♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 31, 2015

“မကျွတ်လွတ်သေးတဲ့ ဗိသနိုး (ဗစ်ရှနူး) ဘုရင်မ ပန်ထွာ”

 
ဒီအကြောင်းကို သိရှိသူအင်မတန်နည်းပါးပါလိမ့်မယ်။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင်ကျန်ရှိနေသေးတဲ့ကျိန်စာတွေ၊ ပရလောကသားတွေအပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ကို စိမ်ခေါ်နေပါတော့တယ်။

ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ဘီစီ ၄ရာစုမှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။တောင်တွင်းကြီးကနေ ၁၂မိုင်အကွာမှာတည်ရှိပါတယ်။မိုးနည်းရေရှားအရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်းကရေကို အဓိကအားထားကြရပါတယ်။ဒါ့အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန်အချို့ရှိသော်လည်း ယခုအခါရေခမ်းခြောက်သလောက်ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေကအသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီသက်တမ်းရှိနေကြပါတယ်။အမြင့်က လူတစ်ရပ်လောက်ပဲရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မရဲ့ ဆုတောင်းတစ်ခုပါ။ “ငါလာမှကြီး၊ ငါလာမှသီး” ဆိုတဲ့ဆုတောင်းအတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မလူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာလို့ အဆိုရှိပါတယ်။

ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ်လို့ခေါ်တဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မလက်ထက်တော်မှ ယနေ့အထိအင်ကြင်းပင်တစ်ပင်မှမရှိခဲ့ဖူးပါဘူး။ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်းအကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာတဝိုက်မှာတွေ့နေရဆဲပါ။ဒီအင်ကြင်းဥယျာဉ်ကို ပန်ထွာဘုရင်မက ဗိဿနိုးနတ်မင်းကြီးကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ဥယျာဉ်ထဲမှာ အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီးရဲ့ အမိန့်နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။

ယခုထိလည်း ဘယ်ကမှန်းမသိတဲ့အင်ကြင်းပွင့်တွေရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မတည်ခဲ့တဲ့ ရွှေရောင်တော်စေတီမှာ အင်ကြင်းပန်းတွေကို ဘုရားပန်းလှူထားတာအပြင် ဘုရားရင်ပြင်တဝိုက်ပြန့်ကြဲစွာရှိနေတတ်ကြပါတယ်။

 ဒါပေမယ့် အင်ကြင်းပန်းတွေဘယ်ကလာသလဲဆိုတာကိုတော့ ဘုရင်မ ပန်ထွာရဲ့ ဝိဥာဉ်သာသိပါလိမ့်မယ်။
ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့်မရှိပါဘူး။ စည်းကမ်းတွေအရမ်းတင်းကြပ်ပါတယ်။ ဝိနည်းနဲ့ မညီတဲ့ ရဟန်းတွေနေခွင့်မရှိပါဘူး။နေခွင့်မရှိလို့လည်း ပန်ထွာဘုရင်မရဲ့ ဝိဥာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်းတဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော်ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာရှိပါတယ်။ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီးပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာနဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို

" ​စော်​ကြီး ( သူလေး )​ပြောချက် ​မိုက်​တယ်"

ဟွာလေ...
ချစ်သူတွေနှင့် ပတ်သက်ပြီး ...
သူလေး ဘာတွေပြောပြီး..ဘာတွေဖြစ်စေချင်တယ်ဆိုတာ သူလေးပြောနေတာတွေ နားထောင်ကြည့်ပါလားဟင်..
ရောသမပေါက်စီတို့တော့ သူလေးပြောနေတာတွေကြားပြီး....အဟီးဟီးဟီးး....သူလေးလို သိတတ်တဲ့ ..အလိုက်
သိလွန်းတဲ့...အဟီး...အကောင်းမြင်ဝါဒဆွဲကိုင်ထားတဲ့.... သူလေးကိုပဲ..ချစ်သူတော်လိုက်ရမလားလို့....အဟီးဟီးဟီး


ဒီအထက်က ဗီဒီယိုက အသံပြတ်တောင်းပြတ်တောင်းဖြစ်နေရင် အောက်လင့်မှာ ကြည့်ရင် ယူတျူဗ်ထဲ တခါတည်းရောက်
သွားပါလိမ့်မယ်.... အသံကြည်လင်မယ်လို့ မျှော်လင်ပါတယ်....

https://www.youtube.com/watch?v=2BFYTHm7-_w&feature=youtu.be


" ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး"




လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြ ပါ တယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြ တာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင် တည်းလက် ထပ်ပေါင်း သင်းနေ တယ် ဆိုတာ မထူး ဆန်းပေ မယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်း တယ် ဆိုတဲ့ အဖြစ်မျိုး ကေ တာ့ ထူးဆန်း မနေဘူး လား။
ဒီ လိုထူး ဆန်းမှု ကတော့ က မ္ဘာပေါ်မှာ တကယ် ရှိနေ ပါ တယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ် အ ရွယ် ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုး သမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီနေ ပါ သတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံး က လည်း ညီအ ကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာ မှာဖော်ပြ ထားပါတယ်။ 
ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြော ပါ တယ်။ 
“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တ ဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။ 
မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။ 
“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တ ကယ့်

" မှတ်ပြီလားဟ ” သူ့ဆီမှာ…ရစရာ..ငါးသောင်း "

မိန်းမဖြစ်သူက ရေချိုးခန်းမှ ထွက်လာပြီးနောက်.. ယောကျာင်္းဖြစ်သူက ရေချိုးခန်း အတွင်းသို့ ရေချိုးရန် ဝင်သွားလေသည်။

ထိုအခိုက် တံခါးခေါင်းလောင်းသံ မြည်လာသည်။

မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တစ်ဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်ထပ်သို့ ခပ်လောလော ပြေးဆင်းလိုက် သည်။

တံခါးဖွင့်ပေးလိုက်ရာ တစ်ဖက်အိမ်မှ ” ဦးရှမ်း” ဖြစ်နေသည်။

သူမက ဘာမှ မပြောရသေးခင် ဦးရှမ်းက..
” ကျေးဇူးပြုပြီး တစ်ဘက်စောင် ကို ဖယ်ပေးပါ.. ငါးသောင်း ပေးပါ့မယ်..” ဟု ဆိုလေ၏။

