♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ထူးဆန်းအံ့ဘွယ်. Show all posts
Showing posts with label ထူးဆန်းအံ့ဘွယ်. Show all posts

September 23, 2016

အိမ်သာထဲ ဖုန်းပြုတ်ကျတာ ပြန်ကောက်ဖို့ ကြိုးစားရင်း ဆိုးရွားလွန်းတဲ့ အခြေအနေနဲ့ ကြုံလိုက်ရတဲ့ အမျိုးသား

 အိမ်သာ, ဖုန်း, ပြုတ်ကျ
 အိမ်သာ, ဖုန်း, ပြုတ်ကျ

တရုတ်နိုင်ငံ Guandong ဒေသက အမျိုးသားတစ်ဦးဟာ သူ့ရဲ.အိမ်က အိမ်သာထဲ ဖုန်းလွတ်ကျတာကို ပြန်ကောက်ဖို့ ကြိုးစားရင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပါတယ်။
ဖြစ်ရပ်ကတော့ ဗုဒ္ဒဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မနက် ခြောက်နာရီခွဲကျော်မှ သူ့ကို ကယ်ထုတ်နိုင်ခဲ့တာပါ ။ မီးသတ်သမားတွေ ရောက်လာချိန်မှာ ဒီအမျိုးသားဟာ အိမ်သာ ကြမ်းပြင်မှာ လက်တစ်ဖက်က အိမ်သာခွက်ထဲ နှိုက်လျှက် ပြန်ထုတ်မရတဲ့ အခြေအနေနဲ့ တွေ့ရတာပါ။
အမျိုးသားဟာ အိမ်သာထဲမှာ အခုလို အခြေအနေနဲ့ မနက် ၂ နာရီထဲက ကြုံတွေ့ခဲ့ရပေမယ့် ကံဆိုးချင်တော့ သူက အိမ်မှာ တစ်ယောက်တည်း နေတာမို့ ဘယ်သူကမှ မကူနိုင်ခဲ့ပါဘူး ။ သူ့အော်ဟစ်သံကိုလည်း ဘယ်သူမှ မကြားပဲ မနက် ငါးနာရီထိုးမှ အိမ်နီးချင်းက ကြားခဲ့တာပါ ။ အိမ်နီးချင်းက မီးသတ်သမားတွေကို အကူအညီတောင်းဖို့ နောက်ထပ် တစ်နာရီ

တရုတ်ပြည်က လူချမ်းသာတစ်ဦးရဲ.သားက သူ့ခွေးအတွက် iPhone 7 ရှစ်လုံးဝယ်ပေးခဲ့

 iPhone 7
 iPhone 7
 iPhone 7
Coco လို့ အမည်ရှိတဲ့ ခွေးမလေးဟာ သူမရဲ. လက်ဆောင်သစ်တွေနဲ့ အတူ တွဲရိုက်ထားတဲ့ ပုံရိပ်တွေ လူမှုကွန်ယက်ပေါ် ရောက်လာပါတယ်။
သူမရဲ. ပိုင်ရှင်က သူမအတွက်ဆိုပြီး iPhone 7 ရှစ်လုံးဝယ်ပေးထားတာပါ ၊ သူမရဲ. ပိုင်ရှင်ကတော့ တရုတ်သူငှေး Wan

August 14, 2016

" ရည်းစားတစ်ယောက်ထဲကိုဝေမျှချစ်တဲ့ အမွှာညီအမ "


 
တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြ
ပါတယ်။ အလုပ်၊ကား၊ဖေ့ဘွတ်အကောင့်အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက် ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ် ကအစတူသထက်တူအောင် ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစ လို့ အသေးစိတ်တူညီအောင်ပြုပြင် ခွဲစိတ် တာ ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာ ကုန်ကျခဲ့ပါတယ်။ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။ အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။
မိခင်နဲ့ အတူတူနေထိုင်တဲ့ အန်နာနဲ့ လူစီဟာ ရည်းစားကိုတောင်တစ်ယောက်ထဲ ထားပါတယ်။ သူတို့ ရည်းစားက

" မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိပေမယ့် မှုခင်းလုံးဝမဖြစ်တဲ့မြို့ "

