♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 23, 2016

" facebook သုံးတဲ့ မိန်းခလေးတွေ ဒီpostလေးကို ဖတ်စေချင်ပါသည် "


ကျွန်တော်အခုတင်လိုက်တဲ့ဇာတ်လမ်းလေးကတစ်ကယ့်အဖြစ်အပျက်ကလေးတစ်ပုဒ်ပါ

ကျွန်တော်ရေးတင်လိုက်တဲ့ရည်ရွယ်ချက်က facebook သုံးနေတဲ့မိန်းခလေးတွေဆင်ခြင်နိုင်ဖို့ ပညာပေးရေးသားတင်ပေးလိုက်တာဖြစ်ပါတယ် ဘယ်သူ့ဘယ်သူကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ ဆင်ခြင်နိုင်ကြအောင်ဘဲရည်ရွယ်ပါတယ် အဖြစ်အပျက်ကလေးက facebook သုံးရင်းနဲ့စခဲ့တဲ့ဇာတ်လမ်းလေးပါ ကျောက်မဲမြို့နဲ့မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေးအမေတစ်ယောက်က facebook သုံးပါတယ် သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာမကြာသေးပါဘူး သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် တစ်ယောက်ကိုတစ်ယောက်မမြင်ဘူးကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ကောင်လေးကအထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့်နိုင်ငံခြားကလာတဲ့လက်ဆောင်တွေအမြဲပို့ပေးပါတယ် ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူးဆိုတဲ့အကြောင်းလောက်သာကောင်မလေးကသိထားတာပါ တစ်ခြားဘာအကြောင်းမှ ဂဃနဏသိထားတာမဟုတ်ပါဘူး အမှန်တကယ်ကကောင်လေးကမိန်းမနှစ်ယောက်တောင်ယူထားတာလို့နောက်ပိုင်းမှသိရပါတယ် ဒီလိုနဲ့တစ်နေ့တော့ကောင်လေးကကောင်မလေးဆီကို စင်္ကာပူကသူလုပ်တဲ့ကုမ္မဏီကခွင့် ၁၀ ရက်ရလို့မြန်မာပြည်ပြန်လာတုန်းကောင်မလေးနဲ့တွေ့ဘူးချင်လို့ မန္တလေးမှာဆုံကြဖို့ချိန်းလိုက်ပါတယ် အဲဒီမှာကောင်မလေးလည်းတွေ့ဖို့မန္တလေးကိုဆင်းသွားပါတယ် အစီအစဉ်ကတော့မန္တလေးမှာတွေ့ပြီးနေ့ခြင်းပြန်ဖို့စီစဉ်ပြီးသွားခဲ့တာပါ မန္တလေးရောက်တဲ့ကောင်လေးကညအိပ်ပြီးမှပြန်ဖို့ သူမြန်မာပြည်ကိုခဏလေးဘဲပြန်လာရတုန်းတွေ့ချင်တဲ့အကြောင်းတွေပြောပြီးတားတယ် နောက်သူတို့နှစ်ယောက်စားသောက်စကားပြောနေကြတုန်း

" နှုတ်ခမ်းဖျားပေါ်က အကြင်နာအနမ်း "

 
လူသားတွေ တစ်ဦးနဲ့တစ်ဦးချစ်ခင်စုံမက်ကြတဲ့အခါမှာ အကြင်နာအနမ်းတွေ ချွေလေ့ရှိတတ်ကြပါတယ်။ ဒီလို ဘာကြောင့် နမ်းကြတာပါလဲ။ အနမ်းတွေရဲ့ အဓိပ္ပါယ်၊ အကျိုးသက်ရောက်မှုက ဘယ်လိုလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

လူတွေ အနမ်းပေးကြသည့် အကြောင်းရင်း
လူတွေ တစ်ဦးနဲ့တစ်ဦး နှုတ်ခမ်းချင်းနမ်းကြတာဟာ ဘ၀လက်တွဲဖော်ကို ရှာဖွေရှာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြောရရင် ဒီလို နှုတ်ခမ်းချင်းနမ်းကြတာဟာ ကိုယ်လိုချင်တဲ့ ချစ်သူကို အာရုံခံရွေးချယ်တာလို့ ဆိုနိုင်ပါတယ်။ လူနှစ်ဦး မျက်နှာချင်းအလွန်အမင်းနီးကပ်လာတဲ့အခါမှာ တစ်ဦးချင်းစီရဲ့ ဟောမုန်းတွေက စကားတွေပြောလာကြပါတယ်။ ဒီလူနှစ်ယောက်ကနေ ကျန်းမာသန်းစွမ်းတဲ့ သားသမီးတွေ မွေးဖွားလာနိုင်မလားဆိုတာကို ခန္ဓာကိုယ်က အလိုအလျောက်ဆန်းစစ်တဲ့ ဇီဝဆိုင်ရာအချက်အလက်တွေ ဖလှယ်သွားတတ်ပါတယ်။ ဒီလိုဖလှယ်ပြီး ကိုက်ညီမှုရှိခြင်းကပဲ တစ်ဦးနဲ့တစ်ဦးကို ပိုပြီးစွဲလမ်းတပ်မက် သွားစေနိုင်တာ ဖြစ်ပါတယ်။

အနမ်းတွေရဲ့ အကြောင်းရင်း
လေ့လာသူတွေရဲ့အဆိုအရ မတူညီတဲ့အနမ်းအမျိုးအစား (၁၅၅)မျိုးရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ အကြင်နာအနမ်းတွေချွေရာမှာ ဘယ်နှစ်ကြိမ်နမ်းတာ၊ ဘယ်လိုနမ်းတာနဲ့ ဘယ်လောက်ကြာအောင် နမ်းတာတွေထက် မှန်မှန်ကန်ကန်နမ်းတတ်ဖို့ လိုပါတယ်။ လူသားနှစ်ယောက်ရဲ့ နှုတ်ခမ်းတွေ အမှန်ကန်ဆုံး ထိတွေ့တဲ့အခါမှာ ပြောမပြတတ်လောက်တဲ့ ခံစားချက်မျိုးဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံးကို ကမ္ဘာလောကသစ်တစ်ခုဆီကို ပို့ဆောင်ပေးလိုက်နိုင်ပါတယ်။ ဒီတော့ အနမ်းအမျိုးအစားဘယ်လောက်ပဲ ရှိရှိ အရေးမကြီးပါဘူး။ အနမ်းတွေရဲ့အကြောင်းရင်းက ပိုအရေးကြီးပါတယ်။

ပထမအနမ်းဒီအနမ်းကတော့ ရိုးရှင်းပါတယ်။ ပထမဆုံးအနမ်းကို စတင်တဲ့အချိန်မှာ ဒီကိစ္စက ဘယ်လိုနေလဲ၊

" အကောင်းဆုံး လက်ဆောင် "

 
(၁)
ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။

"လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ"
ဒီမေးခွန်းကို သဘောကျလို့ သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ "သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု.... " စတာတွေဖြစ်တယ်။ အဖြေတွေထဲက မေးခွန်းထုတ်ခဲ့တဲ့ ကောင်မလေး ဖြေခဲ့တဲ့ "အချိန်" ဆိုတဲ့အဖြေကို အခုထက်ထိ အမှတ်ရနေမိတယ်။
ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။ တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို "နင်စိတ်ပြေအောင် လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို သူရှင်းပါစေ"လို့ စနောက်လိုက်တယ်။
"ဘာဖြစ်လို့လဲ"
"လမ်းခွဲခလေ"
"ဟင်း....သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။ သူလျော်နိုင်မှာ မဟုတ်ပါဘူး" လို့ သူက ပြန်ဖြေရှာတယ်။
(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။ သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့ အလုပ်ရှုပ်နေကြတယ်။ "ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့" လို့ သူ့ကို ကျွန်မမေးတော့...

"သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်" လို့ သူက ပြန်ဖြေခဲ့တယ်။
(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့ စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ သူငြင်းပယ်ခဲ့တယ်။

"သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး"
(၄)
"အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။ အချိန်မီ ရောက်လာတာပဲရှိတယ်"

စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ် အမုန်းဆိုတာ စိတ်ညစ်၊

" ဟာသပေါင်းစုံလင်စွာ ဖတ်ကြည်တဲ့အခါ "

အမ၄တော်...သွားကြီးတွေက အမြစ်တောင်ပေါ်တယ်..ဘီလူးဆိုရင် ကိုက်စားမလားပဲ...ခ်ခ်ခ်
 

၁)
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင်
သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"
လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။

အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

၃)

တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..

" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး


" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။

တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)
နိုင်းနိုင်းစနေ ရှာကြံတင်ဆက်သည်။
ရေးသားသူ....... နိုင်းနိုင်းစနေ


တွေးတွေးပြီးရယ်



၁)
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ

" ရွှေယုန်နဲ့ရွှေကျား "


မိန်းမတစ်ယောက်ရဲ့ အလွမ်းဟာ
ပင်လယ်ဖြစ်တယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့ အလွမ်းဟာ
သဲကနွ့ာရ ဖြစ်တယ်…
ခြောက်သွေ့တယ်
အထီးကျန်ဆန်တယ်
နောက်ပြီး
မြေအောက်မှာပဲ ရေစီးတယ်…။
ဒီမယ် မမရဲ့
ကျွန်တော် ခင်ဗျားအတွက်
မငိုချင်ရုံ သက်သက်နဲ့တော့
မချစ်ဘူးလို့ မပြောပါနဲ့လား…
မမချိုးတဲ့ ဇာတ်အတိုင်း
ကခဲ့ပြီးပြီပဲ
ဘာကို မကျေမနပ်ဖြစ်နေတာလဲ
ဇာတ်သိမ်းခန်းမှာများ
မျက်ရည်လည်ရွှဲ မလွမ်းမိလို့လား
ပြောပြီးပြီပဲ
ကျွန်တော်က သဲကနွ့ာရပါ…။
မယုံတော့လည်း မတတ်နိုင်ဘူး

" အရွယ်မတိုင်ခင် ဦးနှောက်ပျက်စီးခြင်းနှင့် ကျန်းမာရေးအတွက် သိထားသင့်တဲ့ အကြောင်းပေါင်းစုံကုနည်းများ "

 
Content of thePage 1 အရွယ်မတိုင် ဦးနှောက် ပျက်စီးခြင်း အရွယ်မတိုင် ဦီးနှောက် ပျက်စီးတက်သော အကြောင်းအရင်းများမှာ
၁။ မနက်စာ မှန်မှန်မစားခြင်း
၂။ အလွန်အကျွံအိပ်ခြင်း
 ၃။ ဆေးလိပ်သောက်ခြင်း
၎။ အချိုအလွန်ကျွံစားခြင်း
၅။ လေထုညစ်ငြမ်းသော နေရာတွင် နေထိုင်ခြင်း
၆။အိပ်ရေးမ၀ခြင်း
၇။ ခေါင်းပေါ်တခုခုတင်၍အိပ်လေ.ရှိခြင်း
၈။ ဖျားနာစပြီးးဦးနှောက်သုံးရသော အလုပ်များလုပ်ခြင်း
၉။ ဦးနှောက်ကို လုံးဝ အသုံးမချခြင်း(ပေါ.ပေါ.နေ ပေါ.ပေါ.စား)
၁၀။ စကားအလွန်နည်း၍ မြိုသိပ်နေတက်ခြင်း တို.ဖြစ်ပါတယ်။ ဘာAရာမဆို ပိုရင်လဲ မကောင်းလိုရင်လဲ မကောင်းဘူးလေ။ သင်.တင်.အောင်နေကျပေါ.။ Dink water for your health ယနေ.ဂျပန်မှာ ခေတ်စားနေတဲ.