သူမ ခဏမျှ မှင်တက်သွားပြီး.. ဦးရှမ်းရှေ့တွင် တစ်ဘက်စောင်ကို ဖယ်ပြပြီး.. ခေတ္တရပ်နေလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဦးရှမ်းက ငွေငါးသောင်းကို ကမ်းပေးလိုက်ပြီး.. တိတ်ဆိတ်စွာ ထွက်ခွါသွားသည်။

မိန်းမဖြစ်သူလည်း တစ်ဘက်စောင်ကို အမြန်ပြန်ဝတ်ခါ ဝမ်းသားအားရ အပေါ်သို့ ပြန်တက်လာသည်။

"ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar" ( ကြွားဝါ ပြော ဆိုခြင်းကို သတိ ထားရမယ် )

ရက်ရက် စက်စက် တော့ လှချင်မှ လှပါ။ Hot ဖြစ် တာတော့ အမှန် ပပါပဲ။ သို့ပေမယ့် ရက်ရက် စက်စက် တော့ သေသွား ရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။
အသက် က ၂၆ နှစ်သာ ရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့် သဲဖို ရုပ်ရှင်နဲ့ နာမည် ရအောင်မြင် လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ် ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါ တယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။
Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွား မိပါတယ်။ အိန္ဒိယရူပီ ၁.၅ သန်း ရှိတယ်လို့သွားကြွားမိတော့ ပြသနာကစပါလေရော။
Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ် လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။
ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေ တိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။
နောက်ေ တာ့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်း သမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ် ပါဘူး။

October 30, 2015

"ဘတ်စ်ကားဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်သွားတဲ့ လူတစ်ယောက် "

 
ဘတ်စ်ကားဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်သွားတဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ကို ရဲတွေက နယူးယောက်မြို့မှာ လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။

Bronx မှာ ၅နှစ်သား ကောင်လေးတစ်ယောက်နဲ့ ကားပေါ်က ဆင်းသွားတဲ့ တစ်ယောက်ကို ရဲတွေက သံသယရှိနေပါတယ်။
ဘတ်စ်ကားဟာ Pelham Bay ဓာတ်ဆီဆိုင်မှာ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတဲ့အတွက် သူဟာ ဒရိုက်ဘာနဲ့ စကားများပြီး ဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ့နောက်တော့ သူဟာ ကောင်လေးနဲ့အတူ ထွက်ပြေးသွားတယ်လို့ ရဲတွေက ပြောပါတယ်။

" ဇနီးသည်ကို ယောကျာ်း ၂၇၀၀နဲ့ အဓမ္မလိင်ဆက်ဆံစေခဲ့တဲ့  ကောင် (ခင်ပွန်း)"

 
ခင်ပွန်းတစ်ယောက်ဟာ သူ့ရဲ့မိန်းမဖြစ်သူကို လေးနှစ်တာအတွင်း ဖောက်သည်ပေါင်း ၂၇၄၂ ယောက်ဆီကို လိင်ဆက်ဆံဖို့အတွက် ငှားရမ်းခဲ့မှု ဖြစ်ခဲ့ကြောင်း တရားရုံးမှာ ယနေ့ကြားနာခဲ့ရပါတယ်။

 အသက် ၅၄နှစ်ရှိပြီဖြစ်တဲ့ အဲ့ဒီ့ခင်ပွန်းဖြစ်သူဟာ ဒီ ပြည့်တန်ဆာလုပ်ငန်းကနေ တစ်လကို ပေါင် ၅၀၀၀ ကျော် ငွေရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ ဥပဒေကြောင်းအရ ဖော်ပြခွင့်မရပါဘူး။

အသက် ၄၆နှစ်ရှိ သူ့ဇနီးဟာ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ အချိန်မှာတော့ သူရဲ့ ၅နှစ်အရွယ် ကလေးနဲ့အတူ အိမ်ရှေ့က ကားထဲမှာ ထိုင်စောင့်လေ့ရှိတယ်လို့ သိရပါတယ်။ သူတို့နေထိုင်တာကနေ ပါရီမြောက်ပိုင်း မီရာအောက်စ်မှာပါ။

“ခင်ပွန်းဖြစ်သူက သူ့ဇနီးသည်ကို စိတ္တဗေဒနည်းအရ လွှမ်းမိုးမှုတွေပြုလုပ်ခဲ့တယ်။ တစ်ခါတလေ သိပ်ကြမ်းတဲ့ ဖောက်သည်တွေရဲ့ လိင်ဆက်ဆံလိုမှုကို သူ့ဇနီးကိုယ်တိုင်က မရပ်မနား ဖြည့်ဆည်းပေးအောင်ပေါ့။” လို့

"တစ္ဆေသရဲ လိုက်ရှာသူတွေကြောင့် The Conjuring ဇာတ်ကား ရဲ့ အိမ်ပိုင်ရှင်က တရားစွဲဆိုပေးရန် တောင်းဆို"

 
မိခင်က သရဲပူးခံရပြီး နောက်ဆုံး သူမကို ကယ်နိုင်ခဲ့တဲ့ Annabelle အမည်ရှိ ကြက်သီးဖြန်းဖြန်းထစရာ ကစားစရာ အရုပ်တစ်ခုပါဝင်တဲ့ တစ္ဆေခြောက်တဲ့ အိမ်အကြောင်း ကြောက်လန့်တုန်လှုပ်ဖွယ် ရုပ်ရှင်ဇာတ်ကား The Conjuring ကို မှတ်မိကြပါသလား။ ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း စိတ်ထဲ အရိုးစွဲကျန်ရစ်နေစေတဲ့ အချက်ကြောင့် မှတ်မိကောင်းမှတ်မိပါလိမ့်မယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြောင့် အဲဒီအိမ်ကြီးအတွင်း တကယ့် လက်တွေ့လောက မှာ နေထိုင်သူတွေဟာ အိပ်ရေးပျက်ခဲ့ရပါပြီ။

