♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 11, 2016

" Online ကနေတက္ကသိုလ်ဝင်တန်း ( ဆယ်တန်း ) အောင်စာရင်းကြည့်မယ် "

၁၁.၆.၂၀၁၆ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူတွေအတွက် အောင်စာရင်းထွက်မှာ ဖြစ်ပါတယ်။
အောင်စာရင်းကို online ကနေစစ်ဆေးချင်သူတွေအတွက် စစ်နိုင်မဲ့လင့်လေးကိုတင်ပေးလိုက်ပါတယ်။
အချိန်ကုန်သက်သာသွားတာပေါ့။

oooooOOOOO တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြည့်ရန် OOOOOooooo


အဆင်ပြေပါစေ။
Warmly Welcome
Credit : myanmarmobileapp.com

" ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှား ၁၀ ခု "

 
ချမ်းသာမှုနဲ့ အောင်မြင်ကျော်ကြားတဲ့သူတွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှား ၁၀ ခု

ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ခြင်းဟာ အလွန် အရေးပါပြီး ခက်ခဲလှတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံကို သုံးရတာက လွယ်ပါတယ်။ ဘယ်သူ မဆို ပိုက်ဆံကို သုံးတတ်ပါတယ်။ ဒါပေမယ့် အကျိုး ရှိရှိ သုံးတတ်ဖို့ ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် တိုးတက်ဖို့ အလားအလာ ရှိနေတဲ့ အချိန်အခါမှာ ပိုပြီးမှ ခဲယဉ်းပါတယ်။ အတတ်ပညာတွေ ရှိလာလို့ ပိုက်ဆံကို ရှာဖွေနိုင်လာတဲ့ တတ်သစ်စ အရွယ်မှာ ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ဖို့ ရာ အင်မတန်ပဲ လိုအပ်လှပါတယ်။ အဲ့ဒီလိုမှ မဟုတ်ယင်တော့ လူချမ်းသာ တစ်ယောက် ဖြစ်လာဖို့ ခဲယဉ်းသွားပြီး သာမန် အလယ်အလတ် လူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်သွားပါလိမ့်မယ်။ အောက်မှာ ရေးမယ် အချက် ၁၀ ချက်ကတော့ ချမ်းသာမှု နဲ့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် သူဌေးကြီးတွေရဲ့ ပိုက်ဆံကို ဘယ်လို အကျိုးရှိရှိ စီမံခန့် ခွဲ လေ့ ရှိသလဲ ဆိုတာကို ရေးထားတာပါ။

၁။ သူတို့ ဟာ ဘယ်သောအခါမှ ပိုက်ဆံကို အလွန်အကျွံ မသုံးပါဘူး။ သူတို့ ရှာဖွေနိုင်မှုထက် နိမ့်တဲ့ အဆင့်တစ်ခုမှာပဲ သူတို့ နေပါတယ်။ အဲ့ဒါဟာ အလွန်မှ အရေးကြီးပြီး တကယ့်ကို အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Sir John Templeton ဆိုတဲ့ Billionaire ဆိုယင် သူ ရှာဖွေလို့ ရသမျှရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပြန်ပြီး ရင်းနှီးမြုပ်နှံပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို သာ သုံးစွဲပါတယ်။ အဲ့လိုနည်းနဲ့ စုဆောင်း မြုပ်နှံလာခဲ့တဲ့အတွက် သူဟာ Billionaire တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သင့်အနေနဲ့ သင့်လစာရဲ့  ၅၀ ရာခိုင်နှုန်းကို စုဆောင်းဖို့ ရာခက်ခဲလှတယ်ဆိုယင် စိတ်မပူပါနဲ့ ။ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက်တော့ စုဆောင်းဖြစ်အောင်ကြိုးစားနိုင်ပါတယ်။

၂။ နောက် အချက်တစ်ခုကတော့ ချမ်းသာတဲ့သူတွေအနေနဲ့ ပစ္စည်းတစ်ခုရဲ့ ဈေးကို မကြည့်ပါဘူး။ ဒီပစ္စည်းရဲ့  အရေးပါပုံကို ပဲ ကြည့်ပါတယ်။ ဒီအချက်ကတော့ ယျေဘုယျ အားဖြင့် စဉ်းစားကြည့်လျှင် ဆန့် ကျင်ဘက်လို့ ထင်ရပါတယ်။ ချမ်းသာတဲ့သူတွေက ပစ္စည်း တစ်ခု ၀ယ်တော့မယ်ဆိုယင် ဈေးကို မကြည့်ပါဘူး။ ဒီပစ္စည်းဘယ်လောက် အသုံးခံမလဲ။ ဘယ်လောက် အရည်အသွေးကောင်းမလဲ ကို ကြည့်ပါတယ်။ အဓိကကတော့ ကြာကြာခံမယ့် အချက်ကို ကြည့်ပါတယ်။ တကယ်သဘောကျပြီဆိုယင် ဈေးများလည်း ၀ယ်ယူလေ့ ရှိပါတယ်။ သူတို့ စဉ်းစားတဲ့အချက်ကတော့ တစ်ခါ ၀ယ်ထားလိုက်လို့  ငါးနှစ် အသုံးခံတာက ငါးနှစ်အတွင်း ခဏခဏ ၀ယ်ရတာထက်စာယင် ပိုပြီး တွက်ခြေကိုက်တယ်လို့ တွက်ချက်လိုက်တာပါပဲ။

အဲ…၀ယ်ပြီးလျှင်တော့ အဲ့ဒီ ပစ္စည်းကို ပဲ ရေရှည် စွဲစွဲမြဲမြဲ အသုံးပြုတာက အဓိက ကျတဲ့အချက်ပါ။ အဲ့လိုမှ မဟုတ်ပဲ Brand ကြီးပဲလိုက်ဝယ်မယ်။ ရေရှည်တော့ စွဲစွဲမြဲမြဲ မသုံးပဲ ခဏခဏ ပြောင်းလဲနေမယ်ဆိုယင်တော့ ပိုက်ဆံက ကုန်မှာပါပဲ။

၃။ တော်တော်များများဟာ သူတို့ ပိုက်ဆံတွေကို ၀န်ဆောင်ခ၊ အခပေးရတာတွေ၊ အတိုးနှုန်းပေးရတာတွေအတွက်

" မီးဖိုချောင်ထဲမှာ အသုံးဝင်လှတဲ့ သဘာဝနည်းလမ်းများ "

 
အိမ်သုံးစရိတ်တွေကို အပိုမကုန်သင့်တာ မကုန်ရအောင် ထိန်းသိမ်းစီမံရာမှာ မီးဖိုချောင်ကုန်ကျစ ရိတ်ထိန်းသိမ်းခြင်းကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မိသားစုဝင်တွေ နေ့စဉ် မြိန်ယှက်စွာစားသောက်ဖို့၊ ဧည့်သည်ကို အရသာရှိရှိစားချင့်စဖွယ်ဧည့်ခံကျွေးမွေးဖို့ အတွက်လည်း အရေးအကြီးဆုံးနေရာဟာ မီးဖိုခန်းပဲဖြစ်ပါတယ်။ ဒီတော့ အစားအသောက်တွေ သန့ှ်ရှင်းလှပပြီး စားချင့်စဖွယ်ဖြစ်တဲ့အပြင် အလဟဿလွှင့်ပစ်ရတာမျိုးလည်းမဖြစ်စေဖို့ အသုံးဝင်တဲ့ လွယ်ကူရိုးရှင်းနည်းလမ်းလေး (၈) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) သီးနှံတွေ အမြန်မှည့်နည်း

စိမ်းဝါရောင်ဖြစ်နေတဲ့ ငှက်ပျောဖီး၊ သစ်တော်သီး စတာတွေကို မြန်မြန်မှည့်စေချင်ရင်တော့ စက္ကူအိတ်ထဲ ထည့်ထားလိုက်ပါ။ စက္ကူအိတ်ထဲထည့်ထားခြင်းဖြင့် မှည့်စေတဲ့ဓါတ် Ethylene ဓါတ်ကို တိုးပွားစေတာကြောင့် ဖြစ်ပါတယ်။

(၂) မပုပ်မသိုးအောင် ကာကွယ်နည်း

ခရမ်းချဉ်သီးတွေကို မြန်မြန်မပုပ်အောင် ကာကွယ်ဖို့ အညှာတွေကို အကုန်ဖြုတ်လိုက်ပါ။ အညှာရဲ့ ခြောက်နေတဲ့အပိုင်းကနေ လေ၀င်ပြီး စွတ်စိုစေကာ ပုပ်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ ငရုတ်သီးတွေကိုလည်း ထိုးနည်းအတိုင်းပဲ လုပ်ရပါမယ်။ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးတွေကို ရေခဲသေတ္တာ ထဲမထည့်ပဲ အပြင်မှာထားခြင်းဟာ ပိုပြီးတာရှည်ခံစေပါတယ်။

(၃) ငှက်ပျောသီးကို အမှည့်မလွန်အောင်လုပ်နည်း

မှည့်ပြီးသား ငှက်ပျောဖီးရဲ့ အစွန်းကို ပလတ်စတစ်နဲ့ အုပ်ထားခြင်းဖြင့် အမှည့်မလွန်သွားအောင် ရက်အတော်ကြာ

" ရုပ်ချောရင် ဉာဏ်ရည် မြင့်တယ်လို့ အထင်ခံရလေ့ရှိ "

 
လူများသည် ရုပ်ရည်ချောမော သူများအား ဉာဏ်ရည်မြင့် သူများ အဖြစ် ထင်မြင်လေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင်
 ဖော်ပြ ထားသည်။

လေ့လာမှုကို စိန့်အန်ဒရူး တက္ကသိုလ်မှ ရှောင်တာလာမာစ်က ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တာလာမာစ်နှင့် အဖွဲ့သည် တက္ကသိုလ် ကျောင်းသားများအား ဓာတ်ပုံရိုက်ယူ ပြီးနောက် အလေ့လာခံ များကို ပေးအပ် ခဲ့သည်။ ယင်းနောက်တွင် အလေ့လာခံများအား ဓာတ်ပုံများကို ကြည့်ပြီး ဆွဲဆောင်မှု ရှိမရှိ၊ ဉာဏ်ရည် မြင့်ခြင်းရှိမရှိ၊ တာဝန်သိခြင်း ရှိမရှိနှင့် ပညာရေး ထူးချွန်မှုရှိ မရှိတို့နှင့် ပတ်သက်ပြီး သုံးသပ် မှတ်ချက်ချစေ ခဲ့သည်။

ယင်းနောက်တွင် သုတေသန ပညာရှင် များသည် အလေ့လာခံများ၏ သုံးသပ်ချက်နှင့် ဓာတ်ပုံပါ ကျောင်းသား များ၏ ပညာရေး မှတ်တမ်းများကို နှိုင်းယှဉ်ခဲ့သည်။ လေ့လာမှု အရ ဆွဲဆောင်မှု ရှိသော မျက်နှာရှင် များသည် ဉာဏ်ရည်မြင့်သည်ဟု သတ်မှတ်ခံခဲ့ ရကြောင်း ပညာရှင် များတွေ့ရှိခဲ့သည်။

ဆွဲဆောင်မှုရှိသူ များအား ဉာဏ်ရည်မြင့်သည်ဟု ယူဆခြင်းကို ဆွဲဆောင်မှုရှိ ခြင်းကြောင့် ဆုံးဖြတ်နိုင် စွမ်းကင်းမဲ့ ရမှု

" သင် အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေပါသလား "

 
သတင်းစာ ၊ ဂျာနယ်စားပွဲခင်း နှင့် ကျန်းမာရေး ဆိုတဲ့ ကျန်းမာရေးအ သိပေးဆောင်းပါးလေးကို ဖတ်ရူပြီး ကိုယ့်အနီး
အနားဝန်းကျင်က လူတွေပါသိအောင် Share ပေးလိုက်ကြဦးနော်။

