♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2016

" ခွေးလိုကျင့် ခွေးလိုကြံ ခွေးလိုကိုက် ခွေးလိုဆိုးတဲ့ စိတ်ကြီးလွန်းတဲ့ ခွေးကောင်ကို ကြည့်ပါဦးလို့စ် " ခ်ခ်ခ်ခ်


youtube link is..
https://www.youtube.com/watch?v=RfoTM4dSOKA&feature=youtu.be

" အမျိုးသားတွေအတွက် ဘယ်လောက်ချောချော ဆွဲဆောင်မှု မရှိဘူးလို့ ခံစားရတဲ့ အမျိုးသမီး အမျိုးအစား (၁၀) မျိုး "


လူတိုင်းဟာ ကိုယ့်အထာနဲ့ကိုယ်နေတတ်ဖို့ အရေးကြီးပါတယ်။ ဟန်ဆောင်တတ်တာမျိုးထက် ပွင့်လင်းမှုရှိတဲ့ပုံစံကိုသာ အားလုံးက လက်ခံချင်ကြပါလိမ့်မယ်။ အမျိုးသားတွေလည်း ဒီလိုပါပဲ။ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးက ပြောတဲ့တစ်မျိုး လုပ်တော့တစ်မျိုး ဟန်ဆောင်ဖုံးကွယ်နေတတ်တဲ့သူဆို သူတို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြပါတယ်။ ဒီလိုအချက်တွေအပြင် သူတို့ကို စိတ်ပျက်စေတတ်တဲ့၊ ဆွဲဆောင်မှုနည်းနည်းမှ မရှိပါလားလို့ ထင်တဲ့ အမျိုးသမီးပုံစံတွေကတော့

၁။ အရင်က ထားခဲ့ဖူးတဲ့ ရည်းစားကို စိတ်ထဲက မဖျောက်နိုင်ပဲ သတိတရရဖြစ်နေတတ်တဲ့ ချစ်သူကောင်မလေးမျိုး။ ကိုယ်ရှိနေရဲ့သားနဲ့ အရင် တစ်ယောက်ကို လွမ်းတယ်ဆိုတော့ အမျိုးသားအနေနဲ့ သိက္ခာကျတယ်လို့ ထင်နေပါလိမ့်မယ်။

၂။ အစားအသောက်အကြောင်း ပြောသာပြောတာ၊ အလှပျက်မှာစိုးလို့ မစားပဲနေတတ်တဲ့ ကောင်မလေးမျိုး။

၃။ စကားပြောတော့မယ်ဆိုရင် ပြောမလို့လုပ်ပြီးမှ ထားလိုက်ပါတော့၊ မပြောတော့ဘူးဆိုပြီး ခဏခဏလုပ်တတ်တဲ့ ကောင်မလေးမျိုး။

၎။ ကိုယ့်ပုံစံအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကောင်မလေးမျိုး။

၅။ အရည်မရ အဖတ်မရစကားတွေကို တစ်ချိန်လုံးပြောနေတတ်တဲ့ ကောင်မလေးမျိုး။

၆။ လုပ်သမျှအရာရာတိုင်းကို လိုက်ဝေဖန်နေတတ်တဲ့ ကောင်မလေးမျိုး။

၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝမရှိတဲ့ ကောင်မလေးမျိုး။

၈။ ကိုယ့်အမှားမဟုတ်တာကို တစ်ချိန်လုံး လိုက်တောင်းပန်နေတတ်တဲ့ ကောင်မလေးမျိုး။

၉။ ရည်းစားထားတာကို တာဝန်အရလုပ်နေတဲ့ အလုပ်လို သဘောထားတတ်တဲ့ ကောင်မလေးမျိုး။

" သေခြင်းတရားကို အန်တုနုပျိုနိုင်မယ့် နည်းလမ်း ၅ မျိုး "


သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။

(၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
လုပ်သင့်တာက
လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။

(၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင်

" ကျပ်သိန်းတစ်သောင်းအထိ ပေးအပ်မည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြ "

 
အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ပေးအပ်မည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်း ငါးရာတို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ် ငါးသောင်းအထိဖြစ်ကြောင်း သိရသည်။

ကျပ် ၅၀၀ တန် ထီစနစ်အား ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၂၀၀ တန်ထီအား တစ်လလျှင် ထီစောင်ရေ သိန်း ၃၆၀ ကျော် အထိ ထုတ်လုပ်ရောင်းချသော်လည်း ကျပ် ၅၀၀ တန် ထီကိုမူ ယင်းပမာဏ၏ ထက်ဝက်ကျော်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း နှင့် ကျပ် ၅၀၀ တန် ထီစနစ် လုပ်ဆောင်ရာတွင် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ကျပ် ၅၀၀ တန်ထီက ထပ်ထုတ်မှာပါ။ အဲဒီအတွက် ကျပ် ၂၀၀ တန်ထီကလည်း ဆက်ရှိနေဦးမှာပါပဲ။ ထီထိုးတဲ့သူက ကြိုက်ရာကို ထိုးပေါ့။ ၅၀၀ တန်ထီမှာ အက္ခရာတွေကတော့ ၂၀၀ တန်ထီ အတိုင်းပဲ။ ဒါပေမဲ့ ထီလက်မှတ်ကတော့ စင်ကာပူထီအတိုင်း ဖြစ်သွားမယ်။ ထီဖွင့်တဲ့ ပုံစံကတော့ ၂၀၀ တန် စနစ်အတိုင်းပဲ လစဉ် ၁ ရက်တိုင်း တစ်လတစ်ခါ ဖွင့်မှာ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမည်ဟု ခန့်မှန်းထားပြီး လက်ရှိအစိုးရအဖွဲ့ထံသို့ ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရအဖွဲ့ကို တင်ထားပြီးသား။ သူတို့က အသေးစိတ်လေ့လာပြီး ပြန်တင်ပြခိုင်းထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ စတင်မယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ကျပ် ၂၀၀ တန်ထီ စနစ်တွင် လစဉ်ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ အဖြစ် ခွဲဝေပေးပြီး ကျပ် ရာခိုင်နှုန်း ၄၀

" ကမ္ဘာမှာ သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးများ "

 
ကမ္ဘာ့သက်တမ်းအရှည်ဆုံး သြဇာရှိနိုင်ငံရေး မဂ္ဂဇင်းတစ်ခု ဖြစ်သည့် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၆ အတွက် ကမ္ဘာမှာ သြဇာ လွှမ်းမိုးမှု အရှိဆုံးသူများကို ရွေး ချယ်ရာမှာ အမျိုးသမီးအတော် များများလည်း ပါဝင်ပါသည်။ သူ တို့သည် ကမ္ဘာတစ်လွှား သတင်း တွေအပေါ်မှာ၊ အင်တာနက်ပေါ် မှာ လူတွေသန်းချီအမြဲအာရုံစိုက် လိုက်ရှာကြည့်ရသော၊ သြဇာကြီး လှသော နိုင်ငံ့ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်နှင့် အတတ်ပညာရှင် အမျိုးသမီးများ ဖြစ်ကြသည်။
သည်အမျိုးသမီးများထဲမှ ထူးခြားသော အမျိုးသမီးများကို တင်ပြရပါလျှင် အောက်ပါအမျိုး သမီးများပင်ဖြစ်ပါလိမ့်မည်။

ခရစ္စတင်းလာဂါဒီ (သို့မဟုတ်) ကမ္ဘာ့စီးပွားရေးကို စောင့်ကြပ်နေ သူ
ကမ္ဘာမှာ သြဇာလွှမ်းမိုးမှု အများဆုံး ခေါင်းဆောင်များကို ရွေးရာမှာ ထိပ်တန်းနံပါတ် (၁) နေရာမှာ ရှိသူမှာ အမျိုးသမီးဖြစ် ပါသည်။ သူသည် ကမ္ဘာ့စီးပွားရေး ကို စောင့်ကြပ်နေသူအဖြစ် တင် စားခေါ်ကြသည့် အိုင်အမ်အက်ဖ် ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ ဖြစ် ပါသည်။ ကမ္ဘာကြီး၏ စီးပွားရေး အတွက် အိုင်အမ်အက်ဖ်ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ လောက် အရေးပါသော အဖွဲ့အ စည်းမျိုးမရှိပါ။ သည်အဖွဲ့အ စည်း၏ ဆုံးဖြတ်ချက်များသည် ကမ္ဘာပေါ်က လူဦးရေသန်းထောင် ချီကို အကျိုးသက်ရောက်မှုရှိသည့် အတွက် သည်အဖွဲ့အစည်း၏ ခေါင်းဆောင်သည် ထူးချွန်ထက် မြက်သော လူတစ်ယောက်ဖြစ်ရ မည်ဖြစ်ပါသည်။
ခရစ္စတင်းလာဂါဒီသည် မြင့် မားသော စံနှုန်းများနှင့် ကိုက်ညီ သူဖြစ်သည်။ အိုင်အမ်အက်ဖ် အ ဖွဲ့ကြီး အကျပ်အတည်းရောက်နေ သည့် ၂၀၁၁ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ အဖွဲ့ဝင်အဖြစ်ပါသည့်သည် အဖွဲ့အစည်းကို သူက တာဝန်ယူ လုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန် ကြီးဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးငွေ ကြေးဆိုင်ရာ အဖွဲ့အစည်းကို အ ဓိကနေရာက ဦးဆောင်သည့် ပထမဦးဆုံး အမျိုးသမီးဖြစ်သည်။
ဥရောပတိုက်က ဂရိစီးပွား ရေးအကျပ်အတည်းမှာလည်း သူ က အဓိကနေရာကနေ ဖြေရှင်းခဲ့ သူဖြစ်သည်။ ထို့အပြင် ကျား၊မ တန်းတူညီမျှရေး၊ ၀င်ငွေမညီမျှမှု နှင့် အီဘိုလာကဲ့သို့ လူထုကျန်းမာ ရေးပြဿနာများကို သူကအလေး ထားခဲ့ခြင်းဖြင့်

" ချိုသာယဉ်ကျေးသော ပြောဆိုမှုနှင့် အပြည့်အဝတာဝန်ခံသော ဝန်ဆောင်မများကို ပေးအပ်လာသည့် KBZကို ကျေးဇူးတင်ပါသည် "

21 / 4 / 2016 နေ့က အရေးကြီး ငွေလိုနေတာနဲ့ တောင်ကြီးကိုငွေလှမ်းမှာ အဲ့ဒါ ငွေ၁၅၀၀၀၀ တစ်သိန်း
ငါးသောင်းကျပ် ကို ကျွန်တော့ရဲ့ KBZ ATM ကဒ် ထဲ လွဲပေးလိုက်တယ်ဒါနဲ့ ည ၇ နာရီလောက်မှာ ရန်ကုန်
မြန်မာ့အသံဘေးလမ်း 5network ရုံးနားက KBZ ATM စက်မှာ သွားထုတ်ပါတယ် ငွေကထုတ်မရနေဘူး။
လုပ်နေရင်း online ကျ သွားတယ်ထင်တယ်။ ဒုတိယအကြိမ် ထပ် လုပ်တော့လည်းငွေက ထွက်မလာတဲ့အပြင်
ကဒ်ပါ မထွက်လာဘူး cancel ကိုနိုပ်လိုက်တော့ ကဒ်က ပြန်ထွက်လာတယ် ငွေကမထွက်လာဘူး ။ ဒါနဲ့ပြန်
ခဲ့တယ်

22/4/2016 ပေါက်တောဝ ဘဏ်ခွဲမှာ သွား ပြီးထပ်ထုတ်တော့ မရတာနဲ့ စာရင်းစစ်တော့ ငွေက ၁၅၀၀၀၀
မရှိနေဘူး တောင်ကြီးကို လှမ်းဆက်တော့ လည်း ငွေက အဝင်ပြထားတယ် ဒါကြောင့် သူတို့ပေးတဲ့ ဖုန်း ကို ဆက်ပြီးအကြောင်းကြားတော့ လိုအပ်တာလေးတွေကို ချိုသာစွာမေးမြန်းပြီး complain တင်ပေးထားမယ်လို့ဖြေ
ပါတယ်။ သောကြာနေ့ဖြစ်နေတော့ တနင်္လာနေ့မှ ထုတ်ပေးပါတဲ့။ ယဉ်ကျေး စိတ်ရှည်စွာနဲ့ ရှင်းပြပေးခဲ့ပါတယ်။
ဒီလိုနဲ့ တနင်္လာနေ့ 25 / 4 / 2016 မနက်မှာ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူတို့ဘက် က ဆောင်ရွက်ပေးနေကြောင်း
အကြောင်းပြန်လာပါတယ်။

