♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အချက်အပြုတ်. Show all posts
Showing posts with label အချက်အပြုတ်. Show all posts

September 23, 2016

မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်

 IMG_0407a
ပါဝင်ပစ္စည်းများ
  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)

နှပ်ထားရန် ပါဝင်ပစ္စည်းများ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

August 14, 2016

" ထမင်းပေါင်း အမြန်လုပ်နည်း "

 
ထမင်းပေါင်းက လုပ်ရတာ လွယ်ကူ လျင်မြန်ပါတယ်။
ထမင်းပေါင်းကြိုက်သူများအတွက် အလွယ်ဆုံး ထမင်းပေါင်းနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ထမင်းပေါင်းရန်အတွက် လိုအပ်သော ပစ္စည်းများ

၁။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး (ကြက်၊ ဝက်၊ ပုစွန်)

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

၃။ ဆား

၎။ ကြက်သားမှုန့်

၅။ တရုတ်မဆလာ

၆။ ငြုပ်ကောင်း

၇။ နှစ်သက်ရာ အသီးအနှံများ (ပန်းပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးငယ်လေးများ၊ ခရမ်းချဉ်သီး၊မှို၊ ပဲသီး)

၈။ ငုံးဥ

၉။ ပဲပြား

၁၀။ ပဲငံပြာရည်အကြည်

၁၁။ ခရုဆီ

၁၂။ ကော်ရည်



ထမင်းပေါင်းပြုလုပ်နည်း

၁။ အသားကို ပါးပါးလှီးပါ။ (ပုဇွန်ဆိုလျှင် လှီးစရာမလိုပါ)

July 28, 2016

" ကင်းပုံခါးနဲ့ နွားနို့ချက် "

ကင်းပုံခါးနဲ့ နွားနို့ချက်1

 

ပါဝင်ပစ္စည်းများ

  • ကင်းပုံခါးသီး ၃၅ လုံး ( ကျည်ပွေ့ဖြင့် ကြေမသွားစေရန် ခပ်ဖွဖွ ထုပြီး ဆားဖြင့် သေချာ နယ်ပြီး ရေစင်အောင်ဆေး ၊ ရေစစ်ထားပါ )
  • နွားနို့ ၃ လီတာ
  • ကြက်သွန်နီ ၅ လုံး (အတုံးသေးလေးများ တုံးထားပါ)
  • ငရုတ်ကြမ်းမှုန့် ၃ ဇွန်း
  • နနွင်း အနည်းငယ်
  • ဆီ ၅ ကျပ်သား
  • ဆား ၁ ဇွန်း (ဟင်းစားဇွန်း)

ပြုလုပ်နည်း

June 22, 2016

" အာလူး ထမင်းနယ် "

 အာလူး ထမင်းနယ် 2
ပါဝင်ပစ္စည်းများ
(လူ ၄ ယောက် အ၀စားစာ)
  • ဆန်   3 လုံး (နို့ဆီဗူး)
  • အာလူး   30 သား
  • ခရမ်းချဉ်သီး  30 သား
  • ပဲပုတ်  2 ချပ်
  • ကြက်သွန်နီ   20 သား
  • ကြက်သွန်ဖြူ   3 မွှာ
  • ဆနွင်း   အနည်းငယ်
  • ဆား အနည်းငယ်
  • မြေပဲလှော် အမှုန့် 
  • မကျီးရေ
  • ဆီ
  • ဂျူးမြစ်
  • နံနံပင်
  • ကြက်သွန်မိတ်

June 6, 2016

" အိမ်ရှင်မတွေချက်ဖို့ လိုက်ဖက်တဲ့ ဗမာဟင်းတွဲများ "