အချို့သူတွေက ထမင်းစားခါနီးမှာ စားပွဲခုံပေမှာစိုးလို့ဆိုပြီး အလွယ်တကူ တွေ့ရာဂျာနယ်တွေ ၊ သတင်းစာတွေနဲ့ ခင်းကျင်းပြီး ထမင်းပွဲပြင်ဆင်စားသောက်လေ့ရှိကြပါတယ်။
ဘာကြောင့် ဒီလိုသတင်းစာတွေခင်းကျင်းစားသောက်နေရလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ကြပါဘူး။

တစ်ချို့တွေကတော့ စားပွဲပေမှာစိုးလို့ ၊ ဒီလိုခင်းကျင်းထားတော့ ပိုသန့်တယ်ထင်ကြပါတယ်။ တစ်ချို့ဆို ပုံများတဲ့ဂျာနယ်ဆို ပိုပြီးတော့တောင် ရွေးချယ်ခင်းလေ့ရှိကြပါတယ်။

ဒါဆို ဒီလိုသတင်းစာခင်းကျင်းစားသောက်ရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးဖြစ်ပြီး ဘယ်လို
တကယ်တော့အစားသောက်တွေ စားသောက်ချိန်မှာ အခုလိုChemical တွေနဲ့ပေါင်းစပ်ပြီး ဖေါ်စပ်ထားတဲ့ မင်တွေကြောင့် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်နေတယ်ဆိုတာ သတိမထားမိကြပါဘူး။

ကျန်းမာရေးပညာရှင်တစ်ချို့ အခိုင်အမာပြောဆိုကြတာကတော့ ဒီလိုဂျာနယ်တွေ ၊ သတင်းစာတွေမှာ ရိုက်နှိပ်ထားတဲ့ မှင်တွေမှာပါဝင်တဲ့ ခဲဓါတ်၊ ခရိုမီယမ်ဓါတ်၊ ကက်ဒမီယံ ဓာတုဒြပ်စင်တွေ၊ မာကျူရီသတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဥပမာ ဒီထဲက ခဲဓါတ်က လူတွေရဲ့ခန္ဓာကိုယ်ကို ဘာဆိုးကျိုးဖြစ်စေနိုင်သလဲဆိုတော့ အကြောင်းကြောင်းကြေင့် လူ့ရဲ့ပါးစပ်ထဲရောက်သွားပြီဆိုပါက လူတွေရဲ့သွေးကြောထဲမှာရှိတဲ့ဆဲလ်အသစ် ပေါက်ဖွားမှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ဒိထက်ဆိုးရင် သွေးကြောကနေတဆင့် ဦးနှောက်ထဲထိ ၀င်ရောက်ပြီး ဆဲလ်တွေကိုဖျတ်ဆီးပြီး ဦးနှောက်ရဲ့အတွင်းပိုင်းထိ ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ပေါ်ပေါက်နိုင်လဲဆိုတော့ ခေါင်းမူးတာတွေ ၊ အိပ်မပျော်တာတွေ၊ ခေါင်းကိုက်တာတွေ ၊ မှတ်ဥာဏ်ချို့ယွင်းမှုတွေ အထိဖြစ်ပေါ်လာနိုင်ပါတယ်။

နောက်ပြီး ဒီသတင်းစာတွေ၊ ဂျာနယ်တွေဟာ နေ့စဉ်ဖတ်ရူသူတွေလက်ထဲရောက်ဖို့ အလျဉ်မှီရိုက်နှိပ်နေရတဲ့အတွက်

" ရွှေဒင်္ဂါးအပြည့်တင်ထားသည့် ပေါ်တူဂီ ရှေးဟောင်းသင်္ဘောတစ်စီး နမ်မီဘီးယားမှာ တွေ့ရှိ "

 
လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက သင်္ဘောသားတွေအားလုံးနဲ့ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။ အာဖရိက အနောက်တောင်ပိုင်းက နမ်မီးဘီးယား ကန္တာရတစ်ခုထဲမှာ ရွှေဒင်္ဂါးပြားတွေ အပြည့်တင်ဆောင်ထားတဲ့ ပေါ်တူဂီရှေးဟောင်း သင်္ဘောတစ်စီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စိန်တူးဖော်ရေးကုမ္ပဏီတစ်ခုက ကျောက်တွင်းလုပ်သားတွေက တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ် ဒီသင်္ဘောပျက်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ သင်္ဘောပျက်ဟာ ၁၅၅၃ ခုနှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ပေါ်တူဂီ ကုန်တင်သင်္ဘောဖြစ်တယ်လို့ သိရပါတယ်။ သဘောင်္ပေါ်မှာ ပါရှိတဲ့ ရွှေဒင်္ဂါးတွေရဲ့ ကာလတန်ကြေးက စုစုပေါင်း စတာလင်ပေါင် ၉ သန်းလောက် ရှိမယ်လို့ သိရပါတယ်။

စပို့တင်း လစ္စဘွန်ကနေ အိန္ဒိယကို သွားခဲ့တဲ့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေအားလုံး သတင်းအစရှာမရအောင် နမ်မီးဘီးယားမှာ ပျောက်ဆုံးသွားခဲ့တာပါ။ အဆိုပါသင်္ဘောပျက်ကို ပင်လယ်အနီးက ထုံးကျောက်ဆောက်အောက်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သင်္ဘောပျက်အပေါ်မှာ ရှာဖွေတွေ့ခဲ့တဲ့

" ယောက်ျား၁၁ယောက် ကိုအရူးလုပ်ခဲ့သူ ဖမ်းဆီးခံရ "

 
မိန်းကလေးလိုဝတ်၊ မိန်းကလေး လိုအလှပြင်ကာ တစ်နှစ်အတွင်း ယောက်ျား ၁၁ယောက်ကိုအရူးလုပ်၊ ပိုက်ဆံများစွာကို လိမ်ညာသွားခဲ့သူ တရုတ်အမျိုး သားတစ်ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။

ဆောင်တိုလို့ခေါ်တဲ့ဒီအမျိုး သားက သူ့ရဲ့သားကောင်၁၁ယောက်စလုံး ကို အွန်လိုင်းကနေဆွဲဆောင်လိမ်ညာခဲ့ ခြင်းဖြစ်ကာ ဒီ၁၁ယောက်ထဲကတစ် ယောက်နဲ့တောင် မင်္ဂလာဆောင်ခဲ့တယ် လို့သိရပါတယ်။ ဆောင်တိုဟာ အဲဒီတစ် ယောက်နဲ့မင်္ဂလာပွဲအပြီး ခန်းဝင်ပစ္စည်း တွေ၊ မင်္ဂလာလက်ဖွဲ့တွေယူဆောင်ထွက် ပြေးခဲ့လို့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒီလိုအ ဖမ်းခံရပြီးချိန်မှသာ သူရှုပ်ခဲ့တဲ့ဇာတ်ရှုပ် တွေကို ဖော်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆောင်တိုကို ရဲတွေကပါ မိန်း ကလေးတစ်ယောက်လိုဖမ်းဆီးခဲ့တာဖြစ် ပြီး သူ့အိတ်တွင်းကို ရှာဖွေရာမှမိန်းက လေးအသုံးအဆောင်တွေနဲ့အတူရှိနေတဲ့ မှတ်ပုံတင်ကတ်ကြောင့်သာ ဖြစ်ရပ်မှန် ကိုသိခဲ့ရတာဖြစ်ပါတယ်။ ရဲတွေရဲ့ဖော် ထုတ်မှုအပြီးမှာ ဆောင်တိုဟာ ယောက်ျား ၁၁ဦးဆီက ယွမ်ငွေထောင်ပေါင်းများစွာ လိမ်ညာခဲ့တာတွေ့ရပြီး သူကိုယ်တိုင်က လည်း ဒီဖြစ်ရပ်ကိုဝန်ခံခဲ့ပါတယ်။

ဒီသတင်းဟာ တရုတ်မှာဟိုး လေးတကျော်ကျော်ဖြစ်နေပြီး အချိန်တို အတွင်း ယောက်ျား၁၁ယောက်စလုံးကို အရူးလုပ်နိုင်ခဲ့တဲ့ဆောင် တိုရဲ့ကျွမ်းကျင်မှု တွေကို ချီးကျူးမှုများအပြင် ဘာမှန်းညာ မှန်းသေချာမသိဘဲ မင်္ဂလာဆောင်ခဲ့သူကို

June 10, 2016

" ဟောက်နေတဲ့လူနဲ့ အိပ်ပျော်အောင် အိပ်နည်း " ( ဟာသ )

 
မြို့လေးတစ်မြို့ကို ရောက်တော့  အခန်းလိုက်ရှာသည်။ သို့သော်လည်း ဟိုတယ်တိုင်းက အခန်းပြည့်နေသည်။ နောက်ဆုံးဟိုတယ်က မန်နေဂျာကို တောင်းပန်သည်။

"အိပ်ဖို့နေရာလေးရတယ်ဆို ရပါပြီ၊ လာရတာအဝေးကြီးမို့ ကျွန်တော်နားချင်လို့ပါ"

မန်နေဂျာက ခဏလောက်စဉ်းစားပြီး ပြောသည်။

"ကျွန်တော့်မှာ နှစ်ယောက်ခန်းယူထားရတဲ့ လူတစ်ယောက်ရှိတယ်။ သူက နောက်တစ်ယောက်နဲ့ ဒီအခန်းကို ပိုက်ဆံ မျှခံချင်တယ်။ ခင်ဗျား အဆင်ပြေရင် အဲ့မှာ တည်းလို့ရတယ်။ ဒါပေမဲ့ သူက အရမ်းဟောက်တယ်။ ဘေးခန်းတွေက ကျွန်တော်တို့ကို ညတိုင်းတိုင်တယ်"

ခရီးသွားက ခဏစဉ်းစားပြီး ပြောသည်။

"ရပါတယ်၊ ကိစ္စမရှိဘူး။ ကျွန်တော် ရပါတယ်"

နောက်တစ်နေ့ရောက်တော့ ခရီးသွားက မျက်လုံးကြည်ကြည်လင်လင် နဲ့ အေးအေးဆေးဆေးပဲ မနက်စာလာစားသည်။ မန်နေဂျာက ဘယ်လို အိပ်လဲဟု မေးကြည့်သည်။

ခရီးသွားက

"ကိစ္စမရှိပါဘူး။ ကျွန်တော်အခန်းထဲ ရောက်တော့  ဒီလူက စအိပ်နေပြီ။ ရောက်ရောက်ချင်းပဲ သူ့အိပ်ရာကိုသွား သူ့ကိုနမ်းပြီး

" ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြားတဲ့ ပွဲတော်များ "

 
ကမ္ဘာတစ်ဝန်းနိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ အားလပ်ရက်နေ့တွေ သို့မဟုတ် ထူးထူးခြားခြားပွဲတော်တွေ ပြုလုပ်တဲ့ နေ့ရက်တွေရဲ့ အကြောင်းတွေကို တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့အတွက် တင်ဆက်ပေးချင်ပါတယ်။



မတ်လ ၂၁ ရက်နေ့က ဘာလီနှစ်သစ်ကူးရက်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဘာလီမှာ ကျင်းပပြုလုပ်တဲ့ Silent Day လို့ ခေါ်ဆိုတဲ့ ပိတ်ရက်တစ် ရက်ပါပဲ။ အဲ့ဒီနေမှာ မီးတွေလုံးဝမရှိဘူး။ ဘာအလုပ်မှ မရှိဘူး။ ဘယ်လိုကစားခြင်းမှ ပြုလုပ်လို့ မရဘူး။ စကားမပြောရဘူး။ မစား ရဘူး။ မနက် ၆ နာရီမှ ညနေ ၆ နာရီအထိကို တစ်မြို့လုံးတိတ် ဆိတ်ပြီး လမ်းတွေ၊ လေဆိပ်တွေ

" ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကား ၁၀ စင်း "

Burj Khalifa Elevators

လူသားတွေရဲ့ အင်ဂျင်နီယာပညာဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အဆင့်ကို ကျော်လွန်ခဲ့ပါပြီ။ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ အဆောက်အဦကြီးတွေ၊ အမှတ်တရနေရာတွေ မြို့တော်တွေ အဖြစ်နဲ့ ဗိသုကာပညာဟာ ကျန်ရစ်နေဆဲပါ။ လူသားတွေ ဒေါင်လိုက် အရှိန်အဟုန် မြင့်မြင့်နဲ့ တက်နိုင်ဆင်းနိုင်နေတာဟာလဲ အံ့ဩဖွယ်ကောင်းပါတယ်။ ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကားဆယ်စင်းအကြောင်းကို လေ့လာကြည့်ရအောင်။