ညနေ ၃ နာရီကျော်မှာတော့ ငွေကို ထုတ်ယူ နိုင်ပြီဖြစ်ကြောင်းနဲ့ မထင်မှတ်တဲ့ မှားယွင်းမှုကြောင့် ATM ကဒ် သုံးခြင်းအဆင်မပြေ ဖြစ်ခဲ့ရတာကို စိတ်မရှိဖို့ တောင်းပန်စကား ဆိုပြန်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်
ကြောင်း ပြန်လည်ပြောဆိုပြီး ငွေကိုအပြေးလေး ထုတ်ခဲ့ပါတော့တယ်။ ယခုလို အပြိုင်အဆိုင် များနေတဲ့ခေတ်မှ

April 29, 2016

" သေဆုံးသွားတဲ့ ချစ်သူဟာ မြွေဟောက်ဘ၀နဲ့  သူ့ ဆီပြန်လာလို့ ဆိုတဲ့သူ "

ငပေါနှင့် အချောတို့ ဆန်ကောစီးနေကြပုံ

သေဆုံးသွားတဲ့ ချစ်သူဟာ မြွေဟောက်ဘ၀နဲ့  သူ့ ဆီပြန်လာတာလို့  ယုံကြည်နေတဲ့ လူငယ်တဦးဖြစ်ပါတယ်။ မြွေဟောက်
ကို သွားလေရာခေါ်ပြီး အတူနေနေ

" သူမ သင့်ကို ကြွေနေကြောင်း လက္ခဏာ ၁၀ ခု "

 
သင် သူမကို သံယောဇဉ် ရှိနေသလို ခံစားနေရပါတယ်။ သင်တို့နှစ်ယောက်ကြားမှာ ဆက်နွယ်မှု ရှိပြီး ဇာတ်လမ်းလေး စကြည့်ချင်ပါတယ်။ သူမကို သင် ရည်းစားစကား စပြောသင့်တာ ဘယ်ချိန်မျိုးမှာပါလဲ?? သင့်ကို သူမ ကြွေနေကြောင်းပြတဲ့ လက္ခဏာ ၁၀ ခုကို ရေးပြထားပါတယ်။

. ပထမအဆင့်ကတော့ သင်တို့နှစ်ယောက်လုံး ရင်ခုန်သံ ထပ်တူကျရဲ့လား သတိထားကြည့်ပါ။ဘသူမကို သေချာ လေ့လာပါ။ တကယ်လို့ သူမက သင်နဲ့ မတော်တဆလိုလို အမြဲ တွေ့အောင် လုပ်နေခဲ့ရင်၊ သင်နဲ့ အချိန်ဖြုန်းရတာ ပျော်ရင် သင် ဇာတ်လမ်းစသင့်ပါပြီ။

. သူမက သင်နဲ့ တွေ့ရတဲ့ အချိန်တိုင်း ပျော်နေမယ်။ သင်ကလဲ ပျော်နေမယ်ဆိုရင် သင်တို့နှစ်ယောက် ဇညတ်လမ်းစသင့်ပါတယ်။

. သူမက သင့်ကို သူမရဲ့ အကြိုက်ဆုံး စားသောက်ဆိုင်တွေနဲ့ မြို့ထဲက ရိုမန်တစ်ဆန်တဲ့ နေရာလေးတွေအကြောင်း ပြောပြောနေရင်တော့ သင့်ကို အရိပ်အမြွက် ပေးနေတာ ဖြစ်ပါလိမ့်မယ်။

. သူမက သင့်ကို မနက်ဖြန် သူမအားကြောင်း စကားထည့်ပြောပါတယ်။ သင်သူမကို ချိန်းမယ်လို့ မျှော်လင့်ချက်ကြီးနဲ့ ပြောနေတာ ဖြစ်မှာပါ။

. သင့်သူငယ်ချင်းတွေနဲ့ သူမနဲ့ အဆင်ပြေပါတယ်။ ဒါဟာ သင်နဲ့သူမ အတွဲဖြစ်ရင် ဘယ်လောက် အဆင်ပြေမလဲဆိုတာ ပြနေတာပါပဲ။

. သင့်ကို လူကောင်းဖြစ်ကြောင်း သိရဖို့ သူမ အမြဲ စမ်းသပ်နေပါတယ်။ သူမကြိုက်တဲ့ ပုံစံဟုတ်မဟုတ် သင့်အကြောင်း လေ့လာနေတာ ဖြစ်မှာပါ။

. သူမက Single ပါ။ သူမ မှာ ခုလောလောဆယ် အတွဲမရှိကြောင်း သင့်ကို ပြောနေပါတယ်။ စမ်းကြည့်ဖို့ သင့်ပါတယ်။

. သင်ပြောသမျှအရာတိုင်းဟာ သူမအတွက် စိတ်လှုပ်ရှားစရာပါ။ သင့်ကိုယ်သင် သင်ပြောတာ ဘယ်လောက်တုံးတယ်

" ရဲရဲတင်းတင်း ဆုံးဖြတ်ပါ "

 
ယောကျာ်းတစ်ယောက်ဟာ... သူ့ရဲ့ဘ၀တစ်သက်တာမှာ
တန်ဖိုးရှိတဲ့ မိန်းမကောင်းတစ်ယောက်ကို တစ်ကြိမ်တစ်ခါတော့ လက်လွတ်ဖူးပါလိမ့်မယ်။
ဒါပေမဲ့ သူတို့တွေဟာ ဒီမိန်းကလေးကို လက်လွတ်လိုက်ရပြီး ဆန့်ကျင်ဘက်အကျင့်စရိုက်ရှိတဲ့ မိန်းကလေးကို ကြုံတွေ့တော့မှ နောင်တရပြီး တန်ဖိုးထားရမှန်းသိပါလိမ့်မယ်။

မိန်းမတစ်ယောက်ဟာ... သူမရဲ့ ဘ၀တစ်သက်သာမှာ
ဆိုးသွမ်းတဲ့ ယောကျာ်းတစ်ယောက်ကိုပက်သတ်ဖူးပါလိမ့်မယ်။ဒါပေမဲ့မိန်းကလေးတော်တော်များများဟာ သူတို့ရဲ့ရင်ဘတ်အစုံကွဲအက်ပြီး မျက်ရည်ကုန်ခမ်းသွားချိန်မှာမှ အဲဒီလူကို လက်လွတ်ဖို့သင့်မှန်း သိလာတတ်ကြပါတယ်။

သင်ဟာ ယောကျာ်းတစ်ယောက်ဆိုရင် သင့်အတွက်တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ကို နောင်တတွေရပြီးမှ

" အလွယ်တကူမသိနိုင်သော ကြက်ဥအတုများ ရန်ကုန် ဈေးကွက်အတွင်းသို့ ရောက်ရှိနေ "

ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။

ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊ ကြက်ဥကိုဖောက်လိုက်သည့် အခါတွင်လည်း အနှစ်ကများပြီး အကာနည်းကာ ညှီစို့စို့အနံ့ အသက်များ ထွက်ပေါ်နေတတ် ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။

”ကြက်ဥက ပုံမှန်ထက် နည်းနည်းကြီးတဲ့အပြင် အခုကြက်ဥဈေးတွေတက်ပြီး တစ်လုံးကို ၁၄ဝ   လောက် ဖြစ်နေတဲ့အချိန်မှာ တစ်လုံး ၁ဝဝ နဲ့ရတယ်ဆိုတော့ တန်တယ်ဆိုပြီး ၁၅ လုံးတောင် ဝယ်လိုက်တာ။ အ ဆောင်ရောက်တော့ သူငယ်ချင်းတွေနဲ့စားဖို့အတွက် ပြုတ်မလို့လုပ်တဲ့အချိန်မှာမှ ကြက်ဥက ပေါ့နေတာ ကို သတိထားမိတာ။ ခလောက်ကြည့်တော့လည်း ရေသံလိုကြားရတယ်။ ဒါနဲ့မသင်္ကာလို့ တစ်လုံးခွဲကြည့် လိုက်တော့ ကြက်ဥက

" ဆံညှပ်အခုတစ်ရာ "

 
ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်"လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့

" အရေးပေါ်ကျန်းမာရေးကြောင့် ဖျော်ဖြေပွဲတွေ ရပ်နားလိုက်ရတဲ့ ဖြူဖြူကျော်သိန်း "

 
ခါးနာနေသောကြောင့် အာရှတော်ဝင်ဆေးခန်းတွင်ဆေး ကုသမှုခံယူနေသည့် ဖြူဖြူကျော် သိန်းက မေလလယ်မှသာ
 ဖျော် ဖြေပွဲများ ပြန်လည်သီဆိုမည်ဟု ပြောသည်။
‘‘ခါးနာတာက လွန်ခဲ့တဲ့ ၈ နှစ် နာဂစ်ဖြစ်တဲ့အချိန်ကတည်း ကဖြစ်ဖူးတယ်။ ဒါက အခန့်မသင့် ရင်ဖြစ်တတ်တယ်လေ။ ကိုယ်က ခရီးတွေသွားတာများတယ်။ နား  ချိန်ကမရှိဘူး။ နောက်ပြီး ဒေါက် ဖိနပ်နဲ့ တောက်လျှောက်ကတာ တွေရှိတယ်။ သင်္ကြန်တွင်းတုန်းက လည်း water ပါတီရေပါတီလုပ်ရ သေးတော့ အကုန်လုံးစုပြီးခံရတာ ပေါ့’’ဟု ၎င်းကပြောသည်။
အာရှတော်ဝင်ဆေးရုံတွင် ဧပြီ ၂၀ရက်ကတည်းက တက် ရောက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့် ဆေးရုံတက်ရမည်ဟု ၎င်းကဆို သည်။
‘‘လောလောဆယ်တော့ ရန် ကုန်ရော၊ နယ်ပွဲရော ပွဲဖျက်လိုက် ရတာ ဆယ်ပွဲလောက်တော့ရှိ တယ်။ ပွဲလုပ်တဲ့ သူတွေနဲ့ ပရိ သတ်တွေက ကျန်းမာရေးအ တွက်ဆိုတော့ နားလည်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဖြူဖြူက ကိုယ့်အနုပညာသက်တမ်း ၁၃နှစ်မှာ တော်ရုံနဲ့ပွဲဖျက်တဲ့လူမ ဟုတ်ဘူး။ အရေးပေါ် ကျန်းမာ ရေးအခြေအနေကြောင့်သာ ပွဲ

April 28, 2016

" ဟိဟိ.. ဒီဗီဒီယိုလေးကို တချက် ကြည့်ကြည့်ပါဦး...လူတွေရဲ့ ခေါင်းပေါ်မှာ ရှန်ပူ ခိုးထည့်တဲ့လူဆိုးလေး" (ဟာသ)


youtube link is
https://www.youtube.com/watch?v=CIOumSW0r-0

" အင်းလေးရေခန်းလို့ ရိုက်ကူးရက်ရွှေ့လိုက်ရတဲ့ဇာတ်ကား "

