♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
August 8, 2015
" အလွယ်ကူဆုံး ဂျပန်စကားပြော....ကိုးရီးယားစကားပြော ....တရုတ်စကားပြော စာအုပ်များ " (ကို ပေါက်)
ဂျပန်စကားပြော စာအုပ်ကေါင်းကေါင်းလိုချင်သူများအတွက်...လိုရင်းဂျပန်စကားပြောဆိုတဲ့ စာအုပ်ဖြစ်ပါတယ်...ဂျပန်စကားကို ကေါင်းကေါင်းပြောတတ်ရင် အလုပ်ကိုင်အခွင့်လမ်းတွေရရှိနိုင်ပါတယ်..ဘာလို့လဲဆိုတော့...အခုမြန်မာနိုင်ငံမှာ..ဂျပန်တွေရဲ့ ကုမ္ပဏီတွေအများကြီးပါ...ဒါကြောင့် နိုင်ငံတကာ ဘာသာစကားတစ်ခုကို တတ်ထားတယ်ဆိုတာ အလုပ်ကိုင်အခွင့်လမ်းတစ်ခုတည်းသာမဟုတ်ပါဘူး....ဒါဟာမိမိရဲ့ အရည်ချင်းတစ်ခုလည်းဖြစ်ပါတယ်..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုးရီားးတွေဟာ ကမ္ဘာပေါ်မှာ သူတို့ရဲ့
"မာကြွတ်အောင် ပလပ်စတစ်တွေ ထည့်ကြော်ထားတဲ့ ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက် ..... (ဖတ်ကြည့်ပါ) "
 မြန်မာနိုင်ငံသားမှန်ရင် လဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ ကျွန်တော်တို့အိမ်မှာလည်း လဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကို ဝယ်ပြီးထားတတ်ပါတယ်။ ဟိုတစ်လောက FB ပေါ်မှာတစ်ချို့
ဆိုင်က အီကြာကွေးတွေနဲ့၊ လဖက်နဲ့စားတဲ့ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လဖက်သုတ်ကို နှစ်သက်စွာ ဆက်ပြီး 
စားနေခဲ့ပါတယ်။   ဒီနေ့ မနက်စာ ကျွန်တော့အိမ်မှာဝယ်ထားတဲ့ လဖက်နဲ့ပဲကြမ်းကြော်တွေကိုထမင်းကြော်
နဲ့စားဖို့လုပ်တော့ လဖက်က မျက်စိမှိတ်ရလောက်အောင်ကို အချဉ်မှုန့်တွေနဲ့နယ်ထားလို့  ချဉ်စုတ်နေပြီး၊ 
ပဲကြမ်းကြော်ကလည်း မတရားကိုကြွတ်ရွနေလို့ မစားတော့ဘဲဘေးဖယ်ထားပြီး၊ FB ထဲမှာရေးထားတဲ့
ကြောင်းကိုသတိရမိတယ်။ ဒါကြောင့် စိတ်ကူးတစ်ခုရလာပြီး လက်တွေ့စမ်းသပ်ချက်တစ်ခု လုပ်ကြည့်
ဖို့စဉ်းစားလိုက်တယ်။အဲဒါကတော့…… ကြွတ်ရွနေတဲ့ ပဲကြမ်းကြော် နှစ်ဇွန်းလောက်ကို အိုးငယ်လေး
တစ်လုံးထဲထည့်ပြ
ီး ရေနည်းနည်းထည့်ကာ မီးပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တင်လိုက်တယ်။ ဆူလာတော့ 
ခဏအအေးခံပြီး ရေခဲသေတ္တာထဲ ၁၅-၂၀ မိနစ်လောက် ထည့်ပြီး ပြန်ထုတ်ကြည့်လိုက်တော့၊ ထင်ထားတဲ့
အတိုင်း ပလပ်စတစ်အချပ်လိုက် နဲ့ပဲကြော်ပြုတ်ရည်အနည်းငယ်ကို ဓါတ်ပုံမှာပါတဲ့အတိုင်းတွေ့လိုက်ရ
ပါတော့တယ်။
အဲဒီတော့ သေချာတာက ပဲကြမ်းကြော်တွေအားလုံး ကြာရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်
" မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် (၇၆) ချက်ထဲက ဘယ်နှစ်ချက် သင်လုပ်နိုင်သလဲ "
၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၎။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..
၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်ကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...
" ဘုရားသခင်ထံမှ အာရုံရ၍ တည်ဆောက် ထားသော ကြက်ဖပုံ ဝတ်ပြုကျောင်းတော် "
အင်ဒိုနီးရှား တောအုပ်ကြီးထဲ တွင် ဖုန်းကွယ်ထားသော အရာတစ် ခု ရှိနေပါသည်။ ယင်းမှာ အခြား မဟုတ်။ ကြက်ဖပုံစံ တည်ဆောက် ထားသည့် ဝတ်ပြု ကျာင်းတော် ကြီးတစ်ဆောင်ပင် ဖြစ်လေသည်။
 ဒေသခံလူတို့၏ အခေါ်အရGereja Ayam (ကြက်ဖကျောင်း တော်) ဟု အမည်ရသည့် အဆိုပါ ဝတ်ပြုကျောင်းတော်ကြီး သည် Magelang ဒေသရှိ Rhema တောင်ကုန်းပေါ်တွင် တည်ရှိကာ ကမ္ဘာ တစ်လွှားမှ ဓာတ်ပုံ ဝါသနာ ရှင်များနှင့် ကမ္ဘာလှည့် ခရီးသွား များ နှစ်စဉ်လာရောက် လည်ပတ်ကြ သော နေရာ တစ်ခုလည်းဖြစ်သည်။
အဆိုပါ ဝတ်ပြုကျောင်းတော် ကြီးကို ဂျကာတာတွင် အလုပ် လုပ်နေသည့် ဒန်နီရယ် အလန်ဂျာ ဆိုသူက ဘုရားသခင် ထံမှ ”ဝတ်ပြု ကျောင်း” တစ်ခု တည်ဆောက်ရန် အမိန့်တော် ကို အာရုံခံ ရရှိသဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ဘုရား သခင်က ၄င်းအား ခိုနှင့် အလားသဏ္ဌာန်တူသောဝတ် ပြုကျောင်းဖြစ်ရမည်ဟု အာရုံထဲ တွင်မိန့်ဆိုကြောင်း ထိုသူက ပြော သည်။
”လူတွေက ကျွန်တော့်ကို ဘုရားကျောင်း တစ်ခု ဆောက်ထား တယ်လို့ ထင်ရင် ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ခရစ်ယာန် ဘာသာဝင် တစ်ယောက် ဖြစ်နေတာကိုး။ ဒါပေမဲ့
" ကွန်ပျူတာကို မဟန်းအောင် ပြုလုပ်ရမယ့် နည်းလမ်းလေးများက ဒီလိုပါ... "
 နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။
(၁) Window + R ကို တွဲပြီး နှိပ်ပါ။
(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို
Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ
(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို
Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ
(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို
" တုပ်ကွေးကို အပြုတ်တိုက်မည့် ကြက်သွန်ဖြူ "
 ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသော
သုတေသနစမ်းသပ်ချက်များအရ ကြက်သွန်ဖြူသည် ရောဂါပိုး အမျိုးမျိုးကို သေစေကြောင်းတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ စင်စစ်ကြက်သွန်ဖြူသည် အအေးမိ၊ နှားစေးခြင်း၊ လည်ချောင်းနာ၍ ဖျားခြင်း၊ ပသိရောင်ခြင်း၊ တုပ်ကွေးမိခြင်းကို အမြန် ပျောက်ကင်းစေပါသည်။
ရေနွေးပူပူအတွင်
းသို့ ကြက်သွန်ဖြူဥ သုံးဥခန့်ကို ချင်း(ဂျင်း)၊ အာလူး၊ မုန်လာဥ၊ ငရုတ်ကောင်း
August 7, 2015
" ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ "
 လူတွေအများစုက ဆေးကို ဘယ်အရည်နဲ့ မဆို သောက်ရင် ပြီးရောဆိုပြီး ဖြစ်သလို နေတတ်ကြပါတယ်။ဒါ
ပေမယ့် ဆေးတွေမှာလည်း သူတို့နဲ့တွဲဖက် စားမသုံးသင့်တာတွေ ရှိပါတယ်။အဲဒါတွေကတော့...
၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက်စေပါတယ်။
၂။Orange , tomato Juice ပိုးသတ်ဆေး ပိဋိဇီဝဆေးကို ခန္ဒာက စုပ်ယူခြင်း
ကို နှောက်ယှက်စေပါတ
ယ်။
၃။ အစိမ်းရောင်ရှိ ဟင်းသီိးဟင်းရွက
်(ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ကညွန့်...)
စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။vita
min-K
များတာက သွေးကြဲဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ
်။
၎။ နို့ နဲ့ နို့်ထွက်ပစ္စည်း
ဆိုရင် သံဓာတ်စုပ်ယူမှု နှောက်ယှက်စေတာကြောင့်
သံဓာတ်အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ
" အလှအပရေးရာမှာ မျက်ခုံးမွေးစိုက်ခြင်း (eyebrow extensions) ဟာ အရင်ကထက် ပိုခေတ်စားလာ "
ကယ်လို့များ သင်ဟာ မျက်ခုံးမွှေးပါးပါး၊ ဒါမှမဟုတ် မျက်ခုံးမွှေးတိုတိုပြတ်ပြတ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် နေ့တိုင်းဒီအပိုင်းကို ခြယ်သနေရတာထက် တစ်ချက်တည်း ကိုယ်လိုချင်တဲ့ မျက်ခုံးမွှေးပုံစံမျိုးလေး လိုချင်မိကြမှာပါပဲ။ ခုတော့ ဒီအလှအပ ပြသနာတွေကို ဖြေရှင်းပေးမယ့် အကောင်းဆုံးနည်းလမ်းပေါ်ထွက် လာခဲ့ပါပြီ။
မျက်ခုံးမွှေးကို ပိုမိုလှပအောင် ပိုရှည်ပြီး ကြည့်ကောင်းအောင် စသဖြင့် အမျိုးမျိုး ပြုလုပ်နိုင်ပါပြီ။ ပါးနေတဲ့နေရာတွေကို ဖြည့်ချင်တာပဲဖြစ်ဖြစ်၊ မျက်ခုံးမွှေးကိုအပြည့်လိုချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတစ်ရပ် ရပ်ကြောင့် မျက်ခုံးမွှေးတွေ ကျွတ်သွားရတာမျိုးတွေအတွက် ကြည့်ကောင်းပြီး
" ကမ္ဘာ့ဒေသအသီးသီးမှာ အိမ်ထောင်သက် ပျှမ်းမျှဘယ်လောက်ကြာလဲ "
ဘယ်အရာမှမတည်မြဲသလို။ အိမ်ထောင်ရေးဆိုတာလည်း ဒီတိုင်းပါပဲ။ နယူးယော့ခ် အပါအ၀င် ကမ္ဘာ့မြို့ ကြီးတွေမှာ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှု ပျှမ်းမျှဘယ်လောက်ရှိလဲဆိုတာနဲ့ အိမ်ထောင်သက်ပျှမ်းမျှဘယ်လောက် ကြာလဲဆိုတာ Hopes & Fears ၀က်ဘ်ဆိုဒ်က စစ်တမ်းကောက်ခဲ့ပါတယ်။
၁။ ရောမမြို့ ၊ အီတလီနိုင်ငံ - ၁၅ နှစ်မှ ၁၈ နှစ်
လင်မယားခွဲနေခြင်းနဲ့ တရားဝင်ကွာရှင်းနှုန်းဟာ ရောမမြို့ မှာ ၂၀၁၀ ခုနှစ်က စပြီး ၃၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ လက်ထပ်ထိမ်းမြှားမှု ၁၀၀၀ မှာ အိမ်ထောင်ရေး ၃၀၇ ခုက လင်မယားခွဲနေခဲ့ပြီး  အိမ်ထောင် ၁၈၂ ခု က ပြိုကွဲခဲ့ပါတယ်။
၂။ အော့တာဝါမြို့ ၊ ကနေဒါ - ၁၃.၈ နှစ်
ကနေဒါနိုင်ငံရဲ့စာရင်းဇယားတွေအရ အော့တာဝါမြို့ ရဲ့ ပျှမ်းမျှအိမ်ထောင်သက်က ၁၃.၈ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် ကနေဒါရဲ့ နိုင်ငံလိုက် ကွာရှင်းမှုနှုန်းကတော့ မြင့်တက်လျက်ရှိပြီး ၄၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေပါတယ်။
၃။ ပါရီမြို့ ၊ ပြင်သစ် - ၁၃ နှစ်
အံ့သြဖို့ ကောင်းစွာပဲ အချစ်မြို့ တော်၊အနုပညာမြို့ တော် ပါရီမှာလည်း အိမ်ထောင်ရေး ပြိုကွဲမှုနှုန်းက ၅၅
" နှစ် ၃၀၀ သက်တမ်းရှိ ရွေငွေရတနာများကို ဖလိုရီဒါပင်လယ်မှာ နစ်မြှပ်နေတဲ့ နာမည်ကျော် သင်္ဘောပျက်တစ်စီးမှ တွေ့ရှိ "
ဖလိုရီဒါပြည်နယ် Fort Pierce မြို့ ရေတိမ်ဆိပ်ကမ်းတစ်ခုမှ စပိန်ဘုရင်ပြုလုပ်ခဲ့တဲ့ ထူဆန်းတဲ့ရွှေဒင်္ဂါးပြားများ အပါအ၀င် ဒေါ်လာ ၁ သန်းကျော်တန်တဲ့လက်လုပ်ရွှေထည်များကို သမိုင်းဝင်သဘောင်္ပျက် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တွေ့ရှိရခဲ့ပါတယ်လို့ပြောကြားလိုက်ပါတယ်။
Queens Jewels ၊ LLC (ရတနာဘု ရင်မများ၊ LLC) မှ  1715 ရတနာသိုက်သင်္ဘောကို ပြုပြင်ထိန်းသိမ်းဖို့ အမိန့်ရထားပါတယ်။ အဲဒီသင်္ဘောဟာ ဖလိုရီဒါ ပြည်နယ် ရတနာသိုက်ကမ်းရိုးတန်းမှာ ၁၇၁၅ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ နစ်မြှပ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၀၀ ရှိခဲ့ပါပြီ။ အဆိုပါကုမ္ပဏီပြောကြားချက်အရ အဲဒီလက်လုပ်ရွှေထည်ပစ္စည်းများကို အနောက် အုန်းတော ကမ်းခြေ (West Palm Beach) မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ၁၅ ပေအနက်ရှိတဲ့ ပင်လယ်ရေထဲမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ရွှေဒင်္ဂါး ၅၁ ပြားနှင့် ပေ ၄၀ အရှည်ရွှေဆွဲကြိုးများကို တွေ့ရှိခဲ့ပါတယ်လို့ ၄င်းတို့ကပြော ကြားပါတယ်။
ရွှေဒင်္ဂါးပြားများ၏ဖေါ်ပြပါတန်ဖိုးသည် အများအပြားရှိပြီး 17 Eight Escudos ၊ 22 Two Escudos နှင့် 12 One escudos တို့ ပါဝင်ပါတယ်။ 1715 သင်္ဘောဟာ သမိုင်းတွင်ကြေကွဲဝမ်းနည်းစရာအကောင်းဆုံး သင်္ဘောတစ်စီးဖြစ်တယ် လို့ ယူဆထားပါတယ်။ သင်္ဘော ၁၁ စင်းအား ကမ္ဘာသစ်မှ ရတနာများဖြည့်ပြီး
" အွန်လိုင်းမှာ ဘယ်လောက်ခင်ခင် ဒီအရာ (၇)မျိုး မလုပ်ဖူးသရွေ့ သူငယ်ချင်း မဟုတ်သေးပါ "
အွန်လိုင်းမှာ ခဏခဏ chat ဖူးထားလို့၊ တစ်ယောက်နဲ့တစ်ယောက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ကွန်မန့်တွေ အပြန်အလှန်ပေး စနောက်ကြဖူးလို့ ငါတို့သူငယ်ချင်းဖြစ်ပြီလို့ ဖြစ်သလို သတ်မှတ်လို့မရပါဘူး။ တကယ်တော့ သူငယ်ချင်းဆိုတာ နှစ်ဦးကြားမှာ အတိုင်းအတာ၊ ခင်မင်မှုအနေအထားတွေ အများကြီးရှိဖို့ လိုပါတယ်။ ဒီတော့ သင်တို့ဟာ ဒီအရာ(၇)မျိုး ပြုမူလုပ်ဆောင်ဖူးမှသာ သူငယ်ချင်းတွေ ဖြစ်ကြပါလိမ့်မယ်။
၁။အပြင်မှာ ဆုံဖူးကြရပါလိမ့်မယ်။
သင်တို့နှစ်ဦးဟာ မျက်နှာချင်းဆိုင် အပြင်မှာမဆုံဖူးသရွေ့ အီးမေးလ်တွေ ပို့ပြီး ဘယ်လောက်စကားတွေပြောဖူးပြောဖူး။ ဖုန်းတွေပြောဖူးပြောဖူး၊ ဒါမှမဟုတ် ဖေ့စ်ဘွတ်မှာ ကွန်မန့်တွေပေးဖူးနေပါစေ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာ ဆောက်တည်ဖို့ မဖြစ်နိုင်သေးပါဘူး။ တကယ်တော့ သူငယ်ချင်းဆိုတာ အပြင်လောကမှာ တကယ်အဆက်အသွယ်ရှိ၊ ခင်မင်ရင်းနှီးမှုရှိမှသာ သူငယ်ချင်းအဆင့် တစ်ဆင့်တက်နိုင်တာပါ။
၂။တစ်ယောက်က ဘာလိုအရာမျိုးတွေလုပ်ဖို့ ရှက်တတ်ကြတယ် ဆိုတာမျိုး တစ်ယောက်က သိထားရပါမယ်။
သူငယ်ချင်းဆိုတာနဲ့ အရင်တုန်းက ဘာဆိုတာတွေ၊ဘာတွေကြုံခဲ့တယ်ဆိုတာတွေ ဝေမျှဖူးကြရပါမယ်။ 
" လူမုန်းများစေသည့် အကျင့်စရိုက် (၅)ခု "
လူမှုဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုထဲကို သင်ဝင်ရောက်တဲ့အခါမှာ လူတွေပျော်ရွှင်ကြသလား ဒါမှမဟုတ် သင်ထွက်သွားတော့မှ စိတ်ချမ်းသာကြသလား။ လူတွေမနှစ်သက်ကြပဲ ဝေးဝေးရှောင်သွားစေတဲ့ အကျင့်ဆိုးတွေ သင့်မှာရှိနေသလား။ ဒါတွေကို ဆင်ခြင်သုံးသပ်ပြီး ပြင်ဆင်နိုင်ဖို့အတွက် လူမုန်းများစေသည့် အကျင့်စရိုက် (၅)ခုကို စုစည်းပေးလိုက်ပါတယ်။
(၁) စိတ်ညစ်စရာများညည်းညူတတ်ခြင်း
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျညည်းညူတတ်တဲ့လူတွေ အများကြီးရှိပါတယ်။ သူတို့တွေက အချိန်တိုင်းလိုလို ညည်းညူမယ်၊ တိုင်တန်းမယ်၊ သူတို့ဘ၀အဆင်မပြေမှုတွေကို အသေးစိတ်အထိပြောနေတတ်ကြပါတယ်။
