♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 31, 2016

" ကြက်သား ပဲရည်သုပ် "

ကြက်သား ပဲရည်သုပ်,2

ကြက်သား နှင့် အသဲအမြစ် ကိုပဲရည်နဲ့ သုပ်စားတယ် ။   ဟင်းချက် စားရတာထက် တခါတလေ ဒီလိုပြောင်း လုပ်စားတော့ ထမင်းစား ကောင်းတယ် ။
ပါဝင်ပစ္စည်း
  • ကြက်သား
  • အသဲအမြစ်
  • မွှေးပဲ အစိမ်းမုန့်
  • ကြက်ဥ
  • ဆား
  • အချိုမူန့်
  • ဆနွင်း
  • ရေ
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ရှောက်ရွက်
  • ငရုပ်သီးစိမ်း
  • ငရုပ်သီးအမုန့်
  • သံပုရာသီး
  • ငံပြာရည်
  • ဟင်းခတ်မုန့်

ကြက်သား ပဲရည်သုပ်1
ပြုလုပ်နည်း
  1. မွှေးပဲ အစိမ်းမုန့် တထုပ်ကို ဆား ၊ အချိုမူန့် ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ ။
  2. ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ထားပါ ။
  3. ကြက်ပြုတ်ရည် ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ ။  မပြတ်မွှေပေးပါ ။   ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥ တလုံး အမျှင်စွဲရ်ျ ထည့်ပါ ။   ဆူပွက်လာရင် ရပါပြီ ။
  4. ကြက်သား နှင့် အသဲအမြစ် ကို အနေတော် လှီးရ်ျ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊  ကြက်သွန်နီ ၊ ရှောက်ရွက် ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမုန့်ရော ထည့်ပြီး ၊ သံပုရာညှစ် ၊ ငံပြာရည် ၊  ဟင်းခတ်မုန့် ထည့်ပြီး ချဉ်စပ် သုပ်စားပါ ။


Credit: War War Khin Hlaing
Credit : myfood.com.mm

No comments:

Subscribe

လာလည်သူများ

free counters