(59) ရက်စာ..ဈေးသွားရင်ဘာချက်ရမလဲတွေးရတာ
စိတ်ညစ်နေသူများအတွက်ပါ။
၁. ကြက်သားအာလူးဟင်း + ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလချောင်ကြော် 
၂. ငါးမွှေ+ ဂေါ်ရခါးသီးချဉ်ရည်+ ငရုပ်ပွကြော် ++ ဘာလချောင်ကြော်
၃.ငါးဖယ်ငါးဆုတ် + ကျောက်ဖရုံသီးချဉ်ရည် +ရုံးပတီသီးကြော် + ငါးပိထောင်း
၎.ပုစွန် ဆီပြန်+ ကန်ဇွန်းရွက်ချဉ်ရည် +ပန်းဂေါ်ဖီကြက်ဥ +ငရုပ်သီးဆားထောင်း
၅. ဘဲဥဆီပြန် + ပဲရွက် ဟင်းချို+ ကင်းပုံသီးချက်+ ငံပျာရည်ချက် +တို့စရာ
၆. ပုစွန်ဘော့ချိတ်+ ဂေါ်ရခါးသီးအချိုချက် + မြင်းခွာရွက်သုတ် + ငါးပိချက်
၇.၀က်သနီချက် +ဘူးသီးချည်ရည် +ရွှေပဲသီးဥနီ+ ဘာလချောင်ကြော်
၈. ကကတစ် ကြက်ကသွန်နှပ်+ ဂေါ်ဖီရွက် ကြာဆံဟင်းခါး+ခရမ်းသီးသုတ် + ငါးခူငါးပိကောင်
၉. ငါးထမင်းဆိမ့် + ကြက်ကြော်+ ဘူးသီးဟင်းခါး
၁၀. ကြက်သားဆီပြန် + ပဲကြီးဆူးပုပ် + သရက်သီးပိုးတီသုပ် + ငံပျာရည်ကြော်
၁၁.ဝက်သားအာလူးဟင်း + ချဉ်ပေါင်ရွက်ဟင်းချို + သရပ်သီးသနပ် + ငါးပိကြော်
၁၂.ကြက်သားကာလသားချက် ဘူးသီးရော+ နံရိုး ကျောက်ဖရုံ ဟင်းချို +ပုစွန်ချဉ်သုပ် + ငါးရံ့ခြောက်ဖုတ်
၁၃.သီးစုံဒန့်ဒလွန်သီးပဲကုလားဟင်း + ငါးကျည်းအစပ်ကြော်+ ဘဲဥကြော်
၁၄. ကြက်သားဆီပြန်+ ချဉ်ပေါင်ကြော်+ဘူးသီးဟင်းခါး+ငပိရည်+တို့စရာ
၁၅. ငါးအိုးကပ် + ပဲကြီးနပ် + ငါးပိကျော်+ မုန်လာချဉ် သုပ်
၁၆. ကြက်သားကြော် + ဘူးသီးဟင်းခါး + ငါးချဉ်သုပ် + သီးရွက်စုံနှမ်းဆီဖြန်းအစိမ်းကျော်

June 3, 2016

" မော်လမြိုင် ပဲလိပ် "

 
မော်လမြိုင်ပဲလိပ်
မော်လမြိုင်မြို့ကို အလည် ရောက်ရင်တော့ သွားစားသင့်တဲ့အစားအစာတွေ စာရင်းမှာတော့ ရေစိမ်မုန့်တီ၊သင်္ကြန် ထမင်းတို့အပြင် ပဲလိပ်လည်း ပါဝင်ပါတယ်။ ပဲလိပ်ကို ဆိုင်အမျိုးမျိုးက ရောင်းကြပေမဲ့ မော်လမြိုင် မရမ်းကုန်းရပ်၊ရတနာမွန်ဆေးခန်းအနီးက ပလက်ဖောင်းလေးမှာ ညနေ ၄နာရီ၁၅ ကနေ ၅နာရီ အတွင်း ရောင်းတဲ့ပဲလိပ်ကိုတော့ အကြိုက်ဆုံးပါပဲ။ ပိုလုပ်ရင် မကုန်တတ်လို့ နေ့တိုင်း ပုံမှန်အရေအတွက် သာလုပ်လေ့ရှိပြီ စောစော သွားစောင့်စားမှသာ တသက်စွဲစေမဲ့ ပဲလိပ်ကို စားရမှာမို့ ရွှေမြိုင်ကို အလည် သွားမည့်သူများ အချိန်ရရင်သွားစားကြပါလို့ လက်တို့လိုက်ပါရစေနော်။
အချိန်မရရင်တော့ အခုလိုလေး ချက်စားကြရအောင်......
ပါဝင်ပစ္စည်းများ
....................
ပဲဟင်းရည်အတွက်
***********
၁။ ကုလားပဲ နို့ဆီဗူး တဝက် (သို့)
ထမင်းပေါင်းအိုးဆန်ချိန်ခွက် တခွက်
၂။ ကြက်သွန်နီ ၁လုံး
၃။ ဆား ထမင်းစားဇွန်း ၁/၂ဇွန်း

May 31, 2016

" ကြက်သား ပဲရည်သုပ် "

ကြက်သား ပဲရည်သုပ်,2

ကြက်သား နှင့် အသဲအမြစ် ကိုပဲရည်နဲ့ သုပ်စားတယ် ။   ဟင်းချက် စားရတာထက် တခါတလေ ဒီလိုပြောင်း လုပ်စားတော့ ထမင်းစား ကောင်းတယ် ။
ပါဝင်ပစ္စည်း
  • ကြက်သား
  • အသဲအမြစ်
  • မွှေးပဲ အစိမ်းမုန့်
  • ကြက်ဥ
  • ဆား
  • အချိုမူန့်
  • ဆနွင်း
  • ရေ
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ရှောက်ရွက်
  • ငရုပ်သီးစိမ်း
  • ငရုပ်သီးအမုန့်
  • သံပုရာသီး
  • ငံပြာရည်