သင်ရော အဲဒီလိုလူမျိုးဟုတ်မဟုတ်ဆိုတာကတော့ သင်ဘယ်အကြောင်းအရာတွေကို အများဆုံးပြောလဲဆိုတာကို သတိထား ကြည့်ပါ။ မနက်ခင်းများ တစ်ယောက်ယောက်ကို တွေ့တာနဲ့
August 6, 2015
" မမတို့ ညာလေးတို့ အတွက် အလှအပ လျှို့ဝှက်ချက်များ "
(၁) နံပါတ်တစ် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်
ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ညနေဘက် အပြင်ကနေ အိမ်ကို ပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်း အလှဆီ (Vaseline) ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှုမဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့အရေပြားကို အကာအကွယ်တောင် ပေးနိုင်ပါသေးတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်း အလှဆီကို လိမ်းပါ။ ပြီးရင် သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ် ပွတ်တိုက် ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလို နူးညံ့ချောမွေ့သွားမှာပါ။
(၂) အလွယ်ကူဆုံး မျက်လုံးပြင်နည်း
လွယ်ကူမြန်ဆန်တဲ့ မျက်လုံးပြုပြင်နည်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။
အဆင့်(က) မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ ဒါက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။
အဆင့်(ခ) မျက်ခွံပေါ်က အရေပြားကို သဘာဝအတိုင်း ကြည့်ကောင်းအောင်အိုင်းရှဲဒ
ိုး ခပ်ပါးပါး ခြယ်ပါ။
အဆင့်(ဂ) ဈေးပေါတဲ့ ခဲတံအမျိုးအစား အိုင်းလိုင်နာကို မသုံးပါနဲ့။ အိုင်းလိုင်နာဘရပ်ရှ်ကို သုံးပါ။ အရောင်ရင့်တဲ့
" လက်ထပ်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး "
ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။  မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။
တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။
ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။
ဘယ်လိုပြင်ဆင်ကြမလဲ
ကျွန်မ ပထမ တစ်ပုဒ်မှာရေးခဲ့သလို.. အမျိုးသမီးလေးတွေ ဘက်က.. ဦးစွာပထမ အကြံပေးချင်ပါတယ်..
" ကမ္ဘာကျော် ကာမသျှတ္တရ ကျမ်းပြုစုခဲ့သည့် အိန္ဒိယတွင် ညစ်ညမ်း ဆိုက်ပေါင်းများစွာ ပိတ်သိမ်းပြီ "
Khajuraho Kamasutra Temple 
(အိန္ဒိယ၊ သြဂုတ် ၄)
ကမ္ဘာကျော် ကာမသျှတ္တရ ကျမ်းကို ပြုစုခဲ့သော အိန္ဒိယနိုင်ငံ သည် ယခုအခါ ညစ်ညမ်းဆိုက် ပေါင်းများစွာ ကို ပိတ်သိမ်း လိုက်ပြီး အကြောင်း မှာ အဆိုပါ ဝက်ဘ်ဆိုက် များသည် လူမှု အနှောင့်အယှက် များကို ဖြစ်ပေါ် လာစေပြီး အရွယ် ရောက်ပြီး သူများ အသုံး များ လာ သည့် အရာ တစ်ခုဖြစ်လာသည့် အတွက် ကြောင့်ဖြစ်သည် ဟု ဆိုသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အိန္ဒိယ အာဏာပိုင် များက သြဂုတ်လ ၃ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီး စုစုပေါင်း ပိတ်သိမ်းလိုက် သည့် ညစ်ညမ်း ဆိုက်အရေအတွက် မှာ ၈၅၇ ခုရှိသည်ဟု ဆိုသည်။
”ဒီလိုဆိုက်တွေ လွတ်လွတ် လပ်လပ် ချိတ်ဆက် လို့ရနေတာ ကြာနေခဲ့ပေမယ့် ကျွန်တော်တို့ ရဲ့ မျက်စိအောက် မှာတော့ ရှိနေခဲ့ပါ တယ်။ ကျွန်တော်တို့ အနေ နဲ့ ဒါ တွေကို လူမှုအနှောင့် အယှက်ဖြစ် စရာ အဖြစ် မခံနိုင်ပါဘူး”ဟု ဆက် သွယ်ရေးဌာန မှ ပြောရေး ဆိုခွင့်ရှိ သူ Kaul က ဆိုသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ ပြီးလျှင် ဒုတိယ အင်တာနက် အသုံးပြုသူ အများဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ လူမှု ကွန်ရက်များနှင့် စမတ်ဖုန်း သုံးစွဲမှု များမှာလည်း တရိပ်ရိပ် တိုး တက် ပွားများ လျက်ရှိသည်။ ပြီးခဲ့ သည့် ၂ဝ၁၁ ခုနှစ်တွင် အစိုးရတာဝန် ရှိသူများမှ လူမှုကွန်ရက် ကုမ္ပဏီ
" ပုလေး နောက်ကို လိုက်သွားတော့မှာလား ခင်ရယ် ..ဒီမောင်မှာ ရင်ကျိုးရချေရဲ့ ..အဟင့် "
zach-and-tori-wedding-2
KTZO
ပို့တ်လန်း-အော်ရီဂွန်၊ ဇူလိုင် ၂၇
လူတိုင်းလူတိုင်း အချစ်နှင့်ထိတွေ့ဖူးကြသလို လူတိုင်း ကြား ဖူးကြသည်မှာလည်း ”အချစ်မှာ မျက်စိမရှိ”
ဟူ၍သာ။ သို့ရာတွင် ယခု အ ပတ်အတွင်း အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ကမ်းခြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် မင်္ဂလာလက်ထပ်ပွဲ တစ်ခု ကတော့ ”အချစ်မှာ အရပ်မရှိ”ဟု ဆိုနေသယောင်ယောင်။ Little People, Big World  တီဗီဇာတ်လမ်းတွဲ၏ သရုပ်ဆောင်မင်းသား  Zach Roloff နှင့် သူ၏အဖော် Tori Patton တို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းအချို့နှင့်အတူ နှစ်ဖက်မိသား စုများစုံ ရာရှေ့ တွင် ယခုကဲ့သို့ အကျဉ်းရုံး လက်ထပ်ခဲ့ကြပြီး မီဒီ ယာစာမျက်နှာများထက်တွင် ၎င်းတို့၏ မင်္ဂလာသတင်းသည် တစ်မုဟုတ်ချင်း ပျံ့နှံ့ကျော်ကြားလာခဲ့သည်။
အကြောင်းမှာ သတို့သား Roloff သည် အသက် ၅၃ နှစ်အရွယ် လူပုကလေးတစ်ဦးဖြစ်ပြီး သတို့သမီးမှာမူ
" ပဟေဠိဆန်လှသော အီစတာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများ "
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အဖြေရှာရခက်တဲ့ ပဟေဠိဆန်ဆန် နေရာဒေသတွေ များစွာ ရှိပါတယ်။ အဲဒီထဲကမှ အခုတင်ပြချင်တဲ့ နေရာကတော့ ချီလီ နိုင်ငံပိုင်နက်ထဲမှ အီစတာကျွန်း
(Easterisland) ပေါ်က မွိုင် (Moai) လို့ခေါ်တဲ့ ကြီးမားတဲ့ ရုပ်တုကြီးတွေ အကြောင်းပါ။ တစ်ချိန်က အီစတာကျွန်းဟာ လူသူအရောက် အပေါက်နည်းတဲ့ အထီးကျန် ဒေသတစ်ခုပါ။  ပစိဖိတ် သမုဒ္ဒရာ အတွင်းမှာတည်ရှိတဲ့ ကျွန်းငယ်တစ်ခုဖြစ်ပြီး အနီးဆုံးလို့ ဆိုရမယ့်  ပိုလီနီးရှန်း ကျွန်းစုများနဲ့ သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။ ဒီကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး
ကျွန်းပေါ်မှာ မီးတောင်သုံးလုံးရှိပါတယ်။ ရာနိုကော့၊ မောင်ဂါတယ် ရီဗာကာနဲ့ ကတီကီလို့ခေါ်တဲ့ မီးတောင်များ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကြီးမားလှ တဲ့ ကျောက်ရုပ်တုကြီးများကို တွေ့ရှိကြရပါတယ်။  တစ်နေရာတည်းမှာ မဟုတ်ဘဲ ကျွန်းအနှံ့ အများအားဖြင့် ကမ်းခြေတစ်လျှောက်မှာ ရုပ်တုကြီးများကို  တွေ့ရတာပါ။ ကျောက်ရုပ် တုကြီးတွေကို အဝါရောင် မီးတောင် ကျောက်တုံးများနဲ့ ထုလုပ်ထားပါတယ်။ ဒေသခံတွေရဲ့အခေါ်ကမွိုင် (Moai) လို့ခေါ်ကြ ပါတယ်။
တစ်ကျွန်းလုံးအနှံ့ ၁၂ ပေမှ ၁၅ ပေအထိမြင့်တဲ့ ကျောက်ရုပ်ကြီးပေါင်း ၁ဝဝဝ ခန့်ရှိပါတယ်။
" ကမ္ဘာ့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တန်းများ "
၁။ အန်နာပူရနာ (နီပေါ)
ANNAPURNA, Central Nepal (26,545 ft.)
