♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 2, 2016

" ထိုင်းနိုင်ငံမှ ကျားဘုန်းကြီးကျောင်းအတွင်း ကျားပေါက် အကောင် ၄၀ ၏ အလောင်းများ ရှာတွေ့ "

ကျားဘုန်းကြီးကျောင်းဟု နာမည်ကြီးသည့် ထိုင်းဘုန်းတော်ကြီးကျောင်းအတွင်း ကျားပေါက်ကလေး ၄၀ ၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
ကန်ချာနာဘူရီရှိ ဝတ်ဖာလျံတာဘွာ ဘုန်းကြီးကျောင်းသည် ကျားကောင်ရေ ၁၄၀ မျှကို မွေးမြူထားပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့သလို ကျားဘုန်းကြီးကျောင်းအဖြစ် လူသိများခဲ့သည်။ သို့သော် ဘုန်းကြီးကျောင်းသည် တိရစ္ဆာန် မှောင်ခိုဈေးကွက်နှင့် ဆက်စပ်နေသလို တိရစ္ဆာန် ညှင်းပန်းမှုများလည်း ရှိနေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်နေခဲ့သည်။
ထို့နောက်တွင်မူ တရားရုံး ဆုံးဖြတ်ချက်အရ အာဏာပိုင်များက မေ ၃၀ ရက်မှစကာ ကျားများကို မေ့ဆေးပေး ဖမ်းဆီးပြီး သဘာဝ ဘေးမဲ့တောများသို့ ပို့ဆောင်ရန် စတင် လုပ်ဆောင်ခဲ့သည်။ ဘုန်းကြီးကျောင်း ဧရိယာမှာ ကျယ်ပြောလွန်းသဖြင့် အဆိုပါ လုပ်ငန်းစဉ်သည် တစ်ပတ်မျှ အနည်းဆုံး ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
ဇွန် ၁ ရက်တွင်မူ မမျှော်လင့်ဘဲ ကျားငယ်အကောင် ၄၀ ၏ ရုပ်ကြွင်းအလောင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များပေါ်တွင် အဆိုပါ ကျားငယ်များ၏ အလောင်းများ ကြမ်းပြင်ပေါ် စီတန်းချထားသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာသည်။
ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့နှင့် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန ဝန်ထမ်းများ စတင်စီးနင်းသည့် နေ့ကတည်းက ပြင်ပဧည့်သည် ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။ စစ်ဆေးမှုများအရ အဆိုပါ
ဘုန်းကြီးကျောင်းသည် ရှားပါးတိရစ္ဆာန်များကို မှောင်ခိုရောင်းဝယ်သည့် ဈေးကွက်နှင့် ဆက်စပ်ကြောင်း စွပ်စွဲမှုများကိုလည်း ပိုမိုခိုင်မာလာစေသည်ဟု သိရသည်။
ဘုန်းကြီးကျောင်းထဲရှိ ရေခဲသေတ္တာတစ်လုံးတွင် ရှားပါးတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အအေးခံထားကြောင်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်ဟု Wildlife Friends တိရစ္ဆာန်စောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှ တွမ်တေလာက ဆိုသည်။ စီးနင်းမှုတွင် ဝင်ရောက် သတင်းယူခဲ့သည့် သတင်းထောက်တစ်ဦးကလည်း တိရစ္ဆာန် အူနှင့်ကလီစာများ သိုလှောင်ထားသည့် အအေးပေးသေတ္တာများ၊ တောဝက်အသေတစ်ကောင်နှင့် အခြားသော တိရစ္ဆာန်အစိတ်အပိုင်းများကို တွေ့မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘုန်းကြီးကျောင်းထဲတွင် ကျားအရေအတွက် ၁၃၇ ကောင် ရှိနေသည်ဟု မှတ်တမ်းတင်ထားပြီး လတ်တလောတွင် အကောင် ၄၀ ခန့်ကို ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။
Ref: Asia Times

Credit : http://7daydaily.com/story/66460

No comments:

Subscribe

လာလည်သူများ

free counters