♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 17, 2015

" မိန်းကလေးများကို သတိထားစေချင်ပါတယ်...။ (ဖတ်ဖြစ်အောင်ဖတ်ပါ) "


 


 တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် Online ကနေ စကားတွေပြောရင်းနဲ့ သူ့ထက် အသက်အနည်းငယ်ကြီးတဲ့ လူတစ်ယောက်နဲ့ ချစ်သူတွေဖြစ်သွားကြတယ်။
ကောင်မလေးက စာတော်တဲ့ အထဲပါတယ်။ မိဘတွေက အစိုးရ၀န်ထမ်းတွေ ။ သမီးလေးတစ်ယောက်တည်းရှိတယ်။
တစ်နေ့တစ်ခြား ကောင်မလေး အကျင့်တွေပျက်လာတာကို သူငယ်ချင်းတွေ သတိထားမိလာတယ်။
စာသင်ချိန် ဖုန်းဝင်လာပြီဆိုရင် အတန်းထဲကနေ လစ်ပြီး ထွက်သွားတတ်တယ်။
စာမေးပွဲ ဖြေဖို့ နီးနေပြီဆိုတော့ သူငယ်ချင်းတွေလဲ စာတွေနဲ့လုံးပန်းရင်း သူ့ကို သတိမထားမိဖြစ်လာတယ်။

" ကိုကိုတို့ မမတို့ရေ.....ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ စကားပုံများတဲ့ ဘာလဲမသိဘူး "

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။ အစားလွန်မှသာ သေဆုံးတတ်သည်။
(ရုရှား)

အစားလွန်၍ သေဆုံးရသူဦးရေမှာ စစ်ပွဲတွင်ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက်ပိုလွန်နေသည်။
(ပြင်သစ်)
တန် ဆေး၊ လွန် ဘေး။ (သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။ အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်)
(မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။
(စပိန်)

" ကြက်ပုံပြင် ..... ကြက်ဖမှာလည်း အသဲနှင့်ပါ....လူတွေထက်ပိုချစ်တတ်ပါတယ် "


 အပျိုလေး အတွေး /အပျိုကြီးအတွေး / လူပျိုလေးအတွေး / လူပျိုကြီးအတွေး


အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော

" ကြွက်နို့ကို လက်တို့ပြီး ကုလိုက်ချင်ရဲ့ "



ကြွက်နို့ဆိုသည်မှာ ကြွက်၏ နို့ပုံသဏ္ဌာန်နှင့်တူ၍ “ကြွက်နို့”ဟု ဆိုလိုက်ခြင်း ဖြစ်လိမ့်မည် ထင်ပါသည်။

ကြွက်နို့၏ သဘောသဘာဝမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် ဂရုစိုက်မှုနည်းပါး၍ လက်ခြေထောက်၊ ခန္ဓာကိုယ်အရေပြားတို့ပေါ်တွင် ပေါက်လေ့ရှိပြီး ပျောက်ကင်းအောင် ကုသရန် ခက်ခဲလှပါသည်။ ငွေကြေးတတ်နိုင်သူတို့က ကြွက်နို့ကို မီးရှို့သောနည်းဖြင့် ကုကြသည်။ အဆင်ပြေလှသည်မရှိပါ။
အချို့မှာမူ ဓားဖြင့်လှီးဖြတ်၍ သွေးသံရဲရဲဖြစ်ကာ တခြားဝေဒနာတွေ ၀င်ရောက်ခြင်းကိုပင်

January 16, 2015

"နှင်းဆီရဲ့ဆူးစူး ကိုယ်မှာတော့ရူး( အချစ်ထိတာပေါ့ ဘယ်တတ်နိုင်မလဲ)"