အန်နာပူရနာ တောင်ဟာကမ္ဘာပေါ်မှာဒသမမြောက်အမြင့်ဆုံးနဲ့အန္တရာယ်အကြီးမားဆုံး တောင်တစ်ခု ဖြစ်ပါတယ်။
နီပေါနိုင်ငံ မြောက်အလယ်ပိုင်းမှာ ရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ တည်ရှိပါတယ်။ အမြင့်ပေ ၈ဝ၉၁ မီတာ (၂၆၅၄၅ ပေ) ရှိပါတယ်။ ဒီတောင်ကို တက်ရောက်မယ် ဆိုရင် သေဆုံးမှုနှုန်း ၄၁ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံး တောင်တက်သမားတွေတောင် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ အန်နာပူရနာ ဆိုတဲ့ အဓိပ္ပာယ်ကတော့ သက္ကတ ဘာသာဖြစ်ပြီး အဓိပ္ပာယ် ကတော့ ကောက်သစ်ပေါ်ချိန်
August 5, 2015
" ကျောင်းဆရာလေးတစ်ဦး၏ ကိုယ်တွေ့ ကျတ်ကုန်းက ဖြစ်ရပ်မှန် (ကြောက်တတ်ပါက မဖတ်ပါရန်) "
၁၉၈၅ ခု ဒီဇင်ဘာလထဲတွင်ဖြစ်သည်။အချိန်ကား....ည(၁း၀၀)ကျော်ပေပြီ။ဒီဇင်ဘာလမို့ မြူနှင်းများကား လောကဓါတ် တစ်ခွင်လုံး ပိတ်ဖုန်း နေသည်။ကောင်းကင်မှာ သာနေသည့် လခြမ်း ကွေးလေးကတော့ ဒီဇင်ဘာ ဆောင်းလေပြေနှင့် အတူ မှေးစက်အိပ်ပျော်နေသလိုပင်။ ရံဖန်ရံခါ ညဥ့်ငှက်များ ၊ ပုရစ် အော်သံ ၊ပိုးကောင်းလေးများ အော်သံမှလွဲ ၍လောကကြီးတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေပေသည်ပါကော.....။
ထိုအချိန်၊ထိုကာလနှိုက် အများသူငှာလို မအိပ်စက်နိုင်ပဲ ခိုက်ခိုက်တုံအောင်ချမ်းလွန်းလှသည့် ဒဏ်ကိုအံတုပြီး မီးတုတ်ကိုစီ ကိုင်ကာတောလမ်းလေးအတိုင်း ခရီးပြင်းနှင်နေကြသောလူတစ်စု ကားအဘယ်သူများပါလိမ့်.....။ရှေ့ဆုံးမှလူကြီးကတော့ထိုအဖွဲ့၏ခေါင်ဆောင်ဖြစ်ဟန်တူသည်။
အသက်အရွယ်အားဖြင့်တော့ လေးဆယ်ပါတ်ဝန်းကျင်လောက်ခန့်ရှိမည်...။ထိုလူ၏လက်ထဲတွင်
 တောခုတ်ဓါး
တစ်ချောင်းကိုင်ကာ လမ်းရှင်းရင်းနောက်မှ လူများကို ဦးဆောင်ခေါ်သွားနေခြင်းဖြစ်သည်။သူ၏နောက်ကျေဘက်တွင်လည်း ဒူးလေးတစ်ချောင်းနှင့် မျှားဘူးတစ်ဘူး လွယ်ထားသေး၏။သူနောက်မှာတော့ အသက်၂၈ နှစ်ခန့် လူရွယ်တစ်ယောက်၊။ ရုပ်ရည်မှာ ယောက်ကျားပီသပြီး သန့်ပြန်သည်။သည်လောက် ခရီးကြမ်းသွားလာနေရပါသော်လည်း ထိုလူငယ်၏မျက်နှာမှာ တည်ကြည်လွန်းလှသည်။လက်ထဲမှာလဲ....မီးတုတ်တစ်ဖက်
" ချစ်ချင်သူတွေ ချစ်လိုသူတွေ အတွက် အချစ်​​မှော်​ ​ရေ​မွှေး (ပီယ ရေမွှေး) စီမံနည်း..... ရှူးးးး တိုးတိုးနော် တိုးတိုး"
သင့်​ရဲ့ဘ၀ထဲကို ခိုင်​မြဲရှည်​ကြာတဲ့အချစ်​​တွေ ပိုင်​ဆိုင်​ချင်​တယ်​ဆိုရင်​​တော့ ဒီနည်း​လေးကို အခုပဲ​လုပ်​​ဆောင်​လိုက်​ပါ။
လိုအပ်​သည့်​ပစ္စည်းများ-                            
  1. နှင်းဆီပွင့်​​ဖတ်​စားပွဲတင်​ဇွန်း၃ဇွန်း
  2. ဂန္ဓမာပန်းအဖြူပွင့်ဖတ်စားပွဲတင်ဇွန်း၃ဇွန်း                                     
  3. မြန်မာနံနံပင်စားပွဲတင်ဇွန်း၁ဇွန်း
  4. လာဗင်ဒါအနံ့ရေမွှေး၁ဇွန်း
  5. သစ်ကြံပိုးခေါက်၁ဇွန်း
  6. ပဲစေ့ဇွန်းဝက်
" ပဲတီပဲကို ပဲပင်ပေါက် အလွယ်တကူ ဖောက်စားကြပါစို့လားဟင် "
အသုံးပြုရမယ့် ပစ္စည်းများ
1) ပဲတီပဲ
2) ရေသန့် ဘူးလွတ် ( လေးထာင့်ဘူး)
3) အမွှေးတိုင် (သို့) ဗူးကို မီးအပူပေးဖောက်ရန် သံချောင်း
၎) ခဲတံချွန်ဒါးပါး
5) ရေ
ပြုလုပ်ပုံ
ပုံ1) လေ;ထောင့်ရေသန့် ဗူးကို သန့် စင်အောင်ဆေးပါ
ပုံ2) အမွှေးတိုင်မီးထွန်းပြီး ရေသန့် ဗူး တစ်တဖက်ခြမ်းကို အပေါက် တန်းစီဖေါက်ပါ (သံအပူပေးပြီးလည်းဖေါက်နိုင်ပါတယ်)။ ဗူးအကြီးအသေးပေါ်မူတည်ပြီး 10 ပေါက်အထိဖေါက်နိုင်ပါတယ်။ လောင်းတဲ့ရေတွေ စီးဆင်းဖို့ အတွက်ဖြစ်ပါတယ်
" ကျိုက်ထီးရိုးဘုရားမှ ဂေါပကအဖွဲ့နှင့် ကန် - ထ - ရိုက် များသို့ မခံနိုင်လွန်းလို့ ရင်ထဲရှိသမျှ အကုန်ပြောပါရစေ "
မှတ်မှတ်ရရ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက် အင်္ဂါနေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက် ထိုမြို့နယ်အတွင်းတည်ထားကိုးကွယ်ထားရှိသော ကျိုက် ထီးရိုးဘုရားသို့ ကျွန်တော့်မိသားစုနှင့်အတူ ဘုရားဖူး ရောက်ရှိခဲ့ပါသည်။ ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ရ ခြင်းမှာ ဗုဒ္ဓဘာသာဝင်များအဖို့ ဂုဏ်ယူစရာ၊ အံ့သြ စရာများအပြင် ကြည်ညိုကုသိုလ်ပွားစရာ ဘုရားကြီး တစ်ဆူ လည်းဖြစ်ပါသည်။
ဂုဏ်ယူစရာဆိုသည်မှာ စေတီတော်တည်ထားရာ အထက်ကျောက်တုံးကြီးမှာ တန် ၆ဝဝ ခန့် (၆၁၁ တန်) ရှိသည်ဟု ဆိုပါသည်။ အောက်ခံကျောက်တိုင် (ကျောက် တုံး) ကြီးအပေါ်သို့ သက်ရောက်သည့်အလေးချိန်မှာ သုညဒသမ၅ Ton per sq inch(စတုရန်းတစ်လက်မလျှင် သုညဒသမ၅တန်) ရှိကြောင်း လေ့လာသိရှိရပါသည်။
ဤကျောက်တုံးနှင့် အောက်ခံကျောက်တိုင်ကြီးသည် ဂေါ့ရှကော့ (Gorsh Kov) ၏ မြန်မာပြည်ငလျင်လှုပ် အားတူရပ်ဝန်းများပြမြေပုံအရ I.P.E (Institude of Physics of the Earth) (7) ရှိ ငလျင်ဒဏ်ကို မကြာ ခဏခံရကြောင်း သိရှိရပါသည်။
ထို (I.P.E 7) ငလျင် သည် အလွန်ပြင်းထန်သည်ဟုဆိုပါသည်။ သို့သော် ယင်း အခြေအနေများကို ဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်း ၂၄ဝဝ ကျော်ခဲ့ပြီဖြစ်ပါသည်။ ဘူမိဗေဒပညာရှင်တို့၏ စူးစမ်း လေ့လာမှုအရ မဖြစ်နိုင်သော အခြေအနေတွင် တည် ရှိနေခြင်းကပင် ဆံတော်ရှင်ကျိုက်ထီးရိုးသည် ဗုဒ္ဓဘာသာ ဝင်များအဖို့ ဂုဏ်ယူစရာပင်ဖြစ်ပါသည်။
တည်ရှိနေပုံထူးဆန်းသည့်အပြင် အံ့သြစရာအချက် မှာ ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ငလျင်ကြီးပြင်းပြင်း
