♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 4, 2016

" အာဖရိကတောနက်ထဲက ရှားပါးတိရိစ္ဆာန်များ "

အောက်ဖော်ပြပါ တိရစ္ဆာန်တွေကတော့ အာဖရိကရဲ့တောကြီးတွေထဲမှာသာ တွေ့ရတော့တဲ့ ရှားပါးစာရင်းဝင် တိရစ္ဆာန်
တွေ ဖြစ်ပါတယ်။

(၁)  Greater Kudu

Greater Kudu သတ္တ၀ါကတော့ တောဆိတ်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးချိုအရည်ဆုံးသတ္တ၀ါဖြစ်ပါတယ်။ တောင်တက် ကျွမ်း
ကျင်ပြီး ကီလိုဂရမ် 315 အထိ အလေးချိန်ရှိတတ်ပါတယ်။  Greater Kudu အထီးသတ္တ၀ါတွေဟာ  Greater Kudu အမအုပ်စုနဲ့ ရောနှောနေလေ့မရှိဘဲ မိတ်လိုက်ချိန်မှသာ ပူးပေါင်းတတ်ပါတယ်။  Greater Kudu အမတွေဟာ အုပ်စုဖွဲ့နေ

" ဝိတ်ထိန်းလိုသူများနှင့်ဝိတ်ချလိုသူများ အတွက် side effect လုံးဝမရှိ ပဲ ဝိတ်ကျစေတဲ့ အကောင်းဆုံး အဆီချ ကော်ဖီ "


Brazillian Slimming Coffee ★ 1box = 30sheets ★

Price - 23 000 Ks
✔✔ ဝိတ်ထိန်းလိုသူများနှင့်ဝိတ်ချလိုသူများ အတွက် side effect လုံးဝမရှိ ပဲ
ဝိတ်ကျစေတဲ့ အကောင်းဆုံး အဆီချ ကော်ဖီ သည် side effect လုံးဝမရှိပဲ ကိုယ်ခန္ဓာကိုသွယ်လျှလှပ အဆီကျစေပြီး ဝိတ်မတက်စေရန်လည်းထိန်းညှိပေးပါတယ်။
✔✔ Sugar Free ဖြစ်လို့ ကော်ဖီကြိုက်တဲ့ ဆီးချိုသမားတွေအတွက်လဲ အထူးသင့်တော်ပါတယ်။

Brazillian coffee သောက်ခြင်းဖြင့်
☕ ဝိတ်ကျစေခြင်း
☕ ဝိတ်မတက်စေရန်ထိန်းညှိပေးခြင်း
☕ အသားအရေ တင်းရင်းစေပြီး
☕ အိုမင်းရင့်ရော်မှုကို နှေးကွးစေခြင်း
☕ေ သွးထဲမှ အဆီဓာတ်ကိုထိန်းညှိပေးပြီး
☕ အလေးချိန်မတက်စေရန် ကာကွယ်ပေးခြင်း
☕ေ သွးချို ဆီးချို ကိုကာကွယ်ပေးခြင်း
☕ အစားစားချင်စိတ်ကိုလျှော့ကျစေပြီး ဝိတ်ကျစေခြင်း
☕ အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကပ်ညှိနေသော အညစ်အကြေးများကို
ဖယ်ရှားပေးခြင်း
☕ အရိုးများကို သန်မာစေခြင်း
☕ နှလုံးရောဂါဖြစ်မှုကို ကာကွယ်ပေးခြင်း
☕ ရင်တုန်မှုကင်းဝေးစေခြင်း
☕ သွေးပေါင်ကိုထိန်းပေးခြင်း
☕ ဝမ်းမှန်စေခြင်း အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း

သောက်နည်း အညွှန်း။။ ။။။
မနက်စာမစားမှီ ၁၅မိနစ်အလို ၁ထုပ်။
ညစာ အစားထိုး ကော်ဖီ အဖြစ် ၁ထုပ် ။
၁နေ့ ၂ထုပ် သောက်သုံးနိုင်ပါတယ်။

PHYTPVY နှင့် Slimming Coffee ဖြင့် ၀ိတ်ချနေစဉ် ကာလာအတွင်း ညနေစာနှင့် ညစာကို ရှောင်ပေးရပါမယ်။
တိတိကျကျ သောက်သုံးပေးရင် ၁လအတွင်း ပေါင် ၁၀- ၂၀ ကြားထိ အဆီပိုများ ကျသွားပါမည်။

နယ်က မှာယူတဲ့ customers များအနေဖြင့် အော်ဒါမှာယူပြီးပါက ဘဏ်သို့ငွေအရင်လွဲပေးရပါမယ်။ ငွေလွဲပြီးပါက ပြေစာကို page's message box ထဲသို့ ငွေလွဲထားကြောင်း

" လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက် "


လိပ်ခေါင်းရောဂါနှင့် မြင်းသရိုက်ရောဂါများအတွက် သဘာဝဆေးနည်းကောင်း တစ်ခွက်ကို ညွန်ပေးလိုက်ပါတယ်။

ဆေးနည်းကတော့-

နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး ၄င်းဆေးလုံးကို နံနက်တစ်လုံး၊ ညတစ်လုံးစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများကို

" ကြောင်တို့ရွာ (သို့) ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးခဲ့သော မြန်မာ့မျိုးရင်းကြောင် "

 
ကြောင်ချစ်သူတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေကြားမှာ ရေပန်းစားလာတဲ့
အင်းလေးက cat village

Burmese cat လို့ နိုင်ငံတကာမှာ ခေါ်ကြတဲ့ မြန်မာကြောင်တွေဟာ တစ်ချိန်
တုန်းကတော့ မြန်မာနိုင်ငံအနှံ့က ဘုရားကျောင်းကန်တွေ၊ အိမ်တွေမှာ အများ
အပြားတွေ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နိုင်ငံရဲ့နာမည်နဲ့ ကြောင်တွေ
ဟာ မြန်မာနိုင်ငံမှာ ရှာလို့မရလောက်အောင်ကို ရှားပါးနေပါပြီ။

လှပပြီးတော့ ပြောင်ချောနေတဲ့ အမွေးရှိတဲ့ မြန်မာကြောင်တွေဟာ ချောက
လက်ရောင်၊ အပြာနဲ့ မီးခိုးကြား စပ်အရောင်(blue-grey) နဲ့ အညိုနုရောင်
(champagne) ရောင်ဆိုပြီး ရှိတတ်ပြီးတော့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်
လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရှားပါးသွားတာဖြစ်ပါတယ်။ နိုင်ငံတွင်း
မှာ တခြားကြောင်မျိုးစိတ် တွေနဲ့ သားဖောက်တာ များလာတဲ့အခါမှာတော့ မြန်
မာကြောင်(Burmese cat) မျိုးစစ်စစ်ဆိုတာ မရှိတော့ပါဘူး။

အခုအခါမှာ Burmese cat တွေဟာ မြန်မာနိုင်ငံရဲ့အမွေအနှစ်တွေထဲက တစ်
ခုဖြစ်တယ်လို့ ယုံကြည်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာ
ဒီကြောင်တွေ ပြန်လည်ပြန့်ပွားစေဖို့ လုပ်ဆောင်နေပါပြီ။

ကျွန်မကြောင်မချစ်တတ်ပါဘူးလို့ပြောရင် ရယ်ကြလိမ့်မယ်လို့ Inle Heritage
House က မယဉ်မျိုးစု က ပြောပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆိုရင် အိမ်နား
ကကြောင်တွေက ကျွန်မမွေးထားတဲ့ ခွေးလေးကို လာလာ ကုတ်ကြတယ်လို့
သူကပြောပါတယ်။ သူ့အနားမှာကြောင်ပေါင်းများစွာဝန်းရံနေရင်းနဲ့ကို ကြောင်
တွေ မချစ်ဘူးလို့ သူပြောနေပေမယ့် တကယ်တမ်းတော့ ကြောင်ချစ်သူတစ်ဦး

" မိမိ၏မွေးရက် နှင့် မိမိ ရဲ့ ပင်ကိုစိတ်ကိုသိနိုင် "

 
အေးချမ်းသာယာပြီးပျော်ရွှင်စရာကောင်းတဲ့ နေ့ လေးမှာ သူငယ်ချင်း
တို့ ရဲ့ မွေးရက်လေးနဲ့  စိတ်ကိုသိနိုင်အောင် ဖက်ကြည့်ကြရအောင်...
သူငယ်ချင်းတို့ ရဲ့ နံပါတ်လေးတွေလဲ ရေးခဲ့ပေးကြဖို့ မမေ့ကြနဲ့ ဦးနော်..

နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..

နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

နံပါတ် (၄)
မင်းဟာ ခေါင်းအလွန်မာတဲ့သူ တဦးပါ..

နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..

နံပါတ် (၆)
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..

နံပါတ် (၇)
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..

နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..

" မိန်းကလေးတယောက်ရဲ့ ခံယူချက်ကို သဘောကျလို့ ပြန်လည်မျှဝေပေးတာပါ "

 
ကျွန်မ ပါးပြင်နုနု ရှင် နမ်းရှိုက်ပြီး အသိတရားမဲ့တဲ့အခါ
ရှင့်ပါးပြင်ကို ရိုက်မယ့်သူနဲ့ တွေ့မယ် ဆိုတာမမေ့နဲ့
............
ကျွန်မ လက်ကို အပျော်သဘော ဆုပ်ကိုင်ပြီးထားခဲ့တဲ့အခါ
ရှင့်လက်ကို အပျက်သဘောနဲ့ ဆုပ်ကိုင်မယ့်သူနဲ့ တွေ့မယ်ဆိုတာမမေ့နဲ့
...............
ကျွန်မ ဘဝကို ရေနစ်အောင် တွန်းချပြီးတဲ့အခါ
ရှင့် ဘဝကို နွံထဲဆွဲချမယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့
...........
ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်ပြီးတဲ့အခါ
ရှင့်ရဲ့ အချစ်တွေကိုလည်း ဟားတိုက်မယ့်သူနဲ့ တွေ့မယ်ဆိုတာမမေ့နဲ့
..........
ကျွန်မ သံယောဇဉ်ကို မျက်ကွယ်ပြုတဲ့အခါ
ရှင့်ရဲ့မေတ္တာတရားကိုလည်း စုံလုံးကန်းမယ့်သူနဲ့တွေ့မယ်ဆိုတာမမေ့နဲ့
............
ကျွန်မအပေါ်သစ္စာမဲ့ပြီးတဲ့အခါ
ရှင့်နောက်ကွယ်မှာ ဖောက်ပြန်တဲ့သူနဲ့တွေ့မယ်ဆိုတာမမေ့နဲ့

June 3, 2016

" မော်လမြိုင် ပဲလိပ် "