၁၀. Elevador de Santa Justa
Lisbon က ပေါ်တူဂီနိုင်ငံရဲ့ အထိန်းအမှတ်တစ်ခုဖြစ်တဲ့ Santa Justa မှာရှိတဲ့ Gothic ပုံစံ ၁၄၈ ပေမြင့်တဲ့ ဓာတ်လှေကားပါ။ လွန်ခဲ့တဲ့ရာစုနှစ်က စတင်တည်ဆောက်ခဲ့တုန်းကတော့ ရေနွေးငွေ့နဲ့ ဖြစ်ပြီး အခုတော့ လျှပ်စစ်နဲ့ မောင်းနှင်နေပါပြီ။ အင်ဂျင်ကို ပြောင်းလဲလိုက်ပေမယ့် သူ့ရဲ့ မူလ ငှက်လှောင်ချိုင့်ပုံစံ ဓာတ်လှေကားတွဲတွေနဲ့ သစ်သားနဲ့ အတွင်းကို အလှဆင်ထားမှုတွေဟာ ကမ္ဘာ့အထင်ရှားဆုံး ဓာတ်လှေကားစာရင်းထဲမှာ ပါဝင်စေတာပါ။

၉. The Ericsson Globe – SkyView
ဆွီဒင်နိုင်ငံ Stockholm က ကမ္ဘာ့အကြီးဆုံး စက်လုံးခြမ်းပုံ အဆောက်အဦဖြစ်တဲ့ Ericsson Globe ဟာ အမြင့် ၂၇၉ ပေ ရှိပြီး အချင်း ၃၆၁ ပေ ရှိပါတယ်။ မှန်ခန်းဓာတ်လှေကားတွေ အပြင်ဖက်မှာ ရှိပြီး အောက်ကနေ စက်လုံးအပေါ်ထိ မိနစ် ၂၀ ကြာ စီးနင်းရပါတယ်။

၈. Hammetschwand Lift
ဆွစ်ဇာလန်နိုင်ငံ Bürgenstock က Hammerschwand ဓာတ်လှေကားဟာ ဥရောပရဲ့ အမြင့်ဆုံး ပြင်ပဓာတ်လှေကားဖြစ်ပြီး Burgenstock plateau နဲ့ Swiss Alps တောင်တန်းတို့ ရဲ့ မြင်ကွင်းကောင်းကို မြင်ရတဲ့ ကျောက်စွန်းတစ်ခုကို ပို့ပေးပါတယ်။ ဓာတ်လှေကားဟာ တောင်ထွတ်ရဲ့ ညာဘက်က ကျောက်စွန်းကို တစ်မိနစ်အတွင်း ပို့ပေးပါတယ်။

၇. Sky Tower
နယူးဇီလန် Auckland က Sky Tower က မိုးပေါ်ကို ပေ ၆၁၀ ထောင်ထွက်နေတဲ့ လေ့လာရေးတာဝါတစ်ခုပါ။ တာဝါထိပ်က မြင်ရတဲ့ မြင်ကွင်းဟာ အရမ်းရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပပါတယ်။ လာလည်သူတွေက

" သိပ္ပံဝတ္ထုလို့တောင် ထင်ရတဲ့ ဆေးပညာ တီထွင်မှု ၁၀ ခု "

 
Cleveland Clinic ဟာ ဆေးပညာလောကမှာ လက်ရှိ ထိုးဖောက်နေပြီဖြစ်တဲ့ နည်းပညာသစ် ၁၀ ခုကို ရွေးချယ်တင်ပြထားပါတယ်။ ခုပဲ ကုသခံလို့ ရပြီဖြစ်တဲ့ ဆေးသိပ္ပံပညာသစ် ၁၀ ခုကို လေ့လာကြည့်ကြရအောင်။

. The Bionic Eye
ဒီမျက်လုံးတုဟာ နေကာမျက်မှန်ထဲ ထည့်သွင်းတည်ဆောက်ထားတဲ့ ကင်မရာတွေက ပို့လွှတ်တဲ့ ပုံတွေကို လူတွေရဲ့ အမြင်အာရုံခံလွှာကို ကြိုးမဲ့ နည်းလမ်းနဲ့ ပို့လွှတ်ပေးတဲ့ နည်းစနစ်ကို သုံးထားပါတယ်။ မျက်လုံး အစစ်လို မပြည့်စုံပေမယ့် မျက်မမြင် တစ်ယောက်ကို လမ်းလျှောက်တာ၊ ခြေအိပ် အရောင် ခွဲတာ လောက်တော့ လုပ်နိုင်စေပါတယ်။ ကာလ ကြာရင် အရည်အသွေး လျော့သွားမှာ ဖြစ်ပေမယ့် အမြင် အာရုံခံလွှာ ပျက်စီးတဲ့ ရောဂါ ဖြစ်နေတဲ့ လူပေါင်း .၇၅ သန်းကို ကူညီနိုင်မယ် မျှော်လင့်ရပါတယ်။

. ကင်ဆာ ဗီဇ စစ်ဆေးခြင်း
ကင်ဆာဆဲလ်တစ်ခုရဲ့ ဗီဇကို စစ်ဆေးခြင်းဖြင့် ထိုကင်ဆာဟာ ဓာတ်ရောင်ချည် တိုးရဲ့လား၊ ဘယ်လိုပုံစံနဲ့ ကုသလို့ အဆင်ပြေမလဲ ဆိုတာကို သိရှိနိုင်ပြီ ဖြစ်ပါတယ်။ စမ်းသပ် ကုသမှုတွေ မလုပ်ရလို့ အရေးကြီးတဲ့ ထိရောက်မယ့် ကုသမှုဆီ ဒါရိုက် သွားနိုင်ခြင်းနဲ့ အသက် ကယ်နိုင်ပါတယ်။

. မူးမိုက်ခြင်းကို ထိန်းသိမ်းခြင်း
ဒီစနစ်မှာ ဦးနှောက်ထဲမှာ တပ်ဆင်ထားတဲ့ မူးမော်ခြင်းကို ကြိုတင်အာရုံခံနိုင်မယ့် ဆင်ဆာတွေ ပါဝင်ပါတယ်။ မူးမော်ခြင်း ဖြစ်မှာကို အာရုံခံမိရင် ဦးနှောက်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လျှပ်စစ်ဓာတ် လွှတ်ပြီး မူးမော်ခြင်း ရပ်တန့်စေပါတယ်။ အသုံးပြုတဲ့ ပထမနှစ်မှာ မူးမော်ခြင်းတွေကို ၄၀ ရာနှုန်း လျော့ကျစေပါတယ်။

. အသည်းရောင်ရောဂါ ကုသခြင်း
အရင်ကဆိုရင် အသည်းရောင် အသားဝါ ရောဂါ စီ ကူးစက်နေတဲ့ လူနာတွေရဲ့ ၇၀ ရာနှုန်းကိုပဲ ကုသနိုင်ပါတယ်။ အခု

" အရမ်းနာကျည်းရသော ချစ်သူထံသို့ အိတ်ဖွင့်ပေးစာ "

သို့/
အရမ်းမုန်းရပါသော ချစ်သူ
မင်းအနေနဲ့ တစ်စုံတစ်ယောက်ကို တစ်ချိန်တည်းမှာ ချစ်လည်းချစ် မုန်းလည်းမုန်းရတဲ့ ခံစားချက်ကို မခံစားဖူးရင် အချစ်စစ်ကို မတွေ့ဖူးသေးပါဘူး။
ဟုတ်တယ်။ ချစ်တယ်လို့ ဆိုရာမှာ ခံစားချက်တွေထက် အများကြီးပိုတာတွေ ရှိသေးတယ်။ အချစ်ကြောင့် ဖြစ်တည်လာတဲ့ ခံစားချက်တွေကြောင့် စွဲလမ်းမှုတွေ ဖြစ်လာခဲ့ရတာ။ လူတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့ခံစားမှုတွေကြောင့် ငါ ဆိုတဲ့အတ္တတွေဖြစ်လာခဲ့တာ။
ဒီကိစ္စက ကမ္ဘာမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပျက်နေခဲ့တာပဲ။ ဒါပေမယ့် အကြောင်းအရာတွေတော့ နည်းနည်းကွဲလိမ့်မယ်။ တစ်ခါတစ်လေမှာ ဒီစိတ်ခံစားချက်တွေက ဆက်ဆံရေးအစပိုင်းမှာကတည်းက ပဋိပက္ခဖြစ်လာတတ်တယ်။ တစ်ခါတစ်လေကျတော့ အချိန်ကြာကြာ လက်တွဲလာပြီးမှ နာကျည်းမှုတွေအဖြစ် ခံစားရတတ်တယ်။
မင်း ငါ့ကို စကားမပြောတဲ့အခါ ငါ အရမ်းမုန်းတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို တစ်ချိန်တည်းမှာ အရမ်းလည်းချစ်၊ အရမ်းလည်းမုန်းရတယ်ဆိုရင် မင်း လဲသေလိုက်ဖို့ပဲ ကောင်းနေပြီ။ ငါ အခု မင်းနဲ့ပတ်သက်ပြီး ခံစားနေရတာကလည်း ဒီလိုပဲ။
မင်း ငါ့အပေါ်မှာ အေးစက်နေနိုင်ပေမယ့် မင်းကို ငါစွဲလမ်းနေတာကို အရမ်းမုန်းတယ်။
မင်း အေးတိအေးစက် ဆက်ဆံတာကို မုန်းမိပေမယ့် ငါ့အပေါ်ကို နွေးထွေးတဲ့အခိုက်အတန့်လေးတွေ၊ မင်းစိတ်ထဲက အရှိအတိုင်းဆက်ဆံတဲ့အချိန်လေးတွေတိုင်းမှာ ငါ့ဘ၀မှာ အပျော်ဆုံးဆိုတဲ့အချိန်တွေထက် ပိုပျော်ရွှင်ရတယ်။ တကယ်ပါ မင်းရဲ့အပြုံးတွေကြောင့် ငါ သက်ဝင်လှုပ်ရှားခဲ့ရသူပါ။
မင်း ငါ့ကို စကားမပြောရင်လည်း ငါ မုန်းတယ်။ မင်း ပြောတော့ပြောပါတယ်။ ဒါပေမယ့် အပေါ်ယံသက်သက်ပဲလေ။ ငါတစ်ယောက်တည်း မင်းကိုယ်တိုင်မဟုတ်တဲ့ မင်းရဲ့အရိပ်နဲ့စကားပြောနေသလို ခံစားရတယ်။ ငါက မင်းနဲ့ပတ်သက်ပြီး အလေးနက်ဆုံးသိရှိနားလည်ချင်တာပါ။ မင်း ငါ့ကို နားလည်ခွင့်မပေးတဲ့အတွက် ငါ မုန်းတယ်။ ဘာကြောင့်လဲဆိုတော့ ငါ သိထားတယ်လေ။ ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ အချစ်ရှိတယ်၊ ကြီးမားသိမ်မွေ့တဲ့ နှလုံးသားတစ်ခုနဲ့ အရမ်းလှပတဲ့ အသက်ဝိဉာဉ်တစ်ခုရှိတယ်ဆိုတာ ငါ သိထားတယ်။
မင်းအတွက် ကိုယ်ပိုင်နေရာလိုအပ်တယ်ဆိုတာကို ငါ သိပါတယ်။ လူတိုင်းလည်း လိုတာပဲလေ။ ဒါပေမယ့် ငါတို့ နှစ်ယောက်လက်တွေ ရေရှည်ခိုင်မြဲနေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ငါတို့နှစ်ဦး တကယ်အတူရှိနေဖို့ပဲ မဟုတ်ဘူးလား။
ငါတို့နှစ်ယောက်ကို တစ်သားတည်းဖြစ်သွားချင်တာ ငါ့ရဲ့ ဆန္ဒပါ။ တွဲဖက်တစ်ခု၊ ယူနစ်တစ်ခုနဲ့ အချစ်တစ်ခုကို လိုချင်ခဲ့တာပါ။ ဒီအချက်က မင်းအတွက် စိတ်ရှုပ်စရာဖြစ်သွားလား၊ မင်းအဆင်သင့်မဖြစ်သေးတာလားဆိုတာကိုတော့