ဇာတ်ကားထုတ်လုပ်သူ ဒေါ်ဝါ၀ါဝင်းရွှေကိုတွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)
‘လရောင်ဖြာတဲ့အင်း လေးမှာ’ရုပ်ရှင်ကားကို ဧပြီအ တွင်း အင်းလေးဒေသ၌ ရိုက်ကူး ရန် စီစဉ်ထားသော်လည်း ရေ နည်းနေ၍ အောက်တိုဘာသို့ ရွှေ့ ထားကြောင်း သရုပ်ဆောင် ဒါရိုက်တာ ဝါဝါဝင်းရွှေက ပြောသည်။
‘‘အင်းလေးမှာရိုက်မယ့်နေ ရာတွေမှာ ရေနည်းနေတာကြောင့် အောက်တိုဘာကို ရွှေ့လိုက်ပါ တယ်။ မင်းသား၊ မင်းသမီး အ ပြောင်းအလဲတော့မရှိပါဘူး’’ဟု ယင်းဇာတ်ကား၏ ထုတ်လုပ်သူ ဒေါ်ဝါဝါဝင်းရွှေက ပြောသည်။
ဒေါ်ဝါဝါဝင်းရွှေသည် ကျန်း မာရေးအခြေအနေအရ ဧပြီတွင် အင်းလေးဒေသသို့ သွားရောက် ရန် စီစဉ်ထားသောကြောင့် ယင်း အချိန်၌ ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးသည့်အခမ်းအ နားတွင် ပြောကြားခဲ့သည်။
‘‘ဇာတ်အိမ်က ဒရာမာသက် သက်တော့မဟုတ်ဘူး။ အဓိက က ၅၂၈ သွယ်မေတ္တာနဲ့ ၁၅၀၀မေတ္တာတွဲနေတာပေါ့။ ဒီကားမှာ နေတိုးက နှစ်ကိုယ်ခွဲဖြစ်မယ်။ ညီအစ်ကိုနှစ်ယောက်၊ တစ်ကိုယ်က တစ်ကိုယ်ကို ဂရုစိုက်ခြင်း ချစ်ခြင်းမေတ္တာပေါ့။ ဒီဘက်ကလည်း ဝတ်မှုံရွှေရည်နဲ့ ဝါဇင်က မောင်နှမနှစ်ယောက်ရဲ့ မေတ္တာပေါ့။ အဲဒီကြားမှာ ၁၅၀၀ ဝင်လာတယ်။ကြည်နူးစရာ၊ ထိတ်လန့်စရာလေးတွေလည်းပါတယ်။ နောက်ဆုံးက ဒရာမာနဲ့သိမ်းလိုက်မယ်’’ဟု ယင်းရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကို  ဝါဝါဝင်းရွှေက  ပြော သည်။ ‘လရောင်ဖြာတဲ့အင်းလေး မှာ’ ရုပ်ရှင်ဇာတ်ကားကို ဝါဝါဝင်း ရွှေထုတ်လုပ်ရေးက စီစဉ်ရိုက်ကူး ထုတ်လုပ်မည်ဖြစ်ပြီး နေတိုး၊ ဝါဇင်နှင့် ဝတ်မှုံရွှေရည်တို့ အဓိက

" ချစ်ခင်သူကို တန်ဖိုးထားပါ "

 
ဥရောပ ပုံပြင် တစ်ပုဒ် ကို တော်တော်များများ ကြားဖူးကြ မှာပါ။ သားကောင်ငယ်တစ်ကောင်ကို အမဲလိုက်မိသွားတဲ့ မြေခွေး ဟာ ချောင်းငယ်ကို ဖြတ် လို့ လျှောက်လာ ပါတယ်။ လျှောက်နေ ရင်းနဲ့ အောက်က ရေကိုငုံ့ကြည့် လိုက်တော့ သူ့လိုပဲ သားကောင်ငယ်ကို ပါးစပ်မှာ ကိုက်ထားတဲ့ မြေခွေးကို သွားတွေ့ ပါတယ်။ သူ့ကိုယ်သူ မြင် တယ်လို့တောင် သူမသိပါဘူး။

ဒါနဲ့ သူ့ပါးစပ်ထဲက သားကောင်ထက် ရေထဲက မြေခွေးရဲ့ သားကောင်က ပိုကြီးတယ်လို့ မှတ်ယူပြီး ပါးစပ်က သားကောင်ကို လွတ်ချလို့ ရေထဲ က မြေခွေးကို စတင် တိုက်ခိုက်ပါတော့တယ်။ တိုက်ရင်းနဲ့ ရေထဲ က မြေခွေးကိုလည်း မတွေ့၊ သားကောင်လည်း မရ၊ နောက်တော့ သူ့သားကောင်သာ ရေထဲမှာ မျောသွားတာကို မသိပဲ ဆုံးရှုံး လိုက်ရ ပါတယ်။

သင်ခန်းစာ


လက်တွေ့ ဘဝမှာလည်း ဒီလိုပါပဲ။ မိမိ ပတ်ဝန်းကျင်မှာ ချစ်သူ ခင်သူ၊ ကိုယ့်ကို ဂရုစိုက်နေသူတွေ ရှိပေမယ့် ဒါတွေကို သတိမထားမိဘူး။ သတိထား မိနေရင်တောင် တန်ဖိုးမထားပဲ နေတယ်။ တစ်ခါတစ်ရံမှာ တစ်ဖက်သားကို နာကျင်စေအောင် ပြန်တုံ့ပြန်မိ တတ်တယ်။ ပြီးတော့ မိမိမှာ ရှိနေတာနဲ့ မလုံလောက်ပဲ

အခြားပတ်ဝန်းကျင်ကနေပဲ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွ၊ အချစ်တွေ ရမယ်လို့ပဲ ထင်တတ်ကြတယ်။

နောက်ဆုံးတော့ ခံစားရမယ့်သူက ကိုယ်ပါပဲ။ အကြောင်း ကတော့ မိမိရဲ့ အတ္တကို လိုက်လျောပေးနိုင်တဲ့ အတိုင်းအတာက

" အမေနဲ့အဖေက အရိုးခံတွေ သူများဆိုသနားတတ် ယုံလွယ်တတ်နဲ့ အိမ်ဖော်ဆိုတော်တော်ကြောက်နေပြီ "

 
အိမ်ဖော်ကောင်မလေးအမည်က စိုးစိုးဝင်း ပါ ။ လက်ခုပ်ကုန်းမှာနေတယ်။ အသက် ၁၈ နှစ်ပါ။ ပွဲစားနဲ့ 11.4.16 မှာ အိမ်အကူလုပ်ချင်ပါတယ် ကလေးထိန်းတတ်တယ် ထမင်းဟင်းချက်ပါတယ်ဆိုပြီးရောက်လာတယ်။နှစ်လစာ ကြိုထုတ်ပါတယ်။ အိမ်ရောက်တော့ နှစ်နှစ်ကျော် ကလေးတစ်ယောက်သူ့မှာ်ရှိတယ်ဆိုတာသိရတော့ ကလေးနဲ့ ဖြစိပါ့မလားဆိုတော့ကလေးကသူနဲ့နေတာမဟုတ်ဘူး အဖွားနဲ့နေတာတဲ့။ အဲ့ဒါနဲ့ နင်ဘက်ကသေချာလုပ်မှာလားဆိုတော့လုပ်မှာတဲ့။ လောလောဆယ် နှစ်လစာ ယူထားတော့ ဒီနှစ်လတော့ ပီပီပြင်ပြင်လုပ်ရမယ်ပြောလိုက်တယ်။ တစ်ညပဲရှိသေးတယ် 12.4.16 မနက်လည်းကျရော ပွဲစားမိန်းမ က်ုဖုန်းဆက်ပေးပါ အိမ်ပြန်ချင်တယ်ဆိုပြီး ။ ပဲင်္ွားစားကိုဆက်တာ အဲ့ဒီတနေ့လုံးဖုန်းမကိုင်ဘူး။ 13.4.16 မှာ တခြားဖုန်းနဲ့ဆက်မှ ပွဲစားမကကိုင်တယ် ကောင်မလေးကပြန်ချင်တယ် လာပြန်ခေါ်ပါပြောတော့ သင်္ကြန်အတွင်း ကားတွေမထွက်လို့ ခေါ်ဖို့အဆင်မပြေဘူးပြောတယ်။နောက်တော့ ကောင်မလေးကို သူ့အဖေနဲ့ဖုန်းပြောခိုင်းတော့ မခေါ်နိုင်ဘူး ပိုက်ဆံလည်းပြန်ပေးစရာမရှိဘူးဆ်ုပြီးပြောတယ် အိမ်ဖော်ကောင်မလေးက အဲ့ဒါကို အိမ်ရှင်တွေက ထမင်းမချက်တတ်လို့ပြန်ခိုင်းတာဆိုပြီး သူ့အဖေကိုပြောတယ်။ ပထမတော့ ကျွန်မဘာမှမပြောသေးဘူး နောက်တော့ ကလိန်ကကျစ်စကားပြောလာတာနဲ့ လာခေါ်ခိုင်းလိုက်တယ်။ ထမင်းချက်ဖို့နေနေသာသာ ဟင်းအိုးတောင်ကျက်မကျက် မကြည့်တတ်ဘူး ကလေးလည်းမကြည့်တတ်ဘူး ။ တနေ့တနေ့ အိမ်ပြန်ချင်လို့ငိုနေတာနဲ့ ပွဲစားမကိုလာခေါ်ခိုငိးလိုက်တယ် ဘာမှာလည်းမလုပ်ဘူး သင်္ကြန်တတွင်းလုံး အာကုသိုလ်ပွားနေရတာ။ သင်္ကြန်ပြီး 18.4.16 လာခေါ်မယ်ဆိုပြီး ရက်ထပ်ရွှေ့တယ် မခေါ်သေးဘူးဆိုပြီး ကျွန်မလည်း သည်းမခံနိုင်တာနဲ့ 19.4.16 လာခေါ်ပါ ပိုက်ဆံပြန်ပေးပါပြောလိုက်တယ်။ကျွန်မ သင်္ကြန်တတွင်းလုံးသည်းခံပြီးသွားပြီလို့ ။ကောင်မလေးကိုလည်း နင်သင်္ကြန်တတွင်း အေးဆေးနေ င်ုမနေနဲ့ အိမ်ပူတယ် နင်ပြန်ရင် နင့်ကလေးအတွက်အကျီ င်္တွေ ထည့်ပေးလိုက်မယ်ပြောထားတယ်။ လာခေါ်ခါနီးကျတော့ပွဲစားက သူတို့အိမ်က ပိုက်ဆံရှာမရသေးလို့စောင့်ပေးပါတဲ့ သူ့အိမ်နဲ့ပြောတော့ 70000 လောကိပဲရှိလို့တဲ့ ။ပွဲစားက ကြားထဲကနေ သူ့အိမ်ကို အိမ်ရှင်ဖက်က အလုပ်မလုပ်လို့ တပြားမှာမပေးဘူးဆိုပြီးပြောထားတယ်တဲ့။ ကျွန်မလည်း ပွဲစားနဲ့ ကောင်မလေးအမေကို ကျွန်မဖက်ကနေ

" လိုချင်ဦးဟဲ့ အကယ်ဒမီ ဆိုတဲ့ 5 star ရဲ့ နောက်ဆုံး ထွက် ဟာသလေးပါ (မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြောင်ထားတာ )


Youtube link is..
https://www.youtube.com/watch?v=plskEBsndkU

" သင်္ဘောစေ့ နှင့် #‎ အစာခြေ‬ ‪#‎ ကင်ဆာ‬ ‪#‎ အသည်း‬ ‪# ‎ကျောက်ကပ်‬ ‪# ‎ပိုးမွှား‬ ‪#‎ သန်ကောင်‬‪တို့ အတွက် အသုံးချနည်းများ "

 
လူတိုင်း သဘောင်္သီးမှည့် စားမယ်ဆိုရင် အရင်ဦးဆုံး အစေ့တွေကို ဖယ်ပြီးမှ စားလေ့ရှိပါတယ်။ အမှန်တကယ်တော့ သဘောင်္သီးစေ့တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါဆဲလ်ပြန့်ပွားမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

သဘောင်္သီးစေ့ကို ဒီအတိုင်းဝါးစားနိုင် ပါတယ်။ အရသာက ခါးသက်သက်ရှိတာကြောင့် အချို့လူတွေကတော့ နွားနို့ သို့မဟုတ် ပျားရည်တို့နှင့် တွဲဖက်စားသုံးကြပါတယ်။ ဒါပေမယ့် နို့တိုက်ကျွေးနေသော မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
ကတော့ သင်္ဘောသီးစေ့ကို မစားသုံးသင့်ပါဘူး။

(၁) အစာချေမှုစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေဟာ အစားအစာမှာပါဝင်တဲ့ အသားဓာတ် ( ပရိုတင်းဓာတ်) ကို ကောင်းမွန်စွာ ချေဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်္ဘောသီးစေ့ကို စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အထောက်အကူလည်းဖြစ်စေပြီး ကြွက်သားဆဲလ်များကိုလည်း ကျန်းမာစေပါတယ်။