 
မော်လမြိုင်ပဲလိပ်
မော်လမြိုင်မြို့ကို အလည် ရောက်ရင်တော့ သွားစားသင့်တဲ့အစားအစာတွေ စာရင်းမှာတော့ ရေစိမ်မုန့်တီ၊သင်္ကြန် ထမင်းတို့အပြင် ပဲလိပ်လည်း ပါဝင်ပါတယ်။ ပဲလိပ်ကို ဆိုင်အမျိုးမျိုးက ရောင်းကြပေမဲ့ မော်လမြိုင် မရမ်းကုန်းရပ်၊ရတနာမွန်ဆေးခန်းအနီးက ပလက်ဖောင်းလေးမှာ ညနေ ၄နာရီ၁၅ ကနေ ၅နာရီ အတွင်း ရောင်းတဲ့ပဲလိပ်ကိုတော့ အကြိုက်ဆုံးပါပဲ။ ပိုလုပ်ရင် မကုန်တတ်လို့ နေ့တိုင်း ပုံမှန်အရေအတွက် သာလုပ်လေ့ရှိပြီ စောစော သွားစောင့်စားမှသာ တသက်စွဲစေမဲ့ ပဲလိပ်ကို စားရမှာမို့ ရွှေမြိုင်ကို အလည် သွားမည့်သူများ အချိန်ရရင်သွားစားကြပါလို့ လက်တို့လိုက်ပါရစေနော်။
အချိန်မရရင်တော့ အခုလိုလေး ချက်စားကြရအောင်......
ပါဝင်ပစ္စည်းများ
....................
ပဲဟင်းရည်အတွက်
***********
၁။ ကုလားပဲ နို့ဆီဗူး တဝက် (သို့)
ထမင်းပေါင်းအိုးဆန်ချိန်ခွက် တခွက်
၂။ ကြက်သွန်နီ ၁လုံး
၃။ ဆား ထမင်းစားဇွန်း ၁/၂ဇွန်း

" သင့်ချစ်သူကို သင်က ဘာကြောင့် ချစ်တာလဲ သေချာသိရဲ့လား "

လူတိုင်း လူတိုင်းမှာ ဘဝရဲ့ လက်တွဲဖော် ဘဝရဲ့ ပဲ့ကိုင်ရှင် ဆိုတာ လိုအပ်ပါတယ်။ လိုအပ်တယ်ဆိုပေမယ့် သင့်ရဲ့ လိုအပ်မှုက ဘယ်လို လိုအပ်မှုမျိုးလဲ ဆိုတာလဲ သင်သိကို သိထားသင့်တယ်။

၁။ မိန်းကလေး တစ်ယောက်ရဲ့ လှပတင့်တယ်မှု မျက်လုံး မျက်ခုံး ခန္ဓာကိုယ် အချိုးအဆစ် နဲ့ သူ့ရဲ့ အပေါ်ယံဖြစ်တည်မှုကို ချစ်တယ်ဆိုတာ ( Love ) မဟုတ်ပါဘူး။ ( Lust ) လို့ခေါ်တဲ့ တပ်မက်မှု တဏှာရာဂ စွဲလန်းမှု ဖြစ်ပါတယ်။

၂။ မိန်းကလေး တစ်ယောက်ရဲ့ ညဏ်ရည် ညဏ်သွေး ၊ စွမ်းဆောင်နိုင်စွမ်း နဲ့ ဘဝပေးအခြေအနေကို သဘောကျလို့ ချစ်တာက ( Love ) မဟုတ်ပါဘူး။ ( Admiration ) လို့ခေါ်တဲ့ လေးစား သဘောကျမှု သက်သက် ဖြစ်ပါတယ်။

၃။ မိန်းကလေး တစ်ယောက်ရဲ့ အပြောအဆို နေထိုင်မှုက အားကျစရာကောင်းလောက်အောင် အများထက်သာနေတာကို ချစ်တာက ( Love ) မဟုတ်ပါဘူး။ ( Hysterical ) လို့ခေါ်တဲ့ လိုချင် ပြင်းပြမှု သဘောဘဲ ဖြစ်ပါတယ်။

၎။ မိန်းကလေး တစ်ယောက်ကို စွန့်ခွါထားခဲ့ချိန်မှာ သူက ငိုတယ်။ သူ ငိုတဲ့ အခါ သင်က သူငိုတာလေးကို ချစ်တယ် ဆိုတာ

" မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင် "

 
 မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင် ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။

ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။
ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်

" အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ "

01-06-2016
မလေးရှားနိုင်ငံမှာ အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။ ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ ဆေဒင်အမည်ရှိ လူငယ်လေးဟာ ပြီးခဲ့တဲ့ (၄)လလောက်ကတည်းက ၀မ်းဗိုက်နာကျင်မှုကြောင့် ဆေးရုံတင်ကုသ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်အထိ ဆရာဝန်တွေက ဘယ်လိုအကြောင်းရင်းမျိုးကြောင့် ၀မ်းဗိုက်နာကျင်ရတယ်ဆိုတာကို အဖြေရှာမရခဲ့ဘဲ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ အစာအိမ်ထဲမှာ သန္ဓေသားရှိနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 ဆေဒင်ရဲ့ ဗိုက်ထဲက သန္ဓေသားဟာ သူနဲ့အတူသန္ဓေတည်ခဲတဲ့ အမွှာဖြစ်ပြီး၊ အဲဒီ သန္ဓေသားဟာ အောင်မြင်ဖွံ့ဖြိုးခြင်း မရှိဘဲ ဆေဒင်ရဲ့ အစာအိမ်ထဲကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို မအောင်မြင်တဲ့ သန္ဓေသားတွေအသက်ရှင်လျက် မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ ဆေဒင်ရဲ့အစာအိမ်ထဲမှာ တွေ့ရှိခဲ့တဲ့ သန္ဓေသားဟာ တော်တော်ဖွံ့ဖြိုးနေပြီး ဆံပင်တွေတောင်ပေါက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန္ဓေသားဟာ ယောင်္ကျား၊ မိန်းမကွဲပြားတော့မဲ့ အခြေအနေထိရောက်နေပြီး ခြေထောက်တွေတောင် ဖွံ့ဖြိုးနေပြီဖြစ်တယ်လို့

" သူနာပြုဆရာမများကို ဘဝလက်တွဲဖော်ဖြင့် ရွေးချယ်သင့်သော အချက် "

 

❤️ သူနာပြုဆရာမများ ဖြစ်လို့ လူနာများကို ပြုစုရသည့်အတွက် စိတ်နှလုံးလေးတွေ အရမ်းနူးညံ့ကြတယ
Duty ချိန်မှာပဲ အချိန်ကုန်နေရခြင်းကြောင့်
တခြားယောင်္ကျားလေးများနဲ့ စိတ်မပူပင်ရခြင်
❤️ လူနါများ ရဲ့ ရောဂါကို ပျောက်အောင် ကုပေးနေတာဆိုတော့ သင့်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့ကတော့ အေးဆေးပါ
❤️ ဆေးအတတ်ပညာ တတ်ကျွမ်းသူလည်း ဖြစ်တာမို့ သင့်ရဲ့ သာမန်ကျန်းမာရေးကိုတော့ ကောင်းကောင်း ဂရုစိုက်ပေးနိုင်ပါတယ်
❤️ အရမ်းခတ်တဲ့ ကျောင်းစာတွေကိုတောင် ကျတ်လာခဲ့တာမို့ သင်နဲ့ပတ်သတ်တဲ့ အမှတ်တရ အကြောင်းအရာတွေကိုတော့ မေ့နေမှာ မမှတ်မိမှာမျိုး လုံးဝမရှိစေရပါဘူး
မြန်မာဆန်ဆန် ရင်ဖုံး အင်္ကျီနဲ့မို့ hot shot ဖြစ်နေမှာလည်း ပူစရာမလိုပါဘူး
❤️ လူငယ် သဘာဝ night out ထွက်မှာ စိတ်ပူလား အဆောင်ပိတ်ချန် ညနေ ၆:၀၀ ပါ
❤️ အပြင်သွားရင် အတိုအတက်နဲ့ ဖြစ်နေမှာလည်း စိတ်မပူနဲ့ စကပ် ဒူးအထက်ထက် ပိုပြီး အဆောင်ပြင် မထွက်ရတာ အဆောင် စည်းကမ်းထဲက တစ်ခုပဲ
❤️ မိဘနဲ့ ဝေးပြီး နေရလို့လည်း အိမ်မှု ကိစ္စက ကျွမ်းကျင်ပြီးသား အဆောင်မှာ ကိုယ့်ဟာကိုယ် လုပ်ရတယ်လေ
❤️ ဝမ်းရေးအတွက်လည်း မပူနဲ့ ကမ္ဘာကြီးပျက်စီးတာတောင် ထမင့းမငတ်ပါဘူး... ဒါ့အပြင် လခစား ဝန်ထမ်းအဖြစ်လည်

" ပျီုမေတို့အတွက် အလှအပဆိုင်ရာ ပစ္စည်းများ " (မောင်ပေါက်)

 Online ဈေးကွက်မှာ အရောင်းသွက်တဲ့ ပျိုမေတို့အတွက် အလှအပဆိုင်ရာ ပစ္စည်းတွေကို မိတ်ဆက်လိုက်ပါတယ်..
-
24K Gold Beauty Bar


မျက်နှာလေး V-shaped ဖြစ်ချင်သလား?
👉မေးနှစ်ထပ်ဖြစ်လို့် စိတ်ညစ်နေလား?
👉မျက်အိတ်တွဲကျလို့ အလှပျက်နေလား?
👉အရေးအကြောင်းတွေကြောင့် ငယ်ရွယ်နုပျိုမှု အသားရေတင်းရင်းမှုတွေ ပျောက်ဆုံးနေပြီလား?
👉အဆီပြန်လွန်းတဲ့အသားရေကြောင့် ဝက်ခြံတွေနဲ့အသားရေကြမ်းတမ်းနေပြီလား?
👉မျက်နှာနဲ့ တကိုယ်လုံးက အဆီပိုတွေ ကျချင်သလား?
👏Just 10minutes. Come on!👏👏
တနေ့ကို ၁၀မိနစ်ပဲ အချိန်ပေးပါရှင့် အပေါ်က မေးခွန်းတွေ အားလုံးကို ဖြေရှင်းပေးမယ့် gold bar လေးလာပါပြီ တမျိုးထဲဝယ်ယူထားရုံနဲ့ ဘက်စုံ အသုံးတည့်တဲ့စက်လေးပါရှင့် မျက်နှာပြင်မှ အဆီပိုများကင်းဝေးပြီး V shapedလေးဖြစ်လာမှာနော် နေ့စဉ်အသုံးပြုပေးပါက အရေးအကြောင်းများ လျော့ပါးလာပြီး အသားရေတင်းရင်းလာစေမှာပါ.. ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကို အားပေးလို့ ငယ်ရွယ်နုပျိုသော အသားရေလေးပြန်လည်ရရှိမှာပါနော်

အသုံးပြုပုံ📌📌📌
တနေ့ ဆယ်မိနစ်ခန့် မျက်နှာအောက်မှအပေါ်သို့် ပင့်တင်ပြီး ပွတ်ပေးရမှာပါရှင့် အဆီကျချင်တဲ့နေရာများကို နေ့စဉ်

June 2, 2016

" လေ့ကျင့်ခန်း လုပ်စရာမလိုပဲ ဗိုက်သားချပ်မယ့် နည်းလမ်း (၈) ခု "

ရုပ်ရည်သွင်ပြင် လက္ခဏာကြည့်ကောင်းစေဖို့အတွက် ဗိုက်သားတစ်ဝိုက်ဟာ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ အရေးပါလှပါတယ်။ ဗိုက်သားတွေ ချပ်ရပ်လှပနေတာဟာ အားလုံးတောင့်တကြတဲ့ အရာတစ်ခုပါ။

လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဗိုက်သားတွေ ချပ်ရပ်လှပစေဖိုပ နည်းလမ်း (၇) ခုရှိပါတယ်။

၁။ ဆားများများသုံးတာ ရှောင်

ဟင်းခပ်ဆားများများ သုံးတာရှောင်ရပါမယ်။ ဆားက အတော်အသင့်စားမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် များများသုံးစွဲရင်တော့ သင်ရေများများ သောက်မိမှာ ဖြစ်ပြီး အထဲမှာ ရောက်နေတဲ့ ဆိုဒီယမ်ဓာတ်တွေနဲ့ပေါင်းပြီး သင့်ခါးပိုတုတ်လာပါလိမ့်မယ်။