မနက်Aိပ်ယာနိုးတိုင်း ရေသောက် နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပျောက်ကင်းနိုင်သော ရောဂါများကတော. ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ၀က်ရူးပြန်ရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ အော.အန်ခြင်း၊ AစာAိမ်ရောဂါ၊ ၀မ်းပျက်ဝမ်းလျှော၊ လိပ်ခေါင်း၊ ဆီးချို၊ မျက်စိAားနည်းခြင်း၊ စာပိုဒ်(၂) သားအိမ်ကင်ဆာ၊ နား၊နာခေါင်း၊လည်ချောင်းေ၇ာဂါ နှင်.အ၀လွန်ရောဂါ အားလုံးအတွက်ကောင်းပါတယ်။
 သောက်နည်းကတော.
၁။ အိပ်ယာထတိုင်း သွားမတိုက်ခင် ၆၄၀ မီလီလီတာ ပမာဏရှိတဲ.ရေကို သောက်ရပါမယ်။ တခါတည်း မသောက်နိုင်ရင်လဲ နည်းနည်းခြားပြီးသောက်နိုင်ပါတယ်။
၂။ သွားတိုက်ပြီးသွားလို. နောက်ထပ် ၄၅ အတွင်း ဘာအစားအသောက်မှ မစားသင်.ပါဘူး။ နောက်ပြီး ရေခဲရေ သောက်ရမှ ကျေနပ် ကျသူများအတွက် ထမင်းစားပြီးတဲ. နောက်မှာ ရေခဲရေ လေး သောက်လိုက်ရတာ အင်မတန်မှ အရသာရှိလှပါတယ်။ ဒါပေမယ်. ဆိုးကျိုးကတော. ရေခဲရေကြောင်. စားထားတဲ. အစာထဲမှာပါတဲ. အဆီများသော အစာတွေက ခန္ဒာကိုယ်တွင်းမှာခဲနေတက်ပြီး အစာခြေရာမှာ ကြန်.ကြာ တက်ပါတယ်။ ဒါကြောင်. အစားစားပြီးတိုင်း ရေနွေးသို.မဟုတ် ဟင်းချိုရည် ကိုသာသောက်သုံးသင်.ပါတယ်။ြ[b]ကက်ဥ[/b] ကြက်ဥ ကို ချက်စား ဖို. မုန်.ဖုတ် ရာ မှာ သုံးလို.ပဲ ရတယ် လို. မထင်ပါနဲ.။ ကြက်ဥ အကာ(အဖြူရောင်) ကအိမ်တွင်းဖြစ် skin care treatment တခု အနေနဲ.လဲ အသုံးပြုနိုင်ပါတယ်။ ကြက်ဥတလုံးတွင် အကာ ပမာဏမှာ ၆၀% ရှိပြီး Cholesterol နဲ. Fat ပမာဏ ကတော. 0% ဖြစ်ပါတယ်။ ဆံပင် - ကြက်ဥအကာကို ခေါင်းလျှော်စပ် Shampoo နဲ. ရော၍ လျှော်ပါက ဆံပင် သန်ပြီး တောက်ပစေနိုင်ပါတယ်။ မျက်နှာ - ကြက်ဥ အကာကို အမြုပ် ထွက်လာသည် အထိ ခလောက် ပေးပြီး မျက်နှာ ပေါ် သုတ်လိမ်းပြီး အချောက်ခံ ထားပါ။ ချောက်သွားပါက Mask ကဲ.သို.ဖြစ်လာပါလိမ်.မယ်။ ၁၅ မိနစ် ကနေ မိနစ် ၃၀ အတွင်း ရေအေးဖြင်. မျက်နှာကို သစ်လိုက်ပါက ကြက်ဥ၏အစွမ်းကြောင်. မျက်နှာပြင် ပေါ်ရှိ အညစ်အကြေးများ အား

April 22, 2016

" ကာရံမဲ့ ချစ်ခြင်း "

 
အကြည့်ချင်းဆုံ
ရင်တွေခုန်လို့
ချစ်အဟုန်တွေတိုးကာ
သူ့ရဲ့မျက်နှာ
ပျောက်ကာသွားမှာစိုး............
ချစ်သူအတွက်
နှလုံးသားကိုစတေး.........
ရင်ကွဲခံကာ
လက်လျှော့.........
နီးလျှက်နဲ့.......ဝေး
ချစ်လျှက်နဲ့........ဆွေး
အပူတစ်ပွေ့နဲ့
လူတွေ့မှာလည်း...........စိုး
                                  လမင်းကျော်(တောသားကြီး)


Credit : http://k2chit.page.tl/%26%234096%3B%26%234119%3B%26%234154%3B%26%234140%3B.htm

" သင်ဟာ သင့်ချစ်သူရဲ့ လက်တွဲဖော် အစစ်လား အဖြည့်ခံလား သိစေနိုင်မယ့် လက္ခဏာ ၁၇ ရပ် "


အမှန်တရားဆိုတာ ခါးသီးလှပါတယ်။ ဒါ့ကြောင့် သင် အခုဖော်ပြသွားမယ့် အချက်လေးတွေကို ကြိုက်ချင်မှ ကြိုက်
ပါလိမ့်မယ်။ ဒါပေမယ့် သင်လည်း ကြုံတွေ့နိုင်တဲ့ အကြောင်းအရာလေးမို့ ဂန္ထဝင်မှ ရေးသားတင်ဆက်လိုက်ပါတယ်။

တစ်ခါတစ်လေ ကိုယ်ဟာ မထင်မတ်ဘဲ လူတစ်ယောက်ရဲ့ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ် တစ်ရုပ်လို ဖြစ်နေတတ်မှာပါ။ သင်ကတော့ တစ်နေ့နေ့မှာ သူပြန်ပြီး သင့်အပေါ် ပြန်ကောင်းလာမှာပါ၊ အဖက်ဖက်ကနေ ပြီးပြည့်စုံတဲ့ relationship မျိုးဖြစ်လာမှာပါ ဆိုပြီး ထင်နေမိလိမ့်မယ်။ သင်က ဘယ်တုန်းကမှ သူ့ရဲ့ ဦးစားပေးနံပါတ်တစ် မဖြစ်ခဲ့ဖူးတာတောင် တစ်ဖြည်းဖြည်းတော့ ပိုပြီး အဆင်ပြေလာမှာပါ ဆိုပြီး မျှော်လင့်ချင်လည်း မျှော်လင့်နေပါလိမ့်မယ်။ သင် ဘာကိုမှ မယ်မယ်ရရ မတောင်းဆိုတာတောင် သူက သင့်ကိုပဲ အပြစ်ပြောနေပါလိမ့်မယ်။

သင်ဟာ အမြဲလိုလို စိတ်ဒုက္ခတွေ ခံစားနေရတဲ့ ကြားကနေ တစ်ခါတစ်လေ သူစိတ်ကူးပေါက်မှ ပေးတတ်တဲ့ မဖြစ်စလောက် ပျော်ရွှင်မှုလေးတွေကို ကျေနပ်နေရတယ်။

စဉ်းစားကြည့်ပါဦး။ အနည်းနဲ့အများကတော ကျွန်တော်တို့တွေ့  ဒီလို အခြေအနေတွေ ကြုံတွေ့ခဲ့ဖူးကြမှာပါ။ တစ်ချို့ဆိုရင် ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြရင်းနဲ့ ခုထိ မရုန်းနိုင်ကြသေးပါဘူး။ သင်အရမ်းချစ်ရတဲ့ သူကို အဆက်အသွယ်ဖြတ်ဖို့ ဆိုတာ မလွယ်ကူပေမယ့် အခြေအနေ အားလုံးကို သင်သိနေမှတော့ အခုပဲ သူ့ဆီဖုန်းခေါ်ပြီး သင်တို့ရဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီ ဆိုတာ ပြောလိုက်ပါ။

လမ်းခွဲခါစမှာတော့ ကမ္ဘာကြီး ပျက်သွားသလိုတောင် ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင့်တစ်ဘဝလုံး သူ့နောက်ကွယ်မှာ

" သုံးချင်ဦးဟ Facebook "

ကျွန်တော်ဆိုတဲ့ကောင်က facebook သုံးတာကို ဘယ်လောက်ထိများကြိုက်လဲ ဆိုရင် ကျွန်တော့်ရဲ့ ပြင်ပ နေထိုင်မှု ပုံစံကပါ facebook သုံးသလို တစ်ထပ်တည်း ဖြစ်လာတဲ့အထိပဲဗျ။

ဒါကြောင့် မနက်မနက် ကျွန်တော် လမ်းရောက်ပြီဆိုတာနဲ့ တွေ့သမျှလူတွေကို “မနက်စာ စားပြီးပါပြီဗျ… ၈၈၃၄ တို့ရော” ဆိုတာမျိုး၊

 “အခု အရမ်းပျော်တာပဲ ချစ်ဆုံးတို့ရာ… Lol ;) ” တို့၊

 “ဝါး… ညကအိပ်လို့ကောင်းမှကောင်း”၊

 “အခုသင်တန်း ဒိုးပြီဟေ့” ဆိုတာမျိုးတွေ ပြောပြဖြစ်တယ်။

 ပြီးတော့ ကျွန်တော့်ပုံတွေ၊ မိသားစုပုံတွေ၊ အိမ်ကခွေးလေးပုံ၊ ကျွန်တော့် ပန်းဥယာဉ်ပုံ၊ မြက်ခင်းကို ရေဖြန်းနေတဲ့ပုံ၊
 မြို့ပတ်ပြီး ကားမောင်းတဲ့ပုံ၊ နေ့လည်စာစားတဲ့ပုံ၊ တစ်နေ့တစ်နေ့ လူတွေ ဘာလုပ်ကြလဲ ဆိုတဲ့ ပုံတွေ (ဒါတောင် အများကြီးကျန်သေးတယ် ပြောလို့ကို ကုန်မှာမဟုတ်ဘူးဗျို့) ကို တွေ့ကရာလူကို လိုက်ပြတယ်။

ဒါနဲ့ ကိုယ်ကချည်းပဲ ပြောချင်လို့တော့ မရပြန်ဘူးလေ၊ ဟုတ်တယ် မလားဗျ။ ဒီတော့ ကျွန်တော့်ကို စကားပြောတဲ့ သူရှိရင်လည်း သေသေချာချာ နားထောင်ပေးလိုက်တယ်။ ပြီးတော့ သူတို့ပြောတာတွေကို ကြိုက်တယ် ဆိုတာသိအောင် လက်မလေးတောင် ထောင်ပြလိုက်သေး။

ယုံမလားတော့ မသိဘူး၊ အခုဆို facebook ပေါ်မှာလိုပဲ ကျွန်တော့်နောက်ကနေ တကောက်ကောက် လိုက်နေတဲ့

" ဆယ်ဖီဓါတ်ပုံထဲမှာ ကိုယ်အလေးချိန် ၁၅ ပေါင်လျှော့ချပေးမယ့် အက်ပလီကေးရှင်း "

 
Susan Green နဲ့ Robin J. Phillips ဆိုသူတွေဟာ ကိုယ်အလေးချိန် ၁၅ ပေါင် ကို ကင်မရာက လျှော့ချပေးနိုင်မယ့် အိုင်ဒီယာ ကို အခြေခံပြီး SkinneePix ဆိုတဲ့ အက်ပလီကေးရှင်း တစ်ခုကို ဖန်တီးထုတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့  iPhone သို့မဟုတ် Android ဖုန်းမှာ ပြီးပြည့်စုံတဲ့ သင့်ရဲ့  မျက်နှာကို ရိုက်ကူးထားတဲ့ ဆယ်လ်ဖီဓါတ်ပုံတွေအတွက် ဒေါ်လာ ၉၉ ပြားတော့ အကုန်ကျခံရပါလိမ့်မယ်။

Pretty Smart Women ဆိုတဲ့ ကုမ္မဏီ ကို တွဲဖက်တည်ထောင်ခဲ့ကြတဲ့ Green နဲ့ Phillips တို့ဟာ ဓါတ်ပုံတွေက ကျွန်ုပ်တို့ရဲ့  တိကျတဲ့ ကိုယ်စားပြုမှုကို အမြဲတမ်း မပြသ နိုင်ဘူးဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့  ဓါတ်ပုံတွေဟာ အပြင်ဘ၀မှာထက် ပိုမို ၀နေတယ်လို့ ထင်ရပြီး ရှုထောင့်အယူအဆ အမှားတွေနဲ့ အလင်းအမှောင်တွေက အဲဒီလို ဖြစ်လာအောင် ဖန်တီးလိုက်တယ်လို့ သူတို့ ၂ ယောက်က ယုံကြည်ထားပါတယ်။