(၂) ကင်ဆာရောဂါဆဲလ်ပြန့်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ခြင်း သင်္ဘောစေ့တွင် ပါဝင်သော Isothiocyannates ဓာတ်သည် အသားပိုထွက်ခြင်းနှင့် ကင်ဆာဖြစ်စေသောဆဲလ်ပြန့်ပွားမှုနှုန်းများကို အများဆုံး လျှော့ချပေးနိုင်ပါသည်။ ထို့ပြင် သဘောင်္သီးစေ့အား သာမာန်ထက် ပိုမိုစားသုံးလျှင် သွေးကင်ဆာရောဂါ၊ အဖိုသုတ်ရည်ဂလင်းကင်ဆာရောဂါ၊ အူမကြီးကင်ဆာရောဂါ၊ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာဆဲလ်များ ပြန့်ပွားမှုများကို လျှော့ချပေးနိုင်ပါသည်။

(၃) အသည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း အရက်သေစာများကို အလွန်အကျွံသောက်သုံးလျှင်၊ အသည်းရောင်နာ B C စသော ရောဂါခံစားရလျှင် အသည်းဆဲလ်များ ပျက်စီးပြီး Cirrhosis ဟုခေါ်သော အသည်းဆဲလ်ပျက်စီးခြင်းရောဂါများကို ခံစားရနိုင်ပါသည်။ ထိုရောဂါကို ခံစားရပြီဆိုလျှင် သဘောင်္သီးစေ့ ၅ စေ့ ၆ စေ့ကို ကြိတ်ပြီး သံပရာသီးဖျော်ရည်ထဲသို့ ထည့်သောက်လျှင် အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် အသည်းရောဂါကို ခံစားနေရလျှင် နေ့စဉ် ယခုကဲ့သို့ ပြုလုပ်ပြီး လအနည်းငယ်အထိ သောက်သုံးပေးသင့်ပါသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် ပျက်စီးနေသော အသည်းတစ်ရှူးများကို ပြန်လည်ကောင်းမွန်လာစေပါသည်။

(၄) ကျောက်ကပ်ရောဂါအတွက် ဆေးကောင်းတစ်လက် ကျောက်ကပ်တွင် အဆိပ်အတောက်များ စုပုံလာသည့်အခါ ကျောက်ကပ်သည် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သည့်အခါ ကျောက်ကပ်ရောဂါဝေဒနာများကို
ခံစားရပါသည်။ ထိုသို့ ကျောက်ကပ်တွင် အဆိပ်အတောက်များ စုပုံလာခြင်းကို ကာကွယ်နိုင်ရန် သဘောင်္သီးမှည့်အစေ့ကို

April 27, 2016

" ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရ "

မျိုးသူအောင်
ရန်ကုန်၊ဧပြီ ၂၆
ကြည့်မြင်တိုင်မြို့နယ်၊ ဦလူနီလမ်း၊ အိမ်အမှတ် ၂၀ တွင် ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀နာရီ ၅မိနစ်ဝန်းကျင်က ဓားပြတိုက်ကာ ဓားစာခံခေါ်ဆောင်မှု တစ်ခုဖြစ်ပေါ်ခဲ့သည်။
အိမ်အမှတ် (၂၀)မှာ ဒေါက်တာဦးရွှေပြည် ၊ ဇနီး ၊ သား ဖြစ်သူ၊ သမီးသော်တာအောင် အသက်(၆)နှစ်နှင့် အိမ်အကူတို့ နေထိုင်ကြစဉ် အမည်မသိ အမျိုးသားတစ်ဦးက အိမ်ထဲမှာ တိတ်တဆိတ် ၀င်ရောက်နေပြီး အသက် (၆)နှစ် ၀န်းကျင်ရှိတဲ့ သမီးဖြစ်သူ မသော်တာအောင် ကို ဓားထောက်ကာ သိန်း (၅၀)တောင်းခဲ့ ကြောင်း ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်က သမီးငယ်ကို လွှတ်ပေးဖို့ပြောပြီး သိန်း(၅၀)ပေးလိုက်ရာ ဖခင်နှင့် သမီးငယ်ကိုပါ ဓားထောက် ခြိမ်းခြောက်ကာ ဒေါက်တာ ရွှေပြည်ကို ကားမောင်းခိုင်းပြီး ဓားစာခံအဖြစ် ခေါ် သွားခြင်း ဖြစ်ကြောင်း

"အခိုင်မြဲဆုံး အချစ်ရေးကိုတောင် ပျက်စီးစေနိုင်တဲ့ အကျင့်ဆိုး (၇) ခု"

 
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပေမဲ့ ဆိုးရွားတဲ့အကျင့်တွေကြောင့် ဘယ်လိုမှ လက်တွဲလို့မရနိုင်
 ဖြစ်တတ်ပါတယ်။

သင့်ရဲ့အချစ်ရေးကို ထာဝရခိုင်မြဲစေချင်ရင်တော့ ဒီလိုမျိုးတွေ မပြုလုပ်မိအောင် ရှောင်ရပါမယ်။

၁။ သင့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို မဖော်ပြခြင်း

သင့်ချစ်သူကို စိတ်မညစ်စေချင်လို့ သင့်ရဲ့ခံစားချက်ကို မြိုသိပ်လိုက်တော့မယ်လို့ တွေးမိရင် ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ အဲဒီလိုလုပ်တာဟာ အငြင်းအခုန်မဖြစ်တာ မှန်ပေမဲ့လို့ သင့်ရဲ့စိတ်ထဲမှာ မကျေနပ်ချက်တွေ ကြီးထွားလာပါလိမ့်မယ်။ မခံနိုင်တဲ့အဆုံးမှ ပွင့်ထွက်လာတဲ့အခါ မလိုအပ်ဘဲ ပုံကြီးချဲ့တယ်လို့ အထင်ခံရတတ်ပါတယ်။

 ၂။ အနိုင်အရှုံးတွက်ခြင်း

သင့်အချစ်ရေးက သူဘယ်နှခါမှားတယ်၊ ငါဘယ်နှခါမှားတယ်ဆိုပြီး အမှတ်တွေတွက်ရအောင် အနိုင်အရှုံးတွေသတ်မှတ်ရအောင် တစ်နေ့မှာ ဒိုင်းဆုကြီးရနိုင်တဲ့ ကစားပွဲ ဟုတ်ပါဘူး။ ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ လက်တွဲလုပ်ဆောင်မှုတစ်ခုပါ။ ရဲဘော်ရဲဘက်စိတ်ထားရမှာပါ။

၃။ အမြဲမပြတ် ညည်းတွားနေခြင်း

တစ်ယောက်ယောက်ကို ညည်းတွားပြရမှ ကျေနပ်မယ်ဆိုရင် အချစ်ဆုံးသူငယ်ချင်းတွေကို ဖုန်းဆက်ပါ။ သင့်ရဲ့ညည်းတွားချက်တွေကို သူတို့က သိပ်အမှုမထားဘဲ သင့်ကိုလည်း ဒေါသမထွက်ဘဲ နားထောင်ပေးနိုင်မှာပါ။ သင့်ချစ်သူကျတော့ သင့်ရဲ့ အဆက်မပြတ် ညည်းတွားမှုတွေကို တဖြည်းဖြည်း စိတ်ပျက်လာနိုင်သလို ထွက်ပေါက်အနေနဲ့

"ပြင်းထန်သော မိုးသီးများ၏ အန္တရာယ်မှ ကာကွယ်ရန်"


၁။ မိုးသီးမုန်တိုင်း၏ လက္ခ္ခဏာများမှာ တိမ်မဲလာခြင်း၊
လေပြင်းလာခြင်း၊ မိုးသည်းလာခြင်း
မိုးခြိမ်းပြီး အတော်ကြာမှ လျှပ်ပြက်လာခြင်း၊
အပူထုထဲတွင် လေအေးများကို ခံစားရခြင်း။

၂။ ကြိုတင်စီစဉ်နိုင်စေရန်အတွက် မိုးလေ၀သ သတင်းနားထောင်ပါ။ Facebook တွင် မိုးလေ၀သနှင့်
လဗေဒညွှန်ကြားမှု ဦးစီးဌာနကို ကြည့်ပါ။
ရေဒီယို FM များမှလည်း အရေးပေါ်လာပါက ကြားဖြတ်လွှင့်နိုင်ပါသည်။

၃။ အိမ်မွေးတိရိစ္ဆာ္ဆ္ဆ္ဆန်နှင့် ကျွဲနွားများအတွက် ခိုလှူံစရာစီစဉ်ပါ။
မိုးသီးကြီးများသည် တိရိစ္ဆာ္ဆ္ဆ္ဆန်များကို
အသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး
တကယ် ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင်သဖြင့် ကြိုတင်စီစဉ်ပါ။

၎။ ယာဉ်များ၊ ပစ္စ္စည်းများ အပြင်တွင်မထားပါနှင့်။
ကားများကို ဂိုဒေါင်ထဲထည့်ပါ။
အမိုးပဲရှိပြီး အကာမရှိသည့်အောက်တွင်
ဘေးမှထိနိုင်သဖြင့် စောင်ကာပါ၊
ရပ်ကွက်များရှိလမ်းများပေါ်တွင်ထားရပါက စောင်အုပ်ပါ။
ရေယာဉ်များလည်း အုပ်စရာများရှာဖွေထားပါ။
ညဖက် အိပ်ချိန် ရုတ်တရက် ဖြစ်လာပါက
မည်သူမျှ ထွက်မစီစဉ်နိုင်သဖြင့်
စိုးရိမ်မှုဖြင့် ကြိုစီစဉ်ခြင်းက အမှားမရှိပါ။

၅။ ပြတင်းတံခါးများ အသေအချာ ပိတ်ထားပါ။
မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့် ၀င်လာပါက
အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။
လိုက်ကာများပါပိတ်ထားပါ။
ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။
ပြတင်းပေါက်နားရှိ ပရိဘောဂများကိုလည်းကြိုတင်ရွေ့ထားပါ။

၆။ ကြိုတင်ပြင်ဆင်စရာများမှာ လျှပ်စစ်မီးလာချိန်တွင် ဖုန်းများ နှင့်
အားသွင်းစရာများကို အားပြည့်နေအောင် လုပ်ထားပါ။
ဓာတ်မီးများရေဒီယိုများကို အားအပြည့်ဖြင့်ဆောင်ထားပါ။
မုန်တိုင်းပြီးပါကသာမန် ညှပ်ဖိနပ်ထက်
ဘွတ်ရှည်များစီးပြီး ပတ်ဝန်းကျင်ရှင်းလင်းပါ
စားသောက်စရာနှင့် ရေပုလင်းများဆောင်ထားပါ။
အရေးပေါ်ဆေးအိတ်ကိုလည်း ပြင်ထားပါ။
ဆေးရုံ၊ ဆေးခန်းဖုန်းနံပါတ်များ ရှာထားပါ။

၇။ အိမ်အနီးဝန်ကျင်တွင် အန္တရာယ်ရှိနိုင်မည့်အရာများကို

" စိတ်ပူတတ်တဲ့ ယောက်ျား "

၈၄ရေ မင်းသိပ် ပင်ပန်းနေပြီလားဟင်
ခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူတတ်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကံကောင်းတာပေါ့။ သူတို့တွေဟာ သင့်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ သူတွေဖြစ်ပါတယ်။

၁) ခဏခဏ ဖုန်းဆက်တယ်

မိမိခရီးသွားတာ ဖြစ်ဖြစ်၊ အပြင်ကို သွားတာဖြစ်ဖြစ် ခဏခဏ ဖုန်းဆက်ပြီး မေးတဲ့ ခင်ပွန်းမျိုး ချစ်သူမျိုးတွေဟာ စိတ်ပူတတ်တဲ့ ယောက်ျားမျိုး ဖြစ်ပါတယ်။ စိတ်ပူတဲ့ အတွက်ကြောင့်
ခဏခဏ ဖုန်းဆက်ခြင်း ဖြစ်ပါတယ်။

၂) နာမကျန်း ဖြစ်တဲ့အခါ

မိမိက အနည်းငယ် နာမကျန်း ဖြစ်တဲ့ အခါမှာ စိတ်ပူတတ်တဲ့ ယောက်ျားများ အနေနဲ့ကတော့ ဘေးကနေပြီးတော့ ပြုစုယုယပေးပါလိမ့်မယ်။ မိမိစားချင်တာတွေ လုပ်ပေးလိမ့်မယ်၊ မိမိအတွက် အသေးစိတ်ကို
သူတို့တွေက ပြုစုယုပေးပါလိမ့်မယ်။

