♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 14, 2016

" မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိပေမယ့် မှုခင်းလုံးဝမဖြစ်တဲ့မြို့ "

 
တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်ခုမှာ ရဲအရာရှိတစ်ဦးသာရှိပေမယ့် အဲဒီမြို့ငယ်လေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘယ်လိုမှုခင်းမျိုးမှ ဖြစ်ပွားခဲ့တဲ့မှတ်တမ်းမရှိပါဘူး။ မြို့ငယ်လေးကိုတာဝန်ယူထားရတဲ့ ရဲအရာရှိကလည်း မျက်လုံးရေတိမ်စွဲလို့ မျက်စိအမြင်အာရုံချို့တဲ့နေသူ တစ်ဦးဖြစ်ပါတယ်။


ထူးဆန်းစွာနဲ့ပဲ မျက်မမြင်ရဲအရာရှိတစ်ယောက်ပဲရှိတဲ့ ဂွီဇူးဒေသက လန်ဘာဆိုတဲ့မြို့ကလေးဟာ မှုခင်းမဖြစ်ပွားပဲ အေးချမ်းစွာနဲ့နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။ မြို့ကလေးရဲ့ တစ်ဦးတည်းသော ရဲအရာရှိ ပန်ယွမ်ဟာ ၂၀၀၂ ခုနှစ်ကစပြီး မျက်လုံးရေတိမ်ရောဂါကြောင့် အမြင်အာရုံချို့တဲ့ခဲ့ရသူဖြစ်ပါတယ်။ သူဟာ အလင်းရောင်းအနည်းငယ်ကိုသာ အလင်းအမှောင်ခွဲခြားသိမြင်နိုင်ရုံလောက်ပဲရှိပြီး ပုံရိပ်တွေကို မမြင်နိုင်တဲ့ ရဲအရာရှိဖြစ်ပါတယ်။ စီချွမ်ရထားလမ်းဘေးနားက ရဲစခန်းမှာရုံးထိုင်တဲ့ရဲအရှာရှိယွမ်ဟာ ကျေးရွာသုံးခုကို တာဝန်ယူပေးရသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဲဒီဒေသမှာ ရာဇဝတ်မှုတစ်ခုမှ မဖြစ်တဲ့အပြင် ယာဉ်တိုက်မျိုးတောင် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့
ဆိုပါတယ်။


အမြင်အာရုံချွတ်ယွင်းနေတဲ့ ရဲအရာရှိယွမ်ကို သူ့ဇနီးဖြစ်သူက ကိစ္စအတော်များများမှာ စောင့်ရှောက်ပေးပါတယ်။ သူ့ဇနီးကလည်း လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူ့ဇနီးကလည်း တာဝန်ယူထားကြတဲ့ ဒေသတလျှောက်လုံခြုံအေးချမ်းမှု ရှိမရှိကို နေ့စဉ်နေ့တိုင်း လှည့်လည်စစ်ဆေးလျှက်ရှိပါတယ်။

Planetmyanmar


Credit :  http://www.searchmyanmar.com/link/comment/cid/52059/domain/planet.com.mm

No comments:

Subscribe

လာလည်သူများ

free counters