 
တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်ခုမှာ ရဲအရာရှိတစ်ဦးသာရှိပေမယ့် အဲဒီမြို့ငယ်လေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘယ်လိုမှုခင်းမျိုးမှ ဖြစ်ပွားခဲ့တဲ့မှတ်တမ်းမရှိပါဘူး။ မြို့ငယ်လေးကိုတာဝန်ယူထားရတဲ့ ရဲအရာရှိကလည်း မျက်လုံးရေတိမ်စွဲလို့ မျက်စိအမြင်အာရုံချို့တဲ့နေသူ တစ်ဦးဖြစ်ပါတယ်။


ထူးဆန်းစွာနဲ့ပဲ မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိတဲ့ ဂွီဇူးဒေသက လန်ဘာဆိုတဲ့မြို့ကလေးဟာ မှုခင်းမဖြစ်ပွားပဲ အေးချမ်းစွာနဲ့နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။ မြို့ကလေးရဲ့ တစ်ဦးတည်းသော ရဲအရာရှိ ပန်ယွမ်ဟာ ၂၀၀၂ ခုနှစ်ကစပြီး မျက်လုံးရေတိမ်ရောဂါကြောင့် အမြင်အာရုံချို့တဲ့ခဲ့ရသူဖြစ်ပါတယ်။ သူဟာ အလင်းရောင်းအနည်းငယ်ကိုသာ အလင်းအမှောင်ခွဲခြားသိမြင်နိုင်ရုံလောက်ပဲရှိပြီး ပုံရိပ်တွေကို မမြင်နိုင်တဲ့ ရဲအရာရှိဖြစ်ပါတယ်။ စီချွမ်ရထားလမ်းဘေးနားက ရဲစခန်းမှာရုံးထိုင်တဲ့ရဲအရှာရှိယွမ်ဟာ ကျေးရွာသုံးခုကို တာဝန်ယူပေးရသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဲဒီဒေသမှာ ရာဇဝတ်မှုတစ်ခုမှ မဖြစ်တဲ့အပြင် ယာဉ်တိုက်မျိုးတောင် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့

June 26, 2016

" ချစ်သူဘေးမှာ ထိုင်ချင်တဲ့ ခရီးသည်အမျိုးသမီးက လေယာဉ်မယ်ကို ခေါက်ဆွဲပြုတ်ရည်ပူတွေနဲ့ လောင်းချခဲ့ "

 
Thai AirAsia လေယာဉ်တစ်စီးပေါ်မှာ ရုပ်ရှင်ဆန်ဆန်ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဓါတ်ပုံရိုက်ယူထားတဲ့ အကြောင်းပါ။

လေယာဉ်မယ်တစ်ဦးကို ရေနွေးပူတွေနဲ့ ပက်လိုက်တဲ့ ခရီးသည်တစ်ဦးနဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မှ တရုတ်ပြည် Nanjing ကို ပျံသန်းမယ့် လေယာဉ်ပေါ်ရှိ တရုတ်ပြည်က အမျိုးသမီးခရီးသည်ဟာ ချစ်သူဘေးမှာ မထိုင်ရတဲ့အတွက် ဆူပူသောင်းကျန်းခဲ့ပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်ရှိ ခရီးသည်တွေဟာ ဖုန်းတွေထုတ်ပြီး ဒီအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပြီး လေယာဉ်မယ်လေးကတော့ မျက်နှာကိုလက်နဲ့ကာထားပြီး နာကျင်စွာအော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။

ရလဒ်ကတော့ တရုတ်ပြည်အရှေ့ပိင်းကို မိနစ် ၉၀ စာ ပျံသန်းရမယ့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဘန်ကောက်လေဆိပ်ကို ပြန်လည်ပျံသန်းခဲ့ပြီး အရေးပေါ်လေယာဉ်ဆင်းသက်မှု ပြုလုပ်ခဲ့ရတာပါပဲ။

ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်လွှားက စိတ်ဝင်စားခဲ့ကြပြီး တရုတ်ခရီးသွားတွေကိုတော့ “ လူရိုင်းလူကြမ်းကြီးများ “ လို့

" လိင်ဆက်ဆံရင်း သေဆုံးခဲ့တဲ့ အမျိုးသားကို ခေါ်သွားရာမှာ ပြည့်တန်ဆာမပါ တွဲရက် ပါသွား "