၃) စိတ်ပူတာကြောင့် ဒေါသထွက်တယ်

မိမိခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူလွန်းပြီး ဒေါသတကြီး အော်ငေါက်တာတွေ ရှိချင် ရှိပါလိမ့်မယ်။ ဒါတွေဟာ တကယ်တော့ စိတ်ပူလို့ ဖြစ်သွားရတာပါ။ သူ့ကို နားလည် ပေးလိုက်ပါ။

၎) မွန်းကျပ်သလို ခံစားရမယ်

စိတ်ပူပြီး မိမိကိုယ် ပြုစုယုယတယ်၊ ဖုန်းတွေ ဆက်တယ် စသဖြင့် လုပ်ပေးတဲ့ ယောက်ျားမျိုးကြောင့် တစ်ခါတစ်လေ

"လူမှုရေး မီဒီယာများတွင် သတိပြုရမည့် ထိပ်တန်းလိမ်လည်မှု (၅) မျိုး "

လိမ်လည်သူများသည် လူမှုရေးမီဒီယာ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဘဏ္ဍာရေး အချက်အလက်များကို ရယူရန်အတွက် နာမည်ကျော် လူမှုရေးမီဒီယာ ကွန်ရက်များကို ပစ်မှတ်ထားလာ ကြသည်။

Facebook, Twitter, Instagram နှင့် LinkedIn ကဲ့သို့သော လူမှုရေးမီဒီယာကွန်ရက်များ၌ phishing တိုက်ခိုက်မှုပြုလုပ်ရန် ကြိုးပမ်းသည့်အရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ကြောင်း Proofpoint လုံခြုံရေးကုမ္ပဏီမှ ပညာရှင်များက ပြောကြားသည်။

လိမ်လည်သူများသည် လူမှုရေးမီဒီယာကို အသုံးပြုပြီး လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက် ပစ်မှတ်ထားကာ သုံးစွဲသူများအသွင် ဟန်ဆောင်ပြီး အမြတ်ထုတ်လျက်ရှိသည်။

ထို့အတွက်ကြောင့် လူမှုရေးမီဒီယာပေါ်တွင် သတိထားရှောင်လွှဲရမည့် လိမ်လည်မှု (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) Twitter ပေါ်မှ customer service account အတုများ

အွန်လိုင်းဒုစရိုက်သမားများသည် ဘဏ်အချက်အလက်များနှင့် အခြားအရေးကြီးအချက်အလက်များ လိမ်လည်ရယူရန်အတွက် customer service account အတုများ ဖန်တီးကြသည်။ အဆိုပါ account အတုများသည် လုပ်ငန်းသုံး account အစစ်များနှင့် အလွန်တူညီသည်။ သို့ရာတွင် account အစစ်များ၏ နာမည်ကို စာလုံးတစ်လုံးချန်ထားခြင်း၊ underscore ထည့်ထားခြင်း သို့မဟုတ် အခြားကီးဘုတ်အက္ခရာထည့်ထားခြင်းတို့ဖြင့် ဖန်တီးပြုလုပ်ကြသည်။

တစ်စုံတစ်ဦးက ၎င်း၏ဘဏ်သို့ tweet များပေးပို့သည့်အခါ လိမ်လည်သူများက စကားပြောဆိုမှုကို ကြားဖြတ်ရယူပြီး

" ဆန်းဆန်းပြားပြား ခေတ်မီ ဆေးဝါးများ " အိမ်ထောင်သည် ကိုကို မမတွေအားထားကြရတဲ့ ဆေးတွေလဲ ပါတယ် .. (18+)

ဒီတစ်ခါတော့ သောက်စရာမလို၊ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆန်းဆန်းပြားပြား ဆေးဝါး အချို့အကြောင်း ရေးပေး
သွားပါမယ်..
*
Lo Lo ဗိုက်ချပ်ကပ်ခွာ



ဗိုက်ချပ်ဖို့အတွက် ဆေးသောက်စရာမလိုတဲ့ ကပ်ခွာလေးဖြစ်ပါတယ်.. ကိုးရီးယားနိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ ဒီကပ်ခွာလေးဟာ ဗိုက်ရောခါးပါ အဆီကျသွယ်လျသွားစေမယ့် အရည်အသွေးမြင့်
ဗိုက်မှခါးနောက်ကျောအထိ ရှည်လျားတဲ့အဆီကျကပ်ခွာလေးပါ
Lo Lo အဆီကျကပ်ခွာလေးဟာ ရှည်လျားပြီးကြီးမားတာကြောင့် ဗိုက်မှခါးနောက်ကြောအထိကပ်လို့ရပြီး ဗိုက်က အဆီတင်မက ခါးတစ်ဝိုက်နှင့် နောက်ကျောအဆီပိုတွေပါကျစေပါတယ်...
ဘယ်လောက်ဝဝ ဘယ်လောက်ပူပူ အဆင်ပြေစွာအသုံးပြုနိုင်ပြီး နှစ်ဗူးသုံးရုံနဲ့ အဆီကျချပ်ရပ်စေပါတယ်
တစ်ဗူးမှာ၁၀ချပ်ပါဝင်ပြီး တစ်နေ့တစ်ချပ်၈နာရီကပ်ပေးရပါတယ်...
ပူလောင်ခြင်း ယားယံခြင်း အရေပြားဓာတ်မတည့်မှုများ မဖြစ်စေပါဘူး..
အမျိုးသား/အမျိုးသမီးနို့တိုက်မိခင်ဗိုက်ခွဲထားသူများပါအသုံးပြုလို့ရပါတယ်..

April 26, 2016

" ယောက်ျားလေးတွေကြွေလေ့ရှိတဲ့ ကောင်မလေးတွေရဲ့အမူအရာ(၆)မျိုး "

တစ်ခါတလေ မိန်းကလေးတွေဟာ အမှတ်တမဲ့ အပြုအမူလေးတွေ ပြုမူလေ့ရှိပြီး အဲဒီအပြုအမူလေးတွေကနေ တစ်ဆင့် ယောက်ျားလေးတွေဟာ မထင်မှတ်ထားပါဘဲ ချစ်သွားနိုင်ပါတယ်။ အမှတ်တမဲ့အပြုအမူလေးတွေထဲ မှာ နမော်နမဲ့ပြုမူလိုက်မိတာလေးတွေလည်း ပါတတ်ပါတယ်။ ဒီတော့ ဘယ်လို အပြုအမူမျိုးဟာ သင့်ကို ကြွေ စေနိုင်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

1. သင့်ဆံပင်တွေ ရမ်းခါမိတဲ့အခါ သီချင်းတောင် ရှိသေးတယ်။ ညနေခင်းရဲ့ လေပြည်ထဲမှာ … မင်း ဆံနွယ်တွေ အတောင်ပံ ဖြန့်တဲ့အခါ … ဘာ ညာ သာရကာ-ဆိုတာမျိုးပေါ့။ အဲဒီလို ဆံပင်တွေ ရမ်းခါမိတဲ့အခါမျိုးမှာ ကောင်လေးတွေက သင့်ကို ကြွေနိုင် ပါတယ်။

2. သင့်ရဲ့ ရေမွှေးနံ့၊ ရှန်ပူနံ့၊ ခန္ဓာကိုယ်ကနေ သင်းသင်းလေး မွှေးတဲ့ရနံ့လေးတွေ လူတွေ အနေနီးတဲ့အခါ ဒီလူက ချွေးနံ့ဆိုးတယ်၊ ဒီလူကတော့ ချွေးနံ့ပြင်းတယ်၊ ဒီလူကတော့ အနံ့ညင်သာ တယ်-စသဖြင့် နှာခေါင်းကနေ ဆုံးဖြတ်ကြပါတယ်။ ဒီလိုပါဘဲ။ သင့်ရဲ့ ရေမွှေးနံ့၊ ခေါင်းလျှော်ရည်နံ့၊ ကိုယ်သင်း နံ့လေးတွေဟာလည်း အမျိုးသားတွေကို ချစ်လာအောင် ဆွဲဆောင်ရာမှာ အကူအညီပေးပါတယ်။

3. မျက်လုံးမှိတ်တဲ့အခါ တစ်ခါတလေ သင် မျက်လုံးလေး မှိတ်တာဖွင့်တာလေးဟာ နိုင်ငံခြားဇာတ်ကားတွေထဲက ဇာတ်လိုက်မင်းသမီး လို နမ်းခါနီး မျက်လုံးပိတ်တဲ့ ပုံစံမျိုးနဲ့ သွားတူနေတတ်တာတို့၊ အဲဒီလို အခြေအနေနဲ့ ခပ်ဆင်ဆင် တူနေတာတို့ ဆိုရင်လည်း သင့်ကို ကောင်လေးက ခိုက်သွားနိုင်ပါတယ်။

4. နှုတ်ခမ်းကို ကိုက်တဲ့အပြုအမူ/ လျှာနဲ့သပ်တဲ့ အပြုအမူ မိန်းကလေးတွေရဲ့ နှင်းဆီနှုပ်ခမ်းလေးဟာ ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဒီအထဲမှာ နှုမ်းခမ်ကို ကိုက်တဲ့ အပြုအမူနဲ့ လျှာနဲ့သပ်တဲ့ အပြုအမူတွေလည်း ပါဝင်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ ကျွန်တော် အသေးစိတ် အကြံမပေးတော့ပါဘူးနော် …။

5. ရှက်သွေးဖြာခြင်း မိန်းကလေးတစ်ယောက် အလှဆုံးအချိန်ထဲမှာ ရှက်တဲ့အချိန်လည်း ပါဝင်ပါတယ်။ အကြောင်းကတော့ ရှက် တာ တစ်ခုပဲ ဂရုစိုက်နေရလို့- အဲဒီအချိန်မှာ သူမရဲ့ သာမာန်အလှတွေ အပြိုင်းအရိုင်းထကြွပြီး အမျိုးသားတွေ ကို မြှူစွယ်ကြတယ်ဆိုတာ သတိမထားမိကြပါဘူး။

6. ပြောင်စပ်စပ်အမူအယာ မိန်းမတွေဟာ ပြောင်စပ်စပ်အမူအယာလုပ်တဲ့အချိန်မျိုးမှာ ရယ်စရာ မကောင်းဘဲ

" မိန်းမသားဘဝကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ မထက် "

မိတ်ကပ်ပညာရှင် မထက်(Pop Soul )ကတော့ မိန်းမသား ဘဝစစ်စစ်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ မထက်က ဧပြီလထဲ
ဘန်ကောက်မှာ သွားပြီး လင်အင်္ဂါ ပြောင်းလဲခွဲစိတ်ခဲ့တယ်လို့ အားတီရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။

အားတီကလည်း မထက် ခွဲစိတ်နေတုန်းမှာ သတင်းသွားမေးတဲ့ ပုံတွေကိုလည်း သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားပြီး

" ဩစတြေးလျ လူငယ်တစ်ဦး မိကျောင်းဆွဲခံရသော်လည်း ကံကောင်းထောက်မစွာ လွတ်မြောက်လာ "

ဩစတြေးလျ ရေငန်မိကျောင်းတစ်ကောင်ကို တွေ့ရစဉ်
ဩစတြေးလျ ဆယ်ကျော်သက် လူငယ်တစ်ဦး မိကျောင်းဆွဲခံရသော်လည်း ကံကောင်းထောက်မစွာ သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် မိသားစုနှင့်အတူ အပျော်တမ်း ငါးဖမ်းခရီးထွက်ရင်း ဩစတြေးလျ မြောက်ပိုင်း တောတွင်းတစ်နေရာတွင် ရွက်ဖျင်တဲထိုး အိပ်စက်နေစဉ် မိကျောင်းက ဝင်ရောက်တိုက်ခိုက်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ခဲပြီး ရေစပ်ထဲ ဆွဲယူသွားခဲ့သည်။

