♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2015

" ဟောဒိမှာဗျို့.....ထိုင်း စတိုင် အမဲသားသုပ်လေးပါ.."


အများအားဖြင့်တော့ အမဲသား မစားကြပါဘူး..။
ဒါပေမဲ့ ဟင်းချက်နည်းလေးတွေ ရေးရင် အမယ်လေးတွေ စုံအောင် တစ်ခါ တစ်ရံ အမဲသားချက် နည်းလေးတွေပါ ထည့်ရေးဖြစ်ခဲ့ပါတယ်။
ဒီနေ့တော့ အမဲသားကို မချက်ပဲ သုပ်စားကြမယ်ပေါ့။
ထိုင်းတွေက အမဲသားကို ကျက်အောင် မချက်ပဲ အစိမ်းလဲ သုပ်စားလေ့ ရှိကြပေမဲ့ ဒီနေ့တော့ ဆီပူတိုက်
ကြော်ထားတဲ့ အမဲသားကို ပြန်သုပ်စားတဲ့ နည်းလေး တင်ပေးမှာပါ။ အသားကို အသီးအရွက် များများနှင့် သုပ်စားတဲ့ နည်းလေးမို့ ကျန်းမာရေး ရှုထောင့်ကပဲ ဖြစ်ဖြစ်၊ ဝိတ်
လျှော့တဲ့ သူအတွက်ပဲ ဖြစ်ဖြစ် အထူး သင့်လျှော်တဲ့ ဟင်းပွဲ တစ်ပွဲပါ။


ပထမဦးဆုံး ရှာလကာရည် စပ်ယူရပါမည်။

ရှာလကာရည်စပ်ရန် ပါဝင်သော ပစ္စည်းများ
  1. ကိုယ်တိုင်အရည်ညစ်ယူသည့် သံပုရည် စားပွဲတင်ဇွန်း (၆) ဇွန်း
  2. ထန်းလျက်ခဲ စားပွဲတင်ဇွန်း (၂) ဇွန်း
  3. ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
  4. နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၂) ဇွန်း
  5. ပဲငံပြာရည် လဘ္ဘက်ရည်ဇွန်း (၃) ဇွန်း
  6. တစ်လက်မအရွယ်ခန့် ဂျင်းတစ်တက်
  7. ကြက်သွန်ဖြူ (၂) မွှာ

ပထမဦးစွာ ကြက်သွန်ဖြူနှင့် ဂျင်းကို ညက်နေအောင်ထောင်းပြီး အခြား ပါဝင်ပစ္စည်းနှင့် ရောနှောသမပြီး
အသင့်ပြင်ထားလိုက်ပါ။


အလေးချိန်တွေကို ထည့်ပြီး ရေးမထားတော့ပါဘူး။ မိမိအသုံးပြုမည့် အသား အချိုးအစားပေါ်မူတည်၍
ပါဝင်ပစ္စည်းများ အတိုးအေလျှာ့ ပြုလုပ်နိုင်ပါသည်။

ထိုင်း စတိုင် အမဲသား သုပ်ရန် ပါဝင်သော ပစ္စည်းများ
  1. အမဲသား
  2. ခရမ်းချဉ်သီး
  3. သခွားသီး
  4. ကြက်သွန်နီ
  5. ငရုတ်သီးစိမ်းအတောင့်
  6. ပူစီနံရွက်
  7. နံနံရွက်
  8. ထိုင်းပင်စိမ်းရွက်
  9. တရုတ်နံနံ
  10. မြေပဲလှော် အနည်းငယ်
  11. ရှောက်ဘီးလူးရွက် (ခေါ်) ရှောက်နူရွက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမဦးစွာ အသားများကို ရေ စင်စင်ဆေး၍ ရေများခြောက်သွေ့ သွားအောင် တစ်သျှူး စက္ကူများဖြင့်
ဖိကပ်ကာ ရေများကို ပြန်လည်စစ်ထုတ်ပေးပြီး (ရေမစစ်ပါက အသားနယ်လျှင် အရသာ စိမ့်ဝင်မှု နည်း
သောကြောင့်) အစောပိုင်းက စပ်ထားသည့် ဆလကာရည် သုံးပုံ တစ်ပုံခန့်နှင့် အမဲသားကို နယ်ထားပြီး
အနည်းဆုံး အချိန် တစ်နာရီမျှ နှပ်ထားလိုက်ပါ။

ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်လျှင် ကြိုတင်၍ တစ်ညသိပ် နှပ်ထားနိုင်ပါသည်။


၂။ ထို့နောက် ပါဝင် ပစ္စည်းများကို မိမိ စိတ်ကြိုက် အရွယ်အစား အတိုင်း လှီးဖြတ်ကာ အသင့်ပြင် ထား
ပေးရပါမည်။


၃။ ဒယ်အိုးတွင် ဆီအနည်းငယ် အပူပေးကာ နှပ်ထားသော အသားများကို မီးပြင်းပြင်းနှင့် ကြော်ပေးရ
ပါမည်။

ကြော်ချိန် ကြာမြင့်လွန်းလျှင် အသားများမှာ မာသွားနိုင်၍ ကြော်ချိန် မကြာမြင့်စေရန် သတိပြုပေး ရပါ
မည်။


၎။ ထို့နောက် ကြော်ထားသော အသားများကို ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အအေးခံထားပါ။


၅။ အအေးခံ ထားသော အသားများ လက်နှင့် ကိုင်နိုင်သည့် အပူချိန်ထိ အေးလာလျှင် အသုပ်
သုပ်စားရန် အတွက် ပါးပါးလှီး ထားပေးလိုက်ပါ။


၆။ ထို့နောက် လှီးဖြတ်ထားသော ပါဝင် ပစ္စည်းများနှင့် မိမိ စိတ်ကြိုက် ရောနှောကာ ကျန်ရှိနေ
သေးသော ဆလကာရည် စမ်းကာ ရသာရှိလှသော ထိုင်း စတိုင် အမဲသားသုပ်ကို သုံးဆောင်
နိုင်ပါပြီ။


မေသဇင်

အလွမ်းခရီးသည် မှ ကူးယူမျှဝေသည်။
Credit: ဆိုင်မွန်စာကြည့်ဆိုဒ်:

No comments:

Subscribe

လာလည်သူများ

free counters