၂။ ပီကေ မစားနဲ့

ခါးလှလှ၊ ဗိုက်ချပ်ချပ်ဖြစ်ချင်ရင် ပီကေးမစားပါနဲ့။ ပီကေစားတဲ့အခါ သင့်ဗိုက်ထဲကို ပြင်ပကလေတွေ ပုံမှန်ထက်ပိုပြီး ရောက်လာနိုင်ပါတယ်။ နောက်ပြီး ပီကေစားတဲ့အခါ သင့်ဝမ်းထဲမှာ ဂတ်စ်တွေ ပြည့်ပြီး ဗိုက်ပူလာနိုင်ပါတယ်။

၃။ ဘီယာ  မသောက်နဲ့

 ဘီယာက ဗိုက်ပူစေတာ အတော်များများသိပါတယ်။ အယ်လ်ကိုဟောလ် သင့်အစာအိမ်ထဲမှာရှိပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုလည်း ပိုအားကောင်းအောင် လုပ်ပေးတယ်ဆိုတာ သတိချပ်ပါ။

၎။ သရေစာရှောင်

ဖြစ်နိုင်ရင်တော့ အိမ်ကချက်တဲ့ ထမင်း၊ ဟင်းတွေကိုသာ စားပါ။ အသင့်စားနိုင်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော်၊ ဆန်းဒွစ်ခ်ျနဲ့

" အမျိုးသမီးများရေချိုးပြီးရင် လုပ်သင့်တဲ့ အရေးကြီးဆုံးအရာ "

 
တစ်ခါတစ်လေ အမျိုးသမီးတွေဟာ ရေချိုးပြီးရင် အလျင်စလို အတွင်းခံဘောင်းဘီကို ဝတ်ဆင်တတ်ကြပါတယ်။

တကယ်တော့ ဒီလိုမျိုးဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေအတွက် အန္တာရာယ်ရှိပါတယ်။ FemCare ရဲ့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ Jason James က “ရေချိုးပြီးတာနဲ့ အဝတ်အစားမဝတ်ခင်မှာ လိင်အင်္ဂါအပြင်ဘက်အပိုင်းကို ကိုယ်သုတ်ပဝါနဲ့ညင်သာစွာ သုတ်ပေးသင့်ပါတယ်”လို့ဆိုပါတယ်။

ဒီအချက်ဟာ အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးပါတယ်။ အကယ်၍ လိင်အင်္ဂါနားတစ်ဝိုက်မှာ စိုစွတ်နေတဲ့အတိုင်းအဝတ်အစား အလျင်စလိုဝတ်လိုက်မိရင် မှိုစွဲတဲ့ရောဂါဖြစ်လာဖို့ရာခိုင်နှုန်းများပါတယ်။ James က “အကယ်၍ သင်က ရေချိုးပြီးကာစမှာ အဝတ်အစားတွေကို ဝတ်ဆင်လိုက်ရင် စိုထိုင်းမှုကို ပိတ်လှောင်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒီအချက်က ဘက်တီးရီးယားတွေကိုပိုမိုပေါက်ဖွားစေနိုင်ပါတယ်။ မှိုစွဲတဲ့ရောဂါမျိုးတွေဖြစ်လာနိုင်ပါတယ်”လို့ဆိုပါတယ်။

ဒီလိုမှိုစွဲတဲ့ရောဂါမျိုးကတော့ ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူး။ ဖြစ်ဖူးသူများရဲ့အတွေ့အကြံအရ အတော်ဆိုးရွာကြောင်းလည်း Jamesကရှင်းပြခဲ့ပါတယ်။ အစိုဓာတ်နဲ့ အတွင်းခံပွတ်တိုက်မှုက ယားယံခြင်းက စတင်စေကာ pHပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်။ ဒီလိုမဖြစ်ချင်ရင်တော့ လုပ်လို့ရတာ ၂ခုရှိပါတယ်။ ပထမတစ်ခုက

" ရှူးဖိနပ် စီးရတာ အရမ်းကြပ်နေရင် ဒီနည်းကို အသုံးပြုကြည့်စေချင် "

သဘာဝပစ္စည်း သားရေ အဓိကဖြင့် ပြုလုပ်ထားတဲ့ ရှူးဖိနပ်တွေ စီးရတာ ကြပ်နေတယ်လို့ ထင်ရင် စိတ်မပျက်ပါနဲ့။ ဒီပြသနာအတွက် ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။

ထိပ်ပိတ်ထားနိုင်တဲ့ ပလတ်စတစ်အိတ်နှစ်လုံးယူပြီး ရေထည့်ပါ။ ထိုရေဖြည့်ထားတဲ့ ပလတ်စတစ်အိတ်တွေကို ရှူးဖိနပ်ထဲထည့်ပြီး ဖိနပ်ကို freezer ထဲ ထည့်ထားလိုက်ပါ။

ရေခဲသွားတဲ့အခါ ရှူးဖိနပ်ကို freezer က ထုတ်ယူပြီး ရေခဲ အရည်ပျော်အောင် မိနစ် ၂၀ ထားပါ။ ပလတ်စတစ်အိတ်

" မိန်းမရဲ့ အချစ် ... "

တစ်နေ့မှာ အမျိုးသားတစ်ဦးဟာ ရုံးကနေ အိမ်ကို စောစောပြန်ရောက်လာပါတယ်။
မိန်းမဖြစ်သူကို တခြားယောက်ျား တစ်ယောက်နဲ့ တွေ့လိုက်ရတာမို့ အမျိုးသားဟာ
အံ့ဩတုန်လှုပ်သွားပြီး အိပ်ခန်းထဲကနေ မောင်းထုတ်လိုက်ပါတယ်။
ယောက်ျား (တခြားအမျိုးသားကို) - "မင်းက ဒီမှာ ဘာလာ လုပ်တာလဲ"
တခြားအမျိုးသား - "ခင်ဗျား မိန်းမကို ချစ်လို့ပါဗျာ။ သူကလည်း ကျွန်တော့်ကို ချစ်တယ်လေ"
ယောက်ျား - "ဟေ့ကောင်.. ငါ့မိန်းမက ငါ့ကိုပဲ ချစ်တာ ငါသိတယ်ကွ။ မင်းကို ချစ်တယ်ဆိုတာ
မမှန်ဘူး"
အချိန်တော်တော်ကြာ ဆွေးနွေးပြီးတဲ့နောက်မှာ အမျိုးသားနှစ်ဦးဟာ သေနတ်နဲ့ တစ်ယောက်ကို
တစ်ယောက်ပစ်ပြီး သေချင်ဟန်ဆောင်ကြဖို့ သဘောတူလိုက်ကြပါတယ်။
အနားဆီ အမျိုးသမီး ပြေးလာပြီး ငိုကြွေးခံရသူကို ပိုပြီးအချစ်ခံရတဲ့သူလို့ သတ်မှတ်မယ်လို့လည်း
ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ သေနတ်သံတွေ ကြားရတဲ့အခါ အမျိုးသမီးဟာ အိပ်ခန်းထဲကို ပြေးဝင်သွားပါတော့တယ်။
အသက်မဲ့နေတဲ့ အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ တုန်လှုပ်သွားပြီး
စူးစိုက်ကြည့်နေပါတော့တယ်။
ခဏအကြာမှာတော့ အရမ်းကို ပျော်ရွှင်သွားတဲ့ အသံနဲ့ အားပါးတရ ရယ်မောလိုက်ပြီး

" ထိုင်းနိုင်ငံမှ ကျားဘုန်းကြီးကျောင်းအတွင်း ကျားပေါက် အကောင် ၄၀ ၏ အလောင်းများ ရှာတွေ့ "

ကျားဘုန်းကြီးကျောင်းဟု နာမည်ကြီးသည့် ထိုင်းဘုန်းတော်ကြီးကျောင်းအတွင်း ကျားပေါက်ကလေး ၄၀ ၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
ကန်ချာနာဘူရီရှိ ဝတ်ဖာလျံတာဘွာ ဘုန်းကြီးကျောင်းသည် ကျားကောင်ရေ ၁၄၀ မျှကို မွေးမြူထားပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့သလို ကျားဘုန်းကြီးကျောင်းအဖြစ် လူသိများခဲ့သည်။ သို့သော် ဘုန်းကြီးကျောင်းသည် တိရစ္ဆာန် မှောင်ခိုဈေးကွက်နှင့် ဆက်စပ်နေသလို တိရစ္ဆာန် ညှင်းပန်းမှုများလည်း ရှိနေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်နေခဲ့သည်။
ထို့နောက်တွင်မူ တရားရုံး ဆုံးဖြတ်ချက်အရ အာဏာပိုင်များက မေ ၃၀ ရက်မှစကာ ကျားများကို မေ့ဆေးပေး ဖမ်းဆီးပြီး သဘာဝ ဘေးမဲ့တောများသို့ ပို့ဆောင်ရန် စတင် လုပ်ဆောင်ခဲ့သည်။ ဘုန်းကြီးကျောင်း ဧရိယာမှာ ကျယ်ပြောလွန်းသဖြင့် အဆိုပါ လုပ်ငန်းစဉ်သည် တစ်ပတ်မျှ အနည်းဆုံး ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
ဇွန် ၁ ရက်တွင်မူ မမျှော်လင့်ဘဲ ကျားငယ်အကောင် ၄၀ ၏ ရုပ်ကြွင်းအလောင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များပေါ်တွင် အဆိုပါ ကျားငယ်များ၏ အလောင်းများ ကြမ်းပြင်ပေါ် စီတန်းချထားသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာသည်။
ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့နှင့် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန ဝန်ထမ်းများ စတင်စီးနင်းသည့် နေ့ကတည်းက ပြင်ပဧည့်သည် ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။ စစ်ဆေးမှုများအရ အဆိုပါ

'‘ဟန်သီသင်လာတဲ့ အနုပညာကို ချပြချင်ပါတယ် ဟန်သီ့ကို အနုပညာလောကကနေ ကြိုဆိုကြမယ်ဆိုရင်တော့ ဟန်သီ အရမ်းပျော်မှာပါ’’

မြန်မာပြည် အနုပညာလုပ်ငန်းများ၊ ပရိသတ်များနှင့် အချိန်တစ်နှစ်ခန့်ဝေးကွာခဲ့ပြီး အမေရိကတွင် ပညာသင်ကြားခဲ့သည့်မော်ဒယ် ဟန်သီ၏ ပြည်ပ၌ ပညာသင်ကြားခဲ့သည့် အတွေ့အကြုံအချို့ကို မေးမြန်းခဲ့ပါသည်။

ဟန်သီသည် ဇွန်လ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး အနုပညာလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင်တော့မည်ဖြစ်သည်။ ရေရှည်တွင် အောင်မြင်သည့် အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်သွားရန် ဆန္ဒရှိသည့် ဟန်သီ၏ ရင်တွင်းစကားများကို ဖော်ပြလိုက်ပါသည်။