ဧပြီ ၂၅ ရက် နံနက်အစောပိုင်း အရုဏ်မတက်မီတွင် ဖြစ်ပွားခဲ့သည့် မိကျောင်းတိုက်ခိုက်မှု အပြီးတွင် မိသားစုဝင်များသည် အနီးဆုံး ဆေးရုံသို့ ၂ နာရီခွဲနီးပါးမျှ ကားမောင်းပြီး လူနာကို တင်ဆောင်ခဲ့ရသည်။ ယခုအခါတွင်မူ ၎င်းသည် ဩစတြေးလျ မြောက်ပိုင်းဒေသ ဆေးရုံတွင် ကုသမှု ခံယူနေပြီ ဖြစ်သည်။

ဒါလီအရပ်တွင် ရေနှင့် ၁၅ မီတာမျှ အကွာ၌ စခန်းချ ရွက်ဖျင်တဲထိုးထားသည်ကို ၄ မီတာမျှ အရှည်ရှိသည့် တွားသွား သတ္တဝါကြီးက အလစ်ဝင်ရောက် ရန်ပြုခဲ့ခြင်း ဖြစ်သည်။ မိကျောင်းတိုက်ခိုက်ခံရချိန်တွင် အဆိုပါ လူငယ်မှာ မိသားစုနှင့်အတူ အိပ်မောကျနေခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက “လူနာက စကားပြောနိုင်ပါတယ်။ သူက ပြောပြတယ်။ မိကျောင်းဆွဲခံရတော့ သူလည်း ကြောက်လန့်တကြားနဲ့ ကန်ကျောက်ရုန်းကန်ခဲ့တယ်တဲ့။ လွတ်နေတဲ့ ခြေထောက် တစ်ဖက်နဲ့ မိကျောင်းကို ကန်ခဲ့တယ်လို့ ပြောပါတယ်။ တော်တော်လေး ကံကောင်းလို့ လွတ်မြောက်လာတာပဲ”ဟု မှတ်ချက်ပေးခဲ့သည်။

ကက်သရင်းထိ ကားမောင်းကာ ဆေးရုံတင်ပို့ခဲ့ပြီးနောက် ၎င်း၏ အခြေအနေမှာ စိတ်ချရပြီဟု ဆရာဝန်များက ဆိုသည်။ ခြေထောက်တွင် မိကျောင်းသွားရာများကြောင့် ပေါက်ပြဲနေပြီး လူနာမှာ တုန်လှုပ်လျက်ရှိကြောင်းလည်း

" ကြောင်မလေးနဲ့ ခွေးဘီလူးကြားက သံယောဇဉ် "

" အထီးကျန်ခြင်းက လေဖြတ်ခြင်းကို ဖြစ်စေနိုင် "

 
တခါတရံမှာ အထီးကျန်ဆန်သလို ၊အဖော်မဲ့နေသလို ခံစားချက်မျိုးကို လူတိုင်းခံစားကြရတတ်ပါတယ်။ ဒါက ခဏတာအတွက် အကြောင်းမဟုတ်ပေမဲ့ အချိန်ကာလ ကြာရှည်စွာ တစ်ယောက်တည်း နေရတာများလာတဲ့အခါမှာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ ပိုမိုများပြားလာစေတာကို တွေ့ရှိခဲ့ကြပါတယ်။
 
နယူးရော့ခ်၊ လစ်ဗာပူးနဲ့ နယူးကာဆယ် တက္ကသိုလ်များမှ သုတေသနပညာရှင်များက အရွယ်ရောက်သူပေါင်း ၁၈၁,၀၀၀ ယောက်ကို အချိန် ၃ နှစ်ကနေ ၂၁ နှစ်အတွင်းစောင့်ကြည့်လေ့လာပြီး သုတေသနပြုလုပ်ခဲ့ကြပါတယ်။
သုတေသနပြုနေစဉ်အတွင်း တစ်ကိုယ်တည်း နေတတ်သူများထဲမှ နှလုံးရောဂါ ဖြစ်ပွားသူ ၄၆၂၈ ယောက်နဲ့ လေဖြတ်ဝေဒနာ ခံစားရသူပေါင်း ၃၀၀၂ ယောက်ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
 
တွေ့ရှိမှုအရ အထီးကျန်ဆန်ပြီး လူမှုရေး ပတ်သက်မှုနည်းပါးတဲ့သူတွေမှာ နှုလုံးရောဂါ ဖြစ်နိုင်ချေ ၂၉ ရာခိုင်နှုန်းနဲ့ လေဖြတ်နိုင်ချေ ၃၂ ရာခိုင်နှုန်း ပိုမိုများနေတယ်လို့ ဆိုပါတယ်။ ဒီရလဒ်တွေကြောင့် အများပြည်သူ ကျန်းမာရေးနဲ့ လူမှုရေး ပတ်သက်မှုတွေဟာ ဆက်စပ်မှုရှိကြောင်း သတိပြုမိလာကြပါတယ်။ ဒါပေမဲ့ နည်းပညာတိုးတက်မှုတွေကြောင့် လူမှုရေးလှုပ်ရှားဆောင်ရွက်မှုတွေ အားကောင်းလာအောင် စီစဉ်ဖို့ရာမှာ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ

" သင့်အိမ်ထောင်ရေးမှာ ပျော်ရွှင်သုခရစေဖို့ အိပ်ယာမ၀င်ခင် ဒီအချက် (၅)ချက်ကို လုပ်ဆောင်ရန်လို "

 
အိမ်ထောင်တစ်ခု ခိုင်မြဲဖို့ ဆိုရာမှာ အပြန်အလှန် နားလည်မှု၊ သစ္စာရှိတတ်ဖို့၊ ဖေးမကူညီကြင်နာတတ်ဖို့ စတဲ့ အရေးကြီးတဲ့အရာတွေအပြင် အခြားသော မဖြစ်မနေလုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်အရေးမကြီးဘူးလို့ ထင်ထားတဲ့ အရာလေးတွေက အိမ်ထောင်ရေးသာယာစေဖို့ အဓိကအရေးပါတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။ ခုလည်း သင်နဲ့သင့်အိမ်ထောင်ဖက်ကြား နှစ်ယောက်စလုံး ညအိပ်ယာမ၀င်ခင် လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေ ပြောပြပေးသွားပါမယ်။ ဒီအရာတွေက သင်တို့အိမ်ထောင်ရေးအတွက် ပိုမိုခိုင်မြဲစေတဲ့ သံယောဇဉ်ကြိုးတွေကို ဖြစ်ပေါ်စေမယ်ဆိုတာ မယုံမရှိပါနဲ့။
 
၁။နှစ်ဦးသား အိပ်ယာဝင်တဲ့ အချိန် အတူတူ ဖြစ်ပါစေ။
 
သင်တို့နှစ်ဦးဟာ တစ်ယောက်က တီဗီကို ညနက်တဲ့အထိ ကြည့်တတ်လို့၊ ဒါမှမဟုတ် အလုပ်တွေကို နောက်ကျတဲ့ အချိန်ထိလုပ်နေတတ်လို့၊ စသဖြင့် အိပ်ယာဝင်ချိန် ညှိုယူလို့မရတာမျိုးတွေ ရှိခဲ့တယ်ဆိုရင် အတတ်နိုင်ဆုံး အိပ်ယာအတူတူ ၀င်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ညတိုင်း ကိုယ့်အိမ်ထောင်ဖက်နဲ့အချိန်အတူတူ အိပ်ယာဝင်ခြင်းဟာ သင်တို့အိမ်ထောင်ရေးအတွက် များစွာအရေးပါပါတယ်။
 
၂။အီလက်ထရောနစ်ပစ္စည်းတွေကို အဝေးမှာ ထားလိုက်ပါ။
 
အိပ်ယာပေါ်ရောက်သွားပြီဆိုတာနဲ့ ဖုန်းကို ပိတ်လိုက်တာ၊ ဒါမှမဟုတ် ခပ်ဝေးဝေးမှာထားလိုက်တာမျိုး၊ laptop ကို ပိတ်ပြီး စာကြည့်စားပွဲပေါ် တင်ထားလိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။ အိပ်ယာထဲမှာ အဲ့ဒီအရာတွေကို ထပ်အချိန်ပေးနေဖို့ မလိုတော့ပါဘူး။
 
၃။နှစ်ဦးသား ချိုမြိန်ဖွယ်စကားလေးတွေ ပြောပါ။
 
အလုပ်တွေ ဘယ်လောက်ပင်ပန်းတယ်ဆိုတာမျိုး၊ ဒီနေ့ နေ့လည်စာ စားရတာ အဆင်မပြေဘူး ဆိုတာမျိုးတွေ ပြောတော့ပြောပါ။ ဒါပေမယ့် အနည်းအကျဉ်းသာ ပြောပြီး နှစ်ဦးသားအတွက် ချိုမြိန်တဲ့ အချိန်လေးကို

April 25, 2016

" ဟာသပုံလေးများ စုစည်းမှု (၂) "

သူငယ်ချင်းအားလုံးမင်္ဂလာပါလို့...နှုတ်ခွန်းဆက်စလိုက်ပါတယ်နော်...ဒီနေ့တော့ စုထားသမျှ ဟာသပုံလေးတွေကို
အမောပြေလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်..အောက်မှာ ရှုစားအားပေးကြပါဦးခင်ဗျာ..

ဒီကြွက်ကတော့ အမလို့ထင်တယ်...ဒါ့ကြောင့်(----)...:P
 
မခွဲနိုင်လို့ပါကွာ..

" ဂေါ်ဖီထုပ်ဖျော်ရည်က ဘာအတွက် ကောင်းသလဲ ..."

အစိမ်း၊ အနီ၊ အဖြူရောင်စုံရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ ဗီတာမင်မျိုးစုံ နဲ့ သတ္တုဓာတ်ပေါင်းများစွာကြွယ် ဝတဲ့အတွက် ခန္ဓာကိုယ်၊ အရေ ပြား၊ ဆံသားကျန်းမာရေးအတွက် ကောင်းကျိုးပြုပါတယ်။ ဟင်း ချက်စား၊ ကြော်စား၊ သုပ်စား လေ့ရှိကြပေမယ့် အာနိသင်အထိ ရောက်ဆုံးဖြစ်စေတဲ့ ဂေါ်ဖီထုပ် ဖျော်ရည်ရဲ့ကောင်းကျိုးတွေ သိ ထားရအောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

ဂေါ်ဖီထုပ် ဖျော်ရည် သောက်ပေးရင် အဆုတ်၊ ရင် သား၊ ပရော့စတိတ်၊ အူနဲ့ ကင် ဆာရောဂါအမျိုးမျိုးကို ကာကွယ် ပြီးသားဖြစ်စေပြီး ကင်ဆာဖြစ်နေ ရင်လည်း လျော့ပါးသက်သာ အောင် ထောက်ကူပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး အစာအိမ်၊အူလမ်းကြောင်းကိုလည်း သန့်စင်ပေးနိုင်ပြီး အူမရောင်နာဖြစ်ခြင်း မှလည်း ကာကွယ်ပေးပါတယ်။

အဝလွန်ရောဂါအတွက်ဆို ရင် ဂေါ်ဖီထုပ်ဖျော်ရည်က အစွမ်းထက်သဘာဝဆေးဖြစ်ပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေး တယ်လို့ ဆိုပါတယ်။ ဂေါ်ဖီထုပ် ဖျော်ရည်ဟာ ဗီတာမင်အေ ကြွယ်ဝတဲ့အတွက် မျက်စိကျန်းမာရေး ကောင်းစေသလို ကယ်လဆီယမ် လည်း ကြွယ်ဝတာကြောင့် အရိုးများသန်စွမ်းကျန်းမာစေပါတယ်။

ကိုယ်ခံစွမ်းအားကောင်းစေ တဲ့အပြင် ရောင်ရမ်းတာတွေ၊ သွေးအားနည်းရောဂါတွေအ တွက် ကောင်းကျိုးပြုပါတယ်။

အရေပြားကျန်းမာအောင် ထောက်ကူပေးတဲ့အတွက် ဝက်ခြံ  ထွက်ခြင်း၊ အသားအရေခြောက် သွေ့ခြင်းကင်းပြီး နူးညံ့စိုပြေစေ တယ်လို့ ဆိုပါတယ်။ နောက်ပြီး

" သူလက်ထပ်ခွင့်တောင်းတော့မယ်ဆိုတာ သိနိုင်တဲ့အချက် (၆)ချက် "