“ဒါဟာ အကယ်၍သင် အစားကောင်းကောင်း စားမယ် ၊ လှုပ်ရှားမှုများများ လုပ်မယ် ၊ ကျန်းမာအောင်နေမယ်ဆိုင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြသမှာပါ။” လို့ Phillips က The Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။ဒါပေမယ့်လည်း ဒီလို အကောင်းမြင် လှုံ့ဆောင်မှုတွေဟာ အစစ်အမှန် မဟုတ်တဲ့ ဆယ်လ်ဖီ ဖြစ်နေမှန်း သင်သိသွားတဲ့အခါမှာ သင့်အနေနဲ့ နည်းနည်းတော့ အာရုံနောက်လာမိမှာပါ။ ဘာလို့လည်း ဆိုတော့ ထို ဓါတ်ပုံထဲက သင်ဟာ အပြင်ဘ၀က သင်နဲ့ မတူညီလို့ပါ။

ဒီ အက်ပလီကေးရှင်းရဲ့  လုပ်ဆောင်ချက်တွေဟာ လက်ရှိမှာ ၀ နေပြီး ပိန်ချင်နေသူတွေအတွက် အသုံးဝင်နိုင်ပေမယ့် အစားအသောက် ပျက်နေသူတွေဟာ ဒီ အက်ပလီကေးရှင်းကို ကျန်းမာရေး နဲ့ ညီညွတ် စေမယ့် လုပ်ဆောင်ချက် တစ်ခုအနေနဲ့ အသုံးပြုချင်မှာ မဟုတ်ပါဘူး။ အစားအသောက်ပျက်နေသူတွေနဲ့ ပတ်သက်ပြီး ထူးချွန်တဲ့ စိတ်ပညာ ကုသသူ

" VIMAX အမျိုးသား အားတိုးဆေး " ( 18+) ( အမျိုးသား ဝေဒနာသည်များ အတွက်ပါ )


အွန်လိုင်းမှ သူငယ်ချင်းတို.ရေ ......မစုတို.ရောင်းတဲ့ အမျိုးသားအားတိုးဆေးကိုလဲ ၀ယ်ယူအားပေးကြပါအုံးလို. ..... ခ်ခ်

Vimax ကို ကနေဒါနိုင်ငံမှ OFFICIA  အဖြစ်ထုတ်လုပ်ထားပြီးနိုင်ငံတကာသို့စတင်  ဖြန့်ချိပေးနေပါပြီ။

Herbral Supplymentဆေးဖြစ်ပြီး၂လမှ ၆လအထိသောက်သုံးပေးရသောဆေးဖြစ်ပါသည်။ တစ်ပွဲထိုးဆေးမဟုတ်ပါ။

သဘာဝသစ်သီးသစ်ရွက်များကိုဆင့်ကဲ ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့်SIDE EFFECT လဲလုံးဝမရှိပါဘူး။

တစ်နေ့တစ် လုံးပုံမှန်သောက်သုံးပေးခြင်းအားဖြင့်အမျိုးသားများတွင်ဖြစ်ပေါ်တက်သော ပန်းသေပန်းညိုးရောဂါ၊   

အိမ်မက်သုတ် လွှတ်ရောဂါတို့ကိုသက်သာပျောက်ကင်းစေပါတယ်။ ထို့အပြင်ထပ်မံရရှိမယ့် အကျိုးကျေးဇူးများကတော့

လိင်ဆက် ဆံချိန်ကိုတိုးမြှင့်ပေးခြင်း၊ သုတ်လွှတ်နှုန်းကိုတိုးမြှင့်ပေးခြင်း၊ လိင်တံကိုကြီးစေခြင်း တို့ကိုလဲရရှိစေမှာပါ။ ဆေး

" ထူးခြားသော မှဲ့ (၇)မျိုး "

 
လူတိုင်းရဲ့ ခ န္ဓ္ဓာကိုယ်နေရာ အနှံ့မှာ မှဲ့တွေရှိတတ်ပါတယ်။ တချို့မှဲ့တွေက သေးပြီး တချို့ မှဲ့တွေက အသားပို ထွက်နေသလို အကြီးကြီးတွေ ဖြစ်ပါတယ်။ မှဲ့တွေမှာ လူတစ်ယောက်ရဲ့ကျန်းမာရေး၊ စီးပွားရေး ကိစ္စမျိုးတွေနဲ့လည်း ဆက်စပ်နေတတ်တဲ့ ထူးခြားတဲ့ မှဲ့တွေရှိပါတယ်။ ကိုယ့်မှာ အဲ့ဒီလိုမှဲ့မျိုးရှိသလားဆိုတာ သိချင်ကြပါသလား။ ဒီမှဲ့တွေကတော့-

(၁) နားထင်ပေါ်မှာ ရှိတဲ့မှဲ့ ဒီမှဲ့က ခရီးသွားဖို့ အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ခရီးသွားခြင်းနဲ့ ဆိုင်တဲ့ ပျော်ရွှင်မှုတွေ ၊အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။

(၂) မျက်ခုံးနှစ်ခုကြားက မှဲ့ အလုပ်တိုးတက်မှုကို ပြပါတယ်။ မကြာခဏ ရာထူးတိုးတာ၊ လစာတိုးတာတွေ ကြုံတွေ့ရတာကို ပြပါတယ်။

(၃) မျက်လုံးနဲ့ မျက်ခုံးကြားကမှဲ့ စွယ်စုံရတဲ့သူ၊ ဘက်စုံထူးချွန်တဲ့သူ တစ်ဦးဆိုတာကို ပြပါတယ်။ လူတွေနဲ့ ဆက်ဆံရေးကောင်းပြီး ဦးဆောင်ရမဲ့ ရာထူးမျိုးရရှိနိုင်ပါတယ်။

(၄) အပေါ်နှုတ်ခမ်းရှိမှဲ့ အစားအသောက်၊ အ၀တ်အထည်တို့ကြောင့် မကြာခဏ ပူပန်ရတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး အပေါင်းအသင်းတွေကြားမှာ ကျော်ကြားတဲ့သူမျိုးဖြစ်ပါတယ်။

(၅)ပါးရိုး ပေါ်ရှိမှဲ့ အလုပ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ ရာထူးမျိုးရရှိနိုင်ပြီး စည်းစိမ်ဥစ္စာကြွယ်ဝမယ့်သူဖြစ်ပါတယ်။

(၆) လက်ဝါးပြင်ပေါ်ရှိမှဲ့ ဘယ်တော့မှ ငွေကြေးပြတ်လပ်မှုမျိုး ကြုံရာမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီးတဲ့

April 21, 2016

" ပျိုပျို အိုအို တို့ အိမ်ထောင်မပြုခင် ဖတ်ရူသင့်တဲ့ မှတ်စု "


ကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊ သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပြီး ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။
ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာတဲ့နောက် အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။ အဲလိုပဲ ကျွန်မလည်း အလုပ်အသစ်တစ်ခုပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။
မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ညဥ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊ ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ ဖိအားတွေကြောင့် ညတိုင်းလိုလို အိပ်မပျော်ခဲ့ရပါဘူး။
ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားကတော့ ပုံမှန်ရုံးတက်မပျက်ခဲ့ရပါဘူး။ ကျွန်မပုခုံးပေါ်မှာ ကျရောက်လာတဲ့ သားလေးရဲ့ တာဝန်ရယ် ညဉ့်နက်သန်းခေါင် ကလေးငိုလို့ နို့တိုက်ရင်း ညစာစားပွဲကနေ ပြန်လာတဲ့ယောကျာ်းအတွက် သူအ၀တ်လဲဖို့ ရေချိုးဖို့ အဆာပြေစားဖို့ပြင်ခဲ့ရပါတယ်။
သားလေး လေးလအရွယ်ရောက်တော့ အမျိုးသားဟာ အမေရိကန်မှာ သင်တန်းတက်ဖို့ အခြေအနေ တစ်ခုဖန်လာခဲ့ပါတယ်။ အခွင့်ရေးကောင်းတစ်ခုဖြစ်နေပေမဲ့ ကျွန်မသူ့ကို လက်လွှတ်ခိုင်းခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတို့တွေ အတိုက်အခံဖြစ်ခဲ့ကြပါတယ်။ ကျွန်မမျှော်လင့်တာက ဒီအတောအတွင်း အရမ်းပင်ပန်းနေတဲ့ ကျွန်မကို သူအဖေါ်လုပ်ပေးတာလိုချင်မိပါတယ်။ ကျွန်မ တကယ်ကိုလည်း ပင်ပန်းပါတယ်။ လသားကလေးရယ် ခုမှ ပြောင်းလိုက်တဲ့ အလုပ်အသစ်ရယ်ကြောင့် ကျွန်မမှာဖိအားပိုလာခဲ့ပါတယ် ။ ဒီ ၄ လလောက်အတွင်း ကျွန်မလည်း တ၀က်လောက်ပိန်ကျသွားခဲ့ပါတယ်။ အလုပ်မလုပ်လို့လည်းမဖြစ်တဲ့အတွက် ကျွန်မအလုပ်ကိုလည်း မထွက်နိုင်ခဲ့သလို ကျောထောက်နောက်ခံမိသားစုကောင်းလည်း မရှိနေတဲ့အတွက် သားလေးတာဝန်ဟာလည်း ကျွန်မပုခုံးပေါ် လုံးလုံးကျရောက်နေခဲ့ပါတယ်။
ဒီလိုအခွင့်ရေးကို စွန့်လွှတ်ဖို့ ပြောလိုက်တဲ့အတွက် သူကျွန်မကို အပြစ်တင်ခဲ့ပါတယ် ။ ကျွန်မဟာ သူ့တက်လမ်းကိုပိတ်ပင်တဲ့ မိန်းမတစ်ယောက်ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ခဲ့တယ်။
ကျွန်မတစ်ယောက်တည်း မနက် အလုပ်မသွားခင် သားလေးကို ထိန်းပေးတဲ့ နာနီအိမ်ကိုပို့ရပြီး ညနေရုံးဆင်းရင်

" ပိုက်ဆံပေးပြီး လူတွေကိုအဝတ်အစားချွတ်ခိုင်း ကျင်ငယ်ရေသောက်ခိုင်းတဲ့ သူဌေး "

 
လူတွေဟာ ပိုက်ဆံအတွက်ဆို ဘာမဆိုလုပ်တတ်ကြကြောင်းကို ရုရှားသူဌေးရဲ့မြေးဖြစ်သူတစ်ယောက်က ဗီဒီယိုများ
စွာနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ လူတွေဟာပိုက်ဆံအတွက်ဆိုဘာမဆိုလုပ်တတ်ကြောင်းကို ပြချင်လို့ Prankသဘောမျိုးလုပ်တာထားတာဖြစ်ပါတယ်။

ဒီဗီဒီယိုတွေကို မကောင်းဘက်ကမြင်ရင်တော့ လူတွေကိုသိက္ခာချတယ်လို့မြင်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကမြင်ရင် လူတော်တော်များများဟာ မက်မောစရာငွေနဲ့တွေ့ရင် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သိခွင့်ရမှာဖြစ်ပါတယ်။

ဗီဒီယိုတစ်ခုမှာဆိုရင် လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို ဘေးနားကပ်ပြီး မက်မောလောက်တဲ့ ငွေပမာဏတော်တော်များများကိုပေးပြီး အဝတ်အစားချွတ်ခိုင်းခဲ့ပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို မက်မောလောက်တဲ့ ပိုက်ဆံပမာဏပေးမယ်ပြောပြီး ရင်သားကိုလှန်ပြခိုင်းတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မက်မောလောက်စရာပိုက်ဆံပေးခိုင်းပြီး လမ်းမှာတွေ့တဲ့သူကို အတွင်းခံနဲ့ သူ့ကားကိုဆေးခိုင်း

" ကျားလှောင်အိမ်ထဲ ဦးထုပ်ဝင်ကောက်သည့် အမျိုးသမီး(ရုပ်သံ) "


ကနေဒါနိုင်ငံ တိုရွန်တိုမြို့တိရစ္ဆာန်ဥယျာဉ်တခုမှာ အမျိုးသမီးတဦးဟာ ကျား လှောင်အိမ်ထဲကျခဲ့တဲ့ ဦးထုပ်ကို ကောက်ယူဖို့ စည်းရိုးကို ကျော်ဝင်ခဲ့တာကို ရုပ်သံကင် မရာမှတဆင့် ဖမ်းမိခဲ့ပါတယ်။