ဟန်သီရဲ့ အမေရိကမှာ ကျောင်းတက်ခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးပါဦး။
အမေရိကမှာ ကျောင်းတက်ရတာ ရောက်စကနေ ခြောက်လအထိ မေမေက လိုက်စောင့်ပေးလို့ စားရေးသောက်ရေးက အဆင်ပြေပါတယ်။ ရောက်စက နယူးဂျာစီကနေ မြို့ထဲအထိ ကျောင်းတက်ရတော့ သွားရေးလာရေး အခက်အခဲရှိတော့ တစ်လခွဲလောက်နေပြီး ကွင်းစ်ကို ပြောင်းလာပါတယ်။ မြန်မာလူမျိုးပိုင်အိမ်မှာနေရတော့ မြန်မာအစားအစာ ပဲပြုတ်ကအစ  အိမ်ရှင်က စီစဉ်ပေးတဲ့အပြင် အခန်းဖော်တွေကလည်း မြန်မာလူမျိုးတွေ ဆိုတော့
နေရထိုင်ရတာ အဆင်ပြေပါတယ်။ Subwayနဲ့လည်း နီးတော့ သွားရတာလည်း  အဆင်ပြေပါတယ်။ ဟန်သီ့ကျောင်းက BatteryPark မှာဆိုတော့ ရထား နှစ်ဆင့်တော့ ပြောင်းစီးရပါတယ်။ ကျောင်းက တနင်္ဂနွေနဲ့ တနင်္လာ
ပိတ်ပါတယ်။ စနေနေ့ တစ်ခါတလေ ရထားမလာတတ်လို့ စိတ်ရှုပ်ရတာ တွေတော့ ရှိခဲ့တယ်။

ညီမလေးသင်ကြားခဲ့တဲ့ ပညာရပ်တွေ အကြောင်းလည်း ပြောပြပေးပါ။
ကျောင်းက တစ်နှစ်သင်တန်း Acting For Film ဘာသာရပ်ကို New York Film Academy မှာ

June 1, 2016

" အချိန်တိုင်း ကိုယ့်ချစ်သူ ပျော်စေဖို့ ရှောင်ရန်/ဆောင်ရန်များ "

 
အချစ်ရေး တစ်ခုမှာ ဘာတွေ ကို လုပ်ဆောင်သင့်ပြီး ဘာတွေကို ရှောင်ရှားသင့်တယ် ဆိုတဲ့ ယေဘူယျ အကြံပြုချက်တွေကို သင် ဖတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အချိန် တစ်ခုချင်းဆီမှာရော ဘာတွေ ကို လုပ်ဆောင် ပြီး ဘာတွေကို ရှောင်ရှား ရမလဲ။ အချစ်ရေးလို့ ပြောလိုက်တာနဲ့ ကိုယ့်ချစ်သူကို ပျော်အောင် ထားနိုင်ဖို့ ကြိုးစားရမှာ က အဓိက လုပ်ငန်းစဉ် ဖြစ်နေသလို ချစ်သူ ပျော်မှသာ အချစ်ရေးတစ်ခုက တည်မြဲနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ချစ်သူနဲ့ တွေ့ကြုံဆက်ဆံ ရတဲ့ အချိန်တိုင်းမှာ ဆောင်ရန်/ရှောင်ရန် ရှိတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အပြန်အလှန်စာပို့တဲ့အချိန်

အချိန်တိုင်း ကိုယ့်ချစ်သူ ကို အရင်ဆုံးတွေးမိတဲ့အကြောင်း ပြသနိုင်စေဖို့ “ကောင်းသောမနက်ခင်းပါ” ၊ “ကောင်းသောညပါ” အစရှိတဲ့ စာတိုတွေကို ပို့တာမျိုးကတော့ လုပ်ဆောင်သင့်တဲ့ အရာဖြစ်သလို သူတို့ပို့တဲ့ မက်ဆေ့ဂ်ျ စာတိုတွေကို လစ်လျူရှုထားပြီး လူမှု ကွန်ရက်မှာတော့ Active ဖြစ်နေတာကို ကိုယ့်ချစ်သူ မြင်သွားမယ့် အဖြစ်ကတော့ ရှောင်ရှားရမှာ ပဲ ဖြစ်ပါတယ်။

စကားပြောဆိုကြတဲ့အချိန်

သင့် ချစ်သူနဲ့ ပတ်သက်တဲ့ သင့်ရဲ့  ခံစားချက်တွေကို ရတဲ့နည်းနဲ့ ထည့်သွင်း ပြောပြနေတာမျိုးဟာ လုပ်ဆောင်သင့်တဲ့အရာ ဖြစ်ပါတယ်။ အချစ်ရေး တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ဟာ ဘယ်လောက်ထိ အပြန်အလှန် အရေးပါ မှီခိုနေတယ်ဆိုတဲ့ အသိဟာ အချစ်ရေးတစ်ခုကို ရေရှည်တည်မြဲစေပါတယ်။ ရှောင်ရှားရမှာက အဲဒီ စကားတွေ ရပ်တန့်လိုက်ခြင်းကိုပါ။ သင့် ခံစားချက်တွေ ပြောပြနေခြင်းကို လုံးဝ မရပ်လိုက်ပါနဲ့။ ဒီစကားတွေက ဘယ်တော့ မှ

" မော်ဒယ်မမတွေရဲ့ ဟာသဆန်ဖွယ် မတော်တဆဖြစ်မှုများ "


မူရင်းလင့် https://youtu.be/xqVmnMvF2E0

 

" ရွှေပိသာဝတ်သူ ယိုးဒယာ အမျိုးသမီးကြီး အလုခံရ "

 
ရွှေတွေကို ပိသာလိုက် ဝတ်ဆင်သွားလာ ကြွားဝါတတ်တဲ့ ယိုးဒယားက အန်တီကြီးကို မှတ်မိကြမှာပါ။
ခုတော့ လက်ကိုဖြတ်၊ ဗိုက်ကိုဖွင့်ပြီး ရွှေတွေကို လုယက်ခံလိုက်ရကြောင်း သိရပါ တယ်။
Ko Ko Zin လှုပ်လှုပ်ရှားရှားမန္တလေးသတင်းမျာ

" သွေးကြောများအတွင်း ပိတ်ဆို့နေသောအဆီများကို ရှင်းထုတ်ခြင်း "

 
ကျော်မသွားနဲ့ ဖတ်ပါ။ မိမိ friends များအတွက် ရှယ်ပေးပါ။ အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့ အကြောင်းရင်းတွေကို ပြောပြခဲ့တယ်။

ဒီအပတ်မှာတော့ အဲဒီ့လို ပိတ်ဆို့နေတာကို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်တဲ့ နည်းကောင်းတစ်ခုကို ပေးပါမယ်။
America မှာ ချမ်းသာတဲ့ တရုတ်လူမျိုး တစ်ယောက် ရှိပါတယ်။ ဝက်သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတန်းစားလေ့ရှိသူပေါ့။ လှုပ်ရှားမှုကလည်း သိပ်မရှိဘဲ ဇိမ်ခံတာသာ များတယ်။ အသက်နဲနဲ ရလာတော့ ရင်ဘတ်က အောင့်အောင့်လာတယ်။ ဒါနဲ့သူလည်း ဆရာဝန်ကိုသွားပြရတာပေါ့။ ဆရာဝန်ကစစ်ကြည့်လိုက်တော့ နှလုံးသွေးကြောတွေ ၃ချောင်းလုံး 90% ပိတ်နေပြီ။ ခွဲစိတ်ကုသမှရမယ်ဆိုပြီး သူကိုရက်ချိန်းပေးလိုက်ပါတယ်။ သူလည်း စိတ်တော်တော်ညစ်သွားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေဆီကို သွားပါတယ်။

တိုင်းရင်းဆေး ဆရာကြီးက နေ့စဉ် ကြွက်နားရွက်မှိုကို စားခိုင်းပါတယ်။ ဘာဟင်း ချက်ချက် ကြွက်နားရွက်မှို သုံးလေး ခုလောက် ထည့်ချက်ပြီး စားခိုင်းတော့ သူလည်း မပျက်မကွက် စားပါတယ်။ ဒီလိုနဲ့ ၃ပတ်အကြာ ဆရာဝန်ဆီ ပြန်ပြတော့ သူ့ရဲ့ပိတ်နေတဲ့ နှလုံးသွေးကြော ၃ချောင်းလုံးဟာ လုံးဝ ပြန်ပွင့်သွားတာကို တွေ့ရပါတယ်။ ဆရာဝန်က မယုံလို့ အကြိမ်ကြိမ် ပြန်စစ်ပေမဲ့ အံ့သြစွာ ကောင်းလောက်အောင်ပင် သွေးကြောတွေ ရှင်းလင်း ကောင်းမွန်နေတာ တွေ့ရတော့ ခင်ဗျားဘယ်လိုများ လုပ်လိုက်တာလဲဗျာလို့ကို မေးယူရပါတယ်။ ဟုတ်ကဲ့၊ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ကြွက်နားရွက်မှိုကို နေ့စဉ် နဲနဲစီ စားခဲ့တာပါပဲဗျာလို့ သူက ပြန်ပြောတော့ ဆရာဝန်က သူ့ကို အကြိမ်ကြိမ် လက်ဆွဲ

" အစာစားရင်း အသည်းကို ဂရုစိုက်ပါ "

 
အခုခေတ် လူတွေဟာ အစားအသောက်ကို ကြုံသလို စားကြပြီး အချိန်မပေးနိုင်တဲ့လူတွေ များလာတဲ့အတွက် အပြင်စာတွေကိုပဲ စားကြတာ မျ
တဖြည်းဖြည်း များလာပါတယ်။ သတိမထားမိစေတဲ့ အချိန်တွေမှာပဲ အသည်းတွေဟာ ထိခိုက်လာရပါတယ်။ အသည်းအတွက်
ကောင်းမွန်တဲ့ အစားအသောက်ရယ်လို့ သီးခြားမရှိပေမယ့် Healthy Eating ဖြစ်အောင် စားခြင်းဖြင့် အသည်းကို ကာကွယ်နိုင်ပါတယ်။
သွေးထဲက အဆီဓာတ်တွေကို လျှော့ချပေးပြီး အစာချေစနစ်ကို ကောင်းမွန်အောင် စားသုံးပေးရင် အသည်းအတွက်ပါ ကောင်းမွန်နိုင်ပါတယ်။
အသည်းဟာ ကိုယ်ထဲမှာ ရှိတဲ့ ဒုတိယအကြီးဆုံး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အသည်းဟာ ဘယ်အရာ နာရီလက်တံအတိုင်း အလုပ်လုပ်ပြီး
ကိုယ်ထဲမှာ ရှိတဲ့ တခြား အစိတ်အပိုင်းတွေကိုပါ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးရတဲ့သူပဲ ဖြစ်ပါတယ်။ ဒီလို အရေးပါတဲ့ အသည်းအတွက်
အထောက်အကူပြုစေဖို့ ကျန်းမာစေတဲ့ အစားအသောက် တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ Lemon
လီမွန်လို့ ခေါ်တဲ့ သံပုယိုသီးဟာ အသည်းအတွက် ကောင်းမွန်စေမယ့် အသီးတစ်မျိုးပါ။ လီမွန်ဟာ သဘာဝအတိုင်း

" နံနံပင်ရဲ့ စူပါ အစွမ်း "

 
နံနံပင်ကို မကြိုက်သူ များပါတယ်။ အနံ့ နံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြိုက်ကြတာပါ။ တချို့ကလည်း သွေးတက်စေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မစားပါဘူး။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ မုန့်ဟင်းခါးကိုတော့ နံနံပင် မပါဘဲ စားရင် တစ်ခုခု လိုနေသလို ခံစားရပါလိမ့်မယ်။ နံနံပင်ကို မြန်မာပြည်မှာတော့ အသုပ်၊ မုန့်ဟင်းခါးနဲ့ တခြား မုန့်ပဲသရေစာတွေမှာ ထည့်စားတဲ့ အရွက်အဖြစ် သုံးကြပါတယ်။ ဟင်းချက်တဲ့ အခါ အနံ့မွှေးစေဖို့ နံနံပင်လေး အုပ်ပြီး ချက်စားကြသလို ငပိရည်နဲ့လည်း တို့စားကြပါတယ်။
သင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နံနံပင်မှာတော့ လူတွေကို ကောင်းကျိုးပေးနိုင်တဲ့ အစွမ်းတွေ ရှိနေပါတယ်။

