လူတိုင်းလူတိုင်းက သွားလေတွေကို ပုလဲဥလေးတွေလို ဖြူဖွေးဝင်းလက်နေတာကိုဘဲ တွေ့ချင်
ကြတယ်...ပိုင်ဆိုင်ချင်ကြတယ်....သွားဖြူအောင် ဆေးအမျိုးမျိုးနှင့် တိုက်ချွတ်ကြတယ်...သွား
ဖွေးဖွေါ်နှင့် မမလေးတွေကိုတွေ့ရင် ရင်ထဲက လှိုင်းတံပိုးတွေ ထန်လာပြီး စိတ်ကမ်းခြေကနှလုံး
သား အပင်ရိုင်းလေးတွေရဲ့ အကိုင်းအခက်တွေလည်း လူးလွန့် လှုပ်ရှားလားပြီး..ဆိုင်းဝိုင်းမှာ
ပတ္တလားတွေ တီးနေသလားအောင့်မေ့ရအောင် ဖြစ်သွားတတ်တာပါဘဲ.....သွားဖြူဖြူ မယား ဖြူ
ဖြူ...သင်းကြူကြူ ပါးပြင်မှာ...သနပ်ခါးလေးလူးပေးမယ်....ဘယ်တလှည့် ညာတလှည့် ဆယ်ခါစီ
နမ်းမယ်....ရောရောသမလို့ ပါးကွက်လေးကွက်ကာ ရောသမဘလော့ဂ်ထဲ ဝင်လာကွယ်...အဲ
လေ ဘာတွေဖြစ်ကုန်ပြီလဲ? သြော်..သွားဖြူဖြူလေးတွေနှင့် နှိုင်းစာရင် သူတို့လေးတွေကိုကော
ကြည့်လို့ရနိုင်ပါ့မလား....ချစ်လို့ကောဝနိုင်ပါ့မလား....
" ဒေါ်ဒေါ်က ဒီလိုရီပြီးမှ ကွမ်းဝါးရတာက အရသာရှိတာ သားတိုရဲ့ "
ရဲဆိုမှ ရဲ နီနီရဲတဲ့ လားကွယ်....ဘဘချစ်တဲ့ ၅၀ ကျော် မမကြီးရယ်....ငိငိငိ...