" ချစ်ဇာတ်လမ်းတိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့် ၁၄ ခု "

. နှစ်ယောက်ထဲ ပထမဆုံး ထွက်လည်ဖူးတဲ့နေ့၊ လက်ထပ်တဲ့ နေ့လောက်ကို စိတ်လှုပ်ရှားရပြီး နောင် ပြန်အမှတ်ရစရာ တစ်ခု ဖြစ်လာမှာပါ။
. ပထမဆုံးအကြိမ် မနမ်းခင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတဲ့ တခဏလေး၊ ပထမ အနမ်းဟာ သူငယ်ချင်းဘဝနဲ့ ရည်းစားဘဝကို စည်းခြားလိုက်တာပါပဲ။
. ပထမဆုံး နှစ်ကိုယ်တူ ချစ်တင်းနှောဖူးချိန်လေး
. ပထမဆုံးအကြိမ် နှစ်ယောက်တူတူ တစ်ညလုံး ရှိခဲ့တဲ့ ညလေး
. အိပ်ရာထဲမှာ ဘာမှမလုပ်ပဲ နှစ်ကိုယ်တူလှဲနေရတဲ့ အချိန်လေး။ ပထမဆုံးရော လက်ရှိချိန်ထိပါ ချစ်ဖို့ကောင်းပါတယ်။
. သူမရဲ့ မိသားစုဟာ သင့်မိသားစုပါ ဖြစ်သွားနိုင်တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်၊ တချို့သူတွေမှာ အဆင်မပြေတဲ့ မိသားစုတွေ ရှိတတ်လို့ သင့်ရည်းစားရဲ့ မိဘတွေနဲ့ ပထမဆုံး တွေ့လိုက်ချိန်မှာ အဆင်ပြေပြေ ဖြစ်သွားရင် ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုလေး
. သင့်ရဲ့ ချစ်သူကို လေယာဉ်ဆိပ်၊ ကားဆိပ်မှာ သွားကြိုရတဲ့ အခိုက်အတန့်လေးတွေ၊ ကြာကြာခွဲပြီး ပြန်တွေ့ရတဲ့ အခါလေးတွေ
. သင့်ချစ်သူအိမ်မှာထားဖို့ သွားပွတ်တံ အသစ်တစ်ချောင်း ဝယ်ရတဲ့ အချိန်၊ အဲဒါဟာ သင် သူမဆီကို လာချင်တဲ့ အချိန် လာခဲ့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ
. ရန် အကြီးအကျယ် ဖြစ်ပြီးနောက်မှာ သင်က သူမနဲ့ လုံးဝ လမ်းမခွဲချင်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်၊ အကောင်းဆုံး အချိန်လို့ ပြောလို့မရပေမယ့် ဒီလို အချိန်လေးတွေက သင် သူမကို တကယ် ချစ်တယ်ဆိုတာ ကိုယ့်ဘာသာ သိစေပါတယ်
၁၀. မတော်တဆ ချစ်တယ် လို့ ပြောမိသွားပြီး သူမက အလားတူ ပြန်ပြောမှာကို ရင်တခုန်ခုန်နဲ့ စောင့်နေရချိန်
၁၁. သူမနဲ့ တူတူ အပျော်ခရီးထွက်ရချိန်၊ သူမနဲ့ ပဲခူးကို နှစ်ယောက်ထဲ တစ်ညအိပ်သွားတာက မိသားစုနဲ့ ငပလီကို တစ်ပါတ်သွားတာထက် ပိုပျော်ဖို့ ကောင်းပါတယ်
၁၂. ခွေး သို့မဟုတ် ကြောင်တစ်ကောင်ဝယ်ပြီး သင်တို့နှစ်ယောက်ဟာ သက်ရှိတစ်ကောင်ကို အောင်အောင်မြင်မြင် တူတူ

June 9, 2016

" ယောက်ျားတွေ ဘာကြောင့်လိမ်သလဲ "

 
ယောက်ျားအများစုက တော်တော့်ကို ခန့်မှန်းလို့ လွယ်တဲ့သူတွေ ဖြစ်ပါတယ်။ ယောက်ျားတစ်ယောက် ကိုယ့်ကိုယ်
လိမ်နေပြီဆိုရင် သူတို့မရိုးသားမှုကို ရှင်းပြနိုင်မယ့် အကြောင်းပြချက်က လက်တစ်ဆုတ်စာလောက်ပဲ ရှိပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ လိမ်ညာတာကိုခံရတဲ့အခါ ခွင့်လွှတ်နိုင်ဖို့အတွက် သူဘာကြောင့် လိမ်သလဲဆိုတာကို သိဖို့လိုပါတယ်။ သူလိမ်ရတဲ့ အကြောင်းရင်းကို သိလာတဲ့အခါ ကိုယ့်အပေါ်ရိုးသားစေဖို့အတွက် ဘာတွေလုပ်လို့နိုင်မလဲဆိုတဲ့ အဖြေကို ရရှိမှာ ဖြစ်ပါတယ်။ လိမ်ရတဲ့အကြောင်းရင်းတိုင်းမှာ ကိုယ်ပိုင်အယူအဆနဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ အခုဖော်ပြမယ့် အကြောင်းတွေကတော့ ယောက်ျားတွေ အများအားဖြင့် လိမ်လေ့ရှိတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
 
အမှန်အတိုင်းပြောရမှာ ကြောက်လို့
တခါတလေ သင့်အမျိုးသားက အပေါင်းအသင်းတွေနဲ့ သွားချင်တယ်။ ကိုယ်က ခွင့်မပြုမှာကြောက်တဲ့အတွက် သူတို့က လိမ်ပြီးပြောကြတယ်။ ယောက်ျားတွေက ထောင်ချောက်မိသလို ဖြစ်မှာစိုးတဲ့အတွက် ပျော်ရွှင်နိုင်ဖို့ လိမ်ပြောလေ့ရှိတာကြောင့် နောက်တစ်ခါ အလိမ်မခံရဖို့အတွက် သူတို့ကို တခါတလေမှာ ကိုယ်ပိုင်အချိန်ပေးပြီး နားလည်မှုပေးလိုက်ပါ။
 
ကိုယ့်ရဲ့ အထင်ကြီးမှုကို လိုချင်လို့
တစ်ခါတစ်ရံမှာ ယောက်ျားတွေက သူတို့ကို အကောင်းဆုံးလို့ ထင်စေချင်တာကြောင့် လိမ်လေ့ရှိပါတယ်။ သူ့လစာအရမ်းကောင်းတယ်လို့ ဆိုပြီး တကယ်တမ်း ပြောထားသလောက် မဟုတ်ဘူးဆိုတာကို တွေ့ရတဲ့အခါ၊ သူ့လုပ်ငန်းက အကြီးကြီးပါလို့ ပြောထားပြီး လုပ်ငန်းသေးသေးလေးဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သူကသူ့မှာ ရှိတာထက်ပိုပြီး ကိုယ့်ကိုယ် အထင်ကြီးစေချင်တဲ့အတွက်၊ ကိုယ့်ကိုပိုပြီး ယုံကြည်စေချင်တဲ့အတွက် လိမ်တာမျိုးပါလားလို့ ဖြည့်တွေးပေးပြီး ခွင့်လွှတ်ပေးနိုင်ပါတယ်။
 
ကိုယ့်ကိုယ်ပြောရမှာ ရှက်လို့
ယောက်ျားတွေက မိန်းမတွေ အသိမခံလိုတဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ အမှန်အတိုင်းပြောလို့မကောင်းတဲ့ ယောက်ျားတွေပဲ

" ငှက်သိုက်အတုတွေ သတိထားကြပါရန် "

 
ငှက်သိုက်အတုတွေပါ တရုတ်မှ ခေါက်ဆွဲနဲ့ပြုလုပ်ထားတယ်လို့ကြားရပြီး ထိုင်းဈေးကွက်ထဲရောက်နေတယ်လို့သိရပါတယ်ခင်ဗျာ သတိရှိကြပြီး သူများတွေသိအောင်ကျေးဇူးပြုပြီးရှယ်ပေးကြပါခင်ဗျာ.. 😢😢😢
မေးခွန်းရှိရင် ဆက်သွယ်မေးနိုင်တယ်
09401554130







Credit : ပြည့်စုံငှက်သိုက်

" သြော်...တော်လိုက်တဲ့ ယောက်ျား " (ဟာသ)

 

Credit : original uploader

" နည်းပညာ စာအုပ်စုဆောင်းလိုသူများအတွက် တစ်နေရာထဲမှာ ၈၅ အုပ်ဒေါင်းလုပ်ယူနိုင်ပြီ "



Download - နည်းပညာစာအုပ် ၈၅ အုပ်အစုံ



Credit : http://www.mssk.info/2014/05/blog-post_5817.html?m=0

" အစာအိမ် ရောဂါ ပျောက်ချင်ရင် "

  ၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

 အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း

" နေအိမ်မှ စိတ်ဆိုး၍ ထွက်သွားသူ ပြန်လာစေသော ဆုတောင်း ဂါထာမန္တာန် " (Mg Pauk)

 
မိသားစုဝင် တစ်ဦးဦးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ၊ သားဖြစ်စေ၊ သမီးဖြစ်စေ၊ တူ, တူမ, မြေး, မြစ် စသည်ဖြင့် တစ်ဦး တစ်ယောက်သည် စကားပြော အဆင်မပြေ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်၊ စိတ်အခန့်မသင့်၊ စိတ်ဆိုးပြီး အခြား အရပ်တစ်ပါး တစ်နေရာရာသို့ ထွက်သွားလျှင် မိသားစုဝင် တစ်ဦးဦးမှ အောက်ပါ ဆုတောင်းဂါထာမန္တာန်ကို နေအိမ် ဘုရားဆောင်တွင် အလင်းတိုင်၊ အမွှေးတိုင်၊ ဆွမ်း၊ ရေချမ်းကပ်လှူ ပူဇော်၍ (၃၇) ခေါက် ရွတ်ဖတ်ပေးပါ။ (၇) ရက် ဆက်တိုက် ပြုလုပ်ပေးရပါမည်။ စိတ်ဆိုး ဆင်းသွားသူ အိမ်ပေါ် ပြန်ရောက်လာလျှင် ရပ်ထားပါ။ (၇) ရက် လုပ်ရန် မလိုတော့ပါ။

ဘုရားဆောင်ရှေ့တွင် ရွတ်ဖတ် ဆုတောင်းရမည့် ဂါထာမန္တာန်မှာ -

  * ဧဝံ အစိန္တိယေ၊ အစိန္တိယာ၊ ပသန္နံနာ၊ ဝိပါကောဟောတု၊ အစိန္တိယော၊ အနုတ္တရာပုရိသ ဓမ္မအာအာသော၊ မေတ္တဉ္စအာပေါ။

အထက်ပါ ဂါထာမန္တာန် ဆုတောင်းကို ဘုရားဆောင်တွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ အလင်းတိုင်၊ အမွှေးတိုင် ပူဇော်ပြီး (၃၇) အုပ်

June 8, 2016

" သီးသန့်ဆန်တဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး နားလည်ထားသင့်တဲ့ အချက် (၅) ချက် "

 
အပေါင်းအသင်းနည်းပါးပြီး သီးသီးသန့်သန့် နေတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ရတာ ယောက်ျားလေးတွေ သဘောကျတတ်ပေမဲ့ တကယ်တွဲတဲ့အခါ နားလည်ရခက်ကောင်းခက်နိုင်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ဒီအချက်လေးတွေကို နားလည်ထားရင် အချစ်ရေးက အဆင်ပြေသွားမှာပါ။

