♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 10, 2024

ချဲလ်ဆီးနောက်ခံလူ မက်ဆန် ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နှင့် ပြောင်းရွှေ့

 

ချဲလ်ဆီးနောက်ခံလူ မက်ဆန်ဟာ ဒေါ့မွန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။

ဟော်လန်လူငယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် အလွန်နည်းပါးခဲ့တာကြောင့် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒေါ့မွန်အသင်းဆီ မသွားခင်မှာ မိခင်ကလပ်နဲ့ ၂ နှစ်သက်တမ်းတိုးခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ လန်ဒန်ကလပ်ဆီ ပြန်လာမှာဖြစ်ပါတယ်။

မက်ဆန်ဟာ မနှစ်ကရာသီတုန်းက ဘန်လေအသင်းမှာ အငှားထွက်ကစားစဉ်က တန်းတက် ကစားခွင့်ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး ဘန်လေက ပေါင် ၃၁ သန်းခန့်နဲ့ ခေါ်ယူချင်ခဲ့ပေမဲ့ လက်မခံခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေ ပါတယ်။

Photo - REUTERS/Tony Obrien

January 8, 2024

တိုက်စစ်မှူး အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရ

 

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

Foot Mercato သတင်းမှာ ဖော်ပြချက်အရ အမ်ဘာပေဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်က ဆွေးနွေးခဲ့ဖူးတဲ့ စာချုပ်သက်တမ်းနဲ့ ခံစားခွင့်အတိုင်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတော့ ရရှိမှာမဟုတ်ကြောင်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။

အမ်ဘာပေဟာ အသင်းနဲ့ ၆ လ သက်တမ်းစာချုပ်သာ ကျန်ရှိတော့တာကြောင့် ဘယ်အသင်းနဲ့မဆို တရားဝင်ဆွေးနွေးခွင့်ရှိပြီး ရီးရဲလ်မက်ဒရစ်က အဲဒီအခွင့်အရေးကို အမိအရ ရယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တဖက်မှာတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ်ဘဲ စာချုပ်ပါအတိုင်း တနှစ်သက်တမ်းတိုးပြီးမှ ရောင်းချဖို့ရှိတယ်လို့ သိရပါတယ်။

Photo-Reuters

ဆောင်းရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးခေါ်ရန် လက်တွေ့မကျဟု အာဆင်နယ်နည်းပြ ပြော

 

ဆောင်းရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးခေါ်ဖို့ လက်တွေ့မကျတဲ့အတွေး ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက အက်ဖ်အေလားပွဲစဉ်မှာ လီဗာပူးကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းအားနည်းခဲ့တဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တာပါ။

နည်းပြ အာတေတာကတော့ လက်ရှိအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ဆိုတာက လက်တွေ့မကျကြောင်း၊ အသင်းမှာရှိတဲ့ လူစာရင်းကိုပဲ ယုံကြည်မှုပေးပြီး ခြေစွမ်းကောင်းမွန်အောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။

သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် စိုးရိမ်မိကြောင်း၊ နောက်ထပ် ၁၃ ရက်အထိ အနားရမှာက ပြန်လည်ကုစားနိုင်ဖို့ အချိန်ကောင်းဖြစ်ကြောင်းလည်း အာတေတာက ပြောပါတယ်။

အာဆင်နယ်ဟာ EFL ဖလားကနေလည်း ထွက်ခဲ့ရတာကြောင့် လာမယ့် ဇန်နဝါရီ ၂၀ ရက်မှ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Photo-Reuters

Subscribe

လာလည္သူမ်ား

free counters