♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 3, 2015

" ချစ်သက်တမ်းကြာပြီဖြစ်တဲ့ စုံတွဲတွေတိုင်း ပြုလုပ်ဖူးတဲ့ ရူးကြောင်ကြောင် အပြူအမူ ( ၁၂ ) ခု"

 
သင်တို့ နှစ်ယောက်ရဲ့ ရွယ်တူသူငယ်ချင်းတွေသာ သင်တို့ နှစ်ကိုယ်တည်းပြုမူတတ်တဲ့ အမူအကျင့်တွေကို သိသွားလို့ ကတော့ သင်တို့ ကို ရူးကြောင်ကြောင်အတွဲလို့ ထင်ကြမှာပါ။

ဒါပေမယ့် သင်တို့ တင် မဟုတ်ပါဘူး။ ချစ်သက်တမ်းကြာတဲ့ အတွဲတွေနီးပါး ဒီလို ရူးကြောင်ကြောင်အပြုအမူမျိုးကို တူနှစ်ကိုယ်ကြား ပြုမူဖူးကြပါတယ်။

 ၁။ တစ်ယောက်ရေချိုးနေတုန်း တစ်ယောက်က ရေအိမ်သုံးတာ
သင့်ချစ်သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကသာ အဲဒီလိုမျိုး လာလုပ်ကတော့ သင် ရဲကို ဖုန်းလှမ်းဆက်မှာ အသေအချာပဲ။

 ၂။ တစ်ယောက် ၀က်ခြံတစ်ယောက် ညှစ်ပေးတာ
သူ့ ဘာသာသူ ညှစ်လို့ ရတဲ့နေရာမျိုးကိုတောင် ၀က်ခြံညှစ်ပေးတတ်တာမျိုး။ အချစ်ဆိုတာ ကိုယ့်ဝက်ခြံကို အညှစ်ခံခြင်းပါပဲ။

 ၃။ နေရာတိုင်းမှာ အမွှေးတွေ
သူက ခြေသလုံးမွှေး၊ ချိုင်းမွှေးတွေနှုတ်နေရင်ပဲဖြစ်ဖြစ်၊ သင့်ကို ပြနေရင်ပဲဖြစ်ဖြစ် သင် မရွံ တတ်တော့ပါဘူး။

 ၄။ တစ်ယောက်ရဲ့ ညစ်ပတ်နေတဲ့အ၀တ်တွေကို တစ်ယောက်က နမ်းကြည့်တာ
တစ်ယောက်အ၀တ် တစ်ယောက်နမ်းကြည့်တာထက် ရင်းနှီးတဲ့အပြုအမူကတော့ သူ့ ရဲ့

ညစ်ပတ်နေတဲ့အ၀တ်တွေကို လျှော်ပေးလိုက်တာပါပဲ၊

 ၅။ မမျှော်လင့်ဘဲ အ၀တ်အစားဆင်တူဝတ်မိတာ
ဘယ်သူ့ ပုံစံကို ဘယ်သူက ခိုးချနေလဲဆိုတာတောင် မပြောနိုင်တော့ပါဘူး။ တွဲခုတ်တဲ့ နေ့ ရက်ပေါင်းများစွာအပြီးမှာ ဒီလိုအဖြစ်အပျက်မျိုးက ဖြစ်တတ်ပါတယ်။

 ၆။ သူ ၀ါသနာပါတဲ့အရာတွေကို လိုက်လုပ်မိတာ
အင်္ကျီဆင်တူ၊ ၀ါသနာဆင်တူ ဆိုရင်တော့ အလိုက်ဖက်ဆုံးအတွဲ ဆိုပြီး သင်တို့ အချစ်ဇာတ်လမ်းကို အမည်တပ်လို့ ရပါတယ်။

 ၇။ သူမေးတာကို လေလည်ပြီး ဖြေပြတာ
တစ်ကြိမ်ပေါက်ရင် ဟုတ်တယ်။ နှစ်ကြိမ်ဆို မဟုတ်ဘူး။

 ၈။ လေတက်ပြီး လှို့ ဝှက်ချက်တွေ ပြောပြတာ
တကယ့်လှို့ ဝှက်ချက်အစစ်က နမ်းခါနီးမှာ သင်အစားတွေ အများကြီးစားထားလို့ ပါ။

 ၉။ တစ်ယောက်အိပ်တာကို တစ်ယောက်စောင့်ကြည့်နေတတ်တာ
ချစ်သူမဟုတ်တဲ့တခြားတစ်ယောက်ကို ဒီလိုသွားလုပ်မိရင် ကိုယ့်ကိုကိုယ် လူသတ်သမားလို့ ထင်မိလာလိမ့်မယ်။

 ၁၀။ သူ့ ရဲ့ အဖေ/အမေ လို ပြုမူမိတာ
တစ်စုံတစ်ယောက်ကို အချိန်အကြာကြီးချစ်မိသွားရင် ကိုယ်က သူ့ အဖေလို အမေလို ဖြစ်လာသလိုပါပဲ။

၁၁။ တကယ့်ဆရာဝန်ကြီးဖြစ်လာတာ
ဆေးကျောင်းလည်းမတက်ခဲ့၊ ဒီအလုပ်အတွက်လည်း မလျှောက်ခဲ့ပဲနဲ့ သင့်အဖော်က နားဖာချေးလေး ကလော်ပေးပါဦးဆိုတာကအစ လုပ်ရမှာပါ။

 ၁၂။ သင်တို့ နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ စကားပြောတာ
နှစ်ယောက်တည်းသိတဲ့ ဟာသတွေပြောတာမျိုးနဲ့ ကလေးသံလေးနဲ့ ပြောတာမျိုးကို သင်တို့ နှစ်ယောက်ကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး။ တစ်စုံတစ်ယောက်နဲ့ ချစ်နေ ရတာ ထဲမှာ ပျော်စရာအကောင်းဆုံးတစ်ချက်က ဒီလောကကြီးမှာ ကိုယ်နဲ့ အတူတူ ပေါဖို့ အဖော်တစ်ယောက် ရရှိထားတာပါ။ ဒါကြောင့် ဒီလိုရူးကြောင်ကြောင် အပြုအမူမျိုးတွေ လုပ်တတ်လည်း ပျော်ပျော်ကြီးဆက်လုပ်ပါ။ ဒီလိုရူးတာမကြိုက်တဲ့လူတွေလည်း တစ်ချိန် ရူးလာတတ်မှာပါ။


Credit :  http://www.trend.com.mm/2015/07/29/relationships-7305

No comments:

Subscribe

လာလည်သူများ

free counters