ကျားလှောင်အိမ်ဟာ ၂ ဆင့်ဖြစ်ပြီး အမျိုးသမီးကျော်ဝင်ခဲ့တဲ့ စည်းရိုးနဲ့ နောက် လှောင်အိမ်ထဲမှာ ၇ နှစ်သားအရွယ် ဆူမတ်တြားကျားတကောင်ရှိနေခဲ့တာပါ။

အဆိုပါအမျိုးသမီးဟာ ခြံစည်းရိုး ၂ ခုကြားရောက်ရှိခဲ့ပြီး ဦးထုပ်ကို ကောက်ယူခဲ့ ချိန်မှာ အနောက်ဘက်က ကျားဟာ ရှေ့ကို ဆတ်ကနဲလှမ်းတိုးခဲ့တာကို အသည်းယား ဖွယ်တွေ့ရပါတယ်။

အဲဒီအချိန်မှာ အနီးနားက လူတဦးက သူ့ကိုလှမ်းအော်ခေါ်ကာ သတိပေးခဲ့ပြီး နောက် သူဟာ အန္တရာယ်မရှိပဲ ပြန်ထွက်သွားနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာတွေ့ရပါ တယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျက်မြင်တွေ့ရှိခဲ့သူ ဂျေရက်ဒ်ဆေးလ်က အော်ဟစ်သတိပေး နေတဲ့ အမျိုးသားရဲ့အော်သံကို ကြားခဲ့ချိန်မှာ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ယူကျုဘ်အင်တာ နက်စာမျက်နှာပေါ်တင်ခဲ့ချိန်မှာ ပျံ့နှံ့သွားခဲ့တာပါ။

တိရစ္ဆာန်ရုံပြောရေးဆိုခွင့်ရသူ ဂျနီဖာထရေစီက “ကျမနားလည်ထားတာက ဒါ ဟာ ပြီးခဲ့တဲ့ စနေနေ့နေ့လည်ပိုင်းက ဖြစ်သွားခဲ့တာပါ။ ဒီထဲမှာ ၀န်ထမ်းတွေရှိတယ်။ တ ကယ်လို့များ တခုခုပျောက်ကျသွားခဲ့ရင်တောင်

" အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေး "

 
တောအုပ်လေးထဲမှာ စက်ဘီးစီးရင်း ဒီလိုဖြစ်ရပ်ဆိုးဖြစ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
၁၉၈၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှာ ဂျာမနီနိုင်ငံ၊ အက်ချီးမြို့မှာနေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် Ursula
Hermann အာဆူလာ ဟာမန်ဟာ  အိမ်နားမှာရှိတဲ့ တောအုပ်လေးကို ဖြတ်ပြီး အိမ်ကို စက်ဘီးစီးပြီး ပြန်ချိန်မှာ
ပြန်ပေးဆွဲခံလိုက်ရပါတယ်။

ပြန်ပေးသမားဟာ တောထဲမှာ တစ်မီတာခွဲ အနက်ရှိပြီး တစ်မီတာ ကျယ်တဲ့ သစ်သားသေတ္တာတစ်လုံးကို မြေမြှုပ်ထားပြီး အထဲမှာ မီသီးတစ်လုံးတပ်ဆင်ထားကာ ကာတွန်းစာအုပ်တွေ၊ ရေဘူးနဲ့ ဘီစကစ်တွေ ထည့်ထားပါတယ်။ ပြန်ပေးသမားက အာဆူလာလေးရဲ့ မိဘတွေဆီက ငွေမရမချင်း သူမကို အဲဒီထဲမှာ ထည့်ထားပါတယ်။

မစ္စတာဟာမန်တို့ ဇနီးမောင်နှံဟာ စာတစ်စောင်လက်ခံရရှိပြီး ပြန်ပေးသမားက အာဆူလာကို အသက်ရှင်လျက် ပြန်လို
ချင်ရင် ဂျာမန် မတ်ငွေ ၂ သန်းပေးဖို့ တောင်းပါတယ်။ ပြီးတော့ ဖုန်းဆက်ပြီး ရဲကို တိုင်မယ်ဆိုရင် သူတို့သမီးကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ခဲ့တယ်။ တကယ်လည်း အဲဒီလို ဖြစ်သွားခဲ့ပါတယ်။

နာရီအနည်းငယ်အကြာ အာဆူလာလေးဟာ ပြန်ပေးသမားဖောက်ပေးထားတဲ့ အပေါက်လေးက သစ်ရွက်တွေ၊
 မြေကြီးတွေနဲ့ ပိတ်သွားပြီး အသက်ရှူကျပ်ပြီး သေဆုံးသွားပါတယ်။

သူမရဲ့ အလောင်းကို ၁၉ ရက်ကြာမှ အနံ့ခံခွေးတွေနဲ့ ပြန်ရှာတွေ့ခဲ့ပြီး ရဲတွေက လူသတ်သမားရဲ့ သဲလွန်စကို ရှာတွေ့ဖို့အတွက် ၂၆ နှစ်တောင် ကြာခဲ့ပါတယ်။

အဲဒီအချိန်အတောအတွင်းမှာ အာဆူလာရဲ့ မိဘတွေက သူတို့ရဲ့သမီးလေးအတွက် ဝမ်းနည်းပူဆွေးနေရပြီး သူတို့သမီးလေးကို

" ထိုင်းကိုသွားမယ်ဆိုရင် ဒါတွေရှောင်ပါ "

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာလုပ်သား သိန်းချီသွားရောက်လုပ်ကိုင်ရာ နေရာဖြစ်ပါတယ်။ ဒါကို အချို့က လုပ်အားယိုစိမ့်မှုလို့ အဓိပ္ပါယ်သတ်မှက်ကြပြီး တကယ်လည်း ဒေသတွင်းလုပ်အားခ နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်စည်ဈေးနှုန်းကြီးမြင့်ခြင်း စတဲ့အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ထိုင်းနိုင်ငံကို မလွှဲမသွေသွားရောက်ရတာမျိုးရှိရင်လည်း အောက်မှာ ရှောင်ကြဉ်စရာ (၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မည်သည့်အခြေအနေမှာဖြစ်ဖြစ် တားမြစ်မူးယစ်ဆေးသုံးစွဲခြင်/ ပက်သက်မှု ရှောင်ကြဉ်ပါ၊

မူးယစ်ဆေးသုံးစွဲဖို့ မဆိုထားနဲ့ သုံးစွဲသူတွေအနားမှာ ယောင်လည်လည်လုပ်နေမိလို့ ရဲနဲ့ကွိရင် အနိမ့်ဆုံး ထောင်ဒဏ် (၈)နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

(၂) သားရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မဲ့ ဓာတ်ပုံမရိုက်ရ ( သားရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်)

သိလို့ဖြစ်စေ မသိဘဲဖြစ်စေ သားရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မဲ့ ဓာတ်ပုံရိုက်မိလို့ သက်ဆိုင်ရာက တွေ့သွားရင် ဒဏ်ငွေဆောင်ရနိုင်ပါတယ်။

(၃) ဆင်သွားလမ်းကို (အကူအညီမပေးဘဲ) မလုရ/ ဆင်သွားလမ်းကို မပိတ်ရ

ဒါကလည်း ဥပဒေအရ တားမြစ်ထားပြီး ဆင်ဟာ ၎င်းတို့နိုင်ငံရဲ့ လာဘ်တိရစ္ဆာန်ဖြစ်သလို၊ လူတွေတိုင်းက အထွဋ်အမြတ်ထားပါတယ်။ ဆင်တွေကို အကူအညီတစ်စုံတရာ မပေးနိုင်ဘဲ ဆင်သွားလမ်းကို ပိတ်ရင်လည်းဒဏ်ငွေ ဆောင်ရမှာပါ။

(၄) အရာဝတ္ထုတွေကို ခြေထောက်နဲ့ ညွှန်မပြရ/ညွှန်ပြတဲ့ သဘောမသက်ရောက်စေရ

ဒါကတော့ ယဉ်ကျေးမှုအရ တားမြစ်ထားတာဖြစ်ပြီး အခြားဘာရာဇ၀တ်မှုမှ မရှိပေမယ့် မြန်မာနိုင်ငံမှာလည်း အရာဝတ္ထုတွေကို ခြေထောက်နဲ့ ညွှန်ပြရင် ရိုင်းတယ်လို့ ယူစကြပါတယ်။

(၅) Patpong လမ်းရဲ့ အပေါ်ထပ် Bar တွေကို မ၀င်ပါနဲ့

Patpong လမ်းဟာ ခရီးသွားတွေ ဆွဲဆောင်ရာ နေရာဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အပေါ်ထပ်မှာ ဖွင့်ထားတဲ့

" ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏ အရင်းအမြစ် ဖြစ်လေသလော "

 
ဝမ်းချုပ်ခြင်းသည် အခြေအမြစ်တည်၍ဖြစ်ရသော ရောဂါမျိုးတို့အနက် ၉၀ ရာခိုင်နှုန်းတို့၏ အရင်းမူလ ဖြစ်ကြောင်းနှင့် ကမ္ဘာကျော်ဆရာဝန်ကြီးတစ်ဦးဖြစ်သော ဆာဝီလံကိန်းဆိုသူက ထုတ်ဖော်ရေးသားခဲ့ ဖူးလေသည်။

သို့ရာတွင် ဝမ်းချုပ်ခြင်းသည် ရုတ်တရက်ရှောင်တခင်ဖြစ်ပေါ်လာသောရောဂါ ဖြစ်လေသလောဟု ဆန်းစစ်ပြန်သည့်အခါ ဝမ်းချုပ်ခြင်းမဖြစ်မီ အခြားသော့ဖောက်ပြန်မှုတို့ရှိသေးသည်ကား မှန်၏။ သို့ရာ တွင်အစာဟောင်းများ စုဝေးရာဖြစ်သောအူမသည် အဘယ်အကြောင်းကြောင့် ကောင်းစွာအလုပ်မ လုပ်ရလေသနည်းဟု တစ်ထစ်စီလျှောက်ရန် ရှိသေးသည်။

အစာချေဖျက်သော စက်ရုံကြီးတစ်ခုလုံးအားနည်းနေခြင်း (သို့မဟုတ်) အာရုံကြောများအားနည်း ဆုတ်ယုတ်ခြင်းသည် ဝမ်းချုပ်ခြင်း၏ အကြောင်းရင်းမြစ်ဖြစ်သည်ကို တွေ့ရလေသည်။ အစာချေစက် အားနည်းခြင်း၊ အာရုံကြောများအားနည်းခြင်းတို့မှာလည်း အညစ်အကြေးများ စုဆောင်းမှုတို့ကြောင့် ဖြစ်ပေရာ အညစ်အကြေးများစုဆောင်းမှုသည်လည်း မသင့်တင့်သောအစာအဟာရတို့ကြောင့်ဖြစ်ရ ပေကား ကျွန်ုပ်တို့ပြုပြင်ပေးနိုင်သောအရာသည် အစာအဟာရပင်ဖြစ်ချေ၏။ (ဆရာကြီးရွှေဥဒေါင်း၏ အာဟာရနှင့် ကျန်းမာရေးမှ ကောက်နုတ်ချက်)

စာရေးသူ၏ဆေးကုသခဲ့သော နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံအရ ရောဂါဖြစ်ပွားသူလူနာအတော် များများ၏ ပြဿနာမှာ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားဖို့ခက်ခဲခြင်း၊ ဆေးဝါးမကူဘဲ သဘာဝအတိုင်း ဝမ်းမ သွားခြင်းစသော ပြဿနာများရှိနေကြောင်း တွေ့ရပါသည်။ အထူးသဖြင့် နောက်ကြောတက်နှင့် အ ညောင်းအကိုက် လူနာအားလုံးနီးပါးမှာ ဝမ်းချုပ်သည်ကိုတွေ့ရသည်။

ဇက်ကြောတက်ရောဂါကြောင့် အမြဲအနှိပ်ခံနေရသူတစ်ဦးသည် သေချာစွာစစ်ဆေးသောအခါ အတွင်း လိပ်ခေါင်းရောဂါရှိပြီး ဝမ်းချုပ်သူဖြစ်ကြောင်းတွေ့ရသည်။ လိပ်ခေါင်းရောဂါကိုကုသပြီးနောက် ဝမ်း လည်းမှန်လာသည့်အခါ ဇက်ကြောတက်ရောဂါပျောက်သွားပြီး အနှိပ်လည်းမခံရတော့ဟုဆိုသည်။

