ကမ္ဘာပေါ်မှာ ခွဲစိတ်ပြုပြင်ပြီး လိင်ပြောင်းဖို့ ပထမဆုံး ကြိုးစားခဲ့သူကတော့
လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့နေ အိုင်နာ
ဝဂ္ဂနာ ဆိုတဲ့ ရှုမျှော်ခင်းရေးဆွဲသူ ပန်းချီဆရာ တဦးပဲ ဖြစ်ပါတယ်။ သူနဲ့
သူ့ရဲ့ဇနီး ပုံတူရေးဆွဲသူ ပန်းချီဆရာမ ဂါဒါ ဝဂ္ဂနာ တို့ရဲ့ အကြောင်း
စိတ်ဝင်စားစရာ သိမ်မွေ့တဲ့ ဇာတ်လမ်းကို The Danish Girl ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။
ဒေးဗစ် အက်ဗာရှော့ဖ် (David Ebershoff) ရေးသားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို
ပြန်ရိုက်တဲ့ ဒီရုပ်ရှင်ကားဟာ အကယ့်အဖြစ်တွေနဲ့ အတွင်းရေးတွေမှာ ကွဲလွဲမှု
တချို့ ရှိတယ်လို့ ဝေဖန်ခံရပေမယ့် စိတ်ဝင်စား အားပေးမှု ခံရတဲ့ ဇာတ်ကားတကား
ဖြစ်ပါတယ်။
ပန်းချီဆရာမ ဂါဒါ (သရုပ်ဆောင် အဲလီစီယာ ဗီကန်ဒါ) ဟာ လက်စမသတ်နိုင်ဖြစ်နေတဲ့
မိန်းမပုံ ပန်းချီကား တကားအတွက် သူ့ ယောက်ျားဖြစ်သူ ပန်းချီဆရာ အိုင်နာ
ဝဂ္ဂနာ (သရုပ်ဆောင် အက်ဒီ ရက်မိန်း) ကို မော်ဒယ် ထိုင်ခိုင်းပါတယ်။ ၁၉၂၀
ဝန်းကျင်မှာ ဂါဒါရော အိုင်နာပါ အတော်အတန် နာမည်ရ ပန်းချီသမား၊ သရုပ်ဖော်
ပန်းချီရေးသူများ ဖြစ်ကြပါတယ်။
အဲဒီက စပြီး အိုင်နာဟာ သူ့ဇနီး ဂါဒါ ပန်းချီရေးဖို့ အတွက် မော်ဒယ်အဖြစ်
တော်တော်များများ ထိုင်ပေးခဲ့ပြီး ပန်းချီကားထဲက မိန်းမပုံကိုတော့
အိုင်နာရဲ့ ညီမ “လီလီ အယ်လ်ဘီ” လို့ နာမည် ပေးထားလိုက်ကြပါတယ်။
လီလီ
ပန်းချီကားထဲက လီလီ
ဒီလိုနဲ့ အိုင်နာဟာ ယောက်ျားဘဝ “အိုင်နာ” နဲ့ ပန်းချီကားထဲက မိန်းမဘဝ
“လီလီ” ဆိုပြီး ဘဝ နှစ်ခုကို စတင် တွေ့ရှိလာပါတယ်။ အိုင်နာဟာ လီလီအဖြစ်
အမျိုးသမီး အဝတ်အစားတွေ ဝတ်ရတာကို သာယာလာပြီး အမျိုးသမီးတွေရဲ့ လှပမှု၊
နွဲ့နှောင်းမှု၊ ပျော့ပြောင်းမှုတွေကို စတင် သတိပြု လေ့လာနေမိပါတယ်။
အိုင်နာဟာ တကိုယ်တည်းမှာ စိတ်နှစ်ခု ဖြစ်လာပါတယ်။ ဇနီးဖြစ်သူ ဂါဒါကလည်း
ခင်ပွန်းဖြစ်သူ အိုင်နာနဲ့ လီလီတို့ နှစ်ကိုယ့်တစိတ် ဖြစ်နေမှုကို
ခွဲထုတ်ဖို့