♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 30, 2016

" ခါးနာရောဂါနဲ့ မှားယွင်းနိုင်တဲ့ ရောဂါတစ်မျိုးရှိနေတာကြောင့် ဂရုပြုရန်လို "

 Djbn3s4bitpzjbslfxpu
မိုနိကလိုနယ်ဂါမိုပတီရောဂါကို သိသူထက် မသိတဲ့သူ ပိုများပါတယ်။ လူသိနည်းတဲ့ ရောဂါ တစ်မျိုးပေါ့။ အဖြစ်လည်း နည်းပေမဲ့ ခါးနာရောဂါနဲ့ မှားယွင်းပြီး ဆေးကုသမှု ခံယူကြတဲ့အတွက် အန္တရာယ်ရှိပါတယ်။ ဒီရောဂါက ကင်ဆာရောဂါကိုလည်း ဖြစ်ပွားစေပါတယ်။

ဒီရောဂါက ပုံမှန်မဟုတ်တဲ့ သွေးရည်ကြည်ခဲတွေ အဆမတန် ပွားများလာပြီး ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးပါတယ်။ ပုံမှန်မဟုတ်တဲ့ ပရိုတင်းက မိုနိကလိုနယ်ဂါမိုပတီရောဂါ ဖြစ်ပွားချိန်မှာ တွေ့ရှိရတဲ့ ကင်ဆာအမှတ်သင်္ကေတတစ်ခုပါပဲ။

မိုနိကလိုနယ်ဂါမိုပတီရောဂါရဲ့ လက္ခဏာတွေက တဖြည်းဖြည်း ခါးနာလာမယ် မသက်သာဘူးဖြစ်မယ် အဲဒါကြောင့် ခါးနာရောဂါနဲ့ အမှတ်မှားပြီး မှားယွင်း ဆေးကုသတာတွေ ဖြစ်ပါလိမ့်မယ် ဒီရောဂါ ဖြစ်ရင် ကင်ဆာဖြစ်ဖို့ ပိုများတဲ့အတွက် ရိုးရိုးခါးနာရင်တောင် စမ်းသပ် စစ်ဆေးမှုတွေ ကြိုပြီး ပြုလုပ်သင့်ပါတယ်။

ရန်ကုန်အရိုးဆေးရုံကို ရောက်ရှိလာတဲ့ နာတာရှည် ခါးနာဝေဒနာရှင် ၈၇ ဦးအနက်မှာ ၁၅ ဦးဟာဆိုရင် မိုနိကလိုနယ်ဂါမိုပတီရောဂါ ဖြစ်ပွားနေပြီး အသက် ၄၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမျိုးသမီးတွေက ပိုပြီး အဖြစ်များတယ်လို့ သိရပါတယ်။ အခုဆိုရင် တစ်နှစ်ကို ဒီရောဂါဖြစ်တဲ့ လူနာနှစ်ဆယ်ကနေ သုံးဆယ်အထိ ရှိလာပါပြီ။

ဒီရောဂါဖြစ်ရင် လက္ခဏာက ခါးနာတာနဲ့ ဆင်တူနေတာကြောင့် ခါးနာဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ ခါးနာရောဂါနဲ့ မမှားစေဖို့ရယ် နာတာရှည် ခါးနာဝေဒနာရှင်တွေမှာ မိုနိကလိုနယ်ဂါမိုပတီရောဂါ ရှိမရှိ သိရှိနိုင်စေဖို့ရယ် ပရိုတင်း အီလက်ထရိုဖိုရီးစစ်နည်းနဲ့ စစ်ဆေးတယ်လို့ အရိုးအကြောအထူးကုဆရာဝန်တွေက အကြံပြုကြပါတယ်။

ခါးနာတဲ့လူနာတွေဟာ များသောအားဖြင့် အရိုးဌာနကိုသာ သွားရောက် ကုသကြပါတယ်။ မိုနိကလိုနယ်ဂါမိုပတီရောဂါဖြစ်နေတဲ့ သူတွေကလည်း ခါးနာတဲ့ လက္ခဏာပြတာကြောင့် မိမိတို့မှာ ဒီရောဂါရှိတယ်မထင်ပဲ
ခါးနာတာထင်ပြီး အရိုးဌာနကိုပဲ သွားရောက်ပြသကြမှာအမှန်ပါပဲ။ တကယ်က သွေးရောဂါကုဌာနကို သွားရောက် ဆေးကုသမှု ခံယူရမှာပါ။ ဒါကြောင့် ရောဂါနာမည် အတပ်မှားပြီး မှားယွင်း ကုသမှုခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

မိုနိကလိုနယ်ဂါမိုပတီရောဂါက ကြိုတင်ကာကွယ်လို့ မရတဲ့အပြင် ခါးနာရာဂါနဲ့ အမှတ်မှားနိုင်တာကြောင့် အဖြစ်နည်းနေသေးပေမဲ့ ဂရုစိုက်သင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းပြောဆိုပါတယ်။

Zuzu Heaven

Credit : http://www.momolay.com/p/18923/text

No comments:

Subscribe

လာလည်သူများ

free counters