မျက်စိကြောင့် ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာခံစားနေရသူများသည် မူလကဝမ်းချုပ်ခြင်းကြောင့် ဖြစ်ခဲ့ကြောင်းတွေ့ရသည်။ ဝမ်းချုပ်သောအခါ အူတွင်းမှအခိုးအငွေ့များ သည် ခန္ဓာကိုယ်အထက်ပိုင်းသို့တက်ပြီး မျက်စိမှုန်ဝါးခြင်း၊ ဇက်ကြောတက်ခြင်းဝေဒနာများကို ဖြစ်ပွား စေနိုင်သည်။ မျက်စိဒီဂရီမတိုးစေရန် ရေများများသောက်ပြီး ဝမ်းမှန်စေခြင်းဖြင့် ကာကွယ်နိုင်သည်ဟု ဆိုသည်။

အိပ်ရာထဲတွင် လှဲနေရသည့်ရောဂါများ၊ လေဖြတ်သူများ၊ နာတာရှည်ရောဂါကြောင့် အစာကြေအား နည်းသူများ

April 20, 2016

" ဘယ်မိန်းကလေးမဆို တမ်းတမ်းစွဲဖြစ်သွားစေနိုင်သည့် နည်းလမ်း(၈)ခု " (18+)

 
သင့်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ချင်ပါသလား။ ဘယ်မိန်းကလေးတွေကမဆို ကြွေသွားစေနိုင် လောက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ စိတ်ထားမြင့်မြတ်တာကနေစပြီး ပျော်ရွှင်တတ်တာအထိ လိုက်နာ စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိန်းကလေးတိုင်း သင့်ကိုတမ်းတမ်းစွဲဖြစ်နေစေဖို့ အရေးကြီးတဲ့ အချက်()ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူမနဲ့တစ်ခါလောက် သေချာချိန်းတွေ့ပြီး လျှောက်လည်ပါ။ ဒီလိုချိန်းတွေ့နေချိန်မှာ သူမကိုအမှန်တကယ် မြတ်နိုးချစ်ခင်ကြောင်း ပေါ်လွင်ပါစေ။ ပြီးရင် ရက်အနည်းငယ်ကြာအောင် သူမကို ရှောင်နေလိုက်ပါ။ သူမက သင့်ကို မျှော်နေပါစေ။

၂။ သင့်ရဲ့ဘ၀က ပြီးပြည့်စုံနေတယ်ဆိုတာကို သူမ သိပါစေ။ သင်က ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဆိုတာကို သူမ သိဖို့ လိုအပ်ပါတယ်။ သင့်ဘ၀ဟာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်လေလေ၊ သူမအနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လာလေလေပဲဖြစ်ပါတယ်။

၃။ လျို့ဝှက်ဆန်ဆန်ဖြစ်ဖို့လည်း လိုပါတယ်။ သင့်နဲ့ပတ်သက်ပြီး အားလုံးကို သူမသိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သင့်မှာဖုံးကွယ်လျို့ဝှက်ထားတာတွေရှိတာနဲ့အမျှ သူမကပိုပြီး အာရုံစိုက်သိချင်နေမှာ ဖြစ်ပါတယ်။ သင့်ဘ၀နဲ့ပတ်သက်လို့ မသိမသာလေးဆိုရုံပဲ ဖော်ထုတ်ပြသပြီး သူမရဲ့စိတ်ဝင်စားမှုကို ရယူထားခြင်းအားဖြင့် သင့်နဲ့အတူအချိန်ဖြုန်းဖို့ကို သူမစိတ်အားထက်သန်လာပါလိမ့်မယ်။

၎။ ပွဲတိုးတဲ့သူလည်း ဖြစ်ပါစေ။ အ၀တ်အစား ၀တ်စားဆင်ယင်မှုနဲ့ ဖက်ရှင်ကို ဂရုစိုက်ဖို့ကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန် ၀တ်စားထားရမယ်ဆိုတိုင်းလည်း ၀တ်စုံပြည့်အကျအနချည်းပဲ ၀တ်နေဖို့မဟုတ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အ၀တ်အစားတွေနဲ့လည်း လန်းနေဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ကြည့်လိုက်တိုင်းမှာ လန်းတယ်လို့ မြင်သွားစေဖို့ပဲဖြစ်ပါတယ်။

၅။ အမျိုးသမီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေအကြားမှာ ထင်ရှားပြီး လူချစ် လူခင်များ တာမျိုးကို

" နေ့တိုင်း လုပ်သင့်တဲ့ လေ့ကျင့်ခန်း(၃)မျိုး "

နေပုံထိုင်ပုံမမှန်လို့ လည်ပင်း၊ ပုခုံးနဲ့ နောက်ကျောတွေ နာကျင်နေပါသလား။ ဒါမှမဟုတ် ဂိမ်းကစားတာ၊ အင်တာနက်
သုံးတာတွေကြောင့် အထိုင်များနေပါသလား။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းသုံးခုကို နေ့တိုင်းလုပ်ဆောင်ကြည့်
သင့်ပါတယ်။

12109275_1640128869584718_5490292510137905084_n
 လေ့ကျင့်ခန်း(၃)မျိုးပုံ

လေ့ကျင့်ခန်း () – နံရံကပ်လက်မြှောက်ခြင်း
နံရံတစ်ခုကို ကျောမှီပြီး ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး ရပ်လိုက်ပါ။ ပြီးတော့ လက်မောင်းတွေကို ဆန့်တန်းထားပြီး လက်တွေကို နံရံနဲ့ထိကပ်ပြီးထောင်ထားပါ။ ပြီးရင်တော့ လက်တွေကို ဆန့်ထုတ်ပြီး မြှောက်ပေးပါ။ သင်ထိုင်တဲ့အခါမှာ ထိုင်တဲ့ပုံစံမှန်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းလုပ်တဲအခါမှာ သင့်ရဲ့ ရင်အုပ်က အရမ်းကြီးကြွတက်လာမှာ မဟုတ်ပါဘူး။ ထိုင်တဲ့ပုံစံမမှန်ဘူးဆိုရင်တော့ ရင်အုပ်ကအတော်ကို ကြွတက်လာမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ထိုင်ရင်သတိထားပြီး မတ်မတ်ထိုင်ဖို့လိုပါတယ်။
ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပုခုံးနဲ့ နောက်ကျောပိုင်းမှာ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့အတွက် တစ်နေ့ကို ၁၀ ကြိမ် ဒါမှမဟုတ် ၁၅ ကြိမ် သုံးခါ လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း() – ခြေတစ်ဖက်ထောင်ပြီး တင်ပါးပင့်မြှောက်ခြင်း
အထိုင်များခြင်းဟာ သင့်ရဲ့ကိုယ်နေဟန်ထားကို ပုံပျက်စေပါတယ်။ တောက်လျှောက်ကြီးအထိုင်များတဲ့အခါမှာ

April 19, 2016

" မိန်းကလေးတစ်ယောက် စကားမပြောဘဲနေခြင်းက အဓိပ္ပါယ် အမျိုးမျိုးရှိတယ်ဆိုတာ ယောက်ျားတွေ သိဖို့လိုပါတယ် "

 
မိန်းမတစ်ယောက် စကားတွေ တတွတ်တွတ်ပြောနေတဲ့အချိန်ထက် ပိုဆိုးတဲ့ အချိန်တစ်ချိန်ပဲ ရှိပါတယ်။ အဲ့ဒီအချိန်ကတော့ စကားမပြောတဲ့ အချိန်ပဲဖြစ်ပါတယ်။ စကားမပြောဘဲနေခြင်းက မျက်ရည်ကျတာနဲ့ နားပူနားဆာ လုပ်တာတွေလိုပဲ မိန်းမတစ်ယောက်ရဲ့ လက်နက်တိုက်ထဲက အကြီးဆုံး လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။ စကားမပြောဘဲနေလို့ ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်ပါနဲ့။ စကားမပြောပေမဲ့ ပြောတာထက် နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေရှိတာကို ယောက်ျားလေးတွေ သိဖို့လိုပါတယ်။ ဒီအဓိပ္ပါယ်တွေကတော့-

ကျွန်မဒေါသကို ကျွန်မဘာသာ မထိန်းရင် မပြောသင့်တာတွေပါ ပြောမိတော့မယ်။
 စိတ်တိုစိတ်ဆတ်တဲ့ အမျိုးသမီးတွေအတွက် ရန်ဖြစ်ပြီး ထုတ်ပြောလိုက်ပြီးပေမဲ့ ဒီ့ထက်ပိုဆိုးတဲ့ စကားတွေပြောချင်နေသေးတာကို ကိုယ့်ဘာသာ ထိန်းထားနေရတဲ့ ပုံစံဖြစ်ပါတယ်။

 ပျော်နေတဲ့ အချိန်လေးပျက်သွားမှာစိုးလို့ ရှင့်ကို ဘာမှ မပြောတော့ဘူး။
 နှစ်ဦးသား ကြည်ကြည်နူးနူး ရှိနေတဲ့အချိန် ယောက်ျားလေးဘက်ကအမှားလေးတစ်ခုလုပ်မိလိုက်ပေမဲ့ လျှော့ပေးလိုက်
ပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

 ရှင်တော့ အမှားအကြီးကြီး လုပ်ခဲ့တာပဲ။
 အော်ဟစ် ငိုယိုပြီးသွားတဲ့အခါမှာ ယောက်ျားလေးဘက်က ပိုကောင်းမယ့် အကြောင်းပြချက်ပေးနိုင်ဦးမလားလို့ အချိန်ပေးစောင့်ကြည့်တဲ့သဘော ဖြစ်ပါတယ်။

 ကျွန်မမပြောဘဲ ရှင့်အသိစိတ်လေးနဲ့ လုပ်ဖို့လိုတယ်လေ။
 မိန်းကလေးတွေအနေနဲ့ အသေးအဖွဲလေးတွေကစပြီး သတိပေးပြောဆိုနေရတာကို စိတ်ကုန်လာတဲ့အတွက်

" ယောက်ျားပီသတဲ့သူ တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ "

 
မိန်းမတစ်ယောက်မှာ မိန်းမပီသတဲ့ အရည်အချင်းရှိဖို့လိုသလို ယောက်ျားတစ်ယောက်မှာလည်း ယောက်ျားဆန်ပြီး စိတ်ဓာတ်က ယောက်ျားပီသဖို့ အရမ်းအရေးကြီးပါတယ်။ ယောက်ျားပီသတယ် ဆိုရာမှာ သဘောထားကြီးခြင်း၊ တာဝန်ယူလိုစိတ်ရှိခြင်း၊ ယုံကြည်အားကိုးထိုက်ခြင်းတွေ ရှိဖို့ လိုပါတယ်။ ယောက်ျားပီသတဲ့ လူတစ်ယောက်ကို ချစ်ခွင့်ရတဲ့သူတွေက ကိုယ့်ရဲ့ ကံကောင်းခြင်းကို သိပြီး တန်ဖိုးထားစေချင်ပါတယ်။ယောက်ျားတစ်ယောက်မှာ ဆင်းရဲတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ မတတ်တာတွေက ယောက်ျားပီသတဲ့ စိတ်ဓာတ်ရှိခြင်း၊မရှိခြင်းတွေနဲ့လုံးဝ မသက်ဆိုင်ပါဘူး။

သူချမ်းသာပေမဲ့ ကိုယ့်ကိုယ် စိတ်ချမ်းသာအောင် ထားနိုင်ရဲ့လား။ သူပညာတတ်ပေမဲ့ သင်ထားတဲ့ ပညာတွေကနေ အသိတရားကို ထုတ်ယူတတ်ပြီး မိန်းမတစ်ယောက်ကို စိတ်သဘောထား မြင့်မြင့်မြတ်မြတ်နဲ့ ဦးစားပေးတတ်သူဖြစ်ပါရဲ့လား။ သဘောထားသေးပြီး ရန်လိုတတ်သော၊ တွက်ကပ်တတ်သော၊ ကိုယ်လိုချင်တာတစ်ခုကိုပဲ ကြည့်တတ်သော၊ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်တဲ့ အမျိုးသားတွေကြောင့် စိတ်မချမ်းမြေ့စရာ ဘဝမျိုးကြုံတွေ့နေရတဲ့သူတွေကို တွေ့ရတဲ့အခါမှာ ကိုယ့်အပေါ် ယောက်ျားပီပီသသ၊ သဘောထားကြီးကြီး ချစ်ပြတတ်တဲ့ ကိုယ့်ချစ်သူအပေါ်ကို တန်ဖိုးထားနိုင်စေဖို့ ယောက်ျားပီသသူတစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြောပြချင်ပါတယ်။

