♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 29, 2015

၂နာရီအတွင်း အရက် ၄ခွက်သောက်ရင် ကျန်းမာရေးအန္တရာယ်ရှိ


လေ့လာမှုသစ်တစ်ရပ်အရ၊ တစ်ထိုင်တည်းနဲ့ အရက်ကို စိတ်ရှိလက်ရှိသောက်ခြင်းဟာ အူထဲက ဘက်တီးရီးယားတွေကို စိမ့်ထွက်စေပြီး ကျန်းမာရေးကို ထိခိုက်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ u

ဒီ့အပြင် သွေးထဲက အဆိပ်အတောက်ပမာဏကိုလည်း မြင့်တက်စေပါတယ်။ Endotoxin လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းအဆိပ်တွေဖြစ်ပြီး သွေးထဲမှာ ဘက်တီးရီးယားဆိုင်ရာ DNA အထောက်အထားတွေကို တွေ့ရတာပါ။


နှစ်နာရီအတွင်းမှာ အရက်ပါတဲ့ အဖျော်ယမကာ ၄ခွက် (အမျိုးသားများ ၅ခွက်) ထပ် ပိုသောက်တဲ့အခါ သူတို့ရဲ့ အူတွေထဲက ဘက်တီးရီးယားတွေ စိမ့်ထွက်လာပြီး သွေးထဲက အန္တရာယ်ရှိ အဆိပ်အတောက် ပမာဏမြင့်တက်လာတယ်လို့ မန်ဆာချူးဆက် ဆေးတက္ကသိုလ် က သုတေသီတွေက သတိပေးထားပါတယ်။

 အဲ့ဒီ့လို သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကိုလည်း နှိုက်ထုတ်သွားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူပေါ်မှာတောင် ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

( Jack  )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Tech Times

No comments:

Subscribe

လာလည်သူများ

free counters