၁။ နံနံပင်မှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ကိုလက်စထရော ပါဝင်မှု လုံးဝမရှိပါဘူး။ အစိမ်းရောင်ရှိတဲ့ အရွက်ဖြစ်တာကြောင့် တခြားအရွက်တွေ နည်းတူ Antioxidants ပါဝင်မှု များပြီး
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီင်္၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် သွေးထဲမှာ ရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးဖို့ ကူညီနိုင်ပါတယ်။

၂။ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မက်ကနိ၊ အိုင်ယွန်းနဲ့ မက်ကနီဆီယမ်တို့ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ကိုယ်ထဲက

May 31, 2016

" ကြက်သား ပဲရည်သုပ် "

ကြက်သား ပဲရည်သုပ်,2

ကြက်သား နှင့် အသဲအမြစ် ကိုပဲရည်နဲ့ သုပ်စားတယ် ။   ဟင်းချက် စားရတာထက် တခါတလေ ဒီလိုပြောင်း လုပ်စားတော့ ထမင်းစား ကောင်းတယ် ။
ပါဝင်ပစ္စည်း
  • ကြက်သား
  • အသဲအမြစ်
  • မွှေးပဲ အစိမ်းမုန့်
  • ကြက်ဥ
  • ဆား
  • အချိုမူန့်
  • ဆနွင်း
  • ရေ
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ရှောက်ရွက်
  • ငရုပ်သီးစိမ်း
  • ငရုပ်သီးအမုန့်
  • သံပုရာသီး
  • ငံပြာရည်

" ခန္ဓာကိုယ်မှာ အလံပေါင်း သုံးရာကျော် တက်တူးထိုးထားတဲ့အဘိုးအို "

 Cxkjz6i1wpmsyr3h42re
အိန္ဒိယနိုင်ငံမှ အသက် ၇၄ နှစ်အရွယ် HarParkash Rishi, ဆိုသူဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တက်တူးများထိုးထားရာ သူ့ရဲ့ ခန္ဒာကိုယ် တစ်ခုလုံးမှာ အလံပေါင်း သုံးရာကျော် ထိုးထားပြီး စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
-
လက်ရှိအချိန်မှာ အဘိုးအိုရဲ့ ခန္ဓကိုယ်တစ်ခုလုံးမှာ စုစုပေါင်း တက်တူးအရုပ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဘိုးအိုက “ကျွန်တော် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်လို့ ၀မ်းသာပျော်ရွင်ရပါတယ်” လို့ ပြောဆိုပါတယ်။
-
သူ့ရဲ့ ခန္ဓာကိုယ်အတွင်း ထိုးထားတဲ့တက်တူးများထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်များရဲ့ ရုပ်ပုံများပါဝင်ပြီး အမေရိကန်သမ္မတအိုဘားမား၊ ဗြိတိန် ဘုရင်မကြီး အဲလိစဘတ်နဲ့ အိန္ဒိယလွတ်လပ်ရေးဖခင် ဂန္ဒီ ရုပ်ပုံများလည်း

" ဓါးနဲ့ အမွှန်းခံရပြီး မြေမြှုခံရပေမဲ့လည်း အသက်မသေခဲ့တဲ့ ကလေးငယ် "

 
ထိုင်းနိုင်ငံမှ ကလေးငယ်တစ်ဦးဟာ ဓါးနဲ့အမွှန်းခံရပြီး မြေမြှုပ်ခံရပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ဘူးလို့ သိရပါတယ်။ ကလေးငယ်ကို ဓါးနဲ့ ၁၄ ချက် မွှန်းထားပြီး ကျွင်းတစ်ခုထဲမှာ မြှုပ်ထားတာဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးက ကလေးငယ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
-
ထိုင်းနိုင်ငံမှ အသက် ၅၃ နှစ်အရွယ်ရှိ Kachit krongyut ဆိုတဲ့အမျိုးသမီးဟာ နွားကျောင်းနေချိန်မှာ ကလေးအသံကို ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးက “အစပိုင်းမှာ တိရစ္ဆာန်ကို မြေမြှုပ်ထားတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ကလေးရဲ့ခြေထောက်ကို တွေ့မြင်ပြီး စိုးရိမ်မှုတွေဖြစ်ရတယ်။ အနီးအနားကလူတွေကို အော်ခေါ်အကူအညီတောင်းခဲ့တယ်” လို့ ပြောဆိုပါတယ်။
-
ကလေးငယ်ကို မြေကြီးအတွင်းမှ တူးဖော်ပြီးနောက် ဆေးရုံကိုပို့ခဲ့ရာ ကလေးငယ် မျက်နှာမှာ ဓါးနဲ့ ၁၄ ချက် အမွှန်းခံထားရတယ်လို့ ဆရာဝန်များက ပြောဆိုပါတယ်။ ကလေးငယ်မှာ လက်ရှိအချိန်မှာ အသက်ရှင်လျက်ရှိနေပြီး

" အရိုးတွေ သန်မာဖို့ လက်ဖက်ရည်ကြမ်း သောက်ကြစို့ "

တစ်နေ့ လက်ဖက်ရည် တစ်ခွက်သောက်ခြင်းသည် အရိုးပွပြီး အရိုးကျိုးနိုင်ခြေကို သုံးပုံတစ်ပုံ လျော့ကျသွားစေကြောင်း
 လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

အထူးသဖြင့် သကြား၊ နို့တို့နှင့် ရောစပ်ခြင်း မရှိသော လက်ဖက်ရည်ကြမ်း စစ်စစ်သည် အာနိသင် အရှိဆုံးဟုလည်း သိရသည်။ လက်ဖက်ရွက် ထဲတွင်ပါသော ဖလေဗာနွိုက်ဓာတ်သည် အရိုးမပွအောင် ထိန်းပေးနိုင်စွမ်း ရှိသည်။ လက်ဖက်ရည်ကြမ်းသည် ကင်ဆာ၊ နှလုံးစသည့် အဓိက ရောဂါကြီးများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်စွမ်း ရှိကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားပြီး ဖြစ်သည်။ ယခုတစ်ဖန် အရိုးကိုပါ သန်မာစေနိုင်ကြောင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဗြိတိန် တစ်နိုင်ငံတည်းမှာပင် အမျိုးသမီး သုံးယောက်တွင် တစ်ယောက်၊ အမျိုးသား (၁၂) ယောက်တွင် တစ်ယောက်သည် အရိုးပွဝေဒနာ ခံစားနေရသည်။ ဆေးလိပ်သောက်၊ အရက်သောက်သူများ၊ မိသားစု အရိုးပွ ရာဇ၀င်ရှိသူများသည် အရိုးပွ ဝေဒနာ ခံစားရနိုင်ခြေ အများဆုံး ဖြစ်သည်။

အရိုးပွ ဝေဒနာ ခံစားနေရသူသည် အရိုးကို အမာဓာတ် ပေးစွမ်းသော ကယ်လ်စီယမ်နှင့် ဖော့စ်ဖရတ် ဓာတ်တို့ ဆုံးရှုံးမှုပိုမြန်ကာ အရိုးပွပြီး ကျိုးလွယ်သည်။ ယခု လေ့လာသုတေသနသည် ဗြိတိန် နိုင်ငံသူ (၁၂၀၀) ကို ဆယ်နှစ်ကြာ စောင့်ကြည့် လေ့လာထားခြင်း ဖြစ်သည်။

စစ်တမ်းကာလအတွင်း အမျိုးသမီး (၂၈၈) ဦး အရိုးကျိုးသည်။ ထက်ဝက်ခန့်သည် ချော်လဲကာ တင်ပါးဆုံရိုးကျိုးခြင်း ဖြစ်သည်။ စစ်တမ်း ပါဝင်သူများထဲတွင် တစ်ရက်ကို လက်ဖက်ရည်ကြမ်း သုံးခွက်နှင့်

" အိမ်ထောင်ရေး မည်သောဖိနပ်တစ်ရံ "

 
ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။

ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။

ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။

ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။

စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက

" သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုဟ် (၁၀)ဦး "


ယနေ့ခေတ် ကမ္ဘာမှာအချမ်းသာဆုံးလို့ ပြောလိုက်ရင် Bill Gates နဲ့ Warren Buffets တို့ကိုပဲ ပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်။ အခုလက်ရှိအချိန်မှာ သူတို့ထက် ချမ်းသာတဲ့သူ မရှိဘူးဆိုပေမယ့် အတိတ်သမိုင်းကြောင်းတစ်လျှောက်ကို ပြန်ကြည့်ပြီး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့က အချမ်းသာဆုံးစာရင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
ခေတ်သစ် ခေတ်ဟောင်း သမိုင်းကြောင်းတစ်လျှောက်မှာ ချမ်းသာကြွယ်ဝသူတွေက မရေမတွက်နိုင်လောက်အောင်ကို ရှိခဲ့ပါတယ်။ လူတွေက မြောက်များစွာသော စည်းစိမ်ဥစ္စာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ တစ်ချို့တွေက သွေးချောင်းစီးတိုက်ပွဲတွေကတဆင့်၊ တစ်ချို့တွေကတော့ သရဖူဆောင်းပြီးတော့ တစ်မျိုး၊ ချွေတာစုဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ ကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်ပြီးတော့ပဲဖြစ်ဖြစ် ဥစ္စာဓနတွေကို ရယူပိုင်ဆိုင်ခဲ့ကြပါတယ်။ အခုခေတ်ကာလမှာ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုဟ်အများစုက တောင်လိုပုံနေတဲ့ ငွေကြေးဥစ္စာတွေကို စီးပွားရေးလုပ်ငန်းတွေကတဆင့်ရှာဖွေတည်ဆောက်ခဲ့ကြပေမယ့် သမိုင်းကြောင်းထဲမှာတော့ အကြမ်းဖက်မှုတွေ ပိုများခဲ့ပါတယ်။
ဒီတော့ အခုအချိန်အထိ အချမ်းသာဆုံးဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုဟ်က ဘယ်သူဖြစ်မလဲ? Alexendar the Great Genghis Khan King Solomon တို့လို သမိုင်းဝင်ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုဟ်တွေဖြစ်ပေမယ့် ပိုင်ဆိုင်မှုကို စာရင်းကောက်ဖို့ မလွယ်တော့သူတွေကို ဖယ်ပြီး ကြည့်မယ်ဆိုရင် သမိုင်းကြောင်းတစ်လျှောက်မှာ အချမ်းသာဆုံးပုဂ္ဂိုဟ် (၁၀)ယောက်ရှိပါတယ်။

၁၀။ Cornelius Vanderbilt (ကန်ဒေါ်လာ ၁၈၅ ဘီလီယံ)

C Vanderbilt

Cronelius Vanderbilt ကတော့ အမေရိကန်သမိုင်းကြောင်းတစ်လျှောက်မှာအထင်ရှားဆုံးအမည်နာမတစ်ခု

May 30, 2016

" အစ်မ ဆေးဖိုးရဖို့အတွက် မြားနဲ့အပစ်ခံတဲ့ ညီမ "