ဘာကြောင့်လဲဆိုတော့ The Conjuring ရုပ်ရှင်ဇာတ်ကား အားပေးတဲ့ ပရိသတ်အများအပြားဟာတစ္ဆေသရဲတွေ တွေ့ရ
မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၄င်းအိမ်ဆီကြီးဆီ လာရောက်ကြပြီး  သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ပဲ ဖြစ်တယ်။ အခု Norma Sutcliffe နဲ့ Gerry Helfrich တို့ဟာ Warner Bros. ကို အတိအကျမရှိတဲ့ ပျက်စီးမှုတွေနဲ့ လုံခြုံရေးစနစ်
တစ်ခုအတွက် တရားစွဲဆိုနေကြပြီဖြစ်ပြီး ရုပ်ရှင် ထုတ်လုပ်သူတွေအနေနဲ့ သူတို့အိမ်လိပ်စာအစစ်အမှန်ကို ကောင်းစွာ ဖုံးကွယ်မထားမိခဲ့ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ Warner Bros. အတွက် တာဝန်ရှိသူတစ်ဦးက ယင်းရိုက်ကွင်း စတိုဒီယိုအနေနဲ့ တရားစွဲဆိုမှု မလုပ်ခဲ့ကြောင်းနဲ့ ဘာတုံ့ပြန်မှုမှ မပေးခဲ့ကြောင်း The Globe ကို ပြောပြသွားခဲ့တယ်။

“အဲဒီရှပ်ရှင်ဇာတ်ကား ထွက်ရှိလာကတည်းက ကျွန်ုပ်တို့ အကြိမ်ကြိမ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသလို ဝိုင်းမေးတာလည်း

"စစ်မှန်တဲ့ လက်တွဲဖော်ကောင်း တစ်ဦးက သူ့ချစ်သူအပေါ် ဒီအချက်တွေ ဘယ်တော့မှ မလုပ်"

စစ်မှန်တဲ့ လက်တွဲဖော်ကောင်းဆိုတာ ဒီပင်ကိုစရိုက်လက္ခဏာတွေ ပိုင်ဆိုင်ခြင်းပင်ဖြစ်ပါတယ်။ လက်တွဲဖော်ကောင်းတစ်ယောက်ဆိုရင်  အောက်ပါအချက်တွေကို ဘယ်သောအခါမှ ပြုလုပ်မှာလည်း မဟုတ်ပါဘူး။ ဒီတော့ သင်ဟာ သင့်ချစ်သူအပေါ် ချစ်သူကောင်းတစ်ယောက် ဖြစ်ပါရဲ့လား။ သူကရော သင့်အပေါ် တကယ်ကောင်းတဲ့သူတစ်ယောက်ပါလား။ တကယ့်ချစ်သူကောင်းဆိုရင်
- သင့် အိမ်မက်တွေ သေးသိမ်စေမှာလည်း မဟုတ်ပါ။
- သင့်ရဲ့ ရှုံးနိမ့်မှုများအကြောင်း တစ်ဖွဖွပြောဆို အသိပေးနေမှာ မဟုတ်ပါ။ သင့်အား လူကြားသူကြား ဝေဖန်ပြောဆို အပြစ်ရှာဖို့ လိုအပ်တယ်လည်း ခံစားမှာ မဟုတ်ပါ။
- သင့်ရဲ့ သီးသန့်ကမ္ဘာလေးကို အထိန်းအကွပ်ပြုမှာ မဟုတ်ပါ။
- ကလှည့်စားချေဖို့လည်း သူ မကြိုးစားပါ။
- သင့်ရဲ့ သီးခြားကမ္ဘာလေးထဲ ဝင်နှောင့်ယှက်မှာ လည်းမဟုတ်။
- သင့်ရဲ့ စိတ်ခံစားချက်တွေ ခပ်ညံ့ညံ့ရယ်လို့ မယူဆပါ။
- အပေါ်စီးကနေ ဆက်ဆံပြောဆိုမှုမျိုးလည်း သူ မပြုလုပ်ပါ။
- သင့်ကို စိတ်ပျက်အောင်လည်း လုပ်မှာမဟုတ်။
- သင့်ကို မလုံမခြုံဖြစ်အောင်လည်း မလုပ်။
- သင်လုပ်တဲ့အရာတွေ မနှစ်မြှို့စရာအဖြစ်လည်း မယူဆ။
- သင်တို့အချစ်ရေးအကြောင်း အသေးစိတ်တွေကို ပြင်ပသို့ သယ်ယူ သတင်းလွှင့်မှာလည်း မှာမဟုတ်။
- သင့်ကို တစ်ခါသုံးလို ဆက်ဆံမည် မဟုတ်ပါ။
- ကိုယ့်ကိုယ်ကို ပြီးပြည့်စုံသူလို့လည်း မယူဆ။
- သင့်အပေါ် အမြဲ ယုံကြည်မှုရှိတယ်။

"လက်သည်းဆိုးဆေးတွေက သင့်ကိုယ်အလေးချိန်ကို တက်စေနိုင်"