 ဆိုခဲစေ မြဲစေ ဆိုတဲ့သူမျိုး
 သူတို့ပြောတဲ့ အတိုင်းလုပ်ပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုအပေါ်မှာ တာဝန်ယူလိုစိတ် အပြည့်ရှိတဲ့သူမျိုး ဖြစ်ပါတယ်။ ကိုယ်မလုပ်တဲ့ အရာတစ်ခုအတွက်လည်း ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြေရှင်းတတ်သူမျိုး ဖြစ်ပါတယ်။

သူတစ်ပါးကို ဂရုစိုက်တတ်တာ
 အကျိုးတစ်စုံတစ်ရာ ရလိုစိတ်နဲ့ အရှက်မရှိ ကပ်ဖားနေတာမျိုး မဟုတ်ဘဲ အရင်းခံစိတ်နဲ့ သူများတွေရဲ့ ပြဿနာကို

" သင်မသိသေးတဲ့ ရင်သားအကြောင်း (၇)ချက် "

 
အလှအပတစ်ခု ၊ စွဲဆောင်မှုတစ်ခုအနေနဲ့သာမက ရင်သားဆိုတာ ကျန်းမာရေးအတွက်ပါ အရေးကြီးပါ တယ်။ အခုနောက်ပိုင်းမှာ ရင်သားကင်ဆာတွေလည်း အဖြစ်များလာတာမို့ ကျွန်မတို့ မိန်းမသားတွေ အားလုံးဟာ ရင်သားနဲ့ ပက်သက်ရင် ရှက်တယ်ဆိုတာကြီး ဘူးခါပြောနေလို့ မရတော့ပါဘူး။ ခေတ်မီ နေတဲ့ခေတ်ကြီးထဲမှာ သိသင့်သိထိုက်တဲ့ အချက်တွေတော့ သိထားဖို့လိုပါတယ်။ မြန်မာတွေရဲ့ လူနေ မှုအသိုင်းအဝိုင်း အစဉ်အာတွေကြောင့် ဒီလိုကိစ္စမျိုးတွေကို ဖွင့်မပြောရဲကြပဲ။ မေးခွန်းပေါင်းများစွာခေါင်း ထဲမှာ သိမ်းထားရင်နဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ အခုအောက်မှာတော့ သင်မသိသေးတဲ့ သင့်ရဲ့ရင်သား တွေအကြောင်း (၇)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) UKရဲ့ ပျမ်းမျှရင်သားဆိုဒ် 

" ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ "

galaxy-s6-battery
ကျတော်တို့ ဖုန်းတစ်လုံးမှာ Battery ကအရေးကြီးတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။
Battery တစ်လုံးကို ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့လဲ လိုအပ်ပါတယ်။ ကျတော်တို့အများဆုံးကြုံတွေ့နေရတာကတော့
ဖုန်းပူလာတာကို အများဆုံးကြုံတွေ့ရပါတယ်။ အဲလိုအခြေအနေမျိုးတွေမှာ User တော်တော်များများကတော့ service ဆိုင်ကို
အးကိုးတက်ကျပါတယ်။ အဲလိုအခြေအနေကျရင် ကျတော်တို့ကိုယ်တိုင်အဖြေရှာစေချင်ပါတယ်။ ဘာကြောင့်ဒီလိုပူရတာလဲ ???
အဓိကနေရာကတော့ ကျတော့်အတွေ့ကြုံရတော့ Battery နားကပူတာများပါတယ်။ ဒါဆိုဘာလို့ပူတာလဲ ဆိုတာကို
ကျတော်တို့တွေးရပါမယ်။ ကျတော်ကြုံတွေ့ရတာတော်တော်များများကတော့ ဒီလိုအခြေအနေမျိုးတွေမှာ လိုင်းဆွဲအားကြောင့်
ဖြစ်တာများပါတယ်။ လိုင်းဆွဲအးမမိတဲ့နေရာတွေမှာဆို ဖုန်းရဲ့ Processor အရ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ပာာလဲ

" မန္တလေး ပဲကပ်ကြော် "

 
မန္တလေးပဲကပ်ကြော်ကို အိသက်အမေက မုန့်ဟင်းခါးထဲ ထည့်စားတတ်တယ်။
အိသက်ကတော့ ဒီတိုင်းလေးပဲ စားရတာကြိုက်ပါတယ်။
ချင်းနံ့သင်းသင်းလေးနဲ့ စားလို့ ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်းလေးပါနော်။

ပါဝင်ပစ္စည်းများ

............................
• ပဲကတ္တီပါ (Red Bean) - ဆန်ချိန်ခွက်၁ခွက်
(ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or Red Kidney Bean Tin
• ကောက်ညင်းမှုန့် - ဆန်ခွက် တစ်ဝက်
• ဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ မြွာ
• ဆား - အချိုဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ် (ဓားနုတ်ပေါက်ပြီး)
• ချင်း - စားပွဲဇွန်း ၃ ဇွန်း
• ဆော်ဒါ - အချိုဇွန်းတစ်ဝက်

ပြုလုပ်နည်း
...............
၁။ ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။
ရေအနည်းငယ်ထည့်ပြီး ပဲကို ခြေပါသည်။

၂။ ဘူးပဲကိုသုံးမယ်ဆိုရင် ပြုတ်စရာမလိုဘဲ

" ရက်တိုအတွင်း အမြန် ပိန်လိုသူများအတွက် အထူး ပိန်ဆေးလေးပါ "


ပိန်ဆေးသောက်ပြီး 1လအတွင်းလူမှားသွားလောက်အောင် လှပ သွားစေပြီး သဘာဝဆေးဘက်ဝင်ပစ္စည်းများကြောင့် ဘေးအန္တရယ်ကင်းစွာဝိတ်ကျပြီးပိန်စေပါတယ်။

အမျိုးသမီး၊အမျိုးသား အားလုံးသောက်သုံးနိုင်ပါတယ်။ဆေးသောက်နေချိန်အတွင်း မူးတာဝေတာ ရင်တုန်တာ စတဲ့side effect တွေ မရှိပါဘူးအရမ်းအရောင်းသွက်တဲ့ပိန်ဆေးလေးပါ။

အဝလွန်သူများ၊ အထိုင်များသူများ၊ ဘီယာဗိုက်ဖြစ်နေသူများ၊ အများရှေ့မှာ ဗိုက်ကြီး တစ်တောင်လောက်ထွက်ပြီး
ဝနေလို့စိတ်ညစ်နေသူများအတွက် P 57 hoodia အဆီကျဆေးလေးက ကူညီပေးမှာပါ။

သောက်သောက်ပြီးချင်းတစ်ပတ်အတွင်းဆို သိသာ ပါပြီနော်။ဆေးဘူးတစ်ဘူးကုန်ရင်အနည်းဆုံး10ပေါင်ကနေ အများ
ဆုံး 25ပေါင်ထိအန္တရာယ်ကင်းစွာကျစေပါတယ်။ ဆေးစွမ်းပြလာပြီဆိုတာနဲ့ရေနည်းနည်းဆာ ပါမယ်ရှင်။ရေမျာ
များသောက်လေ ဝိတ်ပိုမိုကျလေဖြစ်ပါတယ်။

သောက်နည်း
မနက်စာမစားခင်(၁၅မိနစ်အလို) မှာ တစ်လုံးသောက် ရမှာပါ တစ်ဘူးမှာအလုံး (၃၀) ပါ ပါတယ်ရှင်

" ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ "


အားလုံးပဲ သိရှိဆင်ခြင်နိုင်ကြစေရန်.....

အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူဆပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။ ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်

သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့အဖြေထွက်ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ရှိနိုင်ပါတယ်။

အဲဒီ မှိုတွေဟာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ၀င်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြုမိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် လောက်လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင်ကောင်းကောင်းရဲ့အောက်မှာ လှန်းပေးသင့် ပါတယ်။

နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါကြောင့်

April 18, 2016

" လူကြီးတွေသဘောမတူရင်လည်း ခိုးပြေးကြစို့လို့ ရည်းစားစာပေးတဲ့ ၂တန်းကလေး "

ဒါကတော့ ကောင်မလေးတွေအနေနဲ့ ရူးသွပ်ခါသွားစေမယ့် မူလတန်းကလေးတစ်ယောက်ရဲ့ ရည်းစားစာ အရေးအသား တစ်ရပ်ပါ။

မူလတန်းကလေးတစ်ယောက်ရဲ့ ရည်းစားစာ အရေးအသားတွေဟာ ဒီလောက် ပြောင်မြောက်လိမ့်မယ်လို့ တရုတ်နိုင်ငံ လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတွေ ထင်မထားခဲ့ကြပါဘူး။ ၂တန်းကလေးတစ်ယောက်ရဲ့ စာအရေးအသားက သူတို့ရဲ့စိတ်ကို ရူးသွပ်ခါသွားစေခဲ့တာပါ။

"ငါက စာမတော်ပေမဲ့၊ ရုပ်တော့ တော်တော်ဖြောင့်ပါတယ်။ ဒီကမ္ဘာမှာ မင်းမိဘတွေကလွဲရင် မင်းကို ဘယ်သူက အချစ်ဆုံးလဲဆိုတာ သိလား။ အဲ့ဒါ ငါပဲပေါ့။ ကောင်မလေးရယ်၊ မင်းအပြုံးတွေက အမွှေးနံ့အရက်မြှုပ်ထားတဲ့ ချောကလက်လိုပါပဲ၊ ငါ့ကို မိန်းမောစေတယ်။ ငါတို့ မိဘတွေက ငါတို့ကို သဘောမတူဘူးဆိုရင်လည်း ခိုးပြေးကြရအောင်။ ငါ့မုန့်ဖိုးတွေအားလုံး နင့်ကိုပေးပါမယ်ဟာ။" စသဖြင့် ကြွေလောက်အောင် ရေးထားတာပါ။

စာရဲ့ အဆုံးမှာ အသည်းပုံလေးနှစ်ခုကိုတွဲထားပြီး သူတို့နှစ်ယောက်ရဲ့ နာမည်တွေကို လက်မှတ်ထိုးထားပါတယ်။ 'ထာဝရ' လို့အဓိပ္ပါယ်ရ 'Yi Sheng Yi Shi' ဆိုတဲ့ စကားစု ရှည်ရှည်ကိုလည်း သုံးထားပါတယ်။

ဒီရည်းစားစာဟာ တရုတ်လူမှုကွန်ရက်တွေမှာ ပျံ့နှံကျော်ကြားလျှက်ရှိပါတယ်။ ၂တန်းကောင်လေးရဲ့ ခဲတံထည့်အိတ်ထဲကနေ

" သမီးနဲ့ အဖေလားလို့ ခဏခဏအထင်ခံနေရတဲ့ စုံတွဲ "





အချစ်မှာ မျက်စိမရှိဘူးဆိုတာကို ဗြိတိန်နိုင်ငံက စုံတွဲတစ်တွဲကတော့ သက်သေပြလိုက်ပါပြီ။ သမီးနဲ့ အဖေလို့ ထင်ရလောက်အောင်ကို အသက်ကွာခြားပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ အချစ်စစ်တွေနဲ့ သူတို့တကယ်မေတ္တာမျှနေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။



အသက် ၂၆ နှစ်အရွယ် နယူးကာဆယ်သူ Samantha Moloney နဲ့ အသက် ၄၀ ရှိပြီဖြစ်တဲ့ David Milburn တို့ဟာဆိုရင်တော့ သူတို့ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီတစ်ခုမှာ တွေ့ခဲ့ပြီးတော့ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ တွဲပြီး အစပိုင်းလအနည်းငယ်မှာတော့ လူတွေရဲ့ ဝေဖန်သံတွေကို ကြောက်ရွံ့ခဲ့ပြီး ပေါ်ပေါ်ထင်ထင်လည်း မတွဲရဲခဲ့ကြပါဘူး။ လူတွေအလယ်သွားရင်လည်း