 
လိင်ဆက်ဆံနေရင်း သေဆုံးသွားခဲ့တဲ့ ပင်စင်စားတစ်ဦးကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက သူ့အိမ်ထဲကနေ ဘီးတပ်ကုတင်နဲ့ ဆွဲထုတ်သွားခဲ့ရာမှာ သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ပြည့်တန်ဆာမဟာလည်း တွဲရက် ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို ထူးဆန်းတဲ့ ဗီဒီယို ဟာ အွန်လိုင်းမှာလည်း အကြိမ်ရေ ထောင်ပေါင်းများစွာ ဝေမျှခြင်းခံခဲ့ရပါတယ်။ ထို သေဆုံးသူ အမျိုးသားဟာ ဘီးတပ်ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အပေါ်မှာလည်း အမျိုးသမီး တစ်ဦးလို့ ထင်မှတ်ရသူတစ်ဦးဟာ ကပ်လျက် ပါဝင်နေပြီး အပေါ်ကနေ စောင်အပြာ တစ်ထည်နဲ့ ဖုံးအုပ်ထားခဲ့တာကို တွေ့ရပါတယ်။

ပြောဆိုနေကြတာကတော့ ထို အသက်ကြီးကြီး အမျိုးသားဟာ မသေဆုံးခင်အချိန်အထိ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ ရှားပါးဖြစ်စဉ်တစ်မျိုးပါ။ ဒါကိုတော့ “Penis Captivus” လို့ခေါ်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံနေစဉ်အတွင်း အတူတကွ ညပ်သွားတဲ့အနေအထားမျိုးပါ။

ဒါဟာ အမျိုးသမီးဘက်က ပြီးမြောက်မှု(Orgasm) ဖြစ်တဲ့အချိန်မှာ မိန်းမအင်္ဂါတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေက ကျုံ့ လိုက်တဲ့တွက် ယောကျာင်္းအင်္ဂါ ကို ဖြစ်ညှစ်ပစ်လိုက်တဲ့ အနေအထားမျိုးပါ။ များသောအားဖြင့်တော့ စက္ကန့်အနည်းငယ်သာ

June 24, 2016

" ဓါတ်လိုက်ရာမှ သံလိုက်စွမ်းအားတွေ ရသွားခဲ့သူ "

 Vsgmo05zjnotkjc6us98
ရုရှားနိုင်ငံမှ အသက်၁၂ နှစ်အရွယ် Nikolai Kryaglyachenko ဆိုသူ ကျောင်းသားလေးတစ်ဦးဟာ တစ်နေ့မှာ ပြင်းထံတဲ့ ဓါတ်လိုက်မှု့တစ်ခုကို ခံခဲ့ရပါတယ်။ သူဟာအဲ့ဒီဖြစ်စဉ်မှာ ကံကောင်းလို့မသေခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ထူးခြားတဲ့အစွမ်းတွေရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သတ္တုပစ္စည်းတွေ သူ့ခန္ဓာကိုယ်မှာ ကပ်ထားနိုင်တာပဲဖြစ်ပါတယ်။ သူ့ကို X Men ဇာတ်ကားထဲက Magneto အဖြစ် ခေါ်တွင်ခဲ့ကြပြီး စတီးဇွန်းတွေ၊ အကြွေစေ့တွေ စတဲ့သတ္တုပစ္စည်းတွေကို သူ့ခန္ဓာကိုယ်မှာ အချိန်ကြာကြာကပ်ထားနိုင်တာ ဖြစ်ပါတယ်။

အောင်ခန့်

Credit : http://www.momolay.com/p/20850/text

" Snake Boy လို့ နာမည်ပြောင်း အခေါ်ခံရတဲ့ အိန္ဒိယလူငယ် "