Duke University နဲ့ Environmental Working Group မှ အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးများဆုံး လက်သည်းဆိုးဆေး ပါဝင်ပစ္စည်းတစ်မျိုးဟာ အထူးသဖြင့် မကြာခဏ လက်သည်းဆေးဆိုးသူတွေအတွက် အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း အတိအလင်းဖော်ပြခဲ့ပါတယ်။
Triphenyl phosphate (TPHP) က လက်သည်းဆိုးဆေးတွေကို flexible ပိုဖြစ်စေပြီး ကြာရှည်လည်း ပိုခံစေပါတယ်။ ပြီးတော့ ပလတ်စတစ်ပြုလုပ်ရန် နဲ့ ရာဘာ၊ ပလတ်စတစ်စတဲ့ ပရိဘောဂပစ္စည်းတွေ မတော်တဆ မီးစွဲခြင်းမှ ကာကွယ်ဖို့လည်း သုံးပါတယ်။
TPHP ဆိုတာ ဟော်မုန်းဓာတ်များ ထိခိုက်အနှောင့်အယှက် ဖြစ်စေတဲ့ အရာတစ်ခုဖြစ်တယ်။ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ရာမှာ မျိုးပွားခြင်းနဲ့ ဖွံ့ဖြိုးကြီးထွားမှုဆိုင်ရာ ပြသနာဖြစ်စေတဲ့ ရလဒ်တစ်ခု ပြခဲ့ပါတယ်။ လူတွေမှာ ကိုယ်အလေးချိန်တက်ခြင်း ဆက်စပ်မှု ရှိကောင်းရှိနိုင်ကြောင်းသို့သော် ခိုင်ခိုင်လုံလုံ မပြောနိုင်မချင်း လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့  လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။
ယင်းသုတေသနပညာရှင်တွေက အစမ်းသပ်ခံသူများရဲ့ ကျင်ငယ်ကို TPHP ၁ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သည်းဆိုးဆေးတစ်ခုနဲ့ လက်သည်းမဆိုးခင်နဲ့ ဆိုးပြီးအခြေနေကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လက်သည်းဆေးဆိုး ဆိုးပြီးနောက် ၂ နာရီမှ ၆ နာရီအကြာမှာ အစမ်းသပ်ခံသူတွေအနက် ၂၄ ယောက်မှာ ခန္ဓာကိုယ်အတွင်း TPHP တက်ရောက်မှုရှိကြောင်း ညွန်ပြတဲ့ ဓာတုပစ္စည်း diphenyl phosphate (DPHP) ပမာဏအနည်းငယ် မြင့်တက်ခဲ့တယ်။
လက်သည်းဆေးဆိုးပြီးနောက် ၁၀ နာရီမှ ၁၄ နာရီအကြာမှာ အယောက်ချင်းစီမှာ DPHP ပမာဏ ၇ ဆနီးပါး မြင့်တက်မှု

October 29, 2015

၂နာရီအတွင်း အရက် ၄ခွက်သောက်ရင် ကျန်းမာရေးအန္တရာယ်ရှိ


လေ့လာမှုသစ်တစ်ရပ်အရ၊ တစ်ထိုင်တည်းနဲ့ အရက်ကို စိတ်ရှိလက်ရှိသောက်ခြင်းဟာ အူထဲက ဘက်တီးရီးယားတွေကို စိမ့်ထွက်စေပြီး ကျန်းမာရေးကို ထိခိုက်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ u

ဒီ့အပြင် သွေးထဲက အဆိပ်အတောက်ပမာဏကိုလည်း မြင့်တက်စေပါတယ်။ Endotoxin လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းအဆိပ်တွေဖြစ်ပြီး သွေးထဲမှာ ဘက်တီးရီးယားဆိုင်ရာ DNA အထောက်အထားတွေကို တွေ့ရတာပါ။


အမှိုက်ကောက်ရောင်း တဲ့ဘ၀မှ အလှမယ် ဖြစ်ခဲ့



နိုင်ငံတကာ သတင်း နဲ့  ထိုင်းနိုင်ငံ အွန်လိုင်း မှာ လူကြိုက်များနေတဲ့ Miss Uncensored Thailand 2015 ထိုင်းနိုင်ငံ အလှမယ် ဆုရသွားတဲ့ ချနစ်ဒါ ဖါစင် အသက် ၁၇နှစ် ဖြစ်ပါတယ်။

October 28, 2015

"သင်ဟာ သင့်ချစ်သူကို ဒီလိုစကားမျိုးတွေ ပြောနေကျဆို ခုရပ်တန်းက ရပ်လိုက်ပါ"

 
ချစ်သူချင်းဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်ကိုဖြစ်ဖြစ် သင်ပြောနေကျစကားတွေထဲမှာ နှစ်ဦးစလုံးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေ ရှိနေပါတယ်။ ဒါဟာ ရေရှည်မှာ အပြောခံရတဲ့သူရဲ့ စိတ်မှာ အနာတရဖြစ်သွားတတ်တာမို့ သင့်ချစ်ရတဲ့သူကို ဒီလို မခံစားစေချင်ဘူးဆိုရင်တော့ ခုအောက်မှာ ဖော်ပြပေးမယ့် စကားလုံးမျိုးတွေ သုံးနှုန်းခြင်းက ရှောင်ကြဉ်ဖို့ လိုပါတယ်။

၁။ အဲ့ကောင်လေး/ကောင်မလေးက အရမ်းမိုက်တယ်ဆိုတာကို ထပ်ခါထပ်ခါ ပြောခြင်း
ဘယ်လောက်သဘောထားကြီးတဲ့သူဖြစ်ဖြစ် ကိုယ့်ချစ်သူက တစ်ခြားတစ်ယောက်ကို ဘယ်လောက်မိုက်တယ်၊ ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာမျိုး ကိုယ့်ရှေ့မှာ ထပ်ခါထပ်ခါ ပြောလာရင်တော့ စိတ်ထဲတစ်မျိုးဖြစ်လာမှာပဲလေ။ ငါမဟုတ်တဲ့ အခြားတစ်ယောက်ကိုများ စိတ်ဝင်စားတော့မလားဆိုတဲ့ ပူပန်မှုကလည်း သူတို့ရှိလာအသေအချာပါပဲ။

၂။ ရှင်က အမြဲတမ်း ... (ဒါမှမဟုတ်) ရှင်က ဘယ်တော့မှ လို့ပြောဆိုခြင်း
ဒီစကားနှစ်မျိုးဟာ တစ်ဖက်လူကို ခံစားသွားရစေတဲ့ စကားမျိုးတွေပါ။ အပြစ်တင်တဲ့အခါသုံးတဲ့ ဒီစကားနှစ်မျိုးဟာ ဒီလူကို တစ်သက်လုံးပြောင်းလဲလာမှာ မဟုတ်တော့ဘူးဆိုပြီး အပြီးသတ်ပြောဆိုလိုက်သလိုပါပဲ။ ဥပမာ ရှင်က အမြဲတမ်း ဒီအချိုးပဲ။ ရှင်က အမြဲတမ်း ဒီလိုလုပ်နေကျပဲလေ စတာမျိုးတွေပါ။ နောက်တစ်မျိုးကတော့ ရှင်က ဘယ်တော့မှ ကျွန်မအပေါ် ကောင်းလာမှာ မဟုတ်ဘူး။ ရှင်က ဘယ်တော့မှ ဒါမျိုးသိတတ်တဲ့သူမဟုတ်ဘူး စသဖြင့် ဒီလိုအပြောအဆိုမျိုးတွေ ရှောင်ကြဉ်သင့်ပါတယ်။