၁။ သူတို့က လူတွေကို မုန်းနေတာ မဟုတ်ပါဘူး

သီးသန့်ဆန်တဲ့ မိန်းကလေးတွေက လူတွေကို ကြောက်လို့၊ မုန်းလို့ ဘာသိဘာသာနေတာ မဟုတ်ပါဘူး။ အတွင်းစိတ်မတည်ငြိမ်တဲ့ လူတွေနဲ့ ဆက်ဆံရတာ စိတ်ကုန်တာပါ။  သူတို့ သဘောကျတဲ့သူတွေက အနည်းငယ်ပဲ ရှိပါတယ်။ သင့်ကို အဲဒီလိုမိန်းကလေးမျိုးက တွဲတယ်ဆိုရင်တော့ သူသဘောကျတဲ့ လူနည်းစုထဲမှာ သင်လည်း ပါနေလို့ပါပဲ။

၂။ စကားမပြောတာ စိတ်တိုနေလို့ မဟုတ်ဘူး

သီးသန့်ဆန်တဲ့အတွက် သင့်ကို စကားမပြောလို့ စိတ်မညစ်ပါနဲ့။ သူတို့ဟာ တစ်ယောက်တည်းနေရတာ ကြိုက်တဲ့သူတွေ ဖြစ်တဲ့အတွက် သူ အတွေးနက်နေပြီဆိုရင် တစ်ယောက်တည်း ခဏထားလိုက်ပါ။

၃။ သတိထားဆက်ဆံဖို့တော့ လိုတယ်

အိပ်နေတဲ့ ကျားကို သွားမနိုးမိပါစေနဲ့။ သူအဆင်သင့်မဖြစ်သေးဘဲ အပြင်ထွက်ဖို့ အတင်းအကျပ်လုပ်မယ်ဆိုရင် သူတို့တွေက ဒေါသကြီးတတ်ပါတယ်။ သီးသန့်နေတတ်တဲ့ မိန်းကလေးတွေက သူတို့ကို နားပူနားဆာလုပ်တာလည်း မကြိုက်ပါဘူး။

၎။ အပြင်ထွက်ရင် သူတို့ စိတ်တိုင်းကျဖြစ်ဖို့လိုတယ်

သီးသန့်နေတတ်တဲ့ မိန်းကလေးတွေက အပြင်ကို အကြာကြီးထွက်ရတာ မကြိုက်တဲ့အတွက် အပြင်ကို ခေါ်သွားတဲ့အခါ စောစောပြန်ဖို့ ကြိုစဉ်းစားထားရမယ်။ လူကြားထဲမှာနေရတာ သူစိတ်ညစ်လာပြီဆိုရင် ချက်ချင်းထပြန်နိုင်ဖို့ စဉ်းစားပါ။ ဆက်နေဖို့အတွက် သူ့ကို ဇွတ်အတင်းဖိအားမပေးပါနဲ့။

၅။ အပြင်ထွက်ရတာ ငြီးငွေ့လွန်းသူတွေ

သီးသန့်ဆန်သူတွေက လူတွေနဲ့ တစ်ပတ်လုံး စကားပြောဆို အလုပ်လုပ်ရပြီးတဲ့နောက် စနေတနင်္ဂနွေမှာ အိပ်ရာထဲ

" ယုံကြည်ကာ ပုံအပ်မိလို့ AIDS ဖြစ်သွားရတဲ့ မိန်းကလေးတစ်ဦး၏ ဘ၀ဇာတ်ကြောင်း(စုံတွဲများ သတိထားဖွယ်) "

 
ဒီနေ့ဟာ မိုးနေ့ပါပဲ။ ကျွန်မ ပြတင်းအပြင်ကို
ထိုင်ငေးနေတာပေါ့။ ကျွန်မတစ်ကိုယ်တည်း အထီးကျန်လေ။ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။
ခုလိုပဲ အထီးကျန်နေရင် ကျွန်မတွေးတော ချောက်ချားရမြဲပါ။ လူလူသူသူတွေနဲ့
တွေ့တဲ့အခါမှာ ကျွန်မ ခံစားနေရတာတွေကို ဖွင့်ဟဖို့ မတွေးပါဘူး။ ကျွန်မ လူတွေကို ကြောက်နေပါတယ်။

ကျွန်မဟာ ရောဂါသည် တစ်ယောက်။
ကျန်းမာရေး မကောင်းတဲ့သူ တစ်ယောက်ဆိုတာ ဘယ်သူမှ မသိစေချင်ပါဘူး။ ကျွန်မတို့ရဲ့
ခြေ၊ လက်၊ ခန္ဓာကိုယ်တို့ဟာ ရောင်ကိုင်းကိုင်း ဖြစ်နေတာမို့ အင်္ကျီ အဝတ်အစား
ဖားဖားလျားလျား ကြီးတွေကို အမြဲဝတ်ရပါတယ်။ လူမသိအောင် ဆိုပါတော့။ ဒါပေမဲ့ ခဏခဏ
နေမကောင်း ဖြစ်နေတော့ ဆရာဝန်ဆီလည်း မကြာမကြာ ရောက်ရတာပေါ့။

အဲဒီအခါ ရပ်ကွက်ထဲကလည်း သံသယ ရှိလာ
မိကြတာပေါ့လေ။ အရင်တုန်းက ကျွန်မဟာ ကျန်းကျန်းမာမာ ဖွံ့ဖွံ့ ဖြိုးဖြိုး မဟုတ်လား။
နေမကောင်း ဖြစ်ကတည်းက ကျွန်မ ပိန်သွားတာ သိပ်သိသာပါတယ်။ တချို့ကတော့
စပ်စုတာပေါ့လေ။ ဒါပေမဲ့ ကျွန်မ “ကျောက်ကပ် မကောင်းရတဲ့ အထဲ ယားဖုတွေလည်း
ပေါက်နေတယ်” လို့ပဲ ဖုံးဖိ ပြောနေရတာပေါ့။ တချို့ကတော့ ကျွန်မကို ဘာမှ
မမေးကြပါဘူး။ ဒါပေမဲ့ သူတို့ မျက်လုံးတွေက စကားပြော ပါတယ်။ ကျွန်မကို မယုံသင်္ကာ
ကြည့်ပါတယ်။ ပြီးတော့ ကျွန်မ အကြောင်း တီးတိုး တီးတိုး သဖန်းပိုး လုပ်နေပုံပါပဲ။ ကျွန်မ
သိသလိုပဲ။ သူတို့ ကျွန်မအကြောင်း သိနေပြီလို့။ သူတို့ အဲသလို ကျွန်မကို ကြည့်ကြ။
အကဲခတ်ကြတာဟာ ကျွန်မအကြောင်း သူတို့ စဉ်းစာ နေကြလို့ပဲ ဖြစ်မှာပေါ့။

ကျွန်မအဖြစ်ကို ဘယ်သူ့မှ
ဖွင့်မပြောနိုင်ပါဘူးရှင်။ ကျွန်မ ဖွင့်ပြောရင်လည်း သူတို့ ကျွန်မကို သတီကြတော့မှာ မဟုတ်ဘူး။ ကျွန်မဟာ

" တွေဝေတတ်တဲ့ ယောက်ျားတစ်ယောက်အတွက် အချိန်ကုန်မခံပါနဲ့ "

မိန်းကလေးတစ်ယောက်အတွက် အပြောလွယ်ပြီး အလုပ်ခက်တာက ချစ်သူကိုယုံပြီး မပုံဖို့ပါပဲ ။ မိန်းကလေးတွေက ချစ်မိတာနဲ့ ဘာပြဿနာ အချက်ပေးခေါင်းလောင်းသံကိုမှ မကြားတတ်တော့ပါဘူး။ သူအပြောနဲ့ အလုပ်ညီရဲ့လား။ ကိုယ်နဲ့ နီးဖို့အတွက် တကယ်ပဲ အားထုတ်ကြိုးပမ်းမှုရှိရဲ့လား။ ကိုယ့်ကို အပျော်သဘောသက်သက် တွဲတာလားဆိုတာတွေကို လေ့လာပြီးမှ ယုံကြည်စေချင်ပါတယ်။
 
ချစ်သူနှစ်ယောက်ရဲ့ ပန်းတိုင်က လက်ထပ်ခြင်းလို့ ဆိုကြပါတယ်။ ကိုယ်နဲ့ လက်ထပ်ဖို့အရေး ဆုံးဖြတ်ချက်ချဖို့ တွေဝေနေမယ် ဝေ့လည်လည် လုပ်နေမယ်ဆိုရင် စဉ်းစားမနေပါနဲ့။ လမ်းခွဲလိုက်ပါ။ ဆုံးဖြတ်ချက်ချဖို့တွေဝေတယ်ဆိုတာကိုက သူ့ဆုံးဖြတ်ချက်ပါပဲ။ သူသာကိုယ်နဲ့ တစ်ဘဝလုံးလက်တွဲချင်ရင် သူကိုယ်နဲ့အတူနေရအောင် မဖြစ်မနေကြိုးစားမှာပါ။
 
ဒါပေမဲ့ မသင့်တော်ဘူးဆိုတာ သိလာတဲ့အချိန်မှာ ချက်ချင်းရပ်နိုင်ဖို့ဆိုရင် ကိုယ့်ဘက်က လုံခြုံဖို့လိုပါတယ်။ အခုဆိုရင် လူအများစုက အချစ်ကို တန်ဖိုးမထားဘဲ ပေါ့ပျက်ပျက်သဘောထားလာကြတာ များပါတယ်။မြန်မာ့လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ ခေတ်မီလာပြီဆိုဆို မိန်းကလေးတစ်ယောက် စောင့်ထိန်းအပ်တဲ့ တရားတွေကို မထိန်းနိုင်ရင် အနစ်နာဆုံးက အဲ့ဒီ မိန်းကလေးပဲ ဖြစ်မှာပါ။ ချစ်သူဘဝမှာ ယောက်ျားလေးဘက်ကရော မိန်းကလေးဘက်ကပါ စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းခဲ့ရင် နှစ်ဦးနှစ်ဘက်စလုံးအတွက် အကောင်းဆုံးဖြစ်မှာပါ။ လူနှစ်ယောက် ဘဝတစ်ခု ထူထောင်တဲ့နေရာမှာ လိင်ကိစ္စထက် အရေးပါတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို သိလာတဲ့အချိန်မှာ ခြေလွန်လက်လွန် ဖြစ်ထားခဲ့ကြရင် ဘယ်သူ့အလွန် ဖြစ်လာနိုင်ပါသလဲ။ သူသာကိုယ့်ဘက်မှာ မရှိရင် ပြဿနာကို အဓိက ဖြေရှင်းရမယ့်သူ၊ တလောကလုံးကို ရင်ဆိုင်ရမယ့်သူက ကိုယ်တစ်ယောက်တည်း ဖြစ်မယ်ဆိုတာကို

" သင့်ရဲ့ဘရာတွေကို ပုံမပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲ "

 
အမျိုးသမီးတစ်ယောက်၊ မိန်းကလေးတစ်ယောက်အတွက်တော့ ပုံကျပြီး သင့်ရင်သားနဲ့ ကွက်တိကြည့်ကောင်းနေမယ့် ဘရာစီယာတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ အ၀တ်အစားတွေ ဘယ်လောက် ဈေးကြီးပေးပြီးဝယ်ဝယ် အောက်ခံ ဘရာ ပုံမကျရင် အပေါ်က အကျီအ၀-တ်အစားလည်း ရုပ်မထွက်နိုင်ဘူး၊ ဖက်ရှင်လည်း ကျမှာ မဟုတ်ဘူးလေ။ ဒီတော့ အမျိုးသမီးတွေအတွက် အရေးကြီး ဘရာကို ဘယ်လို ပုံမပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတာပေါ့။
သင့်အနေနဲ့ကတော့ သင့်ဗီရိုထဲမှာ ပါတဲ့ အံဆွဲထဲမှာ ဘရာစီယာလေးတွေ စီစီရီရီ ထည့်ထားရင် ဒါအဆင်အပြေဆုံးပဲလို့ ထင်မှာပါ။ နေရာလည်း သိပ်အများကြီး မလိုဘူး။ ထပ်ထပ်ပြီး ထည့်ထားရုံပဲကိုး။ ဒါပေမယ့် ဘရာစီယာရဲ့ သဘောတရားကိုက သူ့ကို နည်းနည်းခေါက်သိမ်းထည့်မယ်ဆိုရင် ဒါဟာ ဘရာပုံကို ပျက်စီးစေတာပါပဲ။
ဒီတော့ဘရာစီယာတွေကို ခေါက်ထည့်ထားမယ်၊ ခုနပြောသလို အစီအရီထပ်ထည့်ထားခြင်းထက် ပိုမိုကောင်းမွန်တဲ့ နည်းကတော့ ချိတ်နဲ့ ချိတ်ထားခြင်းပါပဲ။ ဘယ်လို ချိတ်မျိုးလဲဆိုတာ အောက်မှာ ပြထားပါတယ်။ ဒါဆို ချိတ်တစ်ခုကို