နှင်းဆီရဲရဲ အသည်းဆွဲ
နှင်းဆီနီနီ လှပသည်
နှင်းဆီပန်းပေါင်း ချစ်ဖို့ကောင်း
နှင်းဆီမည်သည် ရှုမဝပြီ
နှင်းဆီပန်းသွေး ကြည့်မဝသေး 
နှင်းဆီ ကြိုင်ကြိုင် ချစ်သူကပိုင် 
နှင်းဆီကနီနီ ချစ်သူကရီ(ရယ်)
နှင်းဆီက ဖူးဖူး ချစ်သူကမြူး
နှင်းဆီက နီဆွေး ချစ်သူကိုငေး
နှင်းဆီက ရွှမ်းပြ ချစ်သူကိုလွမ်းရ 
နှင်းဆီက လှတယ် ချစ်သူလေးနှယ်
နှင်းဆီက ချစ်စရာ ချစ်သူရဲ့ မျက်နှာ
နှင်းဆီက တောက်ပ ချစ်သူအတွက် ကြောင့်ကြ
နှင်းဆီကို နမ်းမယ် ချစ်သူရေ ကြမ်းမယ်(ဟိဟိ)
နှင်းဆီလိုမွှေးတယ် ချစ်သူကိုထွေးမယ် (ဖက်တာကိုပြောတာကွ)

" ဟောဒိမှာဗျို့.....ထိုင်း စတိုင် အမဲသားသုပ်လေးပါ.."


အများအားဖြင့်တော့ အမဲသား မစားကြပါဘူး..။
ဒါပေမဲ့ ဟင်းချက်နည်းလေးတွေ ရေးရင် အမယ်လေးတွေ စုံအောင် တစ်ခါ တစ်ရံ အမဲသားချက် နည်းလေးတွေပါ ထည့်ရေးဖြစ်ခဲ့ပါတယ်။
ဒီနေ့တော့ အမဲသားကို မချက်ပဲ သုပ်စားကြမယ်ပေါ့။
ထိုင်းတွေက အမဲသားကို ကျက်အောင် မချက်ပဲ အစိမ်းလဲ သုပ်စားလေ့ ရှိကြပေမဲ့ ဒီနေ့တော့ ဆီပူတိုက်
ကြော်ထားတဲ့ အမဲသားကို ပြန်သုပ်စားတဲ့ နည်းလေး တင်ပေးမှာပါ။

" ပါးနပ်မှုအတွက် သော့တစ်စုံ" (လိမ်လိမ်မာမာ နေကြနော်လို့...ဆိုးကြနှင့်သိလား)

 
 



သမီးရည်းစားဘ၀၊အိမ်ထောင်သည်ဘ၀တွေမှာလမ်းခွဲခြင်းဆိုတဲ့အရာက ယောကျာ်းဖြစ်သူတစ်ယောက်
တည်းရဲ့ ဒေါသကြောင့်ချည်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး ။ဒီလိုပြောလို့ မနုဿက ယောကျာ်းတွေဘက်က ဘက်လိုက်တယ်လို့ မထင်လိုက်နဲ့နော်။ မိန်းကလေးတွေဘက်က ဘက်လိုက်လို့ ခုလိုမျိုး ကိုယ်ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို အားလုံးအတွက် ရေးသားတင်ပြပေးလိုက်ရတာပါ။

"ကိုယ့်ပုံ ကိုယ်ရိုက်ပြီး ဖေ့စ်ဘွတ်ခ် အတင်များသူလား၊ ဒါဆို ကိုယ့် ကိုယ်ကိုယ် အစွဲလွန်စိတ် ဝေဒနာသည် ဖြစ်နိုင်"



ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် ဆိုရှယ် မီဒီယာများတွင် ကိုယ့်ပုံ ကိုယ်ရိုက်ကာ အတင်များသူသည် မိမိကိုယ်ကိုယ် စွဲလန်းလွန် စိတ်ရောဂါ ဝေဒနာသည်ဖြစ်ဖို့ ပိုနီးစပ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။

ဆိုရှယ် မီဒီယာများတွင် ကိုယ့်ပုံကိုယ် မကြာမကြာ ရိုက်တင် သူများသည် ပုံမှန်လူများနှင့် ယှဉ်လျှင် အတ္တပိုကြီး၊ ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်၊ ကိုယ့်အတွက်ကိုယ် ပိုစဉ်းစား တတ်ကြသည် မိမိ ကိုယ်ကိုယ် ဗဟိုပြု သမားများ ဖြစ်လာကြကြောင်း စစ်တမ်းက ဖော်ပြသည်။

မိမိကိုယ်ကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ် မီဒီယာ အတင်များ သူတို့သည် ကိုယ်ပုံကိုယ် လှမလှ

January 15, 2015

" အချစ်ကြောင့် ဘ၀ပျက်တာလား ဘ၀ကြောင့် အချစ်ပျက်တာလား? "

ကျွန်မ၏ ဘ၀တသက်တာမှာ နားရည်ဝနေသောစကားတခွန်းတစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့......
လူတစ်ယောက်ဟာ အချစ်ကို ကိုးကွယ်ခဲ့မိလို့ ဘ၀မှာ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်လာခဲ့ရရင် ပြောမဲ့ စကားတစ်ခွန်းကတော့ "သြော်....ငါအချစ်ကြောင့် ဘ၀ပျက်သွားတာပဲ"လို့ ဘာမှ မဆိုင်တဲ့အချစ်ကို အပြစ်ပုံချတတ်ကြတာ သဘာဝလိုလို ရိုးရာလိုလိုဖြစ်နေသလိုပါပဲရှင်.......ပြီးတော့အချို့ချို့သော မိဘတွေဟာ

" ကိုကိုတို့ မမတို့ရေ....ပင်ပန်း နွမ်းနယ် မှုတွေကို ပြေပျောက် စေမယ့် ခြေထောက် ဆားစိမ်နည်းလေးပါ "

 
 

တစ်နေကုန် အလုပ်တွေ လုပ်နေ ရလို့ ပင်ပန်း နွမ်းနယ်နေသူများ၊ ကိုယ် လက်မအီမသာ ဖြစ် သူများ အတွက် ပေါ့ပါး လန်းဆန်း စေရုံသာမက ခြေဖ နောင့်ကွဲ တာကိုပါ သက်သာ စေမယ့် ခြေထောက် ဆားစိမ် နည်းကို ဖော်ပြ လိုက်ပါတယ်။ ဒီနည်းဟာ Foot Massage နဲ့ ဆင်တူပါတယ်။
ကုန်ကျစရိတ်က Foot Massage လောက်မရှိဘဲ သာမန်ရုံးဝန်ထမ်းများ တောင် တတ်နိုင်တဲ့ ဈေးနှုန်းပါ။ ဒီနည်းကို ရန်ကုန်မြို့၊ ဗိုလ် တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အမှတ်-၄၂၉/ ၄၃၁ မှာရှိတဲ့ သမီးတော် Nail Art, Spa & Foot Reflexology ကို သွား ရောက်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။

" ကိုယ်အလေးချိန် ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ "

 
 
by ပိုပိုဇော်(သဘာဝအားအင်)

အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ညနေချိန်တွင် သစ်သီးစားပါ

သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု

"ဆေးဖက်ဝင် ခရေပင် "



လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကိုမောင်မြင်တော့
သူ့ ဆံပင်နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး၊၊        

ခေတ်စမ်းစာဆို ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးကို နှုတ်မှရွတ်ဆိုမိရင်း ခရေအကြောင်းကို စဉ်းစားမိသည်၊၊ ခရေပင်အောက်မှာ လျှောက်လှမ်းရင်း ကြွေကျလာသော ခရေပွင့်လေး များကို ကောက်ယူနမ်းကြူခဲ့ဘူးသည်မှာ အခါခါပင်ဖြစ်သည်။ ငယ်ရွယ်စဉ်ကသာမန် အကြွေပန်းလေးများဟု ပင် စိတ်ဝယ်ထင်မှတ်မှားမိသည်။ တိုင်းရင်းဆေးပညာ ကို  လေ့လာသင်ယူသောအခါ ခရေအကြောင်း ကို တွေ့ ထိရင်းနှီးလေ့လာ စိတ်ဝင်စားမိခဲ့သည်၊၊
      ခရေသည် ရက္ခဗေဒပညာအရ Sapotaceaae မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Mimusops elengi Roob ဖြစ်သည်။ ရှေးခေတ်ဆေးကျမ်းများတွင် ခရေ ကို  ချယားဟုခေါ်ကြောင်း တွေ့ ရသည်၊၊ အင်္ဂလိပ် အခေါ်မှာ Star Faower ဖြစ်သည်၊၊