၃။ နင် ဒါကို မတတ်နိုင်ပါဘူး။ မလုပ်နိုင်ဘူးလို့ ပြောဆိုခြင်း
ဘယ်သူကမှတော့ ကိုယ့်ကို ဒါမျိုးမလုပ်နိုင်ဘူး။ မတတ်နိုင်ဘူးဆိုတာမျိုး နှိမ့်ချပြောတာမျိုး ခံချင်ပါ့မလဲနော်။ သူ့နေရာမှာ

"လှပတဲ့ မျက်နှာပြင်လေးပေါ်မှ မှဲ့ခြောက် အန္တရာယ် ကင်းဝေးစေဖို့ "

 
မျက်နှာပေါ်က မှဲ့ခြောက်တွေကြောင့် အရမ်းကို စိတ်ညစ်နေ ရပါသလား။ မှဲ့ခြောက်တွေဆိုတာ ချွေးပေါက် ပိတ်ခြင်းနဲ့ အဆီပြန်ခြင်းတို့ကြောင့် အဖြစ်များတတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေမှာ အဖြစ်များပြီး အဓိကတော့ နှာခေါင်းနဲ့ မျက်နှာပြင်တဝိုက်မှာ တွေ့ရတတ်ပါတယ်။ ဒီမှဲ့ခြောက်တွေဟာ ဝက်ခြံဖြစ်ပွားစေဖို့ အစပြုတာလို့လည်း ပြောလို့ရပါတယ်။ မှဲ့ခြောက်ကို ဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့

၁။ စိတ်ဖိစီးမှုများခြင်း။

 ၂။ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း။

၃။ မျိုးရိုးလိုက် ဖြစ်တတ်ခြင်း။

၎။ အသားအရေ မသန့်ရှင်းခြင်း။

 ၅။ မိမိနဲ့ မတည့်တဲ့ မိတ်ကပ်များ အသုံးပြုမိခြင်း။

 ၆။ ဆေးလိပ်သောက်ခြင်း။

၇။ အရက်သေစာ သောက်စားခြင်း။
 ၈။ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း တို့ ပဲ ဖြစ်ပါတယ်။

"ဖက်ရှင်ဒီဇိုင်း ခပ်ဆန်းဆန်းတွေနဲ့ Lady Gaga ရဲ့ ဓာတ်ပုံတွေပါ..."


" သီတင်းကျွတ်အတွက် ဆင်တူလက်စွပ်လေးတွေ ကြိုပြင်ကြတော့မလား "

ဝါလကင်းလွတ် သီတင်းကျွတ်တော့မှာမို့ မောင်မယ် ယှဉ်တွဲကာ ထိမ်းမြားလက်ထပ်ကြရန် ပြင်ဆင်သူတွေ ရှိနေပါပြီ။ ဒီလိုစုလျားရစ်ပတ်ကြမယ့် သူတွေအတွက် မပါမဖြစ် အရေးကြီးတဲ့ လက်ထပ် လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လက်ထပ်လက်စွပ် ဝတ်ဆင်ခြင်းဟာ နှစ်ဦးကြားပတ်သက်မှုတခုကို တံဆိပ်  ခတ်နှိပ်လိုက်တာဖြစ်ပြီး သံယောဇဉ်တွေ ပိုခိုင်မြဲစေတယ်လို့လည်းဆိုကြပါတယ်။

ဆင်တူလက်စွပ်တွေကို လက်ထပ်ထိမ်းမြားသူတွေချည်းမဟုတ်ဘဲ ချစ်သူ၊ သူငယ်ချင်းတွေလည်း ဝတ်ဆင်  ကြပါတယ်။ လမ်းသရဲဆန်တဲ့၊ ချစ်စရာကောင်းတဲ့၊ လှပတဲ့ စတဲ့စတဲ့ ဒီဇိုင်းပေါင်းစုံကို ရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝတ်ဆင်ကြပါတယ်။


ဒါ့အပြင် လက်ခလယ်ကို ခေါက်ထားကာကျန်လက်လေးချောင်းကို

" မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့လက်ရာတွေနဲ့ ဖက်ရှင်ပြပွဲ " (အပျင်းပြေဖတ်ဖို့ သတင်းဟောင်းလေးပါ)



မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့ ဖက်ရှင်ပြပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က ပွဲရဲ့ ပထမနေ့အဖြစ် ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park မှာ ပြုလုပ်ခဲ့ပါတယ်။

 Myanmar Fashion Designer Group (MFDG) နဲ့ Forever Group တို့ ပူးပေါင်းကျင်းပတာပါ။

ပြပွဲလေ့လာဖို့ MEP အဆောက်အဦထဲသို့ ၀င်လိုက်ပြီဆိုရင် ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ ဒီဇိုင်နာ ပေါင်းစုံရဲ့ ဖက်ရှင်လက်ရာများပဲ ဖြစ်ပါတယ်။

အရောင်အသွေး ပေါင်းစုံနဲ့ ဖန်တီးထားတဲ့ ဆန်းသစ်ထူးခြား ဖက်ရှင်လက်ရာတွေဟာ ဂရုတစိုက်နဲ့ ကြည့်ရှုနေတာကိုမြင်တွေ့ခဲ့ရပါတယ်။


ပြပွဲလုပ်မယ့်နေရာကို ခန်းမ တခုလို ဖွဲ့စည်းကာရံထားပြီး အပြင်ဘက်မှာတော့ စပွန်ဆာ ကုမ္ပဏီများရဲ့ အရောင်းပြခန်းများ၊ ဒီဇိုင်နာ များရဲ့ ၀တ်စုံပြခန်းများ၊ ဓာတ်ပုံစတူဒီိယို ပြခန်းများ၊ အလှကုန်၊ ဖိနပ်၊ ဖန်စီ ပြခန်းစတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကိုလည်း ဖွင့်လှစ်ရောင်းချပေးခဲ့ပါတယ်။
ဖက်ရှင်ပြပွဲကို ညနေ ၆ နာရီခွဲမှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲပြီး ပြသပေးခဲ့ပါတယ်။

