♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2016

" နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများ "

Shwemom ရဲ့ပရိသတ်ကြီးထဲမှာ နှလုံးအတွက် ဆေးထိုးဆေးစားနေရတဲ့သူတွေ ရှိနိုင်ကောင်းပါတယ်။ တကယ်တော့
ရောဂါတစ်ခုဆိုတာ ဆေးထိုးဆေးစား နေရုံနဲ့ ထိရောက်မှုနည်းပါးပါတယ်။ ဒီတော့ နှလုံးကို ပိုပြီးကျန်းမာစေတဲ့ အစား
အသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ နှလုံးကို စောင့်ရှောက်ပေးနိုင်တဲ့ ဗီတာမင် B-12 106% အထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B-6 65% အထိ ပါဝင်သလို ဗီတာမင် A,C,D စတဲ့ အကျိုးပြုဓာတ်တွေလည်း ပါဝင်ပါတယ်။ လူကို ဒုက္ခမပေးနိုင်တဲ့ သဘာဝ
ကယ်လိုရီ 412 အထိ ပါဝင်ပြီး နှလုံးကျန်းမာရေးကိုသာမက ကင်ဆာကဲ့သို့သော ရောဂါဆိုးတွေကိုပါ ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

(၂) လိမ္မော်/သံပုရာမျိုးရင်းဝင်အသီးများ

အမျှင်ဓာတ်၊ အက်စစ်ဓာတ်နဲ့ ဗီတာမင် C များစွာကြွယ်ဝတဲ့ လိမ္မော်/သံပုရာမျိုးရင်းဝင်အသီးများကို နေ့စဉ် စားသုံးပေးပါ
ကလည်း နှလုံးကို အထူးကောင်းမွန်စေပါတယ်။ အဆီချခြင်းကိုလည်း ထိရောက်စေပြီး သွေးတိုး၊ သွေးချို၊ ဆီးချို၊ အသဲ
အဆီဖုံး စတဲ့ရောဂါတွေအပြင် ကင်ဆာကဲ့သို့သော ရောဂါတွေကိုပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၃) အာလူးနှင့် ပဲအမျိုးမျိုး

ကိုလက်စထရော လုံးဝမပါဝင်တဲ့ အာလူသီးမှာ လူ့ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဗီတာမင် C, B-6 စတဲ့ဓာတ်
တွေအပြင် မဂ္ဂနီစီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာတော့ ဗီတာမင်၊ ပရိုတိန်းနဲ့ အခြားသတ္ထုဓာတ်တွေ ပါဝင်
လို့ နှလုံးကျန်းမာရေးကိုသာ မက လူခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းအားကိုပါ မြင့်တင်ပေးနိုင်ပါတယ်။

(၄) ခရမ်းချဉ်သီး

ဗီတာမင် A,C,B-6,B-12  စတဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးကိုလည်း နေ့စဉ်ပုံမှန်စားပေးပါက နှလုံးကျန်း
မာရေးကို အထူးကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးကို ရေနဲ့စင်အောင်ဆေးပြီး ဒီအတိုင်းစားလိုက်ခြင်းက ကျန်းမာရေး
ကို ပိုမိုအထောက်အကူပြုပြီး အသားရေလှပခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးနဲ့ သွေးတိုး၊ သွေးချို၊ ဆီးချို၊ အသဲအဆီဖုံး စတဲ့
ရောဂါတွေကိုလည်း မဖြစ်စေပါဘူး။
နတ်စည်တော် (Shwemom)


Credit : http://www.shwemom.com/superfoods-for-your-heart/

No comments:

Subscribe

လာလည်သူများ

free counters