January 14, 2015

လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှု ထိုင်းအစိုးရ တိုက်ဖျက်မည်


ဗန်ကောက် ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှု ရှိကြောင်း ပြသရန် အမေရိကန် ပြည်ထောင်စုက သတ်မှတ် သော နောက်ဆုံး အချိန်မတိုင်မီ ကြိုးပမ်း ချက်အနေဖြင့် ငါးဖမ်း သင်္ဘောများ ပေါ်တွင် ဂျီပီအက်(စ်)တပ်ဆင်ရမည် ဟုလည်းကောင်း၊ ဒဏ်ငွေ အမြောက်အမြား ပေးဆောင် စေရမည်ဟု လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဝန်ထမ်း ၇ဝဝ ခန့်ထားရန် ဘတ်ဂျက်ခွင့်ပြုပြီး ဖြစ်သည်ဟု လည်းကောင်း ထိုင်းအာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။

"ခန္ဓာကိုယ်အတွက် မှဲ့ဗေဒင် " ဟုတ်မှ ဟုတ်ရဲ့လား ??

 
 
ထင်ထင်ရှားရှားရှိသောမှဲ့ကိုသာမှဲ့ဟုဆိုလိုပါသည်။ဗေဒင်ဖြစ်သောကြောင့် လက်တွေ့ဖြစ်မည်ဟုမဆိုလိုပါ။ မိမိ၏ ယုံကြည်မူနှင့်သာ သက်ဆိုင်ပါသည်။

၀၁.ပုခုံးရိုးပတ်ဝန်းကျင်တွင်ရှိသောမှဲ့ရှိသောသူသည် စိတ်တည်ငြိမ်မူအားနည်း၏

၀၂.ပုခုံးတွင်မှဲ့ရှိသောသူသည် စွန့်စားချင်တဲ့စိတ်ဓာတ်ရှိ၏

၀၃.ရင်သားအလယ်တွင်မှဲ့ရှိသောသူသည် သူတပါးအတွက်ဆိုရင် ကူညီချင်တဲ့စိတ်အမြဲရှိ၏

၀၄.ချိုင်းအောက်တွင်မှဲ့ရှိသောသူသည် အရာရာကိုသိတတ်သည်

" ကြည်နူးစရာ တောင်းပန်လွှာ ( ဖတ်ကြည့်ပါ.. သင့်စိတ်ကလေးကြည်နူးသွားမှာပါ..) "




လက်ထပ်ပြီးလည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း….

တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်ကထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးကဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကိုသူလှည့်ပြန်လာခဲ့တယ်။

" ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ "



Asthma ဆိုသော ဝေါဟာရမှာ ရှေးဂရိဘာသာစကားဖြစ်ပြီး၊ Panting or Short drawn breath(ခေါ်)တိုတောင်းလျှင်မြန်စွာ အ သက်ရှုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ရဲ့ တုန့် ပြန်မှုက အသက်ရှုလမ်းကြောင်းမှာ ပြသနာအကြီးကြီးဖြစ်စေပါတော့တယ်။ ကလေး/လူကြီး၊ ကျား/မ မရွေးဖြစ်တတ်ကာ၊ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ ညသန်းခေါင်(သို့ မဟုတ်)နံက်လင်းအားကြီး အချိန်တွေမှာ ရောဂါထလေ့ ရှိပြီး၊ ချွေးေ စး များထွက်ကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို၊ ရောဂါ ခံစားနေရသူကိုကြည့်၍ ဘေးမှမြင်ရ/ကြားရ သူအဖို့ လည်း စိတ်မသက်သာလှပေ။