" Help သင်္ကေတကို ထန်းလက်တွေနဲ့ ပြုလုပ်ပြီး အကူအညီတောင်းခံခဲ့တဲ့လူတွေကို ဝေးလံတဲ့ ပစိဖိတ်ကျွန်းတစ်ကျွန်းကနေ ကယ်ဆယ်ခဲ့ရ "

 
US ကမ်းရိုးတန်း လှည့်ကင်းဟာ ထန်းလက်တွေနဲ့ပြုလုပ်ထားတာတဲ့ ဒုက္ခရောက်နေတဲ့ အကူအညီ သင်္ကေတကို သတိထားမိတဲ့နောက်မှာ ပစိဖိတ် သမုဒ္ဒရာထဲက ဝေးလံတဲ့ ကျွန်းတစ်ကျွန်းကနေ လူ၃ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။
ကျွန်းပေါ်မှာ ၃ရက်လောက် နေခဲ့ရတဲ့နောက်မှာ   အမျိုးသား ၃ဦးဟာ ကယ်ဆယ်သူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့ပါတယ်။အမျိုးသား ၃ဦးဟာ helpလို့ပုံဖော်ထားတဲ့ သင်္ကေတရဲ့ ဘေးမှာ ရပ်နေရင်း သူတို့ရဲ့ အသက်ကယ် အင်္ကျီတွေကို ထိတ်ထိတ်ပျာပျာ ဝှေ့ယမ်းပြီး အကူအညီတောင်းခံခဲ့ပါတယ်။
အဆိုပါ အမျိုးသား ၃ဦးဟာ April ၄ရက်နေ့က သဘောင်္ပျက်တဲ့အထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး မိုက်ခရိုနီးရှား (Micronisia)ဒေသရဲ့ လူပြတ်တဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဖာနာဒစ်ကျွန်း(Fanadik Island)ကို ရောက်ဖို့
 လေးမိုင်လောက် ကူးခတ်ခဲ့ရတယ်လို့ဆိုပါတယ်။
သူတို့ရဲ့ မိသားစုတွေကိုတော့ သူတို့ဘယ်မှာလဲဆိုတာ အကြောင်းကြားခဲ့ပြီး Guamကကယ်ဆယ်သူတွေက ပူလပ် (Pulap)ကို လှေငယ်တစ်စင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ငြင်းပယ်ဖို့မရှိတဲ့ ပေါင်းစပ်အင်အားတွေက  အကူအညီပေးပြီး ဝေးကွာတဲ့ ကျွန်းက လူ

" သိပ်တုံးတာပဲ "

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။

သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။

ဒါကို ဆရာဝန်က မြင်တော့

ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက

ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့...
ဟီးဟီး...
 

" မိန်းကလေးတွေ ကျေနပ်အောင် ပြုလုပ်နည်း (၁၅)မျိုး "


မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အမှတ်များများရအောင်ပဲဖြစ်ဖြစ်၊ သူတို့စိတ်ကျေနပ်တာလေးကို မြင်ချင်လို့ပဲဖြစ်ဖြစ် ကိုယ့်တွေ ယောကျာ်းလေးတွေဘက်က အလိုက်သိရမှာပါ။ တကယ်တော့ အချစ်ဆိုတာ စင်တင်ဂီတ ပွဲကြီးတစ်ခုလိုပဲ။ ကိုယ့်အချစ်တွေ၊ ကိုယ်က သူ့အပေါ်ဘယ်လောက် အမြတ်တနိုးရှိတယ်ဆိုတာ ပြရမှာပေါ့။ မရခင်ကတည်းက နိုင်နေတဲ့ ယောကျာ်းလေးဆိုရင်တောင် သူစိတ်ကျေနပ်အောင် အလိုက်သိပေးလိုက်လို့ ကိုယ့် Roll ကျသွားတယ်လို့ မထင်ပါနဲ့။ နောက်ဆုံးမှာ ကိုယ်ပဲ စိတ်ချမ်းသာရမှာပါ။

၁။ လေးနေတာတွေရှိရင် ကိုင်ပေးလိုက်ပါ။


၂။ သူမမှာလည်း သူမ အလုပ်နဲ့ သူမ ရှုပ်နေတဲ့ အချိန်မျိုး ရှိတယ်ဆိုတာ နားလည်ပေးလိုက်ပါ။

" အမျိုးသမီးက အမည်မသိသုတ်ပိုးလှူဒါန်းသူကို လိုက်လံရှာဖွေရာမှချစ်ကြိုက်သွား "


" ဘယ်သူကမှငါ့ကိုဂရုမစိုက်ဘူးလို့ထင်ပြီး အထီးကျန်နေရင်ဒီ(၇)ချက်ကိုလုပ်ကြည့်ပါ "

 
လူတိုင်း “ငါ့ကို ဂရုစိုက်တဲ့သူ ဒီလောကကြီးထဲမှာ မရှိပါဘူး”ဆိုပြီးတော့ အထီးကျန်တဲ့ ခံစားမှုမျိုး ခံစားဖူးမယ်ထင်
ပါတယ်။ အဲ့ဒိအချိန်မျိုးဆို ဘာမှမလုပ်ချင်ပဲအိပ်ရာထဲမှာလှဲနေတတ်ပါတယ်။ သို့မဟုတ် အိမ်ထဲမှာပဲ ခွေနေတတ်ပါ
တယ်။ ဒီလိုမျိုးဖြစ်ရင်အောက်ပါအရာ(၁၀)မျိုးကိုလုပ်ကြည့်ပါ။

(၁) သင်ဘာဖြစ်နေတယ်ဆိုတာကို တစ်စုံတစ်ယောက်ကိုဖွင့်ပြောလိုက်ပါ။

သင့်ကိုသူနားလည်တာ၊နားမလည်တာ အရေးမကြီးဘူး။ သင့်ရင်ထဲကနေပေါ့သွားဖို့လိုတယ်။ ရင်ထဲမှာပဲသိမ်းထားရင်
သက်သာမှာမဟုတ်ပါဘူး။ သင့်ပြဿနာကို မသိပဲ ဘယ်သူကမှ အကြံပေးလို့မရပါဘူး။

(၂) သင့်ရဲ့စိတ်ဟာ အနှုတ်လက္ခဏာဆောင်နေတယ်ဆိုတာကို သတိရပါ။

သင်သိထားဖို့က အဲ့ဒိလိုအချိန်မျိုး ခလုတ်တိုက်ရင်တောင် ဝမ်းနည်းမိပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့သင့်ရဲ့စိတ်ဟာ
ဝမ်းနည်းတဲ့ဘက်၊ မကောင်းမြင်တဲ့ဘက်ကိုရောက်နေလို့ပါ။ ကောင်းတဲ့အရာတွေကိုသင့်ဦးနှောက်က ခါးခါးသီးသီးငြင်း
ထုတ်နေပါလိမ့်မယ်။

(၃) အိပ်ရာထဲခွေမနေနဲ့တော့။

အိပ်ရာထဲခွေနေခြင်းက ဘာမှထူးခြားလာမှာမဟုတ်တဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းတွေကိုစွမ်းအားမြှင့်တင်ပေးပါတယ်။ အကြောင်းမရှိလည်းရအောင် အကြောင်းရှာပြီး အပြင်ထွက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။

(၄) စိတ်ဓာတ်တက်ကြွမယ့် သီချင်းအားလုံးနားထောင်ပါ။

Rock, Hip Hop, Popဘာပဲဖြစ်ဖြစ် ခပ်ကြမ်းကြမ်းတွေ နားထောင်ပစ်လိုက်ပါ။ တကယ်ကို သက်သာစေရမယ်ဗျာ။

(၅) မိမိကိုယ်ကို အလုပ်ပေးပါ။

လူတွေဟာ ပျင်းရိလေလေ၊ဘာမှလုပ်စရာမရှိလေလေတွေးစရာတွေရပြီး စိတ်ဓာတ်ကျလေလေပါပဲ။ အခုပဲထပြီး အိမ်
သန့်ရှင်းရေးလုပ်၊ အဝတ်လျော်၊ စာဖတ်၊ရုပ်ရှင်ကြည့်။ တစ်ခုခုလုပ်ပါ။

(၆) ခွေးသို့မဟုတ်ကြောင်တစ်ကောင်မွေးပါ။

တိရစ္ဆာန်တွေဟာလည်း လူတွေအတွက်အဖော်ပါပဲ။သူတို့ကလည်း တကယ့် တကယ် တစ်ယောက်တည်းရှိချိန်မှာဆို

" နေလောင်ထားသောအသားအရေများအတွက် နည်းလမ်းကောင်း(၁၀)မျိုး "

 
နေလောင်ခံထားရသော အရည်ပြားကိုကုစားဖို့အတွက် မီးဖိုချောင်သုံးပစ္စည်းများဖြင့် လွယ်ကူမြန်ဆန်စွာပျောက်
ကင်းနိုင်သော အောက်ပါနည်းလမ်းကောင်းလေးတွေရှိပါတယ်။

၁။ ရေခဲ (သို့မဟုတ်) အအေးဓာတ်ရှိသော ခရင်မ် ကိုနေလောင်ခံထားရသော အရည်ပြားပေါ်မှာ ကပ်ပေးပါ။

၂။ ရေခဲရေဖြင့် သန့်စင်ပေးပါ (သို့မဟုတ်) ရေချိုးပေးပါ။

၃။ အချဉ်ဓာတ်ရှိသော ဗင်နီဂါကို ရေဖြင့်အညီအမျှရောစပ်ပြီး

နေလောင်ခံထားရသော နေရာများပေါ်တွင် လိမ်းပေးပါ။

၎။ ရှားစောင်းလက်ပတ်ပါဝင်သော Lotion,cream များကိုပုံမှန် သုံးစွဲပေးပါ။

၅။ အအေးခံထားသော နို့ ထဲတွင် အဝတ်သန့် စိမ်ထားပါ ပြီးနောက် ထိုအဝတ်ကို နေလောင်ခံထားရသောနေရာပေါ်တွင် အချိန်ကြာကြာနှင့် မကြာခဏ အုပ်ထားပေးပါ။

၇။ Vitamin E ပါဝင်သော Lotion,cream များကို လိမ်းပေးပါ။

READ  ဆံပင်ကျန်းမာရေးအတွက် အကြံပြုချက်(၆)ချက်
၈။ ရေနွေးကြမ်းထဲမှ လက်ဖက်ခြောက်ဖက်များကို အအေးခံထားပြီး နေလောင်ခံထားရသောနေရာများပေါ်တွင်
အုပ်ထားပါ။

၉။ သခွားသီးကို အရည်ညှစ်ပြီးတော့ရလာသောအရည်များကို လိမ်းပေးပါ (သို့မဟုတ်) သခွားသီးကို ပါးပါးလေး
အကွင်းလိုက်လှီပြီး နေလောင်ခံထားရသော နေရာအပေါ်တွင်ကပ်ပေးပါ။

၁၀။ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ခြင်းဘဲဖြစ်ပါတယ်။ SPF 15 နှင့် အထက်ပါဝင်သော

" ထန်းပင်ပေါ်ရှိ ငြမ်းစင်ပေါ်တွင် ထန်းရည်တက်သောက်ရာက ပြုတ်ကျ၍ သေဆုံး "

မူးတဲ့အရာကို အမြင့်တက်သောက်တော့ မဖြစ်သင့်တာတွေဖြစ်ကြရတော့တာပဲ..