 Ewxfvcbf96vmgppuigty
အသက် ၁၃ နှစ်အရွယ် အိန္ဒိယလူငယ်လေး Aditya Kumar Jangum ဖြစ်ပါတယ်။ သူဟာ Maharashtra ပြည်နယ်၊ ဆိပ်ကမ်းမြို့ Ratnagiri နားမှာ နေထိုင်သူဖြစ်ပြီး ခန္ဓာကိုယ်ကို မြွေလိမ်မြွေကောက် အမျိုးမျိုးပြောင်းလဲနိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကြောင့် ဇာတိမှာ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
-
သူဟာ ဒီလိုဖြစ်လာဖို့ အချိန် ရှစ်နှစ်အထိ သင်ယူလေ့ကျင့်ခဲ့ရပြီး ဖခင်နဲ့ သူငယ်ချင်းတွေရဲ့ အံ့အားသင့်မှုကို ခံခဲ့ရပေမဲ့ မကျေနပ်နိုင်သေးဘဲ သူ့နာမည်ကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းမှာ ရေးထိုးခံရဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
-
သူ့ကို ဒီလိုမျိုးဖြစ်လာဖို့ လေ့ကျင့်သင်တန်းပေးခဲ့တဲ့ နည်းပြ Kopler ဟာ ကလေးတွေကို နှစ်အတန်ကြာ

June 21, 2016

" မြေကြီးမစားရ မနေနိုင်သူများ "

 
မြေကြီးစားတဲ့ အကျင့်က ထူးဆန်းစွာနဲ့ ကမ္ဘာ့အစိတ်အပိုင်းအချို့မှာ ရှိနေပြီး မူမမှန်တဲ့စားခြင်းလို့ သတ်မှတ်တဲ့သူတွေရှိသလို လှိုက်လှိုက်လှဲလှဲကို အားပေးတဲ့သူတွေလည်း ရှိပါတယ်။ ဘာကြောင့် လူတွေက ညစ်ပတ်ပါတယ်ဆိုတဲ့ မြေကြီးကို စားလိုကြပါသလဲ။

အမေရိကန်နိုင်ငံ ကော်နဲတက္ကသိုလ်က မြေကြီးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sera Young ကမြေကြီးစားတဲ့အကျင့်က ကမ္ဘာတစ်ဝန်းမှာ ရှည်လျားတဲ့ သမိုင်းချီပြီး ရှိလာခဲ့ပါတယ်လို့ ဆိုပါတယ်။Young က ဒီအပြုအမူနဲ့ ပတ်သက်ပြီး လေ့လာခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက အလားတူ ဖြစ်ရပ်ပေါင်း ၅၀၀ ကျော်ကို အသေးစိတ်သုတေသနပြု လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။ မြေကြီးစားတဲ့ အလေ့ကို တွေ့ရှိရအများဆုံးနိုင်ငံတွေကတော့ အာဂျင်တီးနား၊ အီရန်နဲ့ နမီးဘီးယားတို့ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသမှာ တွေ့ရများသလို မြေကြီးစားတဲ့သူတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေက အဓိကပဲ ဖြစ်ပါတယ်။

ဒီလို စားစရာမဟုတ်တဲ့ အရာကို ချဉ်ခြင်းတပ်တာက တော်တော်များများ ဖြစ်လေ့ရှိပြီး မျက်စိအောက်မှာတင် ဖြစ်နေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။Young က နယူးရော့ခ်မြို့က နာမည်ကြီး အော်ပရာအဆိုတော်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က

June 11, 2016

" ရွှေဒင်္ဂါးအပြည့်တင်ထားသည့် ပေါ်တူဂီ ရှေးဟောင်းသင်္ဘောတစ်စီး နမ်မီဘီးယားမှာ တွေ့ရှိ "

 
လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက သင်္ဘောသားတွေအားလုံးနဲ့ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။ အာဖရိက အနောက်တောင်ပိုင်းက နမ်မီးဘီးယား ကန္တာရတစ်ခုထဲမှာ ရွှေဒင်္ဂါးပြားတွေ အပြည့်တင်ဆောင်ထားတဲ့ ပေါ်တူဂီရှေးဟောင်း သင်္ဘောတစ်စီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စိန်တူးဖော်ရေးကုမ္ပဏီတစ်ခုက ကျောက်တွင်းလုပ်သားတွေက တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ် ဒီသင်္ဘောပျက်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ သင်္ဘောပျက်ဟာ ၁၅၅၃ ခုနှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ပေါ်တူဂီ ကုန်တင်သင်္ဘောဖြစ်တယ်လို့ သိရပါတယ်။ သဘောင်္ပေါ်မှာ ပါရှိတဲ့ ရွှေဒင်္ဂါးတွေရဲ့ ကာလတန်ကြေးက စုစုပေါင်း စတာလင်ပေါင် ၉ သန်းလောက် ရှိမယ်လို့ သိရပါတယ်။