" ဟိုးးးးး အဝေးကြီးဖြစ်တဲ့ လမင်းကြီးပေါ်မှာ သတ္တုတွင်း တူးကြမလား "
လူသား (၁၂) ဦးကို လပေါ် ရက်ပိုင်းလောက် စေလွှတ်ဖို့ပင် ဒေါ်လာ (၂၅) ဘီလီယံလောက် ကုန်ကျသည်။ သို့ဖြစ်လျှင် လူသားများကို လပေါ်မှာ အခြေချ နေထိုင်ခိုင်းမည် ဆိုပါက ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျနိုင်သည်ဟု ယခင်က တွက်ချက် ခဲ့ကြဖူးသည်။
လူသားများအား လကမ္ဘာသို့ ပို့ဆောင်ကာ အခြေချခိုင်းလျှင် ကုန်ကျစရိတ်သည် လူသားများကို လကမ္ဘာသို့ ပို့ဆောင်ခဲ့သော အပိုလို ခရီးစဉ်များ အားလုံး၏ ကုန်ကျစရိတ် ထက်ဝက်ခန့်သာ ရှိမည်ဖြစ် ပြီး ထိုနှုန်းသည် နာဆာ၏ ဘတ်ဂျတ်ဘောင် အတွင်းမှာလည်း ရှိသဖြင့် လက်တွေ့ အကောင်အထည် ဖော်နိုင်သော အနေအထား ရှိကြောင်း လေ့လာမှု စစ်တမ်းသစ်က ဆိုသည်။
လကမ္ဘာကို လူသားများ လွှတ်ကာ သတ္တုတွင်းတူး လုပ်ငန်းကိုပါ လုပ်ကိုင်စေမည် ဆိုပါက ကုန်ကျစရိတ်သည် ယခင် မှန်းထားသည်ထက် (၉၀) ရာခိုင်နှုန်းထိ သက်သာ
August 4, 2015
" ကမ္ဘာ့အလန်းဆုံး အမျိုးသမီး အဖြစ် မဲပေး သတ်မှတ်ခံရတဲ့ Sofia Vergara "
ကမ္ဘာ့ Sexy အဖြစ်ဆုံး ၊ အလန်းဆုံး အမျိုးသမီး အဖြစ် ပရိတ်သတ်တွေကို မဲပေးရွေးချယ်စေခဲ့ရာမှာ Kim Kardashian ကို တစ်ယောက်ယောက်က အနိုင်ယူသွားခဲ့တယ်ဆိုရင် အားလုံး အံ့သြသွားရမှာပါ။ အဲဒီ အမျိုးသမီးကတော့ Sofia Vergara ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Sofia Vergara ကို ရွေးချယ်လို့တော့ ဘယ်သူကမှ စိတ်ပျက်သွားကြမှာမဟုတ်ပါဘူး။ အားလုံး သိထားတဲ့အတိုင်းပဲ Sofia Vergara ဟာ အမေရိကန် နိုင်ငံရဲ့ ပိုက်ဆံအများဆုံးပေးရတဲ့ တီဗွီ မင်းသမီး တစ်ယောက် ဖြစ်နေလို့ပါ။
"ကျွန်မဟာ ကျွန်မထက် ၁၀ နှစ်လောက် ငယ်ရွယ်တဲ့ Kim Kardashian ထက်ပိုပြီး Sexy ဖြစ်နေပါတယ်။" လို့ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ Sofia Vergara က အလန်းဆုံး အမျိုးသမီး အဖြစ် မဲပေးရွေးချယ်ခံရအပြီးမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သူမရဲ့ ရင်သား ၊ တင်ပါး နဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်လို့ဆိုတဲ့ Sofia Vergara ဟာ လက်ရှိမှာ Hot Pursuit ဆိုတဲ့ ဟာသ ဇာတ်လမ်းထဲမှာ Reese Witherspoon နဲ့ အတူတူ ပါဝင်သရုပ်ဆောင်ထားပြီး ထို ဇာတ်လမ်းကတော့ လာမယ့် အပတ်ထဲမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
သူမဟာ Sky One ကပြသတဲ့ Modern Family ဆိုတဲ့ တီဗွီ အစီအစဉ်မှာလည်း Gloria Delgado-Pritchett ဆိုတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ပြီး အောင်မြင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ
" အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဖွင့်ဟလေ့မရှိပဲ ကြောက်ရွံ့သိမ်ငယ်နေတတ်တဲ့ အရာများ "
ကိုယ်အားကိုးရတဲ့ ကိုယ့်ချစ်သူဟာ တစ်ခါတစ်လေ သူ့စိတ်ထဲ ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေနဲ့ ပူလောင်နေရတယ်ဆိုတာ သင်သိပါသလား။ ကိုယ့်ချစ်သူရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ဖြစ်တာမို့ ဘာမှမကြောက်သလို၊ ဘာမှမဖြစ်သလို ဟန်ဆောင်နေကြရတဲ့ အမျိုးသားတွေဆီမှာလည်း ကြောက်ရွံ့တတ်တဲ့အရာတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။အရင်ရည်းစားက သူ့ကိုထားသွားခဲ့ဖူးတာမို့ လက်ရှိချစ်သူလည်း သူ့ကိုပစ်သွားမှာ စိတ်ထဲ စိုးရွံ့နေတယ်။
ကိုယ်နဲ့မတိုင်ခင် အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးက သူ့ကို သစ္စာဖောက်သွားတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲစကားစပြောသွားတာမျိုးပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ ဒါကို စွဲနေတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီကောင်မလေးကို သူက သိပ်ချစ်ခဲ့တာမျိုးဆိုရင်ပေါ့။  ဒီလိုအချိန်မျိုးမှာ လက်ရှိရည်းစားနဲ့တွေ့ပြီး သိပ်ချစ်မိနေပြီဆိုရင် သူ့တို့စိတ်ထဲ ကြောက်ရွံ့စိတ်တစ်မျိုးလည်း ရှိနေတတ်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူကို လက်လွှတ်ရမလားဆိုတာပါပဲ။ အရင်လို လမ်းခွဲစကား အပြောခံရမလားဆိုတဲ့ စိတ်က တစ်ထောင့်တစ်နေရာမှာ ခိုအောင်းနေတတ်ပါတယ်။
၂။လက်ရှိကိုယ့်ချစ်သူလောက် ငွေကြေးမတောင့်တင်းတဲ့အခါ သူတို့စိတ်ထဲ သိမ်ငယ်နေတတ်ပါတယ်။
ဒါကတော့ အထူးပြောစရာကို မလိုအပ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ထက်ပို ပိုက်ဆံသုံးနိုင်တယ်။ သူ့အသိုင်းအ၀ိုင်းက ပိုချမ်းသာတယ်။ ကိုယ်က တစ်ခါတစ်လေ ပိုက်ဆံပြတ်နေတဲ့အချိန် ကောင်မလေးဘက်က
" ရေကြီးရေလျှံနေတဲ့အချိန်မျိုးမှာသောက်ရေ ၁၀ လီတာ ရရှိဖို့အတွက်အကောင်းဆုံး သန့်စင်ပေးနိုင်တဲ့ ရေသန့်စင်ဆေးထုပ်ဖြစ်ပါတယ်"
ရေကြီးရေလျှံနေတဲ့အချိန်မျိုးမှာသောက်ရေ ၁၀ လီတာ
ရရှိဖို့အတွက်အကောင်းဆုံးသန့်စင်ပေးနိုင်တဲ့ ရေသန့်စင်ဆေးထုပ်ဖြစ်ပါတယ် ရေဘေးသင့်ပြည်သူတွေလက်ထဲအရောက်ဖြန့်ဝေပေးနိုင်မည့်သူ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆို ဆက်သွယ်၍ ‪#‎အခမဲ့ရယူလိုပါက‬ email: moe_thu@wvi.org (or) mobile: 09976408230, 09253821610, 0973145025 မိုးသူ ထံဆက်သွယ်ရယူနိုင်ပါကြောင်းလေးစားစွာအသိပေးအပ်ပါသည်။ Let's try to help at least something for the flood affected people in our lovely country Myanmar.