“Game of Thrones” ဇာတ်လမ်းတွဲတွေ ကြည့်ရှုခြင်းဟာ အိမ်ထောင်ရေး သုခ ပျောက်ဆုံးစေနိုင် "

 
သတင်းကောင်းလို့ ပြောရမလား ၊ သတင်းဆိုးလို့ပြောရမလား မသိတဲ့ ရှာဖွေတွေ့ရှိချက်တစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ “Game of Thrones” ဇာတ်လမ်းတွေထဲက အဖော်အချွတ်ဇာတ်ဝင်ခန်းတွေကို ကြည့်ရှုသူတွေဟာ ချစ်တင်းနှောမှု လည်း အကြိမ်ရေ နည်းပါးလာလိမ့်မယ် ဆိုတာပါပဲ။
 
ကမ်းဘရစ်ခ်ျ တက္ကသိုလ်မှာရှိတဲ့ ပရော်ဖက်ဆာ တစ်ဦးနဲ့ သုတေသီတစ်ဦးတို့ဟာ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာမှုကနေတစ်ဆင့်တွေ့ရှိခဲ့တာကတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ဇနီးမောင်နှံ တွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ခန့်ကထက် ချစ်တင်းနှီးနှောမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။
 
၁၉၉၆ ခုနှစ်ဝန်းကျင်ခန့်တုန်းကတော့ ဇနီးမောင်နှံတွေဟာ ပျမ်းမျှအားဖြင့် တစ်လ ကို ၅ ကြိမ်ခန့် ချစ်တင်းနှောကြပြီး ၂၀၁၆ ခုနှစ်မှာတော့ တစ်လကို ၃ ကြိမ်ခန့်သာ ချစ်တင်းနှောမှုရှိတော့တယ်လို့ သူတို့ရဲ့  သုတေသန က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို တွေ့ရှိချက်အရဆိုရင် ၂၀၃၀ခုနှစ်အရောက်မှာ ဇနီးမောင်နှံတွေဟာ ချစ်တင်းနှောခြင်းပါရှိတော့မယ် မထင်ပါဘူး။ စိတ်ပူစရာပါပဲ။ ဘာကြောင့်ပါလဲလို့မေးရင်တော့ သုတေသီတွေ ထောက်ပြ အပြစ်တင်ထားတဲ့အရာတွေပဲ ပြစရာရှိမှာပါ။ အဲဒါတွေကတော့ iPad နဲ့ Tablet တွေလို နည်းပညာ ကိရိယာတွေကြောင့်လည်းဖြစ်ပြီး “Game of Thrones” လို အဖော်အချွတ်ဇာတ်ဝင်ခန်းတွေ များစွာပါဝင်တဲ့ စီးရီး

" အကြည်တော် စာအုပ်များ စုစည်းမှု အပိုင်း(1) BY CHAN LAY (MCMM) " (Ko Pauk)

အကြည်တော် သမားတွေအတွက်..
အပိုင်း (1)  10 အုပ်..
(၁)အကြည်တော်-လေယဉ်ပျံတစ်စီးနဲ့ ကမ္ဘာရွာကြီး
( : DOWNLOAD : )
(၂)အကြည်တော်- အာဒမ်၏ဆာတေး
( : DOWNLOAD : )
(၃)အကြည်တော်-အချစ်သာအမှန်တရားတစ်ခုဖြစ်ခဲ့ရင်
ကျွန်တော်မှားနေတာကြာပြီ။
( : DOWNLOAD : )
(၄)အကြည်တော် -လူဆိုး
( : DOWNLOAD : )
(၅)အကြည်တော် – အောင်မြေ

June 7, 2016

" အကျီအဖြူ အောက်မှာ ဘယ်လိုဘရာစီယာအရောင် ရွေးချယ်သင့်တယ်ဆိုတာ "

 
အမျိုးသမီးတိုင်း ဖြူဖွေးနေတဲ့ အကျီတစ်ထည်ကို ၀တ်ဖို့ရွေးချယ်လိုက်ပြီဆိုရင် အောက်က ဘရာကို ဘာရောင်ဝတ်ရင် ကောင်းမလဲဆိုပြီး အမြဲစဉ်းစားကြရပါတယ်။ အနက်ရောင်ဘရာပဲ ခပ်တည်တည် ၀တ်ချလိုက်ရမလား၊ အခြားကာလာကြီးတွေရွေးလိုက်ရင် ကောင်းမလား၊ အဖြူရောင်နဲ့ဆိုရင်ရော စသဖြင့် ကိုယ့်အကျီအရောင်နဲ့ လည်း လိုက်မယ်၊ သိပ်လည်း မရိုင်းမယ့်အထာမျိုး ဖြစ်အောင် မ၀တ်ခင်အချိန်လေးမှာ တွေးကြရပြီလေ။ 
 
ဒါပေမယ့် တစ်ချက်စဉ်းစားစရမှာက ကိုယ်ဝတ်မယ့်အကျီအရောင်နဲ့ ဘရာအရောင် ၀မ်းဆက်ဖြစ်နေဖို့ လိုသလား ဆိုတာပါပဲ။ အဖြေက နိုးပါ။ ၀မ်းဆက်ဖြစ်နေစရာ လုံးဝမလိုအပ်ပါဘူး။
 
သင့်အကျီက အဖြူရောင်ဆိုရင် သင့်အနေနဲ့ ချိုးဖောက်ရမယ့် စည်းမျဉ်းလေးတွေရှိနေပါတယ်။ ဒီတော့ အကျီအရောင်နဲ့ ဘရာကို အရောင်ဆင်တူဝတ်မယ့်အစား သင်ရှာရမှာက သင့်အသားနဲ့သိပ်အရောင်မကွာတဲ့ ဘရာစီယာကိုပါ။ သင့်အသားက နို့နှစ်ရောင်လို ဖွေးနုနေတယ်ဆိုရင် နို့နှစ်ရောင် ဘရာရှာပါ။ ဒါမှမဟုတ် သင့်အသားက နည်းနည်ညိုတယ်ဆို အညိုရောင်ကိုရှာပါ။ သင့်အသားက မည်းတဲ့ဘက်ရောက်တယ်ဆို အညိုရင့်ရောင် ဒါမှမဟုတ် အမည်းကို ရှာဝတ်လိုက်ပါ။
 
အောက်ခံဘောင်းဘီအတွက်လည်း ဒီနည်းအတိုင်းပဲ ၀တ်ဆင်ပါ။ သင်က အဖြူရောင်ဘောင်းဘီကို ၀တ်ထားတယ်ဆိုပါစို့။ သင့်အောက်ခံဘောင်းဘီဟာ သင်အပေါ်က၀တ်မယ့် အဖြူရောင်ဘောင်းဘီနဲ့ တွဲစဉ်းစားတာမျိုးထက် သင့်အသားရောင်နဲ့သာ

" မျက်ခုံးမွေး၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ဆေး မျက်ခုံးမွေးပါးပြီး ဆွဲဆောင်မှုမရှိလို့ စိတ်ညစ်နေပါသလား "

 
မျက်ခုံးမွေး၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ဆေး မျက်ခုံးမွေးပါးပြီး ဆွဲဆောင်မှုမရှိလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့တော့။ ဆေးကောင်းလေး လာပါပြီ။ ဒီဆေးဟာ မျက်ခုံးမွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများကိုလည်း ပေါက်စေပါတယ်။ အမွေးပေါက်စေတဲ့ နေရာမှာ ဒီဆေးအရည်လေးကို တစ်နေ့ ၂ ကြိမ် ပါးပါးလေး လိမ်းပေးရုံပါပဲ။ ဒီဆေးကို ရေချိုးပြီးတိုင်း တစ်နေ့ ၂ ကြိမ် လိမ်းပေးခြင်းဖြင့် တစ်လအတွင်းမှာ သင့်ရဲ့ မျက်ခုံးမွေးများကို သန်စွမ်းပြီး မည်းနက်လာစေတာကို တွေ့ရမှာပါ။ 

ကျား၊ မ မရွေး လိမ်းနိုင်ပါတယ်။ တစ်ကမ္ဘာလုံး သုံးစွဲနေကြတဲ့ နာမည်ကျော် Genive Serum အမှတ်တံဆိပ်ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိကြောင်း အာမခံပါတယ်။ အတုလည်း လုံးဝမထွက်ပါ။ ဒီဆေးကို အနည်းဆုံး ၂ဗူးကုန်အေင် လိမ်းပြီးရင်တော့ နက်မှောင်သန်စွမ်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်ခုံးမွေးများနဲ့ ပါးသိုင်းမွေးများကို ပိုင်ဆိုင်ရမှာ အသေချာပါပဲ။ 

 ရောင်းဈေး - ၁၃၀၀၀ ကျပ် (၂ဗူး =၂၃၀၀၀ ကျပ်) (၃ဗူး = ၃၂၀၀၀ ကျပ်) ဆက်သွယ်ရန် ဖုန်း - 09421114309, 09421115098 (Viber) +959421114309 ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ပေးတယ်။ နယ်မြို့ကနေ မှာယူရင် အမြန်ချောပို့နဲ့ ပို့ပေးပြီး ပစ္စည်းရောက်မှ ငွေကို လက်ငင်းရှင်းလို့ ရပါတယ်။ (ထိပ်ပြောင်သူများအတွက် ဆံပင်ပေါက်ဆေး HG9 Hair Growth လည်း ရှိပါတယ်။ Made in USA ဆေးအစစ်ဖြစ်ပါတယ်။ တစ်ဗူး ၂၃၀၀၀ ကျပ်ပါ) __ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှာ

" နေ့စဉ်သောက်သင့်သည့် သဘာဝဆေး "

 
ပျားရည်နှင့် သစ်ကြံပိုးခေါက်ကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကပင် တရုတ်ရိုးရာ ဆေးပညာနှင့် အာယုဗေဒ ဆေးကျမ်းများတွင် ဖေါ်ပြခဲ့ကြသည်။ ထိုနှစ်မျိုးပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော တမူထူးခြားသည့် အာနိသင်များဖြင့် ပျောက်ကင်းခဲ့သည့် ရောဂါဝေဒနာပေါင်း များစွာရှိခဲ့သည်။

သစ်ကြံပိုးခေါက်သည် ရှေးအကျဆုံး ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပြီး ပျားရည်မှာလည်း ယနေ့ထက်တိုင် လူကြိုက်များ အသုံးများသည်။ နှစ်မျိုးစလုံးကို ဖျော်ရည်၊ အစားအသောက်များနှင့် ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုကြသည်။ ထို့အပြင် သစ်ကြံပိုးခေါက် အဆီနှင့် ပျားရည်အင်ဇိုင်းများ ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဟိုဒ်ဒရိုဂျင် ပါအောက်ဆိုဒ်သည် အဏုကြည့် ကိရိယာဖြင့် ကြည့်မှသာမြင်နိုင်သည့် ဘက်တီးရီးယားပိုးများနှင့် မှိုများကို ပေါက်ဖွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်းကြောင့် ရှေးယခင်က လူသေအလောင်းများ မပုတ်မသိုးအောင် ဆေးစီရင်ရာတွင် လည်းကောင်း အစားအသောက်များ ကြာရှည်ခံစေရန် ပြုလုပ်ရာတို့တွင် လည်းကောင်း အသုံးပြုခဲ့ကြသည်။