Uluvj85gbbmnqi5jswvt
တရုတ်နိုင်ငံ Hangzhou ဒေသ လမ်းပေါ်မှာ JiJianli ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အစ်မဖြစ်သူရဲ့ ကင်ဆာဝေဒနာကို ကုသဖို့အတွက် လမ်းမအလယ်မှာ သူ့ကို မြားနဲ့အပစ်ခံကာ ငွေကြေးအလှူခံမှုများ ပြုလုပ်လျက်ရှိနေတယ်လို့ တွေ့မြင်ရသူများက ပြောဆိုပါတယ်။
-
သူမကို မြားနဲ့ပစ်မယ်ဆိုရင် တစ်ခါပစ် ယွမ် ၁၀ ပေးရပြီး သူ့ရဲ့လုပ်ရပ်ဟာ အန္တရာယ်အလွန်ကြီးတယ်လို့ ဆိုကြပါတယ်။ အစ်မဖြစ်သူ JiJiayan ဟာ သွေးကင်ဆာဖြစ်နေပြီး ကုသဖို့အတွက် ငွေကြေးများစွာ ကုန်ကျလျက်ရှိနေပါတယ်။
-
သူဟာ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး သူ့ကို မြားနဲ့အပစ်ခံတာ ဖြစ်ပါတယ်။ သူ့ကို မြားနဲ့ပစ်ခြင်းဟာ သူ့အစ်မအတွက် ငွေကြေး လှူဒါန်းတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
-
အစ်မဖြစ်သူအတွက် ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၅၀၀၀၀၀ ကုန်ကျမှာဖြစ်ပြီး လူအများစုက သူမ အစ်မအတွက်

" လူမိသွားသည့်သူခိုး အတွင်းခံသာဝတ်ကာ သွားလာရန် အပြစ်ပေးခံရ "

 Ujab9qacpwzwostdvhjb
ကိုလံဘီယာနိုင်ငံမှ လူတစ်ဦး အတွင်းခံကလွဲလို့ ကိုယ်တုံးလုံးကျွတ်နဲ့ လမ်းမများပေါ်မှာ ပြေးလွှားလှုပ်ရှားနေမှုဟာ လူပြောများတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။
-
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့မှာ လူတစ်ဦးဟာ ဓားကိုအသုံးပြုပြီး အမျိုးသမီးတစ်ဦးထံမှ ပစ္စည်းများခိုးယူလုယက်ဖို့ ကြိုးပမ်းခဲ့ရာ လူမိသွားတာကြောင့် အပြစ်ပေးမှုအဖြစ် အတွင်းခံကလွဲလို့ ကိုယ်တုံးလုံးကျွတ်ပုံစံနဲ့ လမ်းမအလယ်မှာ ထွက်ပြေးစေခဲ့တယ်လို့ သိရပါတယ်။
-
အမျိုးသမီးမှ ထိုကဲ့သို့ အပြစ်ပေးမှုအပေါ် လူအများစိတ်ဝင်စားခဲ့သလို ခိုးယူလုယက်သူရဲ့ ကိုယ်တုံးလုံးကျွတ်ပုံစံနဲ့ ပြေးလွှားနေတာကိုလည်း လူပြောများခဲ့တယ်လို့ သိရပါတယ်။
-
ရုပ်သံဖိုင်ကို တွေ့မြင်ခဲ့သူတစ်ဦးရဲ့ ပြောဆိုချက်အရ အမျိုးသားဟာ ဒူးထောက် ပုံစံနဲ့ဖြစ်ပြီး သူ့ရဲ့ အိတ်များကို

" ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေကို သယ်ဆောင်လာပုံ "

 Mx8t9yapassjrxhtb1cr
ပြီးခဲ့တဲ့ စနေန့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou စီရင်စု၊ Shibing County မှာ ၇၇ ဒသမ ၈ မီတာ(၂၅၅ ပေ) ရှည်တဲ့ သစ်သားနဂါးလှေကြီးကို ခန္ဓာသန်စွမ်းတဲ့ အမျိုးသား ၁,၆၀၀ က မြစ်အတွင်းကို သယ်ဆောင်လာခဲ့ကြပုံကို မေ ၂၉ ရက်က People’s Daily, China သတင်းစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
-
ဒီနဂါးလှေကြီးကို ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေကြီးအဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ဂင်းနစ်စံချိန်မှတ်တမ်းတင်အဖွဲ့ကို တောင်းဆိုမှုတွေ ပြုလုပ်ထားပြီး မှတ်တမ်းတင်အဖွဲ့ကြီးဆီကနေလည်း

" ခါးနာရောဂါနဲ့ မှားယွင်းနိုင်တဲ့ ရောဂါတစ်မျိုးရှိနေတာကြောင့် ဂရုပြုရန်လို "

 Djbn3s4bitpzjbslfxpu
မိုနိကလိုနယ်ဂါမိုပတီရောဂါကို သိသူထက် မသိတဲ့သူ ပိုများပါတယ်။ လူသိနည်းတဲ့ ရောဂါ တစ်မျိုးပေါ့။ အဖြစ်လည်း နည်းပေမဲ့ ခါးနာရောဂါနဲ့ မှားယွင်းပြီး ဆေးကုသမှု ခံယူကြတဲ့အတွက် အန္တရာယ်ရှိပါတယ်။ ဒီရောဂါက ကင်ဆာရောဂါကိုလည်း ဖြစ်ပွားစေပါတယ်။

ဒီရောဂါက ပုံမှန်မဟုတ်တဲ့ သွေးရည်ကြည်ခဲတွေ အဆမတန် ပွားများလာပြီး ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးပါတယ်။ ပုံမှန်မဟုတ်တဲ့ ပရိုတင်းက မိုနိကလိုနယ်ဂါမိုပတီရောဂါ ဖြစ်ပွားချိန်မှာ တွေ့ရှိရတဲ့ ကင်ဆာအမှတ်သင်္ကေတတစ်ခုပါပဲ။

မိုနိကလိုနယ်ဂါမိုပတီရောဂါရဲ့ လက္ခဏာတွေက တဖြည်းဖြည်း ခါးနာလာမယ် မသက်သာဘူးဖြစ်မယ် အဲဒါကြောင့် ခါးနာရောဂါနဲ့ အမှတ်မှားပြီး မှားယွင်း ဆေးကုသတာတွေ ဖြစ်ပါလိမ့်မယ် ဒီရောဂါ ဖြစ်ရင် ကင်ဆာဖြစ်ဖို့ ပိုများတဲ့အတွက် ရိုးရိုးခါးနာရင်တောင် စမ်းသပ် စစ်ဆေးမှုတွေ ကြိုပြီး ပြုလုပ်သင့်ပါတယ်။

ရန်ကုန်အရိုးဆေးရုံကို ရောက်ရှိလာတဲ့ နာတာရှည် ခါးနာဝေဒနာရှင် ၈၇ ဦးအနက်မှာ ၁၅ ဦးဟာဆိုရင် မိုနိကလိုနယ်ဂါမိုပတီရောဂါ ဖြစ်ပွားနေပြီး အသက် ၄၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမျိုးသမီးတွေက ပိုပြီး အဖြစ်များတယ်လို့ သိရပါတယ်။ အခုဆိုရင် တစ်နှစ်ကို ဒီရောဂါဖြစ်တဲ့ လူနာနှစ်ဆယ်ကနေ သုံးဆယ်အထိ ရှိလာပါပြီ။

ဒီရောဂါဖြစ်ရင် လက္ခဏာက ခါးနာတာနဲ့ ဆင်တူနေတာကြောင့် ခါးနာဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ ခါးနာရောဂါနဲ့ မမှားစေဖို့ရယ် နာတာရှည် ခါးနာဝေဒနာရှင်တွေမှာ မိုနိကလိုနယ်ဂါမိုပတီရောဂါ ရှိမရှိ သိရှိနိုင်စေဖို့ရယ် ပရိုတင်း အီလက်ထရိုဖိုရီးစစ်နည်းနဲ့ စစ်ဆေးတယ်လို့ အရိုးအကြောအထူးကုဆရာဝန်တွေက အကြံပြုကြပါတယ်။

ခါးနာတဲ့လူနာတွေဟာ များသောအားဖြင့် အရိုးဌာနကိုသာ သွားရောက် ကုသကြပါတယ်။ မိုနိကလိုနယ်ဂါမိုပတီရောဂါဖြစ်နေတဲ့ သူတွေကလည်း ခါးနာတဲ့ လက္ခဏာပြတာကြောင့် မိမိတို့မှာ ဒီရောဂါရှိတယ်မထင်ပဲ

" ပျိုမေတို့အတွက် Online ပေါ်မှ အလှအပဆိုင်ရာ ပစ္စည်းများ " (Ko Pauk)

ဒီပတ်တော့ ပျိုမေတို့အတွက် Online ပေါ်မှာ ခေတ်စားနေတဲ့ အလှအပဆိုင်ရာ ဆေးဝါးနဲ့ပစ္စည်းများကို မူရင်းအတိုင်း ပြန်လည်မျှဝေလိုက်ပါတယ်...
-
Brazilian Hair Emulsion
******************




ပျိုမေတို့အတွက် ဆံသားကောက် / ဖြောင့်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း ၊ ပါးခြင်း ၊ ကြမ်းတမ်းခြင်းတို့ကို ကူညီဖြေရှင်းပေးနိုင်မယ့် ' Brazilian Hair Emulsion ' နို့ပေါင်းဆေးလေးပါ ...

💁 Brazilian Emulsion ( နို့ပေါင်းဆေး ) လေးကို တခါပေါင်းတင်ရုံနဲ့ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားလေးကို ( ၁ ) လလောက် နူးညံ့ချောမွေ့စေမယ့် ဖယောင်းပေါင်းဆေးလေးပါ ...

💁 သဘာဝ နို့ပရိုတင်း / သံလွင်ဆီ / ထောပတ်သီးတို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဆံသားလေးကို အရင်းမှအဖျားထိ ကျန်းမာသန်စွမ်းစေပြီး ဖယောင်းသွင်းထားသကဲ့သို့ ပျော့အိဖြောင့်ဆင်းနေစေပါတယ်...

👌 550ml ပါဝင်လို့ ( 6 ) လလောက် အသုံးခံပါတယ်...

👉 အသုံးပြုပုံ
-----------------
- ပုံမှန်အတိုင်းခေါင်းလျှော်ပြီး Brazil ပေါင်းဆေးကို ဆံပင်တလွှာချင်းစီလိမ်းပြီး ( 15 ) မိနစ်ခန့်ထားပါ .. ပြီးလျှင် ရေစင်အောင်ဆေးချပြီး ဆံပင်ကိုလေမှုတ်သွင်းပြီးတာနဲ့ နူးညံ့ဖြောင့်ဆင်းနေတဲ့ ဆံသားလေးကို အံ့သြဖွယ်တွေ့ရမှာပါ

" သင့် ဖေ့စ်ဘွတ်မှာ ဘယ်တော့မှ မတင်သင့်တဲ့ အရာ (၇) ခု "

သင်နဲ့ သင့်မိသားစုလုံခြုံရေးအတွက် ဖေ့စ်ဘွတ်မှာ မတင်သင့်တဲ့ အရာတွေရှိပါတယ်။

တိုးတက်တဲ့ နည်းပညာခေတ်ထဲမှာ လူသားတွေ နေထိုင်လာကြတာနဲ့အမျှ မသမာသူတွေဟာလည်း အင်တာနက်အွန်လိုင်းကတဆင့် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားလာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်တာနက်ပေါ်ကတဆင့် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာ မနည်းလှပါဘူး။

ယနေ့ခေတ် လူသားတွေနေ့တိုင်း ထိတွေ့အသုံးပြုနေတဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ
 ဘယ်တော့မှ(လုံးဝ) မတင်သင့်တဲ့ အရာ (၈) ခုရှိပါတယ်။ အဲဒီအရာတွေဟာ သင်နဲ့ သင့်မိသားစုအတွက် အန္တရာယ်ရှိရုံသာမက ကလေးငယ်တွေရဲ့ အနာဂတ်တွေအတွက်လည်း မကောင်းမွန်စေပါဘူး။