သတိပြုရှောင်ကြဉ်ရန်။

(၁) ရနံ့ စူးရှသော အစားအသောက်/ရေမွှေး/ပန့်း ရနံ တို့ က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ်ထလာစေလို့ သတိနဲ့ ဆင် ခြင်နေထိုင်ပါ။

" လေးညှင်းပွင့်၏ ကျန်းမာရေး အကျိုး ကျေးဇူးများ "






လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန် ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများ အပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။

(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့

January 13, 2015

" အမေရိကန်မှာ ကြောင်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်ထား "



ကြောင်တစ်ကောင်ကို မြို့ တော်ဝန် ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့်
တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။ ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင်

" ကျွန်မတို့ မိန်မသားတွေဆိုတာ "

ကျွန်မတို့ မိန်မသားတွေ ဆိုတာ အလွယ်တကူ ဝမ်းနည်း တတ်ပေမယ့် အခက်အခဲ
တွေနဲ့ ကြုံလာတဲ့ အခါမှ သတ္တိရှိရှိ ဖြေရှင်းရဲပါတယ်။
ကျွန်မတို့ မိန်မသားတွေ ဆိုတာ ချစ်ရင်လည်း တစ်ဘဝလုံးစာ ချစ်တတ်ပေမယ့် မုန်းရင်လည်း ဘယ်တော့မှ လှည့်မကြည့် တော့ပါဘူး။
ကျွန်မတို့ မိန်မသားတွေဆိုတာ အားကိုးအားထား အလိုရှိကြပေမယ့် ကိုယ့်ဘဝ ကိုတော့ လျောက်လမ်းနိုင်ပါတယ်။
ကျွန်မတို့ မိန်မသားတွေ ဆိုတာ အလှအပကို မက်တတ်ပေမယ့် ဆင်းရဲနွမ်းပါးမူ ကိုလည်း ကြံ့ကြ့ခံနိုင်ပါတယ်။
ကျွန်မတို့ မိန်းမသားတွေ ဆိုတာ ပျော်ရွှင်တဲ့ မိသားစု ဘဝကို နှစ်သက်ပေမယ့် သစ္စာမရှိ တာကိုတော့ လက်မခံနိုင်ပါဘူး။

" ဘယ်သူ ပိုခိုးတတ်လဲ " အောင်မယ်လေးဗျ ..."

ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။
ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။
"ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ"
ဒီတော့ အင်ဂျင်နီယာက -
"အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့"
ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက ယခုလို ပြောပါတယ်။
"ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား"
ဒီတော့ ကောင်တာမှ လူငယ်ကလည်း "အင်း. ကြည့်မယ်လေ"
အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့ မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။

" တပည့်လေးထံမှ သင်ယူခြင်း"




ဆရာမနာမည်က ‘ ဒေါ်သီတာဆွေ ‘။ တပည့်လေးနာမည်က ‘တက်တူ ‘။ ကျောင်းစဖွင့်ဖွင့်ချင်း နေ့မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့ အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ဒေါ်သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာမလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ ‘တက်တူ ‘
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။

January 12, 2015

" ကိုကိုတို့ မမတို့ရေ...... ပျဉ်သစ်စကားလေး လေ့လာကြည့်ကြရအောင်လား ဟင် "