Credit : Moe Gyi
" မြန်​မာ့ အဂ္ဂိရတ်​ ဖိုထိုး ပညာရှင် ရှင်အ​​ဇ္ဇေ​ဂေါဏနှင့် ရွှေ ဖြစ်ဓါတ်လုံး "
မြန်​မာနိုင်​ငံတွင်​  အဂ္ဂိရတ်ပညာနှင့်​ ပတ်​သက်​ပြီး ထင်​ရှားသူ  တစ်​​ယောက်​ရှိခဲ့ဖူးသည်​။ ထိုသူမှာပုဂံ​ခေတ်​ကထင်​​ပေါ်ခဲ့​သော ရှင်အ​​ဇ္ဇေ​ဂေါဏပင်​ဖြစ်​သည်​။    ရှင်​အ​ဇ္ဇေ​ဂေါဏ၏ မူရင်းဘွဲ့အမည်​မှာ ရှင်​မထီးဟု​ခေါ်
သည်​။    ထိုဆရာ​တော်​သည်​ သူ၏ဓာတ်​လုံးတန်​ခိုးဖြင့်​ ပုဂံပြည်​တွင်​ မုဆိုးမပါဘုရားတည်​နိုင်​​အောင်​ စွမ်း
ထွက်​ရပ်​​ပေါက်​ လုပ်​ငန်း​အောင်​မြင်​ရန်​အတွတ်​ နရသူမင်းထံတွင်​အလှုခံခဲ့သည်​။ နရသူမင်းလည်းအကျိုးကို
မျော်​ကိုးပြီးဆရာ​တော်​ကို လိုအပ်​သမျှ ​ရွှေ၊ ငွေတို့ အားလှုဒါန်းခဲ့သည်​။ သို့ ​သော်​ဆရာ​တော်​မှာပြဒါးမ​​အောင်
မြင်​​သော​ကြောင့်​ နရသူမင်းမှာအမျက်​ရှပြီး ဆရာ​တော်​၏  မျက်လုံးအစုံကို ထိုး​ဖောက်​ပစ်​ရန်​အမိန့်​​ပေးလိုက်
သည်​။         
                မျက်​လုံးမရှိ​တော့​သော ဆရာ​တော်​သည်​ သူ၏ပြဒါးလုံးကို စိတ်​နာလှ​သော​ကြောင့်​ ​ကျောင်း​နေ
သူ​တော်​ကို​ခေါ်ကာ ပြဒါးလုံးအား မစင်​တွင်း ထဲသို့ စွန့်​ပစ်​ခိုင်းခဲ့သည်​။ သူ​တော်​လည်းပြဒါးလုံးအား မစင်​တွင်း
ထဲသို့ စွန့်​ပစ်​​​လေရာ ပြဒါးလုံးမှာ မစင်​တွင်​ထဲတွင်​အ​ရောင်တဖျပ်​ဖျပ်​ ထ​တောက်​​ချေသည်​။ ထိုအ​ကြောင်းကို
ဆရာ​တော်​ကို ပြန်​​ပြောပြရာ  ဆရာ​တော်​သည်​ မိမိပြဒါး​အောင်​ပြီမှန်းသိ​လေသည်​။ ထို​ကြောင့်​ သူ​တော်ကို
ဈေးသို့ လွတ်​ပြီးရရာမျက်​လုံးတစ်​စုံကို ၀ယ်​ခိုင်းသည်​။ သူ​တော်​​ဈေးမှပြန်​လာ​သောအခါ လိုချင်​​သောမျက်လုံး​အစုံကိုမရဘဲ ဆိတ်​မျက်​လုံး တစ်​လုံးနှင့်နွားမျက်လုံးတစ်​လုံးကိုသာရရှိခဲ့သည်​။ ဆရာ​တော်​လည်း ရရှိသည်
" ကိုယ့်ချစ်သူကို သစ္စာဖောက်မိသွားပြီမှ သူ့ရဲ့ခွင့်လွှတ်မှုကို လိုချင်တဲ့အခါ "
ချစ်သူရှိလျက်နဲ့ တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်ထားမိတာပဲဖြစ်ဖြစ်၊ နောက်တစ်ယောက်နဲ့ ချိန်းတွေ့ပြီး တွဲလိုက်မိတာပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်ချစ်သူကို သစ္စာဖောက်တဲ့သဘောပါပဲ။ ကိုယ့်ချစ်သူက ဒီအခြေအနေကို သိသွားတဲ့အခါ သူ့ကိုလည်း လက်မလွှတ်နိုင်မှန်း သေချာသိလိုက်ရတာမျိုးတွေ ကြုံလာပြီဆိုပါစို့။ ဟိုတစ်ယောက်က အပျော်ထားတာပါလို့တော့ လုပ်လို့မရပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တဲ့စိတ်လေးရှိနေသေးရင် ပြန်လက်ခံချင် လက်ခံပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့လွယ်လိမ့်မလဲ။ ဒီတော့ တကယ် ကိုယ့်ချစ်သူကိုသာ ဆက်ချစ်သွားဖို့ ကျိန်းသေတယ်။ ဟိုတစ်ယောက်ကို လုံးဝအဆက်ဖြတ်လိုက်မယ်လို့ သင့်ဘက်က သေချာသွားရင် ကိုယ့်ချစ်သူဆီက ခွင့်လွှတ်မှုကို ဘယ်လိုပြန်ရအောင် ယူရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ ဒီကိစ္စကို ရပ်ပစ်မယ့်အကြောင်း ကတိပေးပါ။ ကိုယ်သွားတွေ့နေတဲ့သူကို လုံးဝမတွေ့တော့ဘူးဆိုတာပါ ထည့်ပြောပါ။
ကိုယ့်ချစ်သူရဲ့ ခွင့်လွှတ်မှုကို ရစေဖို့ သူမကို ကတိပေးဖို့ လိုပါလိမ့်မယ်။ သေချာကတိပေးအပ်လိုက်ပါ။ ကတိထဲမှာသူမနောက်ကွယ်ကနေသွားသွားတွေ့နေတဲ့အခြားတစ်ယောက်နဲ့လုံးဝအဆက်အသွယ်ဖြတ်လိုက်
" အသုံးချ ၀ါကျလမ်းညွှန် အင်္ဂလိပ်စကားပြောစာအုပ် " ( Maung Pauk )
အင်္ဂလိပ်စာသင်နေတဲ့ ကျောင်းသားများအတွက်..အထူးသဖြင့်..English to English စာအုပ်တွေကို နားလည်ဖို့ခက်ခဲနေသေးတဲ့ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်...အားလုံးအဆင်ပြေကြပါစေဗျာ..
ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...
Credit to
August 3, 2015
ရေကြီးရေလျှံခြင်းကြောင့် အဖြစ်များသော ကျန်းမာရေး ပြဿနာများ
အရေပြားမှာ အပေါ်ယံပြတ်ရှဒဏ်ရာတွေ၊ ပွန်းပဲဒဏ်ရာတွေ ဒါမှမဟုတ် အင်းဆက်အကိုက်ခံထားရတဲ့ နေရာတွေမှတဆင့် အရေပြားနဲ့ တစ်သျှူးရောဂါပိုးကူးစက်မှု၊
ထိခိုက်ဒဏ်ရာမှ တဆင့်အတွင်းပိုင်းက တစ်သျှူးနက်ရှိုင်းတဲ့ နေရာအထိရောဂါ ပိုးဝင်ခြင်း၊
ရေလျှံခြင်းကြောင့် မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့မိထားတဲ့ အစာနဲ့ ရေကို စားသောက်မိတဲ့အခါ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊
ကာကွယ်မှု
အနီရောင်ရှိတဲ့ အသားတွေ စားသုံးခြင်းဟာ အူမကြီး ကင်ဆာရောဂါ ဖြစ်စေနိုင်
သိပ္ပံပညာရှင်တွေဟာ အနီရောင်ရှိတဲ့ အသား တွေကိုစားသုံးခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေများလာရခြင်း အကြောင်းအရင်းကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ယုံကြည်နေကြပါတယ်။
အသားကင်များ နဲ့ အသားပြားများမှာ အနီရောင်သန်းနေအောင် သုတ်လိမ်းထားတဲ့ ဆိုးဆေးများကိုသာ အပြစ်တင်စရာရှိတယ်လို့ သိပ္ပံ ပညာရှင်တွေက ကြေညာလိုက်ပါတယ်။
ခန္ဓာကိုယ်တစ်လျှောက် အောက်စီဂျင် ကို ပို့ဆောင်ပေးတဲ့  သွေးနီဥ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Haem ကို အနီရောင်သန်းသော အသားများမှာပိုမိုတွေ့ရတတ်ပါတယ်။ ထို Haem မှာ သံဓါတ်ပါဝင်ပြီး အနီရောင် ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
" သင့်ကို အသက်ပိုရှည်စေမယ့် အစားအစာ (၆) မျိုး "
ခေတ်မီဆေးပညာ၊ နည်းပညာနဲ့ နေ့ စဉ်အာဟာရ မှီဝဲမှုမှာ တိုးတက်လာမှုကြောင့် လွန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်းမှာ လူ့ ပျှမ်းမျှသက်တမ်းဟာ နှစ်ဆပိုရှည်လာခဲ့ပါတယ်။ အသက်ပိုရှည်၊ ကျန်းမာစွာနေထိုင်နိုင်ဖို့  ဒီအစားအစာတွေကို သင့်ရဲ့နေ့ စဉ်အစားအစာ တွေမှာ အချိုးကျ စားသုံးပေးဖို့ လိုပါတယ်။   
၁။ ဗီတာမင် ဒီ
Telomeres လို့ ခေါ်တဲ့ ခရိုမိုဆုမ်းထိပ်အုပ်ကလေးတွေအကြောင်း သင်ကြားဖူးပါသလား။ သူ့ ရဲ့ အလျားပမာဏဟာ အသက်ရှည်မှုနဲ့ သက်ဆိုင်မှုရှိကြောင်း သက်သေပြပြီးဖြစ်ပါတယ်။ နေရောင်၊ နို့ ထွက်ပစ္စည်းနဲ့ တူနာနဲ့ ဆယ်လ်မွန်ငါးတို့ လို အဆီပေါများတဲ့ငါး တွေမှာ ဗီတာမင် ဒီ ဓာတ်ပေါကြွယ်ဝပြီး ဗီတာမင်ဒီက ဒီ telomeres တွေရဲ့ အလျားပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်ပါတယ်။ ဆိုလိုချင်တာက ဗီတာမင်ဒီ များများစားလေ ကျွန်တော်တို့ ရဲ့ telomeres တွေ ပိုရှည်လေပါပဲ။
၂။ Antioxidants (ဓာတ်တိုးဆန့် ကျင်ပစ္စည်း)
ဓာတ်တိုးဆန့် ကျင်ပစ္စည်းဆိုတာ ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး အသက်အရွယ် အိုမင်းမှုကို လျော့ချပေးတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Polyphenols (ပိုလီဖီနော) လို့ ခေါ်တဲ့ antioxidant
" ချစ်သက်တမ်းကြာပြီဖြစ်တဲ့ စုံတွဲတွေတိုင်း ပြုလုပ်ဖူးတဲ့ ရူးကြောင်ကြောင် အပြူအမူ ( ၁၂ ) ခု"
သင်တို့ နှစ်ယောက်ရဲ့ ရွယ်တူသူငယ်ချင်းတွေသာ သင်တို့ နှစ်ကိုယ်တည်းပြုမူတတ်တဲ့ အမူအကျင့်တွေကို သိသွားလို့ ကတော့ သင်တို့ ကို ရူးကြောင်ကြောင်အတွဲလို့ ထင်ကြမှာပါ။
ဒါပေမယ့် သင်တို့ တင် မဟုတ်ပါဘူး။ ချစ်သက်တမ်းကြာတဲ့ အတွဲတွေနီးပါး ဒီလို ရူးကြောင်ကြောင်အပြုအမူမျိုးကို တူနှစ်ကိုယ်ကြား ပြုမူဖူးကြပါတယ်။
 ၁။ တစ်ယောက်ရေချိုးနေတုန်း တစ်ယောက်က ရေအိမ်သုံးတာ
သင့်ချစ်သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကသာ အဲဒီလိုမျိုး လာလုပ်ကတော့ သင် ရဲကို ဖုန်းလှမ်းဆက်မှာ အသေအချာပဲ။
 ၂။ တစ်ယောက် ၀က်ခြံတစ်ယောက် ညှစ်ပေးတာ
သူ့ ဘာသာသူ ညှစ်လို့ ရတဲ့နေရာမျိုးကိုတောင် ၀က်ခြံညှစ်ပေးတတ်တာမျိုး။ အချစ်ဆိုတာ ကိုယ့်ဝက်ခြံကို အညှစ်ခံခြင်းပါပဲ။
 ၃။ နေရာတိုင်းမှာ အမွှေးတွေ
သူက ခြေသလုံးမွှေး၊ ချိုင်းမွှေးတွေနှုတ်နေရင်ပဲဖြစ်ဖြစ်၊ သင့်ကို ပြနေရင်ပဲဖြစ်ဖြစ် သင် မရွံ တတ်တော့ပါဘူး။
 ၄။ တစ်ယောက်ရဲ့ ညစ်ပတ်နေတဲ့အ၀တ်တွေကို တစ်ယောက်က နမ်းကြည့်တာ
တစ်ယောက်အ၀တ် တစ်ယောက်နမ်းကြည့်တာထက် ရင်းနှီးတဲ့အပြုအမူကတော့ သူ့ ရဲ့
" အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေဖို့နည်းလမ်းများ "
တိုးတက်နေတဲ့ခေတ်ကာလမှာ လူတိုင်းဟာ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကမ္ဘာသုံးဘာသာစကား
တစ်မျိုးဖြစ်တဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လိုကြပါတယ်။ဒီအတွက် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောတတ်ဖို့လေ့ကျင့်ရာမှာ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မရှက်မကြောက် များများပြောပေးပါ
မိမိကိုယ်ကို ယုံကြည်မှုအပြည့်ထားပြီး တတ်နိုင်သလောက်လူတွေများများနဲ့ အဆင်ပြေရင်ပြေသလို စကားမျာများပြောပေးပါ။မိမိပြောလိုက်တဲ့စကားက မှားသွားမှာလားဆိုတာကို တွေးပြီး မရှက်မိဖို့၊ မကြောက်မိဖို့လိုပါတယ်။စကားပြောတဲ့အလေ့အကျင့်တွေများများရလာတာနဲ့အမျှမိမိကိုယ်မိမိပိုလို့
ယုံကြည်မှုတိုးလာကာ အချိန်ကာလတစ်ခုအတွင်းမှာ အသံထွက်ရော၊ ဝေါဟာရပါ မှန်ကန်ကြွယ်ဝလာမှာဖြစ်ပါတယ်။ ဒီအတွက် အဓိက သော့ချက် က မရှက်မကြောက်ဘဲနဲ့ များများပြောပေးဖို့ဆိုတဲ့ အကြောင်းအရင်းတစ်ရပ်ဘဲဖြစ်ပါတယ်။
Google Translate ကိုအသုံးပြုပါ
စကားလုံးတစ်လုံးကို အသံထွက်ဖြစ်စေ၊ ဝေါဟာရဖြစ်စေ မသေချာဖြစ်နေတဲ့အခါ google မှာ ရှာလိုက်ပါ။မိမိသိချင်တဲ့စာလုံးလေးကိုရိုက်ထည့်လိုက်ရုံနဲ့ ဝေါဟာရအဓိပ္ပယ်ကို သိရသလို audio button
" အမျိုးသမီး တစ်ယောက်ရဲ့ ဘဝဆိုတာဟာလေ အဓိပ္ပာယ်ပေါင်းစုံနှင့် ပြည့်နေတော့ "
အမျိုးသမီး တစ်ယောက်ရဲ့ ဘဝမှာ တစ်ခါတစ်လေ ငွေများများ ရအောင် ရှာနိုင်သူထက် သူတို့ ဘဝကို ပျော်အောင် ထားနိုင်တဲ့ သူကိုပဲ နှစ်သက်ကြတယ်။ တစ်စုံတစ်ခု ဆိုရင် ပါးစပ်ကနေ မပြောပြဘဲနဲ့ သိုဝှက်ထားလေ့ ရှိသော်လည်း တစ်ခါတစ်ခါ ကြတော့ ပါးစပ်ကနေ တစ်ဖွဖွ စကားများ တတ်ကြသူတွေပေါ့။