၁။ သင့်မွေးနေ့

မွေးနေ့ကို အတိအကျလုံးဝမတင်သင့်ပါဘူး။ မသမာသူတွေက သင့်ရဲ့မွေးနေ့နံပတ်တွေကို သိသွားခဲ့ရင် ဒါတွေကိုမှန်းဆပြီး သင့်ရဲ့ဘဏ်အကောင့်လျှို့ဝှက်နံပတ်တွေ၊ လူမှုကွန်ယက်အကောင့် လျှို့ဝှက်နံပတ်တွေကို မှန်းဆနိုင်ပါတယ်။

၂။ ကလေးငယ်များ၏ စာသင်ကျောင်း

ကိုယ့်အိမ်က ကလေးငယ်တွေကို ဘယ်မှာကျောင်းထားတယ်ဆိုတာနဲ့ ဘယ်အချိန် ကျောင်းသွားတယ်ဆိုတာမျိုး မတင်သေးပါဘူး။ ဒါဟာကိုယ့်ကလေးငယ်ရဲ့ အန္တရာယ်ကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။

၃။ ကလေးငယ်နှင့် မိသားစုဝင် ဓာတ်ပုံများ

ကလေးငယ်တွေရဲ့ ပုံတွေလည်းများများစားစား မတင်သင့်ပါဘူး။ နောင်တချိန် သူတို့ကြီးပြင်းလာတဲ့အခါ သင်တင်ခဲ့တဲ့ ဓာတ်ပုံတွေကြည့်ပြီး သူတို့ ကြိုက်ချင်မှ ကြိုက်မှာပါ။

၎။ တည်နေရာပြခြင်း

Location Services လို့ခေါ်တဲ့ ကိုယ်ဘယ်မှာရောက်နေတယ်ဆိုတာမျိုးတွေနဲ့လည်း ဖေ့စ်ဘွတ်မှာ check-in မဝင်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အွန်လိုင်းရှိနေတဲ့ လူအားလုံးက သင်ဘယ်မှာရှိနေတယ်ဆိုတာကို တန်းသိနိုင်ပါတယ်။ သင်အိမ်မှာ ရှိမနေဘူးဆိုတာလည်း သူတို့ မှန်းဆနိုင်ပါတယ်။

၅။ ဘယ်အချိန်မှာ ဘယ်သွားတယ်

သင်က ဘယ်အချိန်မှာ ဘယ်သွားမယ်ဆိုတာလည်း မတင်သင့်ပါဘူး။ ဒါကတော့ ဖောက်ထွင်းသူတွေကို သင်မရှိတုန်း သင့်အိမ်လာခဲ့ပါလို့ လက်ယက်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် သင် အားလပ်ရပ်ရှည်သွားတဲ့အခါမျိုးမှာ ကြာချိန်နဲ့ နေရာအတိအကျ မတင်သင့်ပါဘူး။

၆။ အိမ်တွင် check-in ဝင်ခြင်း


သင့်ရဲ့ အိမ်မှာ ရှိတဲ့အချိန်ဆို check-in မဝင်သင့်ပါဘူး။ at My Home ဆိုတာမျိုး အိမ်ရောက်ရင် လုပ်တက်ကြပါတယ်။ ဒီလိုတင်တဲ့အခါ

May 29, 2016

" ခြောက်သွေ့တဲ့ ဆံသားတွေအတွက် ဆန်ဆေးရေနဲ့ပေါင်းတင်နည်း "

 
ဆံပင်အရောင် မွဲခြောက်ခြောက်နဲ့ ခြောက်သွေ့တဲ့ဆံသားတွေကြောင့် လှပတဲ့မျက်နှာလေးကိုတောင် သိမ်ငယ်သွား
ရစေပါတယ်။ ဆံသားတောက်ပြောင်မှုဟာ ဆံပင်အရောင်အားလုံးနဲ့လည်း လိုက်ဖက်ညီတဲ့အရာပါ။ တောက်ပြောင်တဲ့ ဆံကေသာတွေကို ရရှိလိုသူတွေအတွက် စမ်းသုံးကြည့်နိုင်မယ့် ဆံပင်ပေါင်းနည်းလေးတစ်ခုပဲ ဖြစ်ပါတယ် ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်ဆေးရေ ၁ ခွက်နဲ့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းစာတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ခွက်တစ်လုံးထဲမှာ ရောသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ တစ်ခေါင်းလုံးနှံ
့အောင် ပွတ်လိမ်းပေးရပါမယ်။

၁၅ မိနစ်ခန့် ထားပြီးမှ ရေဆေးပေးလိုက်ရင် အရင်ကထက် ပိုတောက်ပြောင်လာတဲ့ ဆံကေသာလေးကို အချိန်မကုန်၊ ငွေမကုန်ဘဲ ရသွားပြီပေါ့။ သတိထားရမှာက ဆန်ဆေးရေကိုသုံးရင် ပထဆုံးဆေးလို့ ရလာတဲ့

" ချင်း(ဂျင်း)ပြုတ်ရည် ရဲ့ အံ့ဖွယ် အကျိုျးေကျးဇူးများ "

 
သတိပြုလိုက်နာရမည့်အချက်များ

-  ချင်း(ဂျင်း)နဲ့ပျားရည်ကိုအသက် 2 နှစ်အောက်ကလေးငယ်များကို တိုက်ကျွေးခြင်းမပြုရပါ။
-  အသက် 6 နှစ်နဲ့ 10 နှစ်အရွယ်ကလေးတွေကိုတော့ တစ်နေ့လျှင် ချင်း(ဂျင်း)ဖျော်ရည် 2 မီလီဂရမ်အထိ တိုက်ကျွေးနိုင်ပါတယ်။
-  အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့လျှင် 4 ဂရမ်ထက်ပို၍ မသောက်သင့်ပါဘူး။
-  ကလေးယူတော့မယ့် မိခင်လောင်းတွေအနေနဲ့ တစ်နေ့လျှင် 1 ဂရမ်သာသောက်ပေးဖို့ လိုအပ်ပါတယ်။

ချင်း(ဂျင်း)ပြုတ်ရည်ကိုဘာကြောင့်သောက်သင့်လဲ
        အိမ်ရှင်မအများစုဟာ ချင်း(ဂျင်း)ကိုဟင်းချက်ရာမှာသာ ထည့်သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဈေးနှုန်းကလည်း မမြင့်မား၊ အလွယ်တကူလည်းဝယ်ယူရရှိနိုင်တဲ့ ချင်း(ဂျင်း)တစ်လက်မှာ ဆေးစွမ်း ထက်မှု များစွာ ပါရှိနေပါတယ်။ ဒါကြောင့် ရောဂါများစွာကိုသက်သာပျောက်ကင်းစေနိုင်တဲ့ ချင်း(ဂျင်း)ရဲ့အသုံးဝင်ပုံတွေကို လေ့လာလိုက်ကြရအောင်။

 1. အအေးမိဝေဒနာသက်သာစေနိုင်ခြင်း
       ချင်း(ဂျင်း)ပြုတ်ရည်ပူပူလေးကိုသောက်ပေးပါက အဖျားပျောက်ကင်းစေနိုင်ပါတယ်။ ချင်း(ဂျင်း)ပြုတ်ရည်ထဲမှာ လက်ဖက်ခြောက်ခတ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးပေးနိုင်ပါ တယ်။
 2. ချောင်းဆိုးပျောက်စေနိုင်ခြင်း
        ချင်း(ဂျင်း)ဖျော်ရည်ကိုပျားရည်နဲ့ရောကာ တစ်နေ့ 3 ကြိမ်လောက် သောက်ပေးပါက လည်ချောင်းနာသက်သာစေပါတယ်။ ချွဲ၊ သလိပ်တွေကို ချေဖျက်ပေးပြီး ခံတွင်းရှင်းစေပါတယ်။ အကယ်၍ ချောင်းခြောက်ဆိုးသူဖြစ်ပါက ချင်း(ဂျင်း)နုဖျော်ရည်ကိုသောက်ပေးသင့်ပြီး ချွဲ၊ သလိပ်သံပါတဲ့ ချောင်းဆိုးနေသူဖြစ်ပါက ချင်း(ဂျင်း)အရင့်ကိုဖျော်ပြီးသောက်ပေးသင့်ပါတယ်။

 3. သွေးခဲခြင်းမှကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိခြင်း
          မိမိနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ချင်း(ဂျင်း)ထည့်ပြီးချက်ပြုတ်စားသောက်ခြင်း ဒါမှမဟုတ် အဖျော်ယမကာထဲကို ချင်း(ဂျင်း)နုရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းထည့်ပြီး သောက်သုံးပေးခြင်းဖြင့် သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 4. စိတ်ဆန္ဒကို နှိုးဆွပေးနိုင်ခြင်း
          ထမင်းစားပြီးတဲ့အခါ ချင်း(ဂျင်း)လက်ဖက်ရည်ပူပူလေးသောက်ပေးပါက လိင်စိတ်ကို နှိုးဆွပေးနိုင်ပါ တယ်။

 5. အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါများကိုပျောက်ကင်းစေနိုင်ခြင်း
          ရေတစ်ဖန်ခွက်ထဲမှာ ချင်း(ဂျင်း)နုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊

" ချိန်းတွေ့ဖို့ အရင်ကမ်းလှမ်းတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေ ပိုသဘောကျ "


အချစ်ရေးတစ်ခုမှာ မိန်းကလေးဘက်မှ ခြေလှမ်းစလှမ်းတဲ့အခါ အမျိုးသားတွေ ဒါကို သဘောကျနှစ်သက်ကြကြောင်း dating app စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒါဟာ အသက် ၁၈ ကနေ ၃၀ ကြားရှိ အမျိုးသား ၄,၅၅၀ နဲ့ အမျိုးသမီး ၂,၄၅၀ အပေါ် စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ စစ်တမ်းကောက်ခံရသူ အမျိုးသမီး ၆၂% လောက်က လူချင်းချိန်းတွေ့ရန် အရင်ကမ်းလှမ်းခဲ့ကြောင်း ဝန်ခံကြတယ်။ အမျိုးသား ၈၈% က အမျိုးသမီးများ အဲဒီလို လုပ်လာတဲ့အခါ တကယ်သဘောကျကြောင်း ပြောဆိုကြပါတယ်။

ပထမချိန်းတွေ့မှုအတွက် ကုန်ကျစရိတ်တွေ အနည်းဆုံးတော့ အမျိုးသားတွေ ပေးဆောင်သင့်ကြောင်း ၄၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေ ယူဆနေချိန်မှာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ရှင်းတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလို့ အမျိုးသမီး ၅၂% ယူဆကြပါတယ်။

အမျိုးသမီး ၉၁% ရဲ့ပြောဆိုချက်အရ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီအပြာက အမျိုးသားတစ်ယောက် ဝတ်ဆင်နိုင်တဲ့ ဆွဲဆောင်မှုအရှိဆုံးအဝတ်အစားလို့ သိရပါတယ်။ ဒါလည်း အမျိုးသားတွေကြားအရမ်းလူသိများတဲ့ ရွေးချယ်မှုတစ်ခု
လည်း ဖြစ်ပုံရပါတယ်။

တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အမျိုးသား ၈၉% က တက်တူးထိုးထားတဲ့ မိန်းကလေးတွေ  hot ဖြစ်တယ်လို့

" မင်္ဂလာပွဲဆိုတာ တစ်ရက်စာ ၊ အိမ်ထောင်ပြုတယ်ဆိုတာ တစ်သက်စာ "