ရောသမ ကိုကိုတို့ မမတို့ ဦးဦးတို့ ဒေါ်ဒေါ်တို့ရေ.....နေကောင်းကြပါရဲ့လား....ဒီနေ့ ဒီရက်မှာ ပျော်ရွှင်ကောင်းပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါရစေ........
ဒီနေ့တင်ပြချင်တာကတော့......ပျဉ်သစ် စကားအကြောင်းလေးကို တင်ပြချင်ပါတယ်....မိတ်ဆွေများ အထူးအထူး စိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်......သေသေချာချာ လေ့လာမှတ်သားကြည့်မယ်ဆိုရင် သိမှတ်စရာတွေ ပြည့်ဝလာပါလိမ့်မယ်......မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်....
ဒီနေရာမှာ ပြထားတဲ့ ကြယ်ပွင့်လေး တွေကို တစ်ချက်နှိပ်လိုက်ပါ ပျဉ်သစ်စကား စာမျက်နှာပုံ ပေါ်လာပါလိမ့်မယ်....     ဟောဒီကကြယ်ပွင့်တွေကို (*****)  တစ်ချက် နှိပ်ပါ....

လေးစားလျက်
((ရောရောသမမွှေ))

" မင်္ဂလာမဆောင်ခင်ကတည်းက လက်ထပ်ထားခဲ့တယ်ဆိုတဲ့ ဂျိုလီနဲ့ ဘရက်ပစ်"



 ဟောလိဝုဒ် စူပါစတားစုံတွဲတစ်တွဲဖြစ်သော အန်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့သည် ၂၀၁၄ ဩဂုတ်တွင် ပြင်သစ်နိုင်ငံတွင် မင်္ဂလာမဆောင်မီ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ လက်ထပ်ခဲ့ကြ သည်။

‘‘ကလေးတွေနဲ့ ပြင်သစ်မှာ မင်္ဂလာပွဲမကျင်းပခင် ဘရက်နဲ့ကျွန်မ ကယ်လီဖိုးနီးယားမှာ လက်ထပ်ခဲ့ပြီးပါပြီ။ အမေရိကန်နိုင်ငံသားတွေဆိုတော့ ပြင်သစ် မှာ တရားဝင်လက်ထပ်လို့မရဘူး လေ’’ဟု ဂျိုလီက အီတလီမဂ္ဂဇင်း Io Donna အား ပြောကြားခဲ့ ကြောင်း Us Weekly သတင်းက ဖော်ပြသည်။

" ပျိုမေတို့၏ ဓမ္မတာမမှန်ခြင်းကို ဖြေရှင်းပေးနိုင်သော အိမ်တွင်းဆေးစွမ်းကောင်း(၅)မျိုး"




ဓမ္မတာမမှန်ခြင်းတွေ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းတွေက ပျိုမေတို့ရဲ့ဘ၀မှာ ရာသီပေါ်ကာစကနေစပြီး သွေးဆုံးသည်အထိ ဒုက္ခပေးနေတတ်ကြတယ်။ ဘယ်လောက် စိတ်ဒုက္ခရောက်ရောက် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်လို့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ဆေးဖက်ဝင်အပင်များ

လက်ဖက်နက်၊ လက်ဖက်စိမ်း ၊လက်ဖက်ဖြူ တို့ထဲကမှ မိမိနှစ်သက်ရာတစ်မျိုးကို သောက်သုံးပေးပါ။ အရသာအတွက် သင်ကြိုနှစ်သက်သလို

"မမတို့ ကိုကိုတို့ရေ.....ပူလောင်တဲ့၁၅၀၀ အချစ်" နဲ့ "အေးမြတဲ့၅၂၈ မေတ္တာ"( သိမှတ်စရာ) လေးပါ"

သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုရင် ဦးဇင်းတို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။
၁၅၀၀ ဆိုတာဘယ်လိုပေါ်လာတာလဲ?
၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ?

