♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 11, 2015

" အူအတက်ကို မှန်ထောင်ပြီးကိုယ်တိုင်ခွဲထုတ်ခဲ့တဲ့ ဆိုဗီယက်ဆရာ ဝန်တစ်ဦးရဲ့ ကျွမ်းကျင်တဲ့ခွဲစိပ်မှုစွမ်းရည်"


၁၉၆၀- ၁၉၆၁ ခုနှစ် အတွင်းတောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း ကြား အက်တရာတစ်ရာ ဝင်ရိုးစွန်းဒေသရဲ့   Novolazarevskaya Station ရှာဖွေမှုခရီးစဉ်အတွင်း အခြားအဖွဲ့ဝင် ၁၂ ဦးနဲ့အတူဆရာ ဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ထူးချွန်လှတဲ့ ဆိုဗီ ယက်ဆရာဝန်တစ်ဦး Leonid Rogozov ဆိုသူအကြောင်းဗြိတိန် ဆေးပညာဂျာနယ်တစ်စောင်က အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပါ တယ်။

ကြမ်းတမ်းခက်ခဲတဲ့ ဝင်ရိုးစွန်းဒေသရှာပုံတော်ခရီးစဉ်မှာ အဖွဲ့သား တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ထိခိုက်ဒဏ်ရာကုသမှုတို့အ ကောင်းဆုံးပြုစုကုသပေးခဲ့တဲ့ သူက ကာလတစ်ခုမှ ပြင်းထန်တဲ့အ ဖျားရောဂါတစ်ခုဝင်ခဲ့ပါတယ်။
အူအတတ်ပေါက်ရောဂါဆိုတာယင်း အချိန်တုန်းက ကုသဖို့နဲ့ဆေးဝါးအထောက်အကူရရှိဖို့ မလွယ်ကူ တာကြောင့် ပြင်းပြင်းထန်ထန်ခံစားရတဲ့ဝေဒနာတစ်ခုပါ။

နာတာရှည်အဖျားရောဂါကို လအနည်းငယ်ခံစားပြီးနောက် မှာ သူ ကိုယ်တိုင် ဒီရောဂါအတွက် ကုသခဲ့ပါတယ်။ ဒီအူအတတ်ကို ခွဲထုတ် ပစ်ဖို့ပါပဲ။ ဘယ်လို သူနာပြု၊ ဆေးဝါးအကူအညီ၊ အသုံးအဆောင်၊ မေ့ဆေး၊ ဆေးထိုးသွင်းခြင်းတွေမယူဘဲ သူကိုယ်တိုင် ခွဲစိပ်လှီးဖြတ် ခဲ့ပါတယ်။
ကုတင်ပေါ်မှာ သူကိုယ်တိုင်လဲလျှောင်းပြီးသူ့ရဲ့ ဗိုက်ကိုအစိမ်း သက်သက်ခွဲ စိပ်ဓားနဲ့ခွဲခဲ့တယ်။ နောက်အတတ်ဖြစ်နေတဲ့ အူကို လှီးဖြတ်တယ်။ နောက်ပြန်ချုပ်တယ်။

သူကမှန်တစ်ချပ်ကိုရှေ့မှာ ထောင်ထားပြီး ခွဲစိပ်ခဲ့တာ လက်အိပ်တောင်ဝတ်ဆင်ထားခြင်းမရှိဘဲ သွေးစိမ်းတွေ ပန်းထွက်နေတဲ့ ဗိုက်ကိုဂွမ်းစများနဲ့တို့ကာ ခွဲစိပ်ခဲ့တာ ပါ။ 

ခွဲစိပ်မှုကြာချိန် မည်မျှမသတ်ခဲ့တဲ့နေရာ မှာ သူ့ရဲ့ခွဲစိပ်မှုအချိန် အ တွင်းလေး၊ ငါး မိနစ်မှာ တစ်ကြိမ် ၂၅ စက္ကန့်အနားယူခဲ့ပါတယ်။ သွေးထွက်လွန်ပြီး အားအင်ချိနဲ့လာတဲ့နောက်မှာ သူ့ရဲ့ခွဲစိပ်မှုက လည်းအဆုံးသတ်နိုင်တော့မှာပါ။ နာကျင်တဲ့ ခံစားမှုကိုတောင့်ခံရင်း နဲ့ သူ့ရဲ့ရောဂါကို ဖယ်ရှားအောင်မြင်ပြီးသွားတဲ့နောက် သူအားပါး တရ အိပ်စက်အနားယူခဲ့လိုက်ပါပြီ။

သူ့ရဲ့ကျွမ်းကျင်မှုက တကယ့်ကို ပါရမီထူးခြားလွန်းပါတယ်။ ဆေး ဝါးထောက်ပံ့မှု အခက်အခဲဖြစ်နေချိန်မှာတောင်မှ သူ့ရဲ့ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters