♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 6, 2015

" ကမ္ဘာကျော် ကာမသျှတ္တရ ကျမ်းပြုစုခဲ့သည့် အိန္ဒိယတွင် ညစ်ညမ်း ဆိုက်ပေါင်းများစွာ ပိတ်သိမ်းပြီ "

 
Khajuraho Kamasutra Temple 
(အိန္ဒိယ၊ သြဂုတ် ၄)
ကမ္ဘာကျော် ကာမသျှတ္တရ ကျမ်းကို ပြုစုခဲ့သော အိန္ဒိယနိုင်ငံ သည် ယခုအခါ ညစ်ညမ်းဆိုက် ပေါင်းများစွာ ကို ပိတ်သိမ်း လိုက်ပြီး အကြောင်း မှာ အဆိုပါ ဝက်ဘ်ဆိုက် များသည် လူမှု အနှောင့်အယှက် များကို ဖြစ်ပေါ် လာစေပြီး အရွယ် ရောက်ပြီး သူများ အသုံး များ လာ သည့် အရာ တစ်ခုဖြစ်လာသည့် အတွက် ကြောင့်ဖြစ်သည် ဟု ဆိုသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အိန္ဒိယ အာဏာပိုင် များက သြဂုတ်လ ၃ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီး စုစုပေါင်း ပိတ်သိမ်းလိုက် သည့် ညစ်ညမ်း ဆိုက်အရေအတွက် မှာ ၈၅၇ ခုရှိသည်ဟု ဆိုသည်။

”ဒီလိုဆိုက်တွေ လွတ်လွတ် လပ်လပ် ချိတ်ဆက် လို့ရနေတာ ကြာနေခဲ့ပေမယ့် ကျွန်တော်တို့ ရဲ့ မျက်စိအောက် မှာတော့ ရှိနေခဲ့ပါ တယ်။ ကျွန်တော်တို့ အနေ နဲ့ ဒါ တွေကို လူမှုအနှောင့် အယှက်ဖြစ် စရာ အဖြစ် မခံနိုင်ပါဘူး”ဟု ဆက် သွယ်ရေးဌာန မှ ပြောရေး ဆိုခွင့်ရှိ သူ Kaul က ဆိုသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ ပြီးလျှင် ဒုတိယ အင်တာနက် အသုံးပြုသူ အများဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ လူမှု ကွန်ရက်များနှင့် စမတ်ဖုန်း သုံးစွဲမှု များမှာလည်း တရိပ်ရိပ် တိုး တက် ပွားများ လျက်ရှိသည်။ ပြီးခဲ့ သည့် ၂ဝ၁၁ ခုနှစ်တွင် အစိုးရတာဝန် ရှိသူများမှ လူမှုကွန်ရက် ကုမ္ပဏီ
များထံသို့ ပါရှိသည့် မာတိကာများ ကိုတောင်းဆို ခဲ့ပြီး လူထု စိတ်အနှောင့် အယှက် ဖြစ်စေနိုင်မည့် အကြောင်း အရာ များကို ဖယ်ရှားစေခဲ့သည်။

သို့နှင့် တစ်နှစ်ခန့် ကြာပြီးနောက်တွင် များလှစွာသော တွစ်တာ အကောင့် များကို ပိတ်သိမ်းစေမှုနှင့် ကောလာဟလ များ ပျံ့နှံ့လာမှု တို့ ကြောင့် အိန္ဒိယအစိုးရမှာ ဝေဖန် မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ အပြင် ဟောလီးဝုဒ်နှင့် ဘောလီး ဝုဒ် ရုပ်ရှင်ဇာတ်ကား များအား လည်း ဆင်ဆာ စိစစ် ဖြတ်တောက် ခြင်းကို အချိန် တိုးမြှင့်ခဲ့ပြီး စည်း ကမ်းထိန်း အဖွဲ့မှာလည်း ပရိသတ် များနှင့် သင့်တော်သော စကား ပြော များနှင့် ဇာတ်ဝင်ခန်းများကို တည်းဖြတ်ရန် ထုတ်လုပ် သူများ အား မကြာခဏ ဖိအားပေးခဲ့သည်။
သို့ရာတွင် ယခု ဖျက်သိမ်း လိုက်သည့် အထဲတွင် ပါဝင်သည့် အရွယ်ရောက်ပြီး သူများသာ အသုံး  ပြုရသည့် ဖျော်ဖြေရေး ဝက်ဘ်ဆိုက် တစ်ခု အပါအဝင် ညစ်ညမ်းဆိုက် များသည် ယမန်နှစ်က ပိုမို တိုးပွား လာခဲ့ပြီး အသုံးပြုသူများ ၏ တောင်း ဆိုမှုများကြောင့် ဟုထင် ရကြောင်း ၊ နေ့စဉ်ဝင်ရောက် ကြည့်ရှုသူများမှာ ငါးဆခန့် ပိုမို တိုးပွားလာကြောင်း၊ အစိုးရ အနေနှင့်လည်း ယခုကိစ္စ ကို အချိန်ပေး၍ စဉ်းစားဖြေ ရှင်းရမည် ဖြစ်ပြီး အကန့်အသတ် မရှိ ထိန်း သိမ်းမှု လုပ်နိုင်မည် မဟုတ်ကြောင်း Kaul က ထပ်မံပြောကြားခဲ့သည်။

Ref: Daily Mail


No comments:

Subscribe

လာလည်သူများ

free counters