January 11, 2015

ဖုန်းထဲက Contact ​တွေကို​ဖျောက်​ချင်​တဲ့ သူ​တွေအတွက်​ Contact Hider


Cb က​နေစာပို့ပီး ​မေးထားတဲ့ညီ​ရေ
အကိုတင်​​ပေးလိုက်​ပါပီ
ဖုန်းထဲက​နေပီး
သူများမမြင်​​စေချင်​တဲ့
Contact ​တွေကို​ဖျောက်​ထားနိုင်​တဲ့
Contact Hider ​လေးတင်​​ပေးလိုက်​ပါတယ်

ဥပမာ . . . ကိုယ့်​​ကောင်​မ​လေး ဖုန်းနံပါတ်​မျိုး​ပေါ့
သူများမမြင်​​စေချင်​ရင်​ ​ဖျောက်​ထားလို့ရတာ​ပေါ့ ခ်​​ခ်

download

ကိုပြည့်ဖြိုး နည်းပညာဘာလော့ခ် က ကူးယူဖော်ပြထားတာပါ

မောင်စိုး ၀၉၂၅၀၃၇၀၉၀၄

" ဆီး (ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ"

ဆီးသီးမှာ ကာဗိုဟိုက် ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့ တခြား အာဟာရ ဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိ နိုင်ပါတယ်။

(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးတဲ့ဓာတ်တွေ ပါဝင် တာကြောင့် အောက်ဆီဂျင် အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

" အူအတက်ကို မှန်ထောင်ပြီးကိုယ်တိုင်ခွဲထုတ်ခဲ့တဲ့ ဆိုဗီယက်ဆရာ ဝန်တစ်ဦးရဲ့ ကျွမ်းကျင်တဲ့ခွဲစိပ်မှုစွမ်းရည်"


၁၉၆၀- ၁၉၆၁ ခုနှစ် အတွင်းတောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း ကြား အက်တရာတစ်ရာ ဝင်ရိုးစွန်းဒေသရဲ့   Novolazarevskaya Station ရှာဖွေမှုခရီးစဉ်အတွင်း အခြားအဖွဲ့ဝင် ၁၂ ဦးနဲ့အတူဆရာ ဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ထူးချွန်လှတဲ့ ဆိုဗီ ယက်ဆရာဝန်တစ်ဦး Leonid Rogozov ဆိုသူအကြောင်းဗြိတိန် ဆေးပညာဂျာနယ်တစ်စောင်က အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပါ တယ်။

ကြမ်းတမ်းခက်ခဲတဲ့ ဝင်ရိုးစွန်းဒေသရှာပုံတော်ခရီးစဉ်မှာ အဖွဲ့သား တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ထိခိုက်ဒဏ်ရာကုသမှုတို့အ ကောင်းဆုံးပြုစုကုသပေးခဲ့တဲ့ သူက ကာလတစ်ခုမှ ပြင်းထန်တဲ့အ ဖျားရောဂါတစ်ခုဝင်ခဲ့ပါတယ်။

" ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်း ရှင်းလင်းကုသနည်း "

 
 
ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်း ရှင်းလင်းကုသနည်း အသက်ရှူလမ်းကြောင်းတွေမှာ နာကျင်ကိုက်ခဲမှု မကြာခဏဖြစ်ပွားပြီး နားခေါင်းမှတဆင့် အသက်ရှူတဲ့အခါ အသံမြည်လာမယ်၊ ချောင်းတွေဆိုးလာမယ်ဆိုရင် ဒါဟာ ရေရှည်အကျိုးသက်ရောက်မှုတွေ ရှိလာပါပြီ။ မိမိကုသနည်းတွေမှာလည်း မျှော်လင့်ထားသလို ရလဒ်တွေဖြစ်မလာတဲ့အခါ အသက်ရှူလမ်းကြောင်းတွေကို သန့်ရှင်းပေးဖို့ ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ အိမ်သုံးဆေးတစ်မျိုးကို စမ်းသုံးကြည့်နိုင်ပါတယ်။ ညှစ်ထားတဲ့ ဂေါ်ဘီထုပ်ဖျော်ရည်ကို သကြားနဲ့ အချိုးအစား ၁း၁ နဲ့ရောစပ်ပါ။ သကြားအစား ပျားရည်ကိုလည်း

" သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ"



အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

- ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲမှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့
Subscribe

လာလည်သူများ

free counters