October 27, 2015

"သင်နဲ့တွဲနေတဲ့ သူငယ်ချင်းက သင့်ချစ်သူကောင်လေးကို စိတ်ဝင်စားနေမှန်း သင်ရိပ်မိထားတယ်ဆိုရင်"

 
ကိုယ်နဲ့တွဲသွားတွဲလာရှိနေတဲ့ သူငယ်ချင်းက ကိုယ့်ချစ်သူကောင်လေးကို စိတ်ဝင်စားနေမှန်း သင်ရိပ်မိထားတယ်ဆိုပါစို့။ သင် ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲဆိုပြီး သင့်အနေနဲ့ ခေါင်းစားသွားနိုင်ပါတယ်။ နောက်တစ်ချက်က ဒါဟာ နှလုံးသားရေးရာဖြစ်နေတာမို့ သင့်ရင်ထဲပူနေတာမျိုးလည်း ခံစားရမှာပါပဲ။ ဒီအခြေအနေကို သင့်ချစ်သူကောင်လေးက မသိသေးပေမယ့် သင်ကတော့ သူငယ်ချင်းနဲ့အနီးကပ်နေသူမို့ သင့်သူငယ်ချင်း ဘယ်လိုခြေလှမ်း လှမ်းမယ်ဆိုတာ သိထားပြီနေပြီဆိုရင် သင့်အနေနဲ့ လုပ်ဆောင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

၁။ သူမနဲ့စကားပြောဖို့ လိုလာပါပြီ။
ကိုယ့်အပေါ် ဒီလိုလုပ်ရမလားဆိုပြီး၊ ကြံစည်ရက်တယ်ဆိုပြီး သူ့မျက်နှာကို သင်ကြည့်ချင်မှ ကြည့်ချင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ သူမနဲ့မဖြစ်မနေ စကားပြောရမှာပါပဲ။ ဒီတော့ သူမကို နင်ငါ့ရည်းစားကို ကြိုက်နေတာလားလို့ ဒဲ့ထိုးမေးမယ့်အစား ပညာသားပါပါ ပြောဆိုတတ်ဖို့ လိုပါတယ်။ ဒီတော့ သူမနဲ့စကားပြောတဲ့အခါ သင်တို့သုံးယောက်အခြေအနေကို တခြားလူသုံးယောက်အနေနဲ့ ဥပမာပေးပြီး ပြောဆိုပါ။ အဆုံးသတ်က ဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုးကို သင်ဥပမာပေးကာ ပြောဆိုပါ။ သူမကို ပြောဆိုနေတဲ့အချိန် ဟီးဟီးဟားဟား တရင်းတနှီးမပြောပါနဲ့။ အတည်အခန့်ပြောတဲ့ မျက်နှာအမူအယာနဲ့ပြောဆိုပါ။ ဒီလိုမှသာ သင်တကယ်အရေးတကြီး ပြောဆိုနေတာပါလားဆိုတာ သူသိပါလိမ့်မယ်။

၂။ သူမနဲ့ သိပ်မတွဲပါနဲ့တော့။
သင်နဲ့သူမဟာ တက္ကသိုလ်တုန်းက သူငယ်ချင်းပဲဖြစ်ဖြစ်၊ အလုပ်ခွင်က ခင်မင်ရင်းနှီးလာတဲ့သူပဲဖြစ်ဖြစ် သူမနဲ့

"တရုတ်ပြည်က အလှဆုံး ဆရာမ "

 
Xu Dongxiang လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဆရာမဟာ တရုတ်ပြည်မှာ အလှဆုံး
တက္ကသိုလ်ဆရာမ တစ်ဦးအဖြစ် ရေပန်းစားလာ ပါတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်းရှိ Dalian Polytechnic University's College of Arts and Information Engineering မှာ acting teacher အဖြစ် သင်ကြားပေးလျက်ရှိပါတယ်။

" တစ်ချိန်တုန်းက ပျိုမြစ်နုနယ်ခဲ့ကြသော နာမည်ကြီး ဓါတ်ရှင်မင်းသား မင်းသမီးများ"

 
Val Kilmer
 beautiful-stars-who-aged-horribly8 

Goldie Hawn

" မြှားလည်ပင်းကို ဖောက်သွားသော်လည်း အသက်မသေသူ"

 Lucky to be alive: Konstantine Myakush was rushed to hospital after an arrow shot through his neck
ရုရှား နိုင်ငံတွင် ကလေးနှစ် ယောက် ၏ အဖေ ဖြစ်သူ ကွန်စတန် တင်မာယာကက်ရှ် (၃၈ နှစ်) သည် ပန်းခြံအတွင်း၌ လမ်း လျှောက်လာစဉ် ၂၀ လက်မ အလျားရှိ မြားတစ်စင်းက လည်ပင်းကို ဖောက်ဝင် သွားသော်လည်း အသက်မသေခဲ့ကြောင်း သိရသည်။ သူသည် သမီးနှစ်ယောက်နှင့် အတူ မော်စကိုမြို့ရှိ အားကစားလေ့ကျင့် ရေးဌာနတစ်ခုအနီးတွင်ရှိသော ပန်းခြံ တစ်ခုမှ ဖြတ်လျှောက်လာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြားသည် ပစ်မှတ်ချော်ကာ အပြင်သို့ထွက်လာခြင်း ဖြစ်မည်ဟုဆိုသည်။ သို့သော် သူသည် အလွန်ကံကောင်းသောကြောင့် အဓိက သွေးလွှတ်ကြောများကို မြားက ပွတ်သီ ကပ်သီကလေး လွတ်သွားကာ အသက်

"ရွှေဈေးထက်ကြီးတဲ့ ခွေးဈေး"

ဆင်းရဲတဲ့လူတွေအတွက် ကုန်းကောက်စရာမရှိလောက်အောင် မွဲနေရတဲ့ ဟောဒီခေတ်ကြီးမှာ ထားစရာမရှိလောက်အောင် ချမ်းသာနေတဲ့လူတွေကလဲ တပုံတပင်။ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက တစ်ကမ္ဘာလုံးစီးပွါးရေးကပ်ဆိုက်ပြီး ကုမ္ပဏီကြီးတွေအတော်များများနဲ့ ဘဏ်တစ်ချို့ဒေ၀ါလီခံလိုက်ရပေမဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အသက်ရှုပိတ်မသွားခဲ့။ တကယ့်တကယ် အထိအရှခံလိုက်ရသူတွေကတော့ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေပါပဲ။ အလုပ်ပြုတ်၊ အိမ်ပြန်၊ ထမင်းတစ်နပ်မှန်ဖို့အရေး ရရာအလုပ်ရှာလုပ်။ စီးပွါးရေးအကြပ်အတည်းဖြစ်လဲ တကယ်ခံရတာက လူဆင်းရဲတွေ၊ နိုင်ငံရေးကပ်ဆိုက်လဲ ဆင်းရဲသားတွေပဲ မွဲတွင်းနစ်။ အဖြစ်ကတော့ မနှစ်သက်စရာ။ ဘယ်သူ့ကို အပြစ်တင်ရပါ့။ ဖန်ဆင်းရှင်ကိုလား? ကိုယ့်ကိုယ်ကိုလား?

တရုတ်နိုင်ငံမြောက်ပိုင်း Shaanxi ပြည်နယ်ရဲ့ မြို့တော် Xi'an လေဆိပ်မှာ အနက်ရောင် မာစီဒီးကားအစီး (၃၀)နဲ့ အလံနီတွေ ဝှေ့ရမ်းကြိုဆိုနေကြတဲ့ လူအုပ်ကြီးကြောင့် လေဆိပ်ကြီးတစ်ခုလုံး အုပ်အုပ်ကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒီလောက်တန်ဖိုးကြီးမားတဲ့ ကားအစီးပေါင်းသုံးဆယ်နဲ့ ဒီလူတွေ ဘယ်နိုင်ငံက ကြွလာတဲ့ မင်းဧကရာဇ်ကိုများ ကြိုဆိုနေကြပါလိမ့်။ အိုဗားမားလာမှာလား၊ ဂေါ်ဒင်ဘရောင်းလား၊ ဒါမှမဟုတ်၊ တရုတ်သမ္မတကြီးလား။ မဟုတ်ပါ။ ဒီလူတွေ ဒီကားတွေ ကြိုဆိုနေတဲ့သူကတော့ Wang (Surname) လို့ခေါ်တဲ့ တရုတ်သန်းကြွယ်သူဋ္ဌေးမလေးတစ်ယောက်နဲ့ သူမရဲ့ဝယ်ပြီးကာစ အချစ်တော်ခွေးကြီးတစ်ကောင်ပါ။

သူဋ္ဌေးမလေး ၀မ်ဟာ သူ့အိမ်မှာ မွေးဖို့ ခွေးတစ်ကောင်ကို ကာလအတော်ကြာကြာရှာနေခဲ့ပါတယ်။ ခွေးတွေအများကြီးရှိနေပေမဲ့ သူမစိတ်ကြိုက်မတွေ့သေးတဲ့အတွက် မ၀ယ်ဖြစ်ခဲ့ပါဘူး တဲ့။ အခုတော့ သူ့မရင်ထဲ ကြာမြင့်စွာခိုတည်နေတဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ရလို့ အရမ်းပျော်နေပါတယ်။ သူမလိုချင်တဲ့ခွေးအမျိုးအစားကိုရဖို့အတွက် သူနေတဲ့နေရာနဲ့ အင်မတန်အလှမ်းကွာတဲ့ တရုတ်ပြည်အနောက်မြောက်ပိုင်းက Qinghai ပြည်နယ်အထိသွားခဲ့ရပါတယ်။ အဲဒီပြည်နယ်ဟာ

October 25, 2015

"ထူးထူးခြားခြား စူပါစွမ်းအားနဲ့ လူသားများ "

  


စူပါစွမ်းအား ဆိုတာ သာမန်လူနဲ့ များစွာသာလွန်တဲ့ အစွမ်းကို ဆိုချင်တာပါ။ ကမ္ဘာပေါ်မှာ စူပါစွမ်းအားရှင် များစွာရှိပါတယ်။ ခုပြောမှာ အဲ့ဒီထဲက အချို့ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်စီမှာ
သာမန်လူနဲ့ မတူတဲ့ စွမ်းအား တစ်မျိုးစီပိုင်ဆိုင်ထားကြပါတယ်။သင့်ကို အံသြသွားစေမယ့် အစွမ်းတွေပေါ့

X-ray အမြင်နဲ့ Natasha Demkina
ရရှားအမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Natasha ရဲ့အစွမ်းကတော့ သူဟာအခြားသူတွေရဲ့ ကိုယ်အတွင်းဘက်ကို မြင်နိုင်တာပဲ ဖြစ်ပါတယ်။ အထဲမှာဘာဖြစ်နေတာက အစ သူမြင်နေရပါတယ်။ ဒီစွမ်းအားဟာ သူမ ၁၀ နှစ်သမီးတည်းက စပေါ်လာခဲ့တာပါ။
(သိပ္ပံပညာရှင်အချို့ကတော့ သူမမှာ Xray အမြင်ရှိတယ်လို့ စမ်းသပ်လက်ခံကြ
ပေမယ့် အချို့ကတော့ အပြည့်အ၀ လက်မခံကြပါဘူး။ သူမရဲ့အမြင်ကို စမ်းသပ်

"သင့်အချစ်ရေးကို ပျက်ပြားစေမယ့် အယူအဆမှား (၅) မျိုး "

လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါ အရင်တုန်းက အမှန်လို့ ယူဆထားတာတွေကို အမှားလို့ မြင်လာကြသလို အရင်တုန်းက ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သေချာနေပြီးသား အရာတွေကိုတောင် ဒါအမှန်၊ ဖြစ်ကိုဖြစ်နိုင်တယ်လို့ မြင်လာ ကြပါပြီ။ ဒီအချက်မှာ ပညာလေးနဲ့ယှဉ်၊ ဦးနှောက်လေးနဲ့ယှဉ်ပြီးတော့သာ နှလုံးသားအလိုကို လိုက်ရမှာပါ။ မျက်လုံစုံးကန်းနေသလို ချစ်ခြင်းမျိုးဆိုရင်တော့ သင့်အတွက် တစ်ချိန်မှာ နာကျင်စရာတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒီတော့ ကိုယ်တွဲမယ့်သူဟာ ဘယ်လိုအခြေအနေလေးလဲဆိုတာ သုံးသပ်ခန့်မှန်းရင် ဒီအယူအဆတွေကို လုံးဝစွန့်လွှတ်ကြဖို့ တိုက်တွန်းပါရစေ။ 
 
၁။ ကိုယ့်ချစ်သူက ဘာမှသက်သေမပြနိုင်ရင်တောင် ကိုယ့်ကို ချစ်တယ်တဖွဖွပြောနေရင် ကျေနပ်နေတာမျိုး
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက အပြောလေးကောင်းပြီး ကိုယ့်ကို ပါးစပ်လေးနဲ့ ချစ်ပြရင် ကျေနပ်နေတတ်ကြပါတယ်။ သစ္စာရှိရှိသာနေ တစ်ခြားဘာမှမလုပ်ရင်တောင် ရှာကျွေးထားချင်တတ်ကြတဲ့အထိကို ချစ်တာပါ။ ဒါပေမယ့် ဒီအရာတွေက တကယ်တော့ မိုက်ရူးရဲဆန်လွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ အထူးသဖြင့် သင့်ကို ဘာလုပ်ပြမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိတယ် စသဖြင့် ကတိတွေပေးပြီး တစ်ခါမက၊ နှစ်ခါမက ဘာမှဖြစ်မလာဘူးဆိုရင် ဒီလို ချစ်သူမျိုး ရေရှည်အတွက် လက်မတွဲသင့်ပါဘူး။ သူက

"တရုတ်နိုင်ငံရဲ့ကောင်းကင်မှာပေါ်လာတဲ့ လျို့ဝှက်ဆန်းကြယ် လွင့်မျောမြို့တော်ကြီး "

(ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ လွင့်မျောမြို့တော်ကြီး)
တရုတ်နိုင်ငံဂျင်ဇီမြို့နှင့် ဖိုရှမ်မြို့ရှိ ကောင်းကင်တိမ်တိုက်များမှာ လွင့်မျောနေတဲ့မြို့တော်ပုံသဏ္ဌာန်ရှိ အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်လို့ ဒေသခံတရုတ်များက ဆိုလာပါတယ်။ ဒေသခံတွေကတော့ မြင်တွေ့လိုက်ရတဲ့ မြို့တော်ပုံစံလွင့်မျောနေတဲ့ ပုံသဏ္ဍာန်တစ်ခုဟာ သဘာဝလွန် အကြောင်းအရာ တစ်ခုဖြစ်တယ်လို့ ယုံကြည်လျက်ရှိပါတယ်။

နောက်ထပ် အပြိုင်စကြဝဠာ တစ်ခုကို မြင်လိုက်ရတယ်လို့ ဆိုကြပြီး မိုးလေ၀သပညာရှင်များကတော့ အဲဒီအရာဟာ သမားရိုးကျမဟုတ်ဘဲအမြင်အာရုံကို လှည့်စားထားသော ဖေတာမော်ဂါးနားလို့ခေါ်တဲ့ အဝေးတနေရာက

" တရုတ်လူမျိုးတွေ အစားအသောက်ပုံစံကို ခေါင်းမှာ ဘာကြောင့်ဆင်မြန်းကြသလဲ "



ဖက်ရှင်ရေစီးကြောင်းရဲ့ ပြောင်းလဲမှုက အလွန်မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက တရုတ်ပြည်နေရာအနှံ့အပြားမှာရှိတဲ့ လူတော်တော်များများဟာ အစေ့မှ အပင်ပေါက်ကာစ အညှောင့်ပုံစံ ဆံညှပ်လေးများကို စတင်ဝင်ဆင်လာခဲ့ပြီးနောက် အဲ့ဒီကမှတဆင့်တက်ကာ ထပ်မံ ပေါ်ထွက်လာတဲ့ ဖက်ရှင်ကတော့ အစားအသောက်ဒီဇိုင်းပုံစံဖန်တီးထားတဲ့ ဆံပင်အသုံးအဆောင် ပစ္စည်းတွေကို

"ဝိဇ္ဇာ ကာတွန်း စာအုပ် ၆၉ အုပ်ပါ ( စာအုပ်အသစ်တွေထပ်တိုးပေးပါ့မယ် )"

ဝိဇ္ဇာ ကာတွန်း စာအုပ်ဆို လူကြီး ခလေး အားလုံးနှစ်သက်ကြပါတယ်။ လူကြိုက်များလှတဲ့ တာယာပွကြီး
စာအုပ်များ စုစည်းပြီးတင်ပေးလိုက်ပါတယ်။  အချစ် ၊ ဟာသ ၊ ဘဝသရုပ်ဖော် ၊ ပညာပေး စုံလင်လှအောင်
ဆွဲဆောင်မူရှိစေတဲ့ ပြောင်မြောက်တဲ့ လက်ရာများဖြစ်ပါတယ်။

ထိုကြောင့်လည်း တောင်တန်းနှင့်တူသောယောကျာင်္းများ စာအုပ်ဆို ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ထိ အောင်မြင်
လှပါတယ်။ ( လွင်မိုး၊ကျော်ရဲအောင်၊နန္ဒာလှိုင်) :)

ဝယ်ယူဖတ်ရှု ဖို့  အဆင်ပြေသူများကို ဝယ်ယူဖတ်ရှုအားပေးစေလိုပါတယ် :)



**** ဝိဇ္ဇာကာတွန်း စာအုပ်များ ****
Subscribe

လာလည်သူများ

free counters