မိန်းကလေးတိုင်း မျှော်လင့်ကြတာတစ်ခုက ကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်ခွင့်တောင်းမယ့်အချိန်လေးဖြစ်မှာပါ။ အဲ့လိုအခိုက်အတန့်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်နေပြီလားဆိုတာ အကဲခတ်ချင်သူတွေအတွက် ခန့်မှန်းလို့ရနိုင်ပါတယ်။

၁။ လျှို့ဝှက်လာတယ်။

စိတ်ပူစရာကောင်းတဲ့အမူအရာမျိုးတွေမတွေ့ရဘဲ သီးသီးသန့်သန့်နဲ့ လျှို့ဝှက်ကြံစည်နေတာမျိုးလေးတွေ တွေ့လာရတယ်။

၂။ ငွေရေးကြေးရေးနည်းနည်းပိုစိစစ်လာတယ်။

လက်ထပ်ခွင့်တောင်းပြီးလို့ လက်ခံလိုက်ရင် အိမ်ထောင်တစ်ခုကိုထူထောင်ရတော့မှာလေ... အဲဒီတော့ ငွေရေးကြေးရေးပိုင်းလေးတွေ စိစစ်လာတာ၊ စည်းကမ်းရှိလာတာလေးတွေရှိလာမယ်။

၃။ ကိုယ်ဈေးဝယ်ထွက်တဲ့အခါမှာ သူကလည်းသီးသန့်ဈေးဝယ်ထွက်တယ်။

အရင်ကအတူတူလျှောက်သွား၊ လျှောက်စား၊ ဈေးတူတူဝယ်ရင် အခု သူ့ဘာသာ ရှော့ပင်းမောတွေ၊ စင်တာတွေကိုသွားချင်နေမယ်။

၎။ ကိုယ့်မိဘတွေ၊ သူငယ်ချင်းတွေက သူနဲ့ဆက်သွယ်မှုရှိလာတယ်။

သူကလက်ထပ်ခွင့်တောင်းဖို့ အကူအညီလိုမှာကျိန်းသေတယ်။ အဲ့တော့ ကိုယ့်အကြောင်းသိတဲ့မိတ်ဆွေသူငယ်ချင်းတွေ၊

" အမွေးအမျှင် ပေါက်တဲ့ လူလုပ် အရေပြားတု "

 
သိပ္ပံပညာရှင်များက ဒီ three-dimension တစ်ရှူးများကို ကြွက်အရှင်ထဲ ထည့်သွင်းကုသပေးနိုင်ခဲ့ပြီး ယင်းတစ်ရှူးက အာရုံကြောနဲ့ ကြွက်သားမျှင်စတဲ့ တခြားခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများနဲ့ စနစ်ကျတဲ့ ဆက်နွယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
အခုအချိန်ထိ လူလုပ်အရေပြားတီထွင်ဖန်တီးမှုဟာ အရေပြားမှာ အရးကြီးအခန်းကဏ္ဍ တာဝန်ယူတဲ့ ဦးရေပြားနဲ့ exocrine glands စတဲ့ အရေးကြီးခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ကင်းမဲ့တဲ့ အချက်ကြောင့် အဟန့်အတား ဖြစ်စေတယ်လို့ သုတေသီ Takashi Tsuji က ဆိုပါတယ်။
ဒီအလုပ်လုပ်ဖို့အတွက် ကြွက်သွားဖုံးမှ ဆဲလ်တွေယူပြီး ပင်မဆဲလ်သို့ ပြောင်းလဲထည့်သွင်းဖို့ chemical တွေ အသုံးပြုခဲ့ပါတယ်။
သုတေသီတွေအနေနဲ့ အလွှာမျိုးစုံနဲ့ အရေပြားအတွင်းအလွှာတည်ဆောက်ပုံဖော်ဖို့ ဒီဆဲလ်တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီနည်းပညာသစ်ဖြင့် ကျွန်ုပ်တို့ ပုံမှန်တစ်ရှူး လုပ်ဆောက်မှုအတိုင်း ဆောင်ရွက်ပေးတဲ့ အရေပြားကို အောင်မြင်စွာ ဖန်တီးရှင်သန်စေခဲ့ပါပြီလို့ Tsuji က မှတ်ချက်ပြုထားပါတယ်။
အစားထိုးကုသခြင်းတွက် ဓာတ်ခွဲစမ်းသပ်ခန်းမှာ ကိုယ်အင်္ဂါအစစ် ပြန်လည်ဖန်တီးနိုင်မှု အိပ်မက်ဆီ ပိုမိုနီးကပ်လာနေပြီး

" ကမ္ဘာ့အသက်အကြီးဆုံးခွေးလေး အသက် ၃၀ အရွယ်မှာ သေဆုံး "

ကမ္ဘာ့အသက်အကြီးဆုံးခွေး လို့ သတ်မှတ်နိုင်တဲ့ အသက် ၃၀ အရွယ် သြစတြေးလျနိုင်ငံက ခွေးမလေး ဟာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ နွား မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူ သြစတြေးလျ နိုင်ငံသား Brian McLaren ဟာ သူ့ရဲ့ ခွေးမလေး Maggie အိပ်ပျော်နေရင်းပဲ သေဆုံးသွားတာကို သြစတြေးလျနိုင်ငံ Woolsthorpe မြို့ က နေအိမ်မှာ ပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“သူမဟာ အသက် ၃၀ အရွယ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကအထိ သူမဟာ ကောင်းကောင်းမွန်မွန် ရှိနေခဲ့ပါတယ်။ သူမဟာ ခြံထဲမှာ လုံခြုံရေး သဘောမျိုး စောင့်ဆိုင်းပြီး နွားနို့ ခိုးသောက်ဖို့ ၀င်လာတဲ့ ကြောင်တွေ ကို မောင်းထုတ်ပေးပါတယ်” လို့ McLaren က The Weekly Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Maggie လေးဟာ အသက် ၃၀ အရွယ်ထိ နေထိုင်သွားခဲ့တဲ့အတွက် သူမဟာ ကမ္ဘာ့အသက် အကြီးဆုံး ခွေးလေးအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂင်းနစ် စံချိန် တင်နိုင်ဖို့အတွက်တော့ Maggie ရဲ့  အသက်အရွယ်အတိအကျ ကို ဖော်ပြပေးမယ့် မွေးစာရင်း စာရွက် စာတမ်းတွေ ပြည့်ပြည့်စုံစုံ မရှိတာကြောင့် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်း မရှိတာပဲ ဖြစ်တယ်လို့ McLaren က ဆိုပါတယ်။လက်ရှိ ဂင်းနစ်စံချိန်တင်ခံထားရတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ခွေးလေးဟာ

" အိပ်ပျော်စေတဲ့ အိမ်တွင်းဖြစ် အိပ်ဆေးမှုန့် "

အိပ်မရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ နေ့စဉ်စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အိပ်ရာဝင်တဲ့အခါ ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုဟော်မုန်းတွေကြား ပြင်းထန်တဲ့ ဇီဝဓာတ်ပြုမှု ဖြစ်ပွားပါတယ်။ 
ကံအားလျော်စွာနဲ့ ရိုးရှင်းပေမယ့် တကယ် ထိရောက်တဲ့ ဆေးနည်းတစ်ခု ရှိပါတယ်။ ယင်းမှာ မကြာခဏ အိပ်မပျော်ရောဂါခံစားသူများအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ သူ့မှာ ဆားနဲ့ သကြားသာပါဝင်ပေမယ့် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ပေးပါတယ်။ 
ပါဝင်ပစ္စည်းများ 
ပင်လယ်ဆား ထမင်းစားဇွန်း (၂) ဇွန်း 
သဘာဝသကြားညို ထမင်းစားဇွန်း (၂) ဇွန်း 
ပျားရည် ထမင်းစားဇွန်း  (၅) ဇွန်း 
ပြင်ဆင်ပုံပြင်ဆင်နည်း 
ပါဝင်ပစ္စည်းအားလုံး ပလပ်စတစ်အိတ်တစ်ခုထဲ ပေါင်းစပ်ပြီး တစ်သားတည်းကျသွားအောင် သေချာ ခါယမ်းပေးရပါမယ်။ 
အသုံးပြုပုံ 
ညအိပ်ရာမဝင်မီ သို့မဟုတ် ညတစ်ရေးနိုးတဲ့အချိန်မှာ ယင်းအမှုန့်ကို လျာအောက်မှာ ထားပေးရပါ

April 24, 2016

" ဆံပင်မွေးတွေပြောင် မျက်ခုံးမွေးတွေပါးကုန်လို့ စိတ်မညစ်ကြပါနှင့် ဆေးရှိပါတယ် "

 
 My Hair Multi-Function Serum
ဖူဂျီတောင်မှMulberryအဆီအနှစ်နှင့် မြင်း ၏အဆီအနှစ် စသောသဘာဝအဆီအနှစ်များဖြင့် နေက်ဆုံးပေါ်
နည်းပညာဖြင့် ပေါင်းစပ်ထားပါတယ်။-မျက်ခုံး မျက်တောင် နဖူး နှုတ်ခမ်း နှင့် ပါးသိုင်းမွှေးများ ကို အသုံးပြု နိုင်ပါတယ်။-၄-၆ပတ် အတွင်း သိသာထင်ရှားသော ရလဒ်ကို ရရှိစေပါတယ်။ -အမွှေးများ မည်း နက်တောက်ပြောင်း ပြီး ထူ စေပါတယ်။-ထောက်ခံ ချက်များ ရရှိထားသောကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ ယုံကြည်စိတ်ချစွာ သုံးစွဲ နိုင်ပါတယ်။ဝယ်ယူလိုပါက အမှတ်(၁၁၁) မင်းကွန်းဘိုးဘွားရိပ်သာတိုက်ခန်း လမ်း၃၀ ၆၅-၆၆ကြား မန္တလေးမြို့ နှင့် Daimond Plazaမြေညီထပ်ရှိ Ok Shoppingတွင် ၀ယ်ယူရရှိနိုင်ပါတယ် နယ်မှမှာယူလိုသူများအတွက်

" ၁၃ ထပ်မြင့်တဲ့ တိုက်ခန်းပေါ်ကို တွယ်တက်ပြီး ဒုက္ခရောက်နေတဲ့ ခွေးလေးကို ကယ်တင်ခဲ့သူ အမျိုးသား "

 
ကိုလံဘီယာ နိုင်ငံမှာရှိတဲ့ အဆောက်အဦးတစ်ခုကနေ မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယို တစ်ခုမှာတော့ လူတစ်ယောက်ဟာ ၁၃ ထပ်မြင့်တဲ့ တိုက်ခန်းတစ်ခုကို တွယ်တက်ပြီး ပြုတ်ကျလုနီးနီး ဖြစ်နေတဲ့ ခွေးလေး တစ်ကောင်ကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
 
ထို ဗီဒီယိုကို ရိုက်ကူးထားတာကတော့ အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး Diego Andres Davila Jimenez ဆိုသူဟာ သူနေထိုင်တဲ့တိုက်ခန်းရဲ့  အပေါ်ထပ်က အိမ်နီးချင်းတွေ မွေးထားတဲ့ Luna ဆိုတဲ့ ခွေးလေးတစ်ကောင် တိုက်ခန်း ရဲ့ အပြင်ဘက် ၀ရန်တာကနေ တွဲလောင်းကျနေတာကို တွေ့ရှိသွားတဲ့အတွက် သူ့ရဲ့ ၁၃ ထပ်တိုက်ခန်း ပြတင်းပေါက်ကနေ တွယ်တက်ပြီး ခွေးလေးကို ကယ်တင်ခဲ့တဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။
 
Jimenez ကိုယ်တိုင် ပြောပြခဲ့တာကတော့ ခွေးလေး Luna ဟာ သူ့ရဲ့ နောက်ခြေထောက်တစ်ချောင်းနဲ့ ၀ရန်တာ သံတိုင်တွေ ညပ်မိနေတဲ့အတွက် ၀ရန်တာပေါ်ကနေ တွဲလောင်းကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြေပြင် ပေါ်မှာ ရှိတဲ့ လူတွေကတော့ အော်ဟစ်နေကြပါတယ်။ အခန့်မသင့်လို့ ပြုတ်ကျလာရင်လည်း သူတို့က အောက်ကနေ မွေ့ယာတစ်ခုနဲ့ စောင့်နေကြပါတယ်။ အမှန်တစ်ကယ်ကတော့ ကျွန်တော်လည်း ကြောက်ပါတယ်။ အဲဒါကြောင့် အောက်ကိုတောင် ငုံ့မကြည့်ခဲ့ပါဘူး” လို့ Jimenez က ဆိုပါတယ်။
 