နေပြည်တော်၊ ဧပြီ ၁၇
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပါးပြင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ လူတစ်ဦးထန်းပင်ပေါ်က ပြုတ်ကျသဖြင့် သေဆုံးသွားကြောင်း အကြောင်းကြားချက်အရ ထီးလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပါးပြင်းကျေးရွာနေ ဦးကျော်ဝင်း(ခ) ငဝင်း(၄၇)နှစ်သည် နေအိမ်ဝန်းအတွင်း အမြင့်(၂၅)ပေခန့် ထန်းပင်ပေါ်ရှိ ငြမ်းစင်ပေါ်တက်၍ ထန်းရည်သောက်ရာက ငြမ်းစင်ယာဘက်တွင်ချည်ထားသော ဝါးနှီးကြိုးပျက်ကျသဖြင့် ငြမ်းစင် စောင်းသွားစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်

April 17, 2016

" ဟာသများ "



လိုက်ကိုက်ရမယ့်လူစာရင်း

ဆရာဝန် ။ ။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ ခွေးရူးပြန် ရောဂါပိုးတွေ့နေပြီ။

လူနာ ။ ။ ဟုတ်လား၊ ဒါဆို စာရွက်နဲ့ ခဲတံ ပေးပါဆရာ။

ဆရာဝန် ။ ။ ဘာလဲ ခင်ဗျား သေတမ်းစာ ရေးမလို့လား။

လူနာ ။ ။ မဟုတ်ပါဘူး။ လိုက်ကိုက်ရမယ့် လူစာရင်း

" တြိစက္ကရဲ့ သရဲစာအုပ် များ "

 
(၁) တြိစက္က လေးကျွန်းကိုင်ကွင်းပိုင်မစ္ဆာ
http://www.mediafire.com/download/r663iixnnb0m495/တြိစက္က_လေးကျွန်းကိုင်ကွင်းပိုင်မစ္ဆာ.pdf

(၂) တြိစက္က ကွင်းပိုင်မစ္ဆာနှင့်မဖဲဝါ
http://www.mediafire.com/download/ma83b9nyuu8661p/တြိစက္က_ကွင်းပိုင်မစ္ဆာနှင့်မဖဲဝါ.pdf

(၃) ရာဇဂဏီ လူသူတော်သျှောင်တစောင်းနှင့်ထမံသီကျားမင်း
http://www.mediafire.com/download/b3f72g81nc94rnf/ရာဇဂဏီ_လူသူတော်သျှောင်တစောင်းနှင့်ထမံသီကျားမင်း.pdf

(၄) မောင်ညိုမှိုင်း (သံလျင်) နရသိန်ပြန် အိပ်မက်များ
http://www.mediafire.com/download/7auig7f6ko5bgzj

(၅) တိစက္ခ ပိုးရွှေတောင် တောင်လုံးကျော် မှော်ဝင်ကြိုး
http://www.mediafire.com/download/dsupjzhr7cv9hm0/တြိစက္ခ_ပိုးရွှေတောင်_တောင်လုံးကျော်_မှော်ဝင်ကြိုး.pdf

(၆)တြိစက္က စက္ကောမကေသရီ

" သစ္စာမရှိခြင်းက vasopressin ဟော်မုန်းနဲ့ ဦးနှောက်ထဲက ဗီဇဆဲလ်များကြောင့်ဟုဆို "

 
လူတွေဘာကြောင့် ဖောက်ပြန်ကြသလဲဆိုတာ သိနိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှ အိမ်ထောင်ရေးနှင့်မိသားစုရေးရာ ကုထုံး ဂျာနယ်တစ်စောင်ဖြစ်တဲ့ the Independent မှ သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနလုပ်ရာမှာ ပါဝင်တဲ့ အမျိုးသား၅၇% နဲ့ အမျိုးသမီး ၅၄%က အနည်းဆုံး တစ်ကြိမ်ခန့် ဖောက်ပြန်ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။
 
ကုထုံးပညာရှင်များနဲ့ စိတ်ရောဂါ ကျွမ်းကျင် ပညာရှင်များက သစ္စာမရှိရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျ ရှာဖွေဖို့ ကြိုးစားတဲ့အခါမှာ ဦးနှောက်အတွင်းမှာရှိတဲ့ ဓာတုပစ္စည်းများကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ စေတနာ့ ဝန်ထမ်း ၂၀၀ နီးပါးရဲ့ ဦးနှောက်အတွင်းမှ သာယာမှုကို ထိန်းချုပ်တဲ့ အာရုံကြောလှုံဆော်ဆဲလ် dopamine D4 ရဲ့ အရှည်ကို တိုင်းတာခဲ့ပါတယ်။ ၄င်းဆဲလ်ရှည်လျားတဲ့ လူတွေက ပိုတိုတဲ့ သူတွေထက် ဖောက်ပြန်တာကို တွေ့ရှိခဲ့ရပါတယ်။
 
နောက်ထပ် ဖောက်ပြန်မှုနဲ့ဆိုင်တဲ့ သိပ္ပံနည်းကျ အချက်တစ်ချက်လည်းရှိပါသေးတယ်။ ဒါကတော့ vasopressin ဟော်မုန်း ဖြစ်ပါတယ်။ဒီဟော်မုန်းက လိင်ဆက်ဆံတဲ့ အချိန်အတွင်းမှာထွက်တဲ့ oxytonin ဟော်မုန်းလိုပဲဖြစ်ပြီး ၄င်းဟော်မုန်း ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နိမ့်နေတဲ့ သူတွေက

" ရေအလောက်အလုံ မသောက်ဘူးဆိုတာ သိသာစေတဲ့ လက္ခဏာများ "

 
ရေဟာ လူတစ်ယောက်အသက်ရေးအတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်း လုပ်ဆောင်ချက်ကို ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေခြင်းအတွက် အလွန်အရေးကြီးပါတယ်။ ကျန်းမာရေး ထိန်းသိမ်းခြင်းအတွက် ရေပမာဏလုံလောက်ခြင်းက အလွန်အရေးကြီးပါတယ်။ ရေရဲ့ အဓိကအခန်းကဏ္ဍ (၂) ခုမှာ… 
 
အစာချေချက်မှု ပိုမိုကောင်းမွန်စေခြင်း
 
အမြင်အာရုံအားကောင်းစေခြင်းအတွက် ခန္ဓာကိုယ်အပူချိန် ညှိပေးခြင်း တို့ဖြစ်ပါတယ်။ နောက် ရေရဲ့ လုပ်ဆောင်ချက်တစ်ခုက အဆိပ်အတောက်တွေ ဖယ်ရှားပေးတာပါပဲ။ ရေဟာ မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်အရည်ကြည်တွေ ဖန်တီးပေးရာမှာလည်း ပါဝင်ပါတယ်။  ရေမှာ နောက် ကြီးမားတဲ့ စွမ်းရည်တစ်ခုရှိပါသေးတယ်။ ဓာတ်မတည့်ခြင်းကို ပြတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့အသက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတုဓာတ်ပြုမှုအများစုမှာ ရေသင့်ရုံရှိဖို့ လိုအပ်ပါတယ်။
 
အခုအခါ ရေရဲ့ အရေးပါမှု အတော်များများ သိပြီဆိုတော့ ရေအလုံအလောက်မသောက်ပါက စိုးရိမ်ရတဲ့ ပြသနာတွေ ဘယ်လိုဖြစ်ပေါ်နိုင်တယ်ဆိုတာလဲ သိပါလိမ့်မယ်။ ဒါပေမယ့် ကော်ဖီ၊ အားဖြည့်အချိုရည်၊ လက်ဖက်ရည် နဲ့ ဖျော်ရည်

" ပိုက်ဆံက ချစ်တဲ့သူဖြစ်ပါစေ "

 
ပိုက်ဆံဝင်လာအောင်လုပ်ဖို့ဆိုတာ အလုပ်လုပ်တာ တခုတည်းနဲ့မပြီးပါ။ ပိုက်ဆံကိုစိတ်ချမ်းသာအောင် ထားဖို့လိုပါတယ်။ ပိုက်ဆံက နေ့တိုင်းလိုလို ပိုက်ဆံအိတ်ထဲကနေ ထွက်သွားလိုက် ဝင်လာလိုက် ဖြစ်နေတယ်မဟုတ်လား။ ဘာလုပ်ရဦးမှာလဲ။ ဘာလုပ်ဖို့လိုသေးတာလဲ။ သူဌေးတွေဟာသူတို့ရဲ့ပိုက်ဆံအိတ် ကို ဘယ်လိုသုံးသလဲဆိုတာကို ရှင်းပြပါရစေ။

၀၁. ပိုက်ဆံအိတ်အရှည်ကို သုံးပါ။
ပိုက်ဆံအိတ်အရှည်ကိုသုံးဖို့ အကြံပြုတာကတော့ ပိုက်ဆံကိုတွေကို စိတ်ချမ်းချမ်းသာသာ ပိုက်ဆံအိတ်အတွင်းမှာ နေစေချင်လိုပါ။ တကယ်လို့ ခေါက်ပိုက်ဆံအိတ်ကို သုံးသောအခါ ပိုက်ဆံအနေနဲ့ ကျင်းကျင်းကြပ်ကြပ်နေရမှာပါ။ပြန်စဉ်းစားကြည့်ပါ။ တကယ်လို့ ကိုယ်ကသွားတည်းသောဟိုတယ်က အခန်းက ညစ်ပစ်နေပြီး ကျင်းနေရင် ဘယ်လိုနေမှာလဲ။ပိုက်ဆံမှာလည်း အတူတူပါပဲ။ သူ့ကိုဂရုစိုတ်သောသူကို သူကလည်းပြန် ဂရုစိုက်မှာပါ။

၀၂. ပိုက်ဆံအိတ်ထဲမှာ မလိုတဲ့ပစ္စည်းတွေကို မထည့်ပါနဲ့။

ပိုက်ဆံအိတ်ဟာ တစ်နေ့လုံး ကိုယ်နဲ့မကွာရှိနေတာပါ။သူ့အထဲကို မလိုသောအရာတွေကို ထည့်ရန်မသင့်ပါ။ သူ့အထဲကိုဈေးက ဘောက်ချာတွေ ဘာရယ်လို့မဟုတ် ထည့်ထာတဲ့ စာရွက်တွေ အမျိုးမျိုးရှိနိုင်ပါတယ်။ မလိုသောအရာတွေကို သပ်သပ်ထုတ်ထားလိုက်ဖို့ အကြံပြုချင်ပါတယ်။

၀၃. ပိုက်ဆံအိတ်ကို သန့်ရှင်းရေးလုပ်ရန် မမေ့ပါနဲ့။


ကိုယ်နဲ့မကွာရှိတဲ့ပိုက်ဆံအိတ်ကို အတွင်းရော အပြင်ပါ သန့်ရှင်းရေးလုပ်ဖူးပါသလား။ပိုက်ဆံအိတ်ကို

"Samsung ဖုန်း V.5.1.1 နှင့် အထက်ဖုန်းတွေကိုRoot မလိုပဲ့Browser,တွေမှာ မြန်မာစာအောင်ပြုလုပ်နည်းနှင့် "


 

Samsung ဖုန်း V.5.1.1 နှင့် အထက်ဖုန်းတွေကိုRoot မလိုပဲ့Browser,တွေမှာ မြန်မာစာအောင်ပြုလုပ်နည်းနှင့် Font Styleမှာ မြန်မာဖောင့်ချိန်းမရတော့ပဲ Uninstall ပဲတောင်းနေတဲ့ ပြသနာတွေ ဖြေရှင်းနည်းများ

အားလုံးပဲ့ မင်္ဂလာပါလို့ ....ကျန်နော် ဒီပိုစ့်လေးကို တင်ပေးမယ့် ကတိပေးထားတာ ကြာပါပြီး တောင်းဆိုထားကြတဲ့ နည်းပညာလူငယ်များကိုလည်း တောင်းပန်ပါတယ်ဗျာ ဒီနေ့တော့ တင်ပေးလိုက်ပါပြီ။
Samsung ဖုန်း Lollipop Version 5.1.1  နှင့်  Marshmallow 6.0.1 Version  အထက်ဖုန်းတွေကို Root မလိုပဲ့Browser ,Website,Youtube မြန်မာစာအောင်ပြုလုပ်နည်းနှင့် Font Style မှာ မြန်မာဖောင့်ချိန်း မရတော့ပဲ Uninstall ပဲ တောင်းနေတဲ့ ပြသနာတွေ  ဖြေရှင်းနည်းများ

ကို အားလုံးကို ပိုစ့်တစ်ခု အဖြစ်နှင့် တင်ပေးလိုက်ပါတယ်။
 အချက်တခုကတော့ မိမိကိုင်ဆောင်ထားတဲ့ ဖုန်းဟာ ဗီယက်နမ် နိုင်ငံထုတ် ဖြစ်ရမှာဖြစ်ပြီး ဖုန်းအတွင်း official
Subscribe

လာလည်သူများ

free counters