May 26, 2016

" လယ်ငါးခူ သရက်သီးအစပ်ဆီပြန်"

ဒီတစ်ပတ်ပိတ်ရက်လေးမှာ ငါးဟင်းလေးရှူးရှဲအစပ်လေးချက်ပြီး ထမင်းစားမြိန်စေဖို့အတွက် ဖော်ပြပေးလိုက်ပါ တယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။လယ်ငါးခူများကို ခေါင်းဖြုတ်ဗိုက်ဖောက်၍မွှန်းကာ ရေစင်အောင် ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်တို့နှင့် နယ်ထားပါ။

၂။သရက်သီးစိမ်းကို အခွံနွှာ၍ ခြစ်ပြီးအရည်ညှစ်ချပါ။

၃။ငရုတ်ပွခြောက်ကို ရေစိမ်အစေ့ထုတ်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နှင့်ရောကာ ညက်အောင်ထောင်းပါ။

၎။ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ထောင်းထားသောအနှစ်များ နှင့် ပုစွန်ငါးပိကိုထည့်ကာဆီသတ်ပါ။

၅။အနှစ်များကြွပ်၍ မွှေးလာလျှင် လယ်ငါးခူများကိုထည့်ကာလုံးပါ။

၆။ထို့နောက် သရက်သီးခြစ်နှင့် ဓားပြားရိုက်ထားသော ငရုတ်သီးစိမ်း ထည့်မွှေပေးပါ။

၇။ငါးအသားနူးစေရန် ရေနွေးနည်းနည်းစီထည့်၍ တည်ပြီးစိတ်ကြိုက် အရသာဖြစ်လျှင် နံနံပင်အုပ်၍ မီးပိတ် ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

May 24, 2016

" Tandoori ကြက်သား တုတ်ထိုးကင် "

 Tandoori_Chicken_Skewer4
မြောက်ပိုင်းအိန္ဒိယစတိုင် နံမည်ကြီးတဲ့ Tandoori ကြက်သားကို တုတ်ထိုးပြီ ကင်ထားတဲ့ ကင်နည်း တမျိုးပါ။ အသားကို နူးအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ကြက်ကင်တွင် ပါဝင်ပစ္စည်းများ
  • ကြက်သား ရင်ဗုံသား – ၈၀၀ ဂရမ်
  • Tandoori မဆလာမှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

  • ဒိန်ချဉ် – ၁ခွက်
  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
  • နံနံပင် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီထားပါ) (ပြင်ဆင်ရန်)
  • သံပရာသီး – ၂လုံး (၈စိပ်စပ်ထားပါ) (ပြင်ဆင်ရန်)
Tandoori မဆလာမှုန့် ပါဝင်ပစ္စည်းများ
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • အနီရောင်စိုးဆေး (red food coloring) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)

ကြက်ကင်နည်း
၁။ ခွက်တစ်ခုထဲတွင် tandoori မဆလာမှုန့်တွင် ပါဝင်သော (မာဆလာ၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်၊ ဆနွင်း၊

May 5, 2016

" Lay ရဲ့ ဘဲကင်နည်း မျှဝေပေးပါရစေနော် "

 
Layရဲ့ဘဲကင်နည်းမျှဝေပေးပါရစေနော်......New year မှာကင်စားလို့ရကြအောင်ပါ။ ကိုယ်တိုင်လုပ်စားတော့
 ဈေးလဲသက်သာပြီးသန့်ရှင်းလပ်ဆပ်စွာစားရတာမို့ အချက်အပြုတ် ဝါသနာပါသူများကိုယ်တိုင်လုပ်စားကြည့်ကြပါ
လားရှင့်။ဘဲကင်ကိုရေစစ်အောင်ကင်ထားရင် ၃ရက်လောက်ထားထားလို့ရတာကြောင့်ဆိုင်ရောင်သမားတွေအနေ
နဲ့တရက်တည်းနဲ့ရောင်းမကုန်ရင် ထားပြီးရောင်းကြတာပါ။..ပြန်နွေးလိုက်ရောင်းလိုက်နဲ့မို့...ကိုယ်တိုင်ကင်စားတာ
ဟာအကောင်းဆုံးပဲလို့..ထင်မိပါတယ်ရှင့်။..layကိုအမြဲတမ်းအားပေးကြတဲ့.ပရိတ်သတ်များအားလုံးပျော်ရွင်ချမ်းမြေ့
ကြပါစေရှင့်။