စပို့တင်း လစ္စဘွန်ကနေ အိန္ဒိယကို သွားခဲ့တဲ့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေအားလုံး သတင်းအစရှာမရအောင် နမ်မီးဘီးယားမှာ ပျောက်ဆုံးသွားခဲ့တာပါ။ အဆိုပါသင်္ဘောပျက်ကို ပင်လယ်အနီးက ထုံးကျောက်ဆောက်အောက်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သင်္ဘောပျက်အပေါ်မှာ ရှာဖွေတွေ့ခဲ့တဲ့

June 5, 2016

" သေသွားတဲ့ခင်ပွန်းရဲ့ အရိုးပြာကို ရင်သားထဲ ခွဲစိတ်ပြီး ထည့်လိုက်တဲ့ အမျိုးသမီး "

The woman who had her dead husband's ashes sewn into her breast implants
Sandi Canesco, 26, of Sydney, Australia
မိမိရဲ့ရင်သားထဲကို သေသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့သဂြိုဟ်ပြီးသား ပြာတွေကို ခွဲစိပ်ထည့်သွင်းလိုက်မယ်ဆိုရင် လက်ကျန်မုဆိုးမဘဝ မှာ ခင်ပွန်းနဲ့အတူ အနီးစပ်ဆုံးနေထိုင်နိုင်လိမ့်မယ်လို့ ဆိုလာတဲ့ သြ စတြေးလျ လင်သေဇနီးသည်တစ်ဦးက သူမရဲ့ စိတ်ကူးတွေကိုအ ကောင်အထည်ဖော်ခဲ့လိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် လောလောလတ်လတ် မုဆိုးမလေး ဆန်ဒီ ကန်နက်စကိုက ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားတဲ့ ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးလိုက်ရတာကြောင့် အရမ်းကိုနာကျင်ခံစားနေရပါ တယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူကိုလည်း ပြန်လိုချင်တောင့်တနေပြီး သတိရလွမ်းဆွတ်နေခဲ့ပါတယ်။

သူမရဲ့ဒီလိုမျိုး လွမ်းဆွတ်တောင့်တကြီးလွန်းမှုတွေအတွက် ဖြေ သိမ့်ရာအဖြစ် သူမရဲ့နှလုံးသားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ရင်သား

June 3, 2016

" အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ "

01-06-2016
မလေးရှားနိုင်ငံမှာ အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။ ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ ဆေဒင်အမည်ရှိ လူငယ်လေးဟာ ပြီးခဲ့တဲ့ (၄)လလောက်ကတည်းက ၀မ်းဗိုက်နာကျင်မှုကြောင့် ဆေးရုံတင်ကုသ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်အထိ ဆရာဝန်တွေက ဘယ်လိုအကြောင်းရင်းမျိုးကြောင့် ၀မ်းဗိုက်နာကျင်ရတယ်ဆိုတာကို အဖြေရှာမရခဲ့ဘဲ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ အစာအိမ်ထဲမှာ သန္ဓေသားရှိနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 ဆေဒင်ရဲ့ ဗိုက်ထဲက သန္ဓေသားဟာ သူနဲ့အတူသန္ဓေတည်ခဲတဲ့ အမွှာဖြစ်ပြီး၊ အဲဒီ သန္ဓေသားဟာ အောင်မြင်ဖွံ့ဖြိုးခြင်း မရှိဘဲ ဆေဒင်ရဲ့ အစာအိမ်ထဲကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို မအောင်မြင်တဲ့ သန္ဓေသားတွေအသက်ရှင်လျက် မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ ဆေဒင်ရဲ့အစာအိမ်ထဲမှာ တွေ့ရှိခဲ့တဲ့ သန္ဓေသားဟာ တော်တော်ဖွံ့ဖြိုးနေပြီး ဆံပင်တွေတောင်ပေါက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန္ဓေသားဟာ ယောင်္ကျား၊ မိန်းမကွဲပြားတော့မဲ့ အခြေအနေထိရောက်နေပြီး ခြေထောက်တွေတောင် ဖွံ့ဖြိုးနေပြီဖြစ်တယ်လို့