လူတစ်ယောက် ကားမောင်းလိုင်စင်မရခင် ကားမောင်းသင်ရတာ ဓမ္မတာပါ။အတွေ့အကြုံရှိတဲ့ မောင်းတတ်တဲ့သူတစ်ဦးရဲ့ သင်ကြားပြသပေးမှုနဲ့ လေ့ကျင့်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရပါတယ်။ ဒါတွေဘာလို့လုပ်ရတာလဲ။ လိုအပ်တဲ့ သိထားသင့်တဲ့ အရာတွေ မသိတဲ့လူတစ်ယောက် လမ်းပေါ်တက်ပြီး ကားမောင်းခဲ့မယ်ဆိုရင် သူကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ အန္တရာယ်ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ အိမ်ထောင်မပြုခင်မှာလည်း သိထားရမယ့် ဖြစ်နိုင်ရင် ကျင့်ထားရမယ့် အရည်အသွေးတွေ ရှိပါတယ်။
 
သုတေသနပေါင်းများစွာရဲ့ ရလဒ်တွေအရ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အသိတွေကို ကြိုတင်လေ့လာပြီး ဖြည့်ဆည်းထားတတ်တဲ့သူတွေက ခိုင်မာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနိုင်လေ့ရှိတာကို တွေ့ရပါတယ်။ တစ်ရက်စာကြုံရမယ့် မင်္ဂလာပွဲအတွက်တောင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ကြသေးရင် တစ်သက်စာ ပျော်ရွှင်ရမယ့် အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းလေးတွေအတွက် အချိန်လေးပေးပြီး သိအောင်လုပ်ထားဖို့ အကြံပြုလိုပါတယ်။
 
ကိုယ့် စိတ်ခံစားချက်ကို  ထိန်းသိမ်းနည်း
ကလေးဘဝက စိတ်ဆိုးဒေါသထွက်ရင် အော်ဟစ်ငိုယိုပြီး ဖြေရှင်းလိုက်လို့ရပေမဲ့ အိမ်ထောင်သည်ဘဝမှာ အထူးသဖြင့်ဒေါသကို ကိုင်တွယ်ပုံမတတ်ရင် အိမ်ထောင်ရေးရဲ့ အဓိက ပြဿနာ ဖြစ်လာတတ်ပါတယ်။အော်ဟစ်တာ၊ တစ်ဖက်လူ မခံနိုင်လောက်တဲ့ နာကျင်အောင် ပြောဆိုပြုမူတတ်တာ၊ သူများ အားနည်းချက်ကို အမြဲထိခိုက်ပြီး ပြောတတ်တာမျိုးတွေလို ဒေါသဖြစ်လာရင် ထိန်းချုပ်နိုင်စွမ်းနည်းတာတွေက အချိန်ကြာလာရင် အက်ကြောင်းကြီးတစ်ခုလို ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုတဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။
 
မတူညီမှုတွေကို ဖြေရှင်းနည်း
 အိမ်ထောင်ရှင် စုံတွဲတိုင်းမှာ မတူညီမှုတွေရှိပါတယ်။ အရင်က သူ့အကြိုက်၊ကိုယ့်အကြိုက် တစ်မျိုးစီရှိနေရာကနေ နှစ်ယောက်လုံးကြိုက်တဲ့ ငါတို့အကြိုက်ဆိုတာ ဖြစ်လာအောင် ညှိနှိုင်းဖြေရှင်းနိုင်ဖို့က အသိလိုပါတယ်။ မတူညီတာတိုင်းကိုပြောင်းလဲပစ်ဖို့မကြိုးစားဘဲ နှစ်ယောက်စလုံးသဘောထားနဲ့ ကိုက်ညီတဲ့ အသစ်တစ်ခုကို ရွေးချယ်တာမျိုး၊ အလျှော့ပေးလို့ရတဲ့နေရာမှာ တစ်ယောက်က လိုက်လျောအလျှော့ပေးလိုက်တာမျိုးတွေက အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်နည်းတွေပဲ ဖြစ်ပါတယ်။
 
အကောင်းမြင်စိတ်ရှိဖို့
 ကိစ္စတစ်ခုရှိလာပြီဆိုရင် အရင်ဆုံး အကောင်းဘက်ကနေတွေးတတ်ဖို့၊ ကိုယ်မသိ မမြင်နိုင်တဲ့ တခြားတစ်ဖက်ဆိုတာ အမြဲရှိတယ်ဆိုတာကို အရင်တွေးထားပြီး ဘာကိုမျှ ဆန္ဒစောပြီး တဖက်သတ် ကောက်ချက်မချမိဖို့ ကြိုးစားထားရပါမယ်။နောက်ပြီး တစ်ဖက်လူက ကိုယ့်အတွက် လုပ်ပေးတာကို အသိအမှတ်ပြုဖို့၊အပြုံးချင်း ဖလှယ်ဖို့၊ချစ်ခြင်း မေတ္တာကို ပြဖို့ဘယ်တော့မှ မေ့လျော့မနေပါနဲ့။ ကိုယ့်ဘက်က မေတ္တာပေးရင် မေတ္တာပြန်ရမယ်ဆိုတာကို ယုံကြည်ထားရင် အောင်မြင်ပျော်ရွှင်တဲ့ ကြင်ဖက်တွေ အမြဲဖြစ်နေမှာပါ။
 
ပေါင်းသင်းဆက်ဆံရေး ပါးနပ်လိမ္မာဖို့
 အိမ်ထောင်တစ်ခုကို အောင်မြင်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် ပါးနပ်လိမ္မာဖို့လိုပါတယ်။ကိုယ်ပြောတဲ့စကားကို

" အမျိုးသားများအား ထိန်းမနိုင် သိမ်းမရ ဖြစ်စေတဲ့ အမျိုးသမီးတွေရဲ့ အစွမ်းအစ (၈) မျိုး "

အမျိုးသားတစ်ယောက်ချင်းစီမှာ အမျိုးသမီးတွေဆီက အကြိုက်တစ်မျိုးစီ ရှိကြပေမယ့် အမျိုးသားတိုင်း အလားအလာရှိတဲ့ လက်တွဲဖော်မှာ တန်ဖိုးထားသော ဘုံတူတဲ့ လက္ခဏာညဉ်တွေ ရှိပါတယ်။ အချစ်ရှာရာမှာ အထောက်အကူဖြစ်စေမယ့် အချစ်ရေးဆိုင်ရာ အကြံပေးချက်တချို့ကို ပြောပြရရင်တော့ အမျိုးသားအများစု အောင့်မထားနိုင်တဲ့ ချစ်သူဆီက အရည်အချင်း (၈) ချက်ကို ပြောပြပေးပါ့မယ်။

၁။ တရင်းတနှီးဆက်ဆံမှု

လှိုက်လှဲပျူငှာပြီး ကြင်နာတဲ့ ပြောဆိုပြုမူတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်အဖို့ စိတ်ချမ်းသာ အပန်းဖြေစေပါတယ်။ သူ ဒီမိန်းကလေးနဲ့ အတူရှိနေချိန်မှာ သူ့အစောင့်ကို ဘေးချိတ်ထားနိုင်ပါတယ်။

၂။ ဖြူစင်ရိုးသားမှု

ယောက်ျားလေးတွေ သူတို့ယုံကြည်စိတ်ချရတဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ အမြဲယုံကြည်စိတ်ချရပြီး ရိုးသားတဲ့ လက်တွဲဖော် ပိုင်ဆိုင်ခြင်းက ယောက်ျားလေးများအတွက် အချစ်ရေးမှာ အောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ရိုးသားမှုပျက်ပြားပါက ယင်းနာကျင်မှုကို အချစ်ရေးကုထုံးနဲ့ ကုသနိုင်ပေမယ့် အစကတည်းက ရိုးသားတာ အကောင်းဆုံး ချဉ်းကပ်နည်းဖြစ်ပါတယ်။

၃။ မိမိကိုယ်ကိုယ် ယုံကြည်မှု

မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်အမျိုးသားမဆို ဆွဲဆောင်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် အမြဲ မေးခွန်းထုတ်ပြီး အာမခံချက်လိုအပ်နေတဲ့ လက်တွဲဖော်နဲ့အတူ အမျိုးသားတွေ မနေလိုကြပါ။ ရေရှည်လက်တွဲမယ့် လက်တွဲဖော်ရှာဖွေတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုက ရုပ်ပိုင်းဆိုင်ရာ အလှအပကို တစ်ပန်းစေသာကြောင်း အမျိုးသားများ ပြိုင်တူ ပြောဆိုကြပါတယ်။

၎။ လေးစားမှု

ယောက်ျားလေးများက သူတို့ကို လေးစားတဲ့ မိန်းကလေးတစ်ယောက်ကို ထိန်းမနိုင်ဖြစ်ကြပါတယ်။ စွဲမက်စရာအကောင်းဆုံးအမျိုးသမီးတွေဟာ သူတို့လက်တွဲဖော်များအား ဘယ်လောက် ခန့်ညာ၊ ကြော့မော့ပြီး အောင်မြင်နေကြောင်း အဆက်မပြတ် ပြောပေးနေကြသူတွေ ဖြစ်ပါတယ်။ သူနဲ့နေရလို့ ဂုဏ်ယူဝင့်ကြွားမှုကို ဖော်ပြတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ ရွေးချယ်ပါလိမ့်မယ်။

၅။ ပျော်ရွှင်မှု

မိမိဘဝကို ကျေနပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမြဲတမ်း မျက်စိကျခံရပါတယ်။ အလုပ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းညည်းညူကာ ဆန့်ကျင်ဘက်သဘောရှိတဲ့ အမျိုးသမီးနဲ့အတူ အမျိုးသားတွေ မနေချင်ကြပါ။

၆။ လေးစားမှု

စွဲမက်စရာကောင်းတဲ့အမျိုးသမီးတစ်ဦးဟာ မိမိကိုယ်ယုံကြည်မှု အပြည့်ရှိသူ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်ပြီး လေးစားမှုခံစားစေတဲ့ လက်တွဲဖော်ကို ယောက်ျားလေးတွေ လိုချင်ကြတယ်။ လေးစားမှုပျက်ပြားသွားပါက အချစ်ရေးဆွေးနွေးအကြံပြုခြင်းက စုံတွဲတွေကို အချင်းချင်း ယုံကြည်မှု ပြန်လည် ရယူစေနိုင်ပါတယ်။

၇။ တစ်ဘဝလုံးပေးအပ်ခြင်း

ယောက်ျားတစ်ယောက်အတွက် အလုပ်များတဲ့ အမျိုးသမီး ရခဲပါတယ်။ သင့်ဘဝကို ပျော်ရွှင်စရာအလုပ်တွေ၊ အဓိပ္ပါယ်ရှိတဲ့ အလုပ်၊ ကောင်းမွန်တဲ့ ချစ်သူစုံတွဲဆက်ဆံမှုများနဲ့ ပြည့်စုံစေပြီး စိတ်ခံစားချက်အတိုင်း လိုက်ပါလုပ်ဆောင်ပါတယ်။ ဒါကို

" ၆ လသမီးလေးက ကမ္ဘာ့အသက်ငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာ "

 
Florida ရှိ ၆လအရွယ် မိန်းကလေးငယ်လေးဟာ ဒေသတွင်း ကန်တစ်ကန်မှာ ၂ ကြိမ် တိုင် ကြိုးစားပြီးနောက်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာခဲ့ပါတယ်။

World Barefoot Center က Winter Haven, Fla ရှိ Lake Silver ကန်အတွင်း ၆၈၄.၄ ပေအထိ ရေပေါ်စကိတ်စီးနိုင်ခဲ့တဲ့ ၆လနဲ့ ၂၇ ရက်ရှိပြီဖြစ်တဲ့ Zyla ရဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်နေ့က
Subscribe

လာလည်သူများ

free counters