ခန္ဓာကိုယ် တစ်ရှုးနှင့် ဆဲလ်တို့ကို ကုစားပေးနိုင်သော ဆေးတစ်မျိုးအဖြစ် ပျားရည်ကို အာယုဗေဒ ကျမ်းများတွင် ဖေါ်ပြခဲ့သည်။ ပျားရည်သည် မည်သည့်ဆေးနှင့်မဆို ပေါင်းစပ်အသုံးပြုပါက သူ၏မူလအစွမ်းသတ္တိကြောင့် ဖေါ်စပ်လိုက်သောဆေးကို ခန္ဓာကိုယ်အတွင်းပိုင်းရှိ ဆဲလ်၊ တစ်ရှုးများအထိ ပြန့်နှံ့ထိရောက်စေရန် ကူညီပေးသည်။ ထို့ကြောင့် ပျားရည်နှင့် သဘာဝအတိုင်း ပေါင်းစပ်ဖေါ်ထုတ်ထားသော ထင်ရှားသည့် ဆေးများမှ သစ်ကြံပိုးနှင့် အတူတွဲ၍ သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ဖေါ်ပြလိုက်ပါတယ်။

၁) #နှလုံးနှင့်_ပက်သက်သော_ရောဂါများ
နံနက်စာ စားသောက်တိုင်းမှာ ပေါင်မုန့်နှင့် အခြားထောပတ်၊ ယို အစရှိသည်တို့နှင့် တွဲဖက်စားသောက်မည့်အစား

" အားလုံးသတိထားရမည့် နို့ဆီအတု "

 
အံ့သြစရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။
မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့ လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့ ..။ ဟုတ်လို့လား ...လို့အံ့သြတကြီးမေးလိုက်တယ်။

fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန်အရည်အသွေး
မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများ
ကွန်တိန်နာဖြင့်လာချကြောင်း။

အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့
ဆွေမျိုးမိတ်သင်္ဂံဟများကို လိုက်လံသတိပေးပါသည်။နို့ဆီကို ချိုသာသော ဈေးနှုန်းဖြင့်  များစွာထုတ်နိုင် ပါ သည်။

သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုင် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။

ယခုခေတ်တွင် ...
အသက်၂၀ကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။ လေဖြတ်တာ
တွေလဲဖြစ်နေကြပါပြီ။ သွေးတွင်း cholesterol ကို အဆမတန် တက်စေပြီး သွေးကြော များကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်လူသတ်သမားဖြစ်မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။

ဘယ်သူသေ သေ င တေ မာ ပြီး ရောဆိုတဲ့ စီးပွားရေးသမားတွေဟာ

" ပန်းသီးစေ့၏ အဆိပ်အန္တရာယ် "

 
 တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့ မလိုဘူးဆိုတာ ပန်းသီးအသားအတွက် မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။

လုံလောက်တဲ့ ပန်းသီးစေ့တွေစားမိရင် သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကို ပန်း သီးကျွေး မယ် ဆိုရင် အစေ့တွေ ထုတ်ပြစ်ဖို့ လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိ ကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့ လိုပါလိမ့်မယ်။

ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ ခလေးကို ပန်းသီးကျွေးရာ ခလေးသေဆုံး သွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့အတွက် သနပ်ခါးနဲ့ ပန်းသီး တွဲစားကြည့်ရာ

" MPT အင်တာနက် ကို 0 ကျပ်ဖြင့် အင်တာနက် သုံးနည်း BY CHAN LAY (MCMM) "

သိုင်းလောက အမျိုးတို့ရေ
ချက်ဘောက်စ်မှာ လာလာမေးနေကြတယ်
ရှာကြည့်ပါ ရှိပါတယ်ဆိုတော့လဲ
မတွေ့ဘူး ရှာလို့မရဘူး ပြောနေလို့
ကျနော်ပိုစ်တင်ပေးလိုက်ပါတယ်
ပုံတွေတာကြည့်ပြီး လိုက်လုပ်ပေတော့

June 6, 2016

" အိမ်ရှင်မတွေချက်ဖို့ လိုက်ဖက်တဲ့ ဗမာဟင်းတွဲများ "


(59) ရက်စာ..ဈေးသွားရင်ဘာချက်ရမလဲတွေးရတာ
စိတ်ညစ်နေသူများအတွက်ပါ။
၁. ကြက်သားအာလူးဟင်း + ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလချောင်ကြော် 
၂. ငါးမွှေ+ ဂေါ်ရခါးသီးချဉ်ရည်+ ငရုပ်ပွကြော် ++ ဘာလချောင်ကြော်
၃.ငါးဖယ်ငါးဆုတ် + ကျောက်ဖရုံသီးချဉ်ရည် +ရုံးပတီသီးကြော် + ငါးပိထောင်း
၎.ပုစွန် ဆီပြန်+ ကန်ဇွန်းရွက်ချဉ်ရည် +ပန်းဂေါ်ဖီကြက်ဥ +ငရုပ်သီးဆားထောင်း
၅. ဘဲဥဆီပြန် + ပဲရွက် ဟင်းချို+ ကင်းပုံသီးချက်+ ငံပျာရည်ချက် +တို့စရာ
၆. ပုစွန်ဘော့ချိတ်+ ဂေါ်ရခါးသီးအချိုချက် + မြင်းခွာရွက်သုတ် + ငါးပိချက်
၇.၀က်သနီချက် +ဘူးသီးချည်ရည် +ရွှေပဲသီးဥနီ+ ဘာလချောင်ကြော်
၈. ကကတစ် ကြက်ကသွန်နှပ်+ ဂေါ်ဖီရွက် ကြာဆံဟင်းခါး+ခရမ်းသီးသုတ် + ငါးခူငါးပိကောင်
၉. ငါးထမင်းဆိမ့် + ကြက်ကြော်+ ဘူးသီးဟင်းခါး
၁၀. ကြက်သားဆီပြန် + ပဲကြီးဆူးပုပ် + သရက်သီးပိုးတီသုပ် + ငံပျာရည်ကြော်
၁၁.ဝက်သားအာလူးဟင်း + ချဉ်ပေါင်ရွက်ဟင်းချို + သရပ်သီးသနပ် + ငါးပိကြော်
၁၂.ကြက်သားကာလသားချက် ဘူးသီးရော+ နံရိုး ကျောက်ဖရုံ ဟင်းချို +ပုစွန်ချဉ်သုပ် + ငါးရံ့ခြောက်ဖုတ
၁၃.သီးစုံဒန့်ဒလွန်သီးပဲကုလားဟင်း + ငါးကျည်းအစပ်ကြော်+ ဘဲဥကြော်
၁၄. ကြက်သားဆီပြန်+ ချဉ်ပေါင်ကြော်+ဘူးသီးဟင်းခါး+ငပိရည်+တို့စရာ
၁၅. ငါးအိုးကပ် + ပဲကြီးနပ် + ငါးပိကျော်+ မုန်လာချဉ် သုပ်
၁၆. ကြက်သားကြော် + ဘူးသီးဟင်းခါး + ငါးချဉ်သုပ် + သီးရွက်စုံနှမ်းဆီဖြန်းအစိမ်းကျော်

" ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူပြည်သားတွက် လွယ်ကူစွာမြန်မာပြည်တို့ငွေလွဲနည်း "

 

"ယဉ်ကျေးပြီး အဆင့်အတန်းကို မြှင့်တင်ရအောင်"

 
 ယောင်္ကျားလေးတချို့သည် ကိုယ့်ချစ်သူကို ဘယ်လောက်
ချစ်တယ်ပြောပြော fb မှာ စော်ချောချောလေး တွေ့ရင် သွားadd
တတ်ပါတယ်.....

မိန်းခလေးတချို့သည်လည်း စမီးလှလားဆိုပြီး
Hi ခဲ့ပါလား.???
Account လာadd ပေးမယ်နော်ဆိုပြီး post တင်တတ်
ကြပါတယ်.....( အနုပညာရှင်တချို့ပါ ပါဝင်နေတယ်)
ယောင်္ကျားလေးတချို့သည် fb ပေါ်မှာ ခံစားချက်တချို့ရေးတင်ကြသလို မိန်းခလေးတချို့လည်း ရေးတင်ကြပါတယ်.....
Fb ပေါ်တွင် အပြစ်ပြောစရာ တခုရှိနေပါတယ်....
ဆဲနည်းမျိုးစုံဆဲတတ်ကြပြီး screenshot ရိုက်တင်နေကြပါတယ်.....
Sh တင်တော့ ဘာဖြစ်သွားလဲ.....?
နှစ်ဦးနှစ်ဖက်စလုံး ဂုဏ်သိက္ခာ ကျဆင်းရပါတယ်.....
Screenshotတင်ခြင်း သည် နှစ်ဦးစလုံးမကောင်းနိုင်သလို
မိဘဆွေ မျိုးများကိုပါ ထိခိုက်သွားသည်ကို သတိထားစေချင်ပါတယ်.....
‪#‎အမှန်တကယ်‬ အဆင့်တန်းရှိတယ်ဆိုရင်.....*
ချစ်သူရှာပါ....(ယဉ်ကျေးစွာ)
Postတွေတင်ပါ(အသိပညာတခုခုရနိုင်သော)
မကျေနပ်တာကို ပါးနပ်စွာဖြေရှင်းပါ ( မဆဲပါနဲ့)
သတင်းတွေဖတ်ပါ တင်ပါ(မှန်ကန်သောသတင်း)
Fri အချင်းချင်း ယဉ်ကျေးစွာပြောဆိုဆက်ဆံပါ(တဖက်ကအကြောင်းအမျိုးမျိုးကြောင့်ပြန်မပြောနိုင်တာကို နားလည်ပေးပါ)
အသိပညာတွေ မျှဝေပါ (ဝေဖန်မှူရှိလာပါက ယဉ်ကျေးစွာ
ဖြေရှင်းပါ ရှင်းမရရင်လည်း ဥပက္ခာပြုပါ)
အပြုသဘောဆောင်သော ဝေဖန်ခြင်းများဖြင့် အမြင်တွေမျှဝေပါ
မိတ်ဆွေရှာပါ (ရိုးသားစွာ)
အချင်းချင်းကူညီပါ ဖေးမပါ(မိမိလုပ်ပေးနိုင်မှ)
Sex post တွေမတင်ပါနဲ့(နှမချင်း ကိုယ်ချင်းစာပါ)
သူကောင်းကောင်းမကောင်းကောင်း သင်ကောင်းအောင်
အဆင့်အတန်းရှိအောင်ကြိုးစားပါ....
အမြင်ကျယ်အောင်ကြိုးစားပါ(မိမိပေတံနှင့် အရာအားလုံးကို

" ခပ်ညံ့ညံ့မဟုတ်သော မိန်းမတစ်ယောက် "


ခုခေတ်မှာ ယူပြီးမှ အလုပ်လုပ်ကြမယ်ဆိုရင် အရမ်းခက်ခဲပါတယ် မကြီးပွားခင်မှာ ကလေးတွေရလာမယ်ဆိုရင် ယောက်ျားလေးတစ်ယောက်ထဲ အားလုံးကို ရုန်းကန်ရတော့မယ်
မယူခင်တုန်းက ဘာမှစုဆောင်းမှုမရှိခဲ့တဲ့အတွက်
ကလေးနဲ့ မိန်းမအတွက် ပိုခက်ခဲစေမယ်
အိမ်ထောင်ရေး အဆင်မပြေမှုတွေဖြစ်လာစေပါမယ်
ရေရှည်လက်တွဲဖို့ အခက်အခဲတွေတိုးပြီးရင်း တိုးလာနိင်ပါတယ်
မိဘအိမ်မှာ နေခဲ့တုန်းက ဘာမှမသိပေမဲ့
ဘဝမှာ ရုန်းကန်ရတယ်ဆိုတာ ထင်ထားသလောက်မလွယ်ကူပါဘူး
ဘဝဆိုတာ တိုက်ပွဲတခုပါ