May 31, 2016

" ခန္ဓာကိုယ်မှာ အလံပေါင်း သုံးရာကျော် တက်တူးထိုးထားတဲ့အဘိုးအို "

 Cxkjz6i1wpmsyr3h42re
အိန္ဒိယနိုင်ငံမှ အသက် ၇၄ နှစ်အရွယ် HarParkash Rishi, ဆိုသူဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တက်တူးများထိုးထားရာ သူ့ရဲ့ ခန္ဒာကိုယ် တစ်ခုလုံးမှာ အလံပေါင်း သုံးရာကျော် ထိုးထားပြီး စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
-
လက်ရှိအချိန်မှာ အဘိုးအိုရဲ့ ခန္ဓကိုယ်တစ်ခုလုံးမှာ စုစုပေါင်း တက်တူးအရုပ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဘိုးအိုက “ကျွန်တော် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်လို့ ၀မ်းသာပျော်ရွင်ရပါတယ်” လို့ ပြောဆိုပါတယ်။
-
သူ့ရဲ့ ခန္ဓာကိုယ်အတွင်း ထိုးထားတဲ့တက်တူးများထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်များရဲ့ ရုပ်ပုံများပါဝင်ပြီး အမေရိကန်သမ္မတအိုဘားမား၊ ဗြိတိန် ဘုရင်မကြီး အဲလိစဘတ်နဲ့ အိန္ဒိယလွတ်လပ်ရေးဖခင် ဂန္ဒီ ရုပ်ပုံများလည်း

May 30, 2016

" ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေကို သယ်ဆောင်လာပုံ "

 Mx8t9yapassjrxhtb1cr
ပြီးခဲ့တဲ့ စနေန့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou စီရင်စု၊ Shibing County မှာ ၇၇ ဒသမ ၈ မီတာ(၂၅၅ ပေ) ရှည်တဲ့ သစ်သားနဂါးလှေကြီးကို ခန္ဓာသန်စွမ်းတဲ့ အမျိုးသား ၁,၆၀၀ က မြစ်အတွင်းကို သယ်ဆောင်လာခဲ့ကြပုံကို မေ ၂၉ ရက်က People’s Daily, China သတင်းစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
-
ဒီနဂါးလှေကြီးကို ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေကြီးအဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ဂင်းနစ်စံချိန်မှတ်တမ်းတင်အဖွဲ့ကို တောင်းဆိုမှုတွေ ပြုလုပ်ထားပြီး မှတ်တမ်းတင်အဖွဲ့ကြီးဆီကနေလည်း

May 29, 2016

" ၆ လသမီးလေးက ကမ္ဘာ့အသက်ငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာ "

 
Florida ရှိ ၆လအရွယ် မိန်းကလေးငယ်လေးဟာ ဒေသတွင်း ကန်တစ်ကန်မှာ ၂ ကြိမ် တိုင် ကြိုးစားပြီးနောက်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာခဲ့ပါတယ်။

World Barefoot Center က Winter Haven, Fla ရှိ Lake Silver ကန်အတွင်း ၆၈၄.၄ ပေအထိ ရေပေါ်စကိတ်စီးနိုင်ခဲ့တဲ့ ၆လနဲ့ ၂၇ ရက်ရှိပြီဖြစ်တဲ့ Zyla ရဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်နေ့က

May 27, 2016

" ကမ္ဘာ့အသေးဆုံးနိုင်ငံ အန်ကလပ်ဗ်ဗာ "

 
ကမ္ဘာ့ နိုင်ငံ အသစ် ၊ အန်ကလပ်ဗ်ဗာကနေ ကြိုဆိုပါတယ်။

အတိုင်းအတာ အားဖြင့် ၉၃ စတုရန်းမီတာ သာ ကျယ်ဝန်းတဲ့အတွက် ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံလို့လည်း ပြောလို့ရပါတယ်။

စလိုဗေးနီးယား နိုင်ငံ နဲ့ ခရိုအေးရှား နိုင်ငံတို့ရဲ့ နယ်စပ်နေရာမှာ တည်ရှိပြီး စတင်တည်ထောင်တဲ့သူတွေ ကတော့ နှစ်နိုင်ငံလုံးပိုင်ဆိုင်တဲ့ နယ်နိမိတ်မဟုတ်တဲ့ အတွက် ထိုနယ်မြေမှာ နိုင်ငံတစ်နိုင်ငံ ထူထောင်လို့ရနိုင်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