ပါဝင်ပစ္စည်းများ
============
ဘဲ၁ပိဿာ ခန့်တစ်ကောင်
ဆားထမင်းစားဇွန်း ..၁ဇွန်း
ငရုပ်ကောင်းမှူန့်.......၁ဇွန်း
ပဲငံပြာရည်....၁ဇွန်း
သကြား......၂ဇွန်း
လျှာလကာရည်....ခွက်ဝက်
လိမ္မော်ရောင်food Colour ..၂စက်ခန့်
ကြက်သွန်ဖြူ...တစ်ဥ
ဂျင်းလက်တဆစ်ခန့်
နှမ်းဆီ.....ထမင်းစားဇွန်း၃ဇွန်း
ပြုလုပ်နည်း
=========
ဘဲကိုဝမ်းဗိုက်အတွင်းကလီစာများထုတ်၍
ဆေးကြောသန့်စင်ထားပါ။.ကြက်သွန်ဖြူနဲ့ဂျင်းကိုညှက်အောင်ထောင်းထားပြီးဆားပဲငံပြာရည်ငရုပ်ကောင်းမှူန့်တို့နဲ့ရောစပ်ပြီး..ဘဲရဲ့ ဝမ်းဗိုက်အတွင်းပိုင်းသို့နန့်စပ်အောင် သုပ်လိမ်းပြီးဝမ်းဗိုက်အတွင်းသို့လေအနည်းငယ်မုတ်ထည့်ပြီး.အပေါက်ဝကိုသွားထိုးတုတ်ဖြင့် ထိုးပိတ်ပါ..သကြားနဲ့လျှာလကာရည်ကိုကျိုပြီးလိမ္မော်ရောင် ဆိုးဆေးအငယ်နဲ့ရောပြီးဘဲ၏အပြင်ပိုင်း

May 1, 2016

"ဒီတနင်္ဂနွေမှာ မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်လေး လုပ်စားကြရအောင်လား" ( ဝတ်ရည် )

IMG_0407a
မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်
ပါဝင်ပစ္စည်းများ
  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
နှပ်ထားရန် ပါဝင်ပစ္စည်းများ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • လိမ္မော်ဆိုဒါ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့တွင် ပါဝင်ပစ္စည်းများ
  • ငရုတ်သီးဆော့ – ၁ခွက်ခွဲ
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • Tobasco ဆော့ – လက်ဖက်ရည်ဇွန်း၁ဇွန်းခွဲ
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးနီတောင့်ရှည် – ၁တောင့်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်တောင်ပံများကို နှပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊

April 19, 2016

" မန္တလေး ပဲကပ်ကြော် "

 
မန္တလေးပဲကပ်ကြော်ကို အိသက်အမေက မုန့်ဟင်းခါးထဲ ထည့်စားတတ်တယ်။
အိသက်ကတော့ ဒီတိုင်းလေးပဲ စားရတာကြိုက်ပါတယ်။
ချင်းနံ့သင်းသင်းလေးနဲ့ စားလို့ ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်းလေးပါနော်။

ပါဝင်ပစ္စည်းများ

............................
• ပဲကတ္တီပါ (Red Bean) - ဆန်ချိန်ခွက်၁ခွက်
(ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or Red Kidney Bean Tin
• ကောက်ညင်းမှုန့် - ဆန်ခွက် တစ်ဝက်
• ဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ မြွာ
• ဆား - အချိုဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ် (ဓားနုတ်ပေါက်ပြီး)
• ချင်း - စားပွဲဇွန်း ၃ ဇွန်း
• ဆော်ဒါ - အချိုဇွန်းတစ်ဝက်

ပြုလုပ်နည်း
...............
၁။ ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။
ရေအနည်းငယ်ထည့်ပြီး ပဲကို ခြေပါသည်။

၂။ ဘူးပဲကိုသုံးမယ်ဆိုရင် ပြုတ်စရာမလိုဘဲ

April 4, 2016

"ဖရဲသီး ကျောက်ကျော"တဲ့ နွေရာသီမှာ လုပ်စားကြည့်ကြတာပေါ့ "

