(လူ ၄ ယောက် အ၀စားစာ)
- ဆန် 3 လုံး (နို့ဆီဗူး)
- အာလူး 30 သား
- ခရမ်းချဉ်သီး 30 သား
- ပဲပုတ် 2 ချပ်
- ကြက်သွန်နီ 20 သား
- ကြက်သွန်ဖြူ 3 မွှာ
- ဆနွင်း အနည်းငယ်
- ဆား အနည်းငယ်
- မြေပဲလှော် အမှုန့် 
- မကျီးရေ
- ဆီ
- ဂျူးမြစ်
- နံနံပင်
- ကြက်သွန်မိတ်
- ငငြုပ်သီးတောင့် ကြော်
ပြုလုပ်နည်း
- ဆန် နို့ဆီဗူး 3လုံး ချက်ဲတဲ့အထဲကို ဆနွင်းနဲနဲ ၊ ဆားနဲနဲထဲ့ ပြီး အနဲငယ်ပျော့ ယုံချက်ပါ ။ ရေငှဲ့ ချက်ချက် ၊ ပေါင်းအိုး နဲ့ ချက်ချက် ရပါတယ် ။
- အာလူး 30သား ပြုပ်ပြီး အခွံကို နွှာပါ ။
- ပဲပုတ် 2ချပ်ကို မီးလေးပြပြိး ကင်ရ်ျ အမှုန့် လုပ်ပါ ။ မြေပဲလှော်ကိုလည်း အမှုန့် လုပ်ထားပါတယ် ။
- ခရမ်းချဉ်သီး 30သားကို ပါးပါးလှီး ၊ ကြက်သွန်နီလတ် ၁လုံး ၊ ကြက်သွန်ဖြူ 3မွှာကို ထုထောင်းပြီး ဆီသတ်ပါ ။
- ပြီးလျင် ပဲပုတ်မှုန့် ၊ မြေပဲမှုန့် ထဲ့ ပါတယ် ။အရည်က အနှစ်မို့  ၊ မပြစ်မကျဲမို့ ၊ ရေလိုသလောက် နဲနဲထဲ့ ပြီး. အပေါ့ အငံမြည်းပြီး ဆားထဲ့ ပါ ။
- ကိုင်းခရမ်းချဉ်နဲ့ ၇ိုးရိုးခရမ်းချဉ်ရောချက်တာက အချဉ် အရသာ ရတာမို့ ပိုကောင်းပါတယ် ။ ရိုးရိုး ခရမ်းချဉ်နဲ့ဆို မချဉ်ရင် မကျီးရေ နဲနဲလေးထဲ့ ပါ ။ သိတ်မချဉ်ရပါ ။ ချဉ်တယ်ဆိုယုံလေးပါ ။ ချဉ်တဲ့ ခရမ်းချဉ်သီး အရသာလောက်ပဲ ချဉ်ပါ ။
- ကြက်သွန်နီ 20 သား ၊ ဆီ 15 ကျပ်သားနဲ့  ဆနွင်း နဲနဲထဲ့ ပြီး ဆီချက် ချက်ထားပါ ။
- ထမင်းကို အအေးနဲနဲ ခံပြီး အာလူးတွေချေထဲ့ပြီး ဆီချက် တဇွန်း (ဆီရော အဖတ်ပါ) ထဲ့ ပြီး စီးအောင် နယ်ပါ ။
- ပြီးရင် တခါစား အလုံးလေး လုပ်ထားပါ ။ အလုံးလေးတွေကို ဆီပုတ်ပြိး စီထားပါမှ ဆီခနခန မကိုင်ရမှာပါ ။ (ထမင်းထဲ ခရမ်းချဉ်သီးချက် နဲနဲထဲ့ နယ်လေ့ လဲရှိပါတယ် ။ အဲဒီအချိန်မှာ ငါးပြုတ်သားကို ထဲ့ နယ်တတ် ကြပါတယ်။)
- ဂျူးမြစ် ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊ ငငြုပ်သီးတောင့် ကြော် တို့နှင့် တွဲဖက် စားပါ ။
- ပုဂံထဲအလုံးထဲထဲ့ ၊ ဖိပြားပြီး အပေါ်က ခရမ်းချဉ်သီးချက်ဆမ်း ၊ ဆီချက်ဖြူးပြီး တွဲဖက်တွေနှင့် ကြိုက်သလို ထဲ့ ပြီး စားနိုင်ပါတယ် ။ (ကိတ်မုန့် စားသလို တဇွန်းခြင်း ဖဲ့ ဖဲ့ စားကြည့်ပါ ။ ချဉ်တဲ့ အရသာ ၊ ဆိမ့်တဲ့ အရသာနဲ့ ပဲပုတ်ရဲ့ မွှေးတဲ့ အရသာပါ တခုစီ ခံစားရမှာပါ ။ )
Credit: Happy Family Time
Credit : http://myfood.com.mm/recipes/recipes-by-category/%e1%80%91%e1%80%99%e1%80%84%e1%80%b9%e1%80%b8-rice-dishes/%e1%80%a1%e1%80%ac%e1%80%9c%e1%80%b0%e1%80%b8-%e1%80%91%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%9a%e1%80%b9/
No comments:
Post a Comment