စတင်တည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Piotr Wawrzynkiewicz ဆိုသူကတော့ "လူတိုင်း အသားအရောင်ခွဲခြားမှုတွေကိုမေ့ပြီး၊ ဘာသာတရားနဲ့ နိုင်ငံသား ခွဲခြားမှုတွေကိုမေ့ပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြခွင့်ရှိမယ့် ၊ လွတ်လပ်စွာ သင်ကြားခွင့်ရှိမယ့် ၊ အခွန်ကိစ္စ ပူစရာမလိုပဲ ပိုက်ဆံ ရှာနိုင်မယ့် နေရာသစ်တစ်ခုကို ဖန်တီးချင်တာပါ" လို့ သူတို့ရဲ့ နိုင်ငံ တစ်နိုင်ငံ ထူထောင်ရခြင်း အကြောင်းအရင်း ကို ပြောပြပါတယ်။

ထို နိုင်ငံမှာတော့ နိုင်ငံသားတွေမရှိကြသေးပါဘူး။ ထိုနိုင်ငံဟာ စလိုဗေးနီးယား နိုင်ငံက Metlika မြို့နဲ့ အနီးမှာ တည်ရှိပြီး ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် Zagreb ရဲ့ အနောက်ဘက် ၅၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။

Enclava ဟာ တစ်လအတွင်း ဖြစ်တည်လာတဲ့ ဒုတိယမြောက် နိုင်ငံငယ်(Micro Nation) ဖြစ်ကြောင်းကို ထို နိုင်ငံကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၀င်ရိုးစွန်းနိုင်ငံများ အဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုနိုင်ငံမှာ အင်္ဂလိပ် ၊ ပိုလန် ၊ စလိုဗေးနီးယား ၊ ခရိုအေးရှား နဲ့ မန်ဒါရင် ဘာသာစကား ၅ မျိုးကို အသုံးပြုမှာဖြစ်ပြီး မကြာမီ နှစ်အနည်းငယ်အတွင်း မှာ လူဦးရေ တိုးပွားလာလိမ့်မယ်လို့ တည်ထောင်သူတွေကဆိုပါတယ်။ ထိုနိုင်ငံမှာ

May 26, 2016

" ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန်ဆောင်သည် အသက်၅ နှစ်ကလေး ငယ် "

lina medina
ဆေးပညာသမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန် ဆောင် မိန်းကလေးတစ်ဦးအဖြစ် ပီရူးနိုင်ငံက လီနာမီဒီနာဆိုသူကို မိန်းကလေးကို သတ်မှတ်ထားပါတယ်။ အသက် ၅ နှစ်အရွယ်က တည်းက ကိုယ်ဝန်ကိုလွယ်ထားရပြီး သူမရဲ့လွယ်ထားရတဲ့ သား ယောက်ျားလေး ကိုယ်ဝန်ကို ၇ လနဲ့ ၂၁ ရက်မှာ မွေးဖွားပေးနိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၃၉ ခုနှစ်ဆိုတဲ့ နှစ်ပေါင်းအတော်ကြာ သမိုင်းကြောင်း မှာရှိခဲ့ဖူးတဲ့ ဒီထူးခြားသမိုင်းကြောင်း အဖြစ်အပျက်ထဲမှာ လီနာရဲ့ မိဘဖြစ်သူတွေက သမီးဖြစ်သူရဲ့ ဝမ်းဗိုက်တဖြည်းဖြည်းဖောင်းကား ကြီးထွားလာခဲ့တာကို ဆေးရုံသို့သွားရောက်ပြသစစ်ဆေးစဉ်မှာ သူ တို့ရဲ့သမီးဖြစ်သူက အကြိတ်လုံးတည်နေတာမျိုး မဟုတ်ပဲကိုယ်ဝန် ဆောင်ထားရခြင်းဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အသက်ငါးနှစ်အရွယ်ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်သေးသေးလေး နဲ့ မလိုက်အောင်ကို လွယ်ထားရတဲ့ ဒီကိုယ်ဝန်ကို

" ထိတ်လန့်သည်းဖို ရုပ်ရှင်ကြည့်ပြီး ကြောက်လန့်နေတဲ့ ကြောင်ကလေး "