လုပ်ရတာလွယ်ကူပြီး စားချင်စရာလေးမလို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
~~နွေရာသီနဲ့ သင့်တော်တဲ့ဟာလေးတမျိုး ပြမယ်နော်.. တချို့တွေ လုပ်ဖူးကြလိမ့်မယ်.. အမက အနောက်တိုင်းနည်းနဲ့ ပြမှာမို့ နည်းနည်းလေး လွဲလိမ့်မယ်.. ကြိုပြောထားမယ်.. လာမငြင်းကြပါနဲ့.. ကိုယ်ကြိုက်တဲ့ recipe သုံးပါ..
အနောက်တိုင်းက summer beach party တွေမှာ ပါလေ့ရှိတဲ့ jello shot ပါ .. သူတို့က ဗော့ကာအရက် ထည့်လုပ်လေ့ရှိတယ်.. အမကတော့ မထည့်ပဲ လုပ်ပြပါမယ်.. စမ်းကြည့်ချင်သူများ ဗော့ကာ တခွက်ထည့်လို့ ရပါတယ်..
ဖရဲသီး အလတ်စားတလုံးကို အတွင်းက အသားများ ခပ်ထုတ်ပါ.. ဖရဲသီးတုံးတွေကို ဖရဲရည်ဖြစ်အောင် လုပ်ပါမယ်.. blender နဲ့ မွှေပြီး အရည်စစ်ရင်လည်း ရပါတယ်.. ခြေပြီး ဇကာတိုက်ရင်လည်း ရပါတယ်..
ဖရဲရည် ဖန်ခွက် ခြောက်ခွက်လောက် ထွက်မယ်ထင်ပါတယ်..
ဖရဲရည်ရရင် ကျောက်ကျောမှုန့်နဲ့ ကျိုပါမယ်..
ကိုယ်သုံးတဲ့ ကျောက်ကျောတံဆိပ်က ရေအချိုးအစားကို ကြည့်ပြီး ကိုယ်ရထားတဲ့ ဖရဲရည်နဲ့လောက်အောင် ဘယ်လောက်ထည့်ရမလဲ ချိန်ထည့်ပါ.. ရေတခွက်လောက် ထပ်ရောချင်လည်း ရပါတယ်..
အမက Jello နှစ်ဗူးနဲ့ ကျောက်ကျော တဗူးထည့်ပါတယ်..
ပြီးရင် သံပုရာသီး တလုံး ညှစ်ထည့်ပါ.. အချဉ်ကြိုက်သူများ ပိုထည့်လို့ ရပါတယ်..
သကြား နှစ်ခွက် သို့မဟုတ် ကြိုက်သလောက် မြည်းထည့်ပါ.. အမကတော့ သကြားနည်းနည်းပဲ ထည့်ပါတယ်..
သေချာမြည်းပြီး ကိုယ်ကြိုက်တဲ့ အချို အချဉ် အရသာပြင်ပါ...
ပြီးရင် ဆူအောင်ကျိုပြီး ဖရဲခွံထဲ လောင်းထည့် အအေးခံပါ..
ဖရဲသီးခွံတွေကို မလှုပ်အောင် ဘေးက သတင်းစာခေါက်နဲ့ ခုပေးပါ..
နှစ်နာရီ သုံးနာရီ လောက်ထားရင် ခဲပါပြီ..
ခဲရင် အစိတ်လေးတွေ လှီးပြီး ရေခဲသေတ္တာထဲ အအေးခံစားပါ..
ကျောက်ကျောထဲ ဂျယ်လီမှုန့်ရောထည့်ရင် တုန်တုန်လေးနဲ့ ပိုစားကောင်းပါတယ်.. အမက ဂျယ်လီ နှစ်ဗူး ကျောက်ကျော

March 27, 2016

" ဒီတနင်္ဂနွေမှာ ရှောက်သီးသုပ် သုပ်စားကြမယ်လေ "


 ရှောက်သီးတစ်ခြမ်းကို အခွံတွေသင်ပြီး ရှောက်သီးအမွှာလေးတွေကို
 
- ပါးပါးလှီးပြီးရေဆေးထားတဲ. ကြက်သွန်နီနှစ်လုံး
- ပါးပါးလှီးထားတဲ. ငရုပ်သီးစိမ်းနှစ်လုံး
- ငရုပ်သီးအလှော်မှုန်. - ထမင်းစားဇွန်းဝက်
- မီးကင်ထားတဲ.မျှင်ငပိ - ထမင်းစားဇွန်း တစ်ဝက်
- ထောင်းထားတဲ.ပုဇွန်ခြောက် - ထမင်းစားဇွန်း (3) ဇွန်း
- မြေပဲလှော်ထောင်း- ထမင်းစားဇွန်း (3) ဇွန်း
နဲ.ဆားအနဲငယ်ထည်.ကာ ဇလုံတစ်ခုအားလုံးကိုထဲထည်.ပြီး
ရောသမမွှေလိုက်ရင် ချဉ်ငံစပ် ရှောက်သီးသုပ်ရပါပြီရှင်..
 
 

March 22, 2016

" လုံးကြမယ်ဟေ့ ကောင်းကောင်း "


အတာသင်္ကြန်ကာလမှာ သူမလည်း မုံ့ လုံးလေးတွေ လုံးမယ်နော်။ မုံ့ လုံးရေပေါ် လုပ်ဖို့ အတွက် လိုအပ်တာကတော့ -