Jimenez ရဲ့  ပြောကြားချက်အရတော့ သူဟာ Luna ဆိုတဲ့ ခွေးလေးနဲ့အတူ အိမ်နီးချင်းရဲ့  ၀ရန်တာပေါ်ကို ဘေးကင်းစွာရောက်သွားချိန်မှသာ ကယ်ဆယ်မှုဟာ ဘယ်လောက်အန္တရာယ်ကြီးခဲ့တယ်ဆိုတာ သတိပြုမိခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော် Luna လေးကို ကယ်ပြီးတော့ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ

" ကျောင်းနောက်ကျပါက emoji ရုပ်ပုံတစ်ထောင်ရေးဆွဲခိုင်းပြီး ပြစ်ဒဏ်ပေးတဲ့ တရုတ်တက္ကသိုလ် "

 
 တရုတ်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ ပြစ်ဒဏ်ပေးတဲ့အစီအစဉ်က ဆန်းပြားပြီး ဆိုရှယ်ခေတ်နဲ့အညီဖြစ်လွန်းတယ်လို့ ဆိုရမလားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့လို နည်းပညာတိုးတက်လာတဲ့ခေတ် ကြီးမှာ ဆိုရှယ်မီဒီယာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွင် တွင် ကျယ်ကျယ်အသုံးပြုနေကြတဲ့ စကားပြောအစားထိုးရုပ်ပုံ emoji ပုံလေးတွေကို ရေးဆွဲခိုင်းပြီး ပြစ်ဒဏ်ပေးတာဖြစ်ပါတယ်။

ချန်ဒူး လျှပ်စစ်စွမ်းအားနှင့်သိပ္ပံ တက္ကသိုလ်တစ်ခုက ကျောင်းသား တွေက စာသင်ချိန်ထက် နောက်ကျပြီးမှ

" Vaseline Petroleum Hellyရဲ့  အသုံးဝင်ပုံအချက် ၂၇ ချက် "


(1) လက်သန့်ဆေး Creamအဖြစ်သုံးလို့ရပါတယ်
(2) Hair colour creamတွေ skinကိုလာပေခြင်းနေရင် ချက်ချင်းဖျက်လို့ရပါတယ်
(3) Lip Moisture အနေနဲ့သုံးလို့ရပါတယ်
(4) Body Moisture အနေနဲ့သုံးလို့ရပါတယ်
(5) လက်သည်းနီဆိုးရင် Base Coatအနေနဲ့သုံးလို့ရပါတယ်
(6) ခြေဖဝါးကွဲတာကိုလည်း လိမ်းပေးလို့ရတယ
(7) Make up removerအနေနဲ့သုံးလို့ရပါတယ်
(8)Smokey eye လွယ်၂ ကူ၂ ခြယ်လို့ရပါတယ်
မျက်ခွံကိုအရင်ဆုံး black colour fillingလုပ်လိုက်ပါ ပီးရင် Petroleum jelly နဲနဲသုတ်ပီးဖြည်ချပေးပါ smokey eye lookကိုရပါလိမ့်မယ်
(9) Mascara အနေနဲ့သုံးလို့ရပါသေးတယ် မျက်တောင်တွေကော့ညွတ်နေပါလိမ့်မယ်
(10)မျက်တောင်ရှည်ဖို့ အားဖြည့်ဆေးအနေနဲ့သုံးလို့ရပါသေးတယ်
(11)ကြမ်းတမ်းတဲ့လက်အရေပြားကိုလည်း နူးညံအောင် ညအိမ်ရာမဝင်ခင် လိမ်းပေးလို့ရပါတယ်
(12) ယောက်ျားလေးတွေ Hair Creamအနေနဲ့သုံးလို့ရပါတယ်
(13) Lip Glossအနေနဲ့ လည်းသုံးလို့ရပါတယ်
(14) ပါးလေးတွေပေါ်မှာလိမ်းပေးရင်လည်း နှင်းစက်လေးတွေလို ပြောင်ပြောင်လေးနဲ့လှနေပါလိမ့်မယ်
(15) မျက်ခုံးမွှေးတွေကို ပုံကျသတ်ရပ်အောင် လိမ်းဖီးပေးနိုင်ပါတယ်
(16) မျက်တောင်အတု ကပ်တဲ့ကော်တွေအလွယ်တကူဖယ်ရှားနိုင်အောင် လိမ်းပေးလို့ရပါတယ်
(17) နှုတ်ခမ်းကို exfoliate လုပ်ပေးလို့ရပါတယ် jellyလေးကိုလိမ်းပီး tooth brushလေးနဲ့ပွတ်ပေးပီး

" မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့ "


မြန်မာ အမျိုးသမီးများသည် ကမ္ဘာတွင် အလှဆုံးအတန်းအစားတွင် ပါဝင်ပါသည်။
  အသား၏ ညက်ညောခြင်း၊ မျက်လုံး မျက်ဖန်ကောင်းခြင်း၊ နှာတံနှင့် ပါးစပ်လှပခြင်း၊
အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် အချိုးကျခြင်း၊ ဆံပင်ကောင်းခြင်း၊ သွားများ ညီညာ
ခြင်းတို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံခြားသူများကဲ့သို့  ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။
အပျိုဘဝတွင် ဤမျှလှပသော မြန်မာလုံမေများသည်။ မိခင်ဘဝရောက်၍ များစွာ အိုစာ
သွားခြင်းသည် အလွန်ကြီးမားသော အားနည်းချက်ဖြစ်နေပါသည်။
     
 အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ ချပ်ချပ်ရပ်ရပ် မရှိဘဲ  ပျော့ရိပျော့တွဲနှင့်
ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ အရုပ်ဆိုးလာခြင်းများ ဖြစ်လာရပါသည်။

ရှေးက နနွင်းလိမ်ခြင်း၊ကြပ်ထုပ်ထိုးခြင်း၊အုတ်ပူကပ်ခြင်း များပြု၍ ချပ်ချပ်ရပ်ရပ်နှင့် လှပခဲ့ကြသော်လည်း ကိုလိုနီခေတ် နောက်ပိုင်းတွင် ထိုလုပ်ရပ်များသည် 
အပိုအလုပ်များဟု ယူဆကာ ပစ်ပယ်လာခဲ့ကြလေသည်။

တချို့မှာ သားသမီးအများကြီးမွေး၍ ပုံပျက် သွားရခြင်း ဖြစ်သော်လည်း အချို့မှာ ကလေးတစ်ယောက် နှစ်ယောက်လောက်မွေးရုံနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရလေသည်။
သာမန်အမျိုးသမီးများကို မဆိုထားဘိ။ အလှအပနှင့် စီးပွားရေးရာအခြေပြုရသော ရုပ်ရှင်မင်းသမီး၊ဇာတ်မင်းသမီးများကိုကြည့်ပါဦး။

တစ်ချိန်က အလှအပထိပ်ခေါင်အဖြစ် နာမည်ကြီးမင်းသမီးများ ယနေ့ ဗီဒီယိုခေတ်တွင် ဗိုက်ပူကြီးများဖြင့် မိခင်ခန်းများတွင် သရုပ်ဆောင်နေရသည်ကို တွေ့မြင့်ရပေမည်။
စင်စစ်ထိုမင်းသမီးများသည် ရုပ်မကျကြသေးပါ။ မျက်နှာလေးများ လှပနေဆဲဖြစ်သော်လည်း ဗိုက်ရွဲ၊ဗိုက်ပူ၊ခါးတုတ်ကြီးများဖြစ်သွားခြင်းကြောင့် မိခင်ခန်းသို့ ကူးပြောင်းသရုပ်ဆောင်

" သင့်မျက်နှာ အရေပြားအတွက် ရေနွေးငွေ့၏ ကောင်းကျိုး "

ရေနွေးပူပူကနေထွက်လာတဲ့ ရေနွေးငွေ့ကို မျက်နှာအပ်ပြီး ရေနွေးငွေ့ ပေါင်းခံပေးတာကြောင့် သင့်အရေပြားမှာ ကောင်ကျိုးများစွာရရှိစေနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။
--
ဝက်ခြံကိုတားဆီးပေးတယ်
ရေနွေးငွေ့ပေါင်းခံပေးချိန်မှာ သင့်မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မျက်နှာအပေါ်ယံလွှာက အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးလိုက်တာကြောင့် ၀က်ခြံကိုသက်သာစေနိုင်တာပဲဖြစ်ပါတယ်။
မှတ်ချက်။ ။ အရေပြားမှာ ရောဂါပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံတွေကို တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ဖို့ လိုပါတယ်။
--
ချွေးထွက်များတာကို သက်သာစေတယ်
မျက်နှာပေါ်က ဆဲလ်သေတွေအပြင် အဆိပ်အတောက်တွေကိုပါ ရေနွေးငွေ့က ထုတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက် အရေပြားအတွင်းပိုင်းကိုပါ သန့်ရှင်းစေပြီး ချွေပေါက်တွေကို ပွင့်စေတာကြောင့် ချွေးထွက်များတဲ့ ဖြစ်စဉ်ကိုသက်သာစေနိုင်ပါတယ်။
--
ဝက်ခြံပုန်းတွေကို သက်သာစေတယ်
မျက်နှာပေါ်က ချွေးပေါက်တွေပွင့်စေပြီး မျက်နှာပြင်ပေါ်က အဆီတွေကို သန့်စင်စေတဲ့အတွက် ၀က်ခြံပုန်းတွေကို မဖြစ်စေတော့ပါဘူး။ ၀က်ခြံပုန်းဖြစ်နေတဲ့သူတွေအနေနဲ့လည်း ရေနွေးငွေ့ပေါင်းခံပြီးချိန်မှာ အ၀တ်စနဲ့ ပွတ်တိုက်ပေးရင် ၀က်ခြံပုန်းတွေ အလွယ်တကူထွက်လာပြီး ချောမွေ့သွားစေပါလိမ့်မယ်။
--
သွေးလည်ပတ်မှုကောင်းစေတယ်
ရေနွေးငွေ့ကနေရရှိတဲ့ ခပ်နွေးနွေးအပူငွေ့က သင့်မျက်နှာပေါ်ကိုကျရောက်ချိန်မှာ သင့်ဦးနှောက်ဆီကို အလန်းပေးပြီး သွေးကြောတွေလည်ပတ်စီးဆင်းမှုကို ကောင်းစေနိုင်ပါတယ်။ သွေးလည်ပတ်မှု အားကောင်းစေပြီး အရေပြားအတွင်း အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပိုမိုရရှိစေနိုင်ပါတယ်။
--
အရေပြားကို နုပျိုစေတယ်
မျက်နှာပေါ်က ဆဲလ်သေတွေကို နူးနူးညံ့ညံ့ဖယ်ရှားပေးလိုက်တဲ့အတွက် သင့်အရေပြားရဲ့ အခြေခံအဆင့်ကို အားဖြည့်ပေးသလိုဖြစ်စေပြီး အိုမင်းရင့်ရော်မှုတွေကို ဟန့်တားလိုက်သလိုဖြစ်သွားစေပါတယ်။ ၀က်ခြံကင်းပြီး အရေးကြောင်း ကင်းစေတဲ့အတွက် သင့်မျက်နှာအရေပြားကို နုပျိုမှုတွေ ပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် သက်တူရွယ်တူတွေထက်ပိုပြီး နုနေတော့မှာပါ။
--
ပန်းနုရောင်သန်းနေစေတယ်
မျက်နှာပေါ်က အဆီ၊ ဆဲလ်သေနဲ့ အညစ်အကြေးတွေက သင့်မျက်နှာအရေပြားအတွက်တော့ အဆိပ်အတောက်တွေပါပဲ။ ရေနွေးငွေ့ခံပေးတာကြောင့် သင့်မျက်နှာပေါ်က ဆဲလ်သေတွေ၊ ချွေးနဲ့အညစ်အကြေးတွေကို သန့်စင်ပေးလိုက်ပြီး
Subscribe

လာလည်သူများ

free counters