မယူခင်မှာ ၂ယောက်စလုံးကြိုးစားမယ်ဆိုတာက ကျွန်မရဲ့ အတွေးပါ
ကျွန်မက မိန်းကလေးတစ်ယောက်ပါ
ဒါပေမယ့် အခုခေတ်မှာ မိန်းကလေးလည်း ယောက်ျားလေးနဲ့တန်းတူ ငွေရှာနိုင်တာဘဲ
အိမ်ထောင်တစ်ခုမှာ ချမ်းသာတဲ့ယောက်ျားကိုယူရင် ချမ်းသာမယ်ဆိုတာ ကျွန်မ သိပါတယ်
ခုခေတ်မှာ ချမ်းသာပြီးသားယောက်ျားတွေလဲဒုနဲ့ဒေးပါဘဲ
ဒါပေမဲ့ ကျွန်မ ချမ်းသာတဲ့ယောက်ျားကို ယူပြီး ချမ်းသာတဲ့ ခပ်ညံ့ညံ့ ငပျင်းအလုပ်တွေကို စိတ်မဝင်စားပါဘူး

" ဆီလမ်းကြောင်း ပိုးမဝင်အောင် ဆီးလမ်းကြောင်း ကာကွယ်ဖြည့်စွက်စာ "

 
Uragin ( ယူရာဂျင်)- Made in Poland
ဆီးလမ်းကြောင်း ကာကွယ်ဖြည့်စွက်စာ
Uragin သည်
• ဆီးမကြာခဏကျင်တတ် ၊ အောင့်တတ်သူများ
• ဆီးတွင်းသွေးပါသူများ
• ဆီးမထိန်းနိုင်ဖြစ်သူများ
• ဆီးလမ်းကြောင်းပိုးဝင်တတ်သူများ
• ဆီးသွားရ နည်းသူများ အတွက် အထူးသင့်လျော်ပါသည်။
-----------------------------------------------------------------
Poland နိုင်ငံထုတ် Uragin (ယူရာဂျင်) တွင်
1.Cranberry (ကရမ္ဘယ္ရီသီး) Extract 250 mg ၊
2.Horsetail (မြင်းမြီးရွက်) Extract 100 mg နှင့်
3.Vitamin C 50 mg တို့ပါဝင်ပါသည်။
ဆီးလမ်းကြောင်းဆိုင်ရာ ပိုးဝင်ရောက်ခြင်းများကို ကာကွယ်ရန်၊ ကုသရန် အတွက် ဖြစ်ပါသည်။
----------------------------------------------------------------------------
Uragin- တစ်နေ့ တစ်လုံး အနည်းဆုံး၂ ပတ်မှ ၁ လအထိသောက်သုံးရပါမည်။
Myanmar FDA approval - IR-F/2014-B1/1788
----------------------------------------------------------------------------
Uragin တွင် ပါဝင်သော Cranberry သည် ဆီးလမ်းကြောင်းဆိုင်ရာ ပိုးဝင်ရောက်ခြင်းများကို ကာကွယ်ပေးပါသည်။ အထူးသဖြင့် အမျိုးသမီးများတွင် ဖြစ်တတ်သော ဆီးလမ်းကြောင်းပိုးဝင်ရောက် ခြင်းများ ကို ကာကွယ်ပေးပါသည်။ Cranberry သည် ဆီးအတွင်း အက်ဆစ် (Acid) ဓါတ် ပမာဏကို ပိုမို များပြားလာစေခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ရောက်ခြင်း ကို ကာကွယ်တားဆီး ပေးပါသည်။Cranberry တွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိသော (Proanthocyanidins) သည် E. Coli ဟုခေါ်သော Bacteria ပိုးများ ဆီးလမ်းကြောင်းနံရံ တွင် တွယ်ကပ်ခြင်းမှ

" အတိုက်အခိုက်များရန်က ကာကွယ်ဖို့ "

မိတ်ဆွေတို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေတို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို ... ။
.
အတိုက်အခံအပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း .... ။ အခြားသောပုံစံအမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက်နေလျှင်သော်၎င်း .... ။
.
တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း ... ။
.
စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့် မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် ... ။ တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း .... ။
.
ကျွန်ုပ်တို့လက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာအစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်းတစ်ခု

June 5, 2016

" သေသွားတဲ့ခင်ပွန်းရဲ့ အရိုးပြာကို ရင်သားထဲ ခွဲစိတ်ပြီး ထည့်လိုက်တဲ့ အမျိုးသမီး "

The woman who had her dead husband's ashes sewn into her breast implants
Sandi Canesco, 26, of Sydney, Australia
မိမိရဲ့ရင်သားထဲကို သေသွားတဲ့ ခင်ပွန်းဖြစ်သူရဲ့သဂြိုဟ်ပြီးသား ပြာတွေကို ခွဲစိပ်ထည့်သွင်းလိုက်မယ်ဆိုရင် လက်ကျန်မုဆိုးမဘဝ မှာ ခင်ပွန်းနဲ့အတူ အနီးစပ်ဆုံးနေထိုင်နိုင်လိမ့်မယ်လို့ ဆိုလာတဲ့ သြ စတြေးလျ လင်သေဇနီးသည်တစ်ဦးက သူမရဲ့ စိတ်ကူးတွေကိုအ ကောင်အထည်ဖော်ခဲ့လိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် လောလောလတ်လတ် မုဆိုးမလေး ဆန်ဒီ ကန်နက်စကိုက ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားတဲ့ ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးလိုက်ရတာကြောင့် အရမ်းကိုနာကျင်ခံစားနေရပါ တယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူကိုလည်း ပြန်လိုချင်တောင့်တနေပြီး သတိရလွမ်းဆွတ်နေခဲ့ပါတယ်။

သူမရဲ့ဒီလိုမျိုး လွမ်းဆွတ်တောင့်တကြီးလွန်းမှုတွေအတွက် ဖြေ သိမ့်ရာအဖြစ် သူမရဲ့နှလုံးသားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ရင်သား

" နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများ "

Shwemom ရဲ့ပရိသတ်ကြီးထဲမှာ နှလုံးအတွက် ဆေးထိုးဆေးစားနေရတဲ့သူတွေ ရှိနိုင်ကောင်းပါတယ်။ တကယ်တော့
ရောဂါတစ်ခုဆိုတာ ဆေးထိုးဆေးစား နေရုံနဲ့ ထိရောက်မှုနည်းပါးပါတယ်။ ဒီတော့ နှလုံးကို ပိုပြီးကျန်းမာစေတဲ့ အစား
အသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ နှလုံးကို စောင့်ရှောက်ပေးနိုင်တဲ့ ဗီတာမင် B-12 106% အထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B-6 65% အထိ ပါဝင်သလို ဗီတာမင် A,C,D စတဲ့ အကျိုးပြုဓာတ်တွေလည်း ပါဝင်ပါတယ်။ လူကို ဒုက္ခမပေးနိုင်တဲ့ သဘာဝ

" ချစ်သူ အသစ်မရှာခင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့်မေးခွန်းတွေ "

ချစ်သူတစ်ယောက်နဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရတဲ့အခါ အသက်အရွယ်အရ အချစ်ကို ဆာလောင်နေသေးတဲ့ သူတွေ
ဟာ အချစ်သစ် ရှာတတ်ကြပါတယ်။ အချစ်သစ်ကို အရမ်းကာရော ရှာဖွေလိုက်တာထက်စာရင် ကိုယ့်ကိုယ်ကို ကြိုတင်
ပြင်ဆင်တဲ့အနေနဲ့ အောက်ပါမေးခွန်းလေးတွေ မေးထားသင့်ကြောင်းကို Shwemom က အကြံပြုချင်ပါတယ်။

(၁) အဆင်သင့်ဖြစ်ပြီလား

ဒုတိယအချစ်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား။ အဆက်ဟောင်းက ပေးခဲ့တဲ့ ဒဏ်ရာတွေ တကယ်ကျက်နေပြီလား။
သို့တည်းမဟုတ် ဒုတိယအချစ်က ဒဏ်ရာတွေကို ကုစားပေးနိုင်မယ်လို့ ယုံလား။ ဒဏ်ရာတွေ ထပ်ပေးမယ့် သူလား။ ဒုတိ

" ကမ္ဘာ့နာမည်အကြီးဆုံး ရုပ်တုကြီးများ "

(၁) Christ the Redeemer

ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေဒိုးမြို့တော်မှာ တည်ရှိတဲ့ Christ the Redeemer ရုပ်တုကြီးဟာ ဘရားဇီးနိုင်ငံအတွက် ဂုဏ်ယူ
စရာရုပ်တုကြီး ဖြစ်ပါတယ်။ အမြင့် (600) မီတာ သို့မဟုတ်  2200 ပေ မြင့်ပါတယ်။ အောက်ခံအမြင့်ကတော့ 39 မီ

" ဘောင်းဘီက အရမ်းတိုလို့ လေယာဉ်ပေါ်တက်ခွင့်မရခဲ့တဲ့ အကမယ် "

ဘော်စတွန်ကနေ ဆီယက်တဲမြို့ကိုသွားမယ့် လေယာဉ်ခရီးစဉ်တစ်ခုမှာ အကမယ်တစ်ဦးဖြစ်တဲ့ Maggie McMuffin ဟာ တိုလွန်းတဲ့ဘောင်းဘီကို -ဝတ်ဆင်ထားတာကြောင့် တာဝန်ရှိသူတွေက လေယာဉ်ပေါ်မတက်ဖို့ တားမြစ်ခဲ့ပါတယ်။ လေကြောင်းလိုင်းနာမည်ကတော့ JetBlueဖြစ်ပါတယ်။
အဲ့ဒိအချိန်တုန်းကအဖြူရောင်အင်္ကျီနဲ့ အောက်က ဘောင်းဘီတို၊ အဖြူရောင်ခြေစွပ်တွေ ဝတ်ဆင်ထားခဲ့ပါတယ်။ သူမ
ဟာ နယူးယောက်ကနေ ဘော်စတွန်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပေမယ့် ဆီယက်တဲကိုသွားမယ့် ခရီးစဉ်မှာတော့
တာဝန်ရှိသူတွေက သူမရဲ့တိုလွန်းတဲ့ ဘောင်းဘီကြောင့် တားမြစ်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့သူငယ်ချင်းဖြစ်သူ Molly McIssacကတော့ Maggieရဲ့ဓာတ်ပုံကို Facebookပေါ်တင်ပြီး ပေါက်ကွဲခဲ့ပါတယ်။ “ဒါလား မသင့်တော်ဘူးဆိုတဲ့အဝတ်အစား၊ ပိုက်ဆံပေးထားတဲ့ Flightကို စီးခွင့်မရခဲ့တဲ့ဝတ်စုံက ဒါလား”ဆိုပြီး ရွဲ့ကာတင်ခဲ့

" အုန်းဆီနဲ့ကုလို့ရတဲ့ ရောဂါများ "

သဘာဝအုန်းဆီကို ဆံပင်လိမ်းယုံတင်မဟုတ်ပါဘူး။ အခြားရောဂါတွေကိုလည်း ကုလို့ရပါတယ်။ အုန်းဆီနဲ့ ကုသလို့ရတဲ့
ရောဂါ(၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှင်းခူ

နှင်းခူဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူးဆိုရင် လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဖြစ်
ရင်လည်း အုန်းဆီကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးရုံနဲ့တင် သက်သာစေပါတယ်။ တစ်ပတ်လောက် ကြာရင် အရှင်း
ပျောက်သွားမှာပါ။

(၂) ညိုမဲခြင်း

အသာရေဟာ သွေးသားပြောင်းလဲမှုကြောင့် ဖြူရာကနေ ညိုသွားတာမျိုး၊ ရာသီဥတုကြောင့် ညိုသွားတာမျိုးတွေ ဖြစ်
တတ်ပါတယ်။ ဒီအတွက်လည်း အုန်းဆီကို ရေခဲသေတ္တာထဲမှာ အနည်းငယ် အအေးခံပြီး ခပ်ပြစ်ပြစ်ကလေး လိမ်းပေး
ရင် သက်သာပျောက်ကင်းလိမ့်မယ်။

(၃) ခြောက်သွေ့ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားရည် ခြောက်သွေ့တယ်ဆိုရင် အုန်းဆီကိုသာ လိမ်းပေးပါ။ အသားရေအက်ကွဲ
Subscribe

လာလည်သူများ

free counters