  • ကောက်ညှင်းမှုန့် 
  • ဆန်မှုန့် 
  • ထန်းလျှက်
  • အုန်းသီးဆံ
ကောက်ညှင်း ၅၀၀ ဂရမ် အထုပ်သေး တဝက် ကို ဆန်မှုန့် rice cooker ခွက်ကြီး နဲ့ ၁ ခွက် ရောပါတယ် (မုန့် သားမာတာ ကြိုက်ရင်တော့ ဆန်မှုန့် ပိုထည့်ပေါ့နော် )။ သူမက မုန့် သားပျော့တာ ကြိုက်လို့ ကောက်ညှင်းပိုထည့်ပါတယ်။ မုန့် သားတွေ နယ်ပြီးပြီဆို လက်ပေါ်တင် မုံးလုံးလုံးပြီး စိပ်ထားတဲ့ ထန်းလျှက်တွေ ဌာပနာခါ ရေနွေး ဆူဆူထဲ ထည့်လိုက်ရုံပါပဲ ။ မုန့် လုံးလေးတွေ ကျတ်ပြီဆို ရေပေါ် ပေါ်လာရင် ဆယ်ယူပြီး ရေအေးထဲထည့်ပါ။ ပြီးရင် စားမယ့် ပန်းကန်ထဲဆယ်၊ အုန်းသီးဆံဖြူးကာ အတာတကူးမှာ ပျော်ရွှင်စွာ

March 19, 2016

" ဒီ စနေမှာ အညာခရမ်းချဉ်သီးထောင်း လုပ်စားကြစို့လား "


ဒီတစ်ခါတော့ ထမင်းစားမြိန်စေမယ့် အရံဟင်းလေးဖြစ်တဲ့ ခရမ်း ချဉ်သီးထောင်းလေး လုပ်စားရအောင်လို့
 ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကိုင်းခရမ်းချဉ်သီးများကို ရေစင်အောင်ဆေး၍ မီးဖုတ်ပါ။ ခရမ်းချဉ် သီးများ အိကျလာလျှင် အခွံခွာ၍ ပန်းကန်တစ်ခုထဲသို့ အရည်သက် သက်ညှစ်ထည့်ထားပါ။

၂။ ပုစွန်ငါးပိကို မီးဖုတ်၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို ပါးပါးလှီးထားပါ။

၃။ ပထမဦးစွာ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ပုစွန်ငါးပိမီးဖုတ်တို့ကိုထည့်၍ ညက်အောင် ထောင်းပါ။

၎။ ထို့နောက် ခရမ်းချဉ်သီးအဖတ်၊ အရသာမှုန့်၊ ဆားတို့ကိုထည့်၍ ထောင်းပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ထားပါ။

၅။ စားခါနီးလျှင် ခရမ်းချဉ်သီးအရည်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအလှော်မှုန့်တို့နှင့် ရောမွှေကာ သုံးဆောင်နိုင်ပါပြီ။

ပါဝင်သော ပစ္စည်းအမယ်များ

ကိုင်းခရမ်းချဉ်သီး(ကြီး)၃လုံး

ကြက်သွန်နီ၂ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ပုစွန်ငါးပိစားပွဲတင်ဇွန်းတစ်ဇွန်း

ငရုတ်သီးစိမ်း၁၅ တောင့်

ငရုတ်သီးအလှော်မှုန့်အနည်းငယ်

March 6, 2016

" ကျောက်ကျော လုပ်နည်း....ရွှေရင်အေးလုပ်နည်း ..သင်္ကြန်နှစ်ကူးလက်ဆောင် ပေးချင်လို့ပါ. "


ကျောက်ကျော အလွှာလေး တွေ မလုပ်တတ်ခဲ့.. သူများတွေ လုပ်ထားတာ ကြည့်ပီး တိတ်တခိုး အားကျနေခဲ့ရသူပါ..။ ဒီနေ့တော့ စိတ်ကို အရှည်ကြီး ဆွဲဆန့်ပီး အလွှာလိုက်ရအောင်လုပ်ထားပါတယ်..အတွက်အချက် လွဲသွားလို့..အလွှာလေးတွေ မညီလို့ စိတ်တိုင်းမကျ.. ကျောက်ကျောတုန်းလေးတွေကို ပြန်ကြည့်တော့ ငယ်တုန်းက ခဲဖျက်တုန်းလေးတွေနဲ့ တူသလိုလို...။ 








( Credit : https://m.facebook.com/126426514367385/albums/237269313283104/?start_index=12   )

((မှတ်ချက် )) 
ရောရောသမမွှေမှ ပိုစ့် နှစ်ခုကို ရောတင်ထားခြင်းသာဖြစ်ပါတယ်...ကျောက်ကျောလုပ်နည်းပါ သိရှိသွားရုံမက
 ရွှေရင်အေး လုပ်နည်းကိုပါ သိရှိနိုင်ပါတယ်...ပို့စ်ရှင်များကို Credit ပေးထားပါတယ်...

