်တွေကို တွေ့ရမယ်လို့ ဆရာဝန်တွေက ထင်မှတ်မထားခဲ့ပါဘူး။

သူမကို ၄နာရီကြာ ခွဲစိတ်ခဲ့ရပြီး ၂မီလီမီတာမှ ၅မီလီမီတာ အရွယ်အစားရှိတဲ့ ကျောက်တွေကိုဖယ်ရှားဖို့ မိနစ် ၅၀ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

( Skyler )
Credit : http://www.searchmyanmar.com/#content-55754

No comments:

Subscribe

လာလည်သူများ

free counters