♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 6, 2015

" ပဟေဠိဆန်လှသော အီစတာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများ "

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အဖြေရှာရခက်တဲ့ ပဟေဠိဆန်ဆန် နေရာဒေသတွေ များစွာ ရှိပါတယ်။ အဲဒီထဲကမှ အခုတင်ပြချင်တဲ့ နေရာကတော့ ချီလီ နိုင်ငံပိုင်နက်ထဲမှ အီစတာကျွန်း
(Easterisland) ပေါ်က မွိုင် (Moai) လို့ခေါ်တဲ့ ကြီးမားတဲ့ ရုပ်တုကြီးတွေ အကြောင်းပါ။ တစ်ချိန်က အီစတာကျွန်းဟာ လူသူအရောက် အပေါက်နည်းတဲ့ အထီးကျန် ဒေသတစ်ခုပါ။  ပစိဖိတ် သမုဒ္ဒရာ အတွင်းမှာတည်ရှိတဲ့ ကျွန်းငယ်တစ်ခုဖြစ်ပြီး အနီးဆုံးလို့ ဆိုရမယ့်  ပိုလီနီးရှန်း ကျွန်းစုများနဲ့ သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။ ဒီကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး
ကျွန်းပေါ်မှာ မီးတောင်သုံးလုံးရှိပါတယ်။ ရာနိုကော့၊ မောင်ဂါတယ် ရီဗာကာနဲ့ ကတီကီလို့ခေါ်တဲ့ မီးတောင်များ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကြီးမားလှ တဲ့ ကျောက်ရုပ်တုကြီးများကို တွေ့ရှိကြရပါတယ်။  တစ်နေရာတည်းမှာ မဟုတ်ဘဲ ကျွန်းအနှံ့ အများအားဖြင့် ကမ်းခြေတစ်လျှောက်မှာ ရုပ်တုကြီးများကို  တွေ့ရတာပါ။ ကျောက်ရုပ် တုကြီးတွေကို အဝါရောင် မီးတောင် ကျောက်တုံးများနဲ့ ထုလုပ်ထားပါတယ်။ ဒေသခံတွေရဲ့အခေါ်ကမွိုင် (Moai) လို့ခေါ်ကြ ပါတယ်။
တစ်ကျွန်းလုံးအနှံ့ ၁၂ ပေမှ ၁၅ ပေအထိမြင့်တဲ့ ကျောက်ရုပ်ကြီးပေါင်း ၁ဝဝဝ ခန့်ရှိပါတယ်။


 အခုလက်ရှိ မှတ်တမ်းတင်ထားတာ ၈၈၇ ခုရှိပြီး ကျောက်ရုပ်တစ်ခုဟာ ပျမ်းမျှအလေးချိန် တန် ၂ဝ ခန့်လေးပါတယ်။ အကြီးဆုံး ကျောက်ရုပ်ကြီးဆိုလျှင် ၃၃ ပေခန့်မြင့်ပြီး ၈၂ တန် အထိ လေးပါတယ်။ အဲဒီရုပ်တုကြီးကို Paro လို့ခေါ်ကြပါတယ်။ ထုလို့မပြီးသေးတဲ့ တစ်ပိုင်းတစ်စ ရုပ်တုကြီး တစ်ခုကတော့ ကျွန်းပေါ်ရှိ အကြီးဆုံးရုပ်တုထက် နှစ်ဆမျှ ပိုကြီးပါတယ်။ ဒီရုပ်တုကြီး ပြီးစီးလျှင်တော့ ၂၁ မီတာ (၆၉ ပေ) အထိရှိမယ်လို့ ခန့်မှန်းကြတယ်။ ကျွန်းပေါ်သို့ ၁၇၂၂ ခုနှစ်တွင် ဥရောပတိုက်သား Jacob Rohhe- veen ရောက်ရှိခဲ့ပြီး ၁၇၇ဝ ပြည့်နှစ်မှာ စပိန်လူမျိုး နယ်ပယ်သစ်ရှာဖွေသူ l Felipe Gonzalez ရောက်ရှိခဲ့ပါတယ်။  ဒီနောက် ၁၇၇၄ ခုနှစ်ခန့်တွင် အင်္ဂလိပ်လူမျိုး Capta- in James ရောက်ရှိခဲ့ပါတယ်။ ဒီလိုရောက်ရှိ လာကြပေမဲ့လည်း ကျွန်းပေါ်ရှိ ရုပ်တုကြီးများနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု မခံခဲ့ရပါ။ နောက်ပိုင်းမှာ အီစတာကျွန်းဟာ ချီလီအင်ပါယာ အတွင်းရောက်ရှိသွားခဲ့ပါတယ်။

 ခေတ်သစ်မှာ ကျွန်းပေါ်ကိုစတင်တွေ့ရှိကာရောက်ခဲ့သူကတော့  ၁၉၁၄  ခုနှစ်တွင်ရောက်ခဲ့တဲ့  အင်္ဂလိပ် အမျိုးသမီး Katherine Routledge ဆိုသူဖြစ်ပါ တယ်။ နောက်ပိုင်းနှစ်များမှာ ကျွန်းပေါ်ကို သုတေသနပညာရှင်များ ရောက်လာကာ ကျောက်ရုပ်ကြီးများနဲ့ ပတ်သက် ပြီးတော့ သုတေသန ပြုခဲ့ကြပါတယ်။ ထိုရုပ်တုကြီးများကို မည်သူတွေ ထုလုပ်ခဲ့ကြပြီး  မည်သည့် ရည်ရွယ်ချက်ဖြင့် ထုလုပ်ခဲ့ကြသလဲ။ အဆင့်မြင့်သော ရုပ်တုထုလုပ်ခြင်း အတတ်ကို မည်သို့ တတ်မြောက်ပြီး နောက်ပိုင်း ဘာကြောင့် ပျောက်ကွယ်ခဲ့ကြသလဲ။ ရုပ်တုတစ်ခုအတွက် လူအင်အားဘယ်လောက် သုံးပြီး အချိန်ဘယ်လောက် ကြာခဲ့သလဲ။ ရုပ်တုများထုလုပ် ပြီးစီးချိန်မှာ လက်ရှိနေရာကို ဘယ်လိုသယ်ဆောင် ခဲ့ကြပါသလဲ။ စသည်ဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ သို့ပေမဲ့ ပြည့်စုံမှန်ကန်တဲ့ အချက်အလက်များကိုတော့ ယနေ့အချိန်အထိ မတွေ့ကြ ရသေးပါဘူး။ ရေဒီယိုကာဗွန် နည်းဖြင့် သက်တမ်းဆန်းစစ်မှု အရသည် ကျောက်ရုပ်တုများ ထုလုပ်ကြခြင်းဟာ ၁၆၅ဝ ပြည့်နှစ်ခန့်တွင် လုံးဝရပ်ဆိုင်းသွားကြောင်း တွေ့ရပါတယ်။ ကျွန်းပေါ်ရှိ  ဌာနေတိုင်းရင်း သားများရဲ့  ဒဏ္ဍာရီပုံပြင်များကလည်း ထူးဆန်းလှပါတယ်။    

 

 
 


No comments:

Subscribe

လာလည်သူများ

free counters