စိုးရိမ်စိတ် လွန်ကဲကြသူတွေထဲ
မှာလည်း သူတို့အပြင် နှစ်ယောက် မရှိဘူးလေ။ သို့ပေမယ့် ပျော်ရွှင်မူကို လိုလားပြီး ဘဝကို ငြိမ်းချမ်းစွာနဲ့ ဖြတ်သန်းလိုကြတယ်။ အနုအရွ အလှအပတွေကို ကြိုက်တတ်ပေမယ့်လည်း ဘဝ ဆင်းရဲ ဒုက္ခ ကြုံရချိန် ရောက်ရင်တော့ ရင်ဆိုင်နိုင်တဲ့ သတ္တိတွေလည်း သူတို့မှာ အပြည့်ရှိပါတယ်။
ပြုစု ယုယတာကို ကြိုက်နှစ်သက်ကြ
ပေမယ့် သူတို့ ကိုယ်တိုင်လည်း အပြုအစု အချော့ စတာလေးတွေကို
“အမလေး ရှင်မပြန်သေးဘူးလား......ခဏ နေရင် အိမ်က လူကြီး ပြန်လာတော့မှာနော်”
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း Small လေး – “ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။
ဒါမှ ရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ” အမျိုးသား – “ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။
ငါသာ အဲဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။” Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်” Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
 အဲဒီည မှာပဲ သူအိမ်ပြန်ပြီး သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး
August 2, 2015
" ၀ိတ်တက်လာတဲ့အခါ ဒီလိုအကျင့်လေးတွေ ပြုပြင်သင့်တာ "
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီး ၀ိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။
၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။
မှန်ရှေ့ ခဏခဏရပ်ကြည့်ပြီး ငါဖက်တီးကြီးဖြစ်နေပြီ၊ ငါအရမ်းဝနေပြီ ဆိုတဲ့ ဆိုက်ကိုတွေ မ၀င်ပါစေနဲ့။ ဒါ့အပြင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ့်ဘော်ဒီနဲ့ မလိုက်ဖက်တဲ့ အ၀တ်အစားမျိုးတွေလည်း မ၀တ်ပါနဲ့။ တကယ့်တော့ ဖြစ်လာတာကို လက်ခံရင်း ငါဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ၊ ဘာတွေလုပ်သင့်သလဲ၊
" အီတာလီယံ အမျိုးသား မောင်မောင်ဘူး ချစ်တင်းနှောတာ အသံကျယ်လို့ ထောင်ခြောက်လကျ "
အသက် ၄၆ နှစ်အရွယ် အီတလီ အမျိုးသား တစ်ယောက်ကို သူ့ရဲ့ အိမ်နီးချင်း ၁၂ ယောက်လောက်က တရားစွဲဆိုခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ၎င်းအမျိုးသား ချစ်တင်းနှောချိန်မှာ ညည်းငြူတဲ့ အသံက အလွန်ကျယ်လောင်လို့ပါ။ အိမ်နီးချင်း ၁၂ ယောက်လောက် ထိအောင် တရားစွဲရတယ်ဆိုတော့ ဘယ်လောက်ကျယ်မလဲဆို တာတောင် တွေးကြည့်ဖို့ ခက်မယ်ထင်ပါတယ်။
သူတို့ရဲ့ ညည်းငြူသံဟာ တိတ်ဆိတ်အေးချမ်းပြီး ကောင်းမွန်လှတဲ့ ကွန်ဒိုမီနီယမ်ရဲ့ ပတ်ဝန်းကျင်အနေအထားကို ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။ အနားဝန်းကျင်က လူတစ်ယောက်ရဲ့ ပြောပြချက်အရ
" သား ယောက်ျားလေးရှိတဲ့ မိဘတွေ ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အကြီးမားဆုံးအမှား (၈) မျိုး "
သားယောက်ျားလေးမွေးထားတဲ့ မိဘတွေအနေနဲ့ လုပ်ဆောင်လေ့ရှိတဲ့ အမှား (၈) မျိုးရှိပါတယ်။ အဲ့ဒါတွေကို ဖော်ပြပေးရရင်တော့
၁။ သား ယောက်ျားလေးဟာ စိတ်ဓာတ်မာကြောရမယ်လို့  မျှော်လင့်ထားတာမျိုးခေတ်မီပါတယ်ဆိုတဲ့ မိဘတွေတောင် ယောင်္ကျားလေးဆိုတာ ပျော်ရွှင်မှုနဲ့ ဒေါသ က လွဲလို့ ငိုကြွေးတာမျိုး၊ ၀မ်းနည်းတာမျိုး ဆိုတဲ့ ခံစားချက်မျိုး မရှိသင့်ဘူးလို့ သင်ကြား တတ်ကြပါတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရောမှာ လေးနက်တဲ့ စိတ်ခံစားချက်အတွေ့ အကြုံတွေ ရှိနိုင်ပြီး ကလေးတွေ ၀မ်းနည်းတဲ့အခါ ယောင်္ကျား ပီပီသသ ရင်ဆိုင်စမ်းပါကွာလို့ ပြောတာမျိုးက မဖြစ်သင့်ပါဘူး။
၂။ ယောက်ျားလေးကလေးတွေဟာ ဘယ်တော့မှ သားကောင်မဖြစ်နိုင်ဘူးလို့ မှတ်ယူတာမျိုးမိဘတွေဟာ သမီးမိန်းကလေးကို ကာကွယ်မှုပေးချင်ပါတယ်။ ဒါကလည်း အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မိဘတွေသိထားရမှာက ယောက်ျားလေးတွလည်း သားကောင်ဖြစ်နိုင်ပါယ်။ MaleSurvivor ရဲ့ ဒါရိုက်တာ Christopher Anderson ပြောကြားချက်အရ ယောင်္ကျားကလေး ခြောက်ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာ အလိုမတူဘဲ ထိတွေ့ ဆက်ဆံခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်များတဲ့
" မိန်းကလေးများ ရည်းစားမရှိခြင်း၏ ကောင်းကျိုး ၁၂ ချက် "
၁။ ပိုက်ဆံအချေးခံရသက်သာခြင်း
၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။
၃။ ဆေးလိပ်၊ဘီယာ ကဲ့သို့ သော အနံ့ဆိုးများမှ သက်သာခြင်း။
၎။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..)
၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။
၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။
၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊
ဘီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။
၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။
၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။
၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..)
" Plantar Warts Treatment ခြေဖဝါး အသားမာ ကုသနည်း "
ကျွန်တော့်ရဲ့ ခြေဖဝါး ခြေမ ပေါ်မှာ အသားမာ လိုမျိုးဖြစ်နေပါတယ်။ အသေးလေးတွေ ပွါးလာပါတယ်။ စာတွေ လျှောက်ဖတ်ကြည့်တော့ plantar warts လို့ တွေ့ရပါတယ်။ ပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ။
• Doughnut-shaped piece of moleskin around the wart ပလာစတာ တမျိုးမျာ အဝိုင်းလေးနဲ့ အလယ်က အပေါက်လေးနဲ့ဟာ ကပ်ပါ။
• Duct tape ဆိုတာကို ၂၄ နာရီကပ်ထားပါ။ ၆ ပါတ်ကြာရင်ပျောက်တယ်။
• 17% Salicylic acid and 17% Lactic acid (Duofilm or DermaTech Wart Treatment) ကိုလမ်းပါ။ နေရာကို ရေနွေးနဲ့ ၅ မိနစ် စိမ်ပြီးမှ ဒါမှမဟုတ် ရေချိုးပြီးချိန်လိမ်းပါ။
အဖတ်ကွာလာတာတွေကို (ဘရပ်ခ်ျ) နဲ့တိုက်ဖယ်ပစ်ပါ။ • Cantharidin and Dichloroacetic (or
Subscribe
လာလည်သူများ
free counters