 
အွန်လိုင်း အသစ်ထွက်ရှိပြီး ခေတ်စားနေတဲ့ ဗီဒီယိုကတော့ ကြောင်လေးတစ်ကောင် ဂန္တ၀င်ထိတ်လန့်သည်းဖိုရုပ်ရှင် Psycho ကို ကြည့်ပြီး ကြောက်ရွံ့နေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ရိုက်ကူးမှတ်တမ်းတင်ထားသူကတော့ Andrew Parrish ဆိုသူဖြစ်ပြီး သူ့ရဲ့ ၉ လသားအရွယ် Tabby-Bengal စပ်ဖွားမျိုးဖြစ်တဲ့ Topegi ဆိုတဲ့ ကြောင်လေးက တီဗီရှေ့ကမခွာတမ်း ရုပ်ရှင်ထိုင်ကြည့်ပြီး ထိတ်လန့်နေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Topegi ဟာ ရုပ်ရှင်နောက်ခံတီးလုံးအတိုင်း စိတ်လှုပ်ရှားထိတ်လန့်နေပြီး မျက်လုံးပြူးကာ ရှေ့တိုးနောက်ဆုတ်နဲ့

May 21, 2016

" တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအတွက် မျောက်လွှဲကျော်က သရဲအဖြစ်သရုပ်ဆောင် "

 
England ရှိ Twycross တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအား ဖျော်ဖြေတင်ဆက်တဲ့အနေနဲ့ မျောက်လွှဲကျော်တစ်ကောင်ဟာ အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံရုံပြီး သရဲတစ်ကောင်အသွင် သရုပ်ဆောင်ခဲ့ပါသတဲ့။

ပရိသတ်တွေက အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံပြီးတွဲလောင်းခိုနေတဲ့ မျောက်လွှဲကျော်ရဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုရိုက်ကူးထားခဲ့ကြပါတယ်။
ဝါယာကြိုးတွေပေါ်မှာ မျောက်ကလေးဟာ ဘက်ညီအောင် ထိန်းညှိပြီး လည်ပတ်သူတွေရဲ့ အနီးဆုံးနေရာဖြစ်တဲ့ မှန်အကာထိကို လာရောက်ပြသတာကို တွေ့ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း Barcelona က တိရိစ္ဆာန်ရုံတစ်ခုမှာလည်း ခွက်ထဲက ချယ်ရီသီးလေးပျောက်သွားတဲ့

May 19, 2016

" အမေရိက Golden Gate တံတားပေါ်က ခုန်ချသတ်သေခဲ့တဲ့ အမျိုးသားရဲ့ အံ့သြဖွယ်ရာ အကြောင်းအရင်း "

 
ဆန်ဖရန်ဆစ္စကိုမြို့တော်ရဲ့ အထင်ကရနေရာတစ်ခုလို့ သတ်မှတ်နိုင်တဲ့ Golden Gate တံတားကြီးပေါ်မှာ ထူးဆန်းအံ့သြဖွယ်ရာအဖြစ်အ ပျက်တစ်ခုလို့ မှတ်ကျောက်တင်ခံထားရတဲ့ မတော်တဆသေဆုံးမှု အဖြစ်အပျက်ကြီးက သမိုင်းကြောင်းထဲမှာ ရှိနေခဲ့ပါတယ်။

၁၉၆၄ ခုနှစ်တုန်းက ဒီတံတားကြီးပေါ်ကနေ အမျိုးသားတစ်ဦးခုန်ချ သေဆုံးသွားခဲ့ရတဲ့
 ဖြစ်စဉ်အကြောင်းအရင်းက  ထူးခြားအံ့သြစရာ ကောင်းနေတာပါ။


ကိုယ့်ကိုကိုယ် သတ်သေရလောက်တဲ့အထိ ခံစားခဲ့ရတဲ့အကြောင်း အရင်းက လူတွေစိတ်ဝင်စားနေကြသလို စိတ်ပိုင်းဆိုင်ရာအကြီး အကျယ်နာကျင်ခံစားရမှုမျိုး မဟုတ်ပဲ… ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာ ကျင်ခံစားရမှုက သူ့အတွက်
Subscribe

လာလည်သူများ

free counters