ဒါကြောင့် မနက်မနက် ကျွန်တော် လမ်းရောက်ပြီဆိုတာနဲ့ တွေ့သမျှလူတွေကို “မနက်စာ စားပြီးပါပြီဗျ… ၈၈၃၄ တို့ရော” ဆိုတာမျိုး၊
“အခု အရမ်းပျော်တာပဲ ချစ်ဆုံးတို့ရာ… Lol ;) ” တို့၊
“ဝါး… ညကအိပ်လို့ကောင်းမှကောင်း”၊
“အခုသင်တန်း ဒိုးပြီဟေ့” ဆိုတာမျိုးတွေ ပြောပြဖြစ်တယ်။
ပြီးတော့ ကျွန်တော့်ပုံတွေ၊ မိသားစုပုံတွေ၊ အိမ်ကခွေးလေးပုံ၊ ကျွန်တော့် ပန်းဥယာဉ်ပုံ၊ မြက်ခင်းကို ရေဖြန်းနေတဲ့ပုံ၊
မြို့ပတ်ပြီး ကားမောင်းတဲ့ပုံ၊ နေ့လည်စာစားတဲ့ပုံ၊ တစ်နေ့တစ်နေ့ လူတွေ ဘာလုပ်ကြလဲ ဆိုတဲ့ ပုံတွေ (ဒါတောင် အများကြီးကျန်သေးတယ် ပြောလို့ကို ကုန်မှာမဟုတ်ဘူးဗျို့) ကို တွေ့ကရာလူကို လိုက်ပြတယ်။
ဒါနဲ့ ကိုယ်ကချည်းပဲ ပြောချင်လို့တော့ မရပြန်ဘူးလေ၊ ဟုတ်တယ် မလားဗျ။ ဒီတော့ ကျွန်တော့်ကို စကားပြောတဲ့ သူရှိရင်လည်း သေသေချာချာ နားထောင်ပေးလိုက်တယ်။ ပြီးတော့ သူတို့ပြောတာတွေကို ကြိုက်တယ် ဆိုတာသိအောင် လက်မလေးတောင် ထောင်ပြလိုက်သေး။
ယုံမလားတော့ မသိဘူး၊ အခုဆို facebook ပေါ်မှာလိုပဲ ကျွန်တော့်နောက်ကနေ တကောက်ကောက် လိုက်နေတဲ့
follower ၄ ယောက်ကြီးများတောင် ရှိနေပြီဗျ။ ဘယ်သူတွေလဲ သိကြလား။ ကျွန်တော် ပြောပြလိုက်တာနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားမှာနော်။ ဟဲ.ဟဲ… သူတို့က ရဲ ၂ ယောက်၊ စုံထောက် ၁ ယောက်နဲ့ စိတ်ရောဂါကု ဆရာဝန် ၁ ယောက်ပေါ့ဗျာ။
ဘဝအမောတွေ ကြားကနေ နည်းနည်းလေး ပြုံးလိုက်ရတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် SHARE ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
Credit : http://www.aungsanlin.com/2015/09/facebook_15.html
No comments:
Post a Comment