ရွှေရင်အေးလုပ်နည်း


သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့

February 29, 2016

" မာလာငါးပေါင်း (အလွယ်နည်း) "


အိစံ ဒီတခေါက် မြန်မာပြည်ပြန်မှ ညီမတယောက် လိုက်ကျွေးလို့ မာလာငါးပေါင်း စားဖူးတာ။ အ၇မ်းစားလို့ ကောင်းတော့ ဒီပြန်ေ၇ာက်တော့ အိမ်မှာလုပ်စားကြည့်တယ်။ ပထမတခါလုပ်စားတုံးကတော့ အ၇မ်းငံသွားတယ်။ ဒီတခါလုပ်စားတော့ ဆိုင်က အိစံစားခဲ့တဲ့ အ၇သာနဲ့ တပုံစံတည်းထွက်လို့  သူငယ်ချင်းတို့ လဲ လုပ်စားကြည့်၇အောင်လို့ ပါ။ လုပ်နည်းက လွယ်ကူမြန်ဆန်ပါတယ်။ မာလာငါး အနှစ်ထုပ်ကိုသုံးထားတာပါ။

ပါဝင်သောပစ္စည်းများ
၁။ ဆလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ မာလာငါး အနှစ် (ပုံတွင်ပြထားသောအထုပ်မှ) - ထမင်းစားဇွန်း၂ ဇွန်း (သို့ ) အထုပ် ထဲမှ သုံးပုံတပုံ
၃။ မြေပဲ - ထမင်းစားဇွန်း ၂ ဇွန်း
၎။ လှော်ထားသောနှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ကြိုက်နှစ်သက် သလောက်
၆။ ပါးပါးလှီးထားသော တရုတ်နံနံ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့ ) ကြိုက်နှစ်သက်သလောက်
၇။ ဂျင်း- လက်တဆစ်
၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ေ၇ - ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း
၁။ ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့် စင်ထားသောငါးကို ပန်းကန်တခုထဲထည့်ရ်ျ ဂျင်း အ၇ည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့ ၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ထို့ နောက် ငါးကို ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ပေါင်းပါ။ ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအ၇ည်များကို သွန်ပစ်ပါ။ (ထိုအ၇ည်များတွင် အညှီနံများ ပါသွားပါ
လိမ့်မည်။)
၂။ မာလာငါးအနှစ်လုပ်ရန်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ ကို တည်ပါ။အနှစ်များ ကျက်ပြီး အရမ်း

February 24, 2016

" ဆန်..နေကြာစေ့..နှမ်းစေ့..ပြောင်း...ပဲနီလေး..ကုလားပဲ..ပဲတီစိမ်း စတာတွေကို အညှောင့် ..အပင်ဖောက်စားကြစို့လား "

 နေကြာစေ့အပင်ပေါက်ပုံ
ဆန်နှင့် ပဲအမျိုးမျိုး အစေ့အမျိုးမျိုးကို ရေစိမ်ပြီး အညှောင့်တွေ အင်ပေါက်လေးတွေ ဖောက်စားနိုင်ပါတယ်။ အညှောင့်လေးတွေ
တလက်မ သို့ လက်မဝက်ထွက်လာရင် သုပ်စား၊ တို့စား၊ ချက်စား၊ ကြော်စား၊ ပြုတ်စားနိုင်ကြပါတယ်။ ဒါက အညှောင့်လေး
တွေနှင့် ပါတ်သက်ပြီး စားသုံးနည်းပါ။
အညှောင့်လေးတွေကို တမိုက်သာသာ အပင်ပေါက်လေးတွေ အဖြစ် စားသုံးချင်သပဆိုရင် ..............
အညှောင့်ထွက်နေတဲ့အပင်ပေါက်လေးတွေကို အပေါက်ပါတဲ့ စံကာ သို့ ဗန်းတခုခုကို အပေါက်လေးတွေဖောက်ပြီး
မြေသန့်သန့်ဖြူးပေးကာ သူ့အပေါ်ကနေ အပင်ပေါက်တွေကို ခင်းပြီး မြေကြီး ခပ်ပါးပါးပြန်ဖြူးပေးပါ။ မြေဖြူးအုပ်ပြီးနောက်
ရေလောင်းပေးပါ။  ငါးရက်တပတ်လောက်နေရင် တမိုက်သာသာ အပင်လေးတွေကိုတွေ့ရပါလိမ့်မယ်။ အရင်းကနေပြီး
ကတ်ကျေးနှင့်ညှပ်ပြီး သင့်သလိုချက်ပြုတ်စားသုံးနိုင်ပါတယ်။
အညှောင်ဖောက် အပင်ဖောက်ဖို့အတွက်
သင့်တော်သလောက် အစေ့တွေကိုယူပါ ရေဆေးပါ...တစ်ည ရေစိမ်ပါ...မနက်ရောက်လျှင် ရေတွေသွန်ပြီး ရေဆေးပါ။
ရေဆေးပြီးသား အစေ့တွေကို ရေစစ်ပြီးထားပါ..အဝတ်ဟောင်း တဘက်ဟောင်းတထည်ကိုရေဆွတ်ပြီး အုပ်ထားပါ။
ဇလုံကြီးကြီးတစ်လုံးထဲ ထည့်ပြီး အပေါ်ကနေ သတင်းစာကို ရေရွှဲအောင်ဆွတ်ပြီးလည်း အုပ်ထားနိုင်ပါတယ်။ ရေနှင့်ပွ
နေတဲ့ အစေ့တွေကို တနေ့ နှစ်ကြိမ် မနက်တစ်ကြိမ် ညနေ တစ်ကြိမ်ရေဆေးပြီး ရေစစ်ပြီး ထားရပါမယ်။ သို့မှသာလျှင်
အရိအချွဲတွေပြောင်စင်ပြီး မှိုမတက်မှာ ဖြစ်ပါတယ်။
လုပ်ပုံ လုပ်နည်းတွေကို အောက်က ဗီဒီယိုတွေမှာ ကြည့်ရှုနိုင်ပါတယ်။

February 17, 2016

" အမှန်အကန်အရသာရှိတဲ့ အင်မထုသော အင်ဥဟင်းလျာများ " ( Lu Lu )

 
 ဆိမ့်မွှေးရသာနဲ့ အင်ဥပုစွန်ကြော်
 မောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဆိုးလိုက်တဲ့ ကွန်နက်ရှင်ကြားကနေ့  ဒီနေ့တော့ အင်မထုသော အမှန်အကန် အရသာရှိတဲ့ အင်ဥဟင်းလျာများနဲ့ မိတ်ဆက်ပေးပါရစေရှင့့် 
အင်ဥ့  အင်ဥဆိုတာ ဘာလဲလို့ ငယ်တုန်းက သေချာမသိခဲ့ပေမယ့် စားလို့အလွန်ကောင်းပေမယ့် သန့်ရှင်းရေးလုပ်ရတာ အလွန်အချိန်ယူရသော စားစရာတစ်မျိုးလို့ သိခဲ့တာပါ့ 

တကယ်တော့ အင်ဥဆိုတော့ မှိုတစ်မျိုးပါပဲ့  အင်ပင် (မြင်အောင်ပြောရရင် ငယ်ငယ် တုန်းက ခေါက်ဆွဲကြော်ဝယ်ရင် ခေါက်ဆွဲကြော်ဆိုင်က အင်ဖက်နဲ့ ထုပ်ပေးလိုက်တာလေ့  အင်ဖက် အရွက်အကြီးကြီးပေါ့  အင်ဖက်နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်ပူပူလေးဆိုရင် သိပ်ကို စားလို့ကောင်း တာ၊ အခုခေတ်ကတော့ ဖော့ဗူးတွေနဲ့ပေါ့) ကနေ ထွက်တဲ့ အစေးတွေက မြေကြီးပေါ်ကို ကျကုန်ရောတဲ့  အဲ့ဒီအခါ အဲ့ဒီအစေးတွေက မြေကြီးရဲ့ အစိုဓာတ်နဲ့ တွေ့ပြီးတဲ့အခါ အခုလို အင်ဥလေးတွေ ဖြစ်လာရောတဲ့  အင်ဥရာဇ၀င်က အဲ့ဒီလို့  

ငယ်တုန်းက အင်ဥကို အဘွားက ၀ယ်လာပြီး သန့်ရှင်းရေးလုပ်ခိုင်းပြီဆိုရင် ကျွန်မ တစ်ယောက် နှုတ်ခမ်းကို တစ်ခါတည်း စူပစ်လိုက်တာ့  ၀က်နှုတ်ခမ်းကျနေတာပဲ့  ပြီးတော့ မြေကြီးတွေ၊ သဲတွေနဲ့ အင်ဥကို ဆေးရတာ အလွန်မုန်းခဲ့တာ့  

အဘွားက အင်ဥကို သန့်ရှင်းရေးလုပ်နည်း သင်ပေးခဲ့တဲ့အခါကျတော့မှ အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားတော့တယ့့်  အင်ဥတွေကို စကာထဲထည့်ပြီး ရေဘုံဘိုင်ကို ဖွင့်ချ့  အင်ဥတွေကို စကာနဲ့ တိုက်ဆေးပေ့း့ အဲ့ဒါဆိုရင် အင်ဥမှာ ကပ်နေတဲ့ သဲတွေ မြေကြီးတွေ အားလုံးပါသွားရော့  အနည်းဆုံး ၅ ကြိမ်လောက် တိုက်ဆေးပေးရတယ့့်  နောက်ဆုံးကျတော့မှ အင်ဥလေးတွေရဲ့ အပေါ်မှာ ကပ်နေတဲ့ သဲတွေကို ဓားသေးသေးလေးရဲ့ ထိပ်ချွန်လေးနဲ့ အသာခြစ်ပစ်ရတာ့  ပြီးတော့မှ အဲ့ဒီ သန့်ရှင်းရေး လုပ်ပြီးသား ဥလေးတွေကို ရေတစ်ခါထပ်ဆေးရပါတယ့့်  အဲ့ဒါဆို

Subscribe

လာလည်သူများ

free counters