♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 25, 2016

" ကမ္ဘာ့အသက်အကြီးဆုံးခွေးလေး အသက် ၃၀ အရွယ်မှာ သေဆုံး "

ကမ္ဘာ့အသက်အကြီးဆုံးခွေး လို့ သတ်မှတ်နိုင်တဲ့ အသက် ၃၀ အရွယ် သြစတြေးလျနိုင်ငံက ခွေးမလေး ဟာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ နွား မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူ သြစတြေးလျ နိုင်ငံသား Brian McLaren ဟာ သူ့ရဲ့ ခွေးမလေး Maggie အိပ်ပျော်နေရင်းပဲ သေဆုံးသွားတာကို သြစတြေးလျနိုင်ငံ Woolsthorpe မြို့ က နေအိမ်မှာ ပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“သူမဟာ အသက် ၃၀ အရွယ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကအထိ သူမဟာ ကောင်းကောင်းမွန်မွန် ရှိနေခဲ့ပါတယ်။ သူမဟာ ခြံထဲမှာ လုံခြုံရေး သဘောမျိုး စောင့်ဆိုင်းပြီး နွားနို့ ခိုးသောက်ဖို့ ၀င်လာတဲ့ ကြောင်တွေ ကို မောင်းထုတ်ပေးပါတယ်” လို့ McLaren က The Weekly Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Maggie လေးဟာ အသက် ၃၀ အရွယ်ထိ နေထိုင်သွားခဲ့တဲ့အတွက် သူမဟာ ကမ္ဘာ့အသက် အကြီးဆုံး ခွေးလေးအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂင်းနစ် စံချိန် တင်နိုင်ဖို့အတွက်တော့ Maggie ရဲ့  အသက်အရွယ်အတိအကျ ကို ဖော်ပြပေးမယ့် မွေးစာရင်း စာရွက် စာတမ်းတွေ ပြည့်ပြည့်စုံစုံ မရှိတာကြောင့် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်း မရှိတာပဲ ဖြစ်တယ်လို့ McLaren က ဆိုပါတယ်။လက်ရှိ ဂင်းနစ်စံချိန်တင်ခံထားရတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ခွေးလေးဟာ
၁၉၃၉ ခုနှစ်က အသက် ၂၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ McLaren ရဲ့  ပြောကြားချက်အရတော့ Maggie လေး ၈ ပတ်အရွယ်မှာကတည်းက ခေါ်ယူ မွေးထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သူမဟာ နို့သောက်ရတာကို သဘောကျပါတယ်။ အများကြီးတော့ မသောက်နိုင်ပါဘူး။ သူမဟာ မော်တော် ဆိုင်ကယ်တွေကို လိုက်ရတာ သဘောကျပါတယ်။ သူမ အရွယ်ရောက်လာကတည်းက ဆိုင်ကယ်တွေ ဘေးကနေ ပြေးလိုက်လေ့ရှိပါတယ်။” လို့ McLaren က ပြောပြခဲ့ပါတယ်။
Ref:upi
Credit : http://www.trend.com.mm/2016/04/22/pets-9313

No comments:

